YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Boyhood.(2023).EP10..WEB-DL.1080P(CM).mp4

1.19 GB N/A video/mp4 495 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
One Direction: This Is Us
8.3

Simon Cowell ဟာ X Factor ပြိုင်ပွဲဝင်များဖြစ်ကြတဲ့ Harry Styles, Zayn Malik, Niall Horan, Louis Tomlinson နဲ့ Liam Payne တို့ကို One Direction ဆိုပြီး ဖွဲ့စည်းဖို့အချိန်ဆယ်မိနစ်ပဲ ယူခဲ့ပါတယ်တဲ့။ အစကတော့ သူကိုယ်တိုင် ဒီအဖွဲ့ ဒီလောက်အောင်မြင်မယ်ဆိုပြီး လုံးဝ မထင်ထားခဲ့သလို ဘယ်သူမှလည်း မထင်ခဲ့ကြပါဘူး။ Directioner များရဲ့ Supporting အားကောင်းမှုကြောင့် 1D စဖွဲ့စည်းချိန်မှာပဲ စံချိန်များစွာ ချိုးဖျက်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။ ဒီ Documentary လေးကို Take Me Home Tour လှည့်ချိန်မှာ ရိုက်ကူးထားခဲ့ပြီးအမိုက်စား Performance တွေအပြင် Member တစ်ယောက်ချင်းစီရဲ့ အမူအကျင့်တွေ၊ ညီအစ်ကိုသံဃောဇဉ်တွေနဲ့ Directioner များအပေါ်ထားရှိတဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာများကိုပါထည့်သွင်းဖော်ပြသွားပါတယ်။ လူလတ်တန်းစားမိသားစုတွေမှာ မွေးဖွားလာခဲ့ကြတဲ့ သာမန်ကောင်လေး ငါးယောက်ရဲ့ အောင်မြင်မှုအပေါ်ထားရှိတဲ့သူတို့ရဲ့အမြင် ပြီးတော့ ဒီအောင်မြင်မှုကို ဘဝနဲ့ဟန်ချက်ညီအောင် ဘယ်လိုထိန်းညှိခဲ့ကြလဲ စသည်ဖြင့် 1D Member ငါးယောက်ရဲ့အကြောင်းကို စုံလင်စွာ ရိုက်ကူးထားတာမို့ Directioner များကျေနပ်စေရန် Channel Myanmar က တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…2.7GB / 1.2GB Quality…1080p BluRay AAC5.1CH / 72op Format…mp4 Duration….1h 22mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Comedy • Romance
8.3 2013 92 mins
One Direction: This Is Us
Nice View
6.7

"ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်​ဟောင်ဆို​တဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်း​ကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်​ဟောင်ကို အ​​ဖေဖြစ်သူပါ ပစ်ထားခဲ့တာ​ကြောင့် ​​ကျောင်းထွက်ကာ ဖုန်းပြုပြင်​ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမ​နဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။ ​ရောဂါသည် ညီမ​လေးက ​မွေးရာပါနှလုံး​ရောဂါ​ကြောင့် ခွဲစိတ်မှုကို မဖြစ်မ​နေလုပ်ရမယ့်အချိန် ​ ငွေအင်မတန်လိုလာတဲ့ ဂျင်​ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ​ကျော်ဖြတ်ရင်း လိုအပ်​နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာ​ဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျ​တွေက ဘယ်လိုပုံစံမျိုး​ပေါ်လာကြမလဲ၊ ဒါ​တွေကို ​မောင်နှမ၂​ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဇာတ်​​ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအ​တော်​ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆို​တော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်​ငွေအ​ကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်​ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်​နေပါတယ်။ ဒီ stats​တွေက အလကားရခဲ့တာမဟုတ်​​ကြောင်း ဒီ​Dramaဇာတ်ကားက ​သေချာ​လေးပုံ​ဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတ​လေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုး​​လေးနဲ့ လှပ​နေတတ်တာ မဟုတ်ပါလား။ ဒီဇာတ်ကားက ဒီလိုမျိုးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:48:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Romance
6.7 2022 106 mins
Nice View
The Souvenir: Part II
6.4

2019 ခုနှစ်က ထွက်ရှိထားတဲ့ Souvenir ဇာတ်ကားရဲ့အဆက် Souvenir Part II (2021) ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 92%၊ IMDb 7.4 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ရုပ်ရှင်ချစ်သူများအနေနဲ့ အချိန်ပေးကြည့်ရှု့ပါက အချိန်ကုန်ရကျိုး နပ်စေမှာပါ။ ဒီတစ်ကားကို ကြည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါ‌ပေမဲ့ ဇာတ်ကောင်တွေကို ပိုပြီး ရင်းနှီးချင်တယ်ဆိုရင်တော့ Souvenir (2019) ကို အရင်ကြည့်ဖို့အတွက် Recommend ပေးလိုပါတယ်။ Part 1 >>> Click Here ဂျူလီဟာ သူ့ချစ်သူ အန်တိုနီ ဆေးလွန်ပြီး သေဆုံးမှုအတွက် ဝမ်းနည်း ပက်လက်ဖြစ်နေတုန်းပါပဲ။ ဂျူလီမှာ သူ့မိဘဖြစ်သူ အိမ်မှာ ဆက်လက် နေနိုင်နေခဲ့ပါတယ်။ သို့သော် ဂျူလီဟာ အန်တိုနီ တစ်ယောက် မသေဆုံးခင် နောက်ဆုံးအချိန်တွေမှာ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ ခံစားခဲ့ရလဲဆိုတာကို အန်တိုနီရဲ့ မိဘဖြစ်သူတွေ၊ မိတ်ဆွေတွေထံ လိုက်လံပြီး စုံစမ်းနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘွဲ့ယူဖို့အတွက် ရုပ်ရှင်ရိုက်ကူးမှုပြုလုပ်နေရပါသေးတယ်။ ဂျူလီဟာ ရုပ်ရှင်ဇာတ်ညွှန်းကို ဘုတ်အဖွဲ့ထံ အပ်နှံခဲ့ပေမယ့် ဘုတ်အဖွဲ့က အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ အဲဒါကြောင့်မို့လို့ ဂျူလီဟာ ဇာတ်ညွှန်းကို ပြန်လည်ပြင်ဆင်ပြီး ရုပ်ရှင်ကို ဖန်တီးဖို့ အကောင်းဆုံးကြိုးစားပါတော့တယ်။ အဲ့တော့ ဒီ Drama ကားလေးထဲမှာ ဂျူလီ တစ်ယောက် ပူဆွေးဝမ်းနည်းမှုတွေ၊ ရုပ်ရှင်ရိုက်ဖို့ အခက်အခဲတွေကို  ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size - (2.2 GB) / (927 MB) / (519 MB) Quality – Blu-Ray 1080p/ 720p / 480p Duration - 1Hr 47mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Romance Translator – CM Team Encoder – SWM

Action • Horror • Science Fiction
6.4 2021 108 mins
The Souvenir: Part II
Land of the Dead
6.2

Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ နားလည်လာပြီး ​မြို့ပျက်​တွေက​နေ လူကုံထံ မြို့သစ်​တွေဆီကို အစာရှာဖို့ တက်လာကြပါ​တော့တယ်၊ ဒီလိုနဲ့ပဲ ရိက္ခာရှာ​ပေးရတဲ့ ရိုင်​လေတို့အဖွဲ့ဟာ ဖုတ်​ကောင်​တွေရဲ့ ရန်ကိုပါ ကာကွယ်ရမယ့် တာဝန်ရှိလာပါ​တော့တယ်။ ​သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူ​အောင် ပြကွက်​တွေက အ​တော်​လေးကြမ်း​လို့ သွေးလန့်တတ် သူ​တွေ၊ ​ရွံစရာ​တွေကို sensitiveဖြစ်သူ​တွေ သတိထားပြီး ကြည့်ဖို့ ​ပြောချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__Blu-Ray_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:33:00 Type__Horror, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Crime • Drama
6.2 2005 93 mins
Land of the Dead
Hereditary
7.3

ဂရေဟမ်မိသားစုရဲ့ အိမ် ထောင်ဦးစီးဖြစ်တဲ့ အယ်လန်ဂရေဟမ်ကွယ်လွန်သွားပြီးနောက်မှာ သူ့ရဲ့သမီးဖြစ်တဲ့ အန်နီဂရေမ်တို့ မိသားစုဟာ ဘိုးဘွားဘီဘင်မျိုး ရိုးအစဉ်အဆက်ရှိတဲ့ ထိတ်လန့် စရာလျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ အန်နီဟာ ပုံစံငယ်လေးတွေ ဖန်တီးတဲ့ ပညာရှင်တစ်ယောက် ဖြစ်ပြီး ခင်ပွန်းသည် စတိဗ်၊ ပီတာနဲ့ ချာလီဆိုတဲ့သားနဲ့ သမီးရှိပါ တယ်။ ဒီလိုနဲ့ အယ်လန်ကွယ်လွန် ပြီးနောက်မှာတော့ အန်နီတို့ မိသားစုဟာ သဘာဝလွန်အဖြစ် အပျက်တွေ ကြုံရပါတယ်။ ပီတာဟာ ပါတီပွဲတစ်ခုကို ချာလီနဲ့အတူသွားခဲ့ပြီး အဲဒီပါတီ ပွဲမှာ ဆေးခြောက်ပါတဲ့ ချော ကလက်တွေကို ချာလီစားမိပြီး နောက် ဓာတ်မတည့်ဘဲ အစာအ ဆိပ်သင့်ပါတော့တယ်။ အဲဒါနဲ့ ဆေးရုံကို မောင်နှမနှစ်ယောက် သွားရင်း ချာလီက အသက်ရှူမဝ ဖြစ်လာလို့ ကားထဲကနေ ခေါင်း ထွက်လေရှူရင်း ထိခိုက်မိတာ ခေါင်းပြတ်သွားခဲ့ပါတယ်။ ပီတာကလည်း ရူးကြောင် ကြောင်ဖြစ်နေတာမို့ မိဘတွေကို ဘာမှပြန်မပြောဘဲ ဒီအတိုင်း အိမ်ပြန်လာခဲ့ပါတယ်။ ချာလီသေဆုံး ပြီးနောက်မှာတော့ ပီတာဟာ ချာ လီ သူ့အနီးအနားမှာပဲရှိနေသလို လိုနဲ့ ခြောက်လှန့်ခံရပါတော့ တယ်။ အန်နီရဲ့ မိတ်ဆွေဂျုံးက ကွယ်လွန်သွားတဲ့ သူ့ရဲ့မြေးကို ဝိညာဉ်ခေါ် စကားပြောတဲ့အ ကြောင်းကို ပြောပြခဲ့ပြီး အန်နီကို လည်း လုပ်ကြည့်ဖို့ အကြံပြုခဲ့ပါ တယ်။ တစ်ညမှာတော့ အန်နီ အိပ်မက်ဆိုးတွေမက်သလို ချာလီ ရဲ့ ဝိညာဉ်ဝင်ပူးခြင်းခံခဲ့ရပါတယ်။ ချာလီရဲ့ ဝိညာဉ်ဟာ နာ ကြည်းချက်တွေရှိနေတယ်ဆိုတာ အန်နီခံစားမိတဲ့အတွက် ချာလီရဲ့ ပုံဆွဲစာအုပ်ကို မီးရှို့ပစ်တဲ့အခါ အန်နီရဲ့ လက်တစ်ဖက်ပါ မီး လောင်ခဲ့ပါတယ်။ နောက်တော့ အခြေအနေတွေကို ဂျုံးကိုပြောပြ ပြီး အကြံတောင်းဖို့လုပ်ခဲ့ပေမယ့် ဂျုံးကို ဘယ်မှာမှ ရှာမတွေ့တော့ ပါဘူး။ အဲဒါနဲ့ အိမ်ထဲမှာ ဟိုသည် လျှောက်ရှာရင်း ထူးဆန်းစွာနဲ့ သူ့ မိခင်အယ်လန်နဲ့ ဂျုံးတို့ အဆက် အစပ်ရှိတယ်ဆိုတဲ့ အထောက် အထားတွေ တွေ့ခဲ့သလို အိမ် ထပ်ခိုးမှာလည်း အယ်လန်လို့ ယူဆရတဲ့ အလောင်းတစ်လောင်း ရှာတွေ့ခဲ့ပါတယ်။ အယ်လန်နဲ့ ဂျုံးက ဘယ်လို အချိတ်အဆက်တွေရှိနေတာလဲ။ ဂရေဟမ်မိသားစုရဲ့ ဆွေမျိုးအ စဉ်အဆက် လျှို့ဝှက်ချက်က ဘာ ဖြစ်မလဲ။ တစ်မိသားစုလုံး အ ခြောက်အလှန့်တွေ၊ ထိတ်လန့် စရာတွေ ကြုံနေရတဲ့ အန်နီနဲ့ မိသားစုတွေ ဘယ်လိုအခြေအနေ နဲ့ အဆုံးသတ်မှာလဲဆိုတာ ထိတ် လန့်သည်းဖိုရင်း ဆက်ကြည့် လိုက်ဦးနော်။ ပါဝင်သရုပ်ဆောင်ထားသူ တွေက အန်နီ ဂရေဟမ်အဖြစ် တိုနီကော်လက်၊ ပီတာအဖြစ် အဲ လက်စ်ဝုဖ်၊ ချာလီအဖြစ် မစ်လီ ရှာပီရို၊ စတိဗ်အဖြစ် ဂက်ဘရီ ယယ်ဘန်း၊ ဂျုံးအဖြစ် အန်းဒိုးဒ် တို့ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်) (Thinzar Htet ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (860 MB) Quality : AMZN WEB-DL 720p Running Time : 2hr 07min Format : Mp4 Genre : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Thinzar Htet Encoded by Thanhtike Zaw

Comedy • Drama
7.3 2018 128 mins
Hereditary
Mountain Ghost
5.9

“ကျဲ” တောင်တန်းဆီက သေရာကနေ ပြန်လည်ရှင်သန်နိုင်တယ်ဆိုတဲ့ ပယင်းကျောက်စိမ်းတုံးရဲ့ထူးဆန်းဖွယ် ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ် …! ကျဲ တောင်လို့ အမည်ရတဲ့ တောင်​ခြေမှာ ချန်ရှို့ဆိုတဲ့ ရွာငယ်လေး တစ်ရွာက တည်ရှိလို့နေခဲ့ပါတယ် ။ အဲဒီရွာငယ်လေးဟာ အမဲလိုက်ခြင်းကို အားပြုပြီး အသက်မွေးဝမ်းကြောင်းပြုရတဲ့ ရွာငယ်လေးပါ ။ သူတို့နဲ့ အနီးအနားမှာရှိတဲ့ ကျဲ တောင်ကို ဝင်ရောက်သွားကြတဲ့ သူတိုင်းဟာလဲ တစ်ယောက်မှ အသက်ရှင်လျှက်ပြန်မလာနိုင်ခဲ့ကြပါဘူး ။ ဒါကို စုံစမ်း သိရှိလိုတဲ့ ထျန်းရှီး လို့ခေါ်တဲ့ လူငယ်လေးဟာ ရွာသူကြီးရဲ့ အမိန့်ကို အာခံပြီး ကျဲ တောင်ဆီ ရွာသားတစ်ချို့နဲ့ သွားရောက်ခဲ့ပါတယ် ။ ဒါပေမဲ့လဲ ထျန်းရှီး အပါအဝင် ရွာသားတစ်ချို့ဟာ သေဆုံးလျှက်ပဲ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။ တစ်ဆက်ထဲမှာပဲ ထူးဆန်းတဲ့ အဖြစ်အပျက်က ဖြစ်ပေါ်ခဲ့လေတော့တယ် အဲ့တာကတော့ ထျန်းရှီးဟာ ပြန်လည်ရှင်သန်လာချင်းပါပဲ ။ ဒီလိုနဲ့ ထျန်းရှီးဟာ သူ့ရဲ့ သေဆုံးသွားကြတဲ့ ရွာသူရွာသားတွေအတွက် “ပယင်းကျောက်စိမ်းတုံး” ကို ပြန်လည်ရှာဖွေဖို့ သခင်ကြီးဝူ ဆိုသူတို့နဲ့ ကျဲတောင်ဆီ ပြန်လည်ခရီးဆက်တဲ့အခါမှာ….? ❏ “ပယင်းကျောက်စိမ်းတုံး”ကို ရှာဖွေတွေ့ရှိပြီး ရွာသူရွာသားတွေကို ကယ်တင်ပေးနိုင်ပါ့မလား ? ❏ သူကရော “ပယင်းကျောက်စိမ်းတုံး” မရှိပဲ သေရာကနေ ဘာဖြစ်လို့ ပြန်ရှင်လာခဲ့တာလဲ ? ဒီကိစ္စဟာ သူနဲ့ရော ဘာတွေဆက်စပ်မှုများ ရှိနေမှာလဲ ? ❏ ဒီကြောက်မက်မယ်ကောင်းတဲ့ ကျဲ တောင်ထဲမှာရော ဘယ်လိုအရာတွေကသူတို့ကို စောင့်ကြိုနေမလဲဆိုတာ ? စိတ်လှူပ်ရှားစွာနဲ့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါ ။

5.9 2023
Mountain Ghost
Black Dynamite

IMDb 7.4/10, Rt 83 % ရရှိထားတဲ့ Action/Comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ပြီး ဒါရိုက်တာ Scott Sanders က ရိုက်ကူးထားတာပါ။ Michael Jai White (Never Back Down) က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဝေဖန်သူတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေနဲ့ ချီးကျူးမှုတွေကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပြန်ကြီးတစ်ဖြစ်လည်း စီအိုင်အေ အေးဂျင့်ဟောင်းကြီးဖြစ်တဲ့ ဘလက်ဒိုင်းနမိုက်ရဲ့ညီ ဂျင်မီအသတ်ခံရမှုမှာ အစပြုထားတာပါ။ သူ့ရဲ့တစ်ဦးတည်းသော ညီလေးက အသတ်ခံလိုက်ရတာကြောင့် ဘလက်ဒိုင်းနမိုက်တစ်ယောက် အကုန်လုံးကိုမြေလှန်ပြီး စုံစမ်းလိုက်ရာကနေ မထင်မှတ်ထားတဲ့ စစ်ဆင်ရေးကြီးတစ်ခုထဲ ထဲထဲဝင်ဝင် ပတ်သက်မိသွားပါတော့တယ်။ သူ့ညီကို သတ်တဲ့လူဘယ်သူလဲသိအောင် လိုက်စုံစမ်းရင်း သိလိုက်ရတဲ့ စစ်ဆင်ရေးကြီးက ဘယ်လောက်ကြီးကျယ်လဲ.. သူ့ညီက ဘ အကြောင်းကြောင့် ဘယ်သူသတ်လို့များ သေသွားရတာလဲ.. အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်းလို့ဆိုကြသလို ဘလက်ဒိုင်းနမိုက်ကရော ဘာမတော်.. ဘာ..ဖြစ်မလဲဆိုတာ.. ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကို သိသွားပြီးနောက် ပရိသတ်ကြီးရော ဘာလာလာ ကစ်ဖို့ သတ္တိရှိဦးမလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.4 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Action • Thriller • Crime
0 2009
Black Dynamite
A Not So Royal Christmas
6.1

လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Romantic ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးလေးပါ။ Nordinနိုင်ငံက Sorhagen ဆိုတဲ့ မြို့လေးမှာ အခြေတည်ထားပါတယ်။ Charlotteက အတင်းအဖျင်းတွေရေးတဲ့ ဂျာနယ်က သတင်းထောက်တစ်ယောက်ပါ။ သူ့သူဌေးဆီက လစာတိုးရဖို့အတွက် Sorhagenရဲ့ မြို့စားဖြစ်သူကို အင်တာဗျူးရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီမြို့စားက လူအများအမြင်ကနေ ပုန်းကွယ်နေတာ ကြာနေပါပြီ။ ဒီတော့ Charlotte ကိုယ်တိုင် နန်းတော်ထဲကို အလည်အပတ်သွားရောက်သလိုနဲ့ အလစ်မှာ ခိုးဝင်ပြီး မြို့စားကို ရှာခဲ့ပါတယ်။ မြို့စားနဲ့တွေ့ပြီး အင်တာဗျူးခွင့်ရအောင်လည်း ကြံဆောင်နိုင်ခဲ့ပေမယ့် သူထင်ထားသလိုမဟုတ်ဘဲ မြို့စားက လျှို့ဝှက်ချက်တွေရှိနေတဲ့အခါ…။သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးက ဆက်ပြီးပေါ်လာနိုင်ပါ့မလား ဆက်လက်ကြည့်ရှုရမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

6.1 2023 84 mins
A Not So Royal Christmas
Say Anything…
7.3

Say Anything… (1989) ~ IMDb – 7.3/10, RT – 98%, Meta – 86% ~ Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally… တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally… နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။ သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး လိုက်လေရဲ့။ ကောင်မလေးက သူ့ကို စိတ်ဝင်စားပေမဲ့လည်း အဖေတစ်ခုသမီးတစ်ခုနေနေတဲ့ သူတို့ဘဝမှာ သူ့အဖေရဲ့ အတွေးတွေက သူ့ကို လွှမ်းမိုးထားတော့ သူ့စိတ်အတိုင်းသွားရခက်နေခဲ့တယ်။ ဒီလိုနဲ့ကောင်လေးကပဲ ကောင်မလေးကို ပြောင်းလဲပေးနိုင်မလား။ ကောင်မလေးကပဲ ကောင်လေးကို ပြောင်းလဲပေးသွားမလားဆိုတဲ့ ဇာတ်ပေါ့။ A Walk to Remember နဲ့တောင် နည်းနည်းခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Say Anything ကတော့ ကလပ်စစ်ပိုဖြစ်သလို သူ့ထဲက ကတ်ဆတ်ကြီးအကျယ်ကြီးဖွင့်ပြီး မ,လာပြီး ကောင်မလေးအိမ်ရှေ့ရောက်လာတဲ့အခန်းကတော့ ရိုမန့်ရုပ်ရှင်သမိုင်းရဲ့ Iconic အခန်းတွေထဲပါသလို သူ့ဇာတ်ကလည်း Reality တော်တော်ဆန်တဲ့ဘက်ကို သွားတယ်။ ဇာတ်ကြောင်းက Romanceကားပေမဲ့ Reality မတရားဆန်နေတော့ ဇာတ်ကြောင်းသစ်သလိုဖြစ်နေတယ်။ ရုပ်ရှင်ကတော့ ဆယ်ကျော်သက်ရုပ်ရှင်ဆန်ပေမဲ့ အတွင်းမှာ ပိုနက်နဲခါးသက်တဲ့အရာတွေကိုလည်း ထည့်ထားတဲ့ရုပ်ရှင်လို့ ပြောကြပေမဲ့လည်း တကယ်တမ်း ဒီရုပ်ရှင်ကြည့်ဖို့ ဒါတွေမလိုပါဘူး။ Say Anything ဟာ အတန်းထဲက ကိုယ်ကြိတ် Crushနေတဲ့ ကောင်မလေးကို ရဲရဲတင်းတင်းလိုက်ပိုးရင်း ကောင်မလေးဘက်က အခြေအနေပေးလာတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အခင်းအကျင်းမှာ ဘဝတွေအတိုင်း မိသားစု ကျောင်းစတဲ့ လွမ်းစရာဆွေးစရာ အဖြစ်တွေပေါ်လာတဲ့ ဇာတ်ပါပဲ။ တစ်ခါတလေ ဒါတွေက ကျွန်တော်တို့ငယ်ဘဝတွေပေါ့။ တစ်ခါတလေ လွမ်းစရာအတိနဲ့ ဇာတ်တွေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 930MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 1989
Say Anything…
[18+] Wanted: Girlfriend
5.5

အသီနာနဲ့အက်ဆယ်တို့ဟာ တစ်ချိန်မှာလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ချစ်သူတွေပါ။ ဒါပေမယ့်လည်း နေရာမရွေးအချိန်မရွေးထန်ချင်လွန်းတဲ့ အက်ဆယ်ကိုသည်းမခံနိုင်တဲ့အဆုံး အသီနာက အဆက်ဖြတ်သွားခဲ့ပါတယ်။ ကာလတစ်ခုကြာလာပြီး နှစ်ယောက်သားကိုယ့်ဘ၀နဲ့ကိုယ် move on စပြုနေတဲ့အချိန်မှာမှ သူတို့နှစ်ယောက် ပြန်ဆုံဖြစ်ကြရင်း အရင်လိုခံစားချက်တွေ အသစ်တဖန်ဖြစ်ပေါ်လာတဲ့အခါ..။ အရင်ဇာတ်ကားတွေမှာနေရာသိပ်မရခဲ့တဲ့ Shiena Yu ဆိုတဲ့မင်းသမီးအသစ်လေးနဲ့ Reina Castillo ဆိုတဲ့ တစ်ကားမှမရိုက်ဖူးသေးတဲ့အသစ်စက်စက်လေးကိုအဓိကဇာတ်ဆောင်အဖြစ်စင်တင်ပေးထားတဲ့ဇာတ်ကားပါပဲ။မြည်းစမ်းကြည့်ကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_00:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Science Fiction • Action • Adventure
5.5 2024 48 mins
[18+] Wanted: Girlfriend
[18+] Antares
6.1

ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Austrian ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာ sex scene တွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာတွေပါတာကိုတော့ သတိချပ်ပေးပါ။ ဇာတ်လမ်းကတော့ အမျိုးသမီးသုံးယောက်ရဲ့ အချစ်ရေး ကို ရိုက်ပြထားတာပါ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဒီအမျိုးသမီး သုံးယောက်ရဲ့ ဇာတ်လမ်းကို တစ်ခုနဲ့ တစ်ခု လှမ်းပြီးချိတ်ဆက်ထားတာလေးပါ။ တစ်ယောက်ရဲ့ ဇာတ်လမ်းကနေ နောက်တစ်ယောက်အကူးမှာ ပြန်ချိတ်ထားတဲ့ပုံလေးကလည်း သဘောကျချင်စရာပါပဲ။ ဒီ ဖြစ်ရပ်တွေကို ဘယ်လိုရိုက်ပြထားလဲ ဘယ်လိုပြန်လည် ချိတ်ဆက်ပေးထားလဲဆိုတာတော့ ကြည့်ရှုပေးကြပါဦး။ File size…(1.2 GB) Quality….Webrip 720p Format… mp4 Duration…. 01:45:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

6.1 2004 105 mins
[18+] Antares
Dead Money
5.9

Dead Money (2024) IMDb Rating (5.9) / Rotten Tomatoes (25%) ဒီ သဲထိပ်ရင်ဖိုဇာတ်ကားတော့ လောင်းကစားကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အန်ဒီလို့ခေါ်တဲ့ ပရော်ဖက်ရှင်ပိုကာကစားသမားတစ်ယောက်ဟာ တစ်ညမှာ သူ့ရဲ့ ခွင်တွေ့ထားတဲ့ကစားဝိုင်းကို သွားကစားခဲ့ပါတယ်။ ဖြစ်ချင်တော့ အန်ဒီအကုန်ရှုံးပြီးကာမှ အချီကြီးပြန်နိုင်သွားပါတယ်။ အချီကြီးနိုင်သွားပြီးတဲ့နောက် သူ့ရဲ့ကောင်မလေး ကလိုဝီနဲ့ မြို့ပြောင်းပြီးနေဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ဖြစ်ချင်တော့ ဝိုင်းသိမ်းခါနီးမှာပဲ ဓားပြနှစ်ယောက်ဟာ အန်ဒီတို့ ကစားနေတဲ့ဝိုင်းကို ဓားပြတိုက်သွားပြီး တစ်ဝိုင်းလုံးအလုခံလိုက်ရပါတယ်။ ဓားပြတိုက်ခံရလို့ ဝိုင်းပျက်သွားပြီးတဲ့နောက်မှာ အန်ဒီဟာ စိတ်ပျက်ပျက်နဲ့ သူ့ကောင်မလေးနဲ့အတူ​ အိမ်ကိုကားနဲ့ပြန်လာခဲ့ပါတယ်။ ပြန်နေရင်းလမ်းမှာပဲကောင်မလေးက လပ်တော့ပ်ကျန်ခဲ့လို့ဆိုပြီး ဝိုင်းထောင်တဲ့အိမ်ကိုပြန်သွားလိုက်ပါတယ်။ ဒီလိုနဲ့ အန်ဒီတစ်​ယောက် ပစ္စည်းသွားပြန်ယူတဲ့အချိန်မှာငွေထုပ်ကြီးတစ်ထုပ် အိမ်ရဲ့ လှေကားရင်းမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။ ဒီငွေထုပ်ကြီးကိုယူပြီးနောက်မှတော့ အန်ဒီရဲ့ဘဝဟာ တဖန်ပြန်သာယာမလိုဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငွေထုပ်ကြီးရဲ့ သမိုင်းကို အန်ဒီသိသွားတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (600 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:40:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Crime • Comedy
5.9 2024 100 mins
Dead Money
Big Fish
8

IMDb Rating (8.0) / Rotten Tomatoes (76%) Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေ ဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်… ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း…. အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ အဖေ့ဘဝမှာ နေပူကြဲတဲ ညနက်သန်းခေါင် နရသိန်နှုတ်ခမ်းဝ အမှောင်မိုက်ဆုံးနဲ့ အပူပြင်းဆုံးနေ့ရက်များစွာ ရှိခဲ့ဖူးတာကို ငါကောင်းကောင်းသိပါတယ်။ အဖြူရောင်မဖြစ်တဖြစ် ပန်းချီကားတစ်ချပ်လိုကာလတုန်းကတော့ ငါရေးတေးတေးပဲ သိခဲ့တယ်။ ငါ့ပန်းချီကားမှာ အရောင်တွေစုံလာမှ သူကြုံခဲ့ရတဲ့အရောင်တွေကို ငါပြန်နားလည်လာနိုင်ခြင်းတွေပေါ့။ ဒါပေမဲ့ ငါ့အဖေက အတ်ဒဝတ်ဘလွန်းမဟုတ်ခဲ့ဘူး။ ပုံပြောကောင်းတဲ့ အဘိုးကြီးမဟုတ်တဲ့ သာမန်အဘိုးကြီးတစ်ယောက်ပဲဖြစ်ခဲ့တယ်။ အော်စကာဝိုင်းပြောသလို အမှန်တရားဆိုတဲ့စကားလုံးမှာ သန့်ရှင်းတယ်ဆိုတာရှားပြီး ရိုးရှင်းတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဘာလို့ဆို ငါတို့ရဲ့များသောအားဖြင့် တင်စားချက်တွေမှာ အမှန်တရားဟာ ဖုံးကွယ်ထားတဲ့အရာတစ်ခုနောက်က တကယ့်အဖြစ်မှန်ကို ရည်ညွှန်းနေတတ်တာများတယ်။ အတ်ဒဝတ်ဘလွန်းဟာ ခါးသီးတဲ့အဖြစ်မှန်တွေကို လှပတဲ့ပုံပြင်တွေအဖြစ်ပြောင်းလဲပစ်ပြီး သူ့သားကို ရက်စက်တဲ့အမှန်တရားတွေလက်ကနေ ကာကွယ်ခဲ့တယ်။ ငါ့အဖေကတော့ ငါ့ကိုမပြောပြတဲ့ နည်းနဲ့ပဲ ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါရေးရေးသိခဲ့ပါတယ်။ အတ်ဒဝတ်ဘလွန်းရဲ့ ကာကွယ်နည်းက ပိုထိရောက်တာအမှန်ပေမဲ့ ငါ့အဖေဟာ သူစွမ်းသလောက်တော့ ငါ့ကိုကာကွယ်ပေးခဲ့တယ်။ သုခမိန်လှိုင်ရဲ့ဓားလို ကာကွယ်ပေးခဲ့တယ်။ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကိုခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး Magical Realismရုပ်ရှင်တွေကို ငါသဘောကျတဲ့အချက်က အရက်စက်ဆုံးဇာတ်လမ်းတွေကိုတောင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွေဖြစ်အောင်လုပ်ပစ်နိုင်တာကိုပေါ့။ Big Fishကတော့ ထူးခြားတယ်။ ခါးသီးတဲ့ဇာတ်လမ်းတွေကို လှပတဲ့ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ Magical Realismရုပ်ရှင်မျိုးပဲ။ အတ်ဒဝတ်ဘလွန်းဟာ မွေးကင်းစကတည်းကနေ သေတဲ့အထိ ဖမ်းလို့မမိနိုင်တဲ့ငါးကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့တယ်။ အဲဒီငါးကြီးက ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတယ်။ အချစ်တွေ, ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလုပ်ပေးချင်ခြင်းတွေ, သူ့အခက်ခဲဆုံးအချိန်တွေ ဘေးမှာရှိနေပေးစေခြင်းတွေ, သူဖြစ်ချင်တဲ့အရာတိုင်းကို လုပ်ပေးချင်ခြင်းတွေ, အိပ်မက်တွေပေါ့။ အချစ်ဆိုတဲ့အရာကလည်း ငါတို့ထင်သလောက် မရိုးရှင်းတာ, မသန့်ရှင်းတာ, မချိမြိန်တာကို အနေကြာလာရင်းနဲ့ ငါတို့သိလာတာပါပဲ။ ဒါအမှန်တရားပဲ။ အတ်ဒဝတ်ဘလွန်းက အမှန်တရားက သူ့အချစ်တွေကို ဖုံးလွှမ်းသွားမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ အတ်ဒဝတ်ဘလွန်းဟာ တစ်ချိန်လုံး အသိဉာဏ်ထက် ခံစားချက်ကို ဦးစားပေးတဲ့သူဖြစ်ခဲ့တယ်။ ဒီတော့ အတ်ဒဝတ်ဘလွန်းဟာ အချစ်ရဲ့မချိုမြိန်တဲ့ဘက်အခြမ်းတွေကို ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူဘယ်တော့မှ ဖမ်းလို့မမိမယ့်ငါးကြီးနောက်ကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဒီငါးကြီးနောက်ကို အတ်ဒဝတ်ဘလွန်းဟာ တစ်သက်လုံးလိုက်ခဲ့ရင်း နောက်ဆုံး သူကိုယ်တိုင် အဲဒီငါးကြီးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဟာရဲ့ Metaphorက မတူဘူး။ မဖြူစင်မှုတွေနဲ့ရှင်သန်ရင်း အခါခါလောင်ကျွမ်းခြင်းရဲ့ အဆုံးသတ်မှာ အဖြူရောင်ပြာတွေက တကယ်ဖြူနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီဇာတ်လမ်းပြာ အတ်ဒဝတ်ဘလွန်းရဲ့ အဖြူရောင်ပြာတွေပါပဲ။ ငါ့အဖေလည်း ငါ့ကို အဖြစ်အပျက်တွေမဟုတ်ဘဲ မတူတဲ့ပုံပြင်တွေကို ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဖြူရောင်ပြာတွေပေါ့။ လူတစ်ယောက်ဟာ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူကိုယ်တိုင် အဲဒီပုံပြင်ကို ယုံသွားတဲ့အဖြစ်မျိုး ခင်ဗျားတို့ကြုံဖူးလား။ ကြုံဖူးမှာပါ။ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူဟာ အဲဒီပုံပြင်ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်တောင် ပြန်ယုံသွားတဲ့ ပုံပြင်ကို အားလုံးလည်း ယုံသွားကြလိမ့်မယ်။ တစ်ခါတလေကျတော့လည်း အမှန်တရားတွေဆိုတာ နှလုံးသားတွေအတွက်မလိုဘူး။ ပုံပြင်လှလှလေးတွေ , သိပ်လှတဲ့ဇာတ်လမ်းလေးတွေ။ အင်းပေါ့ ခါးသီးတဲ့ အတိတ်တွေအကုန်လုံးကို လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ပြာတွေလို လှပတဲ့ပုံပြင်လေးတွေ။ ပုံပြင်တွေဟာ အတိတ်မဟုတ်ဘူး။ ပစ္စုပ္ပန်မဟုတ်ဘူး။ ပုံပြင်တွေဆိုတာ အနာဂတ်အတွက်ပဲ။ ငါတို့အချစ်တွေကို ငါတို့လည်း ပုံပြင်တွေပြောခဲ့တယ်။ ငါတို့အချစ်တွေကို ငါတို့ ပုံပြင်တွေ ဆက်ပြောနေရဦးမယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8 2003 125 mins
Big Fish
Torrente, the Dumb Arm of the Law

“Torrente: El brazo tonto de la ley” ဆိုတာဟာ မြန်မာလိုဆိုရင် “တရားဥပဒေရဲ့အရူးလက်တစ်ဖက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမိုက်ရဲဟောင်းတစ်ယောက်ဟာ မူးယစ်ဆေးအမှုတစ်မှုကိုအလွဲအမှားတွေနဲ့စုံစမ်းဖော်ထုတ်ဖို့ကြိုးစားတဲ့ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ သူဟာ ရူးကြောင်ကြောင်အမူအရာတွေလုပ်ပြီး ရဲတပ်ဖွဲ့ရဲ့ အားနည်းချက်တွေနဲ့ လူ့အဖွဲ့အစည်းထဲကအလွဲတွေကို ဟာသနဲ့ဖော်ပြထားပါတယ်။ ဇာတ်ညွှန်းကိုပြောရရင်တော့ တိုရန်တဲလ်ဟာ ရဲတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ရာထူးကျပြီးနောက်မှာ မကောင်းတာမှန်သမျှအကုန်လုပ်ပြီး အရက်စွဲနေတဲ့လူတစ်ယောက်ပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာထိုင်နေရင်း ထိုစားသောက်ဆိုင်ကနေ မူးယစ်ဆေးတွေကို တစ်ကမ္ဘာလုံးကိုဖြန့်နေတယ်ဆိုတာ မထင်မှတ်ထားပဲ တွေ့ရှိလိုက်ပါတော့တယ်။ အဲဒါနဲ့သူလဲ အရင်ရာထူးကိုပြန်ရဖို့အတွက် သူ့နဲ့ခင်တာမကြာသေးတဲ့‌တိုက်အောက်ထပ်ကကောင်လေးနဲ့အတူ ထိုအမှုကိုဖော်ဖို့ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေဖြစ်ကာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ File size…(1 GB) Quality….720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 1998
Torrente, the Dumb Arm of the Law