YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Chainsaw Man - 06(720p)[CM].mp4

170.23 MB N/A video/mp4 1874 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alexander
5.9

Alexander (2004) ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။ Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။ သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ထုဆစ်ခဲ့သူပါပဲ။ သူ့ရဲ့ စစ်ရေးလှုံ့ဆော်မှုတွေ၊ နည်းဗျူဟာကောင်းမွန်မှုတွေ၊ ယဉ်ကျေးမှုလွှမ်းနိုင်မှုတွေနဲ့ ကမ္ဘာကို ပုံဖော်ခဲ့သူတစ်ယောက်ပါ။ အလက်ဇန်းဒါးရဲ့ဖခင် ဖိလစ် က သိုးကျောင်းလူမျိုးစုတွေကို စုစည်းပြီး ဂရိလူမျိုးစုတွေကို အောင်နိုင်သိမ်းသွင်းခဲ့သူပါ။ အလက်ဇန်းဒါးအတွက် အစကောင်းတစ်ခုပါပဲ။ ဖိလစ် ရဲ့အိပ်မက်ကတော့ ဥရောပကနေ အာရှအထိခြေဆန့်လို့ ပါရှန်းအင်ပါယာကို အောင်နိုင်ချင်တာပါပဲ။ အလက်ဇန်းဒါးက သူ့ဖခင်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရုံမက ဘယ်သူမှလိုက်မမီနိုင်တော့တဲ့ ဂုဏ်ရည်ထွန်းပြောင်မှုကိုပါ တည်ဆောက်နိုင်သွားခဲ့ပါတယ်။ အလက်ဇန်းဒါးက မင်းသားတစ်ပါးအဖြစ်မွေးလာ၊ အချိန်တန်ဘုရင်ဖြစ်၊ တပ်ကိုဦးဆောင်၊ နယ်မြေတွေကို သိမ်းသွားခဲ့တာမဟုတ်ပါဘူး။ သူ့ဘဝက စကတည်းက ယဉ်သလိုကိုလို့ ပြောရမှာပဲ။ မိခင်က ဘာဘာရီယန် လို့ခေါ်တဲ့ လူရိုင်းမျိုးနွယ်ဝင်တစ်ယောက်ပါ။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် မျိုးမစစ်သားတစ်ယောက်အနေနဲ့ အလက်ဇန်းဒါးဟာ ထီးနန်းရဲ့ ဆက်ခံသူမဟုတ်ပါဘူး။ ဖခင်က ဂရိသူကိုယူ၊ သားကလေးမွေးလိုက်တဲ့အချိန် အလက်ဇန်းဒါးဟာ ရှင်ဘုရင်ရဲ့ အစ်ကိုတော်အဖြစ် ဇာတ်သိမ်းရဖို့ပဲရှိပါတော့တယ်။ ဒုတိယသားတော် လသားအရွယ်မှာပဲ ဘုရင်ကြီး ဖိလစ် လုပ်ကြံခံလိုက်ရခြင်းက အလက်ဇန်းဒါးကို နေ့မကူးဘဲ ဘုရင်ဖြစ်သွားစေခဲ့ပါတယ်။ အဲဒီနောက် အလက်ဇန်းဒါးဟာ ပါရှန်းပြည်ကိုခြေဆန့်လို့ ပါရှန်းဘုရင် ဒရိုင်းရပ်စ် ကိုဖယ်ရှားပြီး ဘေဘီလုံကို သိမ်းပိုက်ခဲ့တယ်။ အလက်ဇန်းဒါးအတွက် အင်ပါယာကိုထူထောင်တဲ့လမ်းကြောင်းတလျောက်မှာ အရေးအပါဆုံးကတော့ အရည်အချင်းပြည့်ဝလှတဲ့ စစ်ဗိုလ်ချုပ်တွေရယ်၊ သူ့ကို အူလှိုက်သည်းလှိုက်ချစ်တဲ့ စစ်တပ်ကြီးရယ်တို့ပါပဲ။ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ ဟက်ဖိုက်စတီရန်၊ ပထောလမီ၊ ကတ်ဆန်းဒါ၊ နီရားကတ်စ်၊ ကရားတို့စ် တို့ရဲ့ ပြောင်မြောက်တဲ့စစ်ရေးစွမ်းရည်တွေက အလက်ဇန်းဒါးအတွက် ကျားကို တောင်ပံတပ်ပေးလိုက်သလိုပါပဲ။ အီဂျစ် နဲ့ ပါရှန်းကို အောင်နိုင်ပြီးနောက်မှာ အိန္ဒိယအထိ လက်တံမီခဲ့ပြီး သမိုင်းတလျောက် အကြွယ်ဝဆုံး အင်ပါယာကြီးဖြစ်ခဲ့တာပါ။ အလက်ဇန်းဒါးက မျိုးသမီးတွေကို သဘောမကျပါဘူး။ သူ့အမေရဲ့ လောဘနဲ့ ရက်စက်မှုတွေကို ငယ်ရွယ်စဉ်အသည်းနုနုနဲ့ မြင်ခဲ့ရတာတွေကြောင့်ပေါ့။ ဒီတော့ သူ့မှာ ကောင်လေးချစ်သူ နှစ်ဦးရှိပါတယ်။ ငယ်ပေါင်းသူငယ်ချင်း ဟက်ဖိုင်စတီရန် နဲ့ ပါရှန်းက သုံ့ပန်းကောင်ကလေး ဘာဂိုအက်စ် တို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရော့ဇာနာ ဆိုနဲ့ ဘာဘာရီယန်နွယ်ဝင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ နောက်ထပ် မိဖုရားနှစ်ယောက်လည်း တင်မြှောက်ခဲ့ပါသေးတယ်။ အလက်ဇန်းဒါးက ပါရှန်းယဉ်ကျေးမှုကို တော်တော်လေး အားကျလေးစားသူဖြစ်တာနဲ့အညီ သူတို့ရဲ့ မက်ဆာဒိုးနီးယန်းယဉ်ကျေးမှုနဲ့ ရောယှက်စေခဲ့ပါတယ်။ ပါရှန်းကရတဲ့ တော်ဝင်မျိုးနွယ်ဝင် စစ်သုံ့ပန်းတွေကို တော်ဝင်မိသားစုသဖွယ်ပဲ ဆက်ဆံခဲ့သူတစ်ယောက်ပါ။ သူဟာ မက်ဆာဒိုးနီးယားရဲ့ ချစ်ခင်မှုသာမက၊ ပါရှန်းနဲ့ အိန္ဒိယတို့ရဲ့အချစ်ကိုပါ အထိုက်အလျောက် ရခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူမသေခင်အထိ သူ့ရဲ့အင်ပါယာကြီးက ညီညွတ်စုစည်းနေခဲ့တာပေါ့။ ပါရှန်းကိုသိမ်းခဲ့တဲ့ ဂယ်ဂွယ်မယ်လာတိုက်ပွဲ၊ အိန္ဒိယဆင်တပ်နဲ့ ဆင်နွှဲခဲ့တဲ့ တောတွင်းတိုက်ပွဲတွေဟာ အလက်ဇန်းဒါး ဘာကောင်ဆိုတာကို မှတ်ကျောက်တင်ခဲ့တာတွေပေါ့။ အိန္ဒိယကအပြန် ဘေဘီလုံကိုပြန်ရောက်အပြီး မကြာခင်မှာပဲ အလက်ဇန်းဒါးသေဆုံးခဲ့ပါတယ်။ ဒီအကြောင်းတွေက ဇာတ်ကားထဲမှာ စုံစုံလင်လင် ပါမှာဖြစ်လို့ ဆက်မပြောတော့ပါဘူး။ ဇာတ်ကားအကြောင်းပဲ ဆက်ပြောကြတာပေါ့။ ကြီးမြတ်တဲ့ အလက်ဇန်းဒါးရဲ့ ဘဝဇာတ်ကြောင်းကြီးကို ရုပ်ရှင်တစ်ခုတည်းနဲ့ ပုံဖော်ခဲ့တဲ့အခါမှာ လူအများစုရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ရုပ်ရှင်ပြသချိန်က သုံးနာရီကျော်ရှိပြီး ဗိုလ်ချုပ် ပထောလမီ ကို သမိုင်းပညာရှင်အဖြစ် နာမည်ပြောင်အပေးခံရတဲ့အထိကို သူ့ရဲ့ဇာတ်ကြောင်းပြ နောက်ခံစကားပြောက နေရာတကာပါနေတာပါပဲ။ ဇာတ်ကားကြည့်တဲ့သူတွေအနေနဲ့ အနှောင့်အယှက်ကြီးစွာ ခံစားခဲ့ရသတဲ့။ အကယ်ဒမီများရှင် မင်းသားကြီး Colin Farrell ရယ်၊ ကျွန်တော်တို့ရဲ့ Angelina Jolie ရယ်၊ ကျွန်တော်သိပ်ကြိုက်ရတဲ့ အဘိုကြီးမင်းသား Anthony Hopkins ရယ်၊ စသဖြင့် Cast ကတော့ ဖျားသွားလောက်စရာပါပဲ။ ဒါပေမဲ့ Box Office မှာတော့ စရိတ်ကာမိရုံပဲပြန်ရခဲ့တာပါ။ Rating ကလည်း ထိုးဆင်းသွားပြီး Rotten Tomatoes မှာလည်း စုတ်ပြတ်သွားတာပဲ။ ပိုဆိုးတာက အဆိုးဆုံးရုပ်ရှင်ဆု၊ အဆိုးဆုံးသရုပ်ဆောင်ဆု၊ အဆိုးဆုံးဂီတဆု ဘာညာ ဆိုးဆိုးဝါးဝါးဇာတ်ကားတွေကို ပြောင်လှေင်ပြီးပေးတဲ့ ဆုတွေစာရင်းမှာ အနုပညာရှင် အတတ်ပညာရှင်ဆုတွေ တန်းစီပြီး စာရင်းဝင်ကုန်တာပါ။ အဆိုးဆုံးဆုတွေ မရခဲ့ပေမယ့် အဆိုးဆုံးအမျိုးသမီးစကားပြောဟန်ဆုတော့ ရသွားသေးတယ်။ Angelina Jolie နဲ့ Rosario Dawson တို့ရဲ့ မက်ဆာဒိုးနီးယန်းလေသံနဲ့ ဘာဘာရီယန်လေသံ လုပ်ပြောတာတွေ မပီမပြင်ဖြစ်ရတယ်ပေါ့လေ။ ဒါပေမဲ့ ဒီဇာတ်ကား ကျဆုံးရခြင်းက အနုပညာနဲ့ အတတ်ပညာတို့နဲ့ မဆိုင်ဘူးလို့ ကျွန်တော်ယူဆတယ်။ သမိုင်းရဲ့ အကြီးမြတ်ဆုံး ဧကရာဇ်တစ်ပါးကြီးကို လူတွေက နတ်ဘုရားဆန်ဆန် ယူဆ အထင်ကြီးထားချိန်မှာ ရုပ်ရှင်က သဘာဝဆန်လွန်းသွားလို့ လူတွေ စိတ်ပျက်သွားပုံရပါတယ်။ ရင်ထဲမှာ ပုံဖော်ထားတဲ့သူရဲကောင်းကြီးကို လိင်တူချစ်သူ၊ မာန်တက်နေတဲ့ အရက်သမားတစ်ယောက်အနေနဲ့ မြင်လိုက်ရချိန်မှာ လက်မခံနိုင်ဖြစ်ကြတယ်ထင်ပါရဲ့။ အလက်ဇန်းဒါးသာ တကယ်မရှိခဲ့ဘဲ ဒီဇာတ်ကားက စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုကို ပုံဖော်ထားတယ်ဆိုရင် ဒီဇာတ်ကားအောင်မြင်မှုက မိုးထိုးသွားမှာပါပဲ။ ဒါ့အပြင် ဒီဇာတ်ကားက တိုက်ပွဲမြင်ကွင်းတွေမှာ ချီးကျူးမှုတွေရရှိထားတဲ့ စစ်ပွဲဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကတော့ သေချာပေါက်ပါပဲ။ ( ဘာသာပြန်းပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ် ) File Size__(4GB) / (2.2GB) Quality__BluRay_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__03:27:00 Type__Action, Adventure, Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Action • Thriller
5.9 2004 175 mins
Alexander
Anthropoid
7.1

၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့် ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။ အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါက အိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာ အသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။ သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။ နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။ လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။ လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့ မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ File Size :(3.8GB) and (1.1GB) Quality : WEB-DL1080p, 720p Format…mp4 Duration…02:00:00 Genre : Action ,Biography ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7.1 2016 120 mins
Anthropoid
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
Hollow
6

ရုပ်ရှင်ဆိုတာ တော်တော်မှော်ဆန်တဲ့အရာပါပဲ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး သီချင်းတစ်ပုဒ်နား‌ထောင်၊ ကဗျာတစ်ပုဒ်ဖတ်ပြီး၊ ပန်းချီကားတစ်ကားကို ခံစားသင့်တယ်လို့ ဆိုတယ်။ ရုပ်ရှင်အစစ်တွေကတော့ ဒီ၃ခုလုံးကို ပေါင်းစပ်ထားတဲ့အရာတွေပါပဲ။ ကဗျာဆန်မှုကိုလည်းခံစားရတယ်။ အလှပဆုံးစီနီမာကိုလည်းခံစားရတယ်။ နောက်ခံတေးဂီတရဲ့ အရသာကိုလည်း ခံစားနိုင်တယ်။ ဒါကြောင့်ပဲ ကျွန်တော် ရုပ်ရှင်တွေကို သိပ်ချစ်ခဲ့တာပါပဲ။ တာကော့စကီးတို့ အင်ဂမာဘတ်ခ်ျမန်းတို့ အဘတ်ကီယာအိုစတမိတို့ အိုဇုတို့ရဲ့ ရုပ်ရှင်တွေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေကြတယ်။ ဝေါင်ကာ‌ဝေးတို့ Shunji Iwai တို့ ဝူဒီအယ်လန်တို့ရဲ့ ရုပ်ရှင်တွေမှာ အချစ်ရဲ့ ၀မ်းနည်းစရာကဗျာဆန်မှုကို ကျွန်တော်တို့ တွေ့ရှိကြတယ်။ ပတ်ချန်းဝုတို့ လီချန်းဒုံတို့ စတန်လေကူးဘရစ်တို့ ရုပ်ရှင်တွေမှာ လောကရဲ့တခြားမျက်နှာတွေကို မြင်ရကြတယ်။ ဖရန်စစ်ဖို့ဒ်ကော်ပိုလာတို့ မာတင်စကောဆေးစိတို့ စတီဗင်စပီးဘာ့ခ်ျတို့ကတော့ လောကအသစ်တွေ‌ဆီ ခေါ်ဆောင်သွားခဲ့တာပေါ့။ Schindler's List ထဲက နာရီလို ၊ Life Is Beautiful ထဲက ဟာသမဟုတ်တဲ့ ဟာသလို၊ Midnight In Paris ထဲက မိုးဖွဲဖွဲအောက်က ပါရီရဲ့ညလို၊ Casablanca သီချင်းလို၊ Hugo ထဲက ရုပ်ရှင်လို ၊ Chungking Express ထဲက California dreamin'လို၊ တာကော့စကီးရုပ်ရှင်ထဲက အိပ်မက်တွေလို ရုပ်ရှင်က ကျွန်တော်တို့ အသည်းတွေကို သိမ်းဆည်းသွားခဲ့တာတွေတော့ မနည်းဘူးပေါ့။ ရုပ်ရှင်ဟာ အသည်းကို တစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စစချင်း ပြန်ဆက်ပေးတတ်တဲ့အရာပါပဲ။ ရုပ်ရှင်ဟာ နာမည်နဲ့မလိုက်အောင် စိတ်ကိုရှင်‌သန်စေတဲ့အရာ... ဒီလိုနဲ့ လူ့နှလုံးသားနဲ့ ရုပ်ရှင်ပိုင်းခြားမရခဲ့တာ အနှစ်နှစ်ရာလောက် ရှိခဲ့ပြီ။ ဒီ Hollow ရုပ်ရှင်ကတော့ အပေါ်က ရုပ်ရှင်တွေနဲ့ ဘာမှမဆိုင်ပါဘူး။ နည်းနည်းလန့်ချင်ရင် ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ ကြိုက်တဲ့သူတွေလည်း Rating 9 အထိပေးထားပြီး မကြိုက်တဲ့သူကျ တစ်အထိချထားပါတယ်။ ကြည့်ရှုသူနဲ့ပဲ ဆိုင်နိုင်ပါတယ်။ ဇာတ်ကတော့ Mystery ဆန်ဆန်ပါပဲ။ David Cohernberg ဆန်တဲ့ Body Horror တစ်ခန်းလောက်လည်းပါပါတယ်။ ဆိုက်ကိုဟော်ရာလိုလည်းပါပါတယ်။ Size - 1.2Gb, 602Mb Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 53Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Action • Adventure • Comedy • Family • Fantasy
6 2021 113 mins
Hollow
The Peanut Butter Falcon
7.4

လက်ရှိIMDbမှာ rating 7.9 နဲ့ tomatoမှာ 95%ရထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ရင်းနှီးပြီးသားသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ် (Dakota Johnsonလေး) ဇာတ်လမ်းကတော့ ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်က ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်‌ပေးမယ့် မိသားစုမရှိတာကြောင့် အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။ ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက် အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့ ‌အကြမ်းဗတမ်းအကုန်ရတဲ့တောသား ကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။ နောက်တော့ ဇက်ခ်သွားမယ့်နေရာက တိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့် သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။ ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊ တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)က လိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲ ပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။ အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာ အခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကို ညိမ့်ညိမ့်ညောင်းညောင်း‌ဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။ Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 908 MB , 342 MB) Quality :  WEB-DL 720p Running Time : 1 hr 37 min Format : Mp4 Genre : Adventure , Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Drama • Family
7.4 2019 97 mins
The Peanut Butter Falcon
Nocturnal Animals
7.4

ဒီဇတ်လမ်း ကို စကြည့်တုန်းက ကိုယ့်ကိုကိုယ် နောင်တ ရနေမိတာ ဘာလို့ ဒီပေါတောတော ပုံစံ နဲ့ ကားကို ရွေးကြည့်မိလဲ ဆိုပြီးတော့... ဇတ်လမ်းစတာနဲ့ ကိုယ်လုံးတီး မိန်းမကြီး အဖွားကြီးတွေ က နေတာ စမြင်ရမှာပါ မြင်ရတာ ကျတ်သရေ တုံးလွန်းလို့ အမြန် ကျော်ကြည့်ချင်နေမိပါတယ်.. အဲ့ဒီ အကန့်က ခဏလေးပါပဲ... (ဒီနောက်ပိုင်းကို လုံး၀ နောင်တ မရတော့ပါဘူး) အဲ့ဒီ အနုပညာ ပြခန်းကနေ ဆူစန် (သူဌေး) စထွက်လာတယ် သူမ အိမ်ကို ရောက်သွားတယ် သူမ မအိပ်ဖြစ်တာ အတော်ကြာနေတဲ့ ပုံပါပဲ... ထူးထူးခြားခြားသူမ ဆီကို ပါဆယ် တစ်ခု ရောက်နေလို့ တိပ်တွေကို လျင်လျင်မြန်မြန် ဆွဲဖွင့်တဲ့အခါ စက္ကုသားကြောင့် လက်ရှ သွားပြီး ဝန်ထမ်း တစ်ယောက်ကို ဖွင့်ပြီး စာကို ဖတ်ခိုင်းတဲ့အခါ သူမ ယောင်္ကျားဟောင်း အက်ဝဒ် မှ ဆူစန် ဖတ်ဖို့ ဝတ္တုစာမူကြမ်း ကို ပေးပို့ပေးလိုက်တာပါ... အလုပ်ပိတ်တဲ့ ဒီတစ်ပတ် မှာ သူမ လက်ရှိ ယောင်္ကျားနဲ့ အပန်းဖြေ ခရီးထွက်ချင်နေပေမယ့် ခြေလှမ်းတွေ ပျက်နေတဲ့ ယောင်္ကျားဖြစ်သူဟာ ဆူစန် အနားမှာ ရှိမနေခဲ့ပါဘူး... ၁၉ နှစ်ကျော် ကြာအထိ သူမ နဲ့ အဆက်အသွယ် မလုပ်ခဲ့တဲ့ ခင်ပွန်းဟောင်း ဖြစ်သူ အက်ဝဒ် ရဲ့ ဝတ္တုစာအုပ်မူကြမ်းဟာ သူမ စိတ်လိုလက်ရ ဖက်ဖို့ မရှိပေမယ့် တစ်ယောက်ထဲ ဖြစ်နေတဲ့ အချိန်မှာပဲ စာအုပ်ကို ကိုင်ဆွဲပြီး အိပ်ရာထက်ဝင်ခဲ့ပါတော့တယ်... (စာအုပ်ထဲက ဇတ်လမ်း) ဟေးစတင်း ဟာ သူ့ မိန်းမ လော်ရာ နှင့် သမီးဖြစ်သူ အင်ဒိယ တို့ ကို ခေါ်ပြီး တက္ကဆက်ပြည်နယ်မြောက်ပိုင်းဘက်သို့ မိသားစု ၃ ယောက်ထဲ ကားမောင်းပြီး ထွက်လာပါတယ်... တက္ကဆက် မြောက်ပိုင်း အဝေးပြေး လမ်းမသည် လူပြတ်ပြီး ဖုန်းလိုင်းမမိတဲ့ နေရာလဲ ဖြစ်ပါတယ်.... ဒီလို နဲ့ ကားမောင်းလာနေရင်း ဟေးစတင်း တို့ ကားအား အမူးသမား တစ်ချို့မှ ဘေးတိုက် ဆွဲချပြီး ပြသနာရှာခဲ့ပါတယ်... ဟေးစတင်း က တားဆီးနေတဲ့ ကြားက သူ့မိန်းမ နဲ့ သမီး ကို အမူးသမား တွေမှ ကားပေါ် ချုပ်တင်ပြီး ခေါ်သွားခဲ့ပါတယ် သူ့ကိုလဲ ကားတစ်စီးဖြင့် ခေါ်သွားရာမှ လမ်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်... ဒါပေမယ့် မိန်းမ နဲ့ သမီး အပေါ် ပူပင်နေတဲ့ သူ့စိတ်က ရေမြေအဆုံး လိုက်ရှာဖို့ပဲ အားသန်နေခဲ့ပါတော့တယ်.... (စာအုပ်အချ) ဆူစန် စိတ်တွေ ဂယောင်ချောက်ခြား ဖြစ်သွားခဲ့တယ် စာအုပ်ထဲက ဟေးစတင်း နေရာမှာ သူရောက်သွားသလိုပဲ သူမ နှလုံးသားသည်လဲ ဟေးစတင်း နှင့် ထပ်တူ နာကျင်ခံစားလိုက်ရတယ်.... စာအုပ်ကို ဆက်လဲ ဖတ်ချင်တယ် ဟေးစတင်း ဘာဆက်ဖြစ်မလဲ သိချင်နေပေမယ့် ဖြစ်လာမယ့် အရာကိုလဲ သူမ ကြိုတွေးနေမိခဲ့တယ်... ဒီလိုနဲ့ စာအုပ်ကို ဆက်ဖတ်ဖြစ်ခဲ့ပါတယ်... စာအုပ်နာမည်ကတော့ " Nocturnal Animals " ဒီရုပ်ရှင်ကို ကျနော် ရှေ့ဆက် မပြောပြတော့ပါဘူး ညွှန်းဆို စရာ စကားလုံးလဲ ရှာမတွေ့ပါဘူး... ဒီစာအုပ်ကို ဖတ်နေတဲ့ ဆူစန် ရဲ့ ဇတ်လမ်း တစ်ခု ရယ် စာအုပ်ထဲက ဇတ်ကောင် ဟေးစတင်း ရဲ့ မိန်းမပျောက် သမီးပျောက် ရှာပုံတော် ဇတ်လမ်း ၂ ခု ဟာ သင့်ကို ထိုင်ရာက မထစတမ်း ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာ ညွှန်းဆိုလိုက်ပါရစေ... ရုပ်ရှင်ကားကို Htet Wai Lwin က ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ပေးထားပါတယ် (သစ်ဆန်းခန့်)

Drama • Mystery • Sci-Fi & Fantasy
7.4 2016 117 mins
Nocturnal Animals
Anons
6.7

Anons (2017) =========== IMDb Rating – 6.7/10 တူရကီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာတွေ တော်တော် ရှိခဲ့ဖူးပါတယ်။ ဒီကားမှာတော့ ၁၉၆၀ ခုနှစ်ကျော်ဝန်းကျင်က စစ်တပ်ကနေပြီးတော့ တူရကီနိုင်ငံအစိုးရဆီကနေ နိုင်ငံအာဏာ သိမ်းဖို့ကြိုးစားခဲ့တဲ့အကြောင်းနဲ့စတာပေါ့။ ဒါပေမယ့် တခြား နိုင်ငံရေး၊ စစ်ရေးတွေထက် ဒီထဲမှာ တူရကီစစ်တပ်က စစ်ဗိုလ် လေးယောက် အဲ့အာဏာသိမ်းဖို့လုပ်မယ့်အကြောင်းကို တူရကီရဲ့ ရေဒီယိုအစ္စတန်ဘူလ်ဆိုတဲ့အသံလွှင့်ဌာနကနေလွှင့်ကြေညာဖို့ အတွက် ညလုံးပေါက်ခရီးသွားကြတာကိုပဲ Black Comedy ဆန် ဆန်၊ Satire သဘောဆန်ဆန်ရိုက်ထားတာပါ။ ရုပ်ရှင်အစကနေအဆုံးထိ အဲ့အကြောင်းပဲဆိုတော့ စစချင်းပျင်းဖို့ ကောင်းမယ်ထင်ရပေမယ့်လို့ သူတို့လေးယောက်သွားရတာက အဆင်ချောမနေဘဲ ကိစ္စအဖုံဖုံပေါ်ပေါပြီး ပြဿနာတွေတက်နေရ တာကိုကြည့်နေရင်းနဲ့စိတ်ဝင်စားဖို့ကောင်းပြီးဆက်ကြည့်ချင်စိတ် ဖြစ်မိမှာပါ။ နောက်ဆုံးဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Anons (Announcement) ကားကိုပဲဆက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.0 GB) / (275 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 34Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Fiona Gillen Encoder……….SWM

Drama • Horror
6.7 2017
Anons
La Civil
7.2

IMDb 7.2/10 Rotten Tomatoes 86% ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်း ထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကား တစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courage ကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့ မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီး မက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊ မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့ စီယယ်လိုနဲ့ လော်ရာ…အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့ စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်း လော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။ အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက် တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။ သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာ ဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊ နောက်ဆုံးကျရင်ရော လော်ရာနဲ့ ပြန်ဆုံစည်းနိုင်မှာလား ဆိုတာကို အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ ။ File size…2.14GB / 906MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 20m Genre ….. Drama , Thriller , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

7.2 2021
La Civil
Ordinary Angels
7.6

Ordinary Angels (2024) Drama ရုပ်ရှင်ကောင်း ကြိုက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes – 85%, IMDb rating – 7.8 ရရှိထားပါတယ်။ ၁၉၉၄ ခုနှစ် ကန်တက်ကီ ပြည်နယ်၊ လူးဝစ်ဗေးလ်မြို့က အသည်းရောဂါသည် ကောင်မလေးကို အသည်းအစားထိုးကုသနိုင်ဖို့ ရန်ပုံငွေရှာဖွေ ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အက်ဝါ့ဒ်ရှမစ်ဟာ ဇနီးဖြစ်သူထရီဆာ ရောဂါနဲ့ သေဆုံးပြီးနောက် သမီးလေး၂ယောက်နဲ့ ဘဝကို ရုန်းကန်နေရသူပါ။ ပိုပြီး ကံဆိုးတာက သမီးအငယ်လေး မီရှဲလ်ဟာ အသည်းရောဂါကို ခံစားနေရပြီး အစားထိုးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။ သမီးလေးရဲ့ ရောဂါကို ကုပေးရင်း အကြွေးနွံထဲမှာ နစ်နေခဲ့ပါတယ်။ ထရီဆာရဲ့ အသုဘကို သိလည်းမသိဘဲ ယောင်လည်လည်နဲ့ ရောက်လာတဲ့ ရှာရွန်ဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံခဲ့ပါတယ်။ ရှာရွန်ဟာလည်း မြို့ထဲမှာ ဆံပင်အလှပြင်ဆိုင်ဖွင့်ထားပေမယ့် အရက်စွဲတဲ့ ပြဿနာရှိနေသူပါ။ လိုနဲ့ ရှာရွန်လည်း အက်ဒ်တို့ မိသားစုကို သနားသွားပြီး ကူညီပေးဖို့ ရန်ပုံငွေ ရှာဖို့ ကြိုးစားပါတော့တယ်…. ဘဝမှာ အဆိုးတွေချည်းပဲ ရှိတယ်လို့ ခံစားရတဲ့အချိန်ဆိုတာရှိမှာပါ။ ငါ့မှာမှ ဘာလို့ဒီလိုဖြစ်ရတာလဲလို့ တွေးမိနေတဲ့အချိန်တွေ ရှိမှာပါ။ အဲလိုအချိန်တွေ ကြုံရတိုင်း ဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။ ဘဝခွန်အားတွေ အနည်းငယ်တော့ ရမယ်လို့ ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 710MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.6 2024
Ordinary Angels
Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack
7

Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack (2001) ====================================================== IMDb Rating – 7.0/10 ဒီဇာတ်ကားဟာ အခုချိန်မှာ အကောင်းဆုံးဂေါ်ဇီလာကားတွေထဲက တစ်ကားလို့သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်နေပါပြီ။ ဒါရိုက်တာTakashi Yamazaki ကိုယ်တိုင်သူ့အကြိုက်ဆုံးဇာတ်ကား တွေထဲကတစ်ခုလို့ဆိုခဲ့ပြီး သူ့ကိုယ်ပိုင် Godzilla Minus One (2023) အတွက်စိတ်ကူးကွန့်မြူးစေခဲ့တဲ့ကားလည်းဖြစ်တယ်လို့သိရပါတယ်။ ဒီကားမှာတော့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး နောက်နှစ်ပေါင်း ငါးဆယ်ကျော်မှာ ဂေါ်ဇီလာကြီးကို ဟိုတစ်စ ဒီတစ်စပြန်လည်တွေ့မြင် ရပုံနဲ့အစပျိုးထားပါတယ်။ဒါပေမယ့် ဂေါ်ဇီလာလို့ထင်ရတဲ့ လှုပ်ရှားမှု တိုင်း ဖြစ်စဉ်တိုင်းဟာ ဂေါ်ဇီလာမဟုတ်ပဲနဲ့တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေပါ ပါဝင်နေပြီး မကြာခင်မှာ သူတို့အားလုံးပေါင်းစုံပြီး ဂေါ်ဇီလာကို ရင်ဆိုင်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။ ခေတ်မှီလက်နက်တွေအပြည့်အစုံ ရှိပေမယ့် ဘယ်အရာကိုမှမဖြုံတဲ့ ဂေါ်ဇီလာကိုနှိမ်နင်းမယ့်ပွဲမှာ လူတွေက ဘယ်လိုအခန်းကဏ္ဍကနေပါဝင်တိုက်ခိုက်ကြမလဲဆိုတာကို ဆက်လက်ရှု စားကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.87 GB) / (980 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Alias Encoder……….SWM

7 2001
Godzilla, Mothra and King Ghidorah: Giant Monsters All-Out Attack
Accidental Texan
5.6

Accidental Texan (2024) ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Drama ရုပ်ရှင်ကောင်းလေးပါ။ IMDb rating 6, Rotten Tomatoes – 52% ရရှိထားပါတယ်။ ၁၉၉၉ ခုနှစ်က ကိုးလ်သွန်မဆင် ရေးသားခဲ့တဲ့ Chocolate Lizards ဆိုတဲ့ စာအုပ်ကို ခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာဝင် ဟာ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ။ ဟားဗက်တက္ကသိုလ်မှာ တက်ရင်း အနုပညာအလုပ်လုပ်ချင်တာမို့ ကျောင်းထွက်ပြီး ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူပါ။ သူ့အနေနဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရပြီးတော့ ပျော်နေတုန်း ရိုက်ကွင်းမှာ တလွဲလုပ်လိုက်မိပါတယ်။ သူလည်း အလုပ်ပြုတ်သွားသလို စိတ်ညစ်ပြီးတော့ ကား လျှောက်မောင်းရင်း ကန္တာရတစ်နေရာမှာ ကားပျက်ပြီး လူလည်း သောင်တင်သွားပါတယ်။ သူရောက်သွားတာကတော့ တက္ကဆက်ပြည်နယ် ဘာဖယ်လိုဂက်ပ်ဆိုတဲ့ မြို့ငယ်လေးရဲ့ အပြင်ဖက်မှာပါ။ သူလည်း မြို့လေးကို လမ်းလျှောက်သွားပြီး အကူအညီတောင်းပါတော့တယ်။ ဒီလိုနဲ့မြို့လေးမှာ အာဝင် လည်း မားလ်ဆိုတဲ့ လူတစ်ယောက်နဲ့ဆုံပြီးတော့ ရေနံတူးရင်း ဘဝကို ပြောင်းလဲပေးလိုက်တဲ့ အဖြစ်မျိုးတွေ ကြုံရပါတော့တယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 640MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

5.6 2024
Accidental Texan
Elyas
5.8

ဒီတစ်ခါမှာတော့ John Wick လို ဖိုက်တင်ခန်းတွေပါတဲ့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်အက်ရှင်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အယ်ယာစ့်ဟာ အာဖကန်နစ္စတန်ကပြန်လာတဲ့ ပြင်သစ်စစ်ပြန်ဟောင်းတစ်ယောက်ပါ။ စိတ်ကျန်းမာရေးအခြေအနေအကြောင့် စစ်တပ်ကအထုတ်ခံရပြီးနောက်ပိုင်း လောကကြီးနဲ့အဆက်သွယ်ဖြတ်နေခဲ့ပါတယ် ။ တစ်ရက်မှာ အရှေ့အလယ်ပိုင်းက သူဌေးမိသားစုတစ်စုအတွက် လုံခြုံရေးအလုပ်လက်ခံမိရာက ဒီမိသားစုကိုလိုက်နေတဲ့ ကြေးစားအဖွဲ့နဲ့ ငြိပါတော့တယ်။ သူဌေးသားအမိကို သက်စွန့်စံဖျားလိုက်ကာကွယ်ရင်း ပြန်ဂွင်ဆင်ခံရတဲ့အခါ ဘယ်သူက သူ့ကိုဂွင်ဆင်ပြီး လုပ်ကြံနေတာလဲ သူကာကွယ်နေတဲ့ မိသားစုနောက်ကွယ်မှာ ဘာတွေရှိလဲ ဒီမိသားစုကို ကြေးစားအဖွဲ့တွေ ဘာကြောင့် လိုက်ဖမ်းနေတာလဲ စတဲ့မေးခွန်းတွေကို သူ့ရဲ့ စစ်သားအရည်အချင်းနဲ့ စစ်ပွဲအတွေ့အကြုံတွေကိုသုံးပြီး အဖြေရှာဖို့ ဖြစ်လာပါတယ်။ One man army အက်ရှင်ဇာတ်ဝင်ခန်းတွေကို ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် Elyas ဆိုတဲ့ ပြစ်သစ်အက်ရှင်ကားကောင်းကို တင်ဆက်လိုက်ရပါတယ်။

5.8 2024 99 mins
Elyas
Mister Sleep
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ John Perivolaris ရိုက်ကူးထားပြီး Robert Hollocks, Katie Daley, Anna Borchert စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီကားကတော့ စိတ္တဇကွင်းဆက်လူသတ်သမားဖြစ်တဲ့ Mr. Sleep အကြောင်းကို ထိတ်လန်ဖွယ် ရိုက်ကူးတင်ဆက်ထားတာပါ။ ဖယ်လီရှာက တရားသူကြီးပိန်းရဲ့ သမီးဖြစ်ပြီးတော့ အိပ်မပျော်တဲ့ ရောဂါရှိတဲ့သူပါ။ ဒေါက်တာချားလစ်ရဲ့ ကုထုံးဆေးရည်စမ်းသပ်မှုမှာ ပါဝင်ပြီးတော့ အိပ်‌ပျော်အောင်ကြိုးစားနေတဲ့လူနာဆိုလည်းဟုတ်ပါတယ်။ ဒါပေမယ့် ဒီဆေးရည်က စိတ္တဇလူသတ်သမား အိပ်မပျော်တဲ့ရောဂါရှိတဲ့ Mr. Sleep ကို လေ့လာပြီး ထုတ်ထားတဲ့ဆေးဖြစ်နေခဲ့သလို အဖေဖြစ်တဲ့ တရားသူကြီးနဲ့ ဒေါက်တာချားလစ်တို့က Mr.Sleepကို သေမိန့်ချခဲ့ သူတွေ ဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာ ကုသနေတဲ့အုပ်စုထဲကလူတွေ အရင်နည်းလမ်းနဲ့ အသတ်ခံ ရပြီးနောက် Mr. Sleep က မသေသေးဘဲ ဆေးရည်သောက်တဲ့ လူနာတွေရဲ့ စာရင်းကိုရထားပြီး လက်စားချေနေတာလို့ သိပြီးတဲ့နောက်မှာ…… ဖယ်လီရှာ အဆုံးမှာ လွတ်မြောက်သွားနိုင်မလားဆိုတာကို ရင်တမမနဲ့ အဖြေရှာရမှာပါ။ File size… (1.44 GB) / (792 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Comedy • Drama • Romance • Adventure
5 2024 95 mins
Mister Sleep
The Tale of Zatoichi
7.6

The Tale of Zatoichi (1962) IMDb Rating (7.6) / Rotten Tomatoes (100%) Zatoichi (ဇာတိုအိချိ)ဟာ 1948 မှာ စာရေးဆရာနဲ့သမိုင်းပညာရှင် Kan Shimozawaရေးခဲ့တဲ့ The Tale of Zatoichiဆိုတဲ့ အက်ဆေးကို အခြေခံပြီးရိုက်ကူးထားတာပါ။ Zatoichiရုပ်ရှင်တွေဟာ ဂျပန်ရဲ့ အကြာဆုံး အရှည်ဆုံး franchise ဖြစ်ပြီး ပထမဆုံးထွက်ခဲ့တဲ့ The Tale of Zatoichi (1962 )ကနေ 1989အတွင်းမှာ ရုပ်ရှင်၂၆ကားထွက်ခဲ့ပါတယ်။ Original film seriesလို့ သတ်မှတ်ထားကြတယ်။ အဲဒီ၂၆ကားလုံးမှာ သရုပ်ဆောင် Shintaro Katsuကပဲ သရုပ်ဆောင်ထားတယ်။ 1974 ကနေ 1979အတွင်းမှာ အပိုင်းတစ်ရာရှိတဲ့စီးရီးတစ်တွဲထွက်ခဲ့တယ်။ နောက်Remakeကားတွေလည်း ထွက်ခဲ့တယ်။ ဂိမ်းတွေလည်း ထွက်ခဲ့တယ်။ သူ့ကိုမှီးပြီး ပြန်တည်ဆောက်ကြတဲ့ ကာရိုက်တာတွေလည်း ရှိခဲ့တယ်။ One Pieceထဲက Fujitoraဆိုလည်း ဇာတိုအိချိကိုပဲ Tributeထားတာပါပဲ။ ထွက်ခဲ့တဲ့ မူရင်း၂၆ကားထဲလည်း နာမည်ကြီးသိုင်းသမားဓားသမားရုပ်ရှင်တွေနဲ့ Crossoverလုပ်ထားတဲ့ ကားတွေလည်းရှိခဲ့တယ်။ ရှောဘရားသားရဲ့နာမည်ကျော် လက်တစ်ဖက်ပြတ်သိုင်းသမားနဲ့ Zatoichi and the One-Armed Swordsman (1971), ကူရိုဆာဝါရဲ့ ယိုဂျင်ဘိုနဲ့ Zatoichi Meets Yojimbo (1970) တို့ပေါ့။ အခုတော့ ဒစ်ဂျစ်တယ်အနေနဲ့ ပထမဆုံး The Tale of Zatoichi (1962 )ကစလို့ Zatoichi (1989 )အထိ ၂၆ကားလုံး အလွယ်တကူ ကြည့်လို့ရနေပါပြီ။ ဇာတ်ကောင်ရဲ့ ရင်းမြစ်ကတော့ ကြီးကျယ်မြင့်မြတ်တဲ့ဆီက မလာဘူး။ မျက်မမြင်အနှိပ်သည်ဘဝကနေ အနှိမ်ခံရလွန်းလို့ လူလေးစားခံချင်လို့ လေ့ကျင့်ရင်း ဓားရေး အရမ်းမြန်သွားတဲ့ မျက်မမြင်ကြီးတစ်ယောက်ဆိုတဲ့ ဘဝကနေလာတယ်။ သူ့အသက်မွေးဝမ်းကျောင်းအတွက် လုပ်နေရသမျှကလည်း မဖြူစင်မမြင့်မြတ်ဘူး။ လောင်းကစားတို့ လူမိုက်တွေက လူမိုက်ပြန်ငှားတာခံရတာတို့ပေါ့။ ပြောရရင် သူက ယာကူဇာတစ်ယောက်ပဲ။ ယာကူဇာတွေကို ဒီခေတ်ကာလ ရုပ်ရှင်တွေမှာတော့ သူ့အရှိတရားအတိုင်း အောက်တန်းစားသာသာသာ သရုပ်ဖော်ထားတာတွေ့ရတယ်။ ကူရိုဆာဝါရဲ့ Druken Angelထဲမှာရောပါပဲ။ ကူရိုဆာဝါကားထဲရော ဒီထဲရော နည်းနည်းတော့ကောင်းနေသေးတဲ့ သိက္ခာကိုအလေးထားတဲ့ ယာကူဇာဆိုလို့ အဓိကဇာတ်ကောင်တွေကိုပဲ ပြထားတယ်။ အိချိဟာ ယာကူဇာလုပ်နေပေမဲ့ ယာကူဇာဆိုတာ မကောင်းတဲ့ဂုဏ်ပုဒ်မှန်းသိတဲ့ ယာကူဇာပါပဲ။ အိချိဟာ ယာကူဇာပေမဲ့ သိက္ခာရှိတဲ့တိုက်ခိုက်ရေးသမားတွေကိုလည်း သူလေးစားသလို မကောင်းတဲ့လောကမှာကျင်လည်ရင်း မကောင်းခြင်းရဲ့အစွန်းတစ်ဘက်ကို မရောက်သွားအောင် နေခဲ့တဲ့ ယာကူဇာပါပဲ။ ဇာတိုအိချိဟာ ကြီးကျယ်မြင့်မြတ်တဲ့ဆီက မလာပေမဲ့ နိမ့်ကျယုတ်ညံ့ခြင်းဘက်ဆီလည်း မသွားချင်တဲ့လူပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Adventure,Drama Duration….01:36:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Romance • TV Movie
7.6 1962 96 mins
The Tale of Zatoichi