YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Bros.2022.1080p.(CM).mp4

1.85 GB N/A video/mp4 1088 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Trespass
6.2

ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ 1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာ မီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်း သေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။ သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)က ဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီ တန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦး အဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲက သစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦး ဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲ လူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်း ကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက် ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။ လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ ရွှေထည်ပစ္စည်းတွေပါတဲ့ ဒီကားဟာ ကြည့်ရှုသူတွေအတွက် သေချာပေါက် စိတ်အပန်းပြေစေမှာမို့ ကြည့်ရှကြဖို့ ညွှန်းပေးလိုက်ပါတယ်။ File size…1.81GB / 866MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ..... Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Drama
6.2 1992 101 mins
Trespass
Here Love Lies
4

“ဒီနေရာတွင် အချစ်ရှိသည် ဒီနေရာတွင် အချစ်သည် အလိမ်အညာဖြစ်သည်. ဒီနေရာတွင် အချစ်သည် ထာဝရအိပ်စက်နေသည်.” ဆိုသလိုပဲ. အချစ်ဆိုတာက အပျော်ကစားတတ်တဲ့သူတွေအဖို့ သေဆုံးပြီလို့ သတ်မှတ်ကာ မြှုပ်နှံထားတဲ့မြေပုံလေး တစ်ခုသာ သာ ဖြစ်ပြီး ဆန်းကြယ်နက်နဲတဲ့အရာအဖြစ် ယုံကြည်ထားသူတွေ အတွက် တစ်နေ့တော့ ရောက်လိမ့်မယ်လို့ တွန်းအားပေးနေတဲ့ လမ်းပြမြေပုံလေးတစ်ခုပါပဲ။ ငယ်ရွယ်စဉ်အတိတ်က ရူးမိုက်မှုတွေကြောင့် Single Mother ဘဝနဲ့ သမီးလေးတစ်ယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ပြီး ပြုစုပျိုးထောင်လာခဲ့သူ အမန်ဒါ၊ မေတ္တာစစ်ကိုရှာဖွေရင်း အပေါ် ယံအချစ်တွေကိုသာ ရှာတွေ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှ တွေ့ဆုံခဲ့သူ မိုက်ကယ့် အပေါ် မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိမှန်းမသိ တွယ် လာခဲ့တယ်ပေါ့။ အဲနောက် ရေမြေခြားသူ မိုက်ကယ့်ကို တွေ့ဆုံ နိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး နှစ်ယောက်သား စတွေ့တွေ့ချင်း အခက်အခဲ၊ အတားအဆီးများကြားမှ နားလည်မှုကို ရှာတွေ့သွား ချိန်၊ သူ ကျားကုတ်ကျားခဲ ရှာဖွေခဲ့ရတဲ့ Mr.Right ဖြစ်သူ မိုက် ကယ့်ရဲ့ စကားလုံးတွေနောက်ကွယ်က အမှန်တရားကို မမြင်နိုင် တော့ဘဲ အကြာကြီးမျှော်မှန်း ခဲ့ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ စိတ်ကူးနေမိသူ အမန်ဒါကို နောက်ဆုံးအချိန်တွင်မှ ကံကြမ္မာမြား ဦးက အကောင်းနဲ့အဆိုး ဘယ်ဘက်ကို ဦးတည်ပေးမလဲဆိုတာ ကတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size..........(1.92 GB) / (700 MB) / (474 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs 11Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance, Thriller Translator.......Sai Sumali Encoder..........SWM

Drama • Horror
4 2023 131 mins
Here Love Lies
Assault on Precinct 13
6.1

ဒီဇာတ်ကားလေးကတော့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ကြိုက်နှစ်သက် သူတွေအတွက်ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ရာဇဝတ်သားတွေကို ထောင်ပြောင်းဖို့ သယ်ဆောင်လာတဲ့ကားက လမ်းခရီးလမ်းကြမ်းတာကြောင့် မကြာခင် ပိတ်တော့မယ် စခန်း အမှတ် ၁၃ မှာ ခရီးတစ်ထောက်နားဖို့ ဖြစ်လာခဲ့ပါတယ် မင်းသားကတော့ အတိတ်က ဒဏ်ရာတွေကြောင့် အနာမကျက်သေးပဲ ဒီရာဇဝတ်သားတွေနဲ့ အတူပူးပေါင်းဖို့အကြောင်းပေါ်လာခဲ့ပါတယ် လူဆိုးတွေနဲ့ လူကောင်းတွေကြား မျဉ်းလေးနည်းနည်းပဲ ခြားတာကို သေချာသရုပ်ဖော်ထားတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…1.23GB / 507MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw

Mystery • Thriller
6.1 2005 109 mins
Assault on Precinct 13
Out for Justice
6.1

90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်.. ၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေ ကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ... တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်... ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်.. .ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား... သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်... လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်က လက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့... File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Paing Encoded by Phyo Pyae

Animation • Drama • Horror
6.1 1991 91 mins
Out for Justice
Samrat Prithviraj
7.2

Samrat Prithviraj 2022 IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကား ကြည်တောက်ရှင်းထွက်ရှိလာပါပြီ... ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံ‌ရဲ့ကျော်ကြားတဲ့စစ်သူကြီး Samrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။ IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရာဇဝင်ကားသစ်ဟာဆိုရင်.. ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာ အခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်က ပရစ်ထ‌ဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ် အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamrat ဘယ်လိုဘယ်ပုံဖြေရှင်းရမလဲ ဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ် File size…7.64GB / 2.58GB / 1.2GB Quality…4k HEVC AMZ WBE DL / 1080p TRUE WBE DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Honeyey & Guu Guu Reviewed by : Yunni

Comedy • Drama
7.2 2022 136 mins
Samrat Prithviraj
Horror Novelist

စိတ်ခြောက်ခြားဖွယ်ရာ Horror Movie တွေ ကြိုက်နှစ်သက်တဲ့ CM ပရိတ်သကြီး အကြိုက်တွေ့စေမဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မာခယ့်ဆိုသူဟာ သရဲ တစ္ဆေတွေနဲ့ပတ်သက်ပြီး ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကို ကိုယ်တိုင် ခံစား ဖန်းတီလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်ပါ။ တစ်နေ့မှာ မာခယ့်တစ်ယောက် (ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် ၇၀၁)ဆိုတဲ့ မေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒါရိုက်တာလိုချင်တဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ရရှိဖို့ရာအတွက် သူရေးလက်စ ဝတ္ထုကို အပြီးသတ်ရန် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီဖန်းချွမ်ဟိုတယ်ဆီ တစ်ညတာသွားရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် (၇၀၁)ဟာ လွန်ခဲ့တဲ့ နှစ်(၂၀)အတွင်း လူသေဆုံးမှု အကြိမ်ရေ(၂၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၊ နောက်ဆုံးအကြိမ် အသက်(၂၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေသွားပြီးကတည်းက အခန်းနံပါတ်(၇၀၁)ကို မည်သူတစ်ဦးတစ်ယောက်ကိုမှတည်းခိုခွင့်မပေးဘဲ ဟိုတယ်ဘက်က ပိတ်ထားခဲ့တာပါ။ ဒီအခန်းကို သန့်ရှင်းရေးဝင်လုပ်တဲ့ ဝန်ထမ်းတစ်ဦးဟာလည်း ရေချိုးခန်းထဲပိတ်မိသွားပြီး ထိတ်လန့်ခြောက်ခြားစရာတွေကြုံတွေ့ခဲ့ရတဲ့နောက် ရူးသွားတဲ့ အခြေအနေအထိရောက်ခဲ့ကြောင်း ဟိုတယ်မန်နေဂျာက မာခယ့်ကို ပြောပြခဲ့ပေမယ့် မာခယ့်တစ်ယောက် မည်သူ့စကားကို နားမဝင်ဘဲ ဒီအခန်းကိုသာ မရရအောင်တောင်းဆိုခဲ့ပါတယ်။ ဒီအခန်းထဲရောက်ရှိသွားတဲ့ မာခယ့်တစ်ယောက် ထူးဆန်းတဲ့ သဘာလွန်ဖြစ်ရပ်တွေကြားထဲ သူ့ရဲ့ ဝတ္ထုအတွက် အချက်အလက်တွေကို တစ်ညတာအတွင်း စုဆောင်းပြီး ပြန်ထွက်လာနိုင်မလား။ မမြင်ရတဲ့လောကရဲ့ စိတ်ခြောက်ခြားဖွယ်ရာ ထိတ်လန့်စရာတွေကြားထဲ ဘဝအဆုံးသတ်သွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p Format : mp4 Genres : Thriller , Horror Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime • Drama • Thriller
null 2019 79 mins
Horror Novelist
I Love My Dad
6.3

I Love My Dad (2022) James Morosini ရဲ့ တကယ့်ဖြစ်ရပ်မှန် ဘဝ အတွေ့အကြုံပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ချက်ခ် ဂရင်းဆိုသူဟာ မိန်းမနဲ့ကွဲပြီး သားနဲ့လည်း ခွဲနေရတယ်။ သားရဲ့ မွေးနေ့တွေကစလို့ ဘွဲ့နှင်းသဘင်တွေအထိ ဆင်ခြေပေါင်းများစွာ ကတိပေါင်းများစွာ ပေးပြီး ဘယ်တော့မှ ရောက်မလာခဲ့တဲ့ ဖခင်တစ်ဦးပေါ့။ သားဖြစ်သူ ဖရန့်ကလင်းက စိတ်ရောဂါ အကြံပေးနဲ့ ဆွေးနွေး ကုသမှု ခံယူနေရတဲ့သူပါ။ တစ်နေ့ သူ့အဖေကို စိတ်ပျက်လာပြီး အွန်လိုင်းကနေ ဘလော့ခ် လိုက်တယ်။ ဒီလိုနဲ့ အဖေဖြစ်သူမှာ သူ့သား သူ့ကို အဆက်သွယ်ဖြတ်လို့ စိတ်အရမ်းပူ မတင်မကျဖြစ်ပြီး ဘက်ကာဆိုတဲ့ ကောင်မလေး နာမည်နဲ့ အကောင့်အသစ်ဖွင့်ပြီး သူ့သားဆီ ချဉ်းကပ်ခဲ့တယ်။ အချဉ်းကပ်လွန်ပြီး ဖရန့်ကလင်းတစ်ယောက် ဘက်ကာဆိုတဲ့အကောင့်နဲ့ စကားတွေ ပြောပြီး ချစ်ကျွမ်းဝင်သွားတယ်။ ဒီလိုနဲ့ ဖရန့်ကလင်းတစ်ယောက် ဘက်ကာနဲ့ တွေ့ဖို့ ကြိုးစားတော့ ချက်ခ် တစ်ယောက် ဘယ်လို အလွဲလွဲ အမှားမှားတွေနဲ့ ရင်ဆိုင်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောစရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ သားအဖနှစ်ယောက်ဆက်ဆံရေး ပြတ်တောက်သွားမလား အဆင်ပြေသွားမလား? ပူပူနွေးနွေး အချစ်ခန်းလေး တစ်ခန်းတလေပါတယ်ဆိုတာတော့ အသိပေးပါရစေခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.2GB, 634MB & 309MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 36mins Genre : Comedy Translated by Kit Encoded by Kinnov

Action • Science Fiction • Thriller
6.3 2022
I Love My Dad
My Donkey, My Lover & I
6.5

Antoinette dans les Cévennes (2020) (My Donkey, My Lover & I) IMDb – 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးက သူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာ နဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာ အန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့် ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲ သွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့် ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင် ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက် ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ် မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေ တွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲ ဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့ အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည် နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့ အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့် “ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန် ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ဆိုတဲ့ စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ့် romance/ comedy ပြင်သစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.93GB/ 844MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Adventure , Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Animation • Comedy • Family • Horror
6.5 2020
My Donkey, My Lover & I
Biosphere
5.6

Biosphere (2022) ============= ဒီကားလေးကတော့ အမေရိကန်သမ္မတ နဲ့ သူ့သူငယ်ချင်း သိပ္ပံပညာရှင် သမ္မတအကြံပေးတို့ နှစ်ဦး ကမ္ဘာကြီးပျက်စီးသွားပြီးနောက်မှာ သူတို့နှစ်ဦး တည်းသာ ကျန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ကမ္ဘာကြီးက ကောင်းကင်ကိုတောင်မမြင်ရတော့အောင် လေထုကပျက်စီး သွားပါတော့တယ်။ အပြင်လေက ဘယ်လိုမှ ရှုလို့မရလောက်အောင်ဖြစ် သွားပြီး သက်ရှိတွေလည်းမျိုးတုံးကုန်ကြတယ်။ သမ္မတရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ သိပ္ပံ ပညာရှင်က ဒီအခြေအနေကို ကြိုမြင်ပြီး Green House လို ထပ်ခိုးလေး တစ်ခုကို အချိန်မီတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သမ္မတနဲ့ပဲ နောက် ဆုံးရှင်ကျန်သူတွေဖြစ်လာတော့တာပေါ့။ အမိုးခုံးအိမ်လေးထဲက နှစ်ယောက် သားကြား ဘာတွေဘယ်လိုဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.2 GB) / (507 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Mystery Translator…….Thetti Tun Encoder……….Zin Phyo Aung

Comedy • Romance
5.6 2022
Biosphere
[18+] Tuhog
5.5

Tuhog (2023) အက်ဘီဟာ သူနာပြုအကူကောင်မလေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူမိုက်ကယ်ကတော့ စစ်သားတစ်ယောက်ပါ။ ဖခင်နဲ့အဆင်မပြေတဲ့ မိုက်ကယ်ဟာ အက်ဘီနဲ့အတူသီးခြားနေခဲ့ပေမဲ့ သူ့ဖခင်နှလုံးရောဂါဖောက်ကြောင်း သတင်းရတဲ့အချိန်မှာတော့ အက်ဘီရဲ့ စေ့စပ်ပေးမှုနဲ့အတူ ဖခင်ကြီးနဲ့ပြန်အတူနေဖို့ဖြစ်လာခဲ့ပါတယ်။ ဖခင်အိမ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ မိုက်ကယ်တစ်ယောက် ရှေ့တန်းပါသွားရင်း ကျဆုံးသွားခဲ့ပြီဆိုတဲ့သတင်းရောက်လာပါတော့တယ်။ အက်ဘီက သူ့ချစ်သူမရှိတော့တဲ့ အိမ်ကြီးမှာဆက်မနေနိုင်တော့ကြောင်းပြောဖို့ ကြိုးစားခဲ့ပေမဲ့ မိုက်ကယ့်ဖခင်ရဲ့တားမြစ်မှုကြောင့်နေဖြစ်ရာကနေ သန်တုန်းမြန်တုန်းယောက္ခမလောင်းကြီးနဲ့ သွေးသားဆူဖြိုးတဲ့အရွယ်ကိုမှ ယောက်ျားတွေရဲ့အထိအတွေ့နဲ့ဝေးတာကြာပြီဖြစ်တဲ့ အက်ဘီတို့ဟာ အိုးချင်းထား အိုးချင်းတီးကြပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဇာတ်လမ်းစပြီး မကြာခင်မှာပဲ သေပြီလို့မှတ်ယူထားခဲ့တဲ့ မိုက်ကယ်အိမ်ပြန်ရောက်လာတဲ့အခါမှာတော့…။ Pantaxa Laiya ပြိုင်ပွဲဝင် Vivamax စင်တင်မင်းသမီးလေး Apple Dy ဦးဆောင်ပါဝင်ထားပြီး ထုံးစံအတိုင်း မင်းသမီးသစ်လေးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ထားပေးပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 33Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.5 2023
[18+] Tuhog
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
Murder Mubarak
7.1

Murder Mubarak (2024) “လူသတ်မှုအတွက် ဂုဏ်ယူပါတယ်” IMDb – 7.6/10 Netflixကနေ ထုတ်လွှင့်ခဲ့ပြီး နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင် အလန်းစားလေးကို တင်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေကတော့ Kedarnath(2018)မှာ ဆူရှန့်နဲ့တွဲဖက်ပါဝင်ခဲ့တဲ့ အပြုံးလှလှနဲ့ မင်းသမီးချော ဆာရာအလီခန်း၊ OMG 2ထဲမှာ ဖခင်ဖြစ်သူနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ပန်ဂာာ့ဂျ်တရီပတီ၊ Aashiqui 2 (2013)ထဲမှာ အရက်ရဲ့ကျေးကျွန်ဘ၀နဲ့ နာမည်ကြီးအဆိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော အာဒစ်တယာတို့အပြင် ဗီဂျေးဗာမာ၊ ကာရီစ်မာကပူးရ်၊ ဂျန်ဟ်ဗီးကပူးရ်တို့ ပါဝင်ထားကြပါတယ်။ လူသေရာကနေစတဲ့ မှုခင်းဇာတ်လမ်း။ နယ်ပယ်အသီးသီးက ဇာတ်ကောင်တွေကို တစ်ယောက်ချင်းမိတ်ဆက်ပေးပြီးတစိမ့်စိမ့် ကြည့်လို့ကောင်းမဲ့ တစ်စချင်းဆီ ဆွဲထုတ်ပြတဲ့ ရုပ်ရှင်မျိုးပါပဲ။ ကျိကျိတက်ချမ်းသာတဲ့ အထက်တန်းစားတွေပဲ အသင်းဝင်လို့ရပါတယ်ဆိုတဲ့ ရွိုင်ရယ်ဒေလီကလပ်မှာ လူတစ်ယောက်သေသွားပါတယ်။သေတာကလည်း အလေးမရင်း အလေးပိပြီး လည်ပင်းကျိုးသေသွားတဲ့ ခပ်လွယ်လွယ်အမှုဆိုတော့ ထုံပေပေနေတတ်တဲ့ ရဲအရာရှိကြီး ဘာဟာဗ်နီဆင်းဂ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတော့တယ်။ ဒီကစလို့ လွယ်မယောက်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလိုပဲ တစတစနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Drama
7.1 2024
Murder Mubarak
Aranmanai 4
6

Aranmanai 4 (2024)”ကျိန်စာသင့်ကလဲ့စား ၄” ==================================== IMDb 6.1/10 နာမည်ကျော် သရဲဟာသရုပ်ရှင်တွဲဖြစ်တဲ့ Aranmanai ရုပ်ရှင်တွဲတွေရဲ့ လေးကားမြောက်ရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီ နံပါတ် ၄ မှာလည်း တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ အရင်ကားတွေရဲ့သရုပ်ဆောင်တော်တော်များများပြန်ပါလာတဲ့အပြင် အားလုံးချစ်တဲ့ မင်းသမီးလေး သမန်းနားလည်း အားဖြည့်ပါဝင်လာခဲ့ပါတယ်။ ဒီ လေးခုမြောက်ရုပ်ရှင်မှာလည်း Aranmanai ရုပ်ရှင်တွေရဲ့ထုံးစံ စံအိမ်ကြီးတစ်လုံးရယ်၊ အိမ်ကြီးထဲမှာ ခြောက်လှန့်နေတဲ့သရဲတွေရယ်၊ အိမ်ကြီးနဲ့ပတ်သက်နေတဲ့ ရတက်ပွေတဲ့လူတွေရယ်ကတော့ မပါမဖြစ်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့… ရှေ့နေကြီး ဆာရာဗာနန်ရဲ့ညီမဖြစ်သူတို့လင်မယား ရုတ်တရက်သေဆုံးသွားတဲ့အတွက် ဆာရာဗာနန်ဟာ သူတို့ချန်ထားခဲ့တဲ့ စံအိမ်ကြီးကိုသွားရောက်ပြီး သေဆုံးမှုနောက်ကွယ်က အကြောင်းတွေဖော်ထုတ်ရင်း လူတွေ၊ သရဲတွေနဲ့ ဇာတ်လမ်းရှုပ်မိပုံတွေကို မင်းသမီးတွေရဲ့ ငွားငွားစွင့်စွင့် အလှအပတွေနဲ့အတူ ဟာသစွက်ပြီး ကြောက်ဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Drama
6 2024
Aranmanai 4
Non Negotiable
6.2

“Non Negotiable” ရုပ်ရှင်ဟာ 2024 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မက္ကဆီကို မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အထူးစစ်ဆင်ရေးရဲဌာနရဲ့ ကျွမ်းကျင် ဓားစာခံညှိနှိုင်းရေးမှူး Alan Bender ကို အဓိကဦးတည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ Alan ဟာ ပရော်ဖက်ရှင်နယ် နယ်ပယ်မှာအောင်မြင်နေပေမဲ့ သူ့ရဲ့ဇနီး ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးသာယာမှုအပိုင်းကို လျစ်လျူရှုနေတာကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက တင်းမာလာခဲ့ပါတယ်။ ဒီအခြေအနေကိုဖြေရှင်းနေစဉ်မှာပဲ ပြန်ပေးသမားတဦးက နိုင်ငံတော်သမ္မတနဲ့ Alan ရဲ့ဇနီးကိုပါ ဓားစာခံအဖြစ် ဖမ်းဆီး လိုက်တဲ့အခါမှာ သူဟာ အသက်အန္တရာယ်စွန့်စားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ပြန်ပေးဆွဲသူ Vicente Zambrano ဟာ လူမှုတရားမျှတမှုကို ရှာဖွေသူဖြစ်ပြီး သူနှစ်သက်တဲ့ ဆေးရုံနဲ့ စာသင်ကျောင်းအတွက် အစိုးရကို အလှူငွေပေးဆပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ Alan နဲ့ Vicente တို့ကြားက တင်းမာသောအငြင်းပွားမှုတွေ ဆက်တိုက်ပေါ်ပေါက် လာသည်နှင့်အမျှ သူတို့နှစ်ဦးဟာ ကိုယ်ရေးကိုယ်တာအရ ဘယ်လိုပတ်သက်မှုတွေရှိနေခဲ့တာလဲ၊ အတိတ်ကဒဏ်ရာဟောင်းတွေနဲ့ သွေးကြွေးဆပ်ချင်နေတဲ့ Vicente ကို Alan က ဘယ်လိုစည်းရုံးသွား မှာလဲ၊ သူတို့နှစ်ဦးကြား ဉာဏ်ကစားမှု ခံစားချက်အားပြိုင်မှုတွေကို သည်းထိပ်ရင်ဖိုစောင့်ကြည့်ရမယ့် မှုခင်းအက်ရှင်ကားကောင်းတခု ဖြစ်ပါတယ်။ File size…1.21GB / 564MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

6.2 2024 86 mins
Non Negotiable
Tom and Jerry Meet Sherlock Holmes
6.4

ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီရယ် နာမည်‌ကျော်စုံ‌ထောက်ကြီး ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝက်ဆန်တို့ ပါဝင်တဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းanimationလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရှားလော့ဟုမ်းနေထိုင်ရာ လန်ဒန်မြို့ကြီးမှာ စိန်ခိုးဂိုဏ်းတစ်ခု သောင်းကျန်းနေပြီး ရက်ပိုင်းအတွင်းမှာပဲ တန်ဖိုးကြီးစိန်သုံးပွင့်လောက် အခိုးခံလိုက်ရတာကြောင့် လူတိုင်းက ထိုအမှုကို စိတ်ဝင်စားနေကြတာပါ။ ထိုအချိန်မှာ ရှားလော့ဆီ မစ်ရတ်ဒ်ဆိုတဲ့ ဇာတ်ရုံအဆိုတော်တစ်‌ယောက်ကငွေညှစ်ခံရမှုနဲ့ တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုနဲ့ စိန်ခိုးမှုကဆက်စပ်နေမယ်လို့ ရှားလော့ဟုမ်းက သံသယရှိရင်း စုံစမ်းရာမှ သူ့ရဲ့ရန်သူတော်ကြီး မိုရီယန်တေးရဲ့ မဟာအကြံကိုတားဆီးရဖို့ အကြောင်းဖန်လာပါတော့တယ်။ File Size : 1 GB, 535 MB Quality : Blu-Ray 1080p / 720p Running Time : 50min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Drama
6.4 2010 49 mins
Tom and Jerry Meet Sherlock Holmes