YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Chasing.Mavericks.2012.BLU-RAY.480P.pp(CM) .mp4

360.34 MB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Marvin's Room
6.7

အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ.... တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin's Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo Pyae

Drama
6.7 1996 98 mins
Marvin's Room
Career Opportunities
6.9

ရုပ်ရှင်တစ်ကားကို ဇာတ်လမ်းအကြောင်းလဲစိတ်မဝင်စား ဘာတွေပြောနေမှန်းလဲမသိဘဲ မျက်တောင်မခတ်တမ်း အစအဆုံးကြည့်....ပြီးရင်လဲ သတိရတိုင်းအထပ်ထပ်ပြန်ကြည့်နေမယ်ဆိုရင် အဲ့ကောင်ကို ရူးနေတယ်လို့ မထင်ဘူးလား... ဟုတ်ပါတယ်...အဲ့ဒီအရူးက ကျွန်တော်ပါ။ ဒီဇာတ်ကားကိုကြည့်မိတိုင်း ကျွန်တော်ဟာ အသက်ရှူဖို့မေ့နေတာမျိုး... မမမြင်းစီးတဲ့စီးချက်အတိုင်း နှလုံးခုန်နေတာမျိုး... ကျွန်တော့်ကမ္ဘာဟာ မမအကြည့်တွေမှာ တည်ထားတာမျိုး.... ဪ...အမျိုးမျိုးနဲ့ သိပ်လှတဲ့မမလို့ ယောင်ရမ်း ထအော်မိနေတတ်တာမျိုး... အဲ့ဒီမမကတော့ ဒီဇာတ်ကားရဲ့မင်းသမီး Jennifer Connelly ပါ။ မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါ..ကြည့်ဖူးရင်လဲ BluRay 1080p HEVC Quality နဲ့ ပြန်ကြည့်ကြပါ။ ဇာတ်ကြောင်းကိုသွားရမယ်ဆိုရင်တော့ဖြင့်... ဂျင်ဒေါ့ဂ် (Frank Whaley) ဆိုတာ အရွယ်ရောက်နေပေမယ့် မိဘအိမ်မှာနေနေသေးတဲ့လူတစ်ယောက်ပါ. လေကြီးမိုးကြီး အရမ်းပြောတတ်ပေမယ့် comfort zone ထဲ က မထွက်နိုင်သေးတဲ့ ငပျင်းတစ်ယောက်ဆို မှန်ပါလိမ့်မယ်။ အလုပ်လဲ ခဏခဏ အထုတ်ခံရပြီး မိဘတွေကအစ ငြိုငြင်ခြင်းခံရသူပေါ့. တစ်နေ့ သူ့အဖေ ဖြစ်သူက သူ့ကို စတိုးဆိုင်တစ်ခုမှာ ညသန့်ရှင်းရေးသမား အဖြစ် အလုပ်သွင်းပေးလိုက်ပါတယ်။ ဂျင် ပထမဆုံး အလုပ်ဆင်းတဲ့ညမှာ သူ့အထက်ဝန်ထမ်းက သူ့ကို အာဏာတွေပြပြီး ငါ မနက်မှ မင်းကို ဆိုင်ထဲက ထုတ်ပေးမယ်ဟုဆိုကာ အပြင်ကနေ သော့ပိတ်သွားပါတော့တယ်။ ဂျင် တစ်ယောက် လူသူကင်းမဲ့တဲ့ စတိုးဆိုင်ကြီးထဲမှာ သန့်ရှင်းရေးလုပ်ရင်း ညတာကို ဖြတ်သန်းရတော့မှာပါ. ဂျိုစီ (Jennifer Connelly) ကတော့ ဂျင် နဲ့ ဆန့်ကျင်ဘက်ပါ။ ရွှေပေါ်မြတင် သူဌေးသမီးဆိုပေမယ့် Comfort zone ထဲက ရုန်းထွက်ချင်သူတစ်ဦးပါ။ ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ တင်းကြပ်မှုကြောင့် လွတ်လပ်မှု ပျောက်ဆုံးနေသူတစ်ဦးပါ။ တိုက်ဆိုက်စွာနဲ့ ဂျင် အလုပ်ဝင်တဲ့နေ့မှာပဲ ဂျိုစီ ဟာ သူ့အဖေ အရှက်ရအောင်ဆိုပြီး စတိုးဆိုင်ထဲက ပစ္စည်းတစ်ခုခုကို အလစ်သုတ်ပြီး အဖမ်းခံရအောင်လုပ်ဖို့ ကြံပါတယ်။ ဒါပေမယ့် ချီတုံချတုံ ဖြစ်ပြီး မခိုးဖြစ်တော့ပဲ စတိုးဆိုင်ထဲက တနေရာရာမှာ ပုန်းနေလိုက်ပါတယ်။ ဒီတော့ ညဘက် အလုပ်လာဆင်းတဲ့ ဂျင် နဲ့ အတူတူ စတိုးဆိုင်ထဲမှာ ပိတ်မိကုန်တာပေါ့။ ဂျင်ကလဲ ငပျင်းဆိုတော့ အလုပ်လုပ်တာ နည်းနည်း ကမျင်းတာ များများဆိုတော့ စတိုးဆိုင်ထဲ သူတစ်ယောက်တည်း အမှတ်နဲ့ နေချင်သလို နေပါတော့တယ်။ ဂျိုစီ ကလဲ အသံဗလံတွေကြားလို့ ထွက်အကြည့် လွတ်လပ်မှုတွေရပြီး ရုန်းမထွက်ချင်တဲ့ ဂျင် နဲ့ လွတ်လပ်မှုကို အရမ်းလိုချင်တဲ့ ဂျိုစီတို့ ဆန့်ကျင်ဘက်လူသားနှစ်ဦး ကြား ဘယ်လို အချစ်မီးများ ပေါက်ဖွားလာမလဲ.. ဒီကြားထဲ လူဆိုးနှစ်ဦးကပါ စတိုးဆိုင်ကို ဖောက်ထွင်းဖို့ရောက်လာခဲ့ချိန်မှာတော့...။ ဒါရိုက်တာ Bryan Gordon ရိုက်ကူးထားပြီး အရမ်းလှတဲ့ မမ Jennifer Connelly နဲ့ မင်းသား Frank Whaley တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးကားလေးပါ။ File size…(2.4 GB) / (1.4 GB)/ (500 MB) Quality….Blu-Ray 1080p HEVC HQ /720p Format…mp4 Duration….01:23:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Horror
6.9 1991 83 mins
Career Opportunities
Sri Asih
8.2

Sri Asih(2022) ************* Sri Ashi ဇာတ်ကားဟာ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို R.A Kosasih ရေးသားထားတဲ့ Sri Ashi၊ ဂန္တဝင်အင်ဒိုနီးရှားရုပ်ပြစာအုပ်ကိုပြင်ဆင်ပြီး live-action ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် BCU(Bumilangit Cinema Universe) ရဲ့ Gundala(2019) အပြီး ဒုတိယမြောက်ထွက်ရှိလာတဲ့ကားပဲဖြစ်ပါတယ်။ IMDB 7.3/10 အထိရရှိထားတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လ်လန်နာဟာ သူမရဲ့အဖေနဲ့ အမေကိုသေဆုံးစေခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုအတွင်းမှာ မွေးဖွားလာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဒေါသစိတ်ကြောင့် အမြဲ အခက်အခဲတွေကို အမြဲကျော်လွှားနိုင်ခဲ့တယ် အောင်နိုင်ခဲ့တယ်ဆိုတာကို နားမလည်ခဲ့ပေမယ့် အဲ့ဒီ့ဒေါသစိတ်ကို အမြဲတိုက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမကို သာမန်ဘဝလေးမှာပဲ နေထိုင်နိုင်ဖို့အတွက် မွေးစားခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်လန်နာ အရွယ်ရောက်လာတဲ့အခါ သူမဟာ သာမန်လူသားတစ်ယောက်မဟုတ်ကြောင်း သူမရဲ့ မူလဇာစ်မြစ် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်သူတွေ အများကြီးပေါ်ပေါက်လာသလို သူဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ PROXY ဖြစ်ပါတယ် File Size :(1.9GB) and (870MB) Quality :WEB-DL1080P, 720p Format…mp4 Duration…02:15:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Drama
8.2 2022 134 mins
Sri Asih
The Bourne Legacy
6.2

IMDb - 6.7/10 ဒီဇာတ်ကားဖြန့်ချိရေးကို ကမ္ဘာကျော်ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Universal Pictures က တာဝန်ယူထားသည်။ ကျော်ကြားသော အမေရိကန်စပိုင်ရုပ်ရှင် The Bourne ဇာတ်ကားများ၏ အဆက်ဖြစ်ပြီး ယခုဇာတ်ကားသည် ၄ ကားမြောက်အဖြစ် အသစ်ထွက်ရှိသည်။ ဇာတ်ညွှန်းကို တိုနီဂေးရွိုင်းနှင့် ညီဖြစ်သူ ဒန်ဂေးရွိုင်းနှင့် ပူးတွဲရေးသားပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခြယ်မှုန်းပေးထားသည်။ ဇာတ်ကားထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာသန်း ၉၀ ရှိပြီး ယခင်ဇာတ်ကားများနည်းတူ အက်ရှင်ဇာတ်ဝင်ခန်းများနှင့် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်သည်။ ထူးခြားမှုတစ်ခုမှာ ယခင်ဇာတ်ကားများတုန်းက သရုပ်ဆောင်ခဲ့သည့် မင်းသားမက်ဒေါမွန်ကို ပြန်လည်သုံးစွဲခြင်း မပြုတော့ဘဲ မင်းသားသစ် ဂျယ်ရီရမီးရန်နာကို အဓိက ခေါင်းဆောင်မင်းသားအဖြစ် ယခုဇာတ်ကားမှ ပွဲထုတ်ထားခြင်း ဖြစ်သည်။ စာရေးဆရာ အဲရစ်ဗန်လက်စဗန်ဒါ၏ The Bourne Legacy ဝတ္ထုအား ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ဇာတ်လမ်းအကျဉ်း The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က Operation Outcome ၏ အေးဂျင့်တစ်ဦး ဖြစ်သောကြောင့် လုပ်ကြံသူများလက်ကနေ လွတ်မြောက်အောင် ကိုယ်လွတ်ရုန်းပြေးရတော့သည်။ ပြေးရင်းလွှားရင်း သူနှင့်ဘဝတူအဖြစ် ဆုံစည်းလာသူက ဒေါက်တာစတီဗင်စနိုက်ဒါ (မင်းသမီးချော ရေချယ်ဝိုက်စ်) ဖြစ်သည်။ ဒေါက်တာစတီဗင်သည် Outcome အေးဂျင့်များကို ဖန်တီးပုံဖော်ရာတွင် အဓိက အကူအညီပေးခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်တာကြောင့် သူလည်းလုပ်ကြံသူများ လက်ကနေ လွတ်မြောက်အောင် မနည်းကြိုးစားရရှာသည်။ သူတို့ကို နောက်ကနေ အသေအလဲ လိုက်လံလုပ်ကြံနေသူက ဇာတ်ကားအစမှာကတည်းက ရန်သူတော်တစ်ဦး ဖြစ်သည့် စီအိုင်အေအေးဂျင့်ဗျာ (အင်ဒ်ဝပ်နော်တန်) ဖြစ်သည်။ သူက အေးရွန်ခရော့စ်နှင့် ဒေါက်တာစတီဗင်တို့အား အငြိုးကြီးကြီးဖြင့် သတ်ဖြတ်ဖို့ ကြိုးစားသည်။ အေရွန်ခရော့စ်တို့ စုံတွဲကလည်း ပြေးရင်းလွှားရင်းနှင့်ပင် အမှန်တရားကို ဖော်ထုတ်ကာ သူတို့၏ လွတ်မြောက်ရာလမ်းကို ရှာဖွေကြမည်။ ဇာတ်ကားတစ်ကားလုံး ပြေးလွှားပစ်ခတ်ကြသည်များကို အသည်းတယားယား၊ ရင်တဖိုဖို ကြည့်ကြရမည်။ CIA က Operation Outcome အဖွဲ့ကို မြေမြှပ်ဖို့ ဆုံးဖြတ်ချက်ချပြီး အမိန့်ထုတ်ပြန်လိုက်ကတည်းက The was never justone တစ်ယောက်မှ မကျန်စေနဲ့ဆိုတဲ့ ကြောက်စရာစကားလုံးကြီး အောက်ကနေ အေရွခရော့စ်တို့ ဘယ်လိုရုန်းထွက်ပြီး လွတ်မြောက်အောင် ပြေးကြမလဲဆိုတာကတော့ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ်

Horror • Thriller
6.2 2012 135 mins
The Bourne Legacy
Jumping from High Places
5.6

Jumping from High Places (2022) ======================== ကိုယ်ငယ်ငယ်တုန်းက တစ်ခုခုဘာလေးပဲလုပ်လိုက်လုပ်လိုက် ပန်းချီဆွဲတာပဲဖြစ်ဖြစ် ကိုယ်ဆွဲထား၊လုပ်ထားတဲ့အရာလေးတွေကို သူများတွေကိုပြရမှာရှက်နေမိတယ်၊ ဘာလို့လဲဆိုတော့ မကောင်းတဲ့ မှတ်ချက်တွေပေးခံရမှာကို တွေးပြီးစိတ်ပူလို့။ သူများတွေလိုနားဖောက် ဖို့တို့၊ လျှောက်လည်ဖို့ဆိုတာ တွေးတောင်မတွေးကြည့်ခဲ့ရဘူး၊ စိုးရိမ် ပူပန်မှုလွန်ကဲတဲ့ စိတ်ကစဉ့်ကလျားရောဂါကို ပြင်းပြင်းထန်ထန်ခံစား နေရတဲ့ ဆိုလီ ဆန်တိုရို လို့ခေါ်တဲ့ မိန်းမငယ်လေး၊ အမြဲတမ်းကြိုတွေးပြီး စိတ်ပူပန်နေတတ်တဲ့သူ၊ crush တာကြာ‌နေပြီဖြစ်တဲ့သူကိုလည်းဖွင့် မပြောရဲတဲ့သူ။ တက္ကသိုလ်ကနေပါထွက်လိုက်ပြီး အလုပ်လည်းမရှိတဲ့ ဆိုလီ ဟာ တစ်နေ့တော့ ဆုံးသွားတဲ့သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ စာလေးကိုရခဲ့ပါတယ်၊ သူ့သူငယ်ချင်းရဲ့နောက်ဆုံးဆန္အတိုင်း သူအမြဲတမ်းကြောက်ပြီးစိုးရိမ်ပူပန် နေရတဲ့အရာတွေကို ချရေးထားပြီး ဘေးနားကသူငယ်ချင်းတွေအကူအညီနဲ့ တစ်ခုချင်းစီ ကျော်လွှားနိုင်ဖို့ကြိုးစားကြည့်တဲ့အခါ jumping from high places ဆိုတဲ့ဇာတ်ကားလေးဖြစ်လာပါတော့တယ်။ ဒီကားလေးမှာ ဆိုလီတစ်ယောက် သူ့အကြောက်တရားတွေကိုကျော်လွှားနိုင် မှာလား၊ ကြိုတွေးပြီးအစိုးရိမ်လွန်တတ်တဲ့ သူ့ရဲ့အချစ်ရေးကရောဘယ်လို ဖြစ်လာမှာလဲဆိုတာကိုလည်း ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.52 GB) / (674 MB) / (381 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 28mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Ngwe Zin Encoder……….SWM

Drama • Thriller
5.6 2022
Jumping from High Places
10 Days of a Bad Man
6.1

ဒီ “10 Days of a Bad Man” ဆိုတဲ့ Turkish Netflix ဇာတ်ကားထဲမှာ ဆာဒစ်ခေါ် အာဒေးလ်ဆိုသူ လူတစ်ယောက်ရဲ့ ဆယ်ရက်တာခရီးကြမ်းတစ်ခုကို Drama Thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆာဒစ်ဆိုတဲ့သူတစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး သေကံမရောက် သက်မပျောက်ခဲ့ပေမယ့် အဲ့ကားကလူဆိုးဂိုဏ်းတစ်ခုရဲ့ကားဖြစ်နေတော့ ပြန်လျော်ဖို့ကလည်းပိုက်ဆံမရှိ။ ဒီတော့သူတို့ခိုင်းတဲ့အတိုင်း အလုပ်တစ်ခု လုပ်ပေးရယ်ဆိုပြီး သဘောတူခဲ့ရတယ်။ အဲ့လိုလုပ်ပေးရင်းနဲ့ တစ်ခြား ဘက်မှာလည်း လူသတ်မှုတစ်ခုအတွက် သူ့ကိုလိုက်ပေးဖို့ အသိမိတ်ဆွေ တစ်ယောက်က ပြောလို့လက်ခံပေးလိုက်ရတယ်။ တစ်ဖက်ကသူ့ကိုခိုင်းထားတဲ့ အလုပ်ရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေရှိပြီးတော့ သပွတ်အူလိုရှုပ်နေတဲ့ အမှုကို ဆယ်ရက်အတွင်း ဘယ်လိုပြီးပြတ်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားကြပါလို့ ပြောကြားရင်း…. File size…1.06 GB/ 768MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 3m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZZA

6.1 2023
10 Days of a Bad Man
[18+] Touchless Bez Doteku

Touchless (2013) Bez Doteku Dark Side Production အနေနဲ့ နိုင်ငံစုံက Dark Side ကားတွေကို တင်ဆက်နိုင်ဖို့ ကြိုးစားနေတာမလို့ ခုတစ်ခါလဲ Czech စကားပြောရုပ်ရှင်တစ်ခုဖြစ်တဲ့ Touchless (2013) ကိုတင်ဆက်လိုက်ပါတယ်။ Netflix ကနေ ထွက်ရှိခဲ့တာဖြစ်ပြီး ချက်ရုပ်ရှင်တွေ ဘယ်လိုအထာရှိလဲ ခံစားကြည့်ကြည့်တာပေါ့။ ဇာတ်လမ်းကတော့… ယိုလာနာဆိုတဲ့ကောင်မလေးဟာ သူမရဲ့ပထွေးဖြစ်သူနဲ့အတူတူ တစ်အိမ်ထဲနေကြပါတယ်… သူမဟာ အိမ်နဲ့အဆင်ပြေနေပေမယ့် ဆယ်ကျော်သက်တို့ထုံးစံအတိုင်း တစ်ရက်မှာတော့ ပထွေးဖြစ်သူနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ စိတ်ရူးပေါက်ရာလျှောက်လုပ်ရင်းနဲ့ ဘယ်ကိုရောက်သွားလည်းဆိုတော့ ပြည့်တန်ဆာအိမ်ကိုရောက်သွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ……။ (Dark Side Production မှ တင်ဆက်သည်။)

0 2013 72 mins
[18+] Touchless Bez Doteku
4 Years, 2 Guys, 1 Love
5.4

4 Years, 2 Guys, 1 Love (2016) ဘဝမှာ တွေ့ဆုံမှုပေါင်းစုံရှိတယ်။ တစ်ချို့တွေ့ဆုံမှုတွေက အခိုက်အတန့်တစ်ခု , တစ်ချို့တွေ့ဆုံမှုတွေက ကြာရှည်သော , တစ်ချို့တွေ့ဆုံမှုတွေက သက်ဆုံးတိုင်။ တွေ့ဆုံမှုတိုင်းမှာ သူ့အကြောင်းတရားနဲ့ သူဖွဲ့စည်းထားတယ်။ ကမ္ဘာဟာ သူ့ဝင်ရိုးကို သူသွေဖီပြီး မသွားဘူးတဲ့။ ဒီလိုနဲ့ ဝင်ရိုးလိုအချစ်တွေဆီ ကမ္ဘာတွေ လည်ပြန်လာကြတယ်။ တစ်ခါတလေလည်း ဝေးကောင်းဝေးကြမှာပေါ့။ ဒါပေမဲ့ ကမ္ဘာလည်နေတာမို့ တစ်နေ့တော့ ဒီဆုံမှတ်ကို ငါတို့ပြန်ရောက်ကြမှာပဲ။ သာယာတဲ့နွေဦးဘယ်နှလီထိ ဝေးကြမလဲ။ ကမ္ဘာဟာ လည်နေတာမို့…. အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.32GB | 666MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Horror • Thriller • Comedy
5.4 2016
4 Years, 2 Guys, 1 Love
Joe’s Apartment
5.5

ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

5.5 1996 81 mins
Joe’s Apartment
River of Desire (or) O Rio do Desejo
6.7

River of Desire (2023) IMDb Rating (6.7) ဒီရုပ်ရှင်ကတော့ ဘရာဇီးဒါရိုက်တာ ဆာဂျီအို မာချာဒို ပုံဖော်ရိုက်ကူးထားတဲ့ ၅၂၈ မေတ္တာနဲ့ ၁၅၀၀ မေတ္တာကြား အားပြိုင်တဲ့အကြောင်း ကားကောင်းလေးတစ်ခုပါ ဇာတ်လမ်းထဲမှာ အမေဇုံမြစ်ကမ်းနဘေးပေါ်က မြို့ငယ်လေးတစ်ခုမှာ အေးချမ်းစွာနေထိုင်နေကြတဲ့ ညီအစ်ကိုသုံးယောက်ရှိတယ်… သူတို့အထဲက အစ်ကိုအလတ်က မိန်းမယူလိုက်တဲ့အချိန်မှာ သူတို့ ညီအစ်ကိုတွေရဲ့အကြားက ဟန်ချက်ညီမှုကို စတင် လှုပ်ခါစေပြီး နောက်ဆုံးကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ဇာတ်သိမ်းသွားရတဲ့ အကြောင်းအရာလေးပါ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ခေတ်သစ်ကမ္ဘာကြီးထဲမှာ နေထိုင်ကြတဲ့ လူသားတွေ… သူတို့ဘဝတွေကို ရှင်သန်ဖို့ ရုန်းကန်ကြရင်း အမှောင်အခြမ်းက အတွင်းစိတ်သဏ္ဍာန်တွေ ထွက်ပေါ်လာတဲ့အခါ… ညီအစ်ကိုဆိုတဲ့ သံယောဇဉ်နဲ့ မိမိရဲ့စိတ်ဆန္ဒလိုချင်တပ်မက်မှုတွေ ထိပ်တိုက်တွေ့ကြတဲ့အခါ… နောက်ဆုံး သူတို့ညီအစ်ကိုတွေနဲ့ မိန်းမလှလေးအကြား ဘယ်လိုတွေ ဇာတ်သိမ်းမယ်ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားလိုက်နော်… (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(1.9 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny

6.7 2023 107 mins
River of Desire (or) O Rio do Desejo
Sudden Death
5.8

ဒီဇာတ်ကား က​တော့ ကျွန်​တော်တို့ငယ်ငယ်က စစ်ကားအက်ရှင်ကားကောင်း​ဆိုရင် ပါတက်တဲ့ မင်းသားကြီး Van Damme ပါဝင်သရုပ်​ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကား​လေးက​တော့ သည်းထိတ်ရင်ဖို အက်ရှင်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ​တော့ မင်းသားကြီးVan dammeက မီးသတ်သမား တစ်​ယောက်အ​နေနဲ့ပါဝင်သရုပ်​​ဆောင်ထားပါတယ်။ ဇာတ်လမ်းသွားက​တော့ ​ဟော်ကီပွဲမှာ ဓါးစာခံအဖြစ်ဖမ်းခံထားရတဲ့ ဒုသမ္မတနဲ့ မင်းသားကြီးရဲ့ က​လေး​တွေကိုကယ်တင်တဲ့အ​ကြောင်းပဲဖြစ်ပါတယ် မင်းသားကြီးတစ်​​ယောက် ဘယ်လိုတိုက်ခိုက်မလဲ အခက်အခဲ​တွေကိုဘယ်လိုရင်ဆိုင်​ကျော်လွှားမလဲဆိုတာက​တော့ ဇာတ်လမ်း​လေးမှာကြည့်ရှူကြပါဦးခင်ဗျား။ File Size : 2 GB, 903 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant

Fantasy • Action • Adventure • Drama
5.8 1995
Sudden Death
Maborosi
7.5

Maborosi (1995) ~ IMDb – 7.5/10, Rotten Tomatoes – 100% ~ Maborosi ဟာ Hirokazu Kore-eda ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်မှာ Kore-edaနဲ့ ပတ်သက်ပြီး တော်တော်လေးသိသာတာက Kore-edaဟာ သူ့ရုပ်ရှင်သက်တမ်း အစကတည်းကို အိုဇုရဲ့လွှမ်းမိုးမှု တော်တော်ကြီးခဲ့တယ်ဆိုတဲ့အချက်ပေါ့။ ဇာတ်ကတော့ ယုမိခိုဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားတယ်။ သူ့ဘဝနဲ့ သူဆုံးရှုံးခဲ့ရသူတွေ၊ သူ့ဘဝကို သူရှေ့ဆက်ပုံတွေကို တင်ပြထားတယ်။ ဇာတ်လမ်းသွားက တကယ်ဆို ဒီလောက်ပဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒါကို Kore-eda က ဘယ်လိုလှည့်ကွက်တွေနဲ့ တင်ပြသွားလဲဆိုတာက ဒီရုပ်ရှင်ရဲ့အသက်ပဲ။ ဒီကားနာမည်က Maboroshi no Hikari သူ့ရဲ့ အကောင်းဆုံးဘာသာပြန်ကတော့ Trick of The Light အလင်းရဲ့ပရိယာယ်တဲ့။ သူ့ဆိုလိုရင်းက တံလျှပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တော့ တံလျှပ်လို့ပဲ လှလိုက်ချင်ပါတယ်။ Kore-eda က ဒီရုပ်ရှင်ကို တင်ဆက်ရာမှာ အဲဒီအလင်းကို တော်တော်သုံးသွားတယ်။ ကားကမှိုင်းပေမဲ့ ဇာတ်ဆောင်ရဲ့ စိတ်ခံစားချက်တွေကို အလင်းရောင်ကိုသုံးပြီး ပုံဖော်ထားသလို ကားတစ်ခုလုံးရဲ့ အသက်ကလည်း အဲဒီအလင်းရဲ့ပရိယာယ်နောက်ပါသွားတဲ့ ဇာတ်ဆောင်ချစ်ရတဲ့ လူတစ်ချို့ဖြစ်ခဲ့တယ်။ ၁၉၉၅ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စီနီမာတိုဂရပ်ဖီဆုလည်းရထားတော့ စီနီမာတိုဂရပ်ဖီကို Kore-eda က အလင်းနဲ့ရောပြီး ဒီကားကို ဘယ်လိုလှပစေခဲ့လဲလည်း မြင်ရလိမ့်မယ်။ ဇာတ်နဲ့ပတ်သက်ပြီး ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။ ပုံမှန်ဆို Kore-eda ရုပ်ရှင်တွေမှာ ကျွန်တော်တို့ အိုဇုကို မြင်ရတဲ့ပုံက ဇာတ်အိမ်နဲ့ဇာတ်လမ်းမှာပဲ အမြင်ရများပေမဲ့ ဒီမှာတော့ အိုဇုရဲ့ Tatami Shot ကိုပဲ တော်တော်သုံးသွားတယ်။ နောက် အိုဇုရဲ့ Pillow Shot ဆိုတဲ့ တင်ဆက်ပုံကိုလည်း သုံးသွားတယ်။ Pillow Shot ကို အိုဇုကိုယ်တိုင်ကလည်း ဂျပန်ကဗျာက Pillow Word Makurakaotoba ဆိုတဲ့ဟန်ကနေ ယူသုံးထားတယ်။ ကဗျာရဲ့တစ်ထောက်နားနေရာဆိုတဲ့ သဘောပဲ။ အဲဒီနေရာမှာ သုံးတဲ့စကားလုံးတွေက ကျန်တဲ့ကဗျာတစ်ပုဒ်လုံးနဲ့ ဝေးလည်းဝေးကွာမသွားသလို တိုက်ရိုက်လည်းမဆက်စပ်နေတဲ့ ကဗျာကနေ တစ်ထောက်နားလိုက်တဲ့စကားလုံးတွေတဲ့။ ဆိုတော့ Maborosi မှာ Kore-eda ဟာ ဇာတ်လမ်းအမျိုးအစား၊ တင်ဆက်ပုံ၊ ရိုက်ပုံ အကုန်လုံး အိုဇုကို Homage အပြည့်ပေးထားခဲ့တယ်။ အိုဇုအငွေ့အသက်ကိုအမြင်ရဆုံး သူ့ရုပ်ရှင်လည်း ဖြစ်နေခဲ့တယ်။ အိုဇုရဲ့ Floating Weeds အဖွင့်က လှေရဲ့အသံကိုလည်း ဒီမှာ Kore-eda က ယူသုံးထားခဲ့တယ်။ တစ်ချက်ရှိတာက အိုဇုရုပ်ရှင်တွေမှာ ပါတတ်တဲ့ Kore-eda ရဲ့ ခုနောက်ပိုင်းရုပ်ရှင်တွေအထိ ပါတတ်တဲ့ ရေခဲတုံးကြီးရဲ့ အောက်ဘက်လို့ခေါ်မလား။ ဒါမှမဟုတ် ဇာတ်လမ်းရဲ့ မပြောသွားတဲ့ အပိုင်းတွေလို့ ခေါ်မလား။ အဲဒီဟာတွေပါတာက သူတို့ရုပ်ရှင်တွေကြည့်ရတာ ကျွန်တော့်အတွက် အရသာအရှိဆုံးအချက်တစ်ချက်ပါပဲ။ Maborosi မှာတော့ အဲဒီမပြောသွားတဲ့ဇာတ်လမ်းက သိသိသာသာကို ရှိနေပြီး မပြောသွားတာဖြစ်နေတယ်။ ဒီမှာ ကျွန်တော်ဝေဝါးသွားတာက ဘယ်ဟာက ပိုအားကောင်းလဲဆိုတာပါပဲ။ ဇာတ်လမ်းထဲ ပေါ့ပေါ့ပါးပါးနဲ့ ဒီတိုင်းရှိနေတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ ဇာတ်လမ်းထဲ သိသိသာသာနဲ့ ဇာတ်လမ်းတစ်ခုလုံးကို သက်ရောက်သွားတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ နောက်ပိုင်းမှာတော့ Kore-eda ကိုယ်တိုင်လည်း ပထမလမ်းကိုပဲ ရွေးခဲ့ပါတယ်။ သူ့ဟာနဲ့သူတော့ ကောင်းကြပေမဲ့ မဖြစ်မနေဆိုရင်တော့ ကျွန်တော်တော့ ပထမလမ်းကိုပဲ ရွေးမိပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 440MB Quality – BluRay 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 1995 110 mins
Maborosi
The Royal Bake Off

ဇာတ်ကားဟာ အချစ်၊ ပြိုင်ဆိုင်မှု့တွေနဲ့ မုန့်ဖုတ်ခြင်းအနုပညာတို့ ပေါင်းစပ်ဖော်ပြထားတဲ့ ရိုမန့်စ်ဟာသကားတစ်ကားဖြစ်ပါတယ်။ Ellie ကတော့ မင်းသားရဲ့အစ်ကို နန်းတက်ပွဲအခမ်းအနားအတွက် ကိတ်မုန့်ပြိုင်ပွဲမှာ ပါဝင်ဖို့အဖိတ်ခေါ်ခံရရာကနေမှ မင်းသားနဲ့ အချစ်ဇာတ်လမ်းလေးစတင်လိုက်တယ်။ ပြိုင်ဆိုင်မှုတွေကနေမှ ချစ်ခြင်းမေတ္တာသို့ ခြေလှမ်းတွေစတင်ပြောင်းလဲသွားပြီး စတင်ချစ်မိရာကနေမှ ဘဝရဲ့ အဓိပ္ပာယ်အချို့ကို မုန့်ဖုတ်ခြင်းကနေလည်းသင်ပေးနိုင်တယ်ဆိုတာကို ရှာဖွေသိရှိသွားကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် family movie တစ်ခုအနေနဲ့ ကြည့်နိုင်ပါတယ်။ ဒါရိုက်တာ Mark Lawrence နဲ့ စာရေးသူ Hannah Taylor တို့က ဒီဇာတ်လမ်းကို ဟာသနဲ့ အချစ်ကိုရောပြီးဇာတ်လမ်းတစ်လျှောက် လှပစွာ ဖော်ပြထားပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Drama
0 2023
The Royal Bake Off
Un mondo a parte A World Apart
6.5

Un mondo a parte (2024) IMDb Rating (6.5) အီတလီမှ ဒါရိုက်တာ Riccardo Milani ၏ ရေးသားပြီး ဟာသနှင့် ဒရာမာ ပေါင်းစပ်ထားသော ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်ကားက စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့ အတွေးကောင်းကောင်း အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Un Mondo a Parte ၏ ဇာတ်လမ်းမှာ ဇာတ်ကောင်တွေက ပညာရေးလောကအတွင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ အလှည့်အပြောင်းများနှင့် သူတို့ရဲ့ တာဝန်ယူစိတ်ကို ဖော်ပြထားတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဇာတ်ကားက Nastro d’Argento Awards နှစ်ခု ဆုရထားပါတယ်။ ပထမတစ်ခု အကောင်းဆုံး ဟာသဇာတ်ကား ဆု ဖြစ်ပြီး၊ ဒုတိယတစ်ခုက ဟာသဇာတ်ကားတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ရထားပါတယ်။ Riccardo Milani ၏ ပုံဖော်ရိုက်ကူးထားမှု့က စိတ်ကို ခွန်အားဖြစ်စေပါတယ်။ A World Apart က 2024 ရဲ့ ဟာသနှင့် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီးတော့, စိတ်ဝင်စားဖို့ကောင်းပြီးတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:49:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Drama
6.5 2024 113 mins
Un mondo a parte A World Apart
Ted Bundy

ဒါကတော့ Crime ပရိတ်သတ်တွေ သိပ်မစိမ်းကြမယ့် ၁၉၇၀ နှစ်တွေက မိန်းက‌ေလး‌ေတွအများကြီးကိုသတ်ခဲ့တဲ့ အမေရိကန်ကွင်းဆက်လူသတ်သမားတက်ဒ်ဘန်ဒီအကြောင်းပါပဲ။နှစ်အ‌ေတာ်ကြာငြင်းဆိုပြီး‌ေနာက်မှာ လူသတ်မှုပေါင်း ၃၀ ကို၀န်ခံခဲ့ပေမယ့် အဲ့ထက်ပိုများနိုင်ပါတယ်တဲ့။ တက်ဒ်က စကားပြောကောင်းတယ် လူကြီးလူကောင်းဆန်တယ် တော်တဲ့ ဥပဒေကျောင်းသားတစ်ယောက်။အဲ့တာပြီးသူက မိန်းကလေးတွေကိုညွတ်ကျသွားအောင်ဆွဲဆောင်မှုရှိတယ်လို့ပြောကြပေမယ့် သူက Psychopath တွေရဲ့ ပုံစံအတိုင်း သနားညှာတာမှုကင်းမဲ့တယ်။ လူသတ်ရင်တောင် မိန်းကလေးတွေကိုပဲရွေးသတ်ပြီး ပိုးစိုးပက်စက်ကိုသတ်တာ။တချို့အလောင်းတွေဆို အပိုင်းပိုင်းဖြတ်ပြီး ခေါင်းတွေကိုအမှတ်တရအဖြစ်သူ့တိုက်ခန်းကိုယူသွားသေးတယ်တဲ့။ များသောအားဖြင့် ဒဏ်ရာရနေသလို တစ်ခုခုအကူအညီလိုသလိုဟန်ဆောင်တတ်ပြီး မိန်းကလေးတွေကို မျှားခေါ်လေ့ရှိတယ်။သူကသူ့ကိုယ်သူလည်း အထင်ကြီးလွန်ပြီး သူ့ကိုယ်သူခေါ်တာ ” Handsome Devil ” တဲ့။ သူ့လူသတ်မှုတွေမှာ လူမဆန်တဲ့ မုဒိမ်းမှုတွေပါအများကြီးပါပြီး သူပြောသလိုဆို လူသတ်ပြီးတဲ့အခါ အလောင်းတွေနဲ့လိင်ဆက်ဆံရတာကြိုက်ပုံရရင် Necrophilia ရှိတယ်လို့လည်းယူဆလို့ရတယ်။ သူက သူ့အမှု‌‌ေတွကိုတောင် ကိုယ်တိုင်ကိုင်သေးတယ်။ သူ့ကိုယ်သူလည်း လူသတ်သမားဆိုတာထက်ပိုပြီးအရည်အချင်းတွေရှိတယ်လို့ယုံတယ်။ သူ့အကြောင်းရိုက်ကြတဲ့ ဇာတ်လမ်းတွေအများကြီးရှိပေမယ့် ဒီလိုလူသတ်သမားကားတွေကြိုက်တယ်ဆို ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ Cast အနေနဲ့ Michael Reilly Burke က Ted Bundy အနေနဲ့သရုပ်ဆောင်ပြီး Boti Bliss ကသူ့ရည်းစား Lee အနေနဲ့ပါ၀င်ထားပါတယ်။ တချို့အခန်းတွေက နည်းနည်းကြမ်းလို့ အတူကြည့်မယ်ဆို လူရွေးကြည့်ကြပါနော်။ File size…(2.5 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Comedy • Drama
0 2002
Ted Bundy