YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Cecil.B..Demented.2000.1080p.BluRay.(CM).mp4

1.95 GB N/A video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Noble Intentions
6

ဘယ်ဆိုတဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အဖေဆုံးသွားပြီးနောက် အမေနဲ့နေထိုင်ရင်းက ကင်ဆာရောဂါသည်အမေကို ဆေးကုသဖို့အတွက် ငွေပမာဏအမြောက်အမြားလိုလာပါတယ်။ သူ့နာမည်နိုဘယ်က မြင့်မြတ်တယ်လို့ အဓိပ္ပာယ်ရပေမဲ့ မိခင်ကိုချစ်တဲ့စိတ်ကြောင့် ငွေအများကြီးရှာနိုင်ဖို့ လမ်းစရှာရင်း နာမည်နဲ့မလိုက်တဲ့ အလုပ်တွေလုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အစကတော့ ချီတုံချတုံဖြစ်နေခဲ့ပေမဲ့ ဘဝကြီးမှာ တခြားရွေးချယ်စရာကလည်း ဘာမှရှိမနေပြန်တော့ အရင်ကတစ်ခါမှမစဉ်းစားခဲ့ဖူးတဲ့ မူးယစ်ဆေးရောင်းတဲ့အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ တရားမဝင်တဲ့အလုပ်ကိုလုပ်ကိုင်ကြပြီး အကြောင်းပြချက်ကြီးကြီးမာမားမရှိပေမဲ့ လူတစ်ယောက်ကို အလွယ်တကူဒုက္ခပေးဖို့ ဝန်မလေးတတ်ကြတဲ့ လောကကြီးထဲမှာပါဝင်ပတ်သက်ရင်း နိုဘယ်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အန္တရာယ်များပေမဲ့ငွေဝင်လွယ်တဲ့လောကကြီးထဲကနေရော သူရုန်းထွက်နိုင်ပါ့မလား၊ နဂိုရည်ရွယ်ချက်ဖြစ်တဲ့ ဆေးဖိုးရပြီး အမေနေကောင်းဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်ရော ပြည့်ဝသွားရဲ့လားဆိုတာတွေကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.8 GB)/(910 MB)/(435Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Action • Adventure • Fantasy
6 2023 108 mins
Noble Intentions
Missing

Missing ဆိုတဲ့နာမည်နဲ့ thriller အမျိုးအစားထဲကဆို "မိသားစုဝင် ဒါမှမဟုတ် ချစ်ရတဲ့သူတစ်ယောက်ယောက် ပျောက်တာလိုက်ရှာမယ်၊ လူသတ်သမားနဲ့တွေ့မယ်၊ ညဖက်ကြီး သတ်ကြမယ်၊ နောက်ဆုံး လူသတ်သမားသေရင်သေ mc သေရင်သေ" ဇာတ်လမ်းမျိုးကို တန်းမြင်ကြမှာပါ။ ဒီ Missing 2021 ကလည်း မှန်းထားတဲ့အတိုင်း လူပျောက်တာပါ။ ဒါပေမယ့် မတူတာတွေလည်းရှိပါတယ်။ ဒီတစ်ခါပျောက်တာက အဖေဖြစ်သူ ... လိုက်ရှာတာက အလယ်တန်း‌‌ကျောင်းသူသမီးလေးပါ။ ပြီးတော့ နေ့လယ်ခေါင်ကြီးဖြစ်တာပါ။ ဟာရာဒါမိသားစုမှာ မိခင်ဖြစ်သူက အာရုံကြောရောဂါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီး အဖေနဲ့သမီးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။ စိတ်ကျရောဂါနဲ့ ညစ်ပတ်စုတ်ပြ‌တ်နေတဲ့ အဖေ့ကို ပူညံပူညံလုပ်ပေမယ့် တကယ်တမ်းတော့ သမီးလေးက အတော်ချစ်ရှာပါတယ်။ တစ်ညမှာ အဖေက ကွင်းဆက်လူသတ်သမားကို တွေ့ခဲ့တယ်ပြောပြီး နောက်‌တစ်နေ့မှာတော့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားပါတယ်။ သမီးဖြစ်သူကတော့ သူ့အဖေ အသတ်ခံရတာများလား? သူ့ကို ထားသွားတာလား? ဝေခွဲမရဖြစ်နေပြီး ဖခင်ကို သဲကြီးမဲကြီးလိုက်ရှာတဲ့အခါ ... ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။ Tokyo Revengers LA တို့ The world of sadako တို့ထဲက မင်းသားဖြစ်တဲ့ Hiroya Shimizu လည်း ပါဝင်ထားတာမို့ ကြည့်ရင်းအပန်းပြေကြပါစေဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Chevy ပါ။) File Size          : 1.6GB, 624MB, 331MB Quality            : 1080p WEB-DL, AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 4mins Genre              : Crime, Drama, Mystery Translated by Chevy Encoded by Kinnov

Crime • Drama • Mystery • Thriller
0 2021 133 mins
Missing
Pakka Commercial
4.9

အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Oxygen (2017) ကားနဲ့ မြန်မာပရိသတ်တွေကြား နာမည်ကြီးလာခဲ့​တေလ်လဂူဘက်ကနာမည်ကြီးမင်းသား ဂိုပီချန့်ရဲ့မြူးမြူးကြွကြွဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်.. ဇာတ်လမ်းကို ဂိုပီချန့်ရဲ့အဖေ အမှုတစ်ခုမှာ နာမည်ကျခဲ့ရလို့စိတ်ဓာတ်ကျနေတဲ့အချိန် ဂိုပီချန့်က ဘယ်လိုဒီအမှုကိုပြန်အဖတ်ဆယ်မလဲဆိုတာ စောင့်ကြည့်ရင်း... ပရိသတ်တွေနဲ့ရင်းနီးပြီးသား အချစ်ဦးလို့ အမည်ရတဲ့ မင်းသမီးRashi Khanna ရက်ရှီခန်နာနဲ့ တွဲဖက်သရုပ်ဆောင်ထားလို့ ပိုက်ဆံကိုသာဂရုစိုက်တဲ့ရှေ့နေ ဂိုပီချန့်ကရဲ့သရုပ်မှန်ကဘယ်လိုဖြစ်မလဲ မင်းသမီးရဲ့သရုပ်မှန်ကရောဘယ်လိုဖြစ်နိုင်လဲ ဘယ်သူတွေက မျက်နှာဖုံးစွပ်ထားသူတွေလဲ နောက်ကွယ်ကလူမိုက်တွေကိုထိန်းချုပ်နေတာကရော ဘယ်သူလဲ ပျော်ရွှင်အူမြူးစရာ ဟာသတစ်ပိုင်းဇာတ်လမ်းလေးကနေ ဘယ်လို ideology တွေအများကြီးပါတဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ လက်တွေ့လောကကြီးကို ရသပေါင်းစုံနဲ့ဘယ်လိုပညာပေးရိုက်ပြသွားမလဲဆိုတာ................ File size…2.67GB / 1.36GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Honeyey & Kevin

Crime • Drama • Thriller
4.9 2022 160 mins
Pakka Commercial
The Hot Spot
6.3

IMDb (6.4) / Rotten Tomatoes (73%) ဟယ်ရီမက်ဒေါ့စ်ဟာ တက္ကဆက်က မြို့ငယ်လေးတစ်ခုကို အခြေလာချတဲ့ တစ်နယ်သား တစ်ယောက်ပါ။ သူ့ နောက်ကြောင်းကို ဘယ်သူမှ မသိရသလို ဘာအကြံအစည်တွေသယ်ဆောင်လာမလဲ မယုံကြည်ရသူတစ်ယောက်။ ကားဟောင်း အရောင်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်နေရင်း ပိုင်ရှင်ဖြစ်သူရဲ့ ဇနီးနဲ့ ပွေရှုပ်သလို စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာ(ဂျနီဖာကော်နယ်လီ)ကိုလဲ အလွတ်မပေးပါဘူး။ တကယ်တမ်း သူ့ရည်ရွယ်ချက်က မြို့ရဲ့ ဘဏ်တိုက်ကိုလုယက်ဖို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာဟာ မြို့စွန်မှာ နေထိုင်တဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ ငွေညှစ်ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ ဒါတွေရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ။ နယ်လှည့်ပြီး ဖျံကျလာတဲ့သူတစ်ယောက်အတွက် ဒီနယ်မြို့ငယ်လေးမှာ သူ့ထက်လည်တဲ့သူ ရှိနေမလား။ လျှို့ဝှက်ချက်ကိုယ်စီနဲ့ လူတစ်စု တစ်ယောက်အပေါ်တစ်ယောက် ပိပိရိရိလှည့်ဖျားကြပုံတွေကိုစိတ်ဝင်စားစရာမြင်ရပါလိမ့်မယ်။ ဂျနီဖာကော်နယ်လီဆိုတာ ၁၉၉၀ ခုနှစ်များရဲ့ အလှဘုရင်မဖြစ်ပြီးတော့ သူ့ရဲ့အလှတွေချပြထားတဲ့ ဒီဇာတ်ကားက ကျွန်တော်တို့ကို ခဏခဏပြန်ကြည့်မိအောင် ဆွဲဆောင်ထားပါတယ်။ :3 File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p HEVC/ 720p Format…mkv/mp4 Duration….02:10:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Comedy • Family
6.3 1990 130 mins
The Hot Spot
Stay With Me

ရိုးရိုးသားသားပြောရရင်တော့ ဒီတရုတ်ကားက သာမန်ကျောင်းသားအချစ်ကားပါပဲ။ You're the apple of my eyeတို့လို စတိတ်ကျောင်းမှာတွေ့ ကြိုက် ကောလိပ်မှာဇာတ်လမ်းဆက် ဒီလိုပုံစံပါပဲ။ ရိုက်ကူးပုံတို့ စီနီမာတို့ အရောင်တို့ကလည်း ထိုနည်းလည်းကောင်းပဲပြောရမယ်။ You're the apple of my eyeလောက်ကြီးတော့ မကောင်းပေမဲ့ အခြေခံအရသာအရတော့ ခပ်ဆင်ဆင်ပါပဲ။ You're the apple of my eyeက မဆုံလိုက်ရတဲ့ဘဝတွေအကြောင်းဆိုတော့ ပိုနတ်ကြီးတာပေါ့။ ဒီရုပ်ရှင်က ပစ်မှတ်ထားတဲ့ ပရိသတ်ကတော့မတူဘူးရယ်။ အဲဒီလိုပုံစံခပ်ဆင်ကိုမှ LDRSအချစ်အကြောင်းကို ဦးစားပေးထားတာဆိုရမယ်။ မင်းသား မင်းသမီးတွေကလည်း ချောပေမဲ့ မြင်နေကြုံနေကျ ရုပ်တွေလိုနဲ့ မထူးခြားနားပြထားတော့ သဘာဝကျတယ်လို့တော့ ခံစားလို့ရတယ်။ ပိုစတာမှာသာ လူရုပ်ထွက်မနေတာပါ အထဲမှာလူရုပ်ပါပဲ။ လှပေမဲ့ အပြင်မှာ ဘယ်သူမှပါးစပ်က ထုတ်ပြောမှာမဟုတ်တဲ့ စကားတွေ တစ်ချက်တစ်ချက်ပြောတတ်တာကလွဲလို့ နည်းနည်းပေါတာကလွဲ ကြည့်ပျော်တဲ့ လိုက်ဖီးလ်လို့ကောင်းတဲ့ မဆိုးတဲ့ ရုပ်ရှင်ပါပဲ ဒီရုပ်ရှင်မှာ ခပ်တည်တည်နဲ့ ဒဲ့ကြီးရွတ်သွားတဲ့ အချစ်အကြောင်းလေးတွေ ပါသလို ဒဲ့ကြီးမရွတ်ဘဲ လှတပတလေး ပြသွားတာလေးတွေလည်းပါတယ်။ ကျွန်တော်သဘောကျတဲ့ အခန်းလေးက ပြောရရင် ဆရာသုခမိန်လှိုင်ရဲ့ ကျွန်တော်တော်တော်ညိတဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆန်းပြီး စာခြောက်ကြောင်းနဲ့ အချစ်ဆိုတာဘာလဲ လုံးဝပေါ်လွင်တဲ့ ကဗျာလိုမျိုးပဲ။ အဲဒီကဗျာ နာမည်က " ဓား"တဲ့။ " ငါပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါလွယ်တယ် ငါမပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး" တစ်ခါတုန်းကတော့ ဆော့ခရိတ္တိက အချစ်ဆိုတာ လှတာကိုလိုချင်တာလို့ပြောဖူးတယ်။ ဒါလည်း အတိုင်းအတာတစ်ခုအထိတော့ မမှားပါဘူး။ နောက်ကျ ပလေးတိုးနစ်အချစ်ကို ချပြလာတယ်။ ဒါလည်း အတိုင်းအတာတစ်ခုအထိတော့ မမှားပါဘူး။ ပုဂ္ဂလိကအမြင်အရတော့ အချစ်ဟာ ဒီထက်ကျယ်ပြန့်တယ်လို့တော့ ကျွန်တော်ထင်တာပါပဲ။ ရုပ်ဝတ္တုအသစ် အတတ်အသစ်သစ်တွေ များပြားလာ ၊ လက်လှမ်းမီတာတွေရော မမီတာတွေရောများလာတဲ့နောက်၊ နဂိုကတည်းက မရိုးရှင်းလှတဲ့ လူ့အသိုင်းအဝိုင်းကြီးမှာ အစကတည်းက အရည်ပျော်ရတာတွေထက် ပိုအရည်ပျော်တာရတာတွေလည်းရှိလာတာပဲ။ ဘာကောင်ကြီးပဲဖြစ်နေဖြစ်နေ တစ်ခါတလေတောင် အရည်မပျော်ဖူးတဲ့ လူတွေတော့ ရှိလိမ့်မယ်မထင်ဘူး။ အရည်ပျော်ရတဲ့နေ့ရက်နေ့တွေမှာ တစ်ခါတလေကျတော့လည်း ဖြေသာစရာဟာ ကျွန်တော်တို့အားလုံးချစ်ကြတဲ့ ဆရာစိုင်းခမ်းလိတ်ကြီးရဲ့ စကားလိုပဲ။ "ဝေဒနာတွေသိပ်ဆိုးလာတော့လည်း အနားမှာနွဲ့တင်ရှိရင်ပြီးတာပါပဲ"ဆိုသလိုပဲပေါ့။ ချစ်ခြင်းဟာ အားဖြစ်စေခဲ့မှာပဲ။ ဒါပေမဲ့ ချစ်ခြင်းဟာ များသောအားဖြင့်တော့ အဲဒီအရည်ပျော်ရတဲ့အကြောင်းရင်းကိုတော့ ခွဲပေးချင်မှာမဟုတ်ဘူးပေါ့။ ဆော့ခရိတ္တိတို့ ပလေတို့ခေတ်ကတော့ အချစ်ဟာ ဘယ်လိုပုံစံနဲ့ရှိနေခဲ့လဲမသိပေမဲ့ ယုံကြည်ရင်တော့ အချစ်ဟာ ဖြစ်တည်မှုတစ်ခုပါပဲ။ မယုံရင်လည်း မဟုတ်ဘူးပေါ့။ ဒီရုပ်ရှင်ဟာ ယုံကြည်သူနှစ်ယောက်ရဲ့ ဖြစ်တည်မှုတစ်ခုလိုဖြစ်သွားတဲ့ အချစ်တစ်ခုအကြောင်းပါပဲ။ အရမ်းကြီးကောင်းလှတယ်မဟုတ်ပေမဲ့ အကြောင်းကြောင်းနဲ့ ဒီခေတ်မှာ ချစ်လျက်နဲ့ဝေးရတဲ့ ကြမ္မာဖိစီးခံရတဲ့ အချစ်တွေအတွက်တော့ ခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ကား ဖြစ်မှာပါ။ ရိုးရိုးရှင်းရှင်းပြောရရင် LDRSခဏဖြစ်ဖြစ် အမြဲဖြစ်ဖြစ် ဖြစ်နေတဲ့လူတွေအတွက် ဟတ်ထိစေမယ့်ရုပ်ရှင်ပါ။ HONEST REVIEWပါ။ ကျွန်တော်လည်း အဆုံးနား ၁၅မိနစ်လောက် အတည်မျက်ရည်ဝဲသွားပါတယ်။ လူပေါ်မူတည်ပါလိမ့်မယ်။ မှန်တဲ့လူ ထိပေါ့။ ဖီးလ်ရတဲ့အခန်းလေးတွေနဲ့ အချစ်သီချင်းချိုချိုလေးတွေကို တစ်ဆက်တည်းတွဲဆက်ပြီး ပိုဖီးလ်လို့ကောင်းအောင် လည်းလုပ်သွားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:48:00 Type__Drama, Romance, School, LDRS Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • History
0 2022 100 mins
Stay With Me
A Man Called Otto
7.6

A Man Called Otto (2023) မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ ဒရာမာ ရုပ်ရှင်အသစ်လေးဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုရုပ်ရှင်သက်သက်ပါပဲ။ အော့တိုဆိုတာ့ ခပ်ရင့်ရင့်နဲ့အလုပ်ကိုအတိအကျလုပ်တတ်တဲ့လူ့ခွစာကြီး တစ်ယောက်ရှိပါတယ်။ အားလုံးကို ဆူပူ အပြစ်တင်နေပေမဲ့ အကူအညီလိုအပ်ရင်လည်းအကုန်လုပ်ပေးတတ်တာမို့ အားလုံးကချစ်ကြပါတယ်။ အဲဒီအချိန်မှာပဲ သူ့အိမ်ဘေးကို တွမ်မီနဲ့မယ်ရီဆောဆိုတဲ့ ဇနီးမောင်နှံနဲ့ ကလေးလေးနှစ်ယောက်ပြောင်းလာပါတယ်။ အဓိကကတော့ အော့တိုဘာလို့ ဒီလိုဂွကျကျ အဘိုးကြီးဖြစ်နေလဲဆိုတဲ့ နောက်ကြောင်းရယ်၊ လက်ရှိကာလမှာ သူတို့ကိုနှင်ထုတ်ဖို့ကြိုးစားနေတဲ့အိမ်ခြံမြေလုပ်ငန်းရှင် လူယုတ်မာတွေကို ရပ်ကွက်သားတွေစည်းစည်းလုံးလုံးပြန်တိုက်ထုတ်ပုံတွေရယ်ကို မေတ္တာတရားပုံဖော်မှုသက်သက်နဲ့ တင်ဆက်ထားတာပါပဲ။ တွမ်ဟန့်ကို ဒစ်ဂျစ်တယ်အထူးပြုလုပ်ချက်နဲ့ လူငယ်ပုံဖန်တီးတဲ့နေရာမှာတော့ The Burbs 1989 က ပုံတွေကို အခြေခံပြီး ပြုလုပ်ထားတာပါ။ တွမ်ဟန့်ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူကတော့ Truman Hanks ဖြစ်ပြီး တွမ်ဟန့်ခ်ရဲ့ သားအရင်းပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 940MB | 464MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August

7.6 2023
A Man Called Otto
Angry Annie
6.8

Angry Annie (2022) =============== IMDb Rating – 6.8/10 ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.31 GB) / (937 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 59Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

6.8 2022
Angry Annie
One Week
7

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကဝောာ့ 2008ခုနစ်က ထွက်ရှိထားပြီး IMDb 7/10အထိရရှိထားတဲ့ Adventure/Drama အမျိုးအစား ဇာတ်ဂာားလေးပဲဖြစ်ပါတယ် အကယ်၍ မင်းမှာ တစ်လ၊ တစ်ပတ် ဒါမှမဟုတ် တစ်ရက်လောက်ပဲ အသက်ရှင်ခွင့်ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ။ ဘန်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး မကြာခင်မှာ ချစ်ရသူနဲ့ လက်ထပ်ဖို့ ပြင်ဆင်ထားသူတစ်ဦးပါ။ သာမန်လူတစ်ယောက် အနေနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းရင်း တစ်ရက်မှာတော့ သူ့မှာ ကင်ဆာရောဂါ အဆင့်လေးဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ကုသပြီး အသက်ရှင်နိုင်ချေကတော့ ၁၀%ပါ။‌လောကကြီးမှာ အသက်ရှင်နိုင်ချေ ၁၀ပုံ ၁ပုံပဲရှိတော့တယ်ဆိုတာ သိ‌လိုက်ရတဲ့ ဘန်ဟာ သူ့အချိန်ကို ရိုးရှင်းစွာ ကုသမှုခံယူပြီး ချစ်ရသူတွေနဲ့ အချိန် မကုန်ဆုံးဘဲ ဆိုင်ကယ်တစ်စီးနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘန်တစ်ယောက် ကင်ဆာ နောက်ဆုံးအဆင့်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ နေထိုင်သွားမှာလဲ။ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်တရနေမှာလား။ အကယ်၍ ကျွန်‌တော်တို့ကရော တစ်ပတ်လောက်ပဲ အသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ တွေးခေါ်စရာလေးတွေနဲ့အတူ ကနေဒါနိုင်ငံရဲ့ လှပ‌တဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် File size… (997 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:34:00 Genre… Adventure, Drama Subtitle…. Myanmar Subtitle (Hardsub) Encoder…. Garfield Translated by Ban

7 2008
One Week
The Reaping
5.8

တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချော Hilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elba တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီး IMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက် ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကို သိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကို ပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်း ဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလို ဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက် အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့ သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်း ကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူး ချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲ လာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာ ပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျ ဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေ နတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.77GB / 900MB Quality…Blu -Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2007 99 mins
The Reaping
What Happens in Miami

IMDb 6.3 ရရှိထားတဲ့ Thriller ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူသူငယ်ချင်းတစ်စုက ကျောင်းပိတ်ရက်မှာ မိုင်ယာမီကမ်းခြေကို နွေရာသီအပန်းဖြေခရီးထွက်လာကြပါတယ်။ ဒီအချိန်မှာ သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ဆိုတဲ့ ‌ဆယ်လီမိန်းကလေးဟာ ပျောက်ဆုံးသွားခဲ့တဲ့ပါတယ်။ ရိုင်ယန်မပျောက်ဆုံးခင်မှာ သူမဟာ မိုင်ယာမီက ‌မူးယစ်ဆေးရောင်းသမားတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရိုင်ယန်ပျောက်ဆုံးသွားပြီးနောက်မှာတော့ ကျန်သူငယ်ချင်းတွေဟာ အဓိကသံသယရှိသူတွေအဖြစ် စုံစမ်းစစ်ဆေးတာကို ခံကြရပါတော့တယ်။ ရိုင်ယန်ရဲ့အမှုနောက်ကွယ်မှာ ဘယ်လိုအရှုပ်တော်ပုံတွေရှိနေတာလဲ၊ ရိုင်ယန်ကရော ဘာကြောင့်ပျောက်ဆုံးသွားခဲ့တာလဲ၊ နောက်ဆုံးမှာရော ရိုင်ယန်ကိုရှာတွေ့သွားပါ့မလား၊ အဓိကတရားခံကရော ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(939 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre… TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Fantasy • Comedy • Family • Adventure
0 2024
What Happens in Miami
August Rush
7.4

2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။ Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…… လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။ Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးသားသူတွေရောပါ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(892 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

7.4 2007 114 mins
August Rush
American Reunion American Pie 4
6.7

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Reunion (2012) American Pie 4 IMDb Rating (6.7) ဒီကားကတော့ American Pie 4 လို့ တနည်းအားဖြင့်ခေါ်ရမှာဖြစ်ပြီး မူလဇာတ်လမ်းရဲ့ အဆုံးပိတ်ရုပ်ရှင်ကားဖြစ်ပါတယ်။ American Reunion ဆိုတဲ့အတိုင်း Jim,Kevin,Oz,Finch,Stifler တို့ ၉၉ ကျောင်းသားအုပ်စုတွေ နှစ်ပေါင်းများစွာအကြာမှာ တဖန်ပြန်တွေ့ကြမယ့်ပွဲပါ။ 1999 ခုနှစ်က အထက်တန်းကျောင်းသားတွေအဖြစ်နဲ့ ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ သူတို့အုပ်စု ဆယ်စုနှစ်တခုကျော်အကြာ ၂၀၁၂ မှာ ဘာတွေဖြစ်နေကြပြီလဲ အထက်တန်းကျောင်းတုန်းက ကျောင်းမှတ်တမ်းစာအုပ်မှာ အသီးသီးရေးထားခဲ့ကြတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ ခုချိန်မှာ ဖြစ်တည်နေကြပြီလား လူ့ဘဝကြီးမှာ တခါတလေ လှောင်ရယ်ချင်စရာကောင်းတာက မှန်းထားတာနဲ့ ဖြစ်နေကြတာတွေက တလွဲစီတွေ ဖြစ်နေတတ်ကြတာမျိုးပဲမလား ဖြူစင်တဲ့ကလေးဘဝကိုကျော်ဖြတ်ပြီးသွားကြတဲ့ Jim တို့အုပ်စု ဘယ်လိုအနေအထားတွေနဲ့ ပြန်ဆုံကြမလဲ… သူတို့ချစ်သူရည်းစားတွေနဲ့ရော ဘယ်သူတွေက တည်တံ့ခိုင်မြဲနေပြီလဲ ပြောရရင် American Pie ဇာတ်လမ်းတခုလုံးကို ဒီ American Reunion က အကောင်းဆုံးပိတ်သိမ်းပေးနိုင်ခဲ့ပါတယ်။ Jim တို့ ၉၉ ကျောင်းသားအုပ်စုရဲ့ သူငယ်ချင်းသံယောဇဉ်တွေ မိသားစုမေတ္တာတွေ ဖြူစင်မှုတွေကို အကောင်းဆုံးချပြပိတ်သိမ်းနိုင်ခဲ့ပြီး ဒီ American Reunion ဇာတ်ကားကြောင့်ပဲ ရှေ့က ၃ ကားလုံးက ပိုပြီး တောင်ပြောင်သွားစေတယ်လို့ ရဲရဲကြီး ပြောချင်ပါတယ်။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

Thriller • Crime • Mystery
6.7 2012 113 mins
American Reunion American Pie 4
[18+] Belyas

Belyas (2025) ယိုဆေဖာဟာ အနိုင်ကျင့်တတ်တဲ့၊ ကိုယ့်သဘောနဲ့ကိုယ်ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ခင်ပွန်းသည်နဲ့အိမ်ထောင်ရေးမှာပိတ်မိနေတဲ့ အိမ်ရှင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေရိုက်သွင်းခဲ့တဲ့ သူဟာအသုံးမကျတဲ့သူ၊မဖြစ်ထွန်းတဲ့သူ အစရှိတဲ့စကားတွေကိုနားယောင်ပြီး သူ့ခင်ပွန်းရဲ့သူ့အပေါ်ကျွန်သာသာဆက်ဆံမှုကို သူကိုယ်တိုင်က လိုလိုလားလားခွင့်ပြုထားခဲ့တာပါ။ တစ်နေ့တော့ သူတို့ပိုင်အခန်းလွတ်တစ်ခန်းကိုပြောင်းရွှေ့လာတဲ့ မိန်းမချင်းလိင်တူချစ်သူစုံတွဲတစ်တွဲဟာ သူ့အခြေအနေကိုရိပ်စားမိလာကူညီပေးရာကတစ်ဆင့် ဒီလိုငြီးငွေ့ဖွယ်ဘ၀ထဲက သူ့ကိုကယ်ထုတ်သွားနိုင်မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(910 MB) / (370 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:10:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Action • Comedy • Fantasy
0 2025
[18+] Belyas
Vadakkan
7.1

Vadakkan (2025) “ပရလောကခြေရာများ” ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် သမားရိုးကျသရဲကားတွေနဲ့မတူဘဲ ထူးထူးခြားခြားတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရာမန်ဟာ သဘာ၀လွန်ကိစ္စတွေနဲ့ပရလောက အကြောင်း ထဲထဲ၀င်၀င်စူးစမ်းလေ့လာနေသူ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အဆက်ဟောင်းဖြစ်သူမယ်ဂါရဲ့ခင်ပွန်းသည်ရာဗီ ထူးဆန်းစွာသေဆုံးမှုဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ ကျောချမ်းစရာကျွန်းတစ်ကျွန်းမှာ သရဲတစ္ဆေတွေနဲ့ပတ်သက်တဲ့ ရသစုံတီဗီရှိုးတစ်ခုရိုက်ကူးရင်း လူတွေသေဆုံးသွားခဲ့တာပါ။ အဲဒီသေဆုံးသူတွေထဲမှာ ရှိုးရဲ့ဒါရိုက်တာ ရာဗီဗာရ်မာလည်း ပါ၀င်ပါတယ်။ အဲဒါကြောင့် ရာမန်တစ်ယောက် ရှိုးအတွက်ရိုက်ကူးမှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုတွေကနေတဆင့် အဲဒီအမှုကို အဖြေရှာဖို့ကြိုးစားပါတော့တယ်။ ရှိုးမှာပါဝင်ခဲ့ကြသူတွေ ရှိုးရိုက်ကူးနေရင်း ဘယ်လိုအဖြစ်တွေကြုံခဲ့ရသလို၊ နောက်ကွယ်‌မှာ ဘယ်လိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေမလဲ… ရာမန်တို့ရော ဘာတွေဆက်ရင်ဆိုင်ရမလဲဆိုတာ အဖြေရှာရင်း ရင်တထိတ်ထိတ်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~Alex နဲ့ KKKZ တို့ ဖြစ်ပါတယ်။)

7.1 2025 120 mins
Vadakkan
The Descent: Part 2
5.8

The Descent: Part 2 (2009) IMDb Rating (5.8) နာမည်ကြီးခဲ့တဲ့ The Descent (2005) ရဲ့အဆက်အနေနဲ့ထွက်ရှိလာတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အမျိုးသမီး ၆ ဦး ပျောက်ဆုံးနေတာကို အပြန်လေယာဉ်လက်မှတ်ကနေတစ်ဆင့် သိရှိသွားကြပြီး ရဲတွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်များကြရပါတော့တယ် သူတို့ရှာဖွေကြတဲ့နေရာက ဘိုရာမ်လှိုဏ်ဂူ…အစအနပင် မတွေ့… အမျိုးသမီး ၆ ဦးထဲမှ ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာပါတယ် သူ့ကိုတွေ့တဲ့နေရာက ဘိုရာမ်လှိုဏ်ဂူနဲ့ လားလားမှမဆိုင်… သွေးပျက်ချောက်ချားနေတဲ့ အမျိုးသမီးကို ဘာမှလည်း မေးလို့မရ… ဒီလိုနဲ့ သူမကိုတွေ့ရှိခဲ့တဲ့နေရာအနားက လှိုဏ်ဂူကို ရဲနှစ်ဦး နဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေကြရာမှာတော့… Jump Scare အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ် (သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့်နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။)

Comedy • Drama
5.8 2009 94 mins
The Descent: Part 2