YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Cek Ombak ( Lagi ) 2024 1080p.mp4

973.65 MB 1080p video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phantom
5.8

(၁၉၆၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ယူအက်စ်ကို နျူကလီးယားစစ်ပွဲဖြစ်ဖို့ ကိုက်အနည်းငယ်အကွာကို တွန်းပို့ခဲ့တယ်ဆိုရင် (၁၉၆၈) ခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့တဲ့ ရုရှားဒုံးပစ်ရေငုပ်သင်္ဘောကြီး ရုတ်တရက်ပျောက်ဆုံးသွားခြင်းက တစ်ကမ္ဘာလုံးကို တတိယကမ္ဘာစစ်ဖို့ လက်မအနည်းငယ်အလိုထိ တွန်းပို့ပေးခဲ့တယ်လို့ ဆိုရပါမယ်။ ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အတိတ်ကမတော်တဆမှုတစ်ခုကြောင့် အတိတ်ရဲ့အရိပ်တစ္ဆေခြောက်လှန့်ခြင်းကိုခံနေရတဲ့ ဇာတ်လိုက်ကပ္ပတိန်ဖြစ်သူ ဒယ်မီဟာ သူရဲ့နောက်ဆုံးမစ်ရှင်အဖြစ် သူတစ်ချိန်ကကွပ်ကဲခဲ့ဖူးတဲ့ ဘီ (၆၇) ရေငုပ်သင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ခရီး စတင်ခဲ့ရပါတော့တယ် ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းသိခွင့်မရှိတဲ့ မစ်ရှင်တစ်ခုအတွက် အစားထိုးဝန်ထမ်း ထူးဆန်းတဲ့လူတစ်စုနဲ့အတူ ပင်လယ်ပြင်ခရီးထွက်လာတဲ့ သင်္ဘောအရာရှိတစ်စုအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တွေက စောင့်ကြိုနေတဲ့အခါ ဒီသင်္ဘောအရာရှိတစ်စုအနေနဲ့ လွတ်မြောက်ဖို့ဘယ်လိုကြိုးစားကြမလဲ ပျောက်ဆုံးသွားမဲ့ ဒီရေငုပ်သင်္ဘောကြီးဆီကနေ ဘယ်သူတွေအသက်ရှင်ရက် လွတ်မြောက်လာနိုင်မလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် IMDB rating အနေနဲ့ 5.9 အထိရရှိထားပြီး စစ်ကားဖြစ်တာမို့ လူတိုင်းကြိုက်လောက်မဲ့အထဲမှာမပါပေမဲ့ Thriller ဆန်ဆန်စစ်ကားတွေ သဘောကျတတ်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝရစေမဲ့ ဇာတ်အိမ်ခိုင်ခိုင်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ File size…(1.6 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

TV Movie • Thriller
5.8 2013 99 mins
Phantom
Last Seen Alive
6.5

မင်းသားကြီး Gerard Buttler ရဲ့ ဇာတ်ကားအသစ်လာပါပြီ။ ဒီတစ်ခါတော့ အရင်လို သမ္မတလိုက်ကယ်တာမဟုတ်ဘဲ လူပျောက်လိုက်ရှာမှာပါ။ လူပျောက်ရှာပုံတော် ဇာတ်ကားတွေ နှစ်သက်တဲ့ပရိသတ်အတွက် အသစ်ထွက်ရှိလာတဲ့ကားလေးပါ။ ဝေလ်နဲ့ လီဆာစပန်းက အိမ်ထောင်ရေးအဆင်မပြေကြတဲ့ ဇနီးမောင်နှံပါ။ ခဏ အိမ်ခွဲနေချင်တယ်လို့ တောင်းဆိုလာတဲ့ ဇနီးဖြစ်သူလီဆာ့ကို ဝေလ်က မခွဲချင်ပေမဲ့ တနယ်တကျေးက လီဆာ့မိဘအိမ်ကို လိုက်ပို့ဖို့ ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ ဂတ်စ်ကုန်လို့ ဝင်ဖြည့်တုန်း လီဆာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ဇနီးဖြစ်သူကို ခေါင်းမီးတောက်အောင်ရှာပေမဲ့ မတွေ့တော့ ဝေလ်လည်း ရဲတိုင်ရတော့တာပေါ့။ နောက်ဆုံးသဲလွန်စလေးတစ်ခုက လီဆာဟာ မပျောက်သွားခင် အထက်တန်းကျောင်းနေဘက်ဖြစ်သူ နက်ကယ်စ်နဲ့ နောက်ဆုံးစကားပြောနေခဲ့တာကိုပါပဲ။ ရဲတွေကလည်း ဖောက်ပြန်တဲ့ရာဇဝင်ရှိဖူးတဲ့ လီဆာတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ လက်တုံ့ပြန်ခြင်းကို ခံလိုက်ရတာလား ဒါမှမဟုတ် ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် သစ္စာဖောက်ပြီး ပြေးတာလား ဝေခွဲမရကြပါဘူး။ ပျောက်သွားတဲ့ မိန်းမဖြစ်သူကို အသက်ရှင်လျှက် ပြန်တွေ့ပါ့မလား? ဝေလ်ကလည်း သူမလုပ်ပါဘူးလို့ တွင်တွင်ငြင်းရင်းနဲ့ တကယ့်အမှန်တရားက ဘာဖြစ်မလဲ? ဆိုတာ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size : 2.1GB, 887MB & 462MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 35mins Genre : Action, Mystery, Thriller Translated by May Myat Thu Encoded by Kinnov

Action • Crime • Thriller
6.5 2022 95 mins
Last Seen Alive
Five Minutes of Heaven

1970 ကာလမှာ အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်မြို့မှာ အဲလစ်စတာလစ်‌တဲဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျိုးဂရစ်ဖင်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့အစ်ကိုကို အကြောင်းကိစ္စတစ်ခုကြောင့် ပစ်သတ်ခဲ့ပါတယ်။ နှစ်၃၀အကြာမှာတော့ ခေတ်တွေပြောင်းလဲသွားပြီး ဂျိုးဂရစ်ဖင်နဲ့ အဲလစ်စတာတို့ဟာ တီဗီအစီအစဉ်တစ်ခုက အဖွဲ့သားတွေရဲ့ချဉ်းကပ်မှုကြောင့် ဂျိုးဂရစ်ဖင်ဟာ သူ့အစ်ကိုကိုသတ်ခဲ့တဲ့လူသတ်သမားကို နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ဆုံဖို့ရာအကြောင်းဖန်လာခဲ့ပါတယ်။ ‌တီဗီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က ဂျိုးဂရစ်ဖင်တို့နှစ်‌ယောက်ကို ပြန်လည်သင့်မြတ်စေဖို့ရည်ရွယ်တာဖြစ်ပေမဲ့ ဂျိုးဂရစ်ဖင်ကတော့ အစ်ကိုတစ်ယောက်လုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာတောင် မတ်တပ်ရပ်ကြည့်နေခဲ့တဲ့အတွက် အမေဖြစ်သူရဲ့ နှစ် ၃၀ လုံးလုံးအပြစ်တင်လာတာကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး တစ်ဘ၀လုံးစာစောင့်ဆိုင်းခဲ့ရတဲ့ လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ရာကြံ‌စည်နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦး တကယ်တွေ့ဆုံကြတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဂရစ်ဖင်တစ်ယောက်ရော သူဖြစ်ချင်နေခဲ့တဲ့အတိုင်း နှစ်၃၀လုံးလုံး တေးလာခဲ့ရတဲ့ရန်ကြွေးကိုဆပ်လိုက်မလား၊ အဲလစ်စတာအနေနဲ့ရော အတိတ်က သူလုပ်ခဲ့မိတဲ့အပြစ်အတွက် ပေးဆပ်သွားမှာလားဆိုတာကိုတော့… File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2009
Five Minutes of Heaven
Half Nelson
7.1

ဒီဇာတ်ကားလေးကတော့ rating တွေလည်းကောင်း၊ ဆုပေါင်းများစွာလည်း ဆွတ်ခူးခဲ့တဲ့အပြင် Oscar nomination တစ်ခုပါရရှိခဲ့တဲ့ drama ဇာတ်လမ်းတိုလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အထွေအထူး မိတ်ဆက်ပေးနေစရာမလိုတဲ့ Ryan Gosling တို့ Anthony Mackie တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Captain Marvel ကားမှာ ဒါရိုက်တာလုပ်ခဲ့တဲ့ Ryan Fleck နဲ့ Anna Boden တို့ရဲ့ က ဇာတ်ညွှန်းရော directing ပါလုပ်ခဲ့တဲ့ debut လည်းဖြစ်ပါတယ်။ Short film ဆိုပေမယ့် ၁နာရီနဲ့မိနစ်၄၀ကျော်လောက် runတာဆိုတော့ သေချာခံစားပြီး ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပါ။ အဓိကဇာတ်ဆောင် Ryan Gosling က လူမည်းရပ်ကွက်တစ်ခုက သမိုင်းသင်တဲ့ ကျောင်းဆရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဖော်ပြထားပါတယ်။ သူဟာ စာသင်ခန်းထဲမှာတော့ အသင်အပြကောင်းတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်တော်တစ်ယောက်ဆိုပေမယ့် နောက်ကွယ်မှာတော့ မူးယစ်ဆေးနဲ့ လုံးပါးပါးနေသူတစ်ယောက်ပါ။ Half Nelson ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ရုန်းထွက်ရခက်တဲ့ နပမ်းချုပ်ကွက်မိနေတဲ့ လမ်းမှားပေါ်ကနေ ရုန်းထွက်ရင်း ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောခံစားရမယ့်ကားဖြစ်လို့ plotကိုတော့အများကြီးမပြောပြတော့ပါ့ဘူး။ Drama ကောင်းကောင်းကြိုက်တတ်သူတွေအတွက် လုံးဝနောင်တမရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားမို့လို့ လုံးဝကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

7.1 2006 107 mins
Half Nelson
Sweethurt
7.3

ဒီတစ်ခါမှာတော့ IMDb 7.4 အထိရရှိထားတဲ့ comedy ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဂျေကော့ ဟာသူ့ကောင်မလေးကို ကိုယ်တိုင်ဖြတ်ခဲ့ပြီး ၂နှစ်ကြာတဲ့အထိ မေ့မရနိုင်ဖြစ်နေသူပါ တရက်မှာတော့ ဆုံးသွားတဲ့ သူ့အဖိုးအိမ်ကိုရောင်းဖို့ သူ့သူငယ်ချင်းတွေနဲ့အတူ တခြားမြို့ကို သွားကြ‌ပါတော့တယ် ဂျေကော့ဟာ သူငယ်ချင်းဖြစ်သူ ဂျက်နဲ့ ဘားမှာထိုင်ရင်း သူမေ့မရနေတဲ့ ရည်းစားဟောင်းလေးနဲ့ပြန်လည် တွေ့ရှိတဲ့အခါ ဂျက်ကိုထားပြီး ရည်းစားဟောင်းလေးနဲ့ အပြင်ကိုသွားပါတော့တယ် ဂျေကော့တစ်ယောက် ရည်းစားဟောင်းနဲ့ အပြင်သွားနေတုန်း သူ့သူငယ်ချင်းတွေဟာ သူ့အဖိုးအိမ်မှာ ပါတီပွဲ အကြီးအကျယ် ကျင်းပနေကြပါတယ် ဂျက်တစ်ယောက် ရည်းစားဟောင်းလေးနဲ့ ပြန်အဆင်ပြေမှာလား သူငယ်ချင်းတွေကရော ဘာတွေမွှေဦးမှာလဲ သူငယ်ချင်းတွေအကြား ညီအစ်ကိုလို ဆက်ဆံရေးနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အချိန်အကြာကြီး နောင်တနဲ့ နေထိုင်ရတာတွေကို ဟာသနှောပြီး ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ် File size…(1.5 GB)/(735 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Adventure • Action • Thriller • Science Fiction
7.3 2020
Sweethurt
The Darjeeling Limited
7.2

The Darjeeling Limited (2007) ~ IMDb – 7.2/10, RT – 69%, Meta – 67% ~ The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ “အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး”တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ရောက်လာတဲ့အရာတွေကို ထိန်းချုပ်ဖို့ လုံးဝမကြိုးစားခဲ့ဘူး။ ရိုက်ပြီးလို့ ပြန်ကြည့်တဲ့အခါ သူတို့ရုပ်ရှင်ထဲ ဘယ်သူတွေဖြတ်သွားလဲ ဘယ်သူတွေရှိနေလဲ ပြန်ကြည့်ပြီး သူတို့ကိုယ်တိုင်လည်း အံ့ဩခဲ့ရတယ်။ ဒီအရာတွေကို သူတို့က လုံးဝမထိန်းချုပ်ခဲ့ဘူး။ အိန္ဒိယကကိုက ဒီဇာတ်ဖြစ်လာခဲ့တာပါပဲ။ ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးဖို့ အန်ဒါဆန်ရယ် ဒီရုပ်ရှင်ထဲက မင်းသားတစ်ဖြစ်လဲ Jason Schwartzman ရယ်၊ ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့သား ရိုမန်ကော်ပိုလာရယ်ဟာ အိန္ဒိယကိုခရီးထွက်ခဲ့တယ်။ ခရီးမှာပဲ ရေးခဲ့တယ်။ ဒါကြောင့် ဒီဇာတ်မှာ အိန္ဒိယအငွေ့အသက်တွေ အိန္ဒိယဓလေ့တွေကို အိန္ဒိယကားစစ်စစ်တွေထက်တောင် ပိုတွေ့နိုင်တယ်။ ဒီအိန္ဒိယဆိုတဲ့ ဇာတ်လမ်းကျောရိုးကြီးကို ပရိသတ်ဆီရောက်အောင်စီးကူးပေးဖို့ သူ့ထည့်ထားတဲ့ ဒြပ်ကူပစ္စည်းက ညီအစ်ကိုသုံးယောက်။ မကြာသေးခင်ကမှ အဖေဆုံးထားပြီး အမေက သူတို့အနားမရှိနေသလို သူတို့ချင်းလည်း ပွင့်ပွင့်လင်းလင်းမရှိ ချစ်တော့ချစ်ကြပေမဲ့ တစ်ကောင်နဲ့တစ်ကောင် ချောက်ချမိနေတဲ့ ညီအစ်ကိုသုံးယောက်။ ဒီခရီးကိုထွက်မှာကလည်း သူတို့သုံးယောက်ပဲ။ ဘာလို့ ညီအစ်ကိုသုံးယောက်သုံးထားသလဲဆို အန်ဒါဆန်ကိုယ်တိုင်လည်း ညီအစ်ကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်ပြီး သူတို့နဲ့ အန်ဒါဆန်ဟာလည်း ဒီရုပ်ရှင်ထဲက ကောင်တွေလိုပဲ အမြဲရန်ဖြစ်နေကြတာပဲ။ ဒါပေမဲ့လည်း သူတို့ဟာ အန်ဒါဆန်ရဲ့ အရင်းနီးဆုံးတွေလည်းဖြစ်နေတယ်။ အန်ဒါဆန်ကတော့ ဒီရုပ်ရှင်ထဲက ညီအစ်ကိုသုံးယောက်လုံးက စိတ်ကူးယဉ်သက်သက်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာလည်း အငယ်ဆုံးညီဖြစ်တဲ့ စာရေးဆရာဂျက်ဟာ သူတို့ညီအစ်ကိုတွေအကြောင်းကို မသိမသာဆိုသလို သူ့စာထဲထည့်ထည့်ရေးပေမဲ့ အမြဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေလို့ပဲ ပြောတတ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကူးတွေဟာ သူ့အစ်ကိုတွေနဲ့မကင်းနိုင်ခဲ့ဘူး။ အန်ဒါဆန်အတွက်လည်း ဒီရုပ်ရှင်ဟာ ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်။ အိန္ဒိယမှာ သူတို့ခရီးထွက်ဖို့ အဓိကသုံးရတဲ့ ယာဉ်က ရထားဖြစ်သလို ဇာတ်ညွှန်းရေးတဲ့လူတွေလည်း အိန္ဒိယက ရထားပေါ်ပဲ တက်ရေးခဲ့ကြတာပါပဲ။ ဒီခရီးမှာ အိန္ဒိယက ကျင့်စဉ်ဓလေ့ ပူဇော်ပသမှုတွေကို မနည်းမနောတွေ့ရတယ်။ မြွေတွေကနေ ယောဂအထိအကုန်ပါတယ်လို့လည်း အန်ဒါဆန်က ဆိုထားတယ်။ ဒီရုပ်ရှင်မှာ အိန္ဒိယက ကျင့်စဉ်ဓလေ့တွေအကုန် ထည့်သွင်းထားပေမဲ့ အကြီးဆုံးကျင့်စဉ်က ဒီရုပ်ရှင်ကိုယ်တိုင်ပဲလို့လည်း ဆိုထားတယ်။ ဒီဘက်ရာစုရဲ့ အကောင်းဆုံး အိန္ဒိယသရုပ်ဆောင်လို့ သတ်မှတ်ရမယ့် Irrfan Khan တောင်ပါတယ်။ သိပ်တော့မပါလိုက်ရပါဘူး။ ဒါပေမဲ့ သိပ်ပါတာမပါတာက အရေးတော့မပါလှဘူး။ ဘာလို့ဆို ဒီရုပ်ရှင်မှာ Bill Murray လည်း သိပ်မပါဘူး။ ဒါပေမဲ့ အန်ဒါဆန်က သူ့ကို နားချတော့ သူ့ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့မဟုတ်ဘဲ Symbolism နိမိတ်ပုံတစ်ခုအနေနဲ့ ပါပေးနိုင်မလားမေးခဲ့တာ။ မာရေးကလည်း သဘောကျပြီး လက်ခံခဲ့တယ်။ ဒီရုပ်ရှင်မှာ Symbolism နိမိတ်ပုံတွေ မနည်းဘူး။ ညီအစ်ကိုသုံးယောက်ကိုယ်တိုင်ကိုကလည်း Symbolism နိမိတ်ပုံဖြစ်နေခဲ့တယ်။ နောက် ဒီရုပ်ရှင်မှာသုံးထားတဲ့ နောက်ခံတေးတွေကလည်း “အိန္ဒိယတွင်ပြုလုပ်သည်” တွေပဲ။ ဆတ္တရာဂျစ်ရေးရဲ့ ရုပ်ရှင်တွေကနေ ယူထားတယ်လို့ဆိုတယ်။ ရေးရဲ့ ရုပ်ရှင်တွေကြောင့်ပဲ အန်ဒါဆန်ဟာ အိန္ဒိယကို လာချင်ခဲ့တာပါတဲ့။ ရေးဟာ သူ့ကားတွေအတွက် နောက်ခံတေးကို သူကိုယ်တိုင်ပဲဖန်တီးခဲ့တယ်။ အန်ဒါဆန်ကိုယ်တိုင်လည်း ဆတ္တရာဂျစ်ရေး လွှမ်းမိုးမှုမကင်းတဲ့လူတစ်ယောက်ဆိုတော့ အိန္ဒိယကို သူချစ်ခဲ့၊ Homage ပေးချင်ခဲ့တာလည်း မဆန်းလောက်ဘူး။ ဂီတနဲ့ အကြောင်းအရာပိုင်းနဲ့ အပြင်အဆင်မှာတင်မဟုတ်ဘဲ အရောင်အသွေးမှာလည်း The Darjeeling Limited ဟာ အိန္ဒိယလို့ ကျွန်တော်တို့ ယုံကြည်တဲ့ အရောင်အသွေးမျိုးရှိနေတယ်။ ဝေဖန်ရေးသမားတွေအတွက်တော့ အရမ်းကြီးအကြိုက်တွေ့စရာမဖြစ်ခဲ့ပေမဲ့ ဝက်စ်အန်ဒါဆန်ဟာ သူ့ရည်ရွယ်ချက်ကို သူပြည့်မြောက်အောင်လုပ််နိုင်ခဲ့တယ်။ လွယ်လွယ်ပြောရရင် The Darjeeling Limited ဟာ အိန္ဒိယရုပ်ရှင်မဟုတ်တဲ့ အိန္ဒိယအကြောင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 935MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 31Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2007
The Darjeeling Limited
Red Like the Sky
7.7

ဒီဇာတ်ကားလေးကတော့ ၁၉၇၀ခုနှစ်ပိုင်းတုန်းက ကိုယ်လက်အင်္ဂါချို့တဲ့သူတွေ အထူးသဖြင့်မျက်မမြင်တွေကို အစိုးရကအစ၊ မျက်မမြင်ကျောင်းမှ တာဝန်ရှိသူတွေကိုယ်တိုင်တောင် ဘယ်လိုဖိနှိပ်ဆက်ဆံကြလဲဆိုတာကို မီးမောင်းထိုးပြထားပြီး နောက်ဆုံးမှာ ကောင်လေးတစ်ယောက်ကြောင့် ဘာတွေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ရိုက်ပြထားတဲ့ Dramaကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ မီကိုဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေနဲ့ မျိုးစုံသောအသံတွေကို စူးစမ်းလေ့လာရတာကို ဝါသနာပါခဲ့ပါတယ်။ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကနေ သူရဲ့မျက်လုံးတစ်စုံလုံး ဘာမှမမြင်ရလောက်တော့တဲ့အထိ ထိခိုက်သွားခဲ့ရပါတယ်။ အဲဒီခေတ်တွေတုန်းက အီတလီနိုင်ငံမှာ မျက်မမြင်တွေဟာ မျက်မမြင်သီးသန့်ကျောင်းကလွဲပြီး ဘယ်ကျောင်းကိုမှတက်ခွင့်မရှိတာကြောင့် မီကိုရဲ့မိဘတွေက သူ့ကို ဝေးလံလှတဲ့ကျောင်းကို တစ်ယောက်တည်းပို့လိုက်ရပါတယ်။ ပျော်ရွှင်နေရတဲ့ဘဝကနေ မတော်တဆမှုတစ်‌ခုကြောင့် သူ့ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့တဲ့အတွက် မီကိုဟာ အရမ်းဝမ်းနည်းနေပေမဲ့ သူမသိလိုက်တာက သူ့ရဲ့အမြင်အာရုံဆုံးရှုံးသွားတာကြောင့် သူ့ရဲ့အကြားအာရုံဟာ အရမ်းကောင်းလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တဖြည်းဖြည်းနှင့် ဆရာကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ တွေ့လာပြီးတော့ သူ့ဘဝကို သူလက်ခံပြီး သူ့ရဲ့အရည်အချင်းကိုသိသွားတဲ့မီကိုဟာ ငယ်ငယ်ကတည်းကဝါသနာပါတဲ့ မျိုးစုံသောအသံတွေနဲ့ ဘာတွေလုပ်ပြနိုင်မလဲ သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို အေးအေးဆေးဆေးလေး ကြည့်ရှုခံစားပေးကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

Crime • Action • Comedy
7.7 2006
Red Like the Sky
Unarvugal Thodarkadhai
7

Unarvugal Thodarkadhai(2024)”ချစ်ခြင်းပုစ္ဆာ” ====================================== စိတ်ကြည်နူးစရာကောင်းတဲ့ တမီလ်စကားပြော အချစ်ရုပ်ရှင်လေးတစ်ပုဒ်ကို cm ပရိသတ်တွအတွက် တင်ဆက်ပေးချင်ပါတယ်။ တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူလည်း ဒီရုပ်ရှင်ထဲမှာ အားဖြည့်ပါဝင်ထားပါသေးတယ်။ ကာသစ်နဲ့ ရွှယ်သာတို့ဟာ လစ်ဗင်းတူဂဲသားနေကြတဲ့ စုံတွဲတွေပါ။ အဲဒီလိုနေလာကြရင်း ကာသစ်ဟာ အဆင့်တက်ချင်လာတဲ့အတွက် ရွှယ်သာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ရွှယ်သာကတော့ လက်မခံခဲ့ပါဘူး။ မာနထိခိုက်သွားတဲ့ ကြေကွဲလူငယ်လေး ကာသစ်ဟာ သူ့မိဘတွေ အတင်းပေးစားနေတဲ့ ပရီယာဆိုတဲ့ကောင်မလေးကို ဓာတ်ပုံတောင်မကြည့်ဘဲ မျက်စိမှိတ်ပြီး လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ Long term RS တစ်ခု ပျက်စီးသွားလို့ လောကကြီးကို အရွဲ့တိုက်ချင်နေတဲ့ ကာသစ်နဲ့ ရည်းစားတောင်မထားဖူးတဲ့ ချစ်စရာအဖြူထည်ကောင်မလေး ပရီယာတို့ အိမ်ထောင်ရေးဇာတ်ကို ဘယ်လိုကကြမှာလဲ.. သူတို့နှစ်ယောက်ကြားမှာ အချစ်စိတ်တွေမွေးဖွားလာမှာလားဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှုခံစားကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Action • Thriller
7 2024
Unarvugal Thodarkadhai
Love and Shukla
7.3

Love and Shukla (2017) “ကြင်စဦးမောင်နှံ” ဒီတစ်ခါမှာ ရီဗျူးကောင်းလေးတွေရရှိထားတဲ့ အချစ်/ဒရာမာ ရုပ်ရှင်အဟောင်းလေးကို CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ရှူကလာဟာ သုံးဘီးမောင်းသမား ဖြစ်ပြီး မိန်းမအတွေ့အကြုံလုံးဝမရှိတဲ့သူပါ မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်လို့တောင် မသင့်ဘူးလို့ ငယ်ငယ်ကတည်းက မှတ်ထားတာကြောင့် ဘော်ဒါတွေကြားမှာ သူ့အတွေ့အကြုံက ဝိုင်းနောက်စရာဖြစ်နေပါတယ် ဖြစ်ချင်တော့ လူကြီးတွေ ပေးစားလို့ ရလာတဲ့ ဇနီးသည် လက်ရှ်မီးကလည်း သိပ်ကိုရှက်တတ်တဲ့ မိန်းကလေးဖြစ်နေပြန် … သူ့အဖေနဲ့အမေကပါ ပုဏ္ဏားဟောထားတဲ့ အတိုင်း အချိန်မသင့်သေးဘူးလို့ ယုံကြည်ထားတာကြောင့် ကြင်စဦးလင်မယားအိမ်မှာ ညလုံးပေါက် တီဗွီကြည့်ကြ၊ အိပ်တဲ့အခါမှာလည်း လေးယောက်သား အတူတူအိပ်ကြရတဲ့အခါ … ကိုယ်ရေးကိုယ်တာ လွတ်လပ်ဖို့ရန်နှင့် နှလုံးသားချင်းနီးစပ်နိုင်ဖို့ရော ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Thura ~ Yunni ~ Linn တို့ ဖြစ်ပါတယ်

7.3 2017 117 mins
Love and Shukla
Sunny Sisters
5.8

ဒီတစ်​ခါမှာ CMကနေ ထပ်မံပြီးတော့ ကိုရီးယားကား ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းလေးကတော့…. ကျန်းလီကျွင်းဟာ လက်ထပ်ပြီးသမီးတစ်ယောက်နဲ့ အိမ်ထောင်မှုတွေကြားမှာ ပိတ်မိနေတဲ့ မိန်းမတစ်ယောက်ပါ တစ်နေ့ သူ့အမေဆေးရုံတတ်ရတာကို သွားကြည့်ရင်း အထက်တန်းဘဝက ညီအစ်မတွေလို ရင်းနှီးတဲ့ လင်ချင်တစ်ယောက် ကင်ဆာဖြစ်ပြီးဆေးရုံတတ်နေရတာကို သိလိုက်ရပါတယ် လင်ချင်ဟာ အထက်တန်းတုန်းက sunny sisters အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျန်းလီကျွင်းအပါအဝင်အဖွဲ့သားခြောက်ယောက်နဲ့ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ဒါပေမဲ့ သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားပြီး နှစ်လပဲ အသက်ရှင်ရတော့မယ့် လင်ချင်အတွက် အဖွဲ့ဝင်ငါးယောက်ကို ကျန်းလီကျွင်းတစ်ယောက် ရှာပုံတော်ဖွင့်မဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းလေးကို အစချီထားတာပါ သူတို့ရဲ့ ငယ်ဘဝတွေကိုလည်း တဖြည်းဖြည်းချင်းပြန်လည်ပြသထားတာဖြစ်တဲ့အတွက် ဒီကားလေးထဲမှာ ငယ်စဉ်အထက်တန်းဘဝက သူတို့တစ်တွေ အရူးထခဲ့ ပျော်ရွှင်ခဲ့ရတာတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့တာတွေ စတဲ့ သူတို့ကြားက ဖြူစင်တဲ့ သံယောဇဉ်လေးတွေကို ကြည်နူး နွေးထွေးဖွယ် ဆက်လက် ကြည့်ရှုကြကြရမှာဖြစ်ပါတယ်

Romance • Drama • Action
5.8 2021
Sunny Sisters
Culpa Tuya : Your Fault
5.5

Culpa Tuya : Your Fault (2024) 2023 တုန်းက ထွက်ရှိခဲ့တဲ့ My Fault ရဲ့ sequel ဇာတ်လမ်း Your Fault ဖြစ်ပါတယ်။ ဇာတ်ကြောင်းကို နားလည်ဖို့ဆိုရင်တော့ My Fault ကို အရင်ကြည့်ဖို့ လိုပါလိမ့်မယ်။ My Fault မကြည့်ရသေးရင်တော့ ရီဗျူးကို ဆက်မဖတ်ဘဲ စပွိုင်လာရှောင်သင့်ပါတယ်။ Your Fault မှာတော့ နစ်ခ်နဲ့နိုအာတို့က တိတ်တိတ်လေး ခိုးကြိုက်နေကြတဲ့ ချစ်သူတွေ ဖြစ်နေပါပြီ။ နစ်ခ်က အလုပ်သင်ဘဝနဲ့ ရှေ့နေကုမ္ပဏီတစ်ခုမှ အလုပ်ဆင်းနေပြီး နိုအာက အထက်တန်းပြီးလို့ ကောလိပ်သွားတက်ပါတော့မယ်။ နစ်ခ်ဟာ အလုပ်မှာ ဆိုဖီယာဆိုတဲ့ ကောင်မလေးနဲ့ အတူတူ အလုပ်တွဲလုပ်ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရတာကလည်း နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုက ရှိနေပါတယ်။ တစ်ဖက်မှာလည်း နိုအာဟာ ကောလိပ်မှာ နစ်ခ်ရဲ့ အတိတ်ကပတ်သတ်ခဲ့သူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပါတယ်။ ဒီတော့ နဂိုကမှ တိတ်တိတ်ပုန်း ချစ်ကြိုက်နေရတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ဘယ်လိုအနှောက်တွေ ဝင်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး File Size : 2.2 GB, 1 GB Quality : WEB-DL 1080p / 720p Running Time : 2hr Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Act Molemy Encode by : Thit San Khant

Action • Comedy • Crime
5.5 2024 118 mins
Culpa Tuya : Your Fault
Women from Rote Island
6.7

အမျိုးသမီးများအပေါ်မှာလိင်အကြမ်းဖက်ခြင်းဆိုတာက တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းမှာကြုံတွေ့နေရတဲ့ ဟိုးအရင်ခေတ်ကတည်းကနေ အခုလို တိုးတက်ဖွံ့ဖြိုးတဲ့ခေတ်ကြီးအထိရောက်တဲ့တိုင်အောင် ဖြေရှင်းလို့ မရနိုင်သေးတဲ့ပြဿနာတစ်ခုဖြစ်နေပါသေးတယ်။ အဲ့ဒီလိုအကြမ်းဖက်မှုတွေကိုခံစားရတဲ့အမျိုးသမီးတွေရဲ့ခံစားချက်တွေ သူတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ဒါကြီးကိုတွန်းလှန်ပြီး ရှေ့ဆက်နိုင်ဖို့အတွက်ခွန်အားပေးပြီးရိုက်ကူးထားတဲ့ 2024 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Women From Rote Island ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အောပါဆိုတဲ့အမျိုးသမီးရဲ့ခင်ပွန်းဆုံးပါးသွားတဲ့ အတွက် ဈာပနလုပ်ဖို့အချိန်တန်နေပေမဲ့ တစ်နယ်တစ်ကျေးမှာအလုပ် သွားလုပ်နေတဲ့ သမီးကြီး မာသာ အိမ်ကိုပြန်မလာသေးတာကြောင့် တစ်ပတ်ကြာတဲ့အထိရုပ်အလောင်းကြီးကိုမပုပ်သိုးအောင်ထားထားရတဲ့ အပြင် အသုဘလာရောက်တဲ့ ရပ်ရွာဆွေမျိုးတွေလည်း ရက်တွေကြာ လာတော့အခက်တွေ့လို့နေကြပါတော့တယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ မာသာပြန်ရောက်လာခဲ့ပေမဲ့ အရင်တုန်းက မဖြစ်ခဲ့ဖူးတဲ့စိတ်ဝေဒနာဖြစ်နေခဲ့ပါတော့တယ်။ဒါပေမယ့်လည်း ဈာပနပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အောပါနဲ့ သမီးဖြစ်သူ မာသာ ဘက်သာတို့နဲ့အတူဒီရွာလေးမှာပဲဆက်နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမယ့် အိမ်မှာယောက်ျားသားလည်းမရှိတော့တဲ့ အောပါတို့အိမ်က မသမာသူတွေအတွက်မျက်စိကျစရာဖြစ်ပြီး သမီးနှစ်ယောက်လုံး လိင် အကြမ်းဖက်ခံခဲ့ရတဲ့အခါမှာတော့ အမေတစ်ယောက်အနေနဲ့ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရှုစားရမဲ့ ပညာပေး ဒရာမာဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (2.53GB) / (1.27GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Horror
6.7 2024 143 mins
Women from Rote Island
Until Dawn
6

Until Dawn (2025) IMDb Rating (6.0) / Rotten Tomatoes (53%) ညတာကို ရှင်သန်နိုင်အောင်လုပ်မလား ညတာနဲ့ တစ်သားတည်းဖြစ်သွားမလားတဲ့။ ရှင်းရှင်းပြောရရင် မနက်မိုးလင်းတဲ့အထိ အသက်ရှင်အောင် ရုန်းကန်ရတာပေါ့။ ဒါပေမဲ့ ဘယ်အရာတွေကနေ အသက်ရှင်အောင် ရုန်းကန်ရမှာလဲ? ဇာတ်လမ်းအကျဉ်း ကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ တွေးမိတဲ့အတွက် သူငယ်ချင်းတွေကိုပြောပြပြီး အဲမြို့ကို မောင်းလာပါတော့တယ်။ ဒါပေမဲ့ လမ်းမှာ မိုးတွေအသည်းအသန်ရွာလာပြီး ကားမောင်းလာရင်းကနေ အိမ်တစ်အိမ်ကိုရောက်သွားပြီး မိုးချုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(3.5 GB) / (1.7 GB) / (840 MB) Quality….WEB-DL 1080p HEVC / WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery Duration….01:43:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K,Thit San Khant Translated by Matteo

6 2025 103 mins
Until Dawn