YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Bright Future E07 CM.mp4

239.87 MB N/A video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
World War III
6.8

~ IMDb - 7/10, Rotten Tomatoes - 100% ~ အီရန်က အော်စကာအတွက် ဝင်ပြိုင်ဖို့ရွေးခဲ့တဲ့ အီရန်ကားပါပဲ။ ဆန်ခါတင်ထဲတော့ မဝင်သွားပေမဲ့ ခရမ်းချဉ်သီး ၁၀၀ ရာခိုင်နှုန်းရထားတဲ့ ကားကောင်းလို့တော့ ပြောလို့ရပါတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာတော့ ဆုရခဲ့ပါတယ်။ အီရန်ရုပ်ရှင်ကိုမှ Drama Thriller အမျိုးအစားမို့ ရင်တမမနဲ့ ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်က ဒီလိုပါ။ လူတစ်ယောက်ရှိတယ်။ စာလည်းမတတ်ဘူး။ မိသားစုတွေကလည်း ငလျင်ကာလမှာ သေသွားလို့ ဘဝကို ထီးတည်းရှင်သန်နေတဲ့လူပေါ့။ အိမ်ရယ်လည်းမရှိဘူး။ သူငယ်ချင်းဆီ ကပ်နေနေရင်း တစ်နေ့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ ဆက်တင်ပြင်တဲ့ဆီ အလုပ်သွားလုပ်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီကားက ဒုတိယကမ္ဘာစစ်အကြောင်းရိုက်တာ။ ဟစ်တလာနေရာက သရုပ်ဆောင်တဲ့ သရုပ်ဆောင်က နှလုံးဖောက်ပြီး ဆေးရုံရောက်သွားရော။ ဒီတော့ ရိုက်ကွင်းအလုပ်သမားတွေထဲကပဲ အော်ဒီးရှင်းဝင်ခိုင်းပြီး လူရွေးတယ်။ ဒီမှာ ခုနလူက ဟစ်တလာနေရာက သရုပ်ဆောင်ရမယ့် မင်းသားဖြစ်လာရော။ ဘာမှမရှိတဲ့ဘဝကနေ အခွင့်အလမ်းလေးတစ်ခုပေါ်လာတယ်ပေါ့။ အဲဒီအခွင့်အလမ်းနောက်မှာ ဘယ်လိုနတ်ဆိုးတွေ စောင့်စားနေမလဲ ရင်တမမနဲ့ ဆက်ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 840MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 57Min Genre - Adventure, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
6.8 2023 117 mins
World War III
The Mummy Returns
6.3

1999 ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားရဲ့အဆက်အနေနဲ့ရိုက်ကူးထားသလို ရှေ့ဇာတ်ကားက မင်းသားမင်းသမီးတွေပဲ ဆက်လက်ပါဝင်ခဲ့ပြီး ကင်းမြီးကောက်ဘုရင်ကြီး Mathayus အဖြစ် The Rock မှအင်အားဖြည့်ပါဝင်ထားပါတယ်။ Action, Adventure, Fantasy အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Mummy ဇာတ်ကားတွေက ဖျော်ဖြေမှုအပေးနိုင်ဆုံးပါပဲ။ ရှေ့ကထွက်ထားတဲ့ The Mummy (1999) ဇာတ်ကားကိုကြည့်ပြီးမှ အခု The Mummy Returns (2001)ကို ဆက်လက်ကြည့်ရှုသင့်ပါတယ်...ပြန်လည်နှိုးထလာတဲ့ ကျိန်စာသင့် Mummy တို့စုံတွဲနဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့စုံတွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ကျိန်စာတွေကို ဘယ်လိုပယ်ဖျက်မလဲဆိုတာ........။ File size…(4.4 GB) /(1.4 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:09:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Fantasy
6.3 2001 130 mins
The Mummy Returns
Laguna Ave.
2

ထူးထူးခြားခြား အဖြူအမည်းကာလာနဲ့ Science Fiction Genre ဖြစ်ပါတယ်။ ရက်ဆဲလ်ဆိုတာ လက်တစ်ဖက်မရှိတော့တဲ့ တီးဝိုင်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ပါ။ လောလောလတ်လတ် အလုပ်ပြုတ်ထားပြီး ဘဝကို စိတ်ပျက်ငြီးငွေ့စွာ ဖြတ်သန်းနေတဲ့သူပေါ့။ ပိုက်ဆံမရှိလို့ အိမ်လခကိုတောင် ရည်းစားဖြစ်သူ ရီတာက စိုက်ပေးနေရပြီး အလုပ်သစ်ရှာပေမဲ့ မရသေးလို့ လက်မှိုင်ချနေရသူပါ။ ပြဿနာကတော့ သူတို့တိုက်ရဲ့ အောက်ထပ်ခန်းကို လူသစ်တွေပြောင်းလာရာက စတာပါပဲ။ ညဆို တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ အိပ်မရအောင်လုပ်တတ်တဲ့ အဲဒီလူသစ်နဲ့ ပတ်သက်မိခဲ့ရာကနေ ထူးဆန်းတဲ့ အာအီးဂျီဆိုတဲ့ အဖွဲ့အစည်းအကြောင်း သူ သိလာရတဲ့အခါ ... အဲဒီအဖွဲ့အစည်းက ဘာကြီးလဲ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုခံစားကြပါဦးစို့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat ပါ။) File Size          :  2.2GB, 901MB & 422MB Quality            : 1080p WEBRip, 720p WEBRip & 480p Format            : mp4 Duration         : 1hr & 20mins Genre              : Comedy, Sci-Fi Translated by  May Myat Encoded by Kinnov

Drama • Thriller
2 2021 80 mins
Laguna Ave.
Can You Ever Forgive Me?
6.8

Rating 7.2 ရရှိထားတဲ့ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... လူဆိုတာတစ်နေ့ကျရင် အသက်ကြီး အိုမင်းရမှာပါပဲ အသက်ကြီးလာတဲ့အခါ စုထား ဆောင်းတာတွေမရှိရင် စားဝတ်နေရေး အတော်ခက်ခဲရနိုင်ပါတယ် အဲဒီလိုဖြစ်တတ်တဲ့အခြေအနေတွေ အကြောင်းကို ရိုက်ကူးတင်ဆင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ် လီအစ္စရယ်ဟာ အရောင်းရဆုံးစာရင်းဝင်ဖူးတဲ့ ဖန်နီဘရိုက်အတ္ထုပတ္ထိကို ရေးခဲ့တဲ့ စာရေးဆရာမပဲ ဖြစ်ပါတယ်။ သူ့စာအုပ်တွေဟာ တချိန်တုန်းက လူကြိုက်များခဲ့ပေမယ့် နောက်ပိုင်း စိတ်မဝင်စားကြတော့တဲ့အခါ ထုတ်လုပ်သူကလည်း မထုတ်ပေးတော့ပါဘူး။ စားဝတ်နေရေး ကြပ်တည်းလာလို့ ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း သူ့အပြုအမူတွေကြောင့် ဘယ်အလုပ်မှ တာရှည်မခံခဲ့ပါဘူး နောက်ဆုံးကြံရာမရဖြစ်လာတဲ့အခါမှာ တခြားနာမည်ကြီး စာရေးဆရာတစ်ယောက် သူ့ကိုပေးဖူးတဲ့ လက်ရေးမူကို ရောင်းချခဲ့ပါတယ်.. မထင်မှတ်ပဲ ငွေအများကြီးရလိုက်တဲ့အခါမှာ သူက ငွေကိုယစ်မူးပြီးတော့ စာရွက်တွေအတုလုပ် ရောင်းချတဲ့အထိ ဖြစ်လာပါတော့တယ်။ သူကိုယ်တိုင်မသိလိုက်ပဲနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေမိနေလျက်သား ဖြစ်နေပါတော့တယ်… နောက်ဆုံးလူတွေသိသွားတဲ့အခါ ရဲတွေသိသွားတဲ့အခါမှာ သူ့အနေနဲ့ရှေ့ဆက်တိုးစရာလမ်းလည်း မရှိတော့ပါဘူး အမြဲသူ့ဘေးမှာနေခဲ့တဲ့သူငယ်ချင်းကလည်း သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် သူ့ကိုစွန့်ခွာသွားခဲ့ပါသေးတယ်.. ဒီလိုအကျပ်အတည်းတွေကို သူဘယ်လိုရင်ဆိုင်မလဲ.. ပျက်စီးသွားတဲ့ယုံကြည်မှုတွေ ပြိုကွဲသွားတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို သူပြန်လည် တည်ဆောက်နိုင်ပါ့မလား…. ဒီကားက ရိုးရိုးစင်းစင်း ဇာတ်ကားတစ်ကားဖြစ်ပေမယ့် သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အိုမင်းလာတဲ့အခါ ကြုံရမယ့်ဒုက္ခတွေ၊ ကိုယ့်အပြုအမှုတွေကြောင့်ခံစားရတဲ့ ပတ်ဝန်းကျင်ရဲ့လျစ်လျူရှုမှုတွေ၊ နောင်တတရားရတဲ့အချိန်မှာ လူ့အသိုင်းအဝိုင်းရဲ့ ဖေးမကယ်တင်မှုတွေကို ခံစားရမှာပဲဖြစ်ပါတယ်။ File Size : ( 996 MB) & ( 274 MB) Quality : WEB DL 720p Running Time :1hr 46 min Format : Mp4 Genre : Biography , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by  Neve  Encoded by May Pyae Sone Oo

Mystery • Sci-Fi & Fantasy
6.8 2018 107 mins
Can You Ever Forgive Me?
The Bang Bang Club
6.9

The Bang Bang Club (2010) အာဖရိကတိုက်ဟာ လူမျိုး‌ရေးပြဿနာတွေ၊ ပဋိပက္ခ‌တွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။ သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။ သတင်းသမား‌တွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ အစာရေစာငတ်လို့ သေအံ့မူးမူးဖြစ်နေတဲ့ ကလေးမလေးတစ်ယောက် လဲကျခါနီးမှာ လင်းတငှက်တစ်ကောင်က ဘေးမှာအသင့်စောင့်နေတဲ့အဖြစ်ကို ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံက ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်ပါတယ်။ သိပ်ကြောက်စရာကောင်းတဲ့အဖြစ်ကြီးကို ကမ္ဘာကြီးက မျက်ဝါးထင်ထင်တွေ့လိုက်ရအောင် တင်ဆက်နိုင်လိုက်တဲ့ ဓာတ်ပုံဟာ ပူလစ်ဇာဆုကို ဆွတ်ခူးသွားပါတယ်။ အဲဒီနောက်မှာပဲ ဓာတ်ပုံဆရာဟာ အဲဒီကလေးမကို မကူညီခဲ့လို့ ဝိုင်းဝန်းပြစ်တင်ခံရတဲ့ နောက်ဆက်တွဲအပိုင်းတွေလည်း ရှိတာပေါ့။ နောက်တစ်ပုံ ရှိသေးတယ်ဗျ။ ကိုယ့်လည်ပင်းကို လှီးမယ့်ဓားသမားက ကိုယ်နဲ့ နှစ်ပေအကွာမှာရှိတယ်။ သုံးလေးချက်လည်း လှမ်းခုတ်နေသေးတာနော်။ မထိလိုက်လို့ လည်ပြတ်မသွားသေးတာ။ အဲဒီမှာ ဓာတ်ဆီလောင်းပြီး မီးရှို့ခံလိုက်ရလို့ မီးလုံးကြီးတဝင်းဝင်းလောင်နေတဲ့သူက ကိုယ့်ရှေ့က ဖြတ်ပြေးတော့ ဆယ်ပေအကွာမှာရောက်နေပါသတဲ့။ လူကြီးမင်းတို့ ဘာလုပ်မလဲ။ သတင်းထောက်ရဲ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတယ်တဲ့နော်။ F 5.6 တဲ့။ သူတို့ခေတ်က ဖလင်ခေတ်။ Digital တွေမရှိဘူး။ ကင်မရာအလင်းဝင်ပေါက် အကျဉ်းအကျယ်က ကိုယ်တိုင်ချိန်ရတာ။ မီးတောက်လိုမျိုး အလင်းစူးစူးကိုရိုက်ရင် ‌shatter ပွင့်တဲ့အချိန် တိုရတယ်ဗျ။ ကြာသွားရင် ပုံက ဘာမှမပေါ်တော့ပဲ အဖြူပြင်ကြီးဖြစ်နေမှာ။ ဒီတော့ သတင်းထောက်က အလင်းဝင်ပေါက် အကျဉ်းဆုံးနဲ့ အမြန်ဆုံးဖြစ်တဲ့ F 5.6 setting ကိုပဲ ခေါင်းထဲတွေးမိသတဲ့။ တကယ့်ကောင်တွေပါဗျာ။ သူ့ရဲ့ မီးလောင်နေတဲ့လူဓာတ်ပုံကလည်း ပူလစ်ဇာဆု ရခဲ့တယ်ဗျ။ ထူးခြားတာက ဒီဓာတ်ပုံသမားနှစ်ယောက်လုံးက ဘန်းဘန်းကလပ်လို့ခေါ်တဲ့ သတင်းထောက်ဓာတ်ပုံဆရာအသင်းငယ်လေးထဲကပါ။ ဒီတော့ ဘန်းဘန်းကလပ် လို့ နာမည်ပေးထားတဲ့ ဟောဒီဇာတ်ကားက ဘာကိုရိုက်ကူးတင်ဆက်ထားတယ်ဆိုတာ လူကြီးမင်းတို့ကို ညွှန်းစရာမလိုလောက်တော့ပါဘူး။ Cast တွေကလည်း ရှယ်မိုက်တာမလို့ အခုချက်ချင်း Download ဆွဲပြီး ကြည့်သင့်တဲ့ဇာတ်ကားပါပဲခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Crime • Thriller
6.9 2010
The Bang Bang Club
Womb
7

Womb(2011) အညွှန်း ***************** ရေဗက်ကာဟာ သူ့အဖိုးရှိရာကမ်းခြေကနေအိမ်လေးမှာအလည်ခဏလာနေရင်းနဲ့ တွမ်မီဆိုတဲ့ကောင်လေးနဲ့ရင်းနှီးသွားပါတယ်။ ကလေးတွေဖြစ်ကြပေမယ့်တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ဖြစ်ကြပါတယ်။ တစ်နေ့မှာရေဗက်ကာဟာ သူ့အမေအလုပ်ရှိရာဂျပန်ကိုလိုက်သွားရပါတော့တယ်။ အချိန် ၁၂ နှစ်လောက်ကြာပြီးတဲ့အခါမှာတော့တွမ်မီရှိရာ ကမ်းခြေကိုပြန်လာခဲ့တယ်။ ငယ်ငယ်တုန်းသံယောဇဉ်တွေကြောင့်တစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေဖြစ်သွားကြတယ်။ ဒီလိုနဲ့တစ်ရက်မှာ တွမ်မီဟာကားတိုက်ပြီးသေဆုံးသွားတယ်။ ခေတ်နည်းပညာတိုးတက်မှုအရလူသားတွေကိုပုံတူပွားလို့ရတာကြောင့် တွမ်မီရဲ့အမေနဲ့အဖေကိုတိုင်ပင်တယ်။သူကိုယ်တိုင်တွမ်မီရဲ့ DNA ကိုယူပြီးကိုယ်ဝန်ဆောင်မယ်ပေါ့။ အဲ့ဒီနောက်မှာတော့ File Size : (1.2GB) and (469 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:50:00 Genre : Drama , Romance, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Comedy • Drama
7 2011 111 mins
Womb
The Unfair (a.k.a) Minority Opinion
6.4

The Unfair (a.k.a) Minority Opinion (2015) တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ ‘YONGSAN TRAGEDY’ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ ‘SoSooUiGyeong’ ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း … မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။ တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပြီးတော့ ဘတ်ရှင်းအူကို သတ်တဲ့တရားခံဟာလည်း အစစ်အမှန်မပေါ်ခဲ့ပါဘူး။ အဲဒီအတွက် ပြည်သူ့ရှေ့နေယွန်ဂျင်ဝန်၊ ရှေ့နေအီဒယ်ဆော့နဲ့ သတင်းထောက်ဂုံဆူဂယောင်းတို့က ဘတ်ဂျယ်ဟိုနဲ့ဘတ်ရှင်းအူတို့ရဲ့အမှုတွေမှာ တရားမျှတမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်နိုင်မှာလား? ဘတ်ဂျယ်ဟိုအတွက် တရားမျှတမှုရှာဖွေနိုင်မလား? ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hay Thar Oo ပါ။) File Size : 2GB, 745MB, 393MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 7mins Genre : Drama Translated by Hay Thar Oo Encoded by Kinnov

Action • Comedy • Fantasy
6.4 2015 127 mins
The Unfair (a.k.a) Minority Opinion
Manual of Love 2 (2007) Manuale d’amore 2
5.5

Manual of Love 2 (2007) Manuale d’amore 2 (or) Capitoli successivi အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ဒုတိယဇာတ်ကားဖြစ်ပါတယ်။ အီတလီ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီးတော့ တစ်ကားမှာ အပိုင်းလေးတွေခွဲပြီး တင်ဆက်တဲ့ကားပါ။ တစ်ကားတည်းမှာပဲ ဇာတ်လမ်း လေးပုဒ်လောက် ပါရှိတာပါ။ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ကြ မုန်းကြ ခံစားကြ ငိုယိုကြ လွမ်းဆွေးကြ ပျော်ရွှင်ကြ၊ ခံစားမှုပေါင်းမျိုးစုံနဲ့ လောကဇာတ်ခုံ အဖုံဖုံပေါ့လေ။ ယခု အမှတ် (၂) ကားကို ဒါရိုက်တာ Giovanni Veronesi ရိုက်ကူးတင်ဆက်ထားပြီး ဇာတ်လမ်းလေးခု ပါရှိပါတယ်။ ကျွန်တော်တို့ရဲ့ မမ Monica Bellucci ရဲ့ ညှို့အားပြင်း ဆွဲဆောင်ခြင်းတွေကို အသည်းတယားယား မြင်တွေ့ရမှာပါပဲ။ Elsa Pataky ရဲ့ ပျိုမြစ်တဲ့ ဗီးနပ်စ်ရှုံးအလှကလည်း မိန်းမောစရာပဲပေါ့။ ပထမဇာတ်လမ်းကတော့ ယာဉ်မတော်တဆ ဖြစ်ခဲ့ရတဲ့ သွေးသားဆူကြွတဲ့အရွယ် လူငယ်လေးတစ်ယောက် ခြေတောက်ပြန်လည်သန်စွမ်းဖို့ ဆေးရုံတက်ရတဲ့အချိန် လုံးကြီးပေါက်လှ ကာယဆရာမ Monica Bellucci ရဲ့ အညှို့ဓာတ်ကို ပြားပြားဝပ် အရှုံးပေးလိုက်ရတဲ့ အဖြစ်‌ေပါ့ဗျာ။ မမ ကလည်း လက်ထပ်ရမယ့်သူရှိ၊ မောင်လေးကလည်း ရည်းစားငုတ်တုတ်နဲ့။ နှစ်ယောက်သား စိတ်ကစားတဲ့ တစ်ညတာ ဆားငန်ရေတွင်းလေးအကြောင်းပါပဲ။ ဒုတိယဇာတ်လမ်းလား။ သူကတော့ လင်မယားချစ်ကို ကျော်လွန်လို့ သားသမီးချစ်ပေါ့။ သားသမီးသာဆိုတယ်။ မမွေးရသေးပါဘူး။ ရဖို့ကြိုးစားနေတုန်းပါ။ ပန်းသေနေတဲ့ ခင်ပွန်းကိုမှ မပစ်နိုင် ချစ်နေရတဲ့ ဇနီးသည်ခင်မျာ ဆေးရုံပေါင်းများစွာကိုသွားလို့ ကလေးရဖို့အရေး လုံးပမ်းရပုံပါပဲ။ အတူနေရုံနဲ့ ကလေးမရနိုင်တဲ့အခါမှာ ဖခင်ရဲ့သုတ်သွေးနဲ့ မိခင်ရဲ့ မျိုးဉကိုပေါင်းစပ်ပြီး မိခင်ရဲ့ သားအိမ်ထဲ ထည့်သွင်းသန္ဓေအောင်ဖို့ ကြိုးစားကြပုံလေးပါ။ တတိယမြောက် ဇာတ်လမ်းလား။ အမျိုးသားနဲ့ အမျိုးသမီး ချစ်ကြတာနဲ့ လူသားတွေက အားမရနိုင်ပါဘူး။ အမျိုးသားချင်းရော ချစ်လို့မရဘူးလား။ ရပါတယ်လေ။ ချစ်ခြင်းဆိုတာ အပြစ်ကင်းတာမျိုးပဲ။ ဒါပေမဲ့ ဘေးလူတွေရဲ့ အမြင်ကိုတော့ ရဲရဲကျော်ဖြတ်ဖို့ လိုသပေါ့လေ။ အမျိုးသားချင်း ချစ်မိရှာတဲ့ သူတို့နှစ်ယောက်ဟာ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ဒဏ်ကို ကြံ့ကြံ့ခံလို့ လက်ထပ်နိုင်ဖို့ ကြိုးစားကြပုံလေးပါ။ လေးခုမြောက်ဇာတ်လမ်းကတော့ ရိုးသလိုလိုဆန်း၊ ဆန်းသလိုလိုနဲ့ရိုးတာမျိုး။ စလာကတည်းက ယဉ်သကို ဆိုတာမျိုးပါပဲ။ အိမ်ထောင်သက် ရင့်နေပြီဖြစ်တဲ့ “ရင့်ကျက်တဲ့ ကိုကြီး” က ငယ်သေးပေမယ့် ပင်လယ်ကူးမယ့် ပုဇွန်ဆိတ်မလေးကို အကြည့်လေးတွေ ခ,လိုက်တာ ဒီဇာတ်လမ်း ဖြစ်တော့တာပါပဲ။ ကလေးလေးတစ်ယောက်ကိုပိုက်လာတဲ့ အမျိုးသမီးလေးတစ်ယောက်။ သူ့ဖခင်ကို သိပေမယ့် မြင်သာမြင်ရ ဖွင့်မပြောရဲတဲ့အဖြစ်ပါ။ သူ့သားလေးကို သူ့အဖိုးနဲ့ တွေ့ဆုံပေးချင်ပေမယ့် ဖခင်ဖြစ်သူကို မခေါ်ရဲတဲ့ ညငှက်မလေး Elsa Pataky ဟာ ရင့်ကျက်တဲ့ ကိုကြီးရဲ့ ရင်ခွင်ကို ခရီးသွားဟန်လွှဲ ဝင်ခိုသွားပါတယ်။ ထူးဆန်းတာက သူတို့ရဲ့ နောက်မီးလင်းတဲ့အဖြစ်ကို မိန်းမလုပ်သူက ပြုံးပြုံးလေး ခွင့်လွှတ်သတဲ့။ အဲဒီမှာတင် ကိုကြီးတစ်ယောက် ပေါက်ကွဲတော့တာပဲ။ သူ့မိန်းမနဲ့ အကြီးအကျယ် ပြဿနာရှင်းရမယ်ထင်ပေမဲ့ သူ့မိန်းမရဲ့ အပြုအမူဟာ သူ့ကို စိတ်ရှုပ်ထွေးသွားစေပါတယ်။ အစက တောင်းပန်ခြင်းနဲ့ အိမ်ထောင်ရေးဆက်မယ်စိတ်ကူးပေမဲ့ သူ့မိန်းမရဲ့ ခွင့်လွှတ်ခြင်းက သူ့အပေါ် ချစ်ခြင်းမရ‌ှိ ငွေကြေးတစ်ခုနဲ့ မှီခိုချင်တယ်ထင်ခဲ့ပြီး အိမ်ပေါ်က ဆင်းသွားပါတော့တယ်။ ပြီးတော့ ဘာဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။ အီတလီစကားပြောများကို အင်္ဂလိပ်လိုပြန်၊ အင်္ဂလိပ်မှ မြန်မာလိုပြန်ရတဲ့အတွက် ဘာသာပြန်သူအနေနဲ့ အချိတ်အဆက်မိဖို့နဲ့ ပြေပြစ်ဖို့ အားထုတ်ခဲ့ရပါတယ်။ အီတလီစကားကို ကျွမ်းကျင်မှုမရှိပေမဲ့ တစ်ခုသိလိုက်တာက သူတို့ဟာ စကားတစ်ခွန်းပြောဖို့အတွက် အသံတွေ အများကြီး ထွက်ရတယ်ဆိုတာပဲ။ တစ်ခါတလေ တစ်ခွန်းတည်းကိုပဲ နှစ်ခါ နှစ်ခါ ပြောကြပြန်ရော။ ဒီတော့ စာတန်းထိုး တိုပေမဲ့ သူတို့ပြောနေတာ အကြာကြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ ချန်ခဲ့တာမရှိ အားလုံးကို ဘာသာပြန်ပေးထားတယ်ဆိုတာ သိစေချင်ပါတယ်နော်။ ဒီဇာတ်လမ်းတွေဟာ 18+ မဟုတ်ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့လည်း မတူမကြည့်သင့်ပါဘူး။ အမေရိကန်ကားတွေလို အပြောအဆို ယုတ်ရင့်နေတာမျိုးမဟုတ်ပေမဲ့၊ အဖော်အချွတ်တွေ မပါသလောက် ထည့်မထားပေမဲ့ လိင်စိတ်ကြွလာစေတဲ့ အကြောင်းအရာတွေကို ငြိမ့်ငြိမ့်ညောင်းညောင်း တင်ဆက်ထားလို့ တစ်ယောက်တည်း အိပ်ယာထက်မှာ Feel ရမယ့် ပုံစံလေးပါ။ ရှင်းခနဲ ဗွင်းခနဲ မြင်ရပြီး အချိန်တိုအတွင်း ကြည့်ပြီးသွားမဲ့ဇာတ်လမ်းမဟုတ်လို့ ကြိုတင်သတိပေးပါရစေ။ အီတလီတို့ရဲ့ ရုပ်ရှင်မြင်ကွင်းဟာ နာမည်ကြီးသလို ကြီးသလောက်လည်း လှပလွန်းပါတယ်။ Cinematography အတွက် ဒါရိုက်တာတစ်ယောက် သပ်သပ်ထားတာနဲ့တင် အထင်ကြီးလောက်ပါတယ်လေ။ သူတို့ဟာ ချစ်ခြင်းကို တင်ဆက်ရာမှာ ဂုဏ်သတင်းမွှေးသလို ဇာတ်ကားနာမည်ကိုက အချစ်ကျမ်းစာ ဆိုတော့ …။ ကဲ ဘာလိုသေးလဲဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှတင်ဆက်ထားပါတယ်။) Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။ File size…(1.5 GB) Quality…BluRay 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Action • Adventure • Science Fiction
5.5 1900 125 mins
Manual of Love 2 (2007) Manuale d’amore 2
Gulmohar
8

Gulmohar 2023 IMDb-8.1/10 မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ် မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း ‌သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ် သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ

8 2023 132 mins
Gulmohar
Missing
6.7

Missing(2009) ************* ဒီတစ်ခါမှာတော့ တောင်ကိုရီးယားရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ Thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးကတော့ မိန်းမလှလေးတစ်ယောက် ကွင်းဆက်လူသတ်သမား အဘိုးကြီးဆီမှာ အဖမ်းခံရပုံနဲ့ စတင်ပါတယ်။ မိန်းမလှလေးက အဖမ်းမခံရခင် စိတ်ပူနေတဲ့ အစ်မဖြစ်သူဆီ သူမ ရောက်နေတဲ့တည်နေရာ ဖုန်းဆက်ပြောလိုက်ပါတယ်။ ရက်အတော်အတန်ကြာ ညီမဖြစ်သူ ပြန်မရောက်လာတော့ အစ်မဖြစ်သူက လိုက်ရှာပါတော့တယ်။ ညီမဖြစ်သူ ပြောပြတဲ့ နေရာကို ရောက်သွားတဲ့အခါမှာ ရဲတွေကို အကူအညီတောင်းပြန်တော့လည်း သက်သေအထောက်အထား မပြည့်စုံလို့ဆိုပြီး အကူအညီမရ ။ အဲဒီလိုနဲ့ ကိုယ်တိုင်တစ်ယောက်တည်း ရှာမယ်ဆိုပြီး ထွက်လာတဲ့အခါ – ညီမဖြစ်သူကို ကွင်းဆက်လူသတ်သမား လက်ကနေ ကယ်တင်နိုင်ပါ့မလား ။ အစ်မဖြစ်သူကရော လိုက်ရှာရင်း ဘာတွေကြုံတွေ့ခဲ့ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File Size :(2.7GB) (1.1GB) Quality : Web-Dl1080p/720p Format…mp4 Duration…01:49:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Htoo Htoo Aung Encoded by Phyo Pyae

6.7 2009
Missing
My Zombabe
6.2

My Zombabe (2024) IMDb – 6.2/10 နာမည်ကျော် ဖိလစ်ပိုင်ဟာသမင်းသား Empoy Marquez ရဲ့ ခပ်ဆန်းဆန်း ဇွမ်ဘီဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူတွေအကုန်လုံးနီးပါး ဇွမ်ဘီတွေဖြစ်ကုန်ပြီး ကမ္ဘာပျက်ကိန်းကြီးကြုံနေရပေမဲ့ ပင်လယ်ကြီးဘေးမှာ လက်တစ်ဆုပ်စာရှင်ကျန်ဆဲဖြစ်တဲ့လူတွေထဲက ပွန်ဂ်ဆိုတဲ့ ကောင်လေးကတော့ သူ့ဘ၀ကို ခဏတာခိုဝင်လာဖူးတဲ့ ယာစမင်းဆိုတဲ့အမျိုးသမီးလေးကို တမ်းတနေတုန်းပါပဲ။ သူတို့အဖွဲ့လေးထဲမှာ ခေါင်းဆောင်တစ်ယောက်ရှိပြီး ဗိုင်းရပ်စ်ကူးခံရပြီထင်တာနဲ့ သတ်ပစ်တတ်ပါတယ်။ တစ်ညမှာတော့ ဇွမ်ဘီမလေးဖြစ်သွားတဲ့ ယာစမင်းကို ပွန်ဂ်တစ်ယောက်တွေ့လာခဲ့ပါတော့တယ်။ ချစ်ရတဲ့ဇွမ်ဘီမလေးကို အသတ်ခံရမှာစိုးတဲ့အတွက် ပွန်ဂ်တစ်ယောက် ညီဖြစ်သူကို အကူအညီတောင်းပြီး ဘယ်သူမှမတွေ့အောင်ဝှက်ထားဖို့ ကြိုးစားပါတော့တယ်။ ဇွမ်ဘီတွေပါတာမို့ ထိတ်လန့်သည်းဖိုလည်းဖြစ်ပေမဲ့ အချစ်တွေဖြန်းပက်ထားတဲ့ အလွမ်းဇာတ်လမ်းလေးမို့ ခံစားကြည့်ရှုကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance, Horror Quality…. 1080p | 720p File size… 1.3GB | 730MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Action • Drama
6.2 2024
My Zombabe
The Killer’s Game

Dave Bautista ရဲ့ အက်ရှင်ကားအသစ် ထွက်လာပါပြီ။ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး တိုက်ခိုက်ခန်းတွေရော ဇာတ်လမ်း‌ရော ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုးဖလက်ဆိုတဲ့လူဟာ ဥရောပရဲ့ အတော်ဆုံး ကြေးစားလက်မရွံ့ပါ။ တစ်နေ့မှာတော့ သူဟာ ဘဲလေးအကမယ်လေးတစ်ယောက်နဲ့ ချစ်မိသွားပြီး အငြိမ်းစားယူဖို့ကြိုးစားလာပါတယ်။ ဒါပေမဲ့ အငြိမ်းစားမယူခင်မှာပဲ ကုမရတဲ့ရောဂါတစ်ခုကြောင့် ၃ လလောက်ပဲ နေရတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် သူ့အလုပ်ကို သူ့ချစ်သူမသိခင် သူ့ကိုယ်သူ အသတ်ခံရအောင် ဆုငွေထုတ်ပြီး ထွက်သွားဖို့ လမ်းကိုရွေးလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့ကို တကယ်တမ်း လက်မရွံ့တွေ အကုန်လိုက်ပြီး သတ်ကြတဲ့အခါမှာတော့ အသက်ရှင်စရာအကြောင်းတွေနဲ့ သူ့ချစ်သူကို ကယ်ဖို့လိုအပ်လာတာတွေပေါ်လာတာကြောင့် သူဆုငွေထုတ်မိတဲ့ ကြေးစားတွေကို သူကိုယ်တိုင် အကုန်ပြန်ရင်ဆိုင်ရပါတော့တယ်။ File size… (4.7 GB)/(1.9 GB)/(677 MB) Quality….Webrip 4K HEVC / 1080p / 720p Format…mkv / mp4 Duration….01:38:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 2024
The Killer’s Game
The Layover
4.6

The Layover (2017) နှုတ်ခမ်းထက်ကမှဲ့လေးမှာ ကမ္ဘာကြီးကိုထမ်းထားလို့ရတဲ့ Kate Upton နဲ့ မျက်ဝန်းလဲ့ပြာပြာတစ်စုံမှာ ကမ္ဘာကြီးကို သိမ်းပိုက်ထားလို့ရတဲ့ Alexandra Daddario တို့နှစ်ယောက် အပြိုင်အဆိုင်ကြဲထားတဲ့ ဒီရုပ်ရှင်ကားက အချစ်ဟာသရိုမန့်ရုပ်ရှင်ကားကြီးပါ။ မဂ် နဲ့ ကိတ်တို့ နှစ်ယောက်က မတည့်အတူနေ သူငယ်ချင်းတွေပါ… စိတ်ထဲရှိသလို သောင်းကျန်းတတ်တဲ့ မဂ်ဟာ တနေ့တော့ အပန်းဖြေခရီးထွက်ဖို့ အတင်းစီစဉ်ပြီး ကိတ်ကိုပါအတင်းခေါ်ပါတော့တယ်။ သူတို့နှစ်ယောက်လေယာဉ်ပေါ်ရောက်တော့ အလန်းစားဘဲတပွေက သူတို့နှစ်ယောက်ကြားမှာ ပါလာပါတယ်။ ရွှေအိုရောင်ဆံပင်နဲ့ ပါးသိုင်းမွှေးနဲ့ six pack နဲ့ တောင့်တောင့်တင်းတင်းနဲ့ ရိုင်ယန်ဆိုတဲ့ဘဲကို အပြိုင်လုကြဖို့ သူတို့နှစ်ယောက်ဂိမ်းကစားသလို ပြိုင်ကြပါတော့တယ်။ လေယာဉ်ကလဲ ဟာရီကိန်းမုန်တိုင်းကြောင့် ခရီးစဉ်နှောင့်နှေးပြီး စိန့်လူးဝစ်မြို့မှာ ခဏဆင်းသက်နေရဖို့အကြောင်းကဖန်လာတဲ့အခါမှာတော့… သူငယ်ချင်းနှယောက် ရိုင်ယန်ကိုရရှိဖို့ ဂိမ်းကိုအောင်နိုင်သူဖြစ်ဖို့ ဘယ်လောက်ထိ ဆွဲဆောင်ပြသပြီး ဖိုက်ကြမလဲဆိုတာ…..။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။

Horror
4.6 2017
The Layover
Oru Kattil Oru Muri

Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ “ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ” ရွတ်မန်ဂါဒန် ဆိုတဲ့ တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။ သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။ တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ ပြင်ဆရာဆီသွားပြင်နေတာပါ။ သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်း အကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်း ပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။ သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။ မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီး ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့ သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကို မတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ် ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။ အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်း သူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။ မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊ တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊ တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် သိကျွမ်းလာကြမလဲ၊ သူတို့ရဲ့ ထုတ်မပြောတဲ့ခံစားချက်တွေ၊ ဖုံးကွယ်ထားတဲ့အမှန်တရားတွေနဲ့ လက်ရှိအခြေအနေကိုဖြစ်လာစေတဲ့ သူတို့ရဲ့အတိတ်တွေကို သိရဖို့ရာ ရုပ်ရှင်မှာအဖြေထုတ်ရမှာမို့ ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Adventure • Drama • Thriller
0 2024
Oru Kattil Oru Muri