YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bros.and.Marble.S01E04.1080p.CM.mp4

1.68 GB N/A video/mp4 46 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Throw Down
6.9

Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ သူတို့ရဲ့ ကာရိုက်တာChemistryထဲ ဝင်လာတဲ့ နောက်ကာရိုက်တာက Cherrie Yingရဲ့ မိုနာ။ သူလည်းရှေ့က ၂ကောင်လို ဗရုတ်သုတ်ခဘဝထဲ နေနေတာပဲ။ အဆိုတော်ဖြစ်ချင်ပေမဲ့ အသံကမကောင်း အေးဂျင့်က အောကားရိုက်ခိုင်းဖို့လုပ်ရာက အေးဂျင့်နဲ့ ပြဿနာတက်နေတဲ့ ကောင်မလေးပါပဲ။ သူ့ကာရိုက်တာက တစ်မျိုးတော့ဆန်းတယ်။ အိမ်လခမပေးနိုင်တာ ၆လရှိပြီမို့ အိမ်ရှင်ကမောင်းချတာကို ခေါက်ဆွဲစားရင်း မထုံတတ်သေး လမ်းပေါ်ရပ်နေတာလည်း ဂကြောင်နဲ့ကို တော်တော်ဆွဲဆောင်မှုရှိတဲ့အခန်းပါပဲ။ တိုနီလျောင်ခဖိုင်ကတော့ ခပ်ကြမ်းကြမ်းဇာတ်ပို့သက်သက်ပေါ့။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ထက် ဇာတ်ကောင်တွေကို ဦးစားပေးထားတယ်ဆိုပေမဲ့လည်း ဂျပန်သိုင်းပညာဖြစ်တဲ့ ဂျူဒိုကို အဓိကအခရာအဖြစ် ဇာတ်အိမ်တည်ထားပြီး ကူရိုဆာဝါရဲ့ ပွဲဦးထွက်ရုပ်ရှင် Sanshiro Sugataအကြောင်းလည်း ထည့်ပြောရင်း အဲဒီရုပ်ရှင်လိုပဲ စိန်ခေါ်သိုင်းချတဲ့အခန်းတွေကို ဦးစားပေး ရိုက်ကူးထားသလို ကူရိုဆာဝါကိုလည်း ဂုဏ်ပြုကြောင်း ထည့်သွင်းရေးထားတဲ့ ကူရိုဆာဝါကို Homage ပေးထားတဲ့ ရုပ်ရှင်ပါပဲ Throw Downဟာ Johnnie Toအရိုက်များတဲ့ ခပ်ကြမ်းကြမ်းပုံစံကနေ နည်းနည်းခွဲထွက်ပြီး သူ့မူလထက် နည်းနည်းပေါ့ပါးတဲ့ ပုံစံနဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သို့ပေမဲ့ သူရဲ့ဟန်လိုဖြစ်နေတဲ့ Darkဆန်တဲ့ ဟန်ကနေတော့ ခွဲမထွက်သွားပါဘူး။ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ရှေးဆရာကြီးတွေဖြစ်ခဲ့တဲ့ Louis kooတို့ တိုနီလျောင်ခဖိုင်တို့အပြင် တရုတ်ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Aaron Kwok တို့ကတော့ main castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Aaron Kwokဟာ သရုပ်ဆောင်ကောင်းလှတဲ့သူ မဟုတ်ပေမဲ့ Johnnie Toဟာ အကောင်းဆုံးဖြစ်အောင် ထည့်သွင်းနိုင်ခဲ့တယ်လို့လည်း ပြောကြပါတယ်။ ဟုတ်မှာပါ။ ဒီထဲက Aaron Kwok ကာရိုက်တာဟာ တော်တော်လေး သဘောကျစရာကောင်းပါတယ်။ 2021မှာ art filmကားကောင်းတွေကိုပဲ ကွာလတီကောင်းကောင်းနဲ့ ပြန်ထုတ်ပေးတဲ့ The Criterion Collectionက throw downကို 4kပြန်ထုတ်ပေးခဲ့ပြီး တရုတ်ရှပ်ရှင်ဆုပေးပွဲတွေမှာ Best Pictureတို့ Best Directorတို့ ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Johnnie Toလည်း ကားမရိုက်တာကြာပြီဖြစ်တဲ့အတွက် ဟောင်ကောင်ရွှေခေတ်က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေအတွက် Throw Downဟာ ကြည့်ကိုကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.9GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:35:00 Type__Action, Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Comedy • Drama • Family
6.9 2004 95 mins
Throw Down
The Adventures of Peanut and Pig

ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ animation ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ပင်လယ်ကျွန်းမျောပေါ်မှာ တည်ရှိတဲ့ ဂူလာကျွန်းကြီးဟာ ဆိုရင်တော့ဖြင့် သက်ရှိသတ္တဝါတို့ရဲ့ အားထားမှီခိုရာဗိမ္မာန် လေးတစ်ခုပေါ့။ သီးစုံပန်းမန်တွေနဲ့ ပျော်စရာအတိပြည့်နေတဲ့ ဂူလာကျွန်းကြီးက တစ်နေ့မှာ‌တော့ ပင်လယ်ရေအောက်ထဲကို စုံးစုံးနစ်မြုပ်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒီကျွန်းကို ကယ်တင်ဖို့အတွက် အပျော်အပါးနဲ့ မိန်းကလေး ကိစ္စကလွဲရင် ကျန်တာစိတ်မဝင်စားတဲ့ ဖီးနတ် ဆိုတဲ့ မျောက်တစ်ကောင်အား ဂူလာကျွန်းကိုကယ်တင်ဖို့ တာဝန် ပေးအပ်လိုက်တဲ့အခါမှာတော့။ ဖီးနတ်က သူ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါ့မလား၊ ဖီးနတ်ရဲ့ကောင်းမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့ထဲ ပါသွားရရှာတဲ့ ဘဝမှာ အစားအသောက်သည်သာ နံပါတ်တစ်ဆိုတဲ့ ဝက်ကလေး ပစ်ဂ် ကရော ဒီခရီးစဉ်မှာ ဘယ်လိုတွေ ကြံစည်ဦးမလဲ။ ဂူလာကျွန်းကြီး နစ်မြုပ်ရတဲ့ အဓိကတရားခံကရော ဘာကြောင့် ဖြစ်နိုင်မလဲ စတဲ့ သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစားကြည့်ရှု့နိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ယူတတ်ရင်ပညာ ဆိုသလို စော်ကြည်ဘဲလေး ဖီးနတ်ရဲ့ ကောင်မလေးတွေကို ချုပ်နည်း၊ ကြူနည်းကျမ်းများကိုလည်း တွေ့ရှိ ရဦးမှာမို့  ဇာတ်လမ်းကြည့်ရင်း  လေ့လာသင်ယူနိုင်ပါကြောင်း ထပ်လောင်းပြောလိုက်ပါရစေ‌ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size - (1.58 GB) / (853 MB) Quality – Web-Rip 1080p/ 720p Duration - 1Hr 15mins Subtitle – Myanmar Hardsub Format – MP4 Genre : Animation, Adventure Translator – May Thet Khine Soe Encoder – SWM

Action • Drama
0 2022 75 mins
The Adventures of Peanut and Pig
Side Effect
5.1

Side Effects (2020) IMDb 5.1 Horror/Thriller အဆိုတော်အိုလီယာနဲ့ ယောကျာ်းဖြစ်သူအန်ဒရေးတို့နှစ်ယောက်ဟာ ထင်မှတ်မထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုရှိ‌ခဲ့ပါတယ် ဒီအတိတ်ဖြစ်ရပ်ဆိုးတွေကနေရုန်းမထွက်နိုင်တဲ့ အိုလီယာကိုကြည့်မနေနိုင်တော့တဲ့ အန်ဒရေးတစ်ယောက် နာမည်ကြီးဆရာမတစ်ယောက်ဆီသွားပြီး အိုလီယာ့မှတ်ဉာဏ်တွေကိုဖျက်ပေးဖို့ အကူအညီတောင်းခဲ့တယ် ဆရာမကမှိုတစ်ပွင့်ပေးလိုက်ပြီး သူမရှိချိန်သူ့အိမ်ကိုစောင့်ရှောက်ပေးဖို့အပေးအယူလုပ်လာတော့ အိမ်ပြောင်းချင်နေတဲ့အန်ဒရေးအတွက်လည်း လက်လွှတ်မခံဘဲသဘောတူမိလိုက်ပါတယ် ဒီလိုနဲ့အိမ်ပြောင်းနေရာကစပြီး အိမ်ကြီးမှာထူးဆန်းတာတွေတွေ့ကြုံလာရင်း တစ်နေ့မှာ မိန်းမဖြစ်သူအိုလီယာဟာပျောက်ဆုံးသွားတဲ့အခါ… ဘာတွေဆက်ဖြစ်မှာလဲ ဒီအိမ်ရဲ့ရာဇဝင်ကရောဘာဖြစ်မလဲ သူ့မိန်းမကိုရောရှာတွေ့မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်

Comedy
5.1 2020
Side Effect
What to Expect When You’re Expecting
5.7

ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ် ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ် ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါ နောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူး နောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ် နောက်စုံတွဲကတော့ ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမွေးစားဖို့ ကြိုးစားနေတဲ့ ဟော်လီနဲ့ အဲလက်စ်ပါ ဟော်လီက ကလေးအရမ်းလိုချင်နေပေမဲ့ အဲလက်စ်ဘက်ကတော့ သိပ်မသေချာပါဘူး စိုးရိမ်စိတ်တွေများနေပါတယ် နောက်ဆုံးစုံတွဲကတော့ ကျောင်းတော်က ရန်စဟောင်း ရိုစီနဲ့ မာကိုပါ မာကိုက ရိုစီကို အထက်တန်းတုန်းက ပလေးသွားခဲ့ဖူးပါတယ် အခုလည်း စီးပွားရေးချင်း အပြိုင်အဆိုင်တွေဖြစ်ပြီး ရန်စောင်နေကြပါတယ် ဒီစုံတွဲတွေမှာ တူညီတာတစ်ခုက မိဘဖြစ်ဖို့ ပြင်ဆင်နေကြတာပါ ဒါပေမဲ့ ဘဝဆိုတာ ထင်မထားတာတွေ ဖြစ်လာတတ်တော့ အရာအားလုံး သူတို့စီစဉ်ထားသလို ဖြစ်မလာပါဘူး ဂျွမ်းထိုးမှောက်ခုံနဲ့ အလွဲလွဲ အချော်ချော်ဖြစ်ကြတာတွေကို ရိုက်ပြထားပါတယ် ပေါ့ပါ့ပါးပါး ဇာတ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်) File size…1.79 GB/ 781.1 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

5.7 2012
What to Expect When You’re Expecting
Bullitt
7.4

Bullitt (1968) ~ IMDb – 7.4/10, RT – 98%, Meta – 81% ~ ၁၉၆၈ ခုနှစ်က မှုခင်းအက်ရှင်ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ Warner Bros. production ရဲ့ ဇာတ်ကားကြီးပေါ့။ အဲဒီခေတ်က အကြီးကျယ်အခမ်းနားဆုံးဆိုတဲ့ ဆန်ဖရန်စစ်စကိုလမ်းမပေါ်မှာ ကားချင်းယှဉ်မောင်းပြီး လူဆိုးလိုက်ဖမ်းတဲ့ဇာတ်ဝင်ခန်းက သမိုင်းတွင်ခဲ့ပါသတဲ့။ ဇာတ်ကားက Box Office မှာလည်း Hit ဖြစ်ခဲ့ပြီး လေးသန်းလောက်သုံး၊ သန်းလေးဆယ်ကျော်ပြန်ရခဲ့တာဆိုတော့ ဒီဘက်ခေတ်ငွေတန်ဖိုးနဲ့တွက်ကြည့်ရင် တကယ့်ငွေပမာဏပဲဗျ။ အော်စကာဆုပေးပွဲကြီးမှာလည်း ရုပ်ရှင်တည်းဖြတ်ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တဲ့ဇာတ်ကားကြီးပါ။ ဒီဘက်ခေတ်အမြင်နဲ့တော့ သိပ်မစွံလှဘူးပေါ့လေ။ အမေရိကန် ရုပ်ရှင်ထိန်းသိမ်းရေးအဖွဲ့ကြီးက ရွေးချယ်လိုက်တဲ့ သမိုင်းအရ၊ ယဉ်ကျေးမှုအရ၊ လှပမှုအရ ထူးခြားပြောင်မြောက်သော ဇာတ်ကားကြီးပါတဲ့ဗျို့။ ဒီတော့ ဟိုဘက်ခေတ်တွေက ဂန္ထဝင်ရုပ်ရှင်ကြီးကို ပြန်မြည်းစမ်းလို့ရပြီပေါ့လေ။ မင်းသားကြီးကတော့ Steve McQueen ပဲဗျာ။ ၆၀ ခုနှစ်ရဲ့ မင်းသားဘုရင်ကြီး၊ အလန်းစားတို့ရဲ့ ထီးဆောင်းမင်းဘွဲ့ရကြီးဗျို့။ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ အမိုက်စားဇာတ်ကားတွေမှာ ဦးဆောင်ရိုက်ကူးခဲ့တဲ့ အကယ်ဒမီမင်းသားကြီး‌ပေါ့ဗျာ။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီး။ သူ့ကို Magnificent Seven (1960) မှာ ကြယ်ပွင့်မင်းသားကြီးတွေထဲကတစ်ယောက်အဖြစ် မြင်ခဲ့ရဖူးတယ်။ ဇာတ်ပို့မင်းသားကြီးကတော့ သူ့ရဲ့တွဲဘက် Robert Francis Vaughn ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီခေတ်က မင်းသားဇာတ်ဆိုတော့ မင်းသမီးက တစ်ခန်းနှစ်ခန်း ပါရတာမျိုးပေါ့လေ။ ဒါပေမဲ့ မင်းသမီးကြီး Jacqueline Bisset ရဲ့ ပစ်ရက်စရာမရှိတဲ့ငယ်အလှကို တိတ်တခိုးဂလုရဖို့လည်း ရှိနေသေးဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ အောက်လွှတ်တော် ဆီးနိတ်ကြားနာမှုတစ်ခုမှာ သက်သေထွက်ရမယ့် အရေးကြီးသက်သေတစ်ယောက်ကို သက်သေကာကွယ်ရေးပေးရတာက စတာပဲဗျ။ မင်းသားက ရဲအုပ် ဖရန့်ခ် ဘူးလစ်တ်။ သူ့ကာကွယ်မှုအောက်မှာ သက်သေက လုပ်ကြံခံလိုက်ရလို့ ဇာတ်ရှုပ်ကြီးကို ရှင်းရတဲ့ မှုခင်းဇာတ်ကားပါ။ ဇာတ်အိမ်က သိပ်မရှုပ်ပေမယ့် တည်းဖြတ်သူက ပညာခပ်ပါးပါးပြနေတဲ့အတွက် အပိုင်းလေးတွေကို ဆက်ယူနေရသလို ဖီလင်တော့ ရနိုင်ပါတယ်။ သေသွားတဲ့သက်သေနဲ့ ရဲအုပ် ဖရန့်ခ် တစ်ယောက် ဘယ်လိုဉာဏ်ကစားပြီး လူဆိုးတွေနဲ့ အပြိုင်ကြဲရလဲဆိုတာ ကြည့်လိုက်ကြရအောင်ဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 910MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 42Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.4 1968 113 mins
Bullitt
Schumacher
7.4

Schumacher (2021) ============== IMDb Rating – 7.4/10 ” Michael Schumacher ” ကားတွေနဲ့အတူတူမွေးဖွားလာသူတစ်ယောက် လို့တောင် တင်စားရမလိုပါပဲ။ ၆နှစ်သားအရွယ်ကတည်းက Go-Kart ( Sport Car အသေးစား ) တွေကို Service ပိုင်းစစ်ဆေးတတ်နေပါပြီ။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ World Driver’s Championship ကို 7ကြိမ်တိုင်တိုင်ဆွတ်ခူးထားပြီး၊ အအောင်မြင်ဆုံးကစားသမားအဖြစ် ဗြိတိန်နိုင်ငံသား Lewis Hamilton နဲ့ပူးတွဲ ရပ်တည်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ သူ့ရဲ့ အမြန်ဆုံးမောင်းနှင်ထားနိုင်တဲ့ ပတ်လမ်းစုစုပေါင်း 77ပတ် ဆိုတဲ့စံချိန်ကို ချိုးဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာ Jordan, Benetton, Ferrari နဲ့ Mercedes တို့အတွက် ကိုယ်စား ပြုမောင်းနှင်ပေးခဲ့ပြီးတော့ ပထမဆုံး World Championship ကို 1994 ခုနှစ်မှာ Benetton နဲ့အတူရယူနိုင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပါ။ အအောင်မြင်ဆုံးနဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေကတော့ Ferrari နဲ့အတူလက်တွဲခဲ့တဲ့ 1996 ကနေ 2006 ထိ 10 နှစ်တာကာလပဲဖြစ်ပါတယ်။ Ferrari နဲ့အတူတူ 2000 ကနေ 2004 ခုနှစ်ထိ ၅နှစ်ဆက် World Championship ကိုရယူနိုင်ခဲ့တာက Schumacher ကို ဖော်မြူလာဝမ်းလောကရဲ့ GOAT တစ်ပါးလို့ သတ်မှတ်ခံခဲ့ရသလို လက်ရှိအကောင်းဆုံး ဒရိုင်ဘာဖြစ်တဲ့ Hamilton တောင် မချိုး ဖျက်နိုင်သေးတဲ့ Record ပဲဖြစ်ပါတယ်။ ကဲပြောတာလည်းများသွားပြီးတော့ Michael Schumacher တစ်ယောက်ရဲ့ အနိမ့်အမြင့် အတက်အကျဘဝဇာတ်ကြောင်းတွေကို ရိုက်ပြထားတဲ့ Schumacher ဆိုတဲ့ Documentary ဇာတ်ကားလေးကိုကြည့်ရှုခံစား လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(4 GB) / (1.5 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Sport Translator…….Thetti Tun Encoder……….Zin Phyo Aung

7.4 2021
Schumacher
Just the Two of Us
6.6

လူတွေပြောနေကျ စကားတစ်ခွန်းရှိတယ်…။ အချစ်တစ်ခုတည်းနဲ့မပြည့်စုံဘူး…နှစ်ကိုယ်တူဘဝတည်ဆောက်ဖို့ဆို မေတ္တာ၊သစ္စာ၊ ဥစ္စာ ပြည့်စုံဦးမှ ဘာဘာညာညာပေါ့….။ ဒီအရာတွေပြည့်စုံပြီပဲထား နှစ်ယောက်တစ်ဘဝကို တကယ်တမ်းတည် ဆောက်လို့ရပြီလား ခိုင်မြဲပြီလား…..။ ဒီအချက်တွေအပြင် ကျွန်တော်တို့ မျက်စိအောက်တင်ဘဲ မေ့လျော့နေခဲ့တဲ့ အခြားအရေးကြီးအချက်ရှိပါသေးတယ်…။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် mental support၊စိတ်ခွန်အားပေးဖို့၊ တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို အလေးထားပြီး psychological freedom သူ့ကိုယ်ပိုင်စိတ်လွတ်လပ်ခွင့်ထားပေးဖို့လည်းလိုပါသေးတယ်….။ ဒါတွေ မပေးဆပ်နိုင်ဘဲ အရမ်းချစ်တယ်ဆိုပြီး နှုတ်ကသာ တစ်ဖွဖွ ချစ်တယ်ပြောရင်းနဲ့…. ကိုယ့်လက်တွဲဖော်ကို အပိုင်သိမ်းပိုက်ချုပ်ချယ် ထားချင်မယ်ဆိုရင်တော့ ကိုယ့်အချစ်ကသူ့အတွက် မွန်းကြပ်စရာတွေ သာဖြစ်လာမှာပါ…။ ဒီအချိန်ကျရင်တော့ အချစ်ဟာကြောက်ဖို့ကောင်းသွားပြန်ပါပြီ…။ အတ္တအချစ်စိတ်ဟာ ဘယ်လောက်ထိ မွန်းကြပ်စေနိုင်လဲ၊ ဘယ်လိုရုန်းထွက်မှလွတ်မလဲဆိုတာကို ဒီပြင်သစ် psychological dramaလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.68 GB / 868 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.6 2023
Just the Two of Us
Neneh Superstar

ယ‌ခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုး‌တွေရှိလာပါတယ်…ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်…. ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ…သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
Neneh Superstar
Bad Hombres

Bad Hombres Knights of the Zodiac, Muzzle, On My Blockတို့လို ရုပ်ရှင်စီးရီးကောင်းတွေထဲက မင်းသား တစ်လက်ဖြစ်တဲ့ Diego Tinocoနဲ့အတူ Queen of the South, Peter’s to do list, Rango, Spiderman (Tom Holland’s versions), Perry Masson စတဲ့ ရုပ်ရှင်စီးရီးကောင်းတွေနဲ့ လူသိများကြတဲ့ Hemky Maderaတို့က ဇာတ်လမ်းကို အတိုင်ဖောက်ညီညီ ဦးဆောင်ထားကြပါတယ်။ ဒါ့အပြင် Tyrese Gibson၊ Luke Hemsworth၊ Thomas Janeတို့လို actors တွေကပါ ဇာတ်လမ်းကို ပိုပြီး အဓိပ္ပာယ်ရှိသွားအောင် အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဖီးလစ်က အီကွေဒေါလို ဆင်းရဲတဲ့နိုင်ငံကနေ မိသားစုကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကြိုးစားမယ်ဆိုပြီး အမေရိကန်နိုင်ငံဆီမှာ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းလာပါတယ်။ ဖီးလစ် တစ်ယောက် အမေရိကန်ကို ရောက်ရောက်ချင်း ပထမဆုံး အလုပ်လုပ်တဲ့နေ့မှာတင် မထင်မှတ်တဲ့ အလုပ်တစ်ခုကို လုပ်ရပါတော့တယ်။ ဘုမသိပါ့မသိနဲ့ ပိုက်ဆံရမယ့် အလုပ်ဖြစ်ပြီးရင် ပြီးရောဆိုပြီး လိုက်သွားရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ ….. သူနဲ့အလုပ်တွဲလုပ်ရတဲ့လူက ပုံမှန်သာမန်အလုပ်သမား မဖြစ်နေတဲ့အခါမှာတော့ ….ဘယ်လိုဒုက္ခမျိုးတွေကို ဖီးလစ်တစ်ယောက် တွေ့ကြုံရမလဲ၊ သူ ဒီဒုက္ခတွေကို ကျော်ဖြတ်နိုင်ပါ့မလား၊ သူ့အနောက်ကနေ လိုက်လာတဲ့ လူသတ်သမားတွေရဲ့ရန်ကနေရော လွတ်မြောက်နိုင်ပါ့မလား၊ အစရှိတာတွေကို actionဆန်ဆန်လေး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.3 GB)/(702 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Bad Hombres
The Knight of Shadows: Between Yin and Yang
4.9

သိုင်းပညာရှင်ဖူဆောင်လင်(Jackie Chan)က လူသားတွေကိုရန်ပြုတဲ့မိစ္ဆာတွေကို ဖမ်းဆီးနှိမ်နင်းသူဖြစ်တယ်။ မိစ္ဆာဖမ်းဆီးသူပီပီ ဝေယျာဝစ္စခိုင်းတဲ့မိစ္ဆာတပည့်လေးကောင်လည်းရှိတယ်။ ဆရာဖူက မိစ္ဆာတစ်ကောင်ဖမ်းပြီးတိုင်း မိစ္ဆာဖမ်းရင်းကြုံရတဲ့အဖြစ်အပျက်တွေကို ဇာတ်လမ်းပြန်ရေးပြီး စာအုပ်ထုတ်ရောင်းလေ့ရှိတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဆရာဖူရဲ့စွန့်စားခန်းထဲမှာမှကြုံတွေ့ရမဲ့ လူသားနဲ့မိစ္ဆာကြားကလွမ်းဆွေးဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့အတူ ဟာသနဲ့အဆွေး ဆန့်ကျင်ဘက်ခံစားချက်နှစ်မျိုးကိုပေါင်းစပ်ခံစားလို့ရမယ့်ကားတစ်ကားဖြစ်ပါတယ်။ Comedy/ Fantasy Action/ Romance Fanတွေအတွက် အကြိုက်တွေ့မယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ File size…(3.2 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre… Action, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

4.9 2019 108 mins
The Knight of Shadows: Between Yin and Yang
Forever the Lioness Roars
5.8

လွန်ခဲ့တဲ့နှစ်(၃၀၀)တုန်းက မြစ်တစ်စင်းနဲ့ မိစ္ဆာနယ်နဲ့ လူသားနယ်မြေကိုခွဲခြားထားပြီး ဘိုးဘေးတွေသဘောတူညီချက်နဲ့ နှစ်ဖက်လုံးကမြစ်ကိုကူးပြီးမကျူးကျော်ဖို့ကတိထားခဲ့တယ်လို့ဆိုကြတယ်။ ဒါပေမယ့် မိစ္ဆာမျိုးနွယ်တွေကစည်းကမ်းကို တိတ်တဆိတ်ချိုးဖောက်လာတဲ့အချိန်မှာ လီယွဲ့အော်ဆိုတဲ့ မိစ္ဆာဖမ်းသူမိန်းကလေးဟာ ဒီတိုင်းကြည့်မနေနိုင်တော့ပဲ မိစ္ဆာနှိမ်နင်းတဲ့အလုပ်ကိုအင်တိုက်အားတိုက်လုပ်လာခဲ့ပါတယ်။ လီယွဲ့အော်ကိုရင်ဆိုင်ဖို့ မိစ္ဆာလောကမှာသိုင်းပြိုင်ပွဲကြီးကျင်းပပြီး မိစ္ဆာလောကသူရဲကောင်းတစ်ယောက်ကိုရွေးချယ်ခဲ့ကြတယ်။ မိစ္ဆာမင်းကြီးဟာ မိစ္ဆာလောကသူရဲကောင်းကိုစေလွှတ်ပြီး လီယွဲ့အော်ကိုလုပ်ကြံစေခဲ့တယ်။ သွားတုန်းကတော့လုပ်ကြံသတ်ဖြတ်ဖို့သွားတာပါပဲ ဒါပေမယ့် ဖူးစာရှာနေသူလီယွဲ့အော်ရဲ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားချိန်မှာ လီယွဲ့အော်နဲ့လက်ထပ်ပြီး လင်မယားဖြစ်သွားကြတော့…… မိစ္ဆာသူရဲကောင်းလေးကသူ့ရဲ့တာဝန်ကိုကျေပွန်အောင် လီယွဲ့အော်ကိုလုပ်ကြံနိုင်ပါ့မလား…… မိစ္ဆာဖမ်းသူလီယွဲ့အော်ကရော မိစ္ဆာနဲ့လက်ထပ်မိမှန်း သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာမလဲ……

5.8 2024
Forever the Lioness Roars
Bagavathi aka Bhagavathy
5.7

Bagavathi aka Bhagavathy (2002) ( ဘာဂါဗာသီ ) ဒီဇာတ်ကားကတော့ တမီးလ်ရုပ်ရှင်ကားပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ၂၀၀၂ ခုနှစ်ထွက် IMDb 6.1/10ရထားတဲ့ အက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီကားဟာ Box Office မှာ ဈေးကွက်အရအောင်မြင်ခဲ့တဲ့အပြင် 2004, 2005 မှာပါ တခြားနာမည်နဲ့ Remake ပြန်ရိုက်ခဲ့ပါသေးတယ်။ မင်းသားကလည်း အိန္ဒိယနိုင်ငံရဲ့ သျှမ်းသျှမ်းတောက် မင်းသားကြီးဗီဂျေးဆိုတော့ အထွေအထူးညွှန်းစရာလိုမယ်မထင်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ – လူတိုင်းမှာ နေ့ရက်တွေအတွက် အမှတ်တရတွေရှိကြပါတယ်။ ပျော်စရာနေ့ ဝမ်းနည်းစရာနေ့စသဖြင့်ပေါ့။ ဇွန်လ ၁၅ ရက်နေ့ကတော့ ဘာဂါဗာသီအတွက် မမေ့နိုင်မယ့်ရက်စွဲတွေထဲကတစ်ခုပါ။ အဲဒီနေ့ဟာ သူချစ်ရတဲ့ သူ့ညီလေး ဂူနာရဲ့မွေးနေ့ဖြစ်ပါတယ်။ ဘာဂါဗာသီက သူ့ညီကို ချစ်လွန်း တန်ဖိုးထားလွန်းလို့ သူကိုယ်တိုင် လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ခြစ်ခြစ်ကုပ်ကုပ်ကြိုးစားစုဆောင်းကာ သူ့ညီကို ဆေးကျောင်းထားပေးခဲ့တာပါ။ ဂူနာလေး ဆရာဝန်ကြီးဖြစ်လာပြီး သူ့ဘဝမြင့်တက်လာဖို့က သူ့ရဲ့တစ်သက်တာ အိပ်မက်ပဲဖြစ်ပါတယ်။ အဲဒီအိပ်မက်ဟာ ပရီယာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် ဂူနာ့ဘဝထဲ ဝင်ရောက်လာပြီးတဲ့နောက်မှာ ကွဲကြေ ပျက်စီးသွားပါတော့တယ်။ ဂူနာနဲ့ ပရီယာရဲ့ချစ်ဇာတ်လမ်းကို လက်မခံနိုင်တဲ့ ပရီယာ့ရဲ့အဖေကြောင့် ရှင်ကွဲ ၊ သေကွဲအမျိုးမျိုးတွေ့ကြုံလာရပြီးတဲ့နောက်မှာ ဖြူစင်ဖြောင့်မတ်တဲ့ ချစ်စရာလူရိုးကြီးဘာဂါဗာသီတစ်ယောက်ရဲ့ ပြောင်းလဲသွားပုံတွေကို အဆိုအက ၊ အလွမ်းအဆွေး ၊ အသတ်အပုတ် ဇာတ်လမ်းဇာတ်ကွက်စုံလင်စွာနဲ့ ကြည့်ရှုနိုင်မှာပါပဲဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွန်းကို CM Bollywood Team မှ ရေးသားထားပါတယ် )

5.7 2002 160 mins
Bagavathi aka Bhagavathy
Ever After: A Cinderella Story

Ever After: A Cinderella Story (1998) *********************************** ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်… ကလေးဘဝကတည်းက ကြိုက်နှစ်သက်ခဲ့ကြတဲ့ စင်ဒရဲလားရဲ့ဇာတ်ကြောင်းကိုတော့… အထူးမိတ်ဆက်ပေးစရာမလိုလောက်ဘူး ထင်ပါတယ်။ ဒါပေမယ့် ဒီကားလေးမှာ… စင်ဒရဲလားရဲ့ ဘယ်လိုဗားရှင်းလေးနဲ့ ပုံဖော်သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ… မင်းသမီးကြီး Drew Barrymore ရဲ့ ချစ်စရာကောင်းတဲ့ဟန်လေးတွေနဲ့ … စင်ဒရဲလားအသစ်ကလေးတစ်ယောက်ကို မြင်ရမှာပါ…သူ့ဇာတ်လမ်းဇာတ်အိမ်သီးခြားလေးနဲ့ … မူလကျောရိုးမပျက် ဇာတ်လမ်းလေးကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။ ၁၉၉၈တုန်းက ရိုက်ခဲ့တာဆိုပေမဲ့… Drew Barrymoreရဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်လေးတွေကိုကြည့်ရတာနဲ့တင်… ရှေးဟောင်းကားတစ်ကားဆိုတာတောင် မေ့သွားလောက်မှာပါ … ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah wah Theint ပဲ ဖြစ်ပါတယ် File Size : 2.54GB / 980MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 02:01:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Heather Oo

0 1998 121 mins
Ever After: A Cinderella Story
Like for Likes
6.8

Like for Likes (2016) ******************** IMDb… 6.8 ခေတ်သစ်လူမှုဘဝမှာ ဆိုရှယ်မီဒီယာကို အခြေခံပြီး ချစ်ခြင်းမေတ္တာကို ဖော်ကျူးကြတဲ့ စုံတွဲသုံးတွဲအကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Kim Joo-hyeokနဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Yoo Ah-in, Kang Ha-neul, Choi Ji-woo, Lee Mi-yeon, Esom တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း နိုဂျင်အူ (Yoo Ah-in)ဟာ စစ်မှုထမ်းပြီးတာ မကြာသေးတဲ့ နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဂျိုဂယောင်းအာ (Lee Mi-yeon) ကတော့ ဇာတ်လမ်းတွဲတွေရေးတဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ ဂယောင်းအာက သူ့ရဲ့ဇာတ်လမ်းတွဲအသစ်ထဲမှာ ပါဝင်ဖို့ နိုဂျင်အူကို ကမ်းလှမ်းခဲ့ပေမဲ့ နိုဂျင်အူကတော့ ငြင်းပယ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မင်္ဂလာဆောင်တစ်ခုမှာ နိုဂျင်အူဟာ ဂယောင်းအာရဲ့သားလေး ဘုမ်းလေး ကို ရုတ်တရက် တွေ့လိုက်ရပြီးတဲ့နောက်မှာ အတိတ်က ဇာတ်လမ်းတစ်ခုကြောင့် ဘုမ်းလေးက သူ့ကလေးများဖြစ်နေမလားဆိုတဲ့ သံသယတွေ ဝင်လာခဲ့ပါတော့တယ်။ ဂျောင်ဆောင်ချန်း (Kim Joo-hyuk) ကတော့ ဂျပန်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ချစ်သူနဲ့ လက်ထပ်ပြီးရင် အတူနေဖို့အတွက် တိုက်ခန်းလေး တစ်ခန်း ငှားရမ်းဖို့လိုက်ရှာရင်းကနေ လေယာဥ်မယ်လေး ဟမ်ဂျူရန် (Choi Ji-woo) ဆီကနေ အခန်းငှားရမ်းဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကံအကြောင်းမလှချင်တော့ ဆောင်ချန်းဟာ ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံလိုက်ရပြီးနောက် တစ်ချိန်တည်းမှာပဲ ဂျူရန်ကလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ရာကနေ ပိုက်ဆံအလိမ်ခံလိုက်ရပြီး ခိုကိုးရာမဲ့နေချိန်မှာ ဆောင်ချန်းက သူငှားထားတဲ့ တိုက်ခန်းမှာ ဂျူရန်နဲ့ အတူနေထိုင်ဖို့ လမ်းလှမ်းဖြစ်ခဲ့ပါတယ်။ အီဆူဟို (Kang Ha-neul) ကတော့ သီချင်းရေးဆရာတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းသားဘဝတုန်းက ကားမတော်တဆမှုကြောင့် အကြားအာရုံချို့ယွင်းခဲ့ရသူပါ။ သူဟာ ဆောင်ချန်းရဲ့စားသောက်ဆိုင်က ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ပြီး တစ်နေ့မှာတော့ စားသောက်ဆိုင်ထိုင်နေရင်း ဇာတ်လမ်းတွဲ ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ဂျန်နာယွန်း (Esom) နဲ့ တွေ့ဆုံခဲ့ရာကနေ နှစ်ဦးသား ရင်းနှီးသွားကြပါတော့တယ်။ အဲဒီနောက်မှာ facebookကနေတစ်ဆင့် မက်ဆေ့ချ်တွေ အပြန်အလှန် ပို့ခဲ့ကြပြီး နှစ်ဦးသား ဒိတ်တွေလည်း လုပ်ခဲ့ကြပေမဲ့ ဆူဟိုဟာ သူ့ရဲ့ အကြားအာရုံချို့ယွင်းမှုအကြောင်းကို နာယွန်းကို ဖွင့်မပြောနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။ ဒီစုံတွဲလေး သုံးတွဲရဲ့ အချစ်ဇာတ်လမ်းလေး သုံးပုဒ်ဟာ နောက်ဆုံးမှာ ပျော်ရွှင်ဖွယ်အဆုံးသတ်လေးဖြစ်သွားနိုင်မလား…. ဆိုရှယ်မီဒီယာကို အသုံးပြုပြီး သူတို့ရဲ့ အချစ်တွေကို ဘယ်လိုဖော်ကျူးသွားမှာလဲ….ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.75GB/ 850MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:49:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

Action • Drama
6.8 2016 120 mins
Like for Likes
A Special Lady
6.2

A Special Lady (2017) *********************** IMDb… 6.2 (မိသားစုနဲ့ကြည့်ရှုဖို့ မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ကြောင်း ကြိုတင်သတိပေးပါ‌ရစေ။) ဒီတစ်ခါမှာတော့ မင်းသမီးကြီး Kim Hye Soo, မင်းသားကြီး Lee Sun Kyunနဲ့ Lee Hee Joonတို့ အဓိကပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. နာဟျွန်းဂျောင် (Kim Hye Soo) ဟာ တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဂျယ်ချောလုပ်ငန်းစုရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူမ ထောင်ကျခဲ့တုန်းက ထောင်မှာ သားလေးတစ်ယောက် မွေးဖွားခဲ့ဖူးတယ်ဆိုတဲ့ လျှို့ဝှက်ချက်ရှိသူလည်း ဖြစ်ပါတယ်။ အင်ဆန်းဟွန်း (Lee Sun Kyun)ကတော့ အဖွဲ့အစည်းရဲ့ ပြဿနာ‌တွေကို ဖြေရှင်းပေးတဲ့သူဖြစ်တဲ့အပြင် နာဟျွန်းဂျောင်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲပြီး သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပါ။ တစ်နေ့မှာတော့ နာဟျွန်းဂျောင်ရဲ့ လျှို့ဝှက်ချက်ကို သူမကို လက်စားချေချင်နေတဲ့ အမှုစစ်ချွဲဒယ်ရှစ် (Lee Hee Joon) က စုံစမ်းသိရှိသွားပြီး အဲဒီအမှန်တရားကို မသိသေးတဲ့ အင်ဆန်းဟွန်းကို ပြောပြလိုက်ပါတော့တယ်.. ဒါကြောင့်ပဲ အင်ဆန်းဟွန်းတစ်ယောက် သစ္စာဖောက်ခံရတဲ့ ခံစားချက်ဝင်သွားပြီး အမှုစစ်ချွဲဒယ်ရှစ်နဲ့ ပူးပေါင်းကာ နာဟျွန်းဂျောင်နဲ့ သားဖြစ်သူကို မကောင်းကြံပါတော့တယ်… ဒီလိုအခက်အခဲတွေကြားကနေ နာဟျွန်းဂျောင်တစ်ယောက် သားဖြစ်သူကို ဘယ်လိုကာကွယ်ပေးသွားမလဲ… အမျိုးသမီးတစ်ယောက်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ မိခင်မေတ္တာကိုပါဖော်ပြထားတဲ့ အက်ရှင်ကားကောင်းမို့လို့ ညွှန်းပေးလိုက်ပါတယ်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.14GB/ 450MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:41:03 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Animation • Science Fiction • Action
6.2 2017 91 mins
A Special Lady