YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Branding in Seongsu(2024)EP9 WEB-DL 1080P(CM).mp4

497.4 MB N/A video/mp4 194 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blood & Gold
6.6

~ IMDb - 6.6/10, Rotten Tomatoes - 67% ~ နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။ အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe လေးတစ်မျိုးလည်း ရပါသေးတယ်။ ဘယ်လိုလဲဆိုတာကိုတော့ကြည့်ရင်း ခံစားလိုက်ရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.25GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.6 2023 100 mins
Blood & Gold
Ditto
7.2

" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် " ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲ ဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်က နှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲ ဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲ ဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ် တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ် တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့ အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ် အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်... ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ် ဂျီအင်းက ပေါ်မလာခဲ့ဘူး.... ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကို မိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲ သူတို့ ၂ ယောက် စိတ်ပျက်လက်ပျက် နဲ့ အိမ်ပြန်လာခဲ့ကြတယ်... သူတို့ စကားမပြောဖြစ်ကြတော့ဘူး တစ်ခုခု လွဲနေပေမဲ့ ဘာက သူတို့ ကြား လွဲနေတာလဲ သတိမထားမိခဲ့ကြဘူး တကယ်တမ်း လွဲနေတာကတော့ ဆိုအွန်းက ၁၉၇၉ ခုနှစ်မှာ နေထိုင်တာ ဖြစ်ပြီးတော့ ဂျီအင်းက ၂၀၀၀ ခုနှစ်မှာ ရောက်နေခဲ့တာပါ... ကဲ ဒီလောက်ဆို ဒီဇတ်လမ်းကို ဆက်ကြည့်ဖို့ လုံလောက်ပါပြီ အချိန်ကွဲပြားမှုကို စပွိုင်လာလုပ်တယ် ထင်ရင် မှားပါလိမ့်မယ် ဒီဇတ်လမ်းထဲ ကျနော် မပြောပြထားတဲ့ အကြောင်းအရာ တစ်ခုက ရှိနေတုန်းပါပဲ သင်က စိတ်ဓါတ်မာသူ တစ်ယောက်ဆို ဒီဇတ်လမ်းကို ကြည့်ဖို့ အသင့်တော်ဆုံးပါပဲ မဟုတ်ရင်တော့ တစ်ရှုးလေး ဆောင်ထားပေါ့ ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားတာကတော့ "နွေးထွေးအောင်" ဖြစ်ပြီး Thit San Khant မှ အညွှန်း ရေးပေးပေးထားပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 3.2GB | 1.2GB | 526MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nway Htwe Aung Encoder ..... August

Comedy • Drama
7.2 2000 112 mins
Ditto
Grandpa Tea
4

ဒီတစ်ခါမှာ CM Chinese Fansတွေကိုမြို့ပြရဲ့ပျားပိတုန်းတွေလို လူးလားခတ်အလုပ်ရှုပ်မှုတွေကိုခဏထားခဲ့ပြီး စိမ်းစိုပြီးသာယာအေးချမ်းတဲ့လက်ဖက်စိုက်ခင်းတောင်ပေါ်ကိုခေါ်သွာပေးပါရစေ ရှောင်ပိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မြို့ကြီးတစ်ခုမှာနေထိုင်ပြီး Live Sale ရောင်းတဲ့အလုပ်လုပ်ပါတယ်။ အဖိုးရဲ့အသက်(၇၀)ပြည့်မွေးနေ့ကိုဂုဏ်ပြုဖို့အတွက်ရွာကိုပြန်လာတဲ့အခါမှာ လမ်းမှာကားဘီးပေါက်တော့ အူကြောင်ကြောင်ရွာသားတစ်ယောက်နဲ့တွေ့ပြီး မကောင်းကြံသူလို့ထင်မှားမိကာ မျက်လုံးကိုငရုတ်ရည်နဲ့ဖြန်းခဲ့မိပါတယ်။ နောက်မှသိလိုက်ရတာကအဲဒီအူကြောင်ကြောင်ကောင်လေးဟာ သူ့အဖိုးရဲ့တပည့်ကျော်ဖြစ်နေတာပါပဲ။ မွေးနေ့ပွဲမှာရှောင်ပိုင်ရဲ့မထင်မှတ်ပဲလုပ်မိတဲ့အမှားကြောင့် အဖိုးဖြစ်သူကဆေးရုံတက်ရပါတော့တယ်။ အဲဒီလိုနဲ့ မြို့ကြီးသူနဲ့အူကြောင်ကြောင်ရွာသားလေးတို့က လက်တွဲပြီးအလုပ်လုပ်ဖို့ဖြစ်လာပါတော့တယ်။ မြို့ကြီးသူနဲ့ ရွာသားလေးတို့ဘယ်လိုအလွဲအလွဲအချော်ချော်ဖြစ်ကြဦးမယ်...... သူတို့၂ယောက်ကြားမှာအချစ်မီးပန်းတွေရောပွင့်လာနိုင်မလား... ဆိုတာကို စိမ်းစိုပြီးအရမ်းလှပတဲ့ရှုခင်းတွေကြည့်ရင်း ခံစားလိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Comedy
4 2022 81 mins
Grandpa Tea
The Hole in the Fence
6

ပရိတ်သတ်ကြီးကို 2021မှာ ထွက်ခဲ့တဲ့ စပိန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားလေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသားလေးတွေက လော့စ် ပိုင်းနို့စ်လို့ခေါ်တဲ့ နွေရာသီ ဘာသာရေးစခန်းတစ်ခုကို လာရောက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ လော့စ်ပိုင်းနို့စ် ဟာ မြို့ပြင်မှာ သီးခြားတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ချို့တဲ့သော လူတန်းစားတွေနေထိုင်ကြတာပဲဖြစ်ပါတယ်။ စခန်းရဲ့ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့ ကောင်လေးတွေကို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပေးဖိုပါပဲ။ တစ်နေ့မှာတော့ ကျောင်းသားတွေဟာ စခန်းထဲမှာ ကွင်းဆင်းလေ့လာနေရင်း စခန်းကိုကာရံထားတဲ့ ခြံစည်းရိုးကို တစ်ယောက်ယောက်က အပေါက်ဖေါက်ထားတာကိုတွေ့မိကြပါတယ်။ ဒီအဖြစ်အပျက်ကနေစလို့ ပိုပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ စခန်းပတ်ဝန်းကျင်ရဲ့ အခြေအနေအမှန်တွေ ဆရာတွေရဲ့ ရည်ရွယ်ချက်အမှန်တွေ တဖြည်းဖြည်းပေါ်ပေါက်လာတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေနဲ့ ဆယ်ကျော်သက်ဘဝ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.27GB / 0.99GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Swam Yi

Action • Adventure • Comedy • Crime
6 2021 102 mins
The Hole in the Fence
Scoop
6.6

Scoop (2006) မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။ သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား … မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး … ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။ မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက… တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ဆိုတာကရော တကယ်ပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်ပါ့မလား? ဆိုတာ ဇာတ်လမ်းထဲစီးမျှောခံစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 2.1GB, 886MB, 486MB Quality :1080p Blu-ray, 720p Blu-ray, 480p Format : mp4 Duration : 1hr 36mins Genre : Crime, Comedy, Fantasy Translated by Themes Encoded by Kinnov

6.6 2006
Scoop
Indiana Jones and the Dial of Destiny
6.8

Indiana Jones and the Dial of Destiny (2023) ~ IMDb – 6.8/10, Rotten Tomatoes – 69% ~ ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ဟယ်ရစ်ဆန်ဖို့ငယ်ငယ်က ရုပ်ရှင်ဟောင်းအားလုံးထဲကနေ လိုအပ်တဲ့ မျက်နှာထား ခံစားချက်နဲ့လိုက်တာတွေကို ရွေးထုတ်ပြီးပေါင်းစပ်သွားတဲ့နည်းပညာမို့ ဟယ်ရစ်ဆန်ဖို့ရဲ့ ငယ်ငယ်ကမျက်နှာအစစ်ကို မြင်နေရတာပါပဲ။ ဒါရိုက်တာ စပီးဘတ်ကိုယ်တိုင်ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောကျခဲ့တာပါ။ “အင်ဒီယာနာဂျုန်းကို ငါတစ်ယောက်တည်း ရိုက်တတ်တယ်ထင်တာ၊ အခြားရိုက်တတ်တဲ့သူ ရှိသေးသားပဲဟ” လို့တောင် မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဘတ်ဂျက် သန်း ၃၀၀ သုံးခဲ့ပြီး သန်း ၃၈၀ လောက်ပဲ ပြန်ရတာမို့ ငွေကြေးအရအောင်မြင်မှု နည်းခဲ့ပေမဲ့ အင်ဒီယာနာဂျုန်းပီသတဲ့အခိုက်အတန့်လေးတွေ ဖျော်ဖြေမှုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် IMDb မှာတော့ 6.8/10 ထိ ရလိုက်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရှေးဟောင်းသုတေသီ ဒေါက်တာ အင်ဒီယာနာဂျုန်းဟာ တက္ကသိုလ်ပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ယူပြီးမကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ သမီး၊ သူ့ရဲ့ခေါင်းကိုင်သမီး ဟယ်လင်နာက သူ့ကိုလာရှာပြီး အင်ဒီနဲ့သူ့အဖေတို့ ဒုတိယကမ္ဘာစစ်အတွင်း စွန့်စားပြီး ရယူပြီးမှ ပျောက်ဆုံးသွားတဲ့ အာခီမီးဒီးစ်ရဲ့ ဒိုင်ခွက် အန်တာကသီးရာ အကြောင်းကို လာစုံစမ်းပါတော့တယ်။ အဲဒီဒိုင်ခွက်နောက်ကို လိုက်နေတဲ့ အခြားသူကလည်း နာဇီဟောင်း ရူပဗေဒပညာရှင် ဒေါက်တာရှမစ် ဖြစ်နေပါတယ်။ သူကတော့ ဒီဒိုင်ခွက်ကို အသုံးချနိုင်တဲ့သူဟာ နတ်ဘုရားလို ဩဇာအာဏာကြီးလာမယ်လို့ ယုံကြည်နေတဲ့သူပါပဲ။ အင်ဒီနဲ့ ဟယ်လင်နာတို့တစ်ဖက် ဒေါက်တာရှမစ်တို့အဖွဲ့ကတစ်ဖက် ပြိုင်လုကြရင်း စွန့်စားခန်းကြီးတွေ ဖွင့်ကြပါတော့တယ်။ အင်ဒီယာနာဂျုန်းရဲ့ ဝိသေသဖြစ်တဲ့ ရှေးဟောင်းပဟေဠိတွေ၊ တကယ်ရှိခဲ့တဲ့ သမိုင်းတွေနဲ့ ရောစပ်ထားတဲ့ စိတ်ကူးယဉ်တွေ၊ ရှေးဂူသင်္ချိုင်းတွေထဲက စွန့်စားခန်းတွေ ဝေဝေဆာဆာနဲ့မို့ ကြည့်လို့ကောင်းမယ့် နောက်ဆုံးရုပ်ရှင်ပါပဲ။ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 9GB ,3GB, 1.4GB Quality – WEB-DL4K.HEVC.5.1Ch,1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 2H 34Min Genre – Action, Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) #Y

Drama • Music
6.8 2023 155 mins
Indiana Jones and the Dial of Destiny
Sense and Sensibility
7.7

တိုင်တန်းနစ် မင်းသမီး Kate Winslet ၊ ဟယ်ရီပေါ်တာရုပ်ရှင်တွေမှာ ပါမောက္ခ စနိတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Alan Rickman ၊ ဒလောရပ်စ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Imelda Staunton၊ House M.d မှာ ဒေါက်တာဟောက်စ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hugh Laurie တို့ အပြင်မင်းသမီး Emma Thompson နဲ့ မင်းသား Hugh Grant တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 1995 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Jane Austen ရဲ့ 1811 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Sense and Sensibility ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး အော်စကာဆန်ခါတင် နေရာ (၇) ခုအထိ ဝင်ခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရခဲ့ပါတယ်။ ဒါအပြင် တခြားဆုပေါင်း (၃၃) ခုလည်း ရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ သူဌေးကြီးဖြစ်သူ မစ္စတာဒတ်ရ်ှဝုဒ်ဆုံးသွားတဲ့အချိန်မှာ ဥပဒေအရသူ့ရဲ့ပထမအိမ်‌ထောင်မှာ ရခဲ့တဲ့ သားဖြစ်သူ ဂျွန် ဒတ်ရှိဝုဒ်က ပိုင်ဆိုင်မှုအကုန်လုံးကို အမွေဆက်ခံခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယအိမ်ထောင်မှာရခဲ့တဲ့ အမျိုးသမီး မစ္စဒတ်ရှ်ဝုဒ်နဲ့ သမီးသုံးယောက်ကတော့ တစ်နှစ်ကိုမှ ပေါင်ငါးရာပဲရမှာဖြစ်တဲ့အပြင် လန်ဒန်မှာနေတဲ့ မစ္စတာဂျွန်နဲ့ ဖန်နီ တို့ရောက်လာရင် သူတို့နေတဲ့ အိမ်က‌နေပြောင်းပေး လိုက်ရတော့မှာပါ။ ဂျွန် တို့ရောက်လာတဲ့အချိန်မှာတော့ ဖန်နီရဲ့ မောင်လေးဖြစ်သူ အက်ဒဝပ် ဖာရာ့စ်လည်းပါလာခဲ့ပြီး သမီးကြီး အယ်လီနာနဲ့ ပိုပြီးရင်းနှီးလာခဲ့ပါတယ်။ ဒီအချိန်မှာပဲ မစ္စဒတ်ရှ်ဝုဒ်ရဲ့ ဝမ်းကွဲအကို ဆာဂျွန် မစ်ဒဲတန်က ဒေဗွန်ရှိုင်ယာက ဘာတွန်ပန်းခြံ မှာရှိတဲ့ သူရဲ့တစ်ထပ်တိုက်အိမ်အလွတ်မှာ နေခွင့်ပေးလိုက်လို့ အယ်လီနာတို့လည်း ဘာတွန်ကိုပြောင်းခဲ့ကြပါတယ်။ ဂျွန် မစ်ဒဲတန်ရဲ့ ယောက္ခမဖြစ်သူ မစ္စ ဂျန်းနင်းစ်က သူတို့ရဲ့အသိမိတ်ဆွေဖြစ်သူ ကာနယ် ဘရန်ဒန်နဲ့ အယ်လီနာကို မိတ်ဆက်ပေးခဲ့ပေမဲ့လည်း ညီမလေးဖြစ်သူ မယ်ရီအန်းကိုပဲ ပိုပြီးစိတ်ဝင်စားသွားခဲ့ပါတယ်။ ဒီလိုနဲ့ မယ်ရီအန်းကိုပိုးပန်းတဲ့ လူနောက်တစ်ယောက်ပေါ်လာခဲ့ပြီး မယ်ရီအန်းဘယ်သူ့ကိုရွေးချယ်မလဲ၊ ပိုက်ဆံအများကြီးမရှိတဲ့ ညီအစ်မနှစ်ယောက်ရဲ့အချစ်ရေးလေးကတော့ အဆင်ပြေဖြောင့်ဖြူးသွားမလား၊ အယ်လီနာရော သူ့သဘောကျတဲ့ အက်ဒဝပ်နဲ့ ပြန်တွေ့ရမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:16:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

7.7 1995
Sense and Sensibility
Piercing Wounds
5.8

နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့မဟုတ်ဘဲ Budget ရိုက်ကူးထားတဲ့ ကားလေးတွေကိုကြည့်ဖူးကြမှာပါ။အဲ့ဒီ Budget ကားလေးတွေထဲမှာ မကောင်းဘဲနဲ့ ပေါတောတောကားတွေလည်းရှိသလို တကယ်ကောင်းတဲ့ လက်ခံပေးလို့ရတဲ့အခြေအနေတစ်ခုရှိတဲ့ကားလေးတွေလည်းရှိပါတယ်။ ဒီကားကလည်း လက်ခံလို့ရတဲ့အခြေအနေရှိတဲ့မင်းသားအဖြစ် သရုပ်ဆောင်ထားတဲ့ Andrew Jacob Brown ကိုယ်တိုင်ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးထားတဲ့ဇာတ်ကားလေးပါပဲ။ဇာတ်ကားကတော့အက်ရှင် ဒရာမာ အချစ်ကားလေးပါ။အကျဉ်းချုပ်လေးကတော့ ဗီဆိုတဲ့လူတစ်ယောက်က လုပ်ကြံရေးအဖွဲ့တစ်ခုက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အကြောင်းတစ်ခုခုနဲ့ အဖွဲ့ထဲက လူတွေအကုန်လုံးကိုသတ်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူချစ်တဲ့ သူ့အဖွဲ့သားတွေကိုဆုံးရှုံးခဲ့ပြီးရတဲ့နောက်မှာ ဗီတစ်ယောက်လေလွင့်နွားကြီးလို ဖြစ်နေပြီး ပန်းခြံတစ်ခုမှာပဲနေ့တိုင်းသွားအချိန်ကုန်နေတော့ပါတယ်။ လူကလည်း လုံးဝစုတ်ပြတ်သတ်နေပြီး အိမ်ခြေရာမဲ့တစ်ယောက်လိုတောင် ဖြစ်နေပါပြီ။ဒီလိုနဲ့ အဲ့ဒီအချိန်မှာ သူ့ဘဝထဲကိုမတ်နဲ့မယ်လ်ဆိုတဲ့ မောင်နှမနှစ်ယောက် ရောက်လာပြီး အဲ့ဒီနောက်ပိုင်းမှာသူ့ဘဝကဘယ်လိုတွေပြောင်းလဲသွားမလဲ သူ့ရဲ့အတိတ်ဟောင်းအစစ်အမှန်ကရောဘယ်လိုဖြစ်မလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.97GB / 886MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2023
Piercing Wounds
Whiteout

တောင်ဝင်ရိုစွန်းက လူသတ်သမားက ဘယ်သူလဲ❓ Thriller, Crime အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် အန္တာတိကအခြေစိုက်စခန်းတစ်ခုမှာ setting ယူထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကယ်ရီဆက်ကိုဟာ အခြေစိုက်စခန်းရဲ့ မာရှယ်တစ်ယောက်ဖြစ်တယ်။ ဆောင်းတွင်းဆိုရင် ၆ လလောက် နေမမြင်ရတဲ့ဒေသမို့ အခြေစိုက်ခန်းတွင်းက ဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ ဆောင်းတွင်းမတိုင်ခင်မှာ နေရာပြောင်းရွှေ့ကြရတယ်။ နောက် ၃ ရက်နေမှ ကျရောက်လာမယ်လို့ တွက်ချက်ထားခဲ့တဲ့ မုန်တိုင်းဟာ ခန့်မှန်းထားချိန်ထက် ၁ ရက်နီးပါးထိ စောပြီးဝင်လာတဲ့အခါမှာတော့ အခြေစိုက်စခန်းတစ်ခုလုံး ဒရောသောပါးနဲ့ နယ်မြေရွှေ့ပြောင်းဖို့ ‌ဖြစ်လာခဲ့တယ်။ အဲအချိန်မှာပဲ Haworth Mesa မှာ တောင့်ခဲနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်။ အလောင်းရဲ့ ဒဏ်ရာဟာ အသတ်ခံရတာဖြစ်ကြောင်း တွေ့လိုက်ရချိန်၊ ရေခဲပြင်အောက်က ရုရှားလေယာဉ်ပျက်၊ ကျည်ဖူးတွေပျောက်ဆုံးမှု‌နဲ့ ဆက်စပ်ပြီး ရောက်လာခဲ့တဲ့ UN က အလွတ်အေးဂျင့်။ ဒီအလောင်းရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေက ထင်သလောက် ရိုးရှင်းမနေခဲ့တဲ့အကြောင်းကို သိလိုက်ရချိန်မှာ ဆက်ကိုဟာ လူသတ်သမားကို ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ နီးကပ်လာတဲ့ နေရပ်ပြောင်းရွှေ့ချိန်၊ နောက်ဆုံးလေယာဉ်နဲ့မှမလိုက်ရင် ဆောင်းတွင်းတစ်တွင်းလုံး ရာသီဥတုဆိုးဝါးကြမ်းတမ်းလှတဲ့ ဒီအခြေစိုက်စခန်းထဲမှာပဲ lockdown ပိတ်ပြီး ကျန်ခဲ့ရနဲ့ အခြေအနေမှာ လူသတ်သမားကို မိအောင် ဖမ်းနိုင်ပါ့မလား။ File size…(1.6 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Action, Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoshi

0 2009
Whiteout
The Good Shepherd
6.7

Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။ စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre…Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by PT

Drama
6.7 2006 167 mins
The Good Shepherd
Wanted Man

2024 ရဲ့နှစ်ဦးပိုင်းမှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် မင်းသားကြီး Dolph Lundgren အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာလည်း လုပ်ထားပါသေးတယ် မင်းသမီးချောလေး Christina Villa တို့ မင်းသားကြီး Kelsey Grammer တို့ကလည်း ပါဝင်အားဖြည့်ထားကြသေးတယ်ဆိုတော့…… ဇာတ်လမ်းလေးကတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တစ်နေရာမှာ တရားမဝင် လူ/ဆေး ကုန်ကူးသမားတွေကို အသွင်ယူပြီးလိုက်နေတဲ့ DEA အေ့ဂျင့်နှစ်ယောက်အသတ်ခံလိုက်ရတာကစတာပဲ မျက်မြင်သက်သေတွေဖြစ်ကြတဲ့ အပျော်မယ်နှစ်ယောက်က အဲဒီဖြစ်ရပ်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် ဂျိုဟန်ဆန် ဆိုတဲ့ ဝါရင့်ရဲစုံထောက်ကြီးကို အဲဒီမျက်မြင်သက်သေနှစ်ယောက်ကို မက္ကဆီကိုကနေ အမေရိကန်ဘက်ကို တရားခံပြောင်းရွေ့ဖို့တာဝန်ပေးခံရတာကနေ……. ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုင်ရမလဲ…… ဒီလူသတ်မှုရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ…… ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေတာလဲ….. ဆိုတာတွေကိုတော့ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(597 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Thriller
0 2024
Wanted Man
Aankhen
7.4

Aankhen (2002) IMDb Rating (7.4) / Rotten Tomatoes (71%) Bollywood Thriller/Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ မင်းသားကြီး Amitabh Bachchan၊ Akshay Kumer၊ Arjun Rampal၊ Paresh Rawal တိုနဲ့ မင်းသမီးချော Sushmita Sen တို့ပါဝင်သရုပ်ဆောင်ထားပြီး (8 Nominations) လည်းရထားပါသေးတယ်။ ဇာတ်ကားလေးကတော့ ဘဏ်နေဂျာတစ်ယောက်ဖြစ်တဲ့ မစ္စတာ ရဂျ်ပွတ် ဟာတစ်နေ့မှာတော့ အလုပ်ကနေထုတ်ခံလိုက်ရပါတယ်။ သူ့ဘဝတစ်ခုလုံးကို ဘဏ်မှာပဲမြှပ်နှံထားတဲ့ ရဂျ်ပွတ် ဟာဘဏ်ကိုစိတ်အနာကြီးနာပြီး ပြန်ပြီးလက်စားခြေဖို့ဆုံးဖြတ်လိုက်ပြီး နည်းလမ်းပေါင်းစုံစဉ်းစားပါတော့တယ်။ ဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာတစ်ခါမှမလုပ်ဖူး မဖြစ်ဖူး မကြုံဖူးတဲ့ပုံမျိုးနဲ့ ဘဏ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာပဲ မျက်မမြင်သုံးယောက်ကိုလိုက်ရှာပြီး အဲဒီမျက်မမြင်သုံးယောက်ကိုလေ့ကျင့်ပေးမယ့်ဆရာမနဲ့ပေါင်းပြီးတော့ ဘဏ်ကိုနေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ ဒီလိုနဲ့ ဘဏ်ကိုဓားပြတိုက်ရင်း ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုလေ့ကျင့်မှုတွေနဲ့ ဘယ်လိုစီစဉ်သွားမလဲဆိုတာကိုကြည့်ရှုရင်းနဲ့ သူလေ့ကျင့်ပေးထားတဲ့ မျက်မမြင်သုံးယောက်ကရော သူစီစဉ်သလိုဖြစ်ပါ့မလား ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မင်းသားကြီး Amitabh Bachchan ကိုယ်တိုင်းအဓိကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….02:38:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leo

Horror • Thriller
7.4 2002 165 mins
Aankhen
Golmaal Returns
5.3

Golmaal Returns (2008) “ပရမ်းပတာ” တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Golmaal ဟာသ ဇာတ်လမ်းတွဲထဲက ဒုတိယမြောက်ကားလေးကို ပရိသတ်တို့အတွက် ပြန်လည်တင်ဆက်ထားပါတယ် ဒီကားထဲမှာ မင်းသားအဂျေး (Ajay Devgn) နဲ့ ဝါရင့်မင်းသမီးကရီနာကပူးတို့က ခေါင်းဆောင်ပါဝင်ထားပြီး ၂၀၀၈ မှာ ဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်စာရင်းထဲ ပါခဲ့တာပါ ဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ကျော် ဂိုပယ်က စကားမပြောတတ်တဲ့ သူ့သူငယ်ချင်း လပ်ကီးရဲ့အစ်မဖြစ်သူ အက်တာနဲ့ အိမ်ထောင်ကျသွားခဲ့ပြီး ငါးလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေပါတယ် သူ့မိန်းမအက်တာက တီဗွီဇာတ်လမ်းတွဲတွေအကြည့်များပြီး သူ့ယောကျ်ားကို အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ သံသယများနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ကလည်း သူတို့ကုမ္ပဏီက ငါးပုဇွန်တင်တဲ့ သင်္ဘောထဲမှာ မူးယစ်ဆေးတွေရှိနိုင်တယ်လို့ သင်္ကာမကင်းဖြစ်နေပြန်ပါတယ် တစ်ရက်မှာ ဂိုပယ်က မီရာဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိလိုက်ရာကနေစလို့ ဘယ်လိုပြဿနာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာမလဲ ဆိုတာကတော့ —- အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy
5.3 2008 136 mins
Golmaal Returns
Badava
5.6

Badava (2025) ဘဝရဲ့ အချိုးအ‌ကွေ့လေးတွေ IMDb 6.7/10 အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။ မလေးရှားရောက်သွား‌တော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။ အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။ ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။ ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.6 2025 150 mins
Badava