YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Brinda.S01E04.1080p.WEB DL.YK(CM).mp4

716.41 MB 1080p video/mp4 167 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rushmore
7.4

Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်​တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်​ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y

Crime • Drama • Mystery
7.4 1998 93 mins
Rushmore
Somewhere in Queens
6.8

Somewhere in Queens (2022) ===================== IMDb Rating - 7.0/10 ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedian တစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ် ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆို တို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစု ကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်း မှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစား တာထူးချွန်တဲ့ စတစ် လို့‌ခေါ်တဲ့သားတစ်ယောက်လည်းရှိပါ တယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သား အတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့် စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။ လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကို ဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက် ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက် မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depression တွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကို လီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေ တောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင် တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့် ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကား လေးကိုကြည့်ဖို့ recommend ပေးပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(2.11 GB) / (850 MB) / (480 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Theo Kat Encoder..........SWM

Comedy • Drama
6.8 2023 106 mins
Somewhere in Queens
Dear Comrade
6.7

IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ... မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။ မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။ "သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။ လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။ လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။ "သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" တဲ့။ လီလီမှာ သူ့ကြောင့် တစ်စုံတစ်ခု ဖြစ်ခဲ့ရတယ်ဆိုတာတော့ သူ မသိခဲ့ပေ။ လီလီနဲ့ ပြန်တွေ့မှာလား....။ လီလီ ဘာဖြစ်ခဲ့တာလဲ။ ဘော်ဘီနဲ့ ရန်ဖက် ဘူလီရဲ့ ညီတို့ ပြဿနာကော.... ပြီးခဲ့ပြီလား....။ "ကျွန်တော်သူ့ကို ဒီအချိန်မှာ နောက်ဆုံး တွေ့ခဲ့ရတာပါ" အချစ်စစ်လို့ ပြောလိုက်ရင် ထားခဲ့တဲ့ အချစ်ဦးကိုပဲ ပြေးမြင်တတ်ကြတာ လူတိုင်းဖြစ်မှာပါ။ ထားခဲ့တဲ့ သူကိုတော့ ဘယ်လို မေ့မလဲ။ အချစ်ကြောင့်လည်း ရူးသွပ်ဖူး၊ အချစ်ကြောင့်လည်းငိုကြွေးဖူး၊ အချစ်ကြောင့်ပဲ ပျော်ရွှင်ဖူးတယ်။ အချစ်နဲ့ပတ်သက်ဖူးသူတိုင်းကို ဒီရုပ်ရှင်ကားလေးက ထိရှစေမှာပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Nyi Koe & Myint Thu တို့ဖြစ်ပါတယ်။) File size…(7 GB)/(2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC/1080p HEVC/ 720p Format…mkv/mp4 Duration….02:47:17 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ,Nyeinsaeya Aung Translated by Nyi Koe & Myint Thu

6.7 2019 122 mins
Dear Comrade
Mission: Impossible
7

IMDb Rating 7.1/10 1996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်.. တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်... အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။ Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by Myo Ko

Comedy • Drama • Horror • Romance
7 1996 110 mins
Mission: Impossible
Melissa P.
4.6

ချစ်စရာစကီအချောလေးပါတဲ့ အီတလီ 18+ကားလေးပါ။ မလီဆာဆိုတဲ့ ချစ်စရာမြှီးကောင်ပေါက်မလေးဟာ အထက်တန်းကျောင်းသူလေးတို့ထုံးစံအတိုင်း ကိုယ့်အပေါ်မကောင်းတဲ့ကောင်ဆိုးလေး ဒန်နီရယ်ကိုမှ စွဲလမ်းနေမိပါတယ်။ သူကချစ်မိနေပေမယ့်လည်း ဒန်နီရယ်ကတော့ သူ့ကိုအလေးမထားပဲ ပထမဆုံးလိင်အတွေ့အကြုံခပ်ကြမ်းကြမ်းကိုသာပေးပြီး ပလစ်လိုက်ပါတယ်။ ဆယ်ကျော်သက်တို့သဘာဝဖြစ်တဲ့ အိမ်ကလူတွေကိုစိတ်ကုန်မယ်၊ လောကကြီးကိုစိတ်ကုန်မယ်၊ အရွဲ့တိုက်မယ်၊ ပုန်ကန်မယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး၊ အသစ်အဆန်းတွေကို လက်တည့်စမ်းမယ်ဆိုတဲ့အကျင့်လေးတွေရှိနေတဲ့ မလီဆာတစ်ယောက် သူ့ရဲ့စိတ်ညစ်မှုတွေကို လိင်ကိစ္စနဲ့ထွက်ပေါက်ရှာ ဖို့ပဲ ဖြစ်လာတဲ့အခါမှာတော့.... File Size :(1.7GB) (917 MB) and (290 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Smile

Action • Adventure • Thriller
4.6 2005 100 mins
Melissa P.
Repo! The Genetic Opera
6.2

ဒီဇာတ်လမ်းကတော့ Opera type movie ဖြစ်တဲ့အတွက် ဇာတ်ကြောင်းကို သီချင်းတွေနဲ့ပဲရှင်းသွားတဲ့ဇာတ်ကားမျိုးပါ။ တစ်ကားလုံးမှာ Gothဆန်ဆန် ဖက်ရှင်နဲ့ lifestyleတွေကိုပဲတွေ့ရမှာမို့ Gothဖန်တွေအတွက် ကြည့်လို့ကောင်းမယ့်ကားမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုယ်တွင်းအင်္ဂါအချို့ပျက်စီးနေတဲ့သူတွေအတွက် ကယ်တင်ရှင်သဖွယ်လိုဖြစ်လာတဲ့ ဂျီနီကိုကုမ္ပဏီ၊ ဂျီနီကိုကုမ္ပဏီမှာ အရစ်ကျအကြွေးစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေဝယ်ယူလို့ရတယ်။ ဒါပေမဲ့ အကြွေးမရှင်းရသေးဘူးလို့ပြောလိုက်မိပါသလား။ ဒါဆိုရင်တော့ ပြန်သိမ်းသမားက အချိန်မဆိုင်းပဲရောက်လာပါလိမ့်မယ်။ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေကို သိမ်းတာမဟုတ်ပဲ အကောင်းအတိုင်းရှိနေဆဲအခြားကိုယ်တွင်းအင်္ဂါရပ်တွေကိုပါ အကြွေးအဖြစ်ပြန်သိမ်းယူတာပဲဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဂျီနီကိုက ကြီးပွားလာတာပေါ့။ ဂျီနီကိုရဲ့ သူဌေး ရော့တီလာဂိုနဲ့ ပြန်သိမ်းသမားနေသန်ကြားထဲက အချစ်ဟောင်းရန်ငြှိုး၊ ဖခင်ရဲ့ထိန်းချုပ်မှုအောက်မှာ အပြင်လောကကို မထွက်ရပဲမွန်းကြပ်နေတဲ့ နေသန့်ရဲ့သမီးရှယ်လို၊ တချက်တချက် ဇာတ်ကြောင်းရှင်းရင်း ထထပေါ်လာတဲ့ အုတ်ဂူဖောက်ထွင်းသမားနဲ့ ရော့တီရဲ့ အသုံးမကျတဲ့ သားသမီးသုံးယောက်တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ သီချင်းတွေကလည်း တကယ်နားထောင်ကောင်းတဲ့တေးသွားတွေဖြစ်ပြီး ဇာတ်လမ်းကတော့ darkဆန်ပေမဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းပါဝင်နေတဲ့အတွက် သူ့ဟာနဲ့သူတော့ gentleဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်ပုံချစ်နည်းတွေကတော့ မှားယွင်းနေတာပေါ့။ ဇာတ်လမ်းအဆုံးမှာ ရော့တီရဲ့အစီအစဥ်တွေက ဘယ်လိုရှိတယ်၊ နေသန်နဲ့ရှယ်လိုကြားက သားအဖမေတ္တာတွေနဲ့ သူတို့ရဲ့ ကံကြမ္မာတွေအတွက် အဆုံးအဖြတ်ပေးမယ့်ဇာတ်သိမ်းကို မျိုးရိုးဗီဇအော်ပရာဇာတ်မှာ ဆက်လက်ကြည့်ရှုခံစားလို့ရပါပြီ။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:01:00 Genre...Horror, Science Fiction, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama
6.2 2008 98 mins
Repo! The Genetic Opera
Dark Phoenix
6

Xmen တွေရဲ့ နောက်ဆုံးထွက် ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်း ချားစ်ရဲ့ အိတ်စ်မန်းတွေ ဖြစ်တဲ့ ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကို ကယ်တင်ဖို် အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့ ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။ သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီး ထိန်းမရဖြစ်လာပါတော့တယ်။ လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်း ပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာ ဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရော ဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။

Drama
6 2019 114 mins
Dark Phoenix
The Slumber Party
5.8

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း….. အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့…. သူတို့သူငယ်ချင်းတစ်စု ဘာတွေဆက်ဖြစ်မလဲဆိုတာ…. အခုပဲကြည့်ကြည့်လိုက်ရအောင် File size…(840 MB) Quality….Webrip 720p Format…mp4 Duration….01:23:00 Genre…Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Romance • Drama
5.8 2023
The Slumber Party
Night of the Missing

Night of the Missing ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယ်မြို့ကလေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ နယ်မြို့လေးရဲ့ မုန်တိုင်းထန်နေတဲ့ ခရစ္စမတ်အကြိုညမှာ ရဲစခန်းကို အမျိုးသမီးတစ်ယောက် တိုင်ချက်လာဖွင့်လို့ အမျိုးသမီးရဲမှူးဟာ စခန်းကို အပြေးအလွှားရောက်လာပြီး စစ်ချက်လာယူရပါတယ်။ စခန်းနံရံမှာ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအများအပြားကပ်ထားပြီး တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဓါတ်ပုံတစ်ခုချင်းစီကို နာမည်ခေါ်ကာ တစ်ယောက်ချင်းစီ ပျောက်ဆုံးခဲ့ရပုံ အသေးစိတ်ကို ဖွင့်ဟပါတော့တယ်။ မှုခင်းမှတ်တမ်းမှာ ပျောက်ဆုံးလို့ပဲအမှုပိတ်လိုက်ပေမယ့် အမျိုးသမီးရဲ့ တိုင်ကြားချက်အရ ပျောက်ဆုံးသူတိုင်းဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုခုကြောင့် သေဆုံးရတယ်ဆိုတာ သိလာရပါတယ်။ သေဆုံးသွားသူတွေဟာ တစ်နည်းနည်းနဲ့ ကျန်ရစ်သူတွေကို အချက်ပေးတတ်တာကြောင့် စခန်းကိုတိုင်ချက်လာဖွင့်သူ အမျိုးသမီးဟာလည်း ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူက သူဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာ အချက်ပေးခံရသူတစ်ဦးဖြစ်ပါတယ်။ မုန်တိုင်းထန်နေတဲ့ ညကြီးအချိန်မတော် စခန်းကိုလာပြီး စစ်ချက်လာယူရတဲ့ ရဲမှူးဟာ သဘာဝလွန် ဇာတ်လမ်းတစ်ခုပြီးတစ်ခု မရပ်မနားထိုင်ပြောနေတဲ့ အမျိုးသမီးကို သည်းမခံနိုင်တော့တဲ့အဆုံး အချုပ်ထဲထည့်ဖို့ပြင်ဆင်ခိုက်မှာပဲ လူသေဆုံးမှုတွေရဲ့ နောက်ကွယ်က မထင်မှတ်ထားတဲ့ ကြိုးကိုင်သူကို သိလိုက်ရပါတော့တယ်။ တိုင်ချက်ဖွင့်တဲ့အမျိုးသမီးရဲ့ ဇာတ်လမ်းတွေဟာ အမှန်တွေဖြစ်နိုင်ပါ့မလား.. သူပြောသလို သဘာဝလွန်ဖြစ်ရပ်တွေကြောင့်ပဲ လူပျောက်သေဆုံးမှုတွေ ဖြစ်ခဲ့တာလား.. ကွယ်လွန်ပြီးတဲ့ဝိဉာဉ်တွေက ကျန်ရစ်သူတွေကို လာသတင်းပေးတယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား.. တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဘယ်လိုလူမို့လို့ ပျောက်ဆုံးသူတွေရဲ့အကြောင်းစုံကို သိနေရတာလဲ.. နောက်ကွယ်ကကြိုးကိုင်သူကကော ဘယ်သူဖြစ်မလဲ.. စတာတွေကို ပြသချိန် တစ်နာရီကျော်ကျော်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာမို့လို့ တိုတိုတုတ်တုတ်နဲ့ Horror အမျိုးအစား ရုပ်ရှင်ကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size…888MB / 370MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

0 2023
Night of the Missing
The Case of Itaewon Homicide

The Case of Itaewon Homicide (2019) ဆိုးလ်မြို့ရဲ့ နိုင်ငံခြားသားများနဲ့ အစည်ကားဆုံး အီထယ်ဝန်မှာ ၁၉၉၇ ခုနှစ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားလေး ဂျိုဂျွန်ဖီဟာ ရည်းစားဖြစ်တဲ့ကောင်မလေးနဲ့ date မယ်ဆိုပြီး အီထယ်ဝန်ကို ရောက်လာခဲ့ပါတယ်။ နောက်ကျနေပြီမလို့ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ ကောင်မလေးကို အချိန်ဆွဲဖို့ သန့်​စင်​ခန်းဝင်မယ်ဆိုပြီး ဘာဂါဆိုင်တစ်ဆိုင်ရဲ့ သန့်စင်ခန်းထဲကို အမြန်ပြေးဝင်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီသန့်စင်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ အိမ်အခြေအနေက အဆင်မပြေပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ ကြိုးစားပညာသင်ယူနေတဲ့ ကျောင်းသားလေးရဲ့ သေဆုံးမှုအတွက် ရင်ကျိုးကျန်ခဲ့ရတဲ့ မိသားစုက ကိုရီးယားတရားရုံးမှာ အမှုစစ်ပေးမဲ့ အမှုစစ်ဘတ်ကို အားကိုးရှာတယ်။ သံသယရှိသူ ၂ ဦးက နိုင်ငံခြားသားဆိုတော့ အမှုကို စီအိုင်ဒီဘက်က အရင်စစ်တယ်။ ပြီးတော့ မက္ကဆီကန်-ကိုရီးယားစပ် ပီအာဆန်ကို တရားခံလို့ သတ်မှတ်ပြီး ကိုရီးယားဘက်ကို လွှဲပေးတယ်။ အမှုစစ်ဘတ်က ဒီအမှုကို ကိုင်တော့ နောက်တစ်ဦး ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသားကိုပါ အမှုတွဲထဲ ထည့်ပြီး သေချာစစ်ဆေးမေးမြန်းတယ်။ သူတို့ ၂ ဦးလုံးက ဂျိုဂျွန်ဖီသေဆုံးနေတဲ့ သန့်စင်ခန်းထဲမှာ အတူတူရှိခဲ့တဲ့အချက်၊ လူသတ်လက်နက်က ပီအာဆန်ဆီမှာ တွေ့တယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပေမဲ့ အေဂျေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲမှုတွေ ရှိနေတယ်။ နှစ်ယောက်လုံးကတော့ တစ်ယောက်ကို တစ်ယောက်လွှဲချတယ်။ အမှုစစ်ဘတ် ခေါင်းစားရပြီ။ စီအိုင်ဒီဘက်က စစ်ဆေးချက်တွေကလည်း တစ်ဖက်သတ်ဆန်သလိုလို လုပ်ကြံထားသလိုလို၊ ဒါဟာ သံသယရှိသူတွေနဲ့ သူ့ကြားက ဦးနှောက်တိုက်ပွဲပဲ။ Open ending ဖြစ်ပြီး ကိုယ်ကြည့်တဲ့ ရှုထောင့်ကနေ အရာအားလုံးက ပြောင်းလဲသွားနိုင်တာမို့လို့ ဇာတ်ကားကြည့်ပြီး တစ်ခုခု စဥ်းစားစရာ ရသွားချင်ရင်တော့ ကြည့်ဖို့ အထူး recommend ပါတယ်။ အညျွန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။ Genre….. Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.6GB | 695MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

0 2009
The Case of Itaewon Homicide
No Mercy
5.4

ဒီတစ်ခါမှာတော့ မမ Lee Si Youngရဲ့ အမိုက်စားအက်ရှင်ကားလေးပါ။ အော်တဇင်ဖြစ်နေတဲ့ ညီမလေးကို နိုင်ငံရေးသမားတစ်ယောက်က မတရားကြံတာကြောင့် ညီမလေးအွန်းဟယ်ကိုကာကွယ်ပေးရင်း ထောင်နန်းစံလိုက်ရပြီး ပြန်ထွက်လာတဲ့မင်းသမီး Lee Si Young… အမထောင်ထဲမှာရှိနေချိန် ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊ အမလည်း ထောင်ထဲရောက်နေတာကြောင့်အားကိုးရာမဲ့ဖြစ်နေတဲ့ အပျိုအရွယ် အော်တဇင်လေးအွန်းဟယ်ကို သားသမီး နှမချင်းမစာမနာ အမြတ်ထုတ်ချင်တဲ့ ရပ်ကွက်ထဲကယောက်ျားသားတွေရဲ့ အနိုင်ကျင့်မှုတွေ၊ ဒီလိုမျိုး အနိုင်ကျင့်မှုတွေကို ထောင်ထဲကထွက်လာတဲ့ အမကို မပြောရဲဘဲ အရွယ်နဲ့မလိုက်အောင်ခံစားနေရတဲ့ အွန်းဟယ်ပါ။ တစ်ရက်မှာတော့ ပိုက်ဆံရှာချင်တဲ့ အတန်းဖော်တွေဟာ အွန်းဟယ်ကို အနိုင်ကျင့်ပြီးတော့ ဟိုတယ်မှာအဖိုးကြီးတွေနဲ့အိပ်ဖို့သွားခိုင်းပါတယ်။ အဖိုးကြီးတွေအိပ်ဖို့ကြိုးစားတဲ့အချိန်မှာ သူတို့က အခန်းထဲဝင်လာပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်တာပါ။ အဲဒီထဲမှာမှ ကောင်မလေးတွေကို မုဒိန်းကျင့်ပြီး ရောင်းစားတတ်တဲ့ လူမိုက်တစ်ယောက်နဲ့တွေ့သွားတဲ့အခါ အွန်းဟယ်တစ်ယောက် ရောင်းစားခံလိုက်ရပါတော့တယ်။ ညီမလေးအိမ်ပြန်မလာလို့ စိတ်ပူနေတဲ့ အမကလည်း ရဲတိုင်ပေမယ့်လည်း အဆင်မပြေတဲ့အပြင် ကျောင်းကဆရာကိုယ်တိုင်ကလည်း အရေးတယူမလုပ်တာကြောင့် ကိုယ်တိုင်စုံစမ်းပြီး ပျောက်နေတဲ့ ညီမလေးကိုတစ်ကိုယ်တော်ရှာပုံတော်ဖွင့်ပါတော့တယ်။ ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းကိုမြင်တွေ့ရမယ့်အပြင် အော်တဇင်လေးအွန်းဟယ်ရဲ့ ဇာတ်နာမှုတွေကိုလည်း ဝမ်းနည်းဖွယ်ရိုက်ကူးပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြဟောင်းအနေနဲ့ မမ Lee Si Young ရဲ့ တိုက်ရေးခိုက်ရေးတွေကိုလည်း အားရပါးရ အဝကြည့်ရမှာမလို့ မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါဦး။ File size… 1.5 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Action • Drama
5.4 2019 93 mins
No Mercy
Mom, If I Were a Vampire
5.7

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသူလေး အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ GL နည်းနည်းဆန်ပါတယ်နော် ဇာတ်လမ်းအညွှန်းလေးအနေနဲ့ ကျန်းရှောင်ဝမ်ဆိုတဲ့ကောင်မလေးဟာ အမြဲတမ်းတွေးနေ ဆွေးနေတတ်ပြီးတော့ သူ့အမေနဲ့ မတူချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အဲဒီလိုမှုန်ကုတ်ကုတ်ဖြစ်နေလို့ပဲ ကျောင်းပြောင်းတဲ့နေ့မှာပဲ အနိုင်ကျင့်ခံရပါတော့တယ် ။ ဒါပေမဲ့ မမျှော်လင့်ဘဲသူ့ဘဝကိုအလင်းပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက် ၊ သူ့အတွက်လက်စားချေပေးနိုင်မဲ့ သူငယ်ချင်းကောင်းနဲ့ဆုံတွေ့ခဲ့ရပါတယ် ။ ကဲဒီသူငယ်ချင်းနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ကလေးတွေကို ဘယ်လိုပြန်လက်စားချေကြမလဲ ? ‌သူဖြစ်ချင်နေတဲ့ ဗန်ပိုင်းယားရောဖြစ်လာမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြည့်ပါအုံးနော် ။

5.7 2022
Mom, If I Were a Vampire
The Royal Bake Off

ဇာတ်ကားဟာ အချစ်၊ ပြိုင်ဆိုင်မှု့တွေနဲ့ မုန့်ဖုတ်ခြင်းအနုပညာတို့ ပေါင်းစပ်ဖော်ပြထားတဲ့ ရိုမန့်စ်ဟာသကားတစ်ကားဖြစ်ပါတယ်။ Ellie ကတော့ မင်းသားရဲ့အစ်ကို နန်းတက်ပွဲအခမ်းအနားအတွက် ကိတ်မုန့်ပြိုင်ပွဲမှာ ပါဝင်ဖို့အဖိတ်ခေါ်ခံရရာကနေမှ မင်းသားနဲ့ အချစ်ဇာတ်လမ်းလေးစတင်လိုက်တယ်။ ပြိုင်ဆိုင်မှုတွေကနေမှ ချစ်ခြင်းမေတ္တာသို့ ခြေလှမ်းတွေစတင်ပြောင်းလဲသွားပြီး စတင်ချစ်မိရာကနေမှ ဘဝရဲ့ အဓိပ္ပာယ်အချို့ကို မုန့်ဖုတ်ခြင်းကနေလည်းသင်ပေးနိုင်တယ်ဆိုတာကို ရှာဖွေသိရှိသွားကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် family movie တစ်ခုအနေနဲ့ ကြည့်နိုင်ပါတယ်။ ဒါရိုက်တာ Mark Lawrence နဲ့ စာရေးသူ Hannah Taylor တို့က ဒီဇာတ်လမ်းကို ဟာသနဲ့ အချစ်ကိုရောပြီးဇာတ်လမ်းတစ်လျှောက် လှပစွာ ဖော်ပြထားပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Drama
0 2023
The Royal Bake Off
Battlefield
6.3

Battlefield (2021) **************** IMDb… 6.3 အက်ရှင်ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် ဒီရုပ်ရှင်ကားမှာတော့ “Taxi Driver, The Eve”စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Seo Han Gyeolနဲ့ “Dal Soon’s Spring, The Eve”စတဲ့ဇာတ်ကားတွေမှ မင်းသမီး Hong Ah Reumတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဂျောင်အူ (Seo Han Gyeol) ဟာ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားတာကြောင့် မိဘတွေရဲ့ သူငယ်ချင်းဖြစ်တဲ့ ဟန်နာ (Hong Ah Reum) ရဲ့ အမေက ဂျောင်အူကို ခေါ်ယူပြီး မွေးစားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ဂျောင်အူဟာ မွေးစားအမေနဲ့ အစ်မဟန်နာကို မပင်ပန်းစေချင်တာကြောင့် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မွေးစားအမေက ကားမတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့သတင်းကို ကြားပြီး ကိုယ့်နိုင်ငံကို အပြေးပြန်လာခဲ့ပေမဲ့ အဲဒါက သာမန်ကားမ‌တော်တဆမှုမဟုတ်ဘဲ မူးယစ်ဆေး ဖြန့်ဖြူး ရောင်းချတဲ့ ဂျပန်ယာကူဇာဂိုဏ်းနဲ့ ပတ်သက်နေတဲ့အခါမှာတော့…. ဂျောင်အူတစ်ယောက် မွေးစားအမေအတွက် တရားမျှတမှုကိုရှာဖွေပြီး လက်စားချေပေးနိုင်ပါ့မလား.. ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.31GB/ 580MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:42:02 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Drama
6.3 2021 98 mins
Battlefield
Keluar Main (2024)
7.8

Keluar Main 1994 (2024) IMDb Rating (7.8) ဒီဇာတ်ကားလေးကတော့ ဘောလုံးကန်တာကိုပဲ အလွန်အမင်းစွဲလမ်းနေတဲ့ အီဘိုနှင့် သူ၏သူငယ်ချင်းများအကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ အီဘိုဆိုတဲ့ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းစာကိုလုံးဝစိတ်မဝင်စားပဲ ဘောလုံးကန်တာကိုပဲအာရုံစိုက်နေတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူက သူ့ကို ဘဝအာမခံချက်ရှိအောင် ပညာတတ်ကြီးဖြစ်စေချင်ကာ အီဘိုစာပိုလေ့လာဖြစ်အောင် အပြင်သင်တန်းကိုတက်စေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အီဘိုအပြင်သင်တန်းတက်ရတော့မည့်အချိန်မှာ ကျောင်းဘောလုံးပြိုင်ပွဲကလည်း ကျင်းပမည့်အကြောင်းကြေညာပါတော့တယ်။ အီဘိုတစ်ယောက် သင်တန်းချိန်တွေနဲ့ ပြိုင်ပွဲအတွက်လေ့ကျင့်မည့်အချိန်တွေတိုက်နေသောအခါ ဘယ််လိုဖြေရှင်းမလဲ ၊ ဖခင်ဖြစ်သူကိူရော ဘောလုံးဆက်ကန်ဖို့ ဖျောင်းဖြနိုင်ပါ့မလား? ပြိုင်ပွဲကိုရော အနိုင်ရနိုင်ပါ့မလား? စသည်တို့ကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ခွင့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.8 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:52:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Eunice

Horror • Mystery • Thriller
7.8 1994 112 mins
Keluar Main (2024)