YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bright Future E08 (1080p) CM.mp4

537.33 MB N/A video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ikai Dek Wat Chedi
6

ကိန်နဲ့ပီအက်တို့ ညီအစ်ကိုနှစ်ဦး တောင်ပိုင်းက ရွာတစ်ရွာကိုလာပြီးကြက်တိုက်ကြပါတယ်.. ကြက်တိုက်ပွဲမှာရှုံးသွားလို့ ပိုက်ဆံမပေးချင်တာ မြို့ခံလူမိုက်တွေဆီက ထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းတစ်ခုကိုရောက်သွားခဲ့ပါတယ် ... အဲဒီဘုရားကျောင်းက Sichon ပြည်နယ်မှာရှိပြီး ရှေးသမိုင်းအစဥ်အဆက်တည်းရှိလာခဲ့တဲ့ Nakhon Si Thammarat ခရိုင်မှာရှိတဲ့ဘုရားကျောင်းပဲဖြစ်ပါတယ် ... အဲဘုရားကျောင်းမှာဆိုရင် အသက် ၁၀ နှစ်အရွယ်ကောင်လေးတစ်ဦးက ရတနာတွေကိုစောင့်ကြပ်ပေးနေပါတယ်သူခိုးတွေရန်ကနေ.... ဒါမယ့်တစ်နေ့မှာတော့ ရတနာတွေကိုယူချင်နေတဲ့မြို့ခံတစ်ချို့နဲ့ ကိန် ပီအက်နဲ့ ခိုင်တို့ နိုက်ခိုက်ကြပါတော့တယ် .. အဲဒီကနေတဆင့် ဆန်းကြယ်မှုတွေဖြစ်ပွားလာပြီး အဲ ၁၀ နှစ်အရွယ်ကောင်လေးက ဘယ်ကလာပြီး ဘ့ာလို့ဒီဘုရားကျောင်းကိုစောင့်ကြပ်ပေးနေရတာလဲ ကိန်နဲ့ပီအက်ကရေ ာ ဒီအရှုပ်တော်ပုံထဲဘယ်လိုဝင်ပြီး ဘာတွေဆက်​ဖြစ်မလဲဆိုတာကိုတော့ ဒီသဘာဝလွန်ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြပါတော့..... File Size :(3.2GB) and (1.3GB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:54:00 Genre : Comedy,Fantasy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chian Encoded by Phyo Pyae

Action • Adventure • Family • Science Fiction
6 2023 115 mins
Ikai Dek Wat Chedi
Joe Maddison's War
7.5

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။ စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။ 2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison's War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။ ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။ ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။ (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.52GB, 661MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 25Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Documentary • Music
7.5 2010 85 mins
Joe Maddison's War
Raven’s Hollow
5.3

Raven’s Hollow (2022) ================ အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ “ကျီးကန်း” ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ ထိုမြို့လေးကတော့ “ကျီးကန်း” ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ထိုသို့ ဆန်းကြယ်တဲ့ အဖြစ်တွေကို ဆက်တိုက်ကြုံနေရ ပါတယ်။ “ကျီးကန်း” ဆိုတဲ့အရာကြီးက ဘာလဲ ထိုမြို့နဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ Horror, Thriller အရသာကို ကောင်းကောင်း ကြီး ခံစားရမှာဖြစ်လို့ ညအချိန် နားကြပ်နဲ့ တပ်ပြီး ကြည့်ရှု့ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Crime • Drama
5.3 2022 98 mins
Raven’s Hollow
I Killed Bapu
7.3

I Killed Bapu(2023) IMDb – 7.3/10 ကြမ္မာငင်ခဲ့တဲ့ မဟတ္တမဂန္ဓီ..။ တစ်နိုင်ငံလုံးက ချစ်ခင်လေးစားရတဲ့ အိန္ဒိယရဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ၊ အသက် ၇၈ နှစ်အရွယ်မှာ ဟိန္ဒူလူမျိုး နာသူရမ် ဗီနာရက် ဂိုဆေးရဲ့ အနီးကပ်ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ရပါတယ်။ ဟိန္ဒူလူမျိုးချင်းဖြစ်ပြီး ဘုရားတစ်ဆူလိုကိုးကွယ်ခံရတဲ့ ခေါင်းဆောင်ကြီး ဂန္ဓီလိုလူမျိုးကို လုပ်ကြံရခြင်းအကြောင်းဟာ ထင်ထားတာထက်ကို ရိုးရှင်းပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းလှပါတယ်။ ပြည်ထောင်စုအိန္ဒိယနိုင်ငံကြီး တစ်စစီပြိုကွဲလာဝာာကို မကြည့်ရက်နိုင်တော့တဲ့ နိုင်ငံချစ်စိတ်နဲ့ ကိုယ့်လူမျိုးကို နှိမ့်ချတယ်ဆိုတဲ့ လူမျိုးကြီးဝါဒရဲ့ရိုက်ခက်မှုပါ ရောပြွန်းနေတဲ့ မီးစတစ်ဖက် ရေမုတ်တစ်ဖက်သော ကြံစည်မှုလို့ခေါင်းစဉ်တပ်ရမှာပါပဲ။ ဒီဇာတ်ကားမှာတော့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သမိုင်းမှာ နာမည်အကြီးဆုံးလုပ်ကြံရေးသမား နာသူရမ့်ရဲ့ အတွေးအမြင်နဲ့ လုပ်ကြံရခြင်းအကြောင်းအရင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂန္ဓီသေဆုံးပြီးနောက် တရားခွင်တင်ခံလိုက်ရတဲ့ နာသူရမ်ဟာ တစ်နိုင်ငံလုံးက မုန်းတီးရွံရှာကြတာမို့ သူ့ဘက်ကနေလိုက်ပေးမယ့် ရှေ့နေတောင်မရှိတာမို့ ကိုယ်တိုင်ပဲ အမှုကိုခုခံလျှောက်လဲခဲ့ရပါတယ်။ ဂန္ဓီကို ဘာကြောင့်လုပ်ကြံခဲ့တာဖြစ်မလဲ…။ သူကရော ဘယ်လိုလူလဲ။ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ကြည့်ရှုလို့ရအောင် CM BOLLYWOOD TEAM မှ Aditi နဲ့ Cherry တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.3 2023
I Killed Bapu
Rabbit Hole
7

အခုတစ်ခါမှာတော့ Rabbit Hole ဆိုတဲ့ Drama အမျိုးအစာဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးမှာ မင်းသမီး Nicole Kidman နဲ့ The Spectacular Now ထဲကမင်းသား Miles Teller တို့ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ ဘက်ကာနဲ့ဟောင်ဝီတို့ဟာ ဒန်နီဆိုတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒန်နီလေးဟာ သူ့ရဲ့ခွေးလေးနောက်ကိုလိုက်ရင်း ကားတိုက်ခံလိုက်ရပြီး ဆုံးသွားပါတယ် အဲဒီအချိန်ကစပြီး ဘက်ကာတို့ဘဝဟာ ပျော်ရွှင်မှုမရှိ ပြောင်းလဲသွားပါတော့တယ် ဟောင်ဝီက ပူဆွေးဝမ်းနည်းမှုတွေကိုအချင်းချင်းဝေမျှတဲ့အဖွဲ့မှာ အဖွဲ့ဝင်ထားပါတယ် ဘက်ကာကတော့ အဲ့ဖွဲ့ကိုသဘောမကျလှတာကြောင့် သိပ်မလိုက်ပါဘူး ဟောင်ဝီက သူ့သားရဲ့အရင်ကဗီဒီယိုလေးတွေပြန်ကြည့်ရင်း အတိတ်မှာပဲပျော်မွေ့နေပါတယ် ဘက်ကာကတော့ အဲ့အတိတ်က ပူဆွေးမှုတွေကနေရုန်းထွက်နိုင်ဖို့​ကြိုးစားနေတာပါ တစ်နေ့ သူ့သားကိုကားနဲ့တိုက်ခဲ့တဲ့ကောင်လေး ဂျေဆန်နဲ့စကားပြောမိကြရာကနေ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ဘက်ကာက သူ့သားကို ကားနဲ့တိုက်မိခဲ့တဲ့ ဂျေဆန်ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.78 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7 2010 91 mins
Rabbit Hole
Kidnap For Romance
7.1

Kidnap for Romance (2023) IMDb – 7.1/10 ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။ သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီး သူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာ မပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။ အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။ မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါ လိုက်ဖြေရှင်းနေရသူ။ တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

7.1 2023
Kidnap For Romance
Friday Night Sext Scandal
6.4

အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ဒီလိုနဲ့ နောက်ပိုင်းမှာ စီနီယာတွေက ရှောင်ကို သူ့အခင်ဆုံးသူငယ်ချင်း လော်ရန်ရဲ့ ဝတ်လစ်စလစ်ပုံကိုပါ အရယူဖို့ ခိုင်းစေလာပါတော့တယ်၊ ဒီတော့ ရှောင်တစ်ယောက် လူဝင်ဆံ့ဖို့အတွက် အခင်ဆုံးသူငယ်ချင်းကိုချနင်းမလား၊ ဒါမှမဟုတ် မှန်ကန်ရာကိုလုပ်မလား ဘယ်သူတွေက ထိခိုက်ရမလဲဆိုတာကို လက်ရှိခေတ်နဲ့ ထင်ဟပ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Comedy • Drama
6.4 2024 87 mins
Friday Night Sext Scandal
The Abandoned
6.1

CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်… ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်…

6.1 2024
The Abandoned
20,000 Species of Bees

ကားနာမည်ကို ဒီတိုင်းကြည့်ရင် ပျားမျိုးစိတ်တွေအကြောင်းများ ရိုက်ထားတာလားလို့ ဇဝေဇဝါဖြစ်သွားနိုင်ပေမဲ့ တကယ်တမ်း ဒီဇာတ်ကားလေးကတော့ IMDB 7/10 ရရှိထားတဲ့ မိဘနဲ့ သားသမီးအကြား နားလည် လက်ခံပေးမှုတွေကို အဓိက ဖော်ကျူးထားတဲ့ စပိန် Drama ကားလေးပါ။ ဘာလင်ရုပ်ရှင်ပွဲတော်နဲ့ တခြားရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုပေါင်း ၃၄ ဆုအပြင် nomination ၅၃ ခု ဝင်ခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်လေး Sofía Otero ဟာလည်း ၈နှစ် အရွယ်လေး အိုင်တောရဲ့ ခံစားချက်တွေကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့တာမို့ အကောင်းဆုံး အဓိကဇာတ်ဆောင်ဆုတွေ ရရှိခဲ့ပါတယ်။ လူတွေက ကိုယ့်ရဲ့တည်ရှိမှုကို ဘယ်အသက်အရွယ်မှာ စတင် သတိထားမိလာပါသလဲ။ ကိုယ်က အဖြူရောင်ကြိုက်တာလား၊ အမည်းရောင်ကြိုက်တာလား။ ဆံပင်အတိုကြိုက်တာလား၊ အရှည်ကြိုက်တာလား။ စတဲ့ ရွေးချယ်နိုင်မှုတွေ မဟုတ်ဘဲ ကိုယ့်ရဲ့တည်ရှိမှု အစစ်အမှန်ကို သတိထားလာမိတဲ့အရွယ်က ပျမ်းမျှ ဘယ်အရွယ်လောက်များလဲ။ ဒီဇာတ်ကားထဲက အိုင်တောဆိုတဲ့ အဓိကဇာတ်ကောင်လေးကတော့ သူက ရွယ်တူတခြားကလေးတွေလို မဟုတ်ဘူးဆိုတာကို ၈ နှစ်အရွယ်မှာ သတိထားမိခဲ့ပါတယ်။ အိုင်တောရဲ့အမေဖြစ်သူ အန်နီကတော့ စားဝတ်နေရေးအတွက် လုံးပန်းနေရလို့ အလုပ်တွေရှုပ်နေခဲ့ပြီး အဖေဖြစ်သူကတော့ အိုင်တောထက် သူ့အစ်ကို အယ်နဲကိုကို အချစ်ပိုသူပါ။ တစ်ရက်မှာတော့ အိုင်တောတို့မိသားစုက တခြားမြို့က ပျားမွေးမြူရေးလုပ်တဲ့ သူတို့အမျိုးတွေဆီ နွေရာသီ အလည်သွားကြရင်းနဲ့မှ အိုင်တောလေးက သူ့ဘဝရဲ့ တည်ရှိမှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ အရွယ်နဲ့မမျှအောင် ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားရတဲ့ အိုင်တောလေးခမျာ ရွယ်တူကလေးတွေလိုလည်း မပျော်နိုင်ဘဲ တမှိုင်မှိုင် တတွေတွေပဲ ဖြစ်နေပါတော့တယ်။ ကိုယ်မွေးထားတဲ့ သားသမီးမို့ သူ့ရဲ့တည်ရှိမှုလေးအတိုင်း လက်ခံပေးနိုင်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အကြည့်တွေကို ကြောက်ရွံ့မိသူ အန်နီက အိုင်တောကို အသိအမှတ်ပြုပေးနိုင်မှာလား၊ အိုင်တောရဲ့အဖေကရော သူ့ရဲ့မတူထူးခြားမှုကို နားလည် လက်ခံပေးနိုင်ပါ့မလား ဆိုတာကိုတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(1GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Thriller
0 2023
20,000 Species of Bees
Martínez
6.1

Martinez (2023) Genre – Drama, Comedy IMDb – 6.1/10 ——————————————— ချီလီလူမျိုး Marinezက အနှစ်၄၀လုံးကိုMexicoမှာပဲ နေထိုင်ခဲ့ပြီးသူ့ရဲ့ဘဝကိုအလုပ်အပေါ်မှာပဲမြှုပ်နှံထားခဲ့ပါတယ်။ ဒီလိုနဲ့အသက်၆၀ဖြစ်လာတဲ့အခါမှာတော့ အလုပ်ကနေအနားယူဖို့အတွက် တွန်းအားပေးခံလာရပါတယ်။ တနေ့မှာတော့ သူ့ရဲ့အိမ်နီးချင်းကရုတ်တရပ်သေဆုံးသွားခဲ့ပါတယ်။ သူအလုပ်လုပ်တဲ့ရုံးမှာလည်း သူ့နေရာမှာအစားထိုးလုပ်မယ့် ဝန်ထမ်းတယောက်ရောက်လာပါတော့တယ်။ ဒီဖြစ်ရပ်၂ခုကနေ သူ့ဘဝဘယ်လိုစတင်ပြောင်းလဲလာမှာလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အသက်(၆၀)အရွယ်တယောက်ထဲနေတဲ့ဂွကျကျလူတယောက်ရဲ့ဘဝကို ပီပြင်စွာသရုပ်ဆောင်ထားတဲ့အတွက် Dramaအမျိုးအစားဆိုတဲ့အတိုင်း ကြည့်ရှုသူကစိတ်ခံစားချက်တမျိုးတဖုံခံစားရစေနိုင်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်

Science Fiction • Horror • Thriller
6.1 2023 83 mins
Martínez
Successor
6.9

Successor (2024) IMDb Rating (6.9) / Rotten Tomatoes (82%) ရုံတင်တုန်းက Box Office မှာ $ 470 million ကျော် ရရှိပြီး နာမည်ကြီးလူကြိုက်များနေတဲ့ တရုတ်ဟာသဒရမ်မာကားလေးကို 4K ထိ တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်လေးလဲ တကယ်ကိုထူးခြားဆန်းသစ်နဲ့ ဇာတ်အိမ်နဲ့ပါ… တစ်ချိန်က ချို့တဲ့တဲ့မိသားစု အသိုင်းအဝိုင်းကြားမှာ မာနကို ချိုးနှိမ် ဒုက္ခကို အံခဲပြီး တစ်ကိုယ်တည်း ကြိုးစားရုန်းကန်ရင်း ချမ်းသာလာတဲ့သူဌေးကြီးတယောက်ဟာ သူ့သားလေးကို…ရွှေဇွန်းကိုက်ပြီး ရွှေလင်ဗန်းနဲ့ အချင်းဆေးတဲ့ဘဝမျိုးမှာထားနိုင်ပေမယ့် ဒီလိုထားလိုက်ရင် ကြိုးစားလိုစိတ်…. ဖြစ်ထွန်းလိုစိတ် မရှိတော့ဘဲ ဘဝကို အပေါ်ယံရှုမြင်ပြီး ပျော်ပါးပျက်စီးမှာစိုးလို့… ဆင်းရဲဒဏ်ထဲ ကြီးပြင်းစေမယ့် မဟာ စီမံကိန်းကြီးကို ရေးဆွဲပါတော့တယ်… ဒါကတော့ သူငယ်ငယ်က နေခဲ့တဲ့ အိမ်စုတ်လေးမှာ မိသားစုလိုက်သွားနေကြပြီး သူ့သားအထင်မှာ ဆင်းရဲအောင် ဟန်ဆောင်ကြပါတယ်။ သူ့သားကို ဆင်းရဲတဲ့ဒဏ်… မျက်နှာငယ်ရတဲ့ဘဝ… မာနကို ခဝါချပြီး ဘဝရဲ့ လောကဓံကို ရင်ဆိုင်စေဖို့ အမျိုးမျိုး ဇာတ်ညွှန်းတွေရေးပြီး ပျိုးထောင်ပေးတော့တာပေါ့…. ဒါပေမယ့် သူ့သားကရော ဆင်းရဲသားတယောက်အဖြစ်နဲ့ ကြိုးစားပါ့မလား သူ့အဖေအမေက လိမ်ညာထားတဲ့ ဘဝအခြေအနေမှန်ကိုရော သိသွားမလား တကယ်ရော သူ့ဘဝအစစ်အမှန်ကို ရင်ဆိုင်ရဲပါ့မလားဆိုတာ…….။ မိဘတိုင်းက သားသမီးကို ကောင်းပေ့ တော်ပေ့… ဆိုတဲ့ ပြီးပြည့်စုံမှုပေတံတွေနဲ့တိုင်းပြီး ဖြစ်ထွန်းစေချင်ကြတယ်… ဒီလို ကောင်းစေချင်လို့ဆိုတဲ့ စကားနဲ့ ကလေးတွေရဲ့ စိတ်ကို ပြန်ပေးဆွဲကြလေ့ရှိတယ်… ဒါပေမယ့်လည်း ဒါက တကယ်ပဲ ကလေးတွေအတွက် ကောင်းရဲ့လား…. သားသမီးတွေဆန္ဒကရော အရေးမပါတော့ဘူးလားဆိုတဲ့ ဖော်ကျူးမှုလေးတွေနဲ့ ဒီရုပ်ရှင်ကားလေးက မိသားစုလိုက်အေးအေးဆေးဆေးကြည့်ရှုကြရမယ့် ဟာသဒရမ်မာရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။

6.9 2024
Successor
Kanakarajyam
7.5

Kanakarajyam (2024) “လောကဓံ” အသစ်ထွက်ရှိထားတဲ့ မလေယာလမ် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ရာမန်ဆိုတဲ့ အဘိုးကြီးဟာ ရွှေဆိုင်တစ်ဆိုင်မှာ လုံခြုံရေးလုပ်ပြီး အများချစ်ခင်တဲ့အပြင် အကောင်းဆုံးဝန်ထမ်းဆုကိုပါ ရထားတဲ့သူပါ ဗီနူးဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကတော့ ယောက္ခမပိုက်ဆံလည်းအကြွေးတင်နေကာ တလောတုန်းက စီးပွားရေးလုပ်ငန်းတစ်ခုမှာ ရှုံးသွားလို့ အကျပ်ရိုက်နေတဲ့အပြင် ဇနီးသည်ကလည်း သူအမေက ပိုက်ဆံပြန်တောင်းနေတဲ့အကြောင်း မကြာခဏသတိပေးသလို အိမ်လခလည်း အကြွေးကျန်ပြီး ချေးငွေလည်းယူလို့မရ ဖြစ်နေပါတယ် ဒီလိုအကျပ်အတည်းတွေကနေ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဗီနူးက ဘယ်လိုရုန်းထွက်နိုင်ဖို့ ကြိုးစားသွားမှာလဲ ဆိုတာကို ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.5 2024 124 mins
Kanakarajyam
Like Mike
5.4

Like Mike (2002) IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။ အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘ တွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။ တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီး ကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြ မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။) File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Family,Fantasy Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leo

5.4 2002 99 mins
Like Mike
The Grapes of Wrath
8.1

The Grapes of Wrath (1940) IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ ဇာတ်လမ်းကတော့ ၁၉၃၀မှာ ဇာတ်အိမ်တည်ထားတယ်။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်နဲ့ ကြုံနေရတဲ့ကာလ Great Depression ကာလပေါ့။ အဲဒီကာလမှာ အိုကလာဟိုမာက လယ်သမားတွေဟာ လူအားနဲ့ လယ်ထွန်ယက်စိုက်ပျိုးနေတဲ့ လူတွေနေရာမှာ ထွန်စက်တွေကို အစားထိုးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရင်း ဘဝတွေပျက်ကြတာကို ပုံဖော်ထားတယ်။ အိုကလာဟိုမာမှာ အိမ်အဖျက်ခံရမယ့် ညမှာ အလုပ်တွေပေါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအထိ ကားစုတ်ကြီးနဲ့ မိသားစုလုံးကျွတ် ခရီးနှင်လာခဲ့ပြီးတဲ့နောက် အိမ်ပျက်ရာကနေ အိပ်မက်တွေဆက်ပျက်ရတဲ့အကြောင်းတွေပေါ့။ အဆိုးတွေကြားမှာ ဇာတ်အိမ်ကို သရုပ်ဖော်ထားပေမဲ့ အကောင်းတွေလည်း ရောပြွန်းနေတဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။ ရုပ်ရှင်ကတော့ အဆုံးနားကို နည်းနည်းလှည့်လိုက်ပြီး ဝတ္တုရဲ့မာစတာပိစ်ဖြစ်လှတဲ့ ဇာတ်သိမ်းခန်းအထိ မပြခဲ့တာကလွဲ စတိုင်းဘတ်ရဲ့ ဝတ္တုအတိုင်းပဲ အတိအကျ ပုံဖော်ထားတယ်။ ခုနပြောခဲ့သလို စာအုပ်ကို အရင်ဖတ်မိတဲ့လူတွေ ဒီကားကို အားမရတဲ့ပြဿနာတော့ရှိတယ်။ ဘာလို့ဆို ဂျွန်စတိုင်းဘတ်ရဲ့ အရေးအသားက‌ တော်တော်လေး အသေးစိတ်ကျတဲ့ အရေးအသားဖြစ်နေလို့ပဲ။ သူ့ အဓိကဇာတ်အိမ်က ခုနမိသားစုရဲ့ခရီးရှည်ကြီးသက်သက်ပဲ ပြောရရင် ဒီကားမှာပြထားသမျှက အဓိကကျောရိုးအကုန်ပဲ။ ပြောရရင် ကာလတောင် အဲဒီလောက်မရှည်လှတဲ့အချိန်မှာပဲ ဇာတ်အိမ်တည်ထားတာ။ ဒါပေမဲ့ စတိုင်းဘတ်က ဇာတ်အိမ်ထက် ပုံဖော်မှုကို ပိုအသားပေးထားတယ်။ သူက ဇာတ်ကောင်တစ်ကောင်ရဲ့ ဒီကာလအတွင်းက အတွေ့အကြုံ လုပ်ရပ်တွေကို သေးသေးလေးကအစ သေချာထင်ရှားအောင်ပုံဖော်ထားသလို အဓိကကျောရိုးကို တစ်ခန်းနှစ်ခန်းရေးပြီးတာနဲ့ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကြီးတစ်ခုလုံး စာဖတ်သူမျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် ကြားဖြတ်အခန်းလေးတွေလည်း အဆုံးအထိ ဖြတ်ဖြတ်ရေးသွားတယ်။ ဒါတွေကို ဂျွန်ဝိန်းက မထည့်သွားသလောက်ပဲ သူထိသွားပုံရတဲ့တစ်ခုတော့ ထည့်ထားတယ်။ ပြောရရင် ထည့်လို့လည်းမပြေပါဘူး။ ခေတ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ၂နာရီစာ ဇာတ်ကားထဲထည့်ဖို့ဆို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျွန်ဝိန်းက သူရတဲ့၂နာရီစာဆိုတဲ့ အချိန်အတွင်းတော့ ဖြုတ်သင့်ဖြုတ် ပေါင်းသင့်တာပေါင်းပြီး အသပ်ရပ်ဆုံး ပုံဖော်သွားခဲ့တာကိုတော့ အာမခံလို့ရတယ်။ ဒီကားရဲ့ အဓိကပြဿနာက Run Time အရမ်းနည်းနေတာပါပဲ။ အဲဒီခေတ်ပရိသတ်ကလည်း ဒီ၂နာရီစာဆိုတဲ့ အချိန်လောက်ကိုပဲ လက်သင့်ခံကြတာကလည်း တစ်ပိုင်းပါတယ်။ ဒီလိုဆိုလို့ သူ့အရင် ထွက်တဲ့ Gone With The Windကျ ၄နာရီစာဖြစ်နေတဲ့အချက်ကိုတော့ ထောက်ပြစရာရှိမယ်။ လေရူးသုန်သုန်ရုပ်ရှင်က ၄နာရီကြာတာမှန်သလို အဲဒီခေတ်ပရိသတ်က ၂နာရီပဲ အများစုလက်ခံကြတာလည်းအမှန်ပါပဲ။ လေရူးသုန်သုန်က Civil War-era epic ဇာတ်အိမ်မျိုးရှိပေမဲ့ ဒေါသမာန်ကတော့ သူ့မျက်မှောက်ခေတ်နဲ့ သိပ်မကွာလှတာလည်းပါလိမ့်မယ်။ စတိုင်းဘတ်ကိုယ်တိုင် စာအုပ်မှာ တစ်ချို့လူတွေ ဖောင်းထုတာ ခံခဲ့ရတဲ့အပိုင်းကြောင့်လည်း ပါကောင်းပါမယ်။ ထုတ်လုပ်ရေးပိုင်းကြောင်းလည်းပါတယ်။ ဒေါသမာန်ကိုတော့ စတူဒီယိုက သာမန်လျှံကာပဲ ထုတ်ခဲ့ပေမဲ့ လေရူးသုန်သုန်ကိုတော့ စတူဒီယိုက prestige blockbuster ဖြစ်လာဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တယ်။ ဆိုတော့ ခေတ်အရရော ရုပ်ရှင်နဲ့စာအုပ်ရဲ့ ကွာခြားချက်အရရောကြောင့် ဒီကားကို အားမရတဲ့လူတွေ အားမရပေမဲ့လည်း ရုပ်ရှင်ကောင်းတော့ ဖြစ်နေတုန်းပါပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာပေါ့။ အဘိုးကြီးတစ်ယောက်က ကားလမ်းဘေးက စားသောက်ဆိုင်ကလေးထဲ ဝင်လာတယ်။ ဆိုင်ထဲမှာ ကားဒရိုင်ဘာတစ်ယောက်နဲ့ စကားပြောနေတဲ့ စားပွဲထိုးမကတော့ ဒီအဆင် ဒီအဆင်တွေဟာ အကျိုးပေးမယ်မှန်းမသိတော့ ခပ်ချေချေပေါ့။ အဘိုးကြီးက ဝင်လာတာနဲ့ ” ကျုပ်တို့ကို ပေါင်မုန့်လေးတစ်လုံးလောက် ရောင်းပေးနိုင်မလား”လို့ပြောတော့ စားပွဲထိုးမက ငါထင်သလိုပဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ” ဒါကုန်စုံဆိုင်မဟုတ်ဘူး ကျွန်မတို့မှာ ဆန်းဒဝစ်လုပ်ဖို့ပဲ ရှိတယ်”လို့ ပြန်ပြောတာပေါ့။ အဘိုးကြီးက မျက်နှာလေးအိုအိုနဲ့ ” သိပါတယ် မဒမ်ရာ အမေကြီးအတွက်မို့ပါ။ သူကသွားမရှိဘူးလေ ရေနဲ့နှူးပြီး ကျွေးမှ ဝါးနိုင်တာ သူဗိုက်ဆာနေလို့ပါ”လို့ပါ တောင်းပန်တယ်။ မလျှော့တဲ့ စားပွဲထိုးမက “ဆန်းဒဝစ်ပဲဝယ်လိုက်ပါလား ကျွန်မတို့ဆီက ဆန်းဒဝစ်တွေက သိပ်ကောင်းတာ”လို့ ခွန်းတုံ့ပြန်ပြန်ရော။ ဇီးရွက်လောက်ပဲ ကျန်တော့တဲ့ မျက်နှာနဲ့ အဘိုးကြီးကတော့ ထပ်ရှင်းပြရှာတယ်။ “ဟုတ်ကဲ့ ကျွန်တော်လည်း ဝယ်ချင်ပေမဲ့ မဒမ်ရယ်… ကျွန်တော်တို့မှာ ပေါင်မုန့်ဖိုးက၁၀ဆင့်ပဲရှိတာ အဲဒါမှခရီးအတွက်လောက်မှာမို့ပါ”လို့ပေါ့။ ဒါပေမဲ့လည်း စားပွဲထိုးမက မလျှော့ပြန်ပါဘူး “၁၀ဆင့်နဲ့ ဘာပေါင်မုန့်မှမရဘူး ပေါင်မုန့်တစ်လုံးကို အနည်းဆုံး၁၅ဆင့်တန်ပဲရှိတယ်”လို့ ပြောပြန်တယ်။ စားဖိုမှူးက ပေးလိုက်စမ်းပါကွာလို့ပြောတော့လည်း စားပွဲထိုးမက ပေါင်မုန့်ကားမလာခင် ပေါင်မုန့်ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်ပြန်တာပါပဲ။ စိတ်မရှည်တော့တဲ့ စားဖိုမှူးက ” အေး ကုန်တော့လည်းကုန်ပါစေ ကုန်ပါစေပေါ့”လို့ပြောပြီး ဘုတောလိုက်မှ စားပွဲထိုးမက ပေါင်မုန့်သွားယူလာပြီး အဘိုးကြီးကို ရောင်းပေးတော့တယ်။ ဒါလည်း ချိုချိုသာသာမဟုတ်ပါဘူး။ ဆောင့်ကြီးအောင့်ကြီးနဲ့ပဲ။ စားပွဲထိုးမပေါင်မုန့်သွားယူနေတဲ့အချိန်မှာ ကလေးလေး၂ယောက်က အဘိုးကြီးနောက်ကို လိုက်လာပြီး ဆိုင်ထဲဝင်လာခဲ့တယ်။ ငွေရှင်းတဲ့ကောင်တာနားက ချိုချဉ်တွေကို တွေ့သွားတဲ့အချိန် သူတို့အခြေအနေကိုလည်း သူတို့သိနေတော့ ဘာမှမပူဆာဘဲ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့ကြတယ်။ အဘိုးကြီးလည်း မနေသာတော့ ” ဟိုးက ချိုချဉ်တွေက တစ်ဆင့်တန်တွေလား”လို့ စားပွဲမကိုမေးလိုက်တယ်။ စားပွဲထိုးမက…” မဟုတ်ဘူး”လို့ ပြောပြီးမှ သူ့ကောင်တာရှေ့တည့်တည့်က ကလေးလေး၂ယောက်ရဲ့ မျက်လုံးကို မြင်သွားပြီး ဆောင့်ကြီးအောင့်ကြီးဖြစ်နေခဲ့တဲ့ သူ့မျက်နှာပေါ်ဝမ်းနည်းရိပ်သန်းလာခဲ့တယ်။ ” အာ မဟုတ်ဘူး ၂ချောင်းတစ်ဆင့်”လို့ ပြာပြာသလဲဖြေလိုက်တယ်။ အဘိုးကြီးကလည်း တစ်ဆင့်ပေးပြီး ကလေးနှစ်ယောက်ကို ချိုချဉ်တစ်ယောက်တစ်ခု ဝယ်ကျွေးနိုင်ခဲ့တယ်။ အဘိုးကြီးတို့ ထွက်သွားပြီးတော့ ခုန စားပွဲထိုးမနဲ့ စကားပြောနေတဲ့ ကားဒရိုင်ဘာက ” အဲဒါတွေက နှစ်ချောင်းတစ်ဆင့်တန်မဟုတ်ဘူးလေ တစ်ခုကို ၅ဆင့်မလား”လို့ မချိုမချဉ်မျက်နှာပေးနဲ့ စားပွဲထိုးမကို လှမ်းပြောလိုက်တာပေါ့။ စားပွဲထိုးမကတော့ ” ရှင့်အပူပါလို့လား”လို့ပဲ ပြန်ပြောခဲ့တယ်။ ခဏနေတော့ ကားဒရိုင်ဘာ ငွေရှင်းဖို့ ထလာတယ်။ ပိုက်ဆံပေးပြီးတဲ့နောက် တံခါးဝဆီတန်းသွားခဲ့တယ်။ စားပွဲထိုးမက ” နေပါဦး ပြန်အမ်းငွေယူသွားဦးလေ”လို့ ပြောတော့ ဒရိုင်ဘာကလည်း တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ” မင်းအပူပါလို့လား”တဲ့။ ဂျွန်ဖို့ဒ် နည်းနည်းပြင်ရိုက်ထားတဲ့ ဒီဇာတ်ဝင်ခန်းလေးကိုပဲ ဂျွန်စတိုင်းဘတ်က သူ့စာအုပ်ထဲ ပုံဖော်ထားတာက စာမျက်နှာ၂၀နီးနီးရှိတယ်။ စတိုင်းဘတ်က အဲဒီလောက် အသေးစိတ်ကျကျ ရေးတဲ့လူဆိုတော့ ဂျွန်ဖို့ဒ် ဒီလောက်ထိလုပ်ပြနိုင်တာပဲ ဟုတ်တော့ဟုတ်နေတဲ့ သဘောပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (2.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:09:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Animation • Adventure • Family • Comedy
8.1 1940 129 mins
The Grapes of Wrath