YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Boy.Swallows.Universe.S01E07.FINAL.NF.WEB-DL,720p(CM).mp4

506.33 MB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fantasy Magician
6.8

အေးချမ်းနေသလိုထင်ရတဲ့လောကကြီးမှာ လူသားတွေပဲနေထိုင်နေတာမဟုတ်ပါဘူး။ တစ်လျှောက်လုံးမှာ မိစ္ဆာကြီးငယ်တွေက လူယောင်ဆောင်ပြီး လူတွေကြားမှာရှင်သန်နေထိုင်နေခဲ့ကြပါတယ်။ ကောင်းတဲ့သူတွေရှိသလို ဆိုးသွမ်းတဲ့သူတွေလဲရှိပါတယ်။ ဒီအရာအားလုံးကိုစီစဉ်တကျဖြစ်အောင်ထိန်းသိမ်းပေးနေတာကတော့ လျို့ဝှက်ပြီးရပ်တည်နေတဲ့ဝုယင်ဂိုဏ်းဆိုတဲ့လျို့ဝှက်ဂိုဏ်းတစ်ခုပါ။ မိစ္ဆာမကြီးထျန်းရှဲဟာ မကောင်းဆိုးဝါးနတ်စွမ်းအင်ထိုက်ဆွေ့ကို အသုံးချပြီးမိစ္ဆာတိုင်းပြည်ကိုတည်ထောင်ဖို့ကြံစည်နေပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲထိုက်ဆွေ့ဟာဝူရင်းဆိုတဲ့ ကလေကချေတစ်ယောက်ရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်။ ဝုယင်ဂိုဏ်းသားလေးဖုန်းရှောင်ရှောင်ကဝူရင်းကိုရှာတွေ့သွားပြီး ထိုက်ဆွေ့ကိုသူ့ကိုယ်ထဲကနေထုတ်ဖို့ကြံစည်ခဲ့ရာ ဝူရင်းက စိတ်ကူးပြောင်းသွားပြီး ထိုက်ဆွေ့ကိုထိန်းချုပ်ပြီး လောကကြီးကိုကယ်တင်မယ့် သူရဲကောင်းတစ်ယောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သာမန်လူသားဖြစ်တဲ့ဝူရင်းတစ်ယောက် ထိုက်ဆွေ့ရဲ့စွမ်းအားကိုထိန်းချုပ်နိုင်ပါ့မလား...... မိစ္ဆာခေါင်းဆောင်ကြီးထျန်းရှဲကိုရောဘယ်လိုအနိုင်ယူကြမလဲ...... ဝူရင်းနဲ့ဝုယင်ဂိုဏ်းသားဖုန်းရှောင်ရှောင်ကရောဘယ်လို ဇာတ်လမ်းတွေရှိခဲ့တာလဲဆိုတာ လှပဝေဆာတဲ့CGI Effect ကောင်းတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှုရမှာဖြစ်ပါတယ်။ ထိုက်ဆွေ့ကိုပုံဖော်ထားတာMCUရဲ့Venonနဲ့နည်းနည်းဆင်ပေမယ့် မတူညီတဲ့ဟန်နဲ့ဇာတ်လမ်းလေးမလို့ တစ်မျိုးတော့ကြည့်ကောင်းမှာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Action • Drama
6.8 2020 84 mins
Fantasy Magician
Ghost Sniper
4

စစ်မှန်တဲ့ မေတ္တာတွေနဲ့ ဖွဲ့စီးထားတဲ့ ကြေးစား တပ်ဖွဲ့တစ်ခု...? တစ်နေ့မှာတော့ သူတို့ဟာ ပြန်ပေးသမားတွေဖမ်းခေါ်သွားခဲ့တဲ့ ဇီဝလက်နက်ထုတ်လုပ်ရာမှာ ပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခနန်စီကို ကယ်တင်ဖို့အတွက် တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ ဒီကယ်တင်တဲ့ လမ်းကြောင်းအတွင်းမှာပဲ ပြန်ပေးသမားတွေရဲ့ ထောင်ခြောက်အတွင်းဝင်ရောက်ခဲ့ရပြီး အဖွဲ့သားတွေ သေဆုံးသွားခဲ့ရပါတယ် ။ ဒီလိုရက်စက်တဲ့ မြင်ကွင်း အားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ အဖွဲ့အတွင်းက ယွီဝေ ဆိုသူ...? အဖွဲ့သားတွေကို ဘယ်သူသတ်သလဲဆိုတာ အရိပ်အယောင်တောင် မမြင်ရခဲ့တာကြောင့် စိတ်ထဲမှာ နာကျည်းမှုတွေ မုန်းတီးမှုတွေ လွှတ်မချနိုင်တဲ့အရာတွေနဲ့ ပြည့်နှက်နေခဲ့ရှာသူ....? တစ်နေ့မှာ ယွီဝေကိုယ်တိုင်လဲ ထူးဆန်းလှတဲ့ သေနတ်တစ်ချက်ကြောင့် သေဆုံးသွားခဲ့ပြီး အပြိုင်ကမ္ဘာတစ်ခုလိုဖြစ်တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် အဖွဲ့သားတွေသေဆုံးခဲ့တဲ့ အချိန်ကို ပြန်လည်ရောက်ရှိသွားချိန်မှာတော့ အဖွဲ့သားတွေရဲ့ ကံကြမ္မာကို ပြန်လည်ကယ်တင်ဖို့ အသည်းအသန်လုပ်လာခဲ့တဲ့အခါမှာ ....? ❏ အဖွဲ့သားတွေကို မကယ်တင်နိုင်တဲ့အပြင် ဒီလိုရက်စက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကြီးကို အကြိမ်ကြိမ်အဖန်ဖန်ကြုံတွေ့လာချိန်မှာတော့ သူဘယ်လိုတွေရင်ဆိုင်မှာလဲ ? ❏ ဒီလိုမျိုး ထူးခြားဆန်းကြယ်လှတဲ့ ပဟေဋိဆန်ဆန် ဖြစ်ရပ်ရဲ့ အမှန်တရားကရော ဘာတွေဖြစ်နေမှာလဲ? ❏ ယွီဝေတစ်ယောက် နာကျဥ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဝင်္ကပါကြီးထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆ်ိုတာ? ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Action  Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
4 2023 75 mins
Ghost Sniper
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
The Most Reluctant Convert: The Untold Story of C.S. Lewis
6.1

ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်ကတော့ ခရစ္စယာန်ဘာသာကို ယုံကြည်တဲ့သူပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူ့ရဲ့ငယ်ဘဝကနေ ဘုရားကို မယုံကြည်ခဲ့ပုံတွေဘာလို့ မယုံခဲ့ရလဲဆိုတဲ့အယူအဆတွေနဲ့ စာပေပညာရှင်ဘဝတစ်လျှောက် ငြင်းခုန်ခဲ့ပုံတွေနဲ့ နောက်ဆုံးမှာ ခရစ်တော်ကို ယုံကြည်လာပုံတွေအထိ လေးလေးနက်နက်ရိုက်ကူးပြသထားခဲ့ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ဘုရားကိုယုံကြည်ဖို့အတွန့်ဆုတ်ဆုံး ယုံကြည်သူဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာသာတရားနဲ့ ဆက်စပ်တဲ့ အတွေးအခေါ်တွေကို စာပေပညာရှင်ကြီးတွေ ဆွေးနွေးတွေးခေါ်ခဲ့ကြပုံလေးတွေကို အရသာခံကြည့်ချင်ရင်တော့ သင့်တော်ပါတယ်။ စာကြမ်းပိုးတွေ၊ အတွေးအခေါ်သမားတွေအတွက် ရုပ်ရှင်တစ်ကားပါပဲ။ နောက်ပြီးတော့ ဂျေအာအာ တိုကင်းန်အကြောင်းကြည့်ချင်ရင်လည်း ၂၀၁၉ ထွက် ရုပ်ရှင် Tolkien (2019)ကို ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ File size…(1.02GB)/(534MB)/(282MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:13:00 Genre...Biography /Drama /History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr.Anderson

Comedy • Drama • Mystery • Romance
6.1 2021 87 mins
The Most Reluctant Convert: The Untold Story of C.S. Lewis
Home for Rent
7

Home for Rent (2023) ~ IMDb - 6.9/10, MyDramaList - 7.8/10 ~ ထိုင်းတို့ အင်ဒိုးနီးရှားတို့က ဟော်ရာရုပ်ရှင်တွေက နိုင်ငံတကာနဲ့ယှဉ်ပြီးကို အဆင့်တစ်ဆင့်ရှိတယ်ဆိုတာ တော်တော်များလက်ခံထားပြီးသား ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ကလည်း အဲဒီအစဉ်အလာကို အိုးမည်းမသုတ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ဟာ အကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံထားတာပါ။ အောက်လမ်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အိမ်ငှားတွေက အိမ်ရှင်ကိုအကြမ်းဖက်ခဲ့တဲ့ ယဇ်ပူဇော်စရာသားကောင်တွေရှာခဲ့တဲ့ဖြစ်ရပ်တစ်ခုကို အခြေတည်ရိုက်ကူးထားတာပါ။ ကိုယ့်ဖြစ်နိုင်ချေနဲ့နီးစပ်လေ အကြောက်တရားကို ပိုအသက်ဝင်စေနိုင်လေဆိုတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသဖြစ်ခဲ့တယ်ဆိုတဲ့အသိက ဒီရုပ်ရှင်ကို ပိုအရသာရှိစေမှာပါပဲ။ နင်၊ ကာဝင်နဲ့ သမီးဖြစ်သူ အင်တို့က သာမန်လူလတ်တန်းစားမိသားစုတစ်ခုဖြစ်ပြီး တစ်နေ့မှာတော့ ငွေကြေးအခက်အခဲတစ်ခုကြောင့် နေထိုင်ရာအိမ်ကိုအိမ်ငှားတင်ပြီး ကွန်ဒိုမှာပဲပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်ငှားဖြစ်သူ ခွန်ရတီက အငြိမ်းစားပင်စင်ယူထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ဒေါက်တာနွတ်နဲ့ ငြိမ်းချမ်းတဲ့အိမ်နေရာလေးတစ်ခုကို ရှာငှားနေချင်သူတစ်ယောက်ပါ။ အိမ်ငှားလုံးဝမတင်ချင်တဲ့ ကာဝင်က ခွန်ရတီတို့သားအမိကိုမှ ချက်ချင်းငှားဖို့သဘောတူပေးလိုက်တာမို့ နင်တစ်ယောက် ထူးဆန်းနေတဲ့အပြင် ဘေးအိမ်ကပါ အိမ်ငှားတွေက မနက်၄နာရီတိုင်း မကောင်းတဲ့အစီအရင်တွေလုပ်နေတယ်လို့ သတင်းပေးလာတဲ့အခါမှာတော့... ခွန်ရတီတို့သားအမိရဲ့ သရုပ်မှန်က ဘာများလဲ... ခင်ပွန်းဖြစ်သူ ကာဝင်ကရော ဘာကြောင့် အရင်နဲ့မတူပြောင်းလဲလာရတာလဲ... ထိတ်လန့်စရာဆန်းကြယ်မှုတွေက နင်နဲ့အင်တို့သားအမိအပေါ် သက်ရောက်မှုတွေရှိလာနိုင်မလား... ဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Kyi Nue Zin မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 920MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Kyi Nue Zin Encoded by Y

Comedy • Horror • Mystery • Science Fiction • Thriller
7 2023 124 mins
Home for Rent
Tiger Running

Tiger Running (2023) ထိုင်းဟာသကား မျှော်နေကြသူတွေအတွက် အူတက်အောင်ရယ်ရမယ့် ဇာတ်ကားအသစ်စက်စက်လေး ရပါပြီနော် ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့…ပေတေဆိုးမိုက်နေတဲ့ လူဆိုးလေး Cheetah ဟာ တစ်ရက်မှာတော့ ဘယ်သူတွေမှန်းမသိတဲ့ လူတချို့က ရိုက်နှက်သွားတာကို ခံလိုက်ရပါတယ် အဲဒီလို ရိုက်နှက်ခံရပြီး သေလုမြောပါး ဖြစ်နေတဲ့ Cheetah ကို ကယ်တင်လိုက်တဲ့သူကတော့ ဘုန်းကြီးကျောင်းသား ကျောင်းဆရာလေး Tuay ပါ ဒါပေမဲ့ Tuay အတွက် အံ့အားသင့်စရာကတော့ သူကယ်လိုက်တဲ့သူဟာ သူနဲ့တစ်ထေရာတည်းတူတဲ့သူ ဖြစ်နေတာပါပဲ။ ဒါကြောင့် Tuay ဟာ Cheetah လို ဟန်ဆောင်ပြီး ရိုက်နှက်သွားသူတွေကို ရှာဖွေဖို့ ကြိုးစားပါတော့တယ် Tuay ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီး ရိုက်နှက်သွားသူတွေကို ရှာတွေ့သွားမလား၊ Cheetah ကရော ပြန်သတိရလာပါ့မလား၊ Tuay နဲ့ Cheetah က ဘာလို့ ရုပ်ချင်းတူနေကြတာလဲ ဆိုတဲ့ မြှုပ်ကွက်လေးတွေကိုတော့ ရယ်ရင်းမောရင်းပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ Genre….. Drama, Action Quality…. 1080p | 720p File size… 1.8GB | 989MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Aaron

0 2023
Tiger Running
Kingdom of Heaven Director’s Cut Roadshow Version
7.2

Kingdom of Heaven (2005) Director’s Cut Roadshow Version IMDb Rating (7.2) နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical Version)ကို လုံးဝမကြည့်သင့်ပါဘူး၊ အရေးကြီးတဲ့အချက်တွေ နေရာတွေကို ဖြတ်ပြီး တင်ခဲ့တာမို့၊ အမြတ်အစွန်းနည်းခဲ့တဲ့အပြင် အတော်လည်း အဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်တွေကလည်းဆဲ၊ မူဆလင်တွေကလည်း ဆဲနဲ့မို့ မိုရိုကိုဘုရင်က ဒါရိုက်တာ Ridley Scott ကို သက်တော်စောင့် လေးယောက်စီစဉ်ပေးထားလိုက်ရပါသေးတယ်။ Director’s Cut Roadshow Version ကို ထုတ်လိုက်မှပဲ တကယ့်ရုပ်ရှင်ကောင်းဆိုတာ လက်ခံသွားကြတာပါ။ ဒါတောင် အတော်ဝေဖန်ခံရပါသေးတယ်။ သမိုင်းလောကရဲ့ အိုစမာဘင်လာဒင်လို့တောင် သမုတ်ခံရဖူးပါတယ်။ ရစ်ဒလီစကော့ကလည်း ရုံတင်ဗားရှင်းဟာ ငါ့လက်ရာမဟုတ်ဘူးလို့တောင် ကြေညာပြီးအပြီးစွန့်လွှတ်လိုက်တာပါ။ ဒါကြောင့် Director’s Cut Roadshow Version ဖြစ်တဲ့ ၃ နာရီကျော်ကြာမြင့်တဲ့ Version ကိုပဲ တင်ဆက်လိုက်ပါတယ်။ သမိုင်းနောက်ခံ ခရူးဆိတ်စစ်ပွဲ ( 1095 -1291 ) (အရမ်းရှုပ်ထွေးပြီး နိုင်ငံများစွာ တိုက်ပွဲများစွာရှိလို့ ရှင်းပြဖို့မဖြစ်နိုင်ပါဘူး အကြမ်းတော့ ရေးပြထားပါတယ်) ခရူးဆိတ်စစ်ပွဲဟာ အကြိမ်များစွာဖြစ်ပွားခဲ့ပြီး ပင်မ ခရူးဆိတ်စစ်ပွဲကြီး ၈ ခုရှိခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးမြို့ထဲက တစ်ခုဖြစ်တဲ့ အထွတ်အမြတ်မြေ Holy Land ခေါ် ဂျေရုဆလင်ကို တိုက်ခိုက်သိမ်းပိုက်တာတွေကနေ အစပြုခဲ့တာပါ။ ဂျေရုဆလင်ဟာ 3000 BCE လောက်ကတည်းက (လွန်ခဲ့သော နှစ်ပေါင်း 5000) ရှိခဲ့တာဖြစ်ပြီး ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ သူတပြန် ကိုယ်တပြန် သိမ်းပိုက်ခဲ့ကြတာ ကြာပါပြီ။ တမန်တော် မိုဟာမက် ပေါ်ပေါက်လာပြီး ၆၂၂ ခုနှစ်နောက်ပိုင်းမှာ မူဆလင်ဘာသာရေးစစ်ပွဲတွေကနေတဆင့် နယ်မြေတွေရရှိလာခဲ့ပြီး ဂျေရုဆလင်ကိုလည်း ဘိုင်ဇန်တိုင်းခရစ်ယာန်တွေလက်ကနေ သိမ်းပိုက်ခဲ့ပါတယ်။ ဂျေရုဆလင်ကို ၆၃ ဘီစီလောက်မှာ ရောမအင်ပါယာက သိမ်းပိုက်ခဲ့ပြီး 30 A.D. လောက်မှာ ခရစ်တော်ကို ကားစင်တင်ခဲ့တာပါ၊ 614 ခုနှစ်မှာ ပါရှန်းတွေက သိမ်းပိုက်ခဲ့ပြီး 629 ခုနှစ်မှာ ဘိုင်ဇန်တိုင်းခရစ်ယာန်တွေ ပြန်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကမှ မူဆလင်နိုင်ငံတွေလက်အောက်ကိုရောက်သွားခဲ့ပြီး ပထမဆုံးခရူးဆိတ်ဖြစ်တဲ့ (1096–1099) ကာလမှာ ခရစ်ယာန်တွေက သိမ်းပိုက်ထားခဲ့တာပါ။ ခရူးဆိတ်အပြီးမှာ တည်ထောက်ခဲ့တဲ့ County of Edessa ဟာ ဆီးရီးယား Zengid မင်းဆက်လက်အောက်ကို ကျသွားတဲ့နောက် ဒုတိယခရူးဆိတ် (1145–1149) စတင်ခဲ့ပြီး ဂျေရုဆလင်ကို ဆက်သိမ်းပိုက်ထားနိုင်ပေမဲ့ အခြားနယ်တွေမှာခရစ်ယာန်တွေ စစ်ရှုံးခဲ့ပါတယ်။ အဲဒီကနေ ဂျေရုဆလင်ကို အုပ်ချုပ်တဲ့ King Baldwin IV လက်ထက်မှာ ဆီးရီးယားနဲ့ အီဂျစ်ကို စည်းရုံးထားနိုင်တဲ့ ဘုရင် ဆာလာဒင်နဲ့ စစ်ပြေငြိမ်းထားပြီး ယှဉ်တွဲနေထိုင်စေခဲ့ပါတယ်။ ဒီရုပ်ရှင်က ဒီနေရာက ဆက်တာပါ။ ဘုရင် နတ်ရွာစံပြီးနောက် ဆာလာဒင်က ဂျေရုဆလင်ကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ မြို့ကိုခုခံခဲ့တဲ့ အစ်ဘလင်မြို့စား ဘေလီရန်အကြောင်းကို ပြသထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းအဆုံးမှာတော့ တတိယခရူးဆိတ် (1189–1192) ကိုစတင်ဖို့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်ဘုရင်တို့ စစ်ချီလာတဲ့သမိုင်းနဲ့ အဆုံးသတ်ပေးခဲ့တာပါ။ တတိယခရူးဆိတ်မှာ အရေးပါတဲ့မြို့တွေကို ခရစ်ယာန်တွေပြန်ရခဲ့ပြီး စစ်နိုင်တယ်လို့ ပြောလို့ရပေမဲ့ ဂျေရုဆလင်ကိုတော့ မရခဲ့ပါဘူး။ ဇာတ်လမ်းအကျဉ်း ဒုတိယခရူးဆိတ်စစ်ပွဲကာလအပြီး တတိယခရူးဆိတ်စစ်ပွဲကို စတင်စေခဲ့တဲ့ သမိုင်းနောက်ခံကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ခရူးဆိတ်သူရဲကောင်း နယ်စားကြီး ဂေါ့ဖရေးရဲ့ သားဖြစ်သူ ဘေလီရန်ဟာ ဆာရာဆန်(မူဆလင်) ဘုရင် ဆာလာဒင်လက်ထဲကို ဂျေရုဆလင်မြို့ကြီးမကျဆုံးခင် အစွမ်းကုန်ကာကွယ်ခဲ့ပြီး မြို့ကျပြီးနောက်မှာ မြို့တွင်းက လူတွေကို အသက်ရှင်လျက် ထွက်လာနိုင်အောင် လုပ်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ (အသက်ရှင်လျက်ထွက်လာနိုင်အောင်လုပ်တယ်ဆိုတာ မလွယ်ပါဘူး၊ ပထမခရူးဆိတ်စစ်ပွဲမှာ ဂျေရုဆလင်ကို ခရစ်ယာန်တပ်တွေ သိမ်းပိုက်ချိန်မှာ မြို့ထဲကမူဆလင်နဲ့ဂျူးတွေ အားလုံးအသတ်ခံခဲ့ရပါတယ်။ အလယ်ခေတ်စစ်ပွဲတွေမှာ ထုံးစံလိုဖြစ်နေတာမို့ ဒါဟာ အောင်မြင်မှုတစ်ခုပါပဲ)။ ဘေလီရန်ရဲ့ သမိုင်းနောက်ခံနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကတော့ သမိုင်းအတိုင်းမဟုတ်ဘဲ စိတ်ကူးယဉ်ဖန်တီးထားတာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

7.2 2005 144 mins
Kingdom of Heaven Director’s Cut Roadshow Version
Legend Of The Immortal
5.9

ဆန်းဆန်းပြားပြား သဘာဝလွန်ဇာတ်ကားကြိုက်သူတို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လူသားလောကကို ကိုယ့်အသက်တစ်ချောင်းစတေးလိုက်လို့ ကယ်တင်လို့ရရင် ကယ်တင်မှာလား… ကိုယ့်အသက်ကို စတေးရမယ်ဆို လူတိုင်း တွံ့ဆုတ်သွားမှာပါပဲ… ဒါပေမယ့် တကယ်လို့ ကပ်ဆိုးကြီးရဲ့ အစက ကိုယ်ကိုယ်တိုင်ဆိုရင်ရော လူသားလောကကို ပစ်ထားနိုင်ဦးမှာလား… ဒီဇာတ်လမ်းထဲက ယုံဖန်းကတော့ လူသားလောကကို ရှင်းထုတ်ဖို့ မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် ဖန်တီးခဲ့တဲ့ ဟွမ်ဖန်းကြယ်စွမ်းအားကို လက်ခံရရှိထားတဲ့ သူထဲက တစ်ယောက်ပေါ့… ဒါကြောင့်လည်း မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် သူ့ကို အဖွဲ့အားလုံးက လိုက်ရှာနေလို့ ဘဝတစ်လျှောက် လူ့မိစ္ဆာ လူထူးဆန်းအနေနဲ့ ထွက်ပြေးနေခဲ့ရသူတစ်ယောက်ပေါ့… ဒီတော့ ယုံဖန်းအနေနဲ့တော့ လူသားတွေအပေါ် မေတ္တာမရှိသလို မိစ္ဆာတွေကိုလည်း ကူညီဖို့ ဆန္ဒမရှိဘူးပေါ့… ဆိုတော့ တွေဝေနေတဲ့ ယုံဖန်းတစ်ယောက် ဘယ်လိုရွေးချယ်မှာလဲ… လူသားတွေကြောက်နေတဲ့ မိစ္ဆာဆိုတာ တကယ်ပဲ ကြောက်စရာကောင်းတာလား… ဇာတ်ကားလေးက စိတ်ဝင်စားစရာ အဖြေတစ်ခုပေးမှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး….

Comedy • Romance
5.9 2023
Legend Of The Immortal
Pariah Vol. 1
6.9

Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10 ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။ အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။ တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ.. ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ.. ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် )

6.9 2024 135 mins
Pariah Vol. 1
Super Princess
5.6

CM ချစ်ပရိတ်သတ်တို့ ဘဝအမောတွေကို ဟာသကားလေးကြည့်ပြီး ရယ်မောဖြေလျှော့နိုင်ဖို့အတွက်… ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးအကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင်… ဇာတ်လိုက်မင်းသမီးက တိုင်းပြည်တစ်ပြည်ရဲ့ မင်းသမီးလေးပေါ့… ဒါပေမယ့်… မွေးရာပါ သူနဲ့လက်ထပ်တဲ့ယောက်ျားတိုင်း သေစေတဲ့ နက္ခတ်နဲ့ မွေးဖွားလာခဲ့သူပေါ့… သူပထမယောက်ျားလည်း မင်္ဂလာပွဲခန်းမမှာတင်သေတာပဲ… ဒုတိယယောက်ျားလည်း အတူတူပဲ…. တတိယယောက်ျားလည်း အမြှုပ်တွေထွက်လာပြီး သေခဲ့တယ်… ဒီတော့ သူ့ခမည်းတော်လည်း သမက်တော်ကိုရှာဖွေရှင်းနဲ့ ဆန့်ကျင်ဖက်ပြည်ထောင်က မင်းသားနဲ့ လက်ဆက်ပေးဖို့ဖြစ်ခဲ့တယ်… အံ့ဩစရာကောင်းတာက ဒီတစ်ခေါက်မှာတော့ မင်္ဂလာပွဲခန်းမတစ်လျှောက်လုံး မသေခဲ့ဘူး… မင်္ဂလာအိပ်ခန်းဝင်တဲ့အထိပေါ့… ဒါပေမယ့် မင်းသမီးအနားကပ်တိုင်းမှာ ရင်ဘတ်ထဲက နာကျင်ပြီးလျှပ်စီးလိုက်တဲ့ဒဏ်ကို ခံစားနေရတယ်ပေါ့… ဒီအချိန်မှာပဲ သူ့ကံတရားကို သူနားလည်ခဲ့ပြီး နန်းတွင်းက ထွက်ပြေးခဲ့တယ်… နောက်ဆုံးမှာ သူတို့နှစ်ဦး ဘယ်လို ဖူးစာရေးနတ်ရဲ့ ဇာတ်ညွှန်းအတိုင်း ဘဝဇာတ်ခုံမှာကရမလဲ… နောက်ပြီး ဒီနက္ခတ်ဆိုးကြီးကရော ကျော်လွှားသွားနိုင်မှာလားဆိုတာကို ဇာတ်ကားလေးကြည့်လိုက်ကြတာပေါ့…

5.6 2024
Super Princess
Green and Gold

Green and Gold ကတော့ဘောလုံးက ပြိုင်ပွဲဆိုတာထက်ကို ပိုပြီး အရေးပါတယ်လို့ ခံယူထားကြတဲ့ မြို့လေးတစ်မြို့က မိသားစုအကြောင်းဖြစ်တယ်။ အဘိုးဖြစ်သူ ဘက် နဲ့ သူ့မြေးမလေး ဂျန်နီ တို့က ရှေးဆန်ပြီး သဘာဝဆန်စွာပဲလယ်လုပ်ကြတဲ့ မိသားစုလေးဖြစ်တယ်။ တစ်ရက်မှာ လယ်သမားတွေ ကပ်ဘေးတွေ့ပြီး ဒုက္ခရောက်ချိန် ဒါကို မြေးအဘိုးတွေ ဘယ်လို ဖြတ်ကျော်ကြမလဲ ဆိုတာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျန်နီ က ဂီတ ကို အရမ်းသဘောကျပြီး အရည်အချင်းရှိတဲ့ သူဖြစ်တယ်။ သူ့ရဲ့အိမ်မက်ကို ဘယ်လိုအကောင်အထည်ဖော်သွားမှာလဲဆိုတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(658 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eaint Phoo Khin

Animation • Action • Science Fiction
0 2025
Green and Gold
Straw Dogs
7.4

Straw Dogs(1971)ကို ကြည့်ပြီး နည်းနည်းတော့မှောင်သွားတယ်။ Rating ကို တစ်ချက်ရှိး ******Rating (4.5/5) လူတွေရဲ့ ရုပ်ရင်းကြမ်းတမ်းမှုတွေ အကြမ်းဖက်မှုတွေဟာလောကကြီးမှာ ဒီလိုပဲ ရှိနေတတ်တယ်ဆိုတာ မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကားလေးကောင်းတစ်ခုပါ။ ကျွန်မတို့ရော အကြမ်းဖက်မှုနဲ့ ကြုံလာခဲ့ရင်အေမီလိုပျော့ညံ့သွားမလား David Sumner (Dustin Hoffman) နဲ့ သူ့ဇနီး Amy တို့ဟာ ဆူညံပြီး အလုပ်များလှတဲ့ မြိုပြဘဝကနေ ထွက်ပြေးပြီး ကျေးလက်မှာ အေးချမ်းစွာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်အသစ်လေးဟာ ရက်စက်တဲ့ ဒေသခံများရဲ့ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ နဂိုကတည်းမှာ ပျော့ညံ့တတ်တဲ့ David အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့သူတွေလက်ကနေ သူ့မိန်းကို ကာကွယ်နိုင်မှာလားဆိုတာကတော့……. File size…(1.8 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by YDN

Horror • Thriller
7.4 1971 116 mins
Straw Dogs
Yunmeng Romance
5.6

နှုတ်မဆက်ပဲရုတ်တရက်ပျောက်သွားတဲ့အဖေကိုရှာဖွေရင်း တောနက်ထဲမှာထူးဆန်းတဲ့အန္တရာယ်တွေကိုရင်ဆိုင်ရတဲ့ စွန့်စားခန်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ကျားကျားဆိုတဲ့ကောင်မလေးဟာ ပျောက်သွားတဲ့အဖေကိုရှာဖွေဖို့ အလွတ်စုံထောက်နှစ်ယောက်ကိုငှားခဲ့ပြီးတော့ သမိုင်းပညာရှင်ပါမောက္ခတစ်ယောက်ဖြစ်တဲ့အဖေဖြစ်သူကိုရှာဖို့ စုန်းတောင်(ဝူးတောင်) ရှိရာကိုခရီးထွက်လာခဲ့ကြပါတယ်။ နယ်ခံရွာသားတွေအတွက်ဒီတောင်ဟာတားမြစ်နယ်မြေဖြစ်ပြီးတော့ ရှေးကတည်းကဝင်သွားတဲ့သူတိုင်းပြန်မထွက်လာနိုင်ဘူး ဆိုတဲ့စကားတွေကြောင့် ဘယ်သူမှမသွားရဲဘူးဖြစ်နေပါတယ်။ ဒါပေမယ့် အဖေကိုရှာချင်ဇောနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်တဲ့လူငယ်လေးတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် တောင်ပေါ်ကိုဝင်သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ အန္တရာယ်တွေအပြည့်နဲ့ သူတို့ရဲ့စွန့်စားခန်းဟာစတင်သွားပါတယ်။

Action • Comedy • Romance
5.6 2025
Yunmeng Romance
Blue, Painful, Fragile
6.4

Blue, Painful, Fragile (2020) ******************************* ဒီတစ်ခေါက် CM ပရိသတ်ကြီးကို တင်ဆက်ပေးမယ့် ဂျပန်ကားကောင်းလေးကတော့ Blue, Painful, Fragile ဆိုတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ***************** အပြာရောင်၊ နာကျင်ဖို့ကောင်းပြီးတော့ ကြေမွလွယ်တဲ့အရာက ဘာပါလိမ့်… ကမ္ဘာကြီးပေါ်မှာ လူအမျိုးမျိုး စိတ်ထွေထွေနေကြသလို တစ်ယောက်နဲ့တစ်ယောက် ဘဝခံယူချက်ဆောင်ပုဒ်တွေလည်း မတူကြပါဘူး။ ဒီဇာတ်ကားလေးထဲမှာတော့ နာကျင်ရမှာကြောက်လို့ သို့မဟုတ် သူများကို နာကျင်စေမိမှာ စိုးရိမ်လို့ အမြဲတစေ တစ်သီးတခြားနေတတ်တဲ့ တာဘာတာ တက္ကသိုလ်ကျောင်းသားလေးနဲ့ .. အမြဲတက်ကြွပြီး ကိုယ့်အတွေးအမြင်ကို ယုံကြည်မှုရှိရှိ ထုတ်ပြောရဲတဲ့ အာကိယိုရှိဆိုတဲ့ ဆံပင်ဂုတ်ဝဲကောင်မလေးတို့ ပေါင်းစည်းမိပြီး “မိုအာအိ” ဆိုတဲ့ လျှို့ဝှက်လူ့အဖွဲ့အစည်းတစ်ခုကို စပြီးတည်ထောင်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ “ကမ္ဘာကြီးကိုပြောင်းလဲမယ်” “ကိုယ်ဖြစ်ချင်တဲ့လူဖြစ်လာမယ်” ဆိုတဲ့ ဆောင်ပုဒ်နှစ်ခုကို ဦးတည်ပြီး ကမ္ဘာပေါ်က စစ်ပွဲတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ဆင်းရဲမွဲတေမှူတွေကို အဆုံးသတ်ချင်ခဲ့ကြတာပါ။ အသင်းဆိုသော်ငြား သူတို့နှစ်ယောက်ပဲ ပါကြပြီး ပင်လယ်က အမှိုက်တွေကို ဆည်ယူတယ်၊ အခမဲ့ကျောင်းတွေမှာ လုပ်အားပေးတွေ လုပ်ကြရင်း တာဘာတာကလည်း အာကိယိုရှိနဲ့ အတူတူရှိရတာကို ပျော်နေခဲ့ပါတယ်။ သို့ပေမဲ့ တစ်နေ့မှာတော့ အာကိရိုရှိက မထင်မှတ်ဘဲ တိတ်တဆိတ် ပျောက်သွားပါတယ်။ အဲဒီနောက်မှာ မိုအာအိကလပ်ကလည်း မူရင်းရည်ရွယ်ချက်ကနေပြောင်းသွားပြီး အလုပ်အကိုင်ရှာဖွေတဲ့ လူတွေအတွက်ကလပ်တစ်ခု ဖြစ်လာပါတော့တယ်။ တာဘာတာက မိုအာအိကလပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူနဲ့ အာကိယိုရှိတို့အတူအိပ်မက်မက်ခဲ့ကြတဲ့ “ကမ္ဘာကြီးကို ပြောင်းလဲမယ်” ဆိုတဲ့ မူရင်း ရည်ရွယ်ချက်အတိုင်း မိုအာအိကို ပြန်ရယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကြားထဲမှာ လုံးဝမထင်မှတ်ထားတဲ့ အရာတစ်ခု ပေါ်လာတဲ့အခါမှာတော့ …. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် ။ (အညွှန်းကို Reddyမှ ရေးသားထားပါတယ်) File size…2.09 GB/ 867 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1h 59m Genre ….. Drama, Adventure Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Drama • Family
6.4 2020 118 mins
Blue, Painful, Fragile