YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Burn.the.House.Down.S01E03.1080p.CM.mp4

541.34 MB 1080p video/mp4 123 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dragon Knight
6.6

King Arthur, Merlin တို့လို အ​နောက်တိုင်းပ​ဒေသရာဇ်​ခေတ် မြင်းစီးစစ်သူရဲ​တွေရဲ့ စွန့်စားခန်း​တွေ၊ Dragon​နဲ့ပတ်သက်တဲ့ စွန့်စားခန်း​တွေဟာဆိုရင် ဘယ်​ခေတ်၊ ဘယ်အချိန်​မှာမှ ရိုးအီသွားမှာမဟုတ်တဲ့ ဇာတ်​လမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း၂၀၂၂ထုတ် Fantasy Adventure ဇာတ်လမ်းအသစ်​​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမ​​ကောင်းဆိုးဝါးကို​ချေမှုန်းဖို့ ငါးပြည်​​​ထောင်​သော မဟာမိတ်​တွေ၊ နဂါး​တွေနဲ့ နဂါးစစ်သည်​​​​​​တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့​ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာ​ကြောင့် နဂါး​တွေလည်း​​သေ၊ နဂါးစစ်သည်​တော်အဖွဲ့လည်း မရှိ​တော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။ ဘ​ရေဒန်ဆိုတာက​တော့ ​ပြိုကွဲသွားတဲ့နဂါးစစ်သည်​တော်အဖွဲ့ရဲ့ ​​နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အ​မွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ​​ချေမှုန်းဖို့ အမြဲကြိုးပမ်း​နေသူ​ပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ​ပျောက်ဆုံးသွားတဲ့ နဂါး​တွေကို လိုက်ရှာရင်း နဂါး​တွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ သူ့ရဲ့နဂါးရှာပုံ​တော်အတွင်း မိတ်​ဆွေသစ် ​​တွေရလာပြီး တူတူစွန့်စားခန်းဖွင့်ပါ​တော့တယ်၊ သူတို့လိုက်ရှာ​နေတဲ့ နဂါးကို ရှာ​တွေ့မှာလား၊ အဒ်ဘန်ဒန်တို့ကို သူတို့အနိုင်ယူနိုင်မှာလားဆိုတာ ​ပေါ့​ပေါ့ပါးပါးကြည့်ရှုရမှာပါ။ (ဇာတ်ကားနဲ့အညွှန်းကို DK မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 600MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by DK Encoded by Y

Action • Drama
6.6 2022 99 mins
Dragon Knight
Thousand Faces of Qi Men
4.3

ကောင်းကင်ဘုံ ဧကရာဇ်မင်းတို့ အုပ်စိုးချိန်အချိန်ကာလ ဂျပန်နိုင်ငံမှ မင်းဆရာ အမတ်ချုပ်တွေဟာ မှော်စွမ်းအားတွေနဲ့ ဧကရာဇ်မင်းကိုလှည့်စားခဲ့ကြပါတယ်။ ဧကရာဇ်အရှင်ကို နှစ်ပေါင်းများစွာတိုင်အောင် ချိတ်ပိတ်ထားတဲ့ မိစ္ဆာအရှင်ကိုလွှတ်ပေးဖို့ ဖိအားတွေ အကြိမ်ကြိမ်ပေးပြီး လောကကြီးကို ဘေးဥပါဒ်ဖြစ်စေခဲ့ပါတယ်။ ဒီဘေးဥပါဒ်တွေကို ကာကွယ်ဖို့ ကြိုးစားနေသူကတော့ ဆရာကြီး တုန်းကော်လျောင်ပါ။ တစ်နေ့မှာတော့ ဆရာကြီးတုန်းကော်လျောင်ဟာ စျေးထဲမှာလှည့်လည်သွားလာနေခဲ့ပြီး ထူးဆန်းလှတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ လျိုဇီမော့နဲ့တွေ့ဆုံခဲ့ပါတယ် ။ ထူးဆန်းလှတဲ့ အရည်းအချင်းတွေကြောင့် လျိုဇီမော့ကို တပည့်အဖြစ် ခံယူပေးခဲ့ပါတော့တယ်။ ဂျပန်လူမျိုးတွေရဲ့ ယုတ်မာမှုတွေတင်းကျပ်လာတာနဲ့အမျှ တပည့်ဖြစ်သူ လျိုဇီမော့ကိုကာကွယ်ဖို့ ဆရာကြီးဟာ အသက်ပေးသွားခဲ့ရတဲ့အခါ...? ❏ ဆရာကြီးပေးအပ်ခဲ့တဲ့ တာဝန်တွေကို လျိုဇီမော့တစ်ယောက် ထမ်းဆောင်နိုင်ပါ့မလား? ❏ ဂျပန်မကောင်းဆိုးဝါးတွေကိုရော သူဘယ်လိုနှိမ်နှင်းမလဲ? ❏ လောကကြီးအတွက်ရော အေးချမ်းမှုတွေ ယူဆောင်လာပေးမလား?ဆိုတာ ကြည့်ရှုလိုက်ကြရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres :  Action , Romance , Fantasy Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Comedy • Fantasy • History
4.3 2023 85 mins
Thousand Faces of Qi Men
Bloody Sunday
7.3

ဒီဇာတ်ကားလေးကတော့ ၁၉၇၂ ခု ဇန်နဝါရီလ ၃၀ ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဗြိတိန်လက်အောက်ခံ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းဒေသမှာ အဲဒီအချိန်က ကက်သလစ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ပြည်သူအများစုက ဗြိတိန်ကနေ ခွဲထွက်ချင်နေပါတယ်။ ဖိနှိပ်မှု နဲ့ ဖမ်းဆီးခံရမှုတွေကြောင့် အိုင်ဗန်ခေါင်းဆောင်တဲ့ ဒယ်ရီမြို့သားတွေက သူတို့လိုချင်တာကို ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်ဖက်က ဗြိတိသျှတွေကတော့ ဒါမျိုး တောင်းဆိုမှုတွေ ထပ်မံ မပေါ်ပေါက်လာဖို့အရေးကိုပဲ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့သော တနင်္ဂနွေ မနက်ခင်းတစ်ခုမှာတော့ ... ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အိုင်ယာလန်မြောက်ပိုင်းဒေသက ကက်သလစ်ဘာသာဝင်တွေ သူတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေကို ညှိနှိုင်းတောင်းဆိုလို့ရသွားမလားဆိုတာကိုတော့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 4.3GB, 1.7GB, 611MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Poant Encoded by Kinnov

Drama • Romance
7.3 2002 107 mins
Bloody Sunday
Greatest Days
5.8

ကိုယ်ငယ်ငယ်တုန်းက ငယ်သူငယ်ချင်းတွေနဲ့ရူးသွပ်ခဲ့တဲ့ အရာလေးတွေ အမှတ်တရတွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။ ဒီ Greatest Days ဆိုတဲ့ဇာတ်ကားလေးထဲမှာလဲ မိန်းကလေးသူငယ်ချင်း ငါးယောက်ရဲ့ငယ်ငယ်တုန်းက The Boys ဆိုတဲ့ယောက်ျားလေးအဆိုတော် အဖွဲ့ကိုရူးသွပ်ခဲ့ပုံတွေ သူတို့ရဲ့ပျော်ရွှင်စရာမှတ်ဉာဏ်တွေ အမှတ်တရတွေ အကြောင်းကိုရိုက်ကူးထားတာတွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမယ့် အမှတ်တရတွေ ဆိုတာကပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေရှိသလို ဝမ်းနည်းစရာအမှတ် တရတွေလဲရှိပါတယ်။ဒီလိုနဲ့သူတို့ငါးယောက်မှာ ဝမ်းနည်းစရာအမှတ်တရ တစ်ခုကိုကြုံခဲ့ပြီးတဲ့ အချိန်ပြီးတဲ့နောက်မှာတော့ သူငယ်ချင်းတွေလဲလူစုကွဲ သွားကြပြီး ၂၅ နှစ်ကြာမြင့်သွားခဲ့ပါတယ်။ဒီလိုနဲ့ ၂၅ နှစ်ကြာပြီးတဲ့နောက်မှာ သူတို့သူငယ်ချင်းတွေထဲက ကောင်မလေးတစ်ယောက်က ငယ်ငယ်တုန်းက ရူးသွပ်ခဲ့ရပြီး အခုထက်ထိလဲရူးသွပ်နေတဲ့ The Boys အဖွဲ့ရဲ့ပြန်လည်ဆုံစည်းခြင်း ဖျော်ဖြေမှုပွဲကိုသွားဖို့ ကံစမ်းမဲလက်မှတ်ကံထူးသွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ကွဲတစ်ပြား ဖြစ်နေတဲ့သူငယ်ချင်းတွေကို ပြန်လည်စုစည်းပြီးတော့အဲ့ဒီခရီးစဉ်ကိုအတူတူ သွားကြတဲ့ပုံတွေနဲ့ သူတို့ရဲ့ငယ်ဘဝတွေနဲ့လက်ရှိ ဘဝတွေမှာ ဘာတွေများ ကွာခြားသွားလဲဆိုတာတွေကို ကြည့်ပြီးတော့ငယ်သူငယ်ချင်းတွေကို ပြန်အမှတ်ရစေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.09GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2023
Greatest Days
Walk the Line
7.8

Walk the Line (2005) ~ IMDb – 7.8/10, Rotten Tomatoes – 82% ~ ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း လှသကိုး။ ဂျိမ်းစ်မန်းဂိုးဒ်ရဲ့ သမိုင်းတစ်လျှောက် ဒီနှစ်ထွက်ခဲ့တဲ့ Indiana Jones and the Dial of Destiny တစ်ကားကလွဲ Cop Land ကနေ Ford v Ferrari အထိ ပယ်စရာကားမရှိဘူးဆိုတော့ သူ့တင်ဆက်ပုံ သိပ်ကောင်းတာတော့ ပြောစရာမလိုဘူး။ ဒီရုပ်ရှင်ကိုလည်း သူကိုယ်တိုင် ကတ်ရှ်ရဲ့ ဘိုင်အိုစာအုပ်နှစ်အုပ်ကနေ အချက်အလက်တွေယူပြီး သူ့ဘာသာဇာတ်ညွှန်းရေးခဲ့တာပဲ။ ဂျွန်နီကတ်ရှ်အကြောင်းကို သူက ဟိုးပေါက်စနလေးကတည်းကနေ ပြတာဆိုတော့ ကတ်ရှ်ရဲ့ ငယ်ဘဝထရော်မာတွေကနေ စသိရလိမ့်မယ်။ အာကန်ဆက်စ် ကျေးလက်ဘက်က မိသားစုတစ်ခုက အချစ်မခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝကို မြင်ရလိမ့်မယ်။ ဒါလည်းလိုအပ်လို့ပါပဲ။ ခဏအတွင်းမှာပဲ ကတ်ရှ် စစ်မှုထမ်းခဲ့ရတဲ့ကာလတွေဆီ ရောက်သွားတယ်။ မန်းဂိုးဒ် ဒီလိုပြတာမှာ ကတ်ရှ်ရဲ့သီချင်းတွေ ဖြစ်လာတဲ့အချိန်တွေကို အသားပေးပြထားတယ်။ ကတ်ရှ်ဟာ သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာများတဲ့ ကန်းထရီးအဆိုတော်ဆိုတော့ သူ့သီချင်းအားလုံးနီးပါးက သူ့ဘဝကို ထင်ဟပ်နေတယ်။ ဒီလို သူ့ဘဝကို ထင်ဟပ်နေတဲ့အကြောင်းလည်း ထည့်ပြောသွားတယ်။ တပ်ထဲကနေ ထွက်လာပြီးတဲ့နောက် မိန်းမယူထားပြီ။ ကတ်ရှ်မှာ သူရေးထားတဲ့သီချင်းတွေလည်းရှိနေပြီ… တီးဝိုင်းလေးဖွဲ့ပြီး သီချင်းဆိုဖို့လည်း ကြိုးစားနေပြီ။ သူ့အိပ်မက်နောက် သူလိုက်နေပြီပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူမအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သူ့တီးဝိုင်းရှိတဲ့မြို့လေးးကနေ သူပြောင်းရဖို့အကြောင်းဖန်လာတယ်။ ဒီမှာ ကတ်ရှ်က နောက်ဆုံးအခွင့်အရေးအနေနဲ့ Sun Records ကို သွားပြီး အော်ဒီးရှင်းဝင်ခဲ့တယ်။ ဒီ Sun Records က တော်တော်နာမည်ကြီးတယ်။ ပရက်စလေတို့ ဂျယ်ရီလီလူးဝစ်တို့နဲ့ အလုပ်လုပ်နေတဲ့ တေးသံသွင်းပေါ့။ ဒီလိုနဲ့ သူအဆိုတော်ဖြစ်ဖို့ လမ်းကြောင်းပေါ် စရောက်သွားရာကနေ သူ့သီချင်းကလည်း ဝက်ဝက်ကွဲ အောင်မြင်သွားခဲ့တယ်။ ဒီတော့ သူနယ်လှည့်ပွဲတွေမှာ လိုက်ဆိုတာတွေတော်တော်လုပ်လာရတယ်။ ဒီမှာ သူ June Carter နဲ့ စတွေ့တယ်။ June က မျိုးနဲ့ရိုးနဲ့ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်သလို ဆွဲဆောင်မှုလည်း‌တော်တော်ရှိတော့ ကတ်ရှ်က သဘောကျသွားတယ်။ ဒီနောက် သူငယ်ချင်းတွေဖြစ်လာရင်း ချစ်မိသွားတယ်။ တခြား ဂီတသမားတွေအကြောင်း ရိုက်ပြထားတဲ့ ဘိုင်အိုတွေနဲ့မတူမှာက ဒီထဲ ကတ်ရှ်ရဲ့ နယ်လှည့်ပွဲတွေကို ပြတဲ့အချိန် သူနဲ့အတူတူတွဲဖက် သီဆိုရတဲ့ တခြားနာမည်ကျော်ဂီတသမားတွေကိုလည်း ပြတယ်။ သူတို့နဲ့ကတ်ရှ်ကြားက ခင်မင်မှုတွေ။ အကုန်ပေါင်းပြီး ဗရုတ်ကျကြတာတွေကိုပြတယ်။ တော်တော်လေးကြည့်လို့ကောင်းတယ်။ အဲဒီလိုအပေါင်းအသင်းကောင်းရင်း နာမည်ကြီးလာရင်းနဲ့ပဲ ကတ်ရှ်က မူးယစ်ဆေးပြဿနာလည်းရှိလာတယ်။ လုပ်ချင်တာတွေလည်း အကုန်လျှောက်လုပ်လာတယ်။ ဒီမှာကတ်ရှ်ရဲ့အကျပိုင်း စရောက်လာတာပဲ။ June ကလည်း နောက်အိမ်ထောင်တစ်ဆက်ပြောင်းသွားပြန်တော့ ကတ်ရှ်လည်းကြေကွဲပြီး လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ သူ့အိမ်ထောင်ပြိုကွဲတဲ့အထိပါဖြစ်လာတယ်။ ဒီလိုနဲ့ ဆေးသုံးတာပါမိပြီး ခြူးတစ်ပြားမှမရှိတော့တဲ့ ဘဝအထိပါရောက်တယ်။ သဘောကျစရာကောင်းတာက ဒီမှာ ကတ်ရှ်က တဇောက်ကန်းလုပ်ချင်တာလုပ်တဲ့ကောင်ဆို‌တော့ တစ်ပြားမှမရှိ စီးစရာကားတောင်မရှိတော့တာတောင် တစ်မျှော်တခေါ်ဆီက June အိမ်ကို လမ်းလျှောက်ပြီး ရောက်အောင်သွားခဲ့တယ်။ တကယ့်ကို ကမှူးရှုးထိုးလုပ်ချင်တာလုပ်တဲ့လူပေါ့။ အဲဒီလိုလူနေရာမှာ Joaquin Phoenix က ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဆောင်နိုင်ခဲ့တယ်။ တော်တော်လည်းကြိုးစားခဲ့ပါတယ်။ ကတ်ရှ်သီချင်းတွေကို သူဆိုတဲ့ပုံက ကတ်ရှ်ရဲ့ဟန်နဲ့ ထပ်တူညီအောင်ဆိုနိုင်ခဲ့တယ်။ June နဲ့ ကတ်ရှ် အတူတူဖျော်ဖြေတဲ့ပွဲတွေမှာ June ကိုကြည့်တဲ့ Joaquin ရဲ့အကြည့်တွေက တော်တော်လေး အသက်ဝင်ခဲ့သလို သူနဲ့ June နေရာမှာ သရုပ်ဆောင်တဲ့ Reese Witherspoon တို့ စုံတွဲသီချင်းတွေဆိုတဲ့အခန်းတွေဆိုလည်း မူရင်းဗီဒီယိုထက်တောင် ဆွဲဆောင်မှုတော်တော်လေးပိုရှိနေတယ်။ အသံတွေအထိပါ သေချာလေ့ကျင့်ခဲ့ကြတယ်။ ဒီလိုသရုပ်ဆောင်ကောင်းကြလို့ပဲ နှစ်ယောက်စလုံး အော်စကာတွေရော ရွှေကမ္ဘာလုံးတွေရော ဆန်ခါတင်ဝင်ပြီး Joaquin က ရွှေကမ္ဘာလုံး၊ Witherspoon က အော်စကာ စသဖြင့် သရုပ်ဆောင်ဆုတွေ အသီးသီးရခဲ့ကြတယ်။ ဇာတ်ကားကလည်း Golden Globe Award for Best Motion Picture ရခဲ့သလို Best Actress, Best Actor, Best Sound, Best Costume Design နဲ့ Best Film Editing စတာတွေမှာ အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဘိုင်အိုဂရပ်ဖီကားလို့ မထင်ရလောက်အောင်လည်း ကားက ဆွဲဆောင်မှုရှိနေပြီး ဒရာမာခန်းတွေမှာလည်း ဖီလင်အပြည့်ရတော့ ဒီလောက်တော့ဖြစ်သင့်တာပါပဲ။ နောင်ဆယ်နှစ်အကြာမှာထွက်လာတဲ့ Straight Outta Compton မတိုင်ခင်အထိ Music Biopic တွေထဲ ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မန်းဂိုးဒ် ဒီလိုရိုက်ပြနိုင်လောက်အောင်လည်း ဂျွန်နီကတ်ရှ်ဟာ သီချင်းတွေတင် ဇာတ်နာတာမဟုတ်ဘဲ ဘဝပါဇာတ်နာခဲ့တဲ့ အတက်အကျတွေ မထင်မှတ်ထားတာတွေအပြည့်နဲ့ ဘဝမျိုးရှိခဲ့တာကိုး။ ဂျွန်နီကတ်ရှ်ဟာ ထင်ရာအကုန်စိုင်းပြီး လုပ်ချင်တာလုပ်ခဲ့တဲ့သူဟုတ်သလို သူ့ဘဝနဲ့ရင်းပြီးကို သူ့အချစ်ကို ချစ်ခဲ့တဲ့သူလည်းဟုတ်တယ်။ June ကိုပဲ သူသေသည်အထိချစ်သွားခဲ့တယ်။ June မရှိတော့တဲ့နောက်လည်း သူ့နောက်လိုက်သွားခဲ့တယ်။ Walk the Line ဟာ သူ့ခံစားချက်တွေအကြောင်း သူဆိုတဲ့ ဂျွန်နီကတ်ရှ်ရဲ့ ဘဝကို ထပ်ဟပ်နေတဲ့သီချင်းတွေနဲ့ ဂျွန်နီကတ်ရှ်ရဲ့ဘဝကို တွဲဖက်ခံစားရစေမယ့် ရုပ်ရှင်တစ်ကားပေါ့။ သီချင်းတွေကလည်း နားဝင်လွယ်တဲ့ ကန်းထရီးသီချင်းတွေဆိုတော့ သူ့သီချင်းတွေ နားမထောင်ဖူးတောင် ကြည့်ရင်းနားထောင်ရင်း အကြိုက်တွေ့သွားကြမှာပါပဲ။ ဂျွန်နီကတ်ရှ်ရဲ့အကြောင်းဟာ လူကောင်းတစ်ယောက်အကြောင်းမဟုတ်သလို လူယုတ်မာတစ်ယောက်အကြောင်းလည်း မဟုတ်ပါဘူး။ ဂျွန်နီကတ်ရှ်အကြောင်းဟာ သူချစ်ချင်တာကိုချစ်ပြီး သူလုပ်ချင်တာကို လျှောက်လုပ်နေတဲ့ အနုပညာသမားတစ်ယောက်အကြောင်းပါပဲ။ ” I wear this crown of thorns Upon my liar’s chair Full of broken thoughts I cannot repair… “ ~ Hurt by Johnny Cash (1932 – 2003) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 16Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.8 2005 136 mins
Walk the Line
Sophie’s Rules
7.1

ကတ်သီဟာ သူမရဲ့ တစ်ဦးတည်းသော သားဟာ ရေတပ်တွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာကြောင့် ထိုအဖြစ်အပျက်ကို လက်သင့်မခံနိုင်ဘဲ စိတ်သောက ရောက်နေရပါတယ်။ တနေ့မှာတော့ တောလမ်းလေးအတိုင်း လမ်းလျှောက်လာရင်း ချော်လဲပြီး ဒဏ်ရာ ရသွားတာကြောင့် အနီးအနားအိမ်မှ မိန်းကလေး တစ်ဦးက ပြုစု စောင့်ရှောက်ပေးပါတယ်။ တကယ်တော့ အဲဒီအိမ်ဟာ ဆိုဖီ ဆိုသော အမျိုးသမီး ပိုင်သော အိမ်ဖြစ်ကာ ကတ်သီကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် လမ်းပျောက်နေတဲ့ လူတွေအတွက် ယာယီ ခိုလှုံရာလေး ဖြစ်နေပါတယ်။ ထိုအခါ ကတ်သီ ဟာလည်း ထိုဂေဟာလေးမှာ တည်းခိုနေရင်း သူမရဲ့ စိတ်တွေ ပြန်လည် တည်ငြိမ်သွားမလား ဒါမှမဟုတ် သူမရဲ့သားဟာ သူမ လက်ကိုင်ထားသလို အသက်ရှိနေသေးသလား ဆိုတာကို ဤဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vio La

Adventure • Action • Thriller • Science Fiction
7.1 2023
Sophie’s Rules
Terminator 2: Judgment Day
8.6

လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ အဲဒီခေတ်ရဲ့ တတိယ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သွားသလို ဟောလိဝုဒ်ရုပ်ရှင်မှတ်တမ်းမှာ အကောင်းဆုံး ဒုတိယအဆက်ကားအဖြစ် ဝင်သွားတာပဲ။ ထိန်းသိမ်းထားရမယ့် ဇာတ်ကားစာရင်းကို ၂၀၂၃ မှာ ထည့်ထားလိုက်ကြတယ်။ ဒီဇာတ်ကားမှာတော့ လူသားတို့ရဲ့ အဓိပတိခေါင်းဆောင် ဂျွန် ကော်နာ ကလေးငယ်ဘဝ မှာ နောက်ထပ်စက်ရုပ်တစ်ခု ရောက်လာခဲ့တယ်။ မော်ဒယ် ၁၀၁ ကြီးပါပဲ။ ထူးခြားတာက အဲဒီစက်ရုပ်ကို လူသားတွေကဖမ်းဆီးပြီး အစီအစဉ်ပြန်လည်ရေးဆွဲထည့်သွင်းလို့ ဂျွန်‌ ကော်နာ ကို ကာကွယ်ဖို့ လွှတ်လိုက်တာပဲ။ စက်တွေဘက်ကလည်း တီ ၁၀၀၀ သတ္တုရည် အသွင်ပြောင်းစက်ရုပ်ကို လွှတ်လိုက်တယ်။ ဒီလိုနဲ့ စက်ရုပ်နှစ်ရုပ် မြေကမ္ဘာပေါ်မှာ ထင်တိုင်းကြဲ တိုက်ကြခိုက်ကြတော့တာပဲပေါ့။ ဒီတော့ မိခင်ဖြစ်သူ ဆာရာ ကော်နာ ရယ်၊ ဂျွန် ကော်နာ ရယ် မော်ဒယ် ၁၀၁ ကြီးရယ် ပူးပေါင်းပြီးတော့ လူသားတို့ အဓွန့်ရှည်စေရေး ရုန်းကန်တိုက်ခိုက်ကြပုံတွေကို ရှုစားရမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကတော့ အရည်ပျော်စက်ရုပ်ကားလို့ ခေါ်တာပေါ့လေ။ သူက ဗီလိန်သာပြောတာ ရုပ်ချောချော၊ အစွမ်းအစကလည်း အမိုက်စားဆိုတော့ ကလေးဘဝ ကစားရရင် အရည်ပျော်စက်ရုပ်နေရာ လုကြရတယ်။ ဒီတော့ လူကြီးမင်းတို့အနေနဲ့ ကလေးဘဝ အမှတ်တရလေးကို CM လက်ရာနဲ့ ပြန်လည်ခံစားလိုက်ကြပါဦး။ File size…(3.3 GB)/(1.9 GB) Quality….Blu-Ray Extended 1080p / 720p Format…mp4 Duration….01:17:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arrkun Winchester

Drama • Comedy • Thriller
8.6 1991
Terminator 2: Judgment Day
Visul
7.2

Visul (2023) ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ပြင်သစ် Comedy ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7 အထိရရှိထားပြီးတော့ ရှိတ်စပီးယားရဲ့ အိုင်ဒီယာဖြစ်တဲ့ Behind The Bar ဆိုတာကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ အကျဉ်းသားတွေကို နိုင်ငံတိုင်းက ပြန်လည်ပြုပြင်ရေးနဲ့ ပြန်လည်ရပ်တည်နိုင်ရေးတို့အတွက်ဆိုပြီး ပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒီလိုပညာရေးဘက်တွင်သာမက အားကစားပိုင်းမှာလဲ အကျဉ်းသားများကို အမျိုးမျိုးသောအားကစားတွေ ဝါသနာပါရာ စာရေးစာဖတ်အမျိုးမျိုးတို့ကို လေ့လာသင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒါ့အပြင် ရှိတ်စပီးယားက အကျဉ်းသားတွေအတွက် ပြဇာတ်ကိုလဲကြည့်ရှု ကပြခြင်းဖြင့် လူ့လောကကြီးနဲ့ အဆက်သွယ်မပြတ်ပဲ လူ့ဘောင်ထဲပြန်ဝင်ရောက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်အကျဉ်းဦးစီးကနေ ဦးစီးပြီးတော့ အကျဉ်းသားများရဲ့ပြဇာတ် အစီစဉ်ကိုအကောင်ထည်ဖော်ထားပါတယ်။ ဇာတ်လမ်းလေးကလဲ ဒီအကျဉ်းသားပြဇာတ်ကိုဦးတည်ပြီး ဟာသလေးနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင်အရံလူအနေနဲ့ပဲ အနှပညာလောကထဲမှာကျင်လည်နေရတဲ့သူပါ။ ပြောရရင်တော့ ပြဇာတ်လောကမှာ သူ့အတွက် နေရာမရှိသလို သူ့ရဲ့ကြိုးစားမှုတွေကိုလဲ အသိမှတ်ပြုမဲ့သူမရှိပါဘူး။ ပြောရရင် သူနဲ့အတူတွဲနေတဲ့ကောင်မလေးကတောင်ဇာတ်ကားတစ်ကားမှာပါခွင့်ရပြီး ကော်ဇော်နီလျှောက်နေရပြီ သူကတော့ ပြဇာတ်ရုံတစ်ခုမှာခိုကပ်ပြီး ရှေ့မထွက်ရတဲ့ အရံမင်းသားပေါ့။ အိမ်ငှားခကအစ ကောင်မလေးကပဲရှင်းပေးနေရတာ။ ဒီလိုနဲ့ စိတ်ကူးပေါက်ရာလုပ်ရင်း အကျဉ်းသားတွေအတွက် ပြဇာတ်လုပ်ပေးဖို့ ဗော်လန်တီယာအဖြစ်ပါဝင်လိုက်ပြီးတော့ ဒီပြဇာတ်ရုံတောင်မရောက်ဖူးတဲ့ ရာဇဝတ်သားတွေကို ဘယ်လိုသရုပ်ဆောင်တတ်အောင် သင်ပေးရမလဲ ပြဇာတ်ကကောချောချောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာ ရယ်စရာမောစရာလေးတွေနဲ့ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.7GB | 875MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.2 2023
Visul
Lost in the Night (aka) Perdidos en la noche
6.1

ဒီဇာတ်ကားဟာဆိုရင်တော့ မက္ကဆီကိုနိုင်ငံက မြို့တစ်မြို့မှာ ဇာတ်အိမ်တည်ထားတားပါ။ အဲဒီမြို့မှာနေထိုင်ကြတဲ့ လူတွေဟာ သူတို့နိုင်ငံမှာ မိုင်းတွေဆောက်ပြီး စီးပွားလာရှာကြတဲ့ နိုင်ငံခြားသားတွေကို မကျေမနပ်ဖြစ်ပြီး ဆန့်ကျင်ဆန္ဒပြရာကနေ အမျိုးသမီးတစ်ယောက် အဖမ်းခံလိုက်ရာကနေ ဇာတ်လမ်းစထားပါတယ်။ ဒီကားထဲမှာ အမီလီယာနိုဟာ ထိုအမျိုးသမီးရဲ့သားဖြစ်သူပါ။ အမီလီယာနိုဟာ သူ့ရဲ့အမေဘာဖြစ်သွားလဲဆိုတဲ့ အဖြစ်မှန်ကိုရှာဖို့ လိုက်လံစုံစမ်းရာက သဲလွန်စတွေက အလွန်ချမ်းသာတဲ့ အယ်ဒါမာ မိသားစုဆီကို ဦးတည်လာပါတော့တယ်။ အဖြစ်မှန်ကိုဖော်ထုတ်ဖို့ အမီလီယာနိုဟာ အယ်ဒါမာမိသားစုကို ချဉ်းကပ်ရာက သူ့ရဲ့ အမေဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေပဲပေါ်သွားမလား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကတော့ ….. မိသားစုနဲ့အတူ မကြည့်သင့်တဲ့ အခန်းတချို့ပါဝင်ပါတယ်…… File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat

6.1 2023
Lost in the Night (aka) Perdidos en la noche
Un/Dressed
4.7

Un/Dressed (2024) ဂျာမနီကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ညှို့အားပြင်း မင်းသမီးရဲ့ ဖုဖောင်းမို့အစ်တဲ့ ကိုယ်ခန္ဓာ ဗလာကျင်းအလှကို ဝေဝေဆာဆာမြင်တွေ့ရပြီး ချစ်တင်းနှောအခန်းတွေ ဟိုနေရာ ဒီနေရာ ပါနေလို့ ဆယ့်ရှစ်ယောက်စုပြီးမှ ကြည့်ရှုသင့်ပါကြောင်း။ ငယ်ရွယ်တဲ့ ဖက်ရှင်ဒီဇိုင်နာ အမျိုးသမီးငယ်လေး အယ်လ် က ပြင်သစ်ကနေ ပြန်လာပြီးနောက် အဘွားဖြစ်သူရဲ့ မာဂို ဖက်ရှင်ကုမ္ပဏီကြီးကို ရုတ်တရက် ဆက်ခံလိုက်ရတယ်။ အယ်လ် ဟာ လူချမ်းသာမိသားစုဖြစ်တဲ့ ဝစ်တ် မိသားစုက ဆင်းသက်လာတဲ့ သီလို နဲ့ မကြာခင်လက်ထပ်တော့မယ့် ဆက်ဆံရေးမျိုး ရှိနေခဲ့တာပါ။ ဒါပေမဲ့ စီးပွားရေးအဖွဲ့ကြီးနှစ်ခုရဲ့ ငွေကြေးခဝါချမှု လှည့်ကွက်တွေကြားမှာ ဖက်ရှင်ကုမ္ပဏီလေး မာဂို က ဆူးကြားက ဘူးခါးလို ကြားညပ်နေခဲ့တာပေါ့။ ဒီလိုသပွတ်အူကုမ္ပဏီကိုမှ ဦးဆောင်လည်ပတ်ရတော့မယ့် အယ်လ် တစ်ယောက် လက်တွဲဖော် သီအို အပေါ် သံသယဖြစ်စရာတွေဖြစ်လာခဲ့ပါတယ်။ ဒီလိုပဲ ဘယ်ကနေ ရောက်လာမှန်းမသိဘဲ အယ်လ် ရဲ့ဘဝနဲ့ နှလုံးသားထဲကို ဝင်လာခဲ့တဲ့ သက်တော်စောင့် လုံခြုံရေးမှူး ဘန် ကလည်း ဘဝတစ်ကွေ့မှာ ပါဝင်လာပြန်တာပေါ့။ ဒီလိုနဲ့ စီးပွားရေးလှည့်ကွက်တွေကြားမှာ အဘွားဖြစ်သူက အသက်ပေးလိုက်ရ၊ ချစ်သူကလည်း မယုံရဘူးလား ယုံရမလား မသဲကွဲချိန်၊ သက်တော်စောင့်လေး ဘန် နဲ့ မဖြစ်သင့်တာတွေ ဖြစ်လိုက်မိတဲ့ မိန်းကလေး အယ်လ် ရဲ့အကြောင်း ဟောဒီဇာတ်ကားမှာ ကြည့်ရှုရဖို့ရှိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(1.4 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance, Thriller Duration….01:43:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

Thriller • Drama • Crime
4.7 2024
Un/Dressed
My Favourite Cake Keyke mahboobe man
7.5

My Favorite Cake ( 2024) IMDb Rating (7.5) / Rotten Tomatoes (100%) အနောက်တိုင်းနာမည်ကြီးမဂ္ဂဇင်းများပါမှာပါ ဖော်ပြခံရတဲ့ထိနာမည်ကြီးနေတဲ့ အီရန်ဇာတ်ကားကောင်းတစ်ခု အသက်၇၀အရွယ် “မဟင်း” (Lili Far -adpour)ဟာသားသမီးများနိုင်ငံခြားကိုထွက်ခွာသွားကြပြီးတဲ့နောက်အိမ်ထဲမှာတစ်ယောက်တည်းအဖော်မရှိနေနေရပါတယ်။ သူငယ်ချင်းများနဲ့လည်းတစ်နှစ်မှတစ်ခါလောက်ဆုံရပြီး အထီးကျန်စွာနေရတဲ့ရက်တွေများလာတဲ့အခါ နှစ်သုံးဆယ်လုံးအဖော်မရှာပဲနေလာတဲ့“မဟင်း”တစ်ယောက် သူငယ်သူချင်းတွေရဲ့တိုက်တွန်းတာကြောင့်အဖော်ရှာဖို့တွေးလာတဲ့အခါ တက္ကစီကားမောင်းတဲ့ဖာရမ်မာ့ဇ်(Esmae-el Mehrabi)ကို ပင်စင်စားစားသောက်ဆိုင်မှာအမှတ်မထင်တွေ့ရာကနေ သူ(မ)ကပဲစုံစမ်းစမိတ်ဖွဲ့ပြီးသူ့အိမ်ကိုလိုက်လည်ဖို့ခေါ်ရာမှမထင်မှတ်တဲ့အလှည့်အပြောင်းတွေကြုံရတာကိုရိုက်ပြထားတာဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ အထီးကျန်ရတဲ့အခြေအနေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်နေတဲ့အချက်တွေ လူသားတွေပဲမို့အချစ်နဲ့ရော ရာဂနဲ့ပါမကင်းနိုင်တဲ့ပုထုဇဥ်လူသားတွေရဲ့သဘာဝကိုလည်း ရဲရဲတင်းတင်းချပြထားတာတွေ့ရပါတယ်။ သဘာဝဆန်ဆန်နဲ့တကယ့်အပြင်ကလူတွေရဲ့စရိုက်ကိုရိုက်ပြထားနိုင်တာသဘောကျစရာကောင်းပါတယ်။ ဒီဇာတ်ကားမှာ အီရန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေစီးပွါးရေးအခြေအနေနဲ့တင်းကျပ်ထားတဲ့အခြေအနေတစ်ချို့ကို ခပ်ပါးပါးချပြထားတာတွေ့ရပါတယ်။ ဇာတ်ကားကိုအီရန်မှာဖြန့်ချီတာမဟုတ်ပဲဇာတ်ကားကို ကော်ပီတစ်ခုကူးထားပြီးဂျာမဏီနီရုပ်ရှင်ပွဲတော်မှာစပြသပြီး ဂျာမဏီနိုင်ငံမှာဖြန့်ချီတာဖြစ်ပါတယ်။ အီရန်နိုင်ငံက ဒါရိုက်တာနှစ်ယောက်နဲ့အဓိက အမျိးသမီးသရုပ်ဆောင် လီလီဖာရက်ပူးကိုခရီးသွားခွင့်တားမြစ်ထားပါတယ်။ အီရန်နိုင်ငံအတွင်းမှာတော့ဒီရုပ်ရှင်ဟာအမျိုးသမီးတွေ ဆံပင်ကိုဖော်ထားတာဝိုင်သောက်တာနဲ့ ကတာအတွက်အငြင်းပွားစရာဖြစ်နေတယ်လို့ဆိုပါတယ်။ ဆင်ဆာစည်းမျဥ်းအရဒါတွေကိုပြလို့မရပဲ ယခုဇာတ်ကားကဒါတွေကိုဖောက်ထွက်လာတာဖြစ်ပါတယ်။ ဒါရိုက်တာက Maryam Moghadamနဲ့ Behtash Sanaeehaတို့ဖြစ်ပါတယ်။ Rotten Tomato မှာကြည့်ရူသူ rating 100% ရထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာလည်းဆုရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.8 GB) / (850 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:37:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

7.5 2024 97 mins
My Favourite Cake Keyke mahboobe man
Kaalamega Karigindhi..
6.3

kaalamega karigindhi (2025)”အတိတ်ပုံပြင်” ==================================== မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ 96 လိုမျိုး ငယ်ဘဝကို သတိရစေမယ့် တေလေဂူးစကားပြော ကဗျာဆန်ဆန် လွမ်းမောဖွယ်ရာအချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဆုရ အင်ဒီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဆင်ဂါရာမိုဟန်က ရိုက်ကူးပုံဖော်ထားတာပါ။ ဇာတ်လမ်းကတော့ လက်ရှိမှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပေမဲ့ ရင်ဘက်ထဲမှာ ဗလာကြီးဖြစ်နေတဲ့ ဖာနီတယောက် အတိတ်မှာဆုံးရှုံးခဲ့ရတဲ့ ဘင်ဒူဆိုတဲ့ အချစ်ဦးကောင်မလေးအကြောင်းကို ဖြည်းဖြည်းချင်း ပြန်ပြောပြရင်း ပရိသတ်တွေကို အဖြူအစိမ်းဘဝတွေဆီ ပြန်ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ ဘင်ဒူဟာ ဖာနီ့ဘဝထဲက ဘယ်လိုထွက်သွားခဲ့တာလဲ၊ သူတို့ပြန်တွေ့ကြမှာလား၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ လွမ်းစရာကောင်းအောင် မြင်တွေ့ခံစားကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Drama
6.3 2025 110 mins
Kaalamega Karigindhi..
The Avengers

ဇာတ်လမ်းက ဂျွန်စတီးဒ် (ရက်ဖ် ဖိုင်းနီးစ်) နဲ့ ဒေါက်တာ အမ်မာ ပီးလ် (အူမာ သရူးမန်း) ဆိုတဲ့ ဗြိတိသျှသူလျှိုအေးဂျင့်နှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်ကို ဗြိတိသျှထောက်လှမ်းရေးဌာနက မားသား (Mother) ဆိုတဲ့ ခေါင်းဆောင်က တာဝန်ပေးပြီး ထူးဆန်းတဲ့ ရာသီဥတုဆိုင်ရာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ စေလွှတ်လိုက်တယ်။ ဒီပြဿနာရဲ့ နောက်ကွယ်မှာ ဆာအော်ဂတ်စ် ဒီဝင်းတာ (ရှောင်ကွန်နရီ) ဆိုတဲ့ ဘီလျံနာ သိပ္ပံပညာရှင်တစ်ယောက်ရှိနေပြီး သူက ရာသီဥတုကို ထိန်းချုပ်နိုင်တဲ့ စက်တစ်ခုနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်ဖို့ ကြံစည်နေတာပါ။ ဇာတ်လမ်းအစမှာ အမ်မာ ပီးလ်ရဲ့ ကိုယ်ပွားတစ်ယောက်က ပရောစပရို (Prospero) ဆိုတဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံစီမံကိန်းကို ဖျက်ဆီးလိုက်တယ်လို့ စွပ်စွဲခံရတယ်။ ဒါပေမယ့် အမ်မာက သူမဟုတ်ဘူးလို့ ငြင်းဆိုပြီး စတီးဒ်နဲ့အတူ တရားခံအစစ်ကို ရှာဖွေဖို့ ထွက်လာတယ်။ သူတို့ရဲ့ စုံစမ်းမှုက ဒီဝင်းတာရဲ့ ဝမ်းဒါလန်းဝါသာ (Wonderland Weather) ဆိုတဲ့ ကုမ္ပဏီဆီ ဦးတည်သွားပြီး ထူးဆန်းတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ထိပ်တိုက်တွေ့ရတယ်။ ဒီအဖွဲ့က အဖွဲ့ဝင်တွေကို ဖုံးကွယ်ဖို့ တက်ဒီဘဲဝတ်စုံတွေ ဝတ်ဆင်ထားတာ။ ဒီလိုနဲ့ စတီးဒ်နဲ့ အမ်မာတို့ ဒီဝင်းတာရဲ့ ကျွန်းတစ်ကျွန်းပေါ်က လျှို့ဝှက်အခြေစိုက်စခန်းကို ရောက်သွားပြီး သူ့ရဲ့ အကြံအစည်ကို တားဆီးဖို့ ကြိုးစားကြတယ်။ အက်ရှင်စပိုင်ဇာတ်လမ်းလေးမို့ အက်ရှင်ကားကြိုက်တဲ့သူတွေ ကြည့်ပျော်မယ်လို့ထင်ပါတယ်ဗျ File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Adventure, Thriller, Science Fiction, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Action • Fantasy • Adventure
0 1998
The Avengers
Endless Journey of Love
6.6

” ဇာတ်ကားတိုင်းက အစရှိသလို အဆုံးသတ်ရှိတယ်…တွေ့ဆုံမှုတိုင်းရဲ့ အဆုံးသတ်က ခွဲခွာခြင်းတဲ့…ဒါပေမယ့် ရုပ်ရှင်လေး ဇာတ်သိမ်းသွားမှာကို မကြောက်မိဘူး…ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်ကို အတူကြည့်နေတဲ့သူက မင်းဖြစ်နေလို့ပဲ…” ဒီကားလေးကိုလေ ဘယ်လိုညွှန်းရမယ်ကိုမသိဘူး… ဇာတ်လမ်းအစက ဇာတ်သိမ်းဖြစ်သလို ဇာတ်သိမ်းက ဇာတ်လမ်းအစလို့ပဲပြောပါရစေ…. အချိန်ခရီးသွားကို အခြေခံတဲ့ ဇာတ်လမ်းတွေအားလုံးထဲမှာ တော်တော်ငိုရတဲ့ ကားလေးလို့ပြောရမယ်…. ဒီကားလေးမှာ တံငှာရွာလေးထဲ ဘဝကို အေးဆေးဖြတ်သန်းရတာကို ဝမ်းနည်းပူဆွေးနေတဲ့ ချန်ရှောင်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်…. ဒါကြောင့်လည်း သူက သူ့ကို ကယ်တင်ထားတဲ့ အဖိုးကြီးမသိအောင် ခိုးထွက်ဖို့ပဲ ကြိုးစားနေတာပေါ့… ဒီလိုနဲ့တစ်နေ့မှာ ခိုးထွက်လို့အောင်မြင်ပြီး သင်္ဘောတစ်ခုနဲ့ ခိုးလိုက်ပြီးချိန်မှာတော့… သူလည်း သွားချင်တဲ့ တတုံးဟွေ့ (မြို့ကြီး)ကိုရောက်လာပြီးတော့ ထူးထူးခြားခြား ဝရမ်းပြေးလေး ရှီချီနဲ့ဆုံတာပေါ့… တစ်ချိန်တည်းမှာပဲ ထူးထူးခြားခြား ခရုခွံပုံနဲ့ ရွှေပြားလေးကိုလည်း ရလိုက်သေးတယ်… အဲ့ခရုခွံလေးက အချိန်တွေကို ရပ်ပေးနိုင်သလို သာမန်ထက်မြန်တဲ့ မြန်နှုန်းနဲ့လည်း သွားလာနိုင်တယ်တဲ့…ကဲကဲကဲ… ဒီခရုခွံလေးနဲ့ ချန်ရှောင်းတစ်ယောက် ဘာတွေလုပ်မှာလဲ…ရှီချီး ဝရမ်းပြေးဖြစ်တာကရော ဒီခရုခွံလေးနဲ့ဘယ်လိုပတ်သက်နေတာလဲ… နောက်တော့ သူတို့ ၂ ယောက်ရော ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ကြပါတော့ကွယ်…

Romance
6.6 2025
Endless Journey of Love