YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Bon Appetit, Your Majesty (2025) E10 720p WEB-DL [RMC].mp4

635.46 MB N/A video/mp4 72 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rufus
6

Rufus (2012) နယ်မြို့လေးတစ်မြို့ကို ရူဖက်စ်ဆိုတဲ့ကောင်လေးတစ်ယောက် အဘွားကြီးတစ်ယောက်နဲ့အတူရောက်လာပါတယ်။ နောက်တော့ အဘွားကြီးဟာ ဒီထပ်ဝေးဝေးမသွားနိုင်တော့ဘူးပြောပြီး ကားရှေ့တက်ပြီး အသေခံသွားပါတော့တယ်။ ထူးခြားတာက ဒီအဘွားရဲ့အသက်ဟာ ၁၀၇နှစ်ရှိနေပြီဖြစ်ပြီး ကောင်လေးကတော့ အဲ့ထက်အသက်ပိုရှည်ပါတယ်။ ဆိုတော့ ကောင်လေးကဘာလဲပေါ့? ဘာသတ္တဝါလဲ?သွေးစုပ်ဖုတ်ကောင်လိုပဲ အသွေးအသားကြိုက်တဲ့ အမူအကျင့်၊ မအိုတဲ့ခန္ဓာကိုယ် ရှိနေပေမယ့် နေရောင်ထဲလည်းသွားနိုင်နေပါတယ်။ ဒီ‌တော့ မြို့တစ်မြို့ကို အသိမရှိ၊ အဖော်မရှိနဲ့ ရောက်လာတော့ မြို့ကရဲမှူးကသာခေါ်ထားရတာပေါ့။ သူရောက်လာပြီးနောက်မှာ မြို့ငယ်လေးထဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Horror, Drama ကားလေးထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ရအောင်နော်။ Horror ဆိုပေမယ့်လည်း အထိတ်တလန့်ပုံစံမျိုးမဟုတ်ဘဲ လူငယ်အချစ်၊ မိသားစုအချစ်ကို ပိုရိုက်ကူးပြထားတာမျိုးတွေ့ရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.3GB, 464MB, 272MB Quality            :1080p WEBRip AAC 5.1CH, 720p WEBRip, 480p Format            : mp4 Duration         : 1hr 49mins Genre              : Drama, Horror Translated by Themes Encoded by Kinnov

Horror
6 2012 109 mins
Rufus
The Midnight Maiden War
5

Grammy Winnerလေး Billie Eilishရဲ့သီချင်းကို Soundtrackအနေနဲ့ ပထမဦးဆုံးပွဲဦးထွက် အသုံးပြုခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ် ။ "Happier Than Ever"သီချင်းကို Ending Themeအနေနဲ့အသုံးပြုထားပါတယ်။ Billieက သူ့သီချင်းပါဝင်ခွင့်ရခဲ့တဲ့အတွက် ပျော်နေခဲ့ပြီး ဂျပန်ဘာသာနဲ့ကျေးဇူးတင်စကားပြောခဲ့တဲ့အပြင် Eyelashesတွေကိုလည်း ဇာတ်ကားကြည့်ဖို့ ဖိတ်ခေါ်ထားပါသေးတယ်။ Kakegurui,Eren The Southpawတို့ရဲ့ မင်းသမီးလေး "Elaiza Ikeda"၊J Idolအဖွဲ့King & Prince ရဲ့ Memberတစ်ဦးဖြစ်တဲ့မင်းသား "Ren Nagase"၊ And Your Bird Can Sing (2018), It Feels So Good (2019)တို့ထဲက မင်းသား "Tasuku Emoto"တို့က ပါဝင်ထားပါတယ်။ ကမ္ဘာကြီးမှာ ရောဂါတွေအရှိန်ကောင်းဆဲကာလ စီးပွားရေးတွေဇောက်ထိုးဆင်း အလုပ်တွေပြုတ်ကြတဲ့ကာလကိုရည်ညွှန်းရိုက်ကူးထားတာမို့ "ကျွန်တော်"နဲ့ "စီနီယာ"ဇာတ်ကောင်တို့ရဲ့အတွေးရှုထောင့်ကို ခံစားမိကြလိမ့်မှာပါ။ ကျွန်တော်(ren nagase)က ဇာတိ တိုကျိုမြို့ကနေ ခိုဘဲကိုပြောင်းလာခဲ့ရပါတယ်။ ရောက်ရောက်ချင်းကတော့ ကလေးတွေကိုစာပြန်သင်တဲ့ဆရာအလုပ်လေးရှိတော့ ဝင်ငွေကောင်းတာပေါ့ ။လတ်တလော စားဝတ်နေရေးစရိတ်တွေအတွက်တော့ ခဏလောက်စိတ်အေးရပြီ။ အမေနဲ့ဖုန်းပြောဖြစ်တော့ အလုပ်အဆင်ပြေကြောင်း ကျောင်းလခလည်း အမေပေးဖို့မလိုဘူးလို့ပြောခဲ့တာပေါ့။ဒါပေမဲ့အကျပ်အတည်းဖြစ်နေကြတော့ ကုမ္ပဏီ မူဝါဒပြောင်းပြီး အလုပ်ဖြုတ်တဲ့အထဲ ကျွန်တော်ပါသွားပါရော။ ကျောင်းလခနဲ့နိစ္စဓူဝအတွက် ရရာအလုပ်ကိုဝင်လုပ်ပြီး ဆူပူကြိမ်းမောင်းတဲ့ဒဏ်လည်း သည်းခံရတယ်။ တက္ကသိုလ်ကလည်းစိတ်ဝင်စားစရာမကောင်း အိပ်မက်ရယ်လို့လည်းမရှိတဲ့ ပျင်းစရာကျွန်တော့်ဘဝက တူတူပုန်းတမ်းကစားတဲ့အဖွဲ့ထဲကို ဝင်တော့မှပြောင်းလဲတော့တာပဲ။ စီနီယာ(Elaiza Ikeda)နဲ့တွေ့တော့ သူက ဉာဏ်ပြေးပြီး ထက်မြက်တဲ့သူပေါ့။ သူငယ်ချင်းတစ်ယောက်မရှိတဲ့ကျွန်တော့်ကို စကားပြောပေး အဖော်လုပ်ပေးတဲ့ LINE ID အပြန်အလှန်လဲတဲ့တစ်ဦးတည်းသောသူက အစ်မ(စီနီယာ)ပါ။တူတူပုန်းတမ်းကစားရင်းအမှိုက်ကန်ထဲမှာ ညရောက်တဲ့ထိပုန်းနေတဲ့ကျွန်တော့်ကို ပြဿနာမဖြစ်အောင်ဆွဲထုတ်တာလည်းသူပါပဲ။ သူနဲ့စကားပြောရတုန်းကတော့ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် အဖျက်ဆီးချင်ဆုံးပဲဆိုတာကို ပြောမိသေးတယ်။ "ဝတ်စုံနက်"(Tasuku Emoto)ကတော့ အလယ်တန်းတည်းက Porn siteကိုကိုယ်တိုင်ထောင် Dating appတွေလုပ်ပြီး ချမ်းသာနေခဲ့တဲ့သူပါ။ လက်ရှိဝင်ငွေနဲ့ နောက်ရမှာတွေပေါင်းရင် တစ်သက်လုံးအလုပ်ထပ်မလုပ်ဘဲ ထိုင်စားလို့ရနေပါပြီ။ဒါပေမဲ့ သူလက်ရှိလုပ်နေတာကတော့ တက္ကသိုလ်ထဲကနေရာတွေကို မီးလိုက်ရှို့တာမျိုး ဖျက်ဆီးရေးအလုပ်တွေပါပဲ။ သူနဲ့တွေ့လိုက်ရတော့ အိပ်မက်မရှိတဲ့ကျွန်တော်က သူနဲ့ပေါင်းပြီး ကျောင်းwebsite ကို hackတာ စက်ဘီးထိုင်ခုံလိုက်ဖြုတ်တာ စတဲ့ဖျက်ဆီးရေးပေါင်းစုံလုပ်တော့တာ။ နောက်ကျတော့ ဝတ်စုံနက်မှာ ရဲဘော်ရဲဘက် Maiden (အပျိုစင်)တွေက ကျွန်တော်တင်မကတော့ဘဲ လူတော်တော်များလာတာပါပဲ။ ရဲအရာရှိတွေ စီးပွားရေးဝန်ကြီးဌာနကအရာရှိတွေ နေရာပေါင်းစုံက လောကကြီးကိုအရွဲ့တိုက်ချင်တဲ့သူတွေသွားစုမိကြတော့တာ။ အဲဒီမှာ ဝတ်စုံနက်က "သန်းခေါင်ယံအပျိုစင်စစ်ပွဲ"ကို ခရစ္စမတ်နေ့မှာလုပ်ဖို့ အကြီးကြီးကြံတော့တာပဲ။ ဒီစစ်ပွဲက စီးပွားကျ ရောဂါထူနေတဲ့ကမ္ဘာကြီးထဲက တိုကျိုမြို့ကိုမီးတင်ရှို့မဲ့ပွဲပါပဲ။ အဲဒီအချိန်မှာ ကျွန်တော်က စီနီယာ့ကို ခရစ္စမတ်ညမတိုင်ခင် မြို့ထဲကထွက်သွားဖို့ ပြောပေမဲ့ သူက မြို့ထဲကထွက်မသွားတာကြောင့် ဒီစစ်ပွဲကို တားဖို့ကြိုးစားကြည့်လိုက်ပါသေးတယ်။ ထောင့်စေ့ပြီးအကြံကြီးတဲ့ ဝတ်စုံနက်က ဘာတွေလုပ်ထားဦးမလဲတော့ မသိပါဘူး။ ဒါနဲ့ ဒီဇာတ်လမ်းက ၁၁၀မိနစ်မှာ ဇာတ်သိမ်းတာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:51:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Comedy • Crime
5 2022 113 mins
The Midnight Maiden War
The Hunt for Red October
7.4

~ IMDb - 7.5/10, Rotten Tomatoes - 88% ~ ဒီရုပ်ရှင်က စာ​ရေးဆရာ Tom Clancy ရဲ့ ဇာတ်​ကောင် Jack Ryan တစ်ယောက် စာမျက်နှာ​ထက်က​နေ ပိတ်ကား​ပေါ်ကို စတင်​ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်​ပေးမှာက​တော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။ ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan's Theme ဖြစ်တဲ့ Political Spying ပုံစံကို သေချာခံစားရလို့ Old but Gold မှ ကြိုက်တယ်ဆိုသူ​တွေ​ရော Action ကားပရိသတ်​တွေပါ ကြိုက်မယ့် ဇာတ်ကားပါပဲ။ ဇာတ်လိုက်၂​ယောက်က​တော့ အားလုံးသိတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Pearl Harbor နဲ့ Beetlejuice အပြင် တခြားကားပေါင်းများစွာထဲက မင်းသားကြီး Alec Baldwin ပါ။ ရုရှား​ရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦး​ဆောင်တဲ့ Red October ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းက​နေ အ​မေရိကန်ကို ထွက်​ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ​ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီး​ရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ​ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အ​မေရိကန်ဘက်မှာ ခိုလှုံမယ့်အ​ကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှား​တွေ အသည်းအသန်တားဆီးဖို့ အ​ကြောင်းဖန်လာတာပါ။ အ​မေရိကန်​တွေအမြင်မှာ​တော့ တာ​​ဝေးပစ်ဒုံး​တွေ သယ်​ဆောင်လာတဲ့ ဆိုဗီယက်ပိုင်​ရေငုပ်သင်္ဘောကြီးက အ​ကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။ Red October ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့က​တော့ CIA ရဲ့ သု​တေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အ​နေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သ​ဘောထားကို ယူအက်စ်​အာဏာပိုင်​တွေ၊ ရေတပ်အရာရှိ​​တွေ ယုံကြည်အောင် နားချရပါ​တော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့​ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအ​ရောက်မခံနိုင်လို့ ​​သွေးထိုးမှု​တွေ ဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အ​မေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ​ရှေ့​နောက်ညှပ်တိုက်မှုကို ခံရမယ့်အ​​​ခြေအ​နေပါ။ ဂျက်အ​​နေနဲ့ ဆိုဗီယက်ရဲ့​သွေးထိုးမှု​တွေကို ယူအက်စ်​​အာဏာပိုင်​တွေ နားမ​ယောင်​အောင် ​ပြောနိုင်မလား။ အ​နောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘော​တွေရန်က​နေ Red October ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလားဆိုတာ ကြည့်ရှုရမယ့် Action Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 780MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 15Min Genre - Action, Adventure, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama
7.4 1990 135 mins
The Hunt for Red October
The Red Ghost
6.5

CM ကပရိသတ်ကြီးအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 1941 ခုနှစ်၊ ဒုတိယကာလစစ်အတွင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ဗစ်စ်မာ ဒေသအတွင်းက လူတစ်စုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ... နာဇီတပ်တွေရဲ့ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး လူစုကွဲသွားတဲ့ ဆိုဗီယက် တပ်သားတစ်စု သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ ပြန်သွားဖို့ ကြိုးစားရာက လမ်းမှာပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျာမန်တွေရဲ့ ဗဲမာ့ အထူးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အင်အားမမျှတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူရဲကောင်းတွေ မဟုတ်ကြပေမဲ့ အင်အားမမျှတဲ့ ကြားကရအောင် အံတုနေတဲ့ ဆိုဗီယက်လူစုလေးကို ကူညီတိုက်ခိုက်ပေးတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ သူကတော့ "သရဲနီ" ဆိုတဲ့ နာမည်ပြောင်နဲ့ နယ်မြေတစ်ဝိုက်မှာ သတင်းမွှေးနေတဲ့ နာဇီလူသတ်သမားပဲ ဖြစ်ပါတယ်။ သရဲတစ်ကောင်လို ဘယ်နေရာက ပေါ်လာမှန်းမသိ ပေါ်လာပြီး နာဇီတွေကို တစ်ယောက်ပြီးတစ်ယောက် စနိုက်ပါနဲ့ ပစ်သတ်နိုင်တာကြောင့် နာဇီတပ်က ဖိန့်ဖိန့်တုန်အောင်ကြောက်ပြီး ဖမ်းဝရမ်းအမိန့်နဲ့ လိုက်ရှာနေတဲ့သူ ဖြစ်ပါတယ်။ အဲလိုလူက လာရောက်ကူညီပြီး တိုက်ခိုက်ပေးတဲ့အခါ အင်အားမမျှတဲ့ စစ်ပွဲက ဘယ်လိုအဆုံးသတ်မလဲ။ "သရဲနီ" ကရော သတင်းထွက်နေသလို မသေမျိုးလား၊ အံ့ဩစွာနဲ့ပဲ အင်အားနည်းတဲ့ သူတို့ဘက်က အနိုင်ရသွားမလား၊ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းတစ်လျှောက် စီးမြောရင်း ခံစားကြည့်ကြပါခင်ဗျ။ ဒီကားက အက်ရှင်ခန်းတွေလည်း ပါပေမဲ့ ဇာတ်ကွက်တစ်ခုချင်းစီကို သေချာအေးအေးဆေးဆေး ရိုက်ပြထားတာမလို့ တိုက်ပွဲအတွင်းက ရန်သူတွေရဲ့ လှည့်ကွက်ကို ရအောင်ရှောင်ရှားရမဲ့ သဘောသဘာဝတွေ၊ အသက်မသေရုံတမယ် ညှဉ်းပန်းနှိပ်စက်တာတွေကနေ သည်းခံပြီး မျှော်လင့်ချက်တစ်ခုအတွက် ရှင်သန်အောင် ကြိုးစားရတာတွေ၊ လူ့အခွင့်အရေး ချိုးနှိပ်ခံရမှုတွေ စသဖြင့် တွေးတောစရာတွေ အများကြီးပါတာမလို့ တစိမ့်စိမ့်နဲ့ အတွေးနယ်ချဲ့ချင်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်မယ်လို့ အကြံပြုချင်ပါတယ်ဗျ။ File Size          :  (1.63GB), (704MB) & (455MB) Quality            : BluRay 1080p 5.1CH, BluRay 720p & 480p Format            : mp4 Duration         : 1hr & 39mins Genre              : Drama, History, Horror Translated by  Chothet_mlmt Encoded by Kinnov

Animation • Drama • Family • History
6.5 2020 96 mins
The Red Ghost
[18+] Haliparot
6.3

Haliparot (2023) ဂျင်းဆိုတဲ့ကောင်မလေးက ဆယ်ကျော်သက် စီနီယာအထက်တန်းကျောင်းသူလေးဖြစ်ပြီး Single Mother ဖြစ်တဲ့သူ့အမေ အက်ဘေးနဲ့အတူ နေထိုင်ပါတယ်။ မိခင်ဖြစ်သူက ကျောင်းမပြီးမချင်း ရည်းစားမထားရဘူးလို့ ကန့်သတ်ထားပေမဲ့လည်း သွေးသားပြောင်းလဲကာစ အသစ်အဆန်းကိုထိတွေ့ချင်နေတဲ့ ဂျင်းဟာ အချစ်ကိုလက်တည့်စမ်းချင်နေပါပြီ။ သူ့ကိုအရူးအမူးစွဲလန်းနေတဲ့ ငယ်သူငယ်ချင်း ဂါဘိုရှိပေမဲ့လည်း ဂါဘိုကိုတော့ သူစိတ်မဝင်စားပါဘူး။ အဲဒီလိုအချိန်မှာ သူ့ဘဝထဲကိုဝင်ရောက်လာသူကတော့ ခန့်ညားချောမောပြီး အကြင်နာအကြည့်တွေနဲ့ သူစိမ်းတစ်ယောက်ဖြစ်တဲ့ ဂျဲရစ်ဆိုတဲ့လူပါ။ သူအကူအညီလိုချိန်မှာ အမြဲတမ်းရောက်လာတတ်တဲ့၊ ဆုံးမစကားပြောသွားတတ်တဲ့ ဂျဲရစ်ဟာ သူမျှော်လင့်လို့မဝသေးခင်မှာပဲ သူ့အိမ်ကိုရောက်ချလာပါတော့တယ်။ သူစိမ်းတစ်ယောက်အနေနဲ့မဟုတ်ဘဲ သူ့အမေရဲ့ချစ်သူအဖြစ်နဲ့ပါ။ ဒီလိုနဲ့ စိတ်ကစားတတ်စ ဆယ်ကျော်သက်မလေးရယ်၊ ငယ်ရွယ်တဲ့မိခင်နဲ့ ပထွေးတို့ကြားမှာ တစ်အိမ်တည်းနေပြီး ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာတွေ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ Pantaxa Laiya မှာအနိုင်ရသွားခဲ့တဲ့ Aiko Garcia လေးရဲ့ ခေါင်းဆောင်နေရာက ပွဲထွက်လာတဲ့ပထမဆုံးကားဖြစ်ပါတယ်။ ဆယ်ကျော်သက်မလေးကို အားပေးလိုက်ကြရအောင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 580MB Quality – 1080p, 720p Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Thriller • Comedy
6.3 2023
[18+] Haliparot
Dig Two Graves
5.7

လောကကြီးထဲက ထွက်ခွာသွားခဲ့ရတဲ့ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင် ပရိသတ်ကြီးတို့ရော ပြန်ခေါ်ကြမှာလား။ ဒါပေမယ့် လှည့်ကွက်တစ်ခုတော့ရှိနေပါတယ်။ အဲ့ဒါကတော့ ကိုယ်ပြန်ခေါ်ချင်တဲ့သူနေရာမှာ အသက်ရှင်နေတဲ့ တခြားတစ်ယောက်နဲ့အစားထိုး ပေးရမှာပါပဲ။ဒီလိုမျိုးမှော်ပညာတွေ အောက်လမ်း ပညာတွေကိုထည့်သွင်းရိုက်ကူးထားတဲ့ 2014 ခုနှစ် တုန်းက ထွက်ရှိခဲ့တဲ့ Dig Two Graves ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ IMDb Rating 5.7 ရရှိထားပြီး Horror ကို ပေါ့ပေါ့ပါးပါးကြည့်ရှုချင်သူတွေအတွက် အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဂျိတ်နဲ့ရှောင်ဆိုတဲ့ မောင်နှမ နှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီး ကလေးတွေဆိုတော့ စူးစူးစမ်းစမ်းပေါက်ပေါက်ရှာရှာလုပ်တတ်ကြ သူတွေဖြစ်ပါတယ်။အခုလည်း ချောက်ကမ်းပါးတစ်ခုက နေရေထဲ အတူတူခုန်ဆင်းဖို့လုပ်နေကြပေမဲ့ တကယ်တမ်းခုန်ချသွားတဲ့အခါမှာတော့ ရှောင် တစ်ယောက်ပဲခုန်ချခဲ့ပြီး ကြောက်တတ်တဲ့ဂျိတ်ကတော့ ကျန်နေခဲ့ပါတော့တယ်။ဒါပေမယ့် ရှောင်ကရေထဲ ခုန်ဆင်းသွားပြီးပြန်ပေါ်မလာတဲ့အခါမှာတော့ သူချစ်ရတဲ့အစ်ကိုကို ဆုံးရှုံးလိုက်ရပြီဆိုတာကို ဂျိတ်သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ရှောင်ဆုံးပါးပြီး ကတည်းက ဂျိတ်တစ်ယောက်မအိပ်နိုင်မစားနိုင် တမှိုင်မှိုင်ဖြစ်နေခဲ့ပါတော့တယ်။သိပ်မကြာခင်မှာတော့ သူတစ်ယောက်တည်း ကျောင်းကနေအိမ်ကိုပြန်တဲ့ လမ်းမှာ လူသုံးယောက်နဲ့တွေ့ခဲ့ပြီး အဲ့ဒီလူတွေထဲက ခေါင်းဆောင်က အထက်မှာ ပြောထားခဲ့တဲ့အတိုင်း သူ့အစ်ကိုကိုပြန်ခေါ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ ပါတော့တယ်။ဒါပေမယ့် အဲ့ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေပြီး ဂျိတ်ရဲ့အဖိုးဖြစ်တဲ့ရဲမှူးရဲ့ မကောင်းခဲ့တဲ့ အတိတ်တွေကလည်းတစ်ထောင့် တစ်နေရာမှာပါဝင်နေတဲ့အခါမှာတော့ ဘယ်လို စိတ်ဝင်စားစရာတွေကိုမြင်တွေ့ရမလဲဆိုတာတွေကို သည်းထိပ်ရင်ဖို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 507MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Horror , Drama , Mysery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2014
Dig Two Graves
North by Northwest
8.3

ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့.. သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ သူ့ကို မယုံတာလဲ။ အဲဒီလူတွေရဲ့ လက်ထဲကနေရော သူ အသက်ရှင်လျက် ထွက်ပြေးနိုင်ပါ့မလား။ ငိုအားထက် ရယ်အားသန်လို့ ဆိုရမလား၊ ရယ်အားထက် ငိုအားသန်လို့ပဲ ခေါ်ရမလား မသိနိုင်ရှာတဲ့ သူ့အဖြစ်က ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွန်းနဲ့ ဘာသာပြန်က Emily ပါ။) File size…(2.3 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:16:00 Genre… Action, Adventure, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror
8.3 1959
North by Northwest
The Birthday Boy
8.7

The Birthday Boy (2024) “မွေးနေ့ရှင်” ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖို တေလဂူးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် တေလဂူးရုပ်ရှင်တို့ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကားမှာ ကျောင်းတက်နေကြတဲ့ သူငယ်ချင်းငါးယောက် အချင်းချင်းစကြနောက်ကြတဲ့ ရယ်မောသံတွေပြည့်နေတဲ့ စကားဝိုင်းလေးမှာ ဘာလူ့မွေးနေ့အတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြောင်း သူငယ်ချင်းတစ်ယောက်က ပြောလာပါတယ် အမေရိကားမှာ ငွေကိုစိစစ်ပြီး သုံးစွဲနေရတဲ့ သူတို့အဖို့ အစွမ်းကုန် ခြေလွတ်လက်လွတ် ကဲလို့ရမယ့် သူငယ်ချင်းမွေးနေ့ရောက်တဲ့အခါ အမူးသောက်ကြပြီး … ပျော်ကြပါးကြ ပရမ်းပတာတွေ လုပ်ရင်းမှ လက်လွန်ကြက်သွန်တွေဖြစ်ကာ ထိတ်ထိတ်ပျာပျာ ကြံမိကြံရာတွေ လုပ်ကြပုံကို ပရိသတ်ကြီးကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Drama • Comedy
8.7 2024
The Birthday Boy
Paternal
6.3

ပြင်သစ်နိုင်ငံရဲ့ ကက်သလစ်ဘာသာရေးဆိုင်ရာ အယူအဆအကြောင်း၊ ကက်သလစ်ဘုန်းတော်ကြီးတွေလိုက်နာရတဲ့ ဝိနည်းစည်းမျဉ်း‌တွေအကြောင်း၊ လူ‌သားတွေရဲ့ ဖြူစင်တဲ့သံယောဇဉ်အနှောင်အဖွဲ့အကြောင်းကို ခံစားကြည့်ရှုရမယ့် မေတ္တာဘွဲ့ဒရာမာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း Simonဆိုတဲ့အမျိုးသားတစ်ဦးဟာ ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ကက်သလစ်ဘုန်းတော်ကြီးဘဝကို ရွေးချယ်ခဲ့တဲ့သူဖြစ်ပြီးအသင်းတော်ရဲ့ ယုံကြည်သူတွေကလည်း အင်မတန်လေးစားအားကိုးကြတယ် အဲဒီအချိန် ပြင်သစ်မှာ ကလေးတွေအပေါ် ဘုန်းတော်ကြီးတွေက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု‌တွေပေါ်ပေါက်လာခဲ့ပြီး ဘုရားကျောင်းတွေကို လူတွေက ယုံကြည်မှုကျဆင်းလာခဲ့တယ် တစ်နေ့မှာတော့ Simonတို့ဘုရားကျောင်းက ကလေးမလေးတစ်ယောက် ရုတ်တရက်ကိုယ်ဝန်ရှိလာတဲ့အခါ ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲဆိုတာ‌ ဖြေရှင်းဖို့ကြိုးစားနေရင်း Simon လူဝတ်ကြောင်ဘဝက ရည်းစားဟောင်းဖြစ်ခဲ့တဲ့ Louise Fisher ဆိုတဲ့အမျိုးသမီးဟာ Aloe ဆိုတဲ့ကလေးတစ်ယောက်နဲ့အတူ Simon ကိုလာ‌တွေ့ပြီးနောက် ပြဿနာတွေစတင်လာခဲ့တယ် ဘုန်းတော်ကြီးမဖြစ်ခင်က ဇာတ်လမ်းတစ်ခုကြောင့် Simon ရဲ့ ဘုန်းတော်ကြီးဘဝကို သက်ရောက်မှုရှိတွေခဲ့လာတဲ့အခါ Simon တစ်ယောက်ဘယ်လိုတွေဖြေရှင်းမလဲ ဖခင်တစ်ယောက်ရဲ့တာဝန်ကို‌ရောယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ပြင်သစ်ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(1 GB)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vivien

Romance • Drama
6.3 2024 93 mins
Paternal
The Bouncer
5

ဒီတစ်ခါမှာတော့ ပရိသတ်တွေကို အက်ရှင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2024 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Massimiliano Cerchi က ဒါရိုက်တာအဖြစ် ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် John Ozuna, Costas Mandylor, Rosmary Yaneva နဲ့ Vincent Rivera တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဖရန့်ခ်ဟာ ဘားတစ်ခုမှာ လုံခြုံရေးအစောင့်လုပ်ပါတယ်။ လူမိုက်ခေါင်းဆောင်တစ်ယောက်က အဲဒီဘားကို ညတိုင်း ကောင်မလေးတစ်ယောက်နဲ့အတူ လာပါတယ်။ အဲဒီကောင်မလေးက ပြန်ပေးဆွဲခံလာရတဲ့သူမှန်းသိတဲ့အခါ သူ့ကို ကယ်ထုတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ လူမိုက်တွေရဲ့လက်ထဲကနေ လွတ်အောင်ထွက်ပြေးနိုင်မလား၊ သစ္စာဖောက်မှုတွေ လှည့်ကွက်တွေကြားထဲကနေ အောင်မြင်အောင် ဘယ်လိုထွက်ပြေးကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ File size… (1.30 GB) / (613 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 18m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 79 mins
The Bouncer
Elite Force: B.R.I. – Body Recovery Immmusination B.R.I

ထွက်​ရှိ​ထားတာ​ မကြာ​သေးတဲ့​ ဒီဇာတ်ကားဟာ Action/Sci-fi​ အမျိုး​အစား​ဖြစ်​ပြီး​ ဒါရိုက်တာ​ Roman Elpidio ရိုက်ကူး​ထား​တာပါ။ ကြာချိန် တစ်နာရီ​ခွဲခန့်သာရှိပြီး Sci-fi အနည်း​အကျဥ်း​ပါပေမဲ့ အက်​ရှင်​ဇာတ်​ကားလို့ပဲ ဆို​ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ BRI လို့​ခေါ်​တဲ့ ပရို​ဂရမ်​တစ်ခုဟာ ခြေ​လက်​အင်္ဂါတွေ ပျက်စီး​ဆုံးရှုံး​သွား​ရင်​တော့ အလို​လို​ပြန်ထွက်လာမဲ့ စွမ်း​ရည်​မြင့်​ စူပါစစ်သည်တွေကို မွေးထုတ်ပေးမဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒီပရိုဂရမ်ရဲ့ ပဲ့ကိုင်​ရှင်က ဒေါက်တာ​ Marco ဖြစ်​ပါတယ်​။ ပရို​ဂရမ် အဆုံး​မသတ်ရသေးခင်မှာပဲ Jasper ဆိုတဲ့​ လုပ်​ဖော်​ကိုင်​ဖက်​တစ်ဦးက ဒေါက်​တာ​ Marco ကို ခြိမ်း​ခြောက်​အကျပ်​ကိုင်​ပြီး သစ္စာ​ဖောက်​ပါတော့​တယ်​။ အဲဒါ​ကြောင့်​ ဒေါက်တာ​ Marco လည်း ကမ္ဘာ​အရပ်​ရပ်​က အိမ်​ခြေ​ရာ​မဲ့ စစ်သည်​ဟောင်း​လေး​ဦး​ကို ခေါ်​ယူလေ့ကျင့် အဆင့်​မြှင့်​တင်​ပေးပြီး Jasper ရဲ့ စီမံကိန်း​ကို ဟန့်​တားရပါတော့တယ်။ ဘတ်​ဂျက်​ရုပ်ရှင်​ဆိုပေမဲ့​ အက်​ရှင်​ခန်း​တွေက ထင်​ထားတာထက်​ ကောင်း​မွန်​ပြီး ပေါ့​ပေါ့ပါး​ပါး ကြည့်ရှု​လို့​ရမဲ့​ဇာတ်​လမ်း​မျိုး​ဖြစ်​ပါတယ်​။ ဇာတ်​အိမ်​က အက်ရှင်ကားအများစု ထုံးစံ​အတိုင်း​ အနည်းငယ်​ အပ်ကြောင်းထပ်နေပေမဲ့ အတိုင်းအတာ​တစ်ခု​ထိ ဖျော်ဖြေ​မှု​ပေး​နိုင်​ပါလိမ့်မယ်​။ File size…(1.1 GB)/(680 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Horror
0 2025 91 mins
Elite Force: B.R.I. – Body Recovery Immmusination B.R.I
The Balconettes Les femmes au balcon
6

The Balconettes (2024) IMDb Rating (6.0) အမျိုးအစားကတော့ ဟော်ရာနဲ့ကော်မဒီကို တွဲစပ်ထားပေမဲ့ ဒရာမာကားလိုအရသာပေးတဲ့ ထူးထူးခြားခြားရုပ်ရှင်ပါ။ သူငယ်ချင်းမ ၃ယောက် ရှိတယ်။ တစ်ယောက်က စာရေးဆရာမဖြစ်ချင်တယ်။ တစ်ယောက်က တီဗီမူဗီ မင်းသမီး။ တစ်ယောက်က ဆက်ချက်ပြီး ငွေရှာတယ်။ စာရေးဆရာမလုပ်ချင်တဲ့ တစ်ယောက်က လသာဆောင်ကနေ အိမ်ရှေ့တိုက်က အမြဲမြင်နေရတဲ့ ကောင်လေးကို စိတ်ဝင်စားနေတယ်။ ကောင်လေးကို နေ့စဉ်မပြတ်သူငန်းနေတုန်းမှာပဲ တစ်နေ့မှာ တိုက်အောက်မှာရပ်ထားတဲ့ ကားတစ်စီးကို တခြားကားက ဝင်တိုက်တဲ့အသံကြားလို့ကြည့်လိုက်တော့ မင်းသမီးလုပ်နေတဲ့ သူ့သူငယ်ချင်းရောက်လာတာဖြစ်နေတယ်၊ သူတို့သုံးယောက်လူစုံသွားကြတာပေါ့။ သူ့သူငယ်ချင်းတိုက်မိတာက သူကြိုက်နေတဲ့ကောင်လေးရဲ့ကား။ ဒီတော့ ဟိုကောင်လေးကို ကားအတွက် အလျော်ပေးဖို့လုပ်ရင်း ဆက်ချက်တဲ့သူ့သူငယ်ချင်း အဲဒီကောင်လေးငြိမလိုဖြစ်သွားရာကနေ သူတို့၃ယောက်စလုံး ကောင်လေးအိမ်က ပါတီကိုသွားဖြစ်ကြတယ်။ နောက်နေ့မှာတော့ ကောင်လေးက သေသွားပြီး သူ့သူငယ်ချင်းက မုဒိန်းကျင့်ခံလိုက်ရတာကို သိခဲ့ရာကနေ အရှုပ်ကြီးကို သူတို့တွေဘယ်လိုရှင်းကြမလဲ ကြည့်ရမယ့် ဇာတ်လမ်းပါပဲ။ ဝတ်လစ်စလစ်အခန်းတချို့ ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Fantasy,Horror Duration….01:44:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by W

Action
6 2024 105 mins
The Balconettes Les femmes au balcon
Susheela Sujeet
5.5

Susheela-Sujeet (2025) – အခန်းထဲက ကံကြမ္မာ Imdb -5.6 ဒီကားကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယမာရသီဘာသာစကား ရုပ်ရှင် ဖြစ်ပြီး ကြည့်ရှုသူတွေကို ပေါ့ပေါ့ပါးပါး ရယ်မောစေနိုင်တဲ့ ဟာသဒရာမာ တစ်ကားအဖြစ် ဖန်တီးတင်ဆက်ထားပါတယ် နေ့စဉ်ဘဝရဲ့ ရိုးရှင်းတဲ့ အခြေအနေတစ်ခုကနေ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ဖော်ကျူးထားတာကြောင့် အချစ်ကား ဒရာမာကားကြိုက်သူတိုင်းအတွက် သင့်တော်ပါတယ်ရှင် ဇာတ်လမ်းအကျဉ်းကတော့ ရိုးသားတဲ့ အိမ်ရှင်မ ဆူရှီလာနဲ့ အတွေ့အကြုံနည်းပါးသေးတဲ့ ရေပိုက်ပြင်သမားလေး ဆူဂျိတို့နဲ့ အစပြုထားပါတယ် ဆူရှီလာရဲ့ ရေချိုးခန်းပြွန် ပေါက်ပြဲနေတာကို ပြင်ဆင်ဖို့ ဆူဂျစ်ရောက်လာချိန်မှာ လက်ကိုင်တံခါးကပါမကောင်းနေတာကြောင့် မထင်မှတ်ဘဲ သူတို့နှစ်ဦးက အခန်းတစ်ခန်းထဲမှာ အတူပိတ်မိသွားပါတော့တယ် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ဖုန်းတွေလည်း မပါကြတဲ့ အခြေအနေမှာ အချိန်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ဟာ အပြင်ထွက်ဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားပုံတွေကို အူနာအောင်ရယ်နေရမှာပါ ရေပိုက်ပြင်သမားလေး ဆူဂျစ်က ပုံမှန်အားဖြင့်တော့ ရိုးအအနိုင်ပြီး ဆူရှီလာကတော့ အိမ်ရှင်မပီပီ စိတ်ရှုပ်ထွေးတတ်သူတစ်ဦးပါ ကနဦးမှာတော့ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားခဲ့ကြပြီး အမြင်မကြည်လင်မှုတွေ ရှိခဲ့ကြပေမဲ့ အခန်းထဲမှာ ပိတ်မိနေတဲ့ အချိန်တွေကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးရဲ့ အတွေးအမြင်တွေ ခံစားချက်တွေနဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေကို ဝေမျှရင်း ပိုမိုနားလည်လာကြပါတယ် ဒီလို မထင်မှတ်တဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတဲ့ ပေါ့ပါးတဲ့ ဟာသဇာတ်ဝင်ခန်းတွေ စိတ်ခံစားမှုလှိုင်းဂယက်တွေနဲ့ မမျှော်လင့်ထားတဲ့ အချစ်ရေးရာ လှည့်ကွက်တွေက ဇာတ်ကားကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ် သူတို့နှစ်ဦးရဲ့ ဘဝနဲ့ ဆက်ဆံရေးအပေါ် ဒီဖြစ်ရပ်က ဘယ်လို သက်ရောက်မှုရှိလာမလဲ ဘယ်လိုပြန်လွတ်မြောက်ပြီး ဘာဆက်ဖြစ်မလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ် တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Horror
5.5 2025 92 mins
Susheela Sujeet