YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Chawl House (Charmsukh) 2021 S02 E03 1080p HDRip X Cross(CM).mp4

361.69 MB 1080p video/mp4 708 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
When Harry Met Sally...
7.4

ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။ ၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။ ၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။ နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။ ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally... ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally... ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ... ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့... " ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ " သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ ရုပ်ရှင်ရဲ့ ပထမခြမ်းကတော့ ဒါရိုက်တာနဲ့ အင်တာဗျူးခံရတဲ့ စုံတွဲတွေဆီက လာပြီး ဒုတိယခြမ်းကတော့ ခင်ဗျားဆီကိုယ်တိုင်ဆီက လာပါလိမ့်မယ်။ ရုပ်ရှင်ဆိုတာလည်း အနာအဆာအပြည့်နဲ့ အသည်းတွေကို တစ်စစီခွဲပြီး ပိုချစ်တတ်လာအောင် တစ်စချင်း ပြန်ဆက်ပေးတဲ့အရာမျိုးပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ရှင်ကို လိုခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 740MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 35Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 1989 96 mins
When Harry Met Sally...
Sadak 2
5.2

လူ့လောကကို စိတ်ကုန်နေတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ရယ်၊ မသမာသူတွေ လက်ထဲက ပြေးထွက်လာတဲ့ ချစ်သူစုံတွဲရယ်နဲ့ ဇာတ်လမ်းဖွင့်ထားတာတွေ့ရပါလိမ့်မယ်...။ အစောပိုင်းမှာ အဲ့ဒီ ဒရိုက်ဘာကြီးဆီကို ညဉ့်နက်ချိန်မှာ မိန်းကလေးတစ်ယောက်က သူသွားလိုတဲ့ နေရာကို လိုက်ပို့ပေးရမည်ဖြစ်ကြောင်းပြောပြီး အရင်ကတည်းက ကြိုတင်မှာထားကြောင်း ပြောပါတယ်။ တက္ကစီဒရိုက်ဘာကလည်း ငြင်းမရတော့တဲ့အဆုံးမှာ သူသွားလိုရာကို လိုက်ပို့ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးဟာ တစ်ခုခုက ထွက်ပြေးလာပုံပေါ်နေတာမို့ တက္ကစီဒရိုက်ဘာကတော့ ရိပ်စားမိပါတယ်။ ဒါ့အပြင် ဗဟိုအကျဉ်းထောင်ကို သွားပြီး သူ့ချစ်သူကို ခေါ်ရဦးမည်တဲ့။ ကိုယ်တိုင်က အားလုံးကိုစိတ်ပျက်နေရတဲ့ကြားထဲ အန္တရယ်အငွေ့အသက်တွေပြည့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကားပေါ်တင်လာပြီးတဲ့အချိန်ကစပြီး ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.... ဒီကားနဲ့ပတ်သက်ပြီး  IMDb Ratingကိုပြောချင်ပါသေးတယ်။ Ratingကို အနည်းဆုံးပဲမြင်ရမှာပါ။ ဒါဟာ ဇာတ်ကားကို ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ မထွက်ခင်ကတည်းက ဒီလိုပေးကြမယ်လို့ ကြံစည်ထားကြတာပါ။ ဆူရှန့်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘောလိဝုဒ်ရဲ့ တချို့ဇာတ်ကားတွေကို IMDb Rating နဲ့ သတ်မှတ်လို့မရတော့တဲ့ အခြေအနေပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Koe နဲ့ Myint Thu တို့ပဲဖြစ်ပါတယ်.... File Size : (1.03 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nyi Koe & Myint Thu Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
5.2 2020 134 mins
Sadak 2
Karma Strikes
6

Karma Strikes (2023) IMDb-6/10 ဇာတ်ကားနာမည်ကိုက ကံကြမ္မာရဲ့ရိုက်ချက် ..အကြောင်းအကျိုးဒွန်တွဲနေတဲ့ ဒီလောကကြီးမှာ ဝဋ်ကြွေးအတွက် ပြေးလွတ်ရာလမ်းဆိုတာ မြူတစ်မှုန်စာတောင်မရှိ အဆင်သင့်ဖြစ်မနေရင်တောင် အချိန်တန်လို့ ကြွေးဟောင်းဆပ်ချိန်ကျရင် အကုန်လွှတ်ချခဲ့ရတာပါပဲ ‌ဒီကားဟာဆိုရင် သူချစ်ခင်တို့လိုလည်း လောင်ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ပယောဂဆန်ဆန် ကြောက်နေရမှာပါ ဇာတ်ကားကြည့်ပြီးရင်လည်း အတွေးတစ်ခုစီကျန်နေခဲ့မယ့် အချစ် ၊ သည်းထိတ်ရင်ဖို အဆွေး ရသအစုံခံစားချင်တဲ့သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ ဒီကားလေးကိုတော့ လက်လွှတ်မခံကြဖို့ ညွှန်းဆိုရင်း… ဇာတ်လမ်းအညွှန်း…. အန်နေးလ်နဲ့ဆိုနီတို့ကနေရလာတဲ့ တစ်ဦးတည်းသောသမီးလေး ဆိုနမ် အန်နေးလ်က တစ်ဦးတည်းသောသမီးလေးကို ချစ်လွန်းလို့ စာသင်တာတောင်အိမ်မှာပဲ မျက်စိအောက်ကအပျောက်မခံသင်စေချင်တယ် ဒီသမီးလေး ၂၃ နှစ်ပြည့်မွေးနေ့မှာ မွေးနေ့လက်ဆောင်အနေနဲ့ ချစ်သူ‌နဲ့တွေ့ပေးဖို့ပြောလာတော့ အန်နေးလ်တစ်ယောက်အလွယ်တကူသဘောမတူခဲ့ပါဘူး ‌အေဂျင်စီတွေနဲ့ငှားပြီး နောက်ကြောင်းရာဇဝင်တွေစုံစမ်းသည်ထိပါပဲ သင့်တော်တဲ့သူ၊သမီးကလည်းအရမ်းချစ်နေသူမို့ သဘောတူလိုက်ပါပြီ ဒီလိုနဲ့ သူတို့ မိသားစုလေးပျော်ရွှင်ရတော့မယ်လို့ ထင်တဲ့အချိန်မှာ ချစ်သမီးကနင်ပဲငဆတွေပြောပြီး ထဖောက်ပါတော့တယ် ဆရာဝန်ကတော့စိတ်ရောဂါတစ်မျိုးဘာညာပြောနေပေမဲ့ အန်နေးလ်ကတော့ တစ်ခုခုကိုသိနေတဲ့ပုံပါပဲ သမီးကသာ အရာရာ သမီးကိုအရမ်းချစ်တတ်တဲ့ ဖခင်တစ်ယောက်… သူသိထားတာဘာများဖြစ်မလဲ…. ဇာတ်အလှည့်အပြောင်းလေးတွေမှာ မတူညီတဲ့အတက်အကျလေးတွေနဲ့ ကိုယ်တိုင်ပဲကြည့်ရှူခံစားကြည့်ပါဦး (အညွှန်းရေးသားသူကတော့ BpL နဲ့ Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ BpL, Yunni, Cherry, Aditi တို့ပဲဖြစ်ပါတယ် )

Comedy • Action • Thriller
6 2023
Karma Strikes
Dear Jo: Almost is Never Enough
8.4

Dear Jo: Almost is Never Enough (2023) ဒီသံသရာလောကကြီးမှာ ကျွန်တော်တို့ဘဝတွေဟာ ကံဇာတ်ဆရာညွှန်းရာ အလိုကျကပြနေကြရတဲ့ ဇာတ်ကောင်တွေပဲလေ ဖယောင်းလမ်းလို့ ထင်ခဲ့တဲ့ ဘဝ‌ခရီးတွေဟာ အချိုးအကွေ့တွေမှာ ဆူးခင်းလမ်းဖြစ်သွားနိုင်အောင် ကြမ်းတမ်းသွားနိုင်တာပါပဲ ဘဝခရီးမှာ အဆုံးထိအပြုံးမပျက် လျှောက်လှမ်းဖို့အတွက် ဘယ်အရာက အလိုအပ်ဆုံးဖြစ်မလဲ……. အဲ့မေးခွန်းလေးကို ဒီ Dear Jo: Almost is Never Enough ဆိုတဲ့ အင်ဒိုကားလေးထဲမှာပဲ အေးဆေးငြင်သာစွာ ခံစားအ‌ဖြေရှာကြည့်ကြတာပေါ့ လူတစ်ကိုယ်အဖြေတစ်မျိုးတော့ ရလာကြမှာပါပဲ ဘာအဖြေမှမရခဲ့လဲ တွေးစရာတွေတော့ ကျန်ခဲ့ကြပါလိမ့်မယ် အင်ဒိုကားတွေထဲမှာ အက်ရှင်ကား ဖိုက်တင်ကား သရဲကားတွေပဲကြည့်ဖူးရာကနေ ခုဇာတ်ကားလေးကြည့်လိုက်မှပဲ အင်ဒိုတွေရဲ့ ဒရာမာနိုင်နင်းမှုကို ချီးကျူးရပါတော့မယ် ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ကြိုမှန်းရင်လဲမှန်းကြည့်လို့ရပါတယ် ဒါပေမဲ့ အားလုံးခံစားရမှာကတော့ ဒါက ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး ကိုယ့်ဘဝကိုထင်ဟပ်ပြမဲ့ ကြေးမုံပြင်တစ်ခုပါ မိဘအိမ်နဲ့ဝေးခဲ့တဲ့ သားသမီးတစ်ယောက်လား ချစ်ရသူနဲ့ အိမ်မက်တွေမပြည့်စုံတဲ့လူငယ်လေးတစ်ယောက်လား ကိုယ့်အချစ်ဆုံးသူကို ဆုံးရှုံးခဲ့ရသူလား ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း တိုက်ဆိုင်တာလေးတွေရှိရင် တွေး‌ရင်းငေးရင် ဆွေးကြရအောင်…. အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5GB | 710MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

8.4 2023
Dear Jo: Almost is Never Enough
Spy
7

Spy(2015) IMDb Rating (7/10) / Rotten Tomatoes (95%) ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။ စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမယ့်မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက်လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကိုသိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့ကမဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်းဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။ သူကသင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါမြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။ ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်းအစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။ ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆုဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။ ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက်သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။ ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) 4K ကိုတော့ CM App မှာ Streaming လဲ ကြည့်လို့ရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ CM App ကို www.cmapp.tv မှာ ရယူပါ။

7 2015 120 mins
Spy
Clickbait: Unfollowed
5.2

ဆိုရှယ်ပလက်ဖောင်းတစ်ခုရဲ့ တီထွင်သူတစ်ဦးက နယ်ပယ်အသီးသီးမှာ followers 250k စီရှိတဲ့ Influencers ငါးယောက်ကို အိမ်ကြီးတစ်ခုထဲမှာ ဂိမ်းလာကစားဖို့ ဖိတ်ကြားလိုက်ပါတယ်။ သူချပေးတဲ့ ခေါင်းစဉ်နဲ့အညီ contents တွေကို မြန်မြန်ဆန်ဆန် ဗီဒီယိုရိုက်တင်ကာ ပြိုင်ဆိုင်ရတာဖြစ်ပြီး အိမ်ကြီးထဲကနေ အနိုင်ရသူတစ်ဦးတည်းကသာ ထွက်သွားနိုင်မှာဖြစ်ပါတယ်။ လာရောက်ပြိုင်ဆိုင်တဲ့ Influencers ငါးယောက်ထဲက ဘယ်သူက အနိုင်ရပြီး ဘယ်သူတွေကတော့ ကြောက်မက်ဖွယ် ပြစ်ဒဏ်တွေကို ခံရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2024 90 mins
Clickbait: Unfollowed
Danny Collins
7

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Al Pacino ကြီးရဲ့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အချက်အချို့ပေါ်အခြေခံထားတဲ့ အသက်ကြီးကြီးရော့ခ်စတားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါ Al Pacino အပြင် အခြားသောနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါပါတယ် American Beauty, 20th Century Women ထဲက Annette Bening, Christopher Plummer, Jeniffer Garner, Bobby Cannavale တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဒီ ဒန်နီကောလင်း ဆိုတာက အပြင်က Steve Tilston ဆိုတဲ့ အင်္ဂလိပ်Folk သီချင်းတေးရေးတီဆိုသူကို အခြေခံထားတာပါ IMDb rating 7, Rotten Tomatoes 78%ထိရရှိထားတဲ့ comedy/drama ရုပ်ရှင်လေးမို့ ကြည့်မကောင်းမှာတော့မပူရပါဘူး ဇာတ်လမ်းအကြောင်းအရာက ဒန်နီကောလင်းလို့အမည်တွင်တဲ့ အသက်ကြီးကြီးရော့ခ်ကာစူပါစတားကြီးဟာ သူ့ရဲ့မွေးနေ့မှာ ချစ်သူငယ်ချင်းကြီးက မွေးနေ့လက်ဆောင်အဖြစ်ရှာလာပေးတဲ့ နှစ်၄၀ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ စာတစ်စောင်ကိုရခဲ့ပါတယ် အဲဒီစာက John Lennon ကြီးက သူ့ဆီ သူတက်သစ်စအချိန်မှာ အကြံပေးစာ၊ အကူအညီကမ်းလှမ်းစာအနေနဲ့ ရေးခဲ့တာပါ ကံမကောင်းစွာနဲ့ သူဒီစာကို ရသင့်တဲ့အချိန်မှာ ချက်ချင်းမရခဲ့ဘဲ မသမာသူတစ်ဦးရဲ့လက်ချက်ကြောင့် နှစ်ပေါင်း ၄၀အကြာမှသာ လက်ခံရရှိခဲ့ပါတယ် သူ့ဘဝကို ပရိသတ်တွေစိတ်တိုင်းကျရင်ပြီး‌ရော ဖြစ်သလိုနေနေတဲ့ ဒန်နီကောလင်းတစ်ယောက် ဒီအသက်အရွယ်မှာ ဒီစာကိုမြင်မှ အသိတရားရပြီး လွဲမှားနေခဲ့တဲ့သူ့ဘဝကို ပြန်ပြင်ဆင်ဖို့ဆိုပြီး စိုင်းပြင်ပါတော့တယ် ခြေလှမ်းအစအနေနဲ့ သူလှမ်းဖို့ပြင်ခဲ့တာက သူတစ်ခါမှမမြင်ဖူးတဲ့ သူ့ရဲ့တရားမဝင်သားဖြစ်သူဆီ သွားတွေ့ဖို့ပါ သွားတွေ့တဲ့အချိန်မှာတော့ သားဖြစ်သူက တစ်သက်လုံးနေလို့တစ်ခါတောင်မလာတဲ့သူ့ကို မကြိုဆိုနေခဲ့ပါဘူး အဖြစ်က ထင်ထားသလိုမလွယ်ကူတဲ့အခါမှာ ဒန်နီကောလင်းတစ်ယောက် သူ့သားနဲ့သင့်မြတ်အောင် ဘယ်လိုကြိုးစားမလဲ သူ့ဘဝကို သူဖြစ်ချင်ခဲ့တဲ့အတိုင်း ရှေ့ဆက်မလားဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ File size…(1.6 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Comedy, Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki

7 2015
Danny Collins
The Becomers
5

ဇာတ်လမ်းအကျဉ်းကတော့ စကြာဝဠာကြီးထဲမှာဂြိုဟ်တစ်ခုပေါ်မှာ နေထိုင်တဲ့သက်ရှိတွေဟာ သူတို့ဂြိုလ်ပျက်စီးလာတော့ဦးတည်ရာမဲ့ ထွက်ပြေးကြတယ်။ထွက်ပြေးရင်းဘယ်သူကဘယ်ကိုရောက်မလဲ အသက်ရှင်မှာလားသေမှာလားဆိုတာအာမခံနိုင်ကြပါဘူး။ ဒါပေမယ့်ကမ္ဘာပေါ်အသက်ရှင်လျက်ရောက်လာတဲ့ဂြိုလ်သား တစ်ယောက်ကတော့သူ့ချစ်သူကိုပြန်တွေ့မယ်ဆိုရင်မျှော်လင့်ချက်နဲ့ ရှင်သန်နေခဲ့တယ်။အခြားဂြိုလ်ပေါ်ကလာတာ ဖြစ်တဲ့အတွက် အသက်ရှင်ဖို့လူသားတွေရဲ့ ခန္ဓာကိုယ်မှာ ကပ်နေကာအာဟာရ ဓာတ်တွေစုပ်ယူရင်းသတိမထားမိအောင် အဲ့လူသားရဲ့နေထိုင်မှု ဘဝကိုမထိခိုက်အောင်နေရတယ်။ ကံကောင်းချင်တော့သူတို့ ချစ်သူနှစ်ယောက်က ကမ္ဘာဂြိုလ်ပေါ်မှာရောက်နေခဲ့ပြီး တစ်ယောက်ကို တစ်ယောက်ရှာတွေ့သွားခဲ့တယ်။ ဒီလိုနဲ့လက်ခံကောင်ခန္ဓာကိုယ်ရဲ့ ဘဝအရှုပ်ထုတ်ထဲကိုရောက်သွားတဲ့အခါမှာတော့….. File size… (1.23GB ) / (685MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama • Romance
5 2024 86 mins
The Becomers
Suicide Club
6.5

၁၉၉၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံတွင်း ကလေးသူငယ်သတ်သေမှုနှုန်းက တစ်စတစ်စ မြင့်တက်လာခဲ့ပါတယ်။ ဒီလိုသတ်သေမှုတွေဖြစ်ပေါ်စေတဲ့အကြောင်းပြချက်တွေထဲက တချို့ဖြစ်တဲ့ အထီးကျန်ခြင်း၊ သီးသန့်နေခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားမှုလျော့နည်းခြင်း၊ မိမိအသက်ကိုတန်ဖိုးမထားခြင်း စတဲ့အချက်တွေကို မြင်သာအောင်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ မေလ ၂၇ ရက်နေ့မှာ ဘူတာတစ်ခုမှာ ကျောင်းသူ ၅၄ ယောက် ရထားရှေ့ခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ ဒီအကြောင်းအရာက တစ်နိုင်ငံလုံးကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါတယ်။ အဲဒီအကြောင်းအရာဖြစ်ပြီးမကြာခင်မှာပဲ သူနာပြုနှစ်ယောက် တိုက်ပေါ်က ခုန်ချသတ်သေမှု ဖြစ်သွားခဲ့ပါတယ်။ ဖြစ်ရပ်နှစ်ခုကို မဆက်စပ်မိခဲ့ကြပေမယ့် အခင်းဖြစ်ပွါးရာ‌ နေရာ ၂ နေရာလုံးမှာ လူ့အရေပြားတွေကို တွဲချုပ်ထားတဲ့အလိပ်ထည့်ထားတဲ့ အဖြူရောင်အားကစားအိတ်တွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရဲဌာနခေါင်းဆောင်ပိုင်းတွေက သတ်သေမှုပဲ တိုက်ဆိုင်တာပဲလို့ ပြော‌ကြပေမယ့် ခူရိုဒကတော့ ကွင်းဆက်လူသတ်မှုလို့ပဲ သဘောထားခဲ့ပါတယ်။ ဒီလိုနဲ့ လင်းနို့လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဆီက သတင်းပေးချက်ဝင်လာပြီးနောက်မှာ ဝက်ဘ်ဆိုက်တစ်ခုကို သိရှိခဲ့ပါတော့တယ်။ ဝက်ဘ်ဆိုက်က သတ်သေတဲ့လူဦးရေကိုပြသထားတာဖြစ်ပြီး ဘာသတင်းမှမထုတ်ပြန်ခင် ‌အရေအတွက်တိုးပွါးလာတာပဲဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိမလဲ… ခူရိုဒထင်သလို လူသတ်မှုပဲဖြစ်နေမလား… အထက်လူကြီးတွေထင်သလိုပဲ ရိုးရိုးရှင်းရှင်းလူသတ်မှုပဲဖြစ်မလား… File Size : 5 GB, 1.5 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

Drama
6.5 2001 99 mins
Suicide Club
Magpie
6

ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးသည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး အန်နက်ဒ်ဆိုတဲ့ အမျိုးသမီးနဲ့ ဘန်ဆိုတဲ့အမျိုးသားတို့ရဲ့ အိမ်ထောင်ရေး အပေါ် အခြေခံရိုက်ကူးထားပါတယ်။ အန်နက်ဒ်ဟာ မက်တီလ်ဒါနဲ့ လူးကပ်စ်ဆိုတဲ့ ကလေးနှစ်ယောက်ကို မွေးပြီး အိမ်မှာပဲ ကလေးထိန်းကျောင်းဖို့အတွက် အလုပ်ထွက်ထား ရတဲ့သူဖြစ်ပါတယ်… နေထိုင်ရာအိမ်ကိုလည်း စာရေးဆရာဖြစ်တဲ့ အမျိုးသားဘန်က တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ နေချင်တယ်ဆိုတဲ့အတွက်ကြောင့် နယ်ဘက်ကို ပြောင်းရွှေ့လာရတဲ့အတွက် အန်နက်ဒ်ရဲ့နေ့စဉ်ဘဝက ကလေးထိန်းရင်း အိမ်မှာနေရင်းနဲ့ စိတ်မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်… အဲဒီအချိန်မှာ သူတို့သမီးဖြစ်သူ မက်တီလ်ဒါလေးက ကလေး သရုပ်ဆောင်နေရာကနေ ဝင်အရွေးခံရင်း နာမည်ကြီးမင်းသမီး တစ်လက်နဲ့အတူ ရုပ်ရှင်ရိုက်ကူးရဖို့ ဖြစ်လာပါတယ်… ရိုက်ကူးရေးမသွားခင် တစ်ညမှာပဲ အဲဒီမင်းသမီးရဲ့ အတွင်းရေး ဗီဒီယိုတစ်ခုက ပေါက်ကြားလာတာကို အမျိုးသားဖြစ်သူဘန်က ကြည့်ရှုရင်း သဘောကျနှစ်ခြိုက်တဲ့ပုံပေါ်နေခဲ့ပါတယ်… အဲဒီလိုနဲ့ သမီးဖြစ်သူကို ရိုက်ကွင်းလိုက်ပို့ရင်း မင်းသမီးဖြစ်သူ အပေါ် စွဲလမ်းလာတဲ့ သူ့ယောကျ်ား ဘန်… ပြောလိုက်တဲ့စကားတိုင်းမှာ မင်းသမီးအလီဆီယာရဲ့ နာမည် မပါရင်မပြီးတဲ့ သမီးဖြစ်သူ မက်တီလ်ဒါ… ဒီလိုမူမမှန်မှုတွေကို သတိပြုမိလာတဲ့ အန်နက်ဒ်က ယောကျ်ားနဲ့ မင်းသမီးဖြစ်သူကို ဘယ်လိုစုံစမ်းမလဲ… ဘယ်လိုရွေးချယ်မှုတွေပြုလုပ်သွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီတိုင်းကြည့်ရင် အစမှာပျင်းတယ်လို့ထင်ရစေနိုင်ပေမဲ့ Plot Twist ပါဝင်တဲ့ ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်.. File size… (886MB) / (563MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

History • Drama
6 2024 90 mins
Magpie
Elite Force: B.R.I. – Body Recovery Immmusination B.R.I

ထွက်​ရှိ​ထားတာ​ မကြာ​သေးတဲ့​ ဒီဇာတ်ကားဟာ Action/Sci-fi​ အမျိုး​အစား​ဖြစ်​ပြီး​ ဒါရိုက်တာ​ Roman Elpidio ရိုက်ကူး​ထား​တာပါ။ ကြာချိန် တစ်နာရီ​ခွဲခန့်သာရှိပြီး Sci-fi အနည်း​အကျဥ်း​ပါပေမဲ့ အက်​ရှင်​ဇာတ်​ကားလို့ပဲ ဆို​ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ BRI လို့​ခေါ်​တဲ့ ပရို​ဂရမ်​တစ်ခုဟာ ခြေ​လက်​အင်္ဂါတွေ ပျက်စီး​ဆုံးရှုံး​သွား​ရင်​တော့ အလို​လို​ပြန်ထွက်လာမဲ့ စွမ်း​ရည်​မြင့်​ စူပါစစ်သည်တွေကို မွေးထုတ်ပေးမဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒီပရိုဂရမ်ရဲ့ ပဲ့ကိုင်​ရှင်က ဒေါက်တာ​ Marco ဖြစ်​ပါတယ်​။ ပရို​ဂရမ် အဆုံး​မသတ်ရသေးခင်မှာပဲ Jasper ဆိုတဲ့​ လုပ်​ဖော်​ကိုင်​ဖက်​တစ်ဦးက ဒေါက်​တာ​ Marco ကို ခြိမ်း​ခြောက်​အကျပ်​ကိုင်​ပြီး သစ္စာ​ဖောက်​ပါတော့​တယ်​။ အဲဒါ​ကြောင့်​ ဒေါက်တာ​ Marco လည်း ကမ္ဘာ​အရပ်​ရပ်​က အိမ်​ခြေ​ရာ​မဲ့ စစ်သည်​ဟောင်း​လေး​ဦး​ကို ခေါ်​ယူလေ့ကျင့် အဆင့်​မြှင့်​တင်​ပေးပြီး Jasper ရဲ့ စီမံကိန်း​ကို ဟန့်​တားရပါတော့တယ်။ ဘတ်​ဂျက်​ရုပ်ရှင်​ဆိုပေမဲ့​ အက်​ရှင်​ခန်း​တွေက ထင်​ထားတာထက်​ ကောင်း​မွန်​ပြီး ပေါ့​ပေါ့ပါး​ပါး ကြည့်ရှု​လို့​ရမဲ့​ဇာတ်​လမ်း​မျိုး​ဖြစ်​ပါတယ်​။ ဇာတ်​အိမ်​က အက်ရှင်ကားအများစု ထုံးစံ​အတိုင်း​ အနည်းငယ်​ အပ်ကြောင်းထပ်နေပေမဲ့ အတိုင်းအတာ​တစ်ခု​ထိ ဖျော်ဖြေ​မှု​ပေး​နိုင်​ပါလိမ့်မယ်​။ File size…(1.1 GB)/(680 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Horror
0 2025 91 mins
Elite Force: B.R.I. – Body Recovery Immmusination B.R.I
Jarnail: The Warrior

Khilre Hoye Warke Kudrat (2025)”နွံ” =============================== အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော လူငယ်ဒရာမာ အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ပန်ဂျပ်ပြည်နယ်ထဲမှာ မူးယစ်ဆေးကိစ္စတွေဟာ ထိန်းမရသိမ်းမရဖြစ်နေပါတယ်။ ရွေးကောက်ပွဲတွေမှာလည်း မဲဆွယ်အဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေကို ရအောင်ထိန်းချုပ်မယ်ဆိုတဲ့ကတိနဲ့ မဲဆွယ်ကြပါတယ်။ တစ်နေ့မှာတော့ လက်ရှိအာဏာရပါတီရဲ့ ဝန်ကြီး မဲဆွယ်နေတုန်းမှာ ကာရန်ဆိုတဲ့ ပန်းချီဆရာတစ်ယောက်က မူးယစ်ဆေးဝါးတွေကို နောက်ကွယ်ကဖြန့်နေတာ အစိုးရကိုယ်တိုင်ဖြစ်တယ်လို့ အများရှေ့မှာစွပ်စွဲလိုက်တဲ့အတွက် ပါတီကလူတွေက ရန်ရှာလာတာကြောင့် တခြားနေရာမှာ သွားရှောင်ရဖို့ဖြစ်လာပါတယ်။ အဲဒီလိုရှောင်ရင်းတိမ်းရင်း ကူဒရတ်ဆိုတဲ့ ဆေးစွဲနေတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်လုံးရဲ့ဘဝ ပြောင်းလဲဖို့ဖြစ်လာပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

0 2025 86 mins
Jarnail: The Warrior