YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Captivating the King(2024)EP15 WEB DL 720P(CM).mp4

348.22 MB N/A video/mp4 680 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
World War Z
6.8

World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်... ၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။ မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်.. ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ပြီး ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမလဲဆိုတာ...။ အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲကအစပဲရှိပါသေးတယ်တဲ့" ....World War Z အဆက်တွေ ဆက်ထွက်လာဖို့ရှိပါတယ်။ File size…(5.4 GB)/(1.7 GB)/ (1 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

6.8 2013 116 mins
World War Z
The Trade
5

The Trade ကတော့ အင်္ဂလိပ်စကား​ပြောနိုင်ဂျီးရီးယားရုပ်ရှင်ပါ။ the trade of humansကိုရည်ညွှန်းချင်တာဖြစ်ပါတယ်။ လူတွေကိုပြန်ပေးဆွဲ လူကုန်ကူးတဲ့ အကြီးစားရာဇဝတ်ကောင်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်တချို့ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ နိုင်ဂျီးရီးယားကလည်း crime rateမြင့်ပြီး သွားရောက်လည်ပတ်ဖို့မသင့်ထဲနိုင်ငံတွေထဲတစ်ခုအပါအဝင်မဟုတ်လား။ ရဲတွေဟာလာဘ်စားပြီး တရားဥပဒေစိုးမိုးမှုနည်းပါးတယ်။ အသေးစားပြစ်မှုတွေကနေ လူသတ်မှု ဓားပြတိုက်မှု ပြန်ပေးဆွဲမှု လူကုန်ကူးမှုတွေအထိ နိုင်ငံအနှံ့မှာဖြစ်နေတယ် ဒီဇာတ်လမ်းထဲမှာတော့ အဲရစ်ခ်ဆိုတဲ့ ပြန်ပေးဆွဲလူသတ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်...သူဟာ နိုင်ဂျီးရီးယား လာဂိုစ်ပြည်နယ်ကို အကြမ်းဖက်နေခဲ့တာနှစ်ပေါင်းကြာခဲ့ပြီ။ သူ့ရဲ့သားကောင်တွေက ချမ်းသာတဲ့သူတွေ (သို့) သူချမ်းသာတယ်လို့ယူဆတဲ့သူတွေဖြစ်လေ့ရှိတယ်။ သူဖမ်းခေါ်သွားတဲ့ဓားစာခံတွေအတွက် ပြန်ရွေးငွေကတော့ အမေရိကန်ဒေါ်လာတစ်သန်း။ ပြန်မရွေးနိုင်တဲ့သူတွေကို ညှာတာမှုမရှိသတ်ပစ်တယ်။ အဲရစ်ခ်ဆိုတာကလည်းနာမည်အတု သူ့နာမည်အရင်းကို သူ့လူတွေရော သူ့မိန်းမတွေနဲ့သားသမီးတွေတောင်မသိပါဘူး။ ဆင်းမ်ကတ်တစ်ခုကို တစ်ကြိမ်မှာနံပါတ်တစ်ခုကိုပဲခေါ်ပြီး သီးသန့်နံပါတ်နဲ့ပဲဆက်သွယ်တဲ့အရိပ်လိုလူတစ်ယောက်။ အဘူကာဆိုတဲ့စုံစမ်းရေးမှူးကတော့ ဖြောင့်မတ်ပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်ပေါ့။ သူဟာအဲရစ်ခ်ကိုဖမ်းမိဖို့အတော်လေးနီးစပ်ခဲ့ပေမယ့် အဲရစ်ခ်ရဲ့ပိရိမှုအထက်အမိန့်ကိုမလွန်ဆန်နိုင်မှု ရင်းမြစ်မလုံလောက်မှုတွေကြောင့်လွဲချော်ခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ သဲလွန်စတွေကို သူဘယ်လိုချိတ်ဆက်သွားမလဲ.... ဇာတ်ကားရဲ့ဒါရိုက်တာက Jadesola Osiberu ပါ သူတို့နိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို awareness မြင့်တက်စေဖို့ရည်ရွယ်ပုံပေါ်ပါတယ်။ တကယ်တော့ အကြမ်းဖက်မှုတွေဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်နေပြီး ရုပ်ရှင်တွေထဲကရက်စက်ကြမ်းကြုတ်မှုတွေကလက်တွေ့မှာဖြစ်နေတာတွေထက် မပိုမယ့်အပြင် လိုတောင်နေပါသေးတယ်။ File size…(2.2 GB)/(944 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnin Ei Pai

Drama
5 2023 128 mins
The Trade
I Don't Want to Sleep Alone
6.5

" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် " ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။ မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ အဲဒီလူဟာ စားပွဲထိုးမလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ဟာ ဇာတ်အသွားအလာအကြောင်း ဇာတ်လမ်းအကြောင်းပြောရမှာမဟုတ်ဘဲ ခံစားမှုတွေနဲ့အတူ စီးမျှောရမှာပါ။ Slow Cinema ကို အရမ်းကြီး မရင်းနီးသူတွေအတွက်တော့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေသလို ရုပ်ရှင်အသွားဟာ နည်းနည်းနှေးကောင်းနှေးနေနိုင်ပါတယ်။ ဒါပေမဲ့ ဒိုင်ယာလော့ ခပ်နည်းနည်း၊ Long shot ခပ်များများ သုံးတတ်တဲ့ Tsai Min-liang ရဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီကားကပေးတဲ့ စိတ်ခံစားမှုဟာ အဖိုးဖြတ်နိင်မယ်မထင်ပါဘူး။ ဒီကားထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မွေ့ယာအလယ်ကလူနေရာမှာတော့ ထုံးစံအတိုင်း ဆိုင်းမင်းလျံရဲ့ အချစ်တော်ကောင်လေး လီကန်ရှန်းကပဲ သရုပ်ဆောင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်အစကနေ အဆုံးထိ အများစုသတိမထားမိနိုင်မယ့် နောက်တစ်နေရာမှာလည်း လီကန်ရှန်းပဲ သရုပ်ဆောင်သွားခဲ့တာပါ။ ဒီကားက လူတိုင်းအတွက်မဖြစ်နိုင်ပေမယ့် ဆိုင်းမင်းလျံပရိသတ်မှ ကြည့်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ခံစားတတ်တဲ့သူတိုင်း ဒီကားရဲ့အထိအတွေ့ကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်ဆို ခံစားမှုဆိုတာ လူကသာ အရင်းခံတာပဲ မဟုတ်ပါလား...။ မလေးရှားဆင်ဆာအဖွဲ့က ဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်တွေအတွက် အပျက်သဘောဆောင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာမို့ မလေးရှားပြည်တွင်းမှာတော့ ဆင်ဆာအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ အတိုလေးကိုပဲ ပြခွင့်ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး "Big Six" ထဲက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ Venice Film Festival မှာတော့ ဆုရခဲ့တဲ့ရုပ်ရှင်ပါ။ ကြည့်မလား/မကြည့်ဘူးလားကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Mystery • Thriller
6.5 2006 118 mins
I Don't Want to Sleep Alone
Tadap
7.2

ဒီကားလေးကတော့ RX100 (2018) တုန်းကဇာတ်ကားကို အခြေခံပြီးရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားချိုချိုလေးပဲဖြစ်ပါတယ် မဆူရီမြို့မှာ လူတိုင်းက ဒယ်ဒီလို့ခေါ်ကြတဲ့ လူတစ်ယောက် အီရှာနာကို ငယ်ငယ်လေးကတည်းက မွေးစားခဲ့ပါတယ်။ ဒယ်ဒီဟာ ရွေးကောက်ပွဲမှ ာအနိုင်ရရှိခဲ့တဲ့ ဒမိုဒါ နောတ့်တီရယ်နဲ့အလွန်တရာမှ ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ။ အီရှာနာ တစ်ယောက်ကတော့ အဖေဖြစ်သူဒယ်ဒီနဲ့ နောတ့်တီရယ်ကို အဖက်ဖက်မှ ကူညီအားဖြည့်ပေးနေသူပေါ့။ တစ်နေ့မှာ လန်ဒန်မှ ပညာတော်သင်ပြန်လာတဲ့ ဒမိုဒါ ရဲ့ သမီးဖြစ်သူ ရမီဆာ က အီရှာနာကို သဘောကျပြီး ဖွင့်ပြောခဲ့ရာမှ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာပါတယ်။ အချစ်စစ်မှန်ရင် လမ်းကြမ်းစမြဲပါပဲ။ သူတို့ကြား ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမှာလဲ။ ဒမိုဒါရဲ့ပြိုင်ဘက်ပါတီဝင်ကရော ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ။ မင်းသမီး မင်းသားချောချောလေးနဲ့အတူ စောင်ကိုက်ပြီး ကြည့်ရှုရမဲ့ အချစ်ခန်းချိုချိုအီအီလေးတွေပါတာကြောင့် မသေခင်ကြည့်ရှုသွားသင့်တဲ့ ရိုမန့်တစ်ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ............ File size…2.3Gb / 1.2Gb / 400MB  Quality…1080p AAC 2.0CH / 720p / 360p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Haruko &  Yunni

Action • Animation • Comedy
7.2 2021 126 mins
Tadap
Shaft
6.5

နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။ Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။ အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။ သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။ ၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။ သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။ (Littleneo ဘာသာပြန်ပေးထားပါတယ်)

Drama • Mystery
6.5 2019 111 mins
Shaft
Little Forest: Winter/Spring
7.6

Little Forest: Winter/Spring (2015) …………………………….. တောအုပ်ငယ်လေးရဲ့ပထမကားဖြစ်တဲ့ (နွေ/ဆောင်းဦး)၂၀၁၄ ရဲ့အဆက်လာပါပြီ။ ဒီဒုတိယကားမှာတော့ အိချိကို ကိုထားရစ်ခဲ့တဲ့ သူ့အမေအကြောင်းနဲ့ အစချီထားပြီးနောက် မြို့ပေါ်မှာအလုပ်လုပ်တုန်းက ကြုံခဲ့ရတာတွေ ခိုမိုရိကိုချစ်ပေမယ့် အခြေမချချင်တဲ့ အိချိကိုတစ်ယောက် သူ့အမေရဲ့စာကိုဖတ်ပြီး နောက်ဆုံးမှာ ဘယ်လိုရွေးချယ်မှုကို လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ။ ဆိုတော့ကာ…Little Forest ရဲ့ထုံးစံအတိုင်း စိတ်ကြည်လင်စေတဲ့ရှုခင်းလေးတွေနဲ့၊ ချက်ပြုတ်စားသောက်ပြတာတွေကို ဆောင်း/နွေဦးအလှနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးလို့။ (*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ) အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 598MB Format… mp4 Duration….2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Action • Adventure • Science Fiction
7.6 2015 120 mins
Little Forest: Winter/Spring
Nosferatu the Vampyre
7.4

Nosferatu the Vampyre (1979) ~ IMDb – 7.4/10, RT – 95%, Meta – 79% ~ မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner Herzog က New German Cinema က ပိုင်အိုးနီးယားတစ်ယောက်ပါ။ ပိုင်အိုးနီးယားပီပီ သူများနဲ့မတူတဲ့ ရိုက်ကူးတင်ဆက်ပုံ ဟန်ပန်တွေကြောင့်လည်း နာမည်ကြီးပါတယ်။ သူကိုယ်တိုင် ဇာတ်ညွှန်းပါ ရေးသားထားတာပါ။ Herzog ဟာ ဒီဇာတ်လမ်းကို တင်ပြရာမှာ ခြောက်ဖို့လှန့်ဖို့ထက် ဒရက်ကူလာကို လူ့သွေးအပြင် အချစ်မေတ္တာပါ ငတ်နေသလို နည်းနည်းလူသားဆန်အောင် ဖန်တီးပြထားတာမို့ မျောပြီး လိုက်မဖီးလ်ဖြစ်ရင်တောင်မှ မင်းသမီးက တော်တော်လှတာဆိုတော့ Vlad ကြီးကို ကိုယ်ချင်းကတော့ စာမိပါလိမ့်မယ်။ Nosferatu ကို 1922 မှာ ပထမဆုံးအကြိမ်ရိုက်ခဲ့ပြီး ကလပ်စစ်ရုပ်ရှင်အဖြစ် တော်တော်အောင်မြင်ခဲ့သလို Herzog ရဲ့ အခုဗားရှင်းကလည်း သူ့ဟာနဲ့သူ ပြိုင်ဘက်ကင်းပါပဲ။ ဒီဘက်ခေတ်မှာကတော့ The VVitch, The Lighthouse, The Northman စတဲ့ကားတွေနဲ့ လူသိများခဲ့တဲ့ ဒါရိုက်တာ Robert Eggers ကလည်း ပြန်ရိုက်ဖို့ ရှိပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 47Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama • History
7.4 1979 107 mins
Nosferatu the Vampyre
Miss. Shetty Mr. Polishetty
7.8

Miss Shetty Mr Polishetty 2023 IMDB 7.8 ရထားပြီး ရုံတင်ငွေ လေးဆကျော်မြတ်ခဲ့တဲ့ Telugu ဘာသာစကားပြော rom-com လေးလာပါပြီ စီးပွားရေးအရ အောင်မြင်ရုံမကပဲ ဝေဖန်ရေးဆရာတွေရဲ့ positive review တွေပါရထားတဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အန်ဗီသာဆိုတဲ့ အသက် ၃၀ အရွယ် လန်ဒန်က Master Chef မမ က သူ့အမေနဲ့အတူ နှစ်ယောက်တည်းနေပြီး ထက်မြက်တဲ့မိန်းမပီပီ မိန်းမဝါဒီတစ်ယောက်ဖြစ်ပါတယ် သူမဘဝမှာ သူ့အမေကို သင်ခန်းစာရလို့ အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အချစ်နဲ့ ခပ်ကင်းကင်းနေသူတစ်ယောက်ပါ သူ့အမေဆုံးပြီးတဲ့နောက်တော့ တစ်ယောက်တည်းအထီးကျန်လို့ သူအသက်ကြီးလာတဲ့အခါ အနားမှာရှိနေပေးမယ့် သားသမီးမရှိမှာလည်း စိုးရိမ်လာပါတယ် ဒါပေမယ့်လည်း Independent ‘ဝီးမန်း’ ခံယူထားသူ မမက ယောကျာ်းယူဖို့ထက် သားသမီးကို ချစ်တင်းနှောခြင်းမပါပဲ မွေးဖို့ အလှူရှင်ရှာပါတော့တယ် ကြံရာကျပမ်း ယောကျာ်းအလှူရှင်နဲ့ရမှာကို တွေးပူပြီး သူ့စိတ်ကြိုက် သူ့စံနှုန်းနဲ့ ကိုက်မယ့်လူကို ရှာပုံတော်ထွက်ရာမှာ Stand-up comedian ဖြစ်ဖို့ကြိုးစားနေတဲ့ ဆစ်ဒူဆိုတဲ့ ကောင်လေးနဲ့ သွားတွေ့ပါတယ် ဆစ်ဒူကို မြင်မြင်ချင်းသဘောကျသွားတဲ့ မမက သူ့ရဲ့ သုက်ပိုးကိုရဖို့ ကြံပါတော့တယ် ‘သဘောကျတယ်’ ဆိုတာက သူ့ရဲ့အမူအကျင့်စိတ်နေစိတ်ထားကို သဘောကျပြီး သုက်ပိုးအလှူရှင်အဖြစ် ထိုက်တန်တယ်လို့ ယူဆတာပါ ဒါပေမယ့် မမ ဘက်က ကောင်လေးအပေါ်မှာ sperm doner အဖြစ်သာ မြင်ပြီး ဒါကိုမသိတဲ့ ကောင်လေးကတော့ မမ ကိုသာ တန်းတန်းစွဲဖြစ်သွားပါတော့တယ် မမကို ဖွင့်ပြောတဲ့တစ်နေ့မှာတော့ ကောင်လေးတစ်ယောက် သူ့မမရဲ့ ရည်ရွယ်ချက်ကို သိသွားပြီး ဘယ်လိုဆက်ဖြစ်မလဲ၊ မမ ဘယ်လောက်ထိ ရက်စက်မှာလဲ ဆိုတာကို ညီကိုတို့ အဓိက ကာရိုက်တာနေရာကနေ ဝင်ရောက် ခံစားပေးကြပါဦး အညွှန်းရေးသူကတော့ KKKZ ဖြစ်ပြီး CM Bollywood Team က ဘာသာပြန်ပေးထားပါတယ်

Drama • Romance
7.8 2023 147 mins
Miss. Shetty Mr. Polishetty
Cart
7

Cart(2014) ********* ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည် နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့် ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့် နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။ ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည် အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက် ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက် မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအား ကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင် ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက် ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…………. File Size :1.4GB& 669MB Quality : WEB-DL1080p,720p Format…mp4 Duration…01:43:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

7 2014 103 mins
Cart
Joram
7.4

Joram (2023) “ဂျိုရမ်” IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ် ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်… ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ် Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ… အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါ အိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး “အပြောထက် အပြ” ကို ဦးစားပေးဆိုသလို မျက်စိပသာဒဖြစ်ဖွယ် အလှတရားထက် ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့လောကကို အရှိအတိုင်း တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror • Drama
7.4 2023 117 mins
Joram
Billy Madison
6.3

နာမည်​​​ကျော် ဟာသသရုပ်​ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်​ဆောင်တဲ့အပြင် ဇာတ်ညွှန်း​ပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကား​လေးတစ်ကားပါ။ ဒီဇာတ်ကားမှာ adam က အဓိကဇာတ်​ကောင် Billy madison ​​​နေရာက​နေသရုပ်​ဆောင်ထားတာကို​တွေ့ရမှာပါ။ ဇာတ်လမ်းက​တော့ Billy ဟာ နေ့တိုင်း အရက်​သောက်၊ ​ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်​သူ​ဌေးသား လူကြီး​ပေါ ကြီးတစ်​ယောက်ဖြစ်ပါတယ်။ တ​နေ့မှာ​တော့ သူ့အ​ဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်​ယောက်ကို အ​​​မွေ​ပေးဖို့ဖြစ်လာပါတယ်။ အဲဒီ့အခါမှာ Billyက ဒီအ​မွေ​​တွေကိုဆက်ခံဖို့ ထိုက်တန်​ကြောင်း ကို သူငယ်တန်းက​နေ အထက်တန်း​ကျောင်း​အောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်​သေပြမလဲဆိုတာကို….Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်​ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai

6.3 1995
Billy Madison
Mother’s Day
6.2

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၀ ကထွက်ရှိထားတဲ့ Mother ‘s Day ဆိုတဲ့ ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေး ချင်ပါတယ်. ဒီဇာတ်ကားကို ဒါရိုက်တာ Darren Lynn Bousman ကရိုက်ကူးပုံဖော်ထားပြီး rating 6.2/10 အထိ ရရှိထားပါတယ်.. ဒီဇာတ်ကားမှာ မင်းသား Shawn Ashmore , Partrick John Flueger , Warren Kole စတဲ့နာမည်ကြီး မင်းသားတွေနဲ့ မင်းသမီး Rebecca De Mornay , Jaime King စတဲ့နာမည်ကြီးအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအစက ဆေးရုံတစ်ခုမှာ မိန်းမကြီးတစ်ယောက် ကလေးလိုက်ခိုးနေပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ နောက်ထပ် နှစ်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ လူသုံးယောက် ဘဏ်ကိုဓားပြတိုက်မှုနဲ့ ထွက်ပြေးနေရပါတယ် သူတို့ ကတော့ အိုက်, အက်ဒ်လေ နဲ့ ဂျွန်နီတို့ ညီအစ်ကိုသုံးယောက်ပဲ ဖြစ်ပါတယ် သူတို့ရဲ့ညီအငယ်ဆုံးလေးဖြစ်တဲ့ ဂျွန်နီကလည်း ဘဏ်ဓားပြ တိုက်မှုအတွင်းမှာ သေနတ်နဲ့အပစ်ခံထားရပါတယ် ဒီကြားထဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က သစ္စာဖောက်သွားတာကို ခံလိုက်ရပြီး တိုက်ရာပါပစ္စည်းတွေ ပိုက်ဆံတွေအားလုံးကလည်း ပါသွားပြန်ပါတယ် ဖွတ်မရဓားမ ဆုံးဖြစ်နေတဲ့ ညီအစ်ကို သုံးယောက်လည်း နောက်ဆုံးသူတို့ငယ်ငယ်ကနေခဲ့တဲ့ အိမ်ကို သာပြန်လာခဲ့ကြပါတော့တယ် ဖြစ်ချင်တော့ သူတို့တွေ အိမ်ကထွက်သွားတဲ့အချိန်အတောအတွင်းမှာ သူတို့ရဲ့အမေက ဒီအိမ်ကို အကြွေးနဲ့ အသိမ်းခံလိုက်ရတာကို မသိကြပါဘူး တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့တွေ ရောက်လာတဲ့ညမှာ အိမ်ပိုင်ရှင် အသစ်တွေဖြစ်တဲ့ ဒန်နီရယ်ရဲ့ မွေးနေ့ပွဲကျင်းပနေချိန်နဲ့သွားပြီး တိုက်ဆိုင် နေပါတယ် ဒီလိုနဲ့ညီအစ်ကိုသုံးယောက်လည်း မထူးဇာတ်ခင်းပြီး တစ်ခါတည်းပြန်ပေးဆွဲ အနုကြမ်းစီး လိုက်ပါတော့တယ် အပြင်မှာလည်း လေဆင်နှာမောင်းတိုက်ခတ် နေတဲ့အချိန်ဖြစ်နေတော့ ပတ်ဝန်းကျင်ကလည်း လူသူမရှိကင်းမဲ့ နေပြန်ပါတယ် ဒန်နီရယ်တို့ သူငယ်ချင်းရှစ်ယောက်ကရော ညီအစ်ကိုသုံးယောက်ရဲ့လက်ကနေ လွတ်မြောက်သွားနိုင်ပါ့မလား အဲ့ဒီနောက်သူတို့ရဲ့ မွေးစားအမေဆိုတဲ့သူ ရောက်ရှိလာတဲ့ အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ… ဒီဇာတ်ကားမှာ သူတို့ရဲ့မွေးစားအမေဖြစ်တဲ့ မင်းသမီး Rebecca De Mornay ရဲ့သွေးအေးအေးနဲ့ ပီပြင်စွာသရုပ်ဆောင်ထားပုံတွေကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားက ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းအစ အလယ်အဆုံးဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်. ဒီဇာတ်ကားက Drama , Horror & Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်…… File size…1.78GB / 835MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 52m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.2 2010
Mother’s Day
102 Not Out
7.6

IMDb rating : : 7.6 ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . . ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေ ဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ် တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ် တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီ ဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ် ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာ မူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး ဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြဇာတ်ကို အခြေခံကာ အပြောင်းအလဲ အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ် လူ့ဘဝဆိုတာဟာ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ သားသမီးတွေမြေးတွေဝန်းရံပြီးပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်အတော့်ကို ကံကောင်းပါတယ် ဒီထက်ပိုပြီး ကိုယ်အသက်အရွယ်ရလာချိန်ကိုယ့်မှာဖခင် သော်လည်းကောင်းမိခင်သော်လည်းကောင်း သက်ရှိထင်ရှားရှိနေသေးရင်ပိုလို့တောင် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ် ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်သူ့ဇနီးသည်ကဆုံးပါးသွားပြီဖြစ်သလို တစ်ဦးတည်းသောသားကလည်းအမေရိကားမှာ အိမ်ထောင်ကျ အခြေချသွားပြီစိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့စကားလိုပဲအိမ်အိုကြီးတစ်လုံးထဲမှာသူ့ဖခင်ဖြစ်သူရယ်ဆွေမျိုးမကင်းတဲ့ ကောင်လေးတစ်ယောက်ရယ်နဲ့ အတူနေပေမယ့်သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ် ကိုယ်တိုင်က ဇီဇာကြောင်တတ်သလိုစိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်အစွဲအလန်းကလည်း ကြီးတတ်သေး သူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့ အသက် 102 နှစ် လူအသက်က 102 စိတ်အသက်က 26 နှစ်ဒီအသက်အရွယ်အထိ နှစ်ပေါင်းများစွာ နေလာနိုင်တဲ့ သူ့ရဲ့ လိျှု့ဝှက်ချက်က ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ. . . အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကိုအရင်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးဖို့ဒတ္တထရီ စဉ်းစားတယ်အိမ်ကိုတွယ်တာလွန်းတဲ့ သူ့သားဘာဘူ့ကို ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ် ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုး ဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာဖခင်ကြီး တကယ်လုပ်မှာကို ကြောက်နေတယ် ဒတ္တထရီကလည်း အလျှော့မပေးသူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင် တကယ်ပို့မယ် တကဲကဲ ပထမ ဒုတိယ တတိယ စမ်းသပ်မှုတွေကို ကျော်ဖြတ်အပြီးနောက်ဆုံးသော စမ်းသပ်မှုမှာဘာဘူရင်ကွဲရပြီ နှစ်ပေါင်းများစွာ ကွဲကွာနေပြီးအခုမှ ပြန်တွေ့ရမယ့်သူ့သားဖြစ်သူအာမိုးနဲ့ သူ့အဖေက မတွေ့ရဘူးတဲ့လေဘာကြောင့်များပါလိမ့် အနှစ်ချုပ် ပြောရရင်”မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုးငါခွင့်မပြုနိုင်ဘူး”တဲ့ ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ် အစကနေ အလယ်လောက်အထိစိတ်ဝင်စားစရာတွေနဲ့အဘိုးကြီးနှစ်ယောက်ကြားက အလွဲတွေကြောင့် တသောသော ရယ်မောခဲ့ရပြီးနောက်ပိုင်းရောက်လေလေစိတ်ထိခိုက်ရလေလေပါ ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့လူအိုကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း ဘာဘူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ ဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား…??? ဖခင်ဖြစ်သူကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား..ဆိုတာကိုတော့…ဇာတ်ကာားလေးကို ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ.. (ဇာတ်လမ်းအညွှန်းကိုတော့ Movie Like Movie Choice FB page မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ကိုဇော်ထူးပါ)

Romance • Comedy
7.6 2018 107 mins
102 Not Out
War Horse
7.3

War Horse (2011) **************** အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်…ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ။ စစ်မြင်းတစ်ကောင်အကြောင်းပေါ့… Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊ စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်… စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်… ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်…. ဇာတ်လမ်းအညွှန်း ————- ပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ လယ်ထွန်ဖို့အတွက် မြင်းတွေကို အသုံးပြုခဲ့တာပါ… ဈေးတွေမှာ မြင်းတွေကို လေလံဆွဲရောင်းချရာကနေ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Joey ဆိုတဲ့မြင်းလေးကို Ted Narracott ဆိုတဲ့လူက ဝယ်ယူခဲ့ရာက စတာပါ…လယ်ထွန်တတ်တဲ့ မြင်းဝယ်ရမယ့်အစား စစ်မြင်းလေးကို ဈေးကြီးပေး ဝယ်ချလာတဲ့ Ted တို့ မိသားစုမှာ ပြဿနာမျိုးစုံတက်တော့တာပါပဲ… Ted ရဲ့သားဖြစ်သူ Albertက မြင်းလေးကိုကောင်းကောင်းမွန်မွန်သင်ကြားပေးပြီး ပြဿနာအချို့ကို ကျော်လွှားနိုင်ခဲ့ပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ဒီမြင်းလေးကို စစ်တပ်ကို ရောင်းချခဲ့ရပါတယ်…ဒီလိုနဲ့ ပထမကမ္ဘာစစ်မှာ မြင်းလေးကို အသုံးပြုဖို့ဖြစ်လာခဲ့ပြီး သူ့ကိုအရမ်းချစ်တဲ့ Albert ကတော့ မြင်းလေးနဲ့ ဝေးဖို့ဖြစ်လာခဲ့ရာကနေ သူ့ရဲ့မြင်းလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားခဲ့ပုံတွေကို ရိုက်ကူးထားတာပါ… စစ်ပွဲအတွင်း မြင်းတွေကို အမျိုးမျိုးအသုံးချပုံတွေ၊ စစ်သားတွေရဲ့ ခက်ထန်မှုတွေ၊ တစ်ချိန်တည်းမှာပဲ စစ်သားတွေရဲ့ ချစ်စဖွယ်အပြုအမူတွေ၊ စစ်ပွဲတွင်းအဖြစ်အပျက်တွေကိုတခမ်းတနား ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ Channel Myanmar ပရိသတ်ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်… စစ်ကားလည်းဖြစ်တဲ့အပြင် ဒါရိုက်တာ Steven Spielberg ရဲ့ လက်ရာဆိုတော့ ထွေထွေထူးထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်…. File Size : 3.05GB / 1.55GB Quality : WEB-DL 1080p 5.1 CH, 720p Duration : 02:26:00 Genres : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Heather Oo

Crime • Drama • Thriller
7.3 2011 146 mins
War Horse