YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Brain Works.2023.EP15.HDTV.720P(CM).mp4

420.47 MB N/A video/mp4 489 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What If
6.7

“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ... လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား... မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။ File size…  1.42 GB /  605 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
6.7 2013 93 mins
What If
Conor McGregor: Notorious
7

Conor McGregor ဆိုတဲ့ ဖိုက်တာကြီးကို သူထိုးတဲ့ပွဲတိုင်းကို မကြည့်ဖူးရင်သာနေမယ် အမိုက်စား တော်ကီတွေနဲ့ တစ်ဘက်ပြိုင်ဘက်ကို ရှယ်လှော်တတ်ဘဲကြီးဆိုပြီး သတိတော့ထားမိကြတယ်မလား..ပြီးရင်ထီမထင်တဲ့ သွားဟန်လာဟန်နဲ့ သူဟာ လူငယ်တွေကြားထဲတော့အတော်ရေပန်းစားပါတယ်.. Conor McGregor ဆိုရင် အိုင်ယာလန်နိုင်ငံသား ဝိတ်တန်းနှစ်ခုမှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးဖိုက်တာ ဝိတ်တန်းသုံးခုက ပြိုင်ဖက်တွေကို အလဲထိုးပြနိုင်တဲ့ပထမဆုံးဖိုက်တာ UFC ရဲ့ဝင်ငွေအများဆုံးဖိုက်တာတစ်ယောက်ကို ပြေးမြင်မိမှာပါပဲ။ ရေပိုက်ပြင်သမားဘဝကနေ UFC ရဲ့ ဝင်ငွေအများဆုံးဖြစ်လာတဲ့ ကော်နာဟာ ဒီလိုဘဝကိုရောက်ရှိဖို့အတွက် သွေးတွေချွေးတွေအများကြီးရင်းနှီးခဲ့ရပြီး ဇွဲကြီးကြီးနဲ့ ပြိုင်ဖက်တွေကိုရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ဘယ်သူပဲလာလာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်ဝိတ်တန်းမှာဖြစ်ဖြစ် နိုင်အောင်ထိုးမယ်ဆိုတဲ့ McGregor ရဲ့ UFC မရောက်ခင်ကအကြောင်းတွေ ချန်ပီယံဖြစ်လာဖို့ လမ်းကြောင်းတစ်လျှောက်က အခက်အခဲတွေ ပြင်ဆင်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ဒီ Conor McGregor:Notorious ဆိုတဲ့ Document ကတော့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။ File Size :(1.8GB) (908MB) and (271MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:30:00 Genre : Documentary , Biography , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Crime • Drama • Mystery • Thriller
7 2017 90 mins
Conor McGregor: Notorious
Ghost Island 2
6

တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူရှင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လူငယ်လေး ၆ ယောက် မရည်ရွယ်ဘဲ ရောက်သွားပြီး ဒုက္ခတွေ ရောက်ခဲ့ကြတဲ့ Pulau Hantu 1 ရဲ့အဆက် Pulau Hantu 2 လာပါပြီ Pulau Hantu 1 မှာ တုန်းက နေးရိုနဲ့ ဒန်တီတို့ အသက်ရှင်ပြီး ကျန်ခဲ့ကြပါတယ်၊ သူတို့ နှစ်ယောက် ကျွန်းပေါ်ကနေ ထွက်သွားဖို့ လုပ်နေတဲ့အချိန်မှာပဲ ပါတီလုပ်ပြီး ကဲချင်ကြတဲ့ လူငယ်တစ်သိုက် ကျွန်းပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပါတယ် ဒီလူငယ်တစ်သိုက်ကတော့ ပါတီလုပ်ပြီး မီးကုန်ယမ်းကုန် ကဲကြဖို့ ဒီကျွန်းကိုမှ တမင်ရွေးပြီး ရောက်လာကြတာပါ နေးရိုတို့နှစ်ယောက်နဲ့ နောက်ရောက်လာတဲ့ လူငယ်တစ်သိုက်ကို Ghost Island က အပီအပြင် ဧည့်ခံပေးလိုက်တဲ့ အခါမှာတော့.... အင်ဒို horror ကားပီပီ ကျောချမ်းစရာကောင်းအောင် ရိုက်ပြထားလို့ Horror အရသာကို အပီအပြင် ခံစားရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoXပဲ ဖြစ်ပါတယ်။ Genre.....Horror Quality…. 1080p | 720p | 480p File size…1.6GB | 779MB | 372MB Format… mp4 Duration….1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....Roman NoX Encoder .....August

Crime • Romance • Thriller
6 2008
Ghost Island 2
White Noise
5.6

ဒါရိုက်တာ Noah Baumbach ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အဒမ်ဒရိုင်ဘာနဲ့ စကားလက်ဂျိုဟန်ဆန်တိုရဲ့ Marriage Story ကို ရေးခဲ့တဲ့သူပါပဲ။ ၁၉၈၅ မှာ Don DeLillo ရေးခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ နာမည်ဖြစ်တဲ့ White Noise ဆိုတဲ့ အဓိပ္ပါယ်ကတော့ လူတွေကြားနိုင်တဲ့ အသံကြိမ်နှုန်းတွေအကုန်ပါဝင်တဲ့ အသံတစ်ခုဆိုတာပါပဲ။ ဒီအသံမျိုးဟာ လူတွေရဲ့ ဦးနှောက်ကော်တက်စ်အပိုင်းကို သက်ရောက်စေတယ်လို ဆိုကြပါသေးတယ်။ ဒီရုပ်ရှင်ကတော့ လူသားတွေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အတွေးတွေနဲ့ ကြောက်စိတ်တွေကို ထော်လော်ကန့်လန့် သရော်ထားတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ ဂျက်ဟာ ဟစ်တလာအကြောင်းအထူးပြုတဲ့ နာမည်ကြီးပါမောက္ခတစ်ယောက်ရှိပြီး ဘာဘတ်ဆိုတဲ့ ဇနီးနဲ့ ကလေး ၄ ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သူပါ။ သူ့ရဲ့မိတ်ဆွေကတော့ အဲလ်ဗစ် ပရက်စ်လေအကြောင်း အထူးပြုတဲ့ ဆရာပါပဲ။ ဟစ်တလာနဲ့ အဲလ်ဗစ်နဲ့ သူတိုကို အားပေးသူတိုရဲ့ တူညီတဲ့အချက်တွေအကြောင်း ဆွေးနွေးရင် ရုပ်ရှင်ကိုစတင်ထားပါတယ်။ ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ စွန့်ပစ်ပစ္စည်းတွေပါဝင်တဲ့ ရထားကြီး လမ်းချော်သွားပြီး အဆိပ်သင့်တိမ်တိုက်မည်းကြီးပေါ်လာလို အားလုံးလွတ်အောင်ထွက်ပြေးရတဲ့ ကပ်ဘေးကြီးရောက်ရှိလာပါတော့တယ်။ အဲဒီကပ်ဘေးကြီးကို အဖြေရှာရင်း လမ်းတလျှောက်မှာ ဂျက်ဟာ သူ့မိန်းမ သောက်နေတဲ့ ဘယ်သူမှ မသိတဲ့ ဘယ်မှန်းမသိတဲ့ဆေးလုံးတွေအကြောင်း ဆက်ပြီးစုံစမ်းရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ.... တွေးလိုက်၊ရယ်လိုက်၊ ကြောင်သွားလိုက် ဖြစ်မယ့် ရုပ်ရှင်မျိုးမို အေးဆေးခံစားကြည့်လိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Horror Quality…. 1080p | 720p | 480p File size… 2GB | 1GB | 522MB Format… mp4 Duration…. 2h 16min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Music • Romance
5.6 2022 136 mins
White Noise
Mondocane
6.3

Dogworld လို့လည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ အက်ရှင်ကား ကောင်းကောင်းလေးတွေမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ အီတလီ အက်ရှင် ဇာတ်ကားလေး ဖြစ်ပါတယ်။ ဘုရားသခင်ဆိုတာ ဘာမှန်းတောင် မသိတဲ့ သူငယ်ချင်း၂ ယောက် ပင်လယ်ထဲမှာ ငါးမျှားလိုက် ရေကူးလိုက်နဲ့ အိမ်ခြေရာမဲ့ လွင့်ချင်တိုင်း လွင့်နေခဲ့ကြတယ်။ သူတို့ရဲ့ အိပ်မက်က Ants ဆိုတဲ့ ဂိုဏ်းထဲကို ဝင်ပြီး လူမိုက်လုပ်ဖို့ပေါ့။ တစ်နေ့ အခွင့်အ‌ရေးတစ်ခုက သူတို့ဆီ ဆိုက်ရောက်လာတယ်။ စတိုးဆိုင်တစ်ခုကို မီးရှို့ပေးပြီး Ants အဖွဲ့ထဲကို ဝင်ခွင့်ရသွားတယ်။ နယ်မြေရဲတွေကလည်း Ants အဖွဲ့ကို လိုက်ဖမ်းနေတာ ၁ နှစ်ရှိပြီ တည်နေရာကို မသိရသေးဘူး။ လူဆိုးဂိုဏ်းထဲကို ရောက်သွားတဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ ဦးမှာ တစ်ဦးက လက်ရဲဇာက်ရဲ ဂိုဏ်းနဲ့ ကိုက်တယ်ပေါ့။ ကျန်တဲ့ တစ်ယောက်ကတော့ လူသတ်တာမျိုး မလုပ်ရဲဘူး။ ဒီလိုနဲ့ သူငယ်ချင်း ၂ ဦးကြား ဘယ်လို ပဋိပက္ခတွေ ဖြစ်လာမလဲ? သူတို့ချင်း ပြေလည်အောင် ဘယ်လို ဖြေရှင်းကြမလဲ? လူဆိုး ဂိုဏ်းကိုရော ရဲတွေက ဖမ်းမိနိုင်မှာလား? ဆိုတာတွေကို သိရအောင် ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင်နော် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size : 2.1GB, 878MB, 395MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 1hr & 50mins Genre : Action, Sci-fi Translated by Kit Encoded by Kinnov

Drama • Romance • War
6.3 2021 117 mins
Mondocane
Doom of Love
6.8

မိုးတွင်း ညိုမှိုင်းအုံ့ဆိုင်းနေတဲ့အချိန်လေးမှာ ခံစားပြီး ကြည့်ရှုဖို့ သင့်တော်တဲ့ တူရကီ romance drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဖရက်တ်ဆိုတဲ့ ကောင်လေးက သူ့ရဲ့ ကြော်ငြာ အေဂျင်စီလုပ်ငန်း ရှုံးနိမ့်ပြီး အကြွေးနွံနစ်သွားတယ်။ စိတ်ပြေလက်ပျောက် သူငယ်ချင်းတွေနဲ့ ယောဂ စိတ်အပန်းဖြေ တရားစခန်းကို လိုက်သွားပြီး အဆိုတော်မလေးကို ချစ်ကြိုက်မိသွားတယ်။ ဒီလိုနဲ့ ဖရက်တ်တစ်ယောက် အချစ်ရေးမှာ ဘယ်လို အဆုံးသတ်မယ်ထင်လဲ? ဇာတ်ကားထဲက cinematography က အရမ်းလှပြီး သုံးထားတဲ့ music ကလည်း ငြိမ့်ငြိမ့်လေးနဲ့ လိုက်ဖက်ပါတယ်။ ဇာတ်ကားတစ်လျှောက် တရားထိုင်တာ ယောဂ အားထုတ်တာကတစ်ဆင့် ဘဝအတွက် ဘယ်လို အဓိပ္ပါယ်ရှိတယ် ဆိုတာတွေကိုပါ ထည့်သွင်း ဖော်ပြထားပါသေးတယ်။ ကိုယ်တွေ ရှင်သန်နေရတဲ့ ဘဝကြီးက အဓိပ္ပါယ်ရော ရှိရဲ့လား? ဘာကြီးလဲ ဝေခွဲမရဖြစ်နေရင် ဒီကားလေး ကြည့်ပြီး အတွေး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 1.8GB, 771MB, 383MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 40mins Genre : Drama, Romance Translated by Kit Encoded by Kinnov

Comedy • Drama • Romance • TV Movie
6.8 2022 100 mins
Doom of Love
The Taste of Tea
7.6

Taste of Tea (2004) IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။ သူတို့ရဲ့သားဖြစ်သူ “ဟာဂျိမဲ”ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။ သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Horror • Mystery • Thriller
7.6 2004
The Taste of Tea
Mr. Nice Guy
6.2

ဂျက်ကီချန်း တဖြစ်လည်း ဂျက်ကီဟာ ဟင်းချက်တဲ့တီဗွီအစီအစဉ်မှာ နာမည်ကျော်ကြားတဲ့ စားဖိုမှူးတစ်ယောက်ပါ။ တနေ့မှာ သူဟာ ဈေးဝယ်သွားရင်း အမျိုးသမီးတစ်ယောက် လူဆိုးတွေဆီက ထွက်ပြေးနေတာတွေ့လို့ လွတ်မြောက်အောင် ကူညီလိုက်ပါတော့တယ်။ ဒီအမျိုးသမီးကတော့ ဒိုင်ယာနာဖြစ်ပြီး သူမဟာ တီဗွီသတင်းထောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးကုန်သွယ်တဲ့မူးယစ်ဘုရင်ကြီး တစ်ယောက်ဖြစ်တဲ့ ဂျင်ကာလိုတို့ မူးယစ်ဆေးအပေးအယူလုပ်နေတာကို ဗွီဒီယိုရိုက်ယူထားလို့ ဂျင်ကာလိုတို့နှင့် ဂျင်ကာလိုတို့ကိုငွေညစ်ချင်နေတဲ့ နတ်ဆိုးဂိုဏ်းတို့က ဒီဗွီဒီယိုကို ပြန်ယူဖို့အတွက် သူ့နောက်လိုက်နေခြင်းဖြစ်ပါတယ်။ဒါကို ဂျက်ကီက ဘုမသိဘမသိ ကူညီလိုက်ရာကနေ သူပါ လူဆိုးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး သူနှင့် သူချစ်ခင်တဲ့မိတ်ဆွေတို့ပါ အန္တရာယ်ကျရောက်လာပါတော့တယ်။ ဒီတော့ ဂျက်ကီတစ်ယောက် မူးယစ်ဆေးဘုရင်ဆီကရော နတ်ဆိုးဂိုဏ်းဆီကပါ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဒီအမှုကို သူတတ်စွမ်းသမျှ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဟောင်းပေမယ့် ရွှေဖြစ်တဲ့ ဂျက်ကီချန်းကားလေးကို ဘရားသားတို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size…(1.6 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.2 1997 95 mins
Mr. Nice Guy
Urban Legends: Bloody Mary
5

Urban Legends: Bloody Mary (2005) =========================== Urban Legends: Bloody Mary ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့တတိယနဲ့နောက်ဆုံးကားဖြစ်ပြီး ပထမနှစ်ကားနဲ့လည်း ဘာ အဆက်အစပ်မှမရှိတော့တာကိုတွေ့ရပါလိမ့်မယ်။ ထူးခြားတာက ဒီ ဇာတ်ကားမှာ သဘာ၀လွန်အယူအဆတွေကိုထည့်သုံးထားပြီး လူသတ် မှုတွေကိုလိုက်ပါစုံစမ်းပြီး နောက်ကွယ်က လက်သည်ကိုဖော်ရာမှာ အစောပိုင်း supernatural ဇာတ်လမ်းတွဲတွေရဲ့အငွေ့အသက်ကိုရနေ တာပါပဲ။ ၁၉၆၉ မှာ ဝါသင်တန်အထက်တန်းကျောင်းရဲ့ကပွဲမှာ ကျောင်းဘောလုံး အဖွဲ့ဝင်အုပ်စုဟာ သူတိုရဲ့ပွဲတက်ဖော်တွေကို ဆေးခတ်ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ တစ်ခြားမိန်းကလေးတွေပြန်လွတ် မြောက်လာခဲ့ပေမယ့် သူတို့ထဲ မေရီဆိုတဲ့တစ်ယောက်ကိုတော့ လုံး၀ရှာ မတွေ့တော့တာ အခုချိန်ထိဖြစ်ပါတယ်။ နောက်ထပ် ၃၅ နှစ်အကြာမှာ အဲ့ဒီလိုအဖြစ်မျိုးထပ်တူပြန်ဖြစ်ခဲ့ပြီး ဒီတစ် ကြိမ်မှာတော့ အားလုံးပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြန်လွတ် လာပြီးနောက်မှ သူတို့သူငယ်ချင်းအုပ်စုထဲကလူတွေထူးဆန်းတဲ့နည်းနဲ့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာခဲ့ချိန်မှာတော့ ၊bloody mary ဒဏ္ဍာရီဟာ ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေမလား? လွန်ခဲ့တဲ့ ၃၅ နှစ်က မေရီ တစ်ယောက် ဘယ်လိုအဖြစ်မျိုးကြုံခဲ့ရလဲ အဲ့ဒီအဖြစ်အပျက်တွေရဲ့လက် သည်အမှန်ဟာ ဘယ်သူဖြစ်မလဲ အစရှိတာတွေကို ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.3 GB) / (1.1 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

TV Movie • Comedy • Romance
5 2005 93 mins
Urban Legends: Bloody Mary
Haywire

“လူ၄ယောက် တပ်ဖွဲ့ တစ်ဖွဲ့ ရယ် လျှို့ဝှက်တာဝန်တစ်ခုရယ် မမျှော်လင့်ထားတဲ့ ကိစ္စကို သွားရှာတဲ့ အခါမှာတော့……..” ဇာတ်လမ်း ကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နာဇီအက်စ်အက်စ် တပ်ဖွဲ့ကနေ လွတ်လာတဲ့ တပ်ကြပ်ချားလ်တေလာ ကို အထက်ကနေ လျှို့ဝှက်တာဝန်တစ်ခုပေးလိုက်တယ်။ အဲ့ဒါကတော့ ရန်သူ့နယ်မြေဖြစ်တဲ့ ဂျာမန်ထဲမှာ ကင်းထောက်ပြီးတော့ “ဟစ်တလာရဲ့ရတနာ”ကို ရှာဖို့ပဲ။ အဲ့ဒီတော့ ချားလ် က အရင်တပ်ဖွဲ့ဟောင်းက အဖွဲ့သားဖြစ်တဲ့ ဒေးလ်၊ ဘော်ဘီ တို့အပြင် လူသစ်ဖြစ်တဲ့ မစ်တန် တို့ကိုခေါ်ပြီး “ဟစ်တလာရဲ့ ရတနာ” ကို ရှာဖို့အတွက် သံချပ်ကာကားတစ်စီးနဲ့ ခရီးနှင်လာခဲ့ပါတယ်။ ဒါပေမဲ့ “ဟစ်တလာရဲ့ ရတနာ” ဆိုတာက သူတို့ထင်သလို မဟုတ်တဲ့ အခါ မှာတော့ ချားလ်တို့ အဖွဲ့ ဘယ်လိုဖြေရှင်းကြသလဲဆိုတာ ပိတ်ကားပေါ်မှာ ကြည့်ရှုပေးပါဦးနော် File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre… War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LittleBlackCat

0 2023
Haywire
Re-LOVE

Re-Love (2022) ************** ဒီကားလေးမှာတော့ Breathlessဆိုတဲ့ရုပ်ရှင်ကိုရိုက်ကူးတဲ့ ဒါရိုက်တာမင်းသားကြီး Yang Ik Joon နဲ့ … The Uncanny Counter ထဲက မင်းသားကြီး Yoo Joon Sang တို့အပြင်… Im Seon Woo, Kim Sae Byeok, Kim Joon Han နဲ့ Chung Ye Jin တို့ကို… အဓိကသရုပ်ဆောင်တွေအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။ ဒါရိုက်တာ Kim In Seon နဲ့အတူ ဒီရုပ်ရှင်ထဲ မင်းသားတွေအဖြစ်ပါဝင်တဲ့… Yang Ik Joon နဲ့ Yoo Joon Sang တို့က ဒါရိုက်တာတွေအနေနဲ့ မတူညီတဲ့… အချစ်ဇာတ်လမ်းသုံးမျိုးကို ရိုက်ကူးပြသထားတဲ့ Melodrama, Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ————— ပထမဇာတ်လမ်းလေးမှာတော့ ရုပ်ရှင်ဒါရိုက်တာ ဆောအူ နဲ့ အီဂျွန် တို့ဟာ… သူတို့ရဲ့ အတွေ့အကြုံတွေကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲပြီး တွဲဖက်ရိုက်ကူးနေကြပါတယ်။ နားလည်မှုရှိတဲ့ချစ်ခြင်းတရားနဲ့ ခွဲခွာခြင်းသဘောကို…. သူတို့နှစ်ယောက်ရဲ့ ရှုထောင့်မှတစ်ဆင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဒုတိယဇာတ်လမ်းလေးမှာတော့ ဟာနာက မတွေ့တာကြာတဲ့အဖေဖြစ်သူဆုံးသွားပြီးနောက်.. အဖေဖြစ်သူအိမ်ကိုရှင်းဖို့သွားရာကနေ ဘယ်လိုအမှတ်တရတွေက… သူနဲ့အတူတူပါလာမလဲဆိုတာကိုကြည့်ရမှာပါ။ နောက်ဆုံးဇာတ်လမ်းကတော့ အနေဝေးတဲ့ချစ်သူနှစ်ယောက်ကြား… အတိတ်ကပုံရိပ်တွေပြန်သတိရလွမ်းဆွတ်တာကို သီချင်းစာသားတွေနဲ့တူတူစီးမြောထားတာကိုတွေ့ရမှာပါ.. မတူညီတဲ့ အချစ်ဇာတ်လမ်းလေးတွေအတိုင်း လိုက်ပါစီးမြောရင်း ကြည့်ရှုလိုက်ကြပါဦးရှင်။ ဇာတ်လမ်းအညွှန်းကို Lucien မှရေးသားထားပါတယ် File size… 1.32 GB / 638 MB Quality…WEB-DL 1080p 720p Genres: Romance, Drama, Melodrama Duration: 1 hr 35 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Lucien Encoded By Heather Oo

0 2022
Re-LOVE
We Live in Time
7.3

We Live in Time (2024) IMDb Rating (7.3) / Rotten Tomatoes (78%) မထွက်ခင်ကတည်းက hype နေကြတဲ့ မင်းသား Andrew Garfield နဲ့ မင်းသမီး Florence Pugh တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ထွက်ရှိလို့ လာပါပြီ။ အဲလ်မက်နဲ့ တိုဘိုင်းယက်စ်ဆိုတဲ့ လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် ဆုံတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ပြီးနောက် အယ်လာဆိုတဲ့ ချစ်သမီးလေးနဲ့အတူ မိသားစုလေး တစ်ခု တည်ထောင်ခွင့်ရခဲ့တယ်။ သိုပေမဲ့ တစ်နေ့မှာတော့ ရက်စက်တဲ့ ကံကြမ္မာက အဲလ်မက်ရဲ့ ကမ္ဘာမြေပေါ်မှာ အခွင့်အရေးကို အချိန်ကန့်သတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အဲလ်မက်တစ်‌ယောက် သူ့ရဲ့ ခင်ပွန်းဖြစ်သူရယ် သမီးလေးရယ်နဲ့အတူ ကျန်ရှိတဲ့အချိန်တွေကို အမြတ်တနိုးထားပြီး ဖြတ်သန်းရင်း ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပုံကို ကြည်နူးစရာ တစ်လှည့် ဝမ်းနည်းစရာတစ်လှည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်… File size…(3.9 GB) / (1.46 GB) / (773 MB ) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 48m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy, Cyberboy

Romance
7.3 2024 108 mins
We Live in Time
The House of the Spirits
6.9

IMDb – 6.9/10 ရရှိထားတဲ့ Romance/Drama ဇာတ်ကားကောင်းလေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၂ ခုနှစ်ထုတ် လက်တင်ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ထွက်ထွက်ချင်းမှာပဲ တစ်နှစ်တာအကောင်းဆုံးဆုရရှိခဲ့တဲ့ အဆိုပါဝတ္ထုဟာ ဘာသာစကားပေါင်း ၂၀ ကျော်အထိ ပြန်ဆိုထုတ်ဝေခဲ့ရပြီး နေ့ချင်းညချင်း ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့လည်း Jeremy Irons, Antonio Banderas တို့အပါအဝင် အခြားဟောလိဝုဒ်ဂန္ထဝင်သရုပ်ဆောင်များကို အသုံးပြုထားပြီး ဆုပေါင်း ၁၂ ဆုထိရရှိခဲ့ကာ ဥရောပတစ်လွှားမှာ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ • ဇာတ်လမ်းအကျဉ်း • ဇာတ်အိမ်က ၁၉၂၀ – ၁၉၇၀ ဝန်းကျင်ကာလ ချီလီနိုင်ငံမှာ တည်ပါတယ်။ “ကလယ်ရာ” ဆိုတဲ့ သူဋ္ဌေးသမီးလေးဟာ မွေးရာပါအကြားအမြင်စွမ်းအားတစ်မျိုး ရထားသူပါ။ အရွယ်ရောက်လာတော့ “အက်စ်တဘန်” ဆိုတဲ့ ရိုးသားကြိုးစားလူငယ်တစ်ယောက်နဲ့ အကြောင်းပါပြီး “ဘလန်ကာ” ဆိုတဲ့ သမီးလေးတစ်ဦးထွန်းကား‌လေရဲ့။ “အက်စ်တဘန်” ဟာလည်း မိန်းမ မရခင်ရော ရပြီးနောက်ပိုင်းရော အလုပ်ကိုကြိုးစားပြီးရင်းကြိုးစားလိုက်တာ တစ်စထက်တစ်စ ပိုပိုချမ်းသာလာပြီး နောက်ဆုံးမှာ ကွန်‌ဆာဗေးတစ်လွှတ်တော်အမတ်ပါ ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ သမီးဖြစ်သူက သူ့အိမ်က သူရင်းငှားတစ်ဖြစ်လည်း နောင်မှာ အတိုက်အခံပါတီ‌ခေါင်းဆောင်ဖြစ်လာမယ့် “ပီဒရို” ဆိုတဲ့သူငယ်နဲ့ ကြိုက်ပါလေရော။ ဆိုတော့ကာ ထုံးစံအတိုင်း “အက်စ်တဘန်” မှာ သူ့သမီး “ဘလန်ကာ” နဲ့ ဆင်းရဲသားနိုင်ငံရေးသမား “ပီဒရို” တို့ရဲ့ချစ်ခြင်းကို နည်းလမ်းမျိုးစုံသုံးပြီး အသည်းအသန်လိုက်ခွဲပါတယ်။ ဒါပေမယ့် သမီးရည်းစားနှစ်ယောက်ကလည်း ဘယ်လိုခွဲခွဲ မကွဲတဲ့အပြင် “ဘလန်ကာ” က ဗိုက်ကြီးပြီး ကလေးပါမွေးသွားတဲ့အခါ… ကွန်ဆာဗေးတစ်ပါတီနဲ့ဆက်နွယ်နေတဲ့ ချီလီစစ်တပ်ကလည်း အာဏာ ထ သိမ်းပြီး အတိုက်အခံပါတီဝင် “ပီဒရို” ကို အ‌ေ-သရရ အရှင်ရရ လိုက်ဖမ်းတဲ့အခါ… ခေါင်းမာလွန်းတဲ့ “အက်စ်တဘန်” တစ်ယောက် အခက်အခဲတွေကြားမှာ နိုင်ငံရေးကိုရွေးမလား မိသားစုကိုရွေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ရုပ်ရှင်ဖြစ်တာမို့ ကြည့်ရတာ “လေထန်ကုန်း” ၊ “မျှော်တလင့်လင့်” အစရှိတဲ့ ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသလိုခံစားမှုမျိုး ရစေမှာပါ။ ဝုန်းဒိုင်းကြဲအက်ရှင်ကားတွေကနေ ခဏရုန်းထွက်ပြီး ရသစုံ drama ကားကောင်းလေးတွေကို ငြိမ့်ငြိမ့်လေးဇိမ်ခံကြည့်ချင်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန် Random Guy ပါ) File size…(2 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:25:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Random Guy

6.9 1993 140 mins
The House of the Spirits
Say ‘I Love You’
6.2

Say ‘I Love You’ (2014) ************************ IMDb…..6.2 နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသား Fukushi Sota နဲ့ မင်းသမီး Kawaguchi Haruna တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Say ‘I Love You’ ဆိုတဲ့ နာမည်ကြီး manga ရဲ့ live action movie လေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း- တချိဘန မဲအိဟာ ငယ်စဥ်က အနိုင်ကျင့်ခံရတဲ့ trauma ကြောင့် သူငယ်ချင်းမိတ်ဆွေရဖို့ အခက်အခဲရှိနေတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ပါ။ တစ်နေ့တော့ ကျောင်းရဲ့နာမည်ကျော် ခုရိုဆဝ ယမတိုရဲ့ သူငယ်ချင်း ခန်းဂျိရဲ့ စနောက်မှုကြောင့် သမိုင်းဝင်နောက်ပြန်ကန်ချက်နဲ့အတူ ယမတိုဟာ လူမှားအကန်ခံလိုက်ရပါတော့တယ်။ အဲဒီကန်ချက်ကြောင့်ပဲ ချစ်မိသွားတဲ့ ယမတိုဟာ ဘယ်သူနဲ့မှ စကားပြောခြင်းမရှိတဲ့ introvert မဲအိကို နည်းလမ်းများစွာနဲ့ လိုက်ဖို့ကြိုးစားပါတော့တယ်။ လူငယ်စုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတချို့ကို ယမတိုတစ်ယောက် ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားနိုင်မဲ့ ဂျပန်romance ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Nisarh ပဲ ဖြစ်ပါတယ်။) File Size : 2.00GB/ 730MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:43:00 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Nisarh Encoded by Tiff

Crime • Thriller
6.2 2014 102 mins
Say ‘I Love You’
Monster House
6.7

Monster House (2006) Monster House ဆိုတဲ့ ဇာတ်ကား​လေးကို ကျွန်​တော်တို့ ငယ်ငယ်က ၆ကားတွဲအ​ခွေ​တွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီတုန်းက​တော့ စာပါ​တာ​တွေ​ရော စာမပါတာ​တွေ​ရောနဲ့ အင်္ဂလိပ်လို ကြည့်​ကောင်းကြည့်ခဲ့ရမှာပါ။ အခုတစ်ခါ​တော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကား​ကောင်း​လေးကို တစ်ခါပြန်ပြီး​တော့ ကြည့်လိုက်ကြရ​အောင်ပါ။ အမြဲမှန်​ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်​နေတတ်တဲ့ DJ တစ်​ယောက်က သူ့အိမ်​ရှေ့အိမ်ကိုအမြဲစူးစမ်း​နေတတ်ပါတယ်။ အမြဲတိတ်ဆိတ်ပြီး​တော့ က​လေး​တွေကို မနှစ်သက်၊ က​လေး​တွေလာရင် ​မောင်း​ထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီး​ Mr. Nebbercracker က က​​လေး​တွေတော်တော်မုန်းတဲ့သူဗျ ကလေးတွေကလည်းသူ့ကိုကြောက်ကြ သူ့ကိုကြည့်မရတဲ့ လူဆိုး​လေး​တွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ ​နှောက်ယှက်ကြ​နဲ့ က​လေး​တွေ အများဆုံးလမ်း​ပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်း Mr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာ​တော့တာပေါ့ ဒါပေမယ့် သူဘာလို့ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့ နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ် ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့ DJ တို့ က​လေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 31m Genre ….. Horror/Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Amelia

Comedy • Drama
6.7 1900 91 mins
Monster House