YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Bogowie.2014.1080p.BluRay {CM}.mp4

1.96 GB 1080p video/mp4 264 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Am Here
4.3

စုံထောက်ဂန်ဆွန်းဒူဟာဆိုရင် အတိတ်က တရားခံကိုဖမ်းဆီးရင်း အဆုတ်ကို ဓားနဲ့အထိုးခံရပြီးနောက် အဆုတ်အစားထိုးကုသမှု ခံယူထားသူပါ... အံ့ဖွယ်ဖြစ်ရပ်အနေနဲ့ အသက်ရှင်ခဲ့ပြီးနောက် စုံစမ်းရေးရှေ့တန်းကို ပြန်ရောက်လာတဲ့ စုံထောက်ဂန်ဟာ ကွင်းဆက်လူသတ်သမား ဂင်ဂယူဂျုံးကို ခြေရာခံလိုက်ပါတော့တယ်.. အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ကိုယ်တွင်းအင်္ဂါအစားထိုးကုသစင်တာ ညှိနှိုင်းရေးမှူးဆီကနေတစ်ဆင့် ကွင်းဆက်လူသတ်သမား ဂယူဂျုံးက သူနဲ့ တူညီတဲ့အလှူရှင်ဆီကနေ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူထားတာဖြစ်ကြောင်း အလှူရှင်က အတိတ်က သူ့ကို ဓားနဲ့ထိုးခဲ့တဲ့ လူသတ်တရားခံဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့... Main Cast တွေအနေနဲ့‌ကတော့ Jo Han-Sun နဲ့ 2AM အဖွဲ့၀င် Jung Jin-Woon တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်... File Size :(1.08GB) &(481MB) Quality : ‌WEB-DL 1080P,720P Format…mp4 Duration…01:22:00 Genre :Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated  Hnin Wai Oo Encoded by Phyo Pyae

Action • Crime • Drama • Thriller
4.3 2023
I Am Here
To Catch a Killer
6.8

ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။ နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။ အယ်လနောကတော့ သာမန်ရဲတပ်သား။ မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။ သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။ အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။ တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။ မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။ လက်သည်ကတော့ တစ်ယောက်တည်းပဲ။ သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ သေနတ်သမားကတော့လွတ်နေတုန်းပေါ့။ သူတို့ကလည်း ငါ‌ဘာကောင်လဲပြရသေးတာပေါ့ဆိုပြီး ၂ ယောက်တည်းအမှုကိုဆက်လိုက်တယ်။ သဲလွန်စကတော့ လုံးလုံးကိုမ‌တွေ့ရတာ။ ဒါပေမယ့် သဲလွန်စ မရှိတာတော့မဟုတ်ဘူး။ အပိုင်းလေးတွေပြန့်ကျဲနေတာ။ အဲဒီအပိုင်းလေးတွေကို သူတို့၂ယောက် ဘယ်လိုပြန်ချိတ်ကြမလဲ... သေနတ်သမားကကောဘယ်သူဖြစ်နေမလဲ... နောက်ဆုံးအချိန်ထိဖမ်းမိသွားရဲ့လား... ဆိုတာတွေကို လှည့်ကွက်တွေ အက်ရှင်ဇာတ်ခန်းတွေနဲ့ စုံထောက်ကားပုံစံအတိုင်း ရင်တမမကြည့်ရှုရမှာပါ။ Snowden နဲ့ The Fault in Our Stars ထဲက မင်းသမီး Shailene Woodley အပြင် The Outsider, Ready Player One နဲ့ တခြားရုပ်ရှင်တွေမှာပါဝင်ထားပြီး ကျွန်တော်တို့နဲ့မစိမ်းတဲ့မင်းသားကြီး Ben Mendelsohn တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။ လောလောလတ်လတ်ထွက်ရှိထားတဲ့ရုင်ရှင်ဖြစ်တဲ့အပြင် ရဗျူးကောင်းကောင်းလေးတွေပါရထား‌တာကြောင့် မှုခင်းစုံထောက်ကားစောင့်မျှော်နေသူတွေအတွက် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.35GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 59Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • History
6.8 2023 119 mins
To Catch a Killer
Move to Mind
6.3

ပျော်ရွှင်ရင် ရယ်မောကြပြီး ဝမ်းနည်းရင် ငိုကြွေးကြရတဲ့ ကမ္ဘာကြီးထဲမှာ ကိုယ်ဟာ စိတ်တိုင်းကျပျော်ရွှင်ရယ်မောခွင့်တောင် မရတဲ့လူတစ်ယောက်သာဖြစ်နေခဲ့ရင် ဘယ်လိုရှင်သန်နေထိုင်ရပါ့မလဲ ဂျောင်ဘိုယောင်းကတော့ "ခံစားချက်ရောဂါ" လို့ခေါ်တဲ့ ရောဂါဆန်းတမျိုးကို ခံစားနေရသူပါ ဒီရောဂါကတော့ အရမ်းပျော်ရွှင်ပြီး ခံစားချက်တွေပြင်းထန်လာတဲ့အခါမျိုးမှာ အသက်အန္တရာယ်အတွက်တောင် စိုးရိမ်ရတဲ့ရောဂါတမျိုးပါပဲ ငယ်ငယ်လေးကခံစားနေရတဲ့ဒီရောဂါကြောင့် ဂျောင်ဘိုယောင်းတစ်ယောက်ကတော့ နေရာကောင်းတွေကိုလည်း မသွားနိုင်သလို သီချင်းကောင်းတွေကိုလည်း နားထောင်လို့မရနိုင်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာတော့... ဆင်းရဲနွမ်းပါးပေမဲ့ ဘက်စုံထူးချွန်တဲ့ ချွဲချောလ်ဂီဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဂျောင်ဘိုယောင်း ဆိုတဲ့ ကောင်မလေးတို့ဟာ အမှတ်မထင်တွေ့ဆုံကြရင်း အချင်းချင်းခံစားချက်တွေ ဖြစ်ပေါ်လာခဲ့ကြပြီးတဲ့နောက် ဂျောင်ဘိုယောင်းအနေနဲ့ ဘဝကို ဘယ်လိုရှေ့ဆက်သွားမလဲ? ပျော်ရွှင်ကြည်နူးစရာ ခံစားချက်တွေကို မခံစားနိုင်တဲ့ ဂျောင်ဘိုယောင်း ဟာ ချောလ်ဂီနဲ့ ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားဖို့ ဖြစ်နိုင်ပါ့မလား? သာမန်လူတစ်ယောက်လို နေထိုင်နိုင်မယ့်အခွင့်အရေမျိုး ရှိလာပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် Descendants of the Sun နဲ့ Goblin တို့လို့ နာမည်ကြီးဇာတ်ကားတွေမှာ Support Role အနေနဲ့ ပါဝင်ခဲ့ဖူးတဲ့ မင်းသား Choi Woong နဲ့ မင်းသမီး Hong Soo-Ah တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာမို့ ကြည့်မကောင်းမှာတော့ မပူရပါဘူး အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Romance Quality…. 1080p | 720p | 480p File size… 1.1GB | 566MB | 487MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Action • Horror • Thriller
6.3 2022 98 mins
Move to Mind
Radhe Shyam
5.2

အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့ Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့ အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင် Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်... Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်က တီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့ Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်း အရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်း မတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစား facts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကို ယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။ "အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု".... လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။ တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော..... လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana.... "ဗေဒင်လက္ခဏာလောကရဲ့ အိုင်းစတိုင်း" အဖြစ် ကျော်ကြားပြီး ဟောသမျှ မလွဲဖူးတဲ့ လက္ခဏာဖတ်ဗေဒင်ဆရာ Aditaya တို့ ..... ကပွဲတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ဆုံပြီး Aditaya တစ်ယောက် Prerana ကို ချစ်ခင်စုံမက်လာပါတယ်။ ယုံကြည်ချက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့အပြင် ဆရာဝန်မလေး Prerana က ရှားပါးပြီး ကုသဖို့ နည်းလမ်းမရှိသေးတဲ့ အကျိတ်ရောဂါတစ်မျိုး ဖြစ်နေပြန်ပါတယ်။ အသက်ရှင်ဖို့ လပိုင်းသာကျန်တော့တဲ့ Prerana နဲ့ လက္ခဏာမှာ အချစ်ရေးလမ်းကြောင်း လုံးဝမပါတဲ့ Aditaya တို့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်ကြမလဲ။ အတူတကွ ရှေ့ဆက်နိုင်မလားဆိုတာ‌ကို ရသမျိုးစုံနဲ့ ကြည့်ရှုခံစားရမှာပါ။ IMDb 6.9/10 ရရှိထားပြီးတော့ soundtracks တွေကိုတော့ Telugu နဲ့ Hindi ဗားရှင်းနှစ်မျိုးနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ လက္ခဏာဆရာ Aditaya ရဲ့ character ကိုတော့ ဥရောပနာမည်ကြီး လက္ခဏာဆရာ Cheiro ကို inspire ယူထားတာပါ။ ဇာတ်လမ်းလေးက ကောင်းတဲ့အပြင်ကို မင်းသမီးကလည်း အတော်ချောတော့ ကြည့်ကိုကြည့်ရှုသင့်တဲ့ကားကောင်းလေးပါလို့ တိုက်တွန်းလိုက်ပါ‌ရစေ။ File size…1.2GB / 2.65GB / 5.8GB Quality…720p WEB DL / 1080p WEB Dl AAC 5.1CH  Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet & Poe & Go-O & Jerrica

Crime • Drama • Thriller
5.2 2022 138 mins
Radhe Shyam
Sunset in My Hometown
6.5

SUNSET IN MY HOMETOWN (2018) – အညွှန်း “ငါ့ရဲ့မွေးရပ်မြေကအစွန့်ပစ်ခံဆိပ်ကမ်း ၊ ငါ့ရဲ့ မွေးရပ်မြေကနုံချာလွန်းလို့ ပြပေးစရာက နေဝင်ချိန်အပြင်မရှိဘူးပဲ” မွေးရပ်မြေမှာသူချစ်တာက နေဝင်ချိန်အပြင်မရှိတဲ့ကောင်လေး ဂင်ဟက်ဆုအဖြစ် Park Jung Min ဟာ သူဝါသနာပါရာ ရက်ပ်ပါ ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ နာကြည်းချက်များစွာရှိနေတဲ့ မွေးရပ်မြေကိုစွန့်ခွာပြီး ဆိုးလ်မြို့ကိုပြောင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ “Show Me The Money” ပရိုဂရမ်မှာခြောက်နှစ်ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိလည်းတက်ခွင့်မရ ၊ သူ့အပိုင်းတွေကိုလည်းဖြတ်ထုတ်ခံရတဲ့ စိတ်ဓာတ်ကျ၊လမ်းတွေပျောက်နေတဲ့လူငယ်လေးဂင်ဟက်ဆုဟာ မွေးရပ်မြေဆီက အဖေဖြစ်သူ နေမကောင်းဘူးဆိုတဲ့ ဆေးရုံကဖုန်းတစ်လုံးကြောင့် သူမုန်းတဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာခဲ့တဲ့ဇာတ်အိမ်ကိုအခြေခံထားပြီး မွေးရပ်မြေကိုပြန်ရောက်လာတဲ့အခါ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ မင်းသမီး Kim Go Eun ကတော့မွေးရပ်မြေကဟက်ဆုကိုတစ်ဖက်သတ် သဘောကျနေတဲ့ ငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Kim Go Eun ကို ဒီဇာတ်လမ်းမှာ ရိုးသားဖြူစင်ပြီးနေဝင်ချိန်တွေကို ချစ်တဲ့ကောင်မလေး ၊ တက်သစ်စ စာရေးဆရာမလေးအဖြစ် ချစ်စဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ ရက်ပ်ပါဖြစ်ချင်တဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ရုန်းကန်မှုတွေကို freestyle 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD ဇာတ်လမ်းကိုဆွဲဆောင်မှုရှိစေပါသေးတယ်။ ဒါဆိုရင်တော့ လူငယ်တွေရဲ့ဘဝကိုထင်ဟပ်စေမယ့် ရက်ပ်စာသားလေးတွေကိုခံစားရင်း ၊ ဒိုင်ယာလော့လှလှလေးတွေကိုကြည့်ရင်း၊ မွေးရပ်‌မြေမှာအသစ်တစ်ဖန်ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုလည်းတစ်စေ့တစ်စောင်းကြည့်ရှုရမယ့် အနှစ်ဇာတ်ကားလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုလိုက်ပါတော့နော်။ အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin နဲ့ Cali ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Music Quality…. 1080p | 720p | 480p File size… 1.5GB | 799MB | 367MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin Shin and Cali Encoder ….. August

Drama • Science Fiction
6.5 2018
Sunset in My Hometown
The Sacrifice Zone
5.5

ခေတ်လူကြီးတွေပြောလေ့ရှိပါတယ် “နိုင်ငံရေးမှာ မတော်တဆဖြစ်တာဆိုတာ” မရှိဘူးတဲ့။ ဒီလိုပါပဲ ၁၉၇၃ခုနစ် ဝင်ဒီနီးပုန်ကန်မှုအရေးမှာ ဌာနေအမေရိကန်တွေဖြစ်ကြတဲ့ မာဗင်နဲ့ဘက်တို့၂ယောက်ဟာ အဖမ်းခံလိုက်ရပါတယ်။ ဗာမင်တို့၂ယောက် အဖမ်းမခံရခင် ၁၀လလောက်အလိုမှာ မာဗင်ရဲ့ဇနီးဖြစ်သူ အန်နာ က ယာဥ်မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ မာဗင်ကတော့ သူ့ဇနီးသေဆုံးသွားတာကို အသတ်ခံရတာဆိုပြီး တထစ်ချယုံကြည်နေခဲ့ပါတယ်။ သူ့ဇနီးသေဆုံးမှုဟာ သာမန် သွေးရိုးသားရိုးသေဆုံးသွားခဲ့ရတာလား ဒါမှမဟုတ် မာဗင်ယုံကြည်နေသလို သူ့ဇနီးက အသတ်ခံလိုက်ရတာလား၊ ပုန်ကန်မှုတွေ အန်နာရဲ့သေဆုံးမှုတွေမှာ အစိုးရက ဘယ်လိုပါဝင်ပတ်သက်နေမလဲဆိုတာကို နိုင်ငံရေးလှည့်ကွက်တွေကြားမှာ အချစ်၊ အလွမ်း၊ မေတ္တာ၊ Dramaတွေကို တစည်းတလုံးထဲ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ဖိနှိပ်ခံခဲ့ရတဲ့ အင်ဒီယန်တွေရဲ့ဘဝကိုထင်ထင်ရှားရှားရိုက်ကူးပြသွားနိုင်ခဲ့သလို အမေရိကန်တွေရဲ့ လူသိမခံစေချင်တဲ့dark secretသမိုင်းတွေကိုလည်းတစ်ပါတည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…(2.1GB) / (785MB) / (359MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Adventure • Comedy • Romance
5.5 2022 87 mins
The Sacrifice Zone
Yudo: The Way of the Bath
6.6

Yudo: The Way of the Bath ( 2023 )========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ရေချိုးခဲ့တာကို မြင်နိုင်တယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်က တိုကျိုမှာ ဗိသုကာသမားအဖြစ်လုပ်နေတဲ့သူ။ မြို့ကြီးပြကြီးမှာနေနေတဲ့ အောင်မြင်နေတဲ့လူလို့ ဆိုရမယ်။ သူ့အဖေ အသုဘကိုတောင် မလာနိုင်တဲ့အထိ အလုပ်တွေရှုပ်နေတဲ့သူပေါ့။ အတက်ပြီးရင် အကျလာတော့ သူ့အကျအချိန်မှာ သူက သူနယ်မြို့ကလေးကို ပြန်ရောက်လာတယ်။ သူ့ညီဦးစီးနေတဲ့ သူ့အဖေရဲ့ ရေချိုးအိမ်ကို ပြန်ရောက်လာတယ်။ သူ့အကြံက အဲဒီနေရာကိုရောင်းပြီး အမြတ်ထွက်အောင်လုပ်ဖို့ပေါ့။ ဒီလိုဇာတ်ကနည်းနည်းရိုးသလိုတော့ ခံစားရလိမ့်မယ်။ ဒါပေမဲ့ အခရာတော့မကျဘူး။ ဒီလိုနဲ့ သူတို့မိသားစုရဲ့ ရေချိုးအိမ်မှာ သူဝင်ကူရင်း အကြွင်းအကျန်နေရာကြီးလို့ သူထင်နေခဲ့တဲ့နေရာအကြောင်း သူပိုသိလာရတယ်။ ဒီရေချိုးအိမ်ဟာ ဒီကလူတွေရဲ့ နှလုံးသားတွေကို ချိတ်ဆက်ပေးထားတာသိလာရတယ်။ ဒါပေမဲ့လည်း ဒီရေချိုးအိမ်ကို မရောင်းမဖြစ်ရောင်းဖို့ အကြောင်းတော့ ဖန်လာခဲ့တယ်။ ဒီကနေ ဘာဆက်ဖြစ်မလဲဆိုတာကို‌ ရေချိုးခြင်းနဲ့ပဲ ချိတ်ဆက်ပြသွားတယ်။ရေချိုးခြင်းရဲ့ အဓိကလုပ်ဆောင်ချက်ဟာ ခန္ဓာကိုယ်ကို သန့်စင်ပေးဖို့ထက် စိတ်ကို သန့်စင်ပေးဖို့လို ဒီရုပ်ရှင်ထဲက ရေချိုးရသေ့ကြီးက ဆိုခဲ့တယ်။ ရေချိုးခြင်းဟာ နေလိုပဲတဲ့။ တိမ်အထူဆုံးကောင်းကင်မှာတောင် နေမင်းဟာ ထွန်းလင်းနိုင်သလို အညစ်ထေးဆုံးစိတ်တွေကိုတောင် ရေချိုးခြင်းက သန့်စင်ပေးနိုင်တယ်တဲ့။ ဒီရုပ်ရှင်မှာ ရေချိုးခြင်းနဲ့ပတ်သက်ပြီး အဆင့်မြင့်နည်းစနစ်တွေကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရသေ့ကြီးရဲ့စကားအတိုင်းပဲ ဘယ်လိုရေကိုပဲချိုးချိုး အရေးတော့မကြီးပါဘူး။ ရေချိုးခြင်းရဲ့ အနှစ်သာရဟာ ရေမှာရှိနေတာမှမဟုတ်ခဲ့ဘဲ။ တကယ်တမ်း ရေချိုးခြင်းရဲ့ အနှစ်သာရဟာ သူတို့နှလုံးသားထဲ တည်နေခဲ့တယ်။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ )File size_( 1.8GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:06:00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Comedy • Drama
6.6 2023
Yudo: The Way of the Bath
Cliff Walkers
7

ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက် အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေ​ကြတဲ့သူတွေပါ မနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ ဆက်လက်လျှောက်လှမ်းနေ​ကြတဲ့ ရဲရင့်တဲ့သူရဲ​ကောင်းတွေပဲဖြစ်ကြပါတယ် ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန် တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်​လောက် ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့… တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ သေ​သေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ ​လျှို့ဝှက်အေးဂျင့် လေးယောက်ကို ဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက် ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်

Horror • Comedy • Thriller
7 2021 120 mins
Cliff Walkers
Ma Da: The Drowning Spirit
4.9

Ma Da: The Drowning Spirit (2024) မာဒါဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ရေနဲ့နီးစပ်တဲ့အရပ်၊ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ဒေသတွေမှာ လက်ဆင့်ကမ်းလာတဲ့ မိရိုးဖလာတစ္ဆေပုံပြင်ထဲက တစ္ဆေတစ်ကောင်ပါ။ လူတစ်ယောက်ဟာ ရေနစ်သေဆုံးခဲ့ပြီး သူ့အလောင်းကို ဆယ်ယူမယ့်သူမရှိပဲ ရေထဲမှာပဲလမ်းဆုံးသွားခဲ့ရင် အဲ့ဒီလူရဲ့ဝိဉာဉ်ဟာ မာဒါ ဖြစ်သွားပါသတဲ့။ မာဒါဟာ သူနဲ့လိပ်ပြာတူသူတွေကိုဖမ်းယူလူစားလဲဖို့ကြိုးစားလေ့ရှိပြီး သူ့ကိုတစ်နည်းနည်းနဲ့စော်ကားခဲ့ရင်လည်း အရှင်မထားတတ်ဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်သူတွေကတော့ တကယ့်ကိုသက်ဝင်စွာနဲ့ ကိုယ်တွေ့ဆိုတဲ့ ဇာတ်လမ်းတွေကို အခုချိန်ထိ လက်ဆင့်ကမ်းကြတုန်းပါပဲ။ ဇာတ်လမ်းကတော့ လိုင် ဆိုတဲ့အလောင်းဆယ်တဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို အခြေခံပါတယ်။ လိုင်ရဲ့သမီးလေးဟာ သူတို့ပတ်ဝန်းကျင်မှာ မကြာသေးခင်ကမှ သတ်သေသွားခဲ့ပြီး မာဒါဖြစ်သွားတယ်လို့ သတင်းထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရုပ်ကလေးကို ကောက်ယူလာခဲ့မိရာကစပြီး မာဒါရဲ့ခြောက်လှန့်မှုတွေကို တစ်ဖြည်ဖြည်းခံလာရပါတယ်။ အစပိုင်းမှာ လိုင်က အယုံအကြည်မရှိပေမယ့် သူ့ပတ်ဝန်းကျင်ကလူတွေတစ်ယောက်ပြီးတစ်ယောက်ရေနစ်သေဆုံးမှုတွေကြုံလာရုံတင်မက သူ့သမီးလေးကိုပါ မာဒါဖမ်းယူသွားတယ်ဆိုတာ ယုံကြည်လောက်တဲ့ အနေအထားမျိုးတွေ့ကြုံရချိန်မှာတော့ သူ့အသက်နဲ့လဲပြီးကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တစ္ဆေတစ်ကောင်ရဲ့ဖမ်းစားမှုကိုခံရပြီးဖြစ်တဲ့ သူ့သမီးလေးကိုကယ်တင်နိုင်ပါ့မလား? မာဒါရဲ့လက်က လွတ်နိုင်တဲ့သူရှိသေးရဲ့လား ဒါမှမဟုတ် ဒီတစ္ဆေကိုဘယ်လိုအနိုင်ယူဖို့ကြိုးစားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာယုံကြည်သက်ဝင်မှုတွေ၊ အစီအရင်တွေ၊ အဆောင်လက်ဖွဲ့တွေ ဝေဝေဆာဆာနဲ့တင်ဆက်ထားပြီး ကြောက်စရာကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ထူးထူးခြားခြားဇာတ်ကားသစ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.9 2024
Ma Da: The Drowning Spirit
Begin Again
7.4

Begin Again (2013) IMDb Rating (7.4) / Rotten Tomatoes (83%) မင်းသားကြီး Mark Ruffalo နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်ထားတဲ့ Musical ဒရမ်မာ အချစ်ရိုမန့်ဇာတ်ကားလေးပါ။ Music ကိုဝါသနာပါတဲ့ သူများ ပိုမိုကြိုက်နှစ်သက်လောက်မယ့်ဇာတ်ကားမျိုးပါပဲ။ သီချင်းလေးတွေရေးစပ်သွားတာ . Christmas လက်ဆောင်အဖြစ် သီချင်းလေးလက်ဆောင်ပေးသွားတာတွေဟာ ဇာတ်ကားရဲ့တကယ့်ကို ဆွဲဆောင်မှု အရှိဆုံးအချက်ထဲက တစ်ချက်လို့ပြောချင်ပါတယ်။ သာမန် Acoustic Guitar တစ်လုံးနဲ့တီးခတ်နေတဲ့ Gretta ရဲ့ သီချင်းတစ်ပုဒ်ကို လိုအပ်တဲ့ သံစဉ်ထောက်ပံ့မှုတွေကို အရက်သောက်နေရင်းနဲ့ မိမိစိတ်ထဲမှာတင် ခံစားတီးခတ်ပြသွားတဲ့ Dan ရဲ့ ဂီတစွမ်းရည်ဟာ ကျွန်တော့်တို့လို ဂီတကိုကြိုက်နှစ်သက်တဲ့လူတွေအတွက် မလွတ်တန်းကြည့်ချင်မိတဲ့ ဇာတ်ကားအဖြစ် စိတ်ထဲကိုနေရာယူစေမိတယ်။ နောက်ထပ် အသိရသအနေနဲ့ကတော့ လဲကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်မြင့်တင်ပေးပြီး . မိမိစိတ်ကို ပြန်အားတင်းစေတဲ့အသိခံစားမှုကိုလည်းပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ခပ်အေးခပ်ငြိမ့်ငြိမ့်ကြည့်ရှုဖို့အတွက် ဆူညံတဲ့နေရာ ပတ်ဝန်းကျင်မှာ မကြည့်ရှုဖို့တော့ အကြံပေးပါရစေ။ ဇာတ်ကားကောင်းတစ်ကားရဲ့ အနှစ်ခံစားချက်အပြည့်အဝကို အတွင်းကျကျခံစားချင်ရင် အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မနက်စောစောဖြစ်ဖြစ် . ညဘက်ခပ်မှောင်မှောင်အချိန်လေး မှာဖြစ်ဖြစ် ကော်ဖီလေးတစ်ခွက်နဲ့သာကြည့်လို့ကတော့ အရမ်းကိုပြည့်စုံလွန်းတယ်လို့ကို ပြောချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thet Oo Mon မှ တင်ဆက်ထားပါတယ်။ သီချင်းစာသားတွေကအစ ဘာသာပြန်ပေးထားပါတယ်။ )

Action • Drama • Thriller
7.4 2013 104 mins
Begin Again
[18+] Tokyo Nights

Tokyo Nights (2025) ကာယာနဲ့မက်စ်တို့ဟာ ညားကာစလင်မယားတွေဖြစ်ပြီး ဂျပန်ကိုဟန်းနီးမွန်းခရီးစဉ်အဖြစ်လာခဲ့ကြတာပါ။ သူတို့ရဲ့ခရီးစဉ်ဟာ ကာယာရဲ့ရည်းစားဟောင်း ကန်ဂျီဆိုသူနဲ့တွေ့ဆုံအပြီးမှာတော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ရပါတယ်။ ကန်ဂျီကအထီးကျန်သူတွေကို အဖော်ပြုပေးတဲ့ အချိန်ပိုင်းအငှားလုပ်သားအဖြစ်အလုပ်လုပ်နေတဲ့သူပါ။ စပြီးဆုံတဲ့နေ့မှာပဲ အမူးလွန်ကြရင်း ကန်ဂျီနဲ့ကာယာတို့ရဲ့သံယောဇဉ်မကုန်တဲ့ ရမ္မက်ဇာတ်လမ်းမှာ မက်စ်ကိုယ်တိုင် ပါဝင် သီရိစံခဲ့တဲ့နောက်မှာတော့ အခြေအနေတွေရှုပ်ထွေးကုန်ပါတော့တယ်။ ဇာတ်ကားအထွက်ကြဲတဲ့‌ မင်းသမီးသစ်လေး Alessandra cruz နဲ့အတူ ဂျပန်နွယ်မင်းသမီးအသစ်စက်စက်လေးဖြစ်တဲ့Arneth Watanabe ကိုပွဲဦးထွက်မိတ်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:11:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Romance • Comedy • TV Movie
0 2025
[18+] Tokyo Nights
Popeye the Slayer Man

ဒီဇာတ်ကားကတော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ကြွက်သားတောင်တောင့်နဲ့ ပါးစပ်ထဲမှာ ဆေးတံ ကိုက်ထားတဲ့ သင်္ဘောသား ဝတ်စုံနဲ့ ကာတွန်း ဇာတ်ကောင် ကို လူသတ်သမား ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ သူတို့ရဲ့ မြို့လေးတစ်မြို့က သင်္ဘောကျင်းဟောင်းထဲက စက်ရုံ တစ်ခု မှာ ပေါ့အိုင်းဆိုတဲ့ သင်္ဘောသားကြီး နေတယ်ဆိုတဲ့ သတင်းကြားလို့ ကျောင်းသားလူငယ်တစ်စုက စက်ရုံကြီးထဲကို ခိုးဝင်ပြီး မှတ်တမ်း ရုပ်ရှင် ရိုက်ဖို့ ကြံစည်ပါတော့တယ် အဲ့ဒီအချိန်မှာပဲ သူ့ပိုင်နက်ကို ကျူးကျော်လာတဲ့ လူတွေကို ဘယ်လိုတွေ ရက်ရက်စက်စက် သတ်ဖြတ်ပြသွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါ ခင်ဗျာ သွေးထွက်သုံယို အခန်းများ များစွာ ပါရှိသည့်အတွက် အသည်းငယ် သူများ အနေဖြင့် ဂရုစိုက်စေလိုပါတယ် ခင်ဗျာ File size… (928 MB) / (562 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ko Dee

0 2025
Popeye the Slayer Man
Do the Mæth Na plech
6.6

Do the Mæth (2025) IMDb Rating (6.6) ယခုပြင်သစ် ရုပ်ရှင်ဇာတ်ကားလေးကတော့ လုပ်သားပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့ လူ့အဖွဲ့အစည်းတွေကြားက မတူညီတဲ့ ဆက်ဆံရေးတွေကို မီးမောင်းထိုးဖော်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရေရေရာရာ အလုပ်တစ်ခု ရဖို့ကြိုးစားနေတဲ့ မာရက်က တစ်ရက်မှာတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ်။ကုမ္ပဏီက မာရက်ကို ဘိုဟီးမီးမြောက်ပိုင်းဘက်မှာ တာဝန်ထမ်းဆောင်ဖို့စေလွှတ်ပါတယ်။ သူမသိလိုက်တာတော့ အဲဒီနေရာက ဆေးသမားတွေ၊ အကြမ်းဖက်သမားတွေနဲ့ပြည့်နက်နေတဲ့ နေရာဖြစ်လို့ ဘယ်သူမှကြာကြာ အလုပ်မလုပ်နိုင်တဲ့နေရာ ဖြစ်နေပါတယ်။ အလုပ်မှာလဲ ထင်ထားတာနဲ့တခြား အကုန်တစ်လွဲတွေဖြစ်နေပြီး ကုမ္ပဏီကပေးထားတဲ့တိုက်ခန်းဆိုတာကလည်း ဆေးသမားတွေပျော်စံရာ ဗိမာန်ကြီးတစ်ခု ဖြစ်နေပါတယ်။ ဒီလိုနဲ့ မာရက်တစ်ယောက် ကုမ္ပဏီကဖိအားတွေနဲ့ ဆေးသမားတွေအပြည့်နဲ့ နေရတဲ့တိုက်ခန်းမှာ ဘယ်လိုသမာဓိအားကောင်းကောင်းနဲ့ အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းနေနိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ဟာသခန်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ။ အဖော်အချွတ်ခန်းများစွာ ပါဝင်ပြီး ကြမ်းတမ်းသော စကားလုံးများပါဝင်မှုတို့ကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်တော့ မသင့်လျော်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Brian ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime Duration….01:42:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Brian

Drama • Comedy
6.6 2025 101 mins
Do the Mæth Na plech
Pintu Pintu Surga
7.8

Pintu Pintu Surga (2025) IMDb Rating (7.8) ဖောက်ပြန်မှုလား၊ ရိုးသားတဲ့ချစ်ခြင်းမေတ္တာပဲလားဆိုတာဝေဖန်ရင်း လောင်မြိုက်ရမဲ့ အင်ဒိုဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ချစ်မိတာက ဘယ်လောက်ပဲရိုးသားပါတယ်ပြောပြော အိမ်ထောင်သည်ယောကျ်ားတစ်ယောက်ကကိုယ့်ဇနီးတစ်ယောက်လုံးရှိနေရက် တခြားမိန်းမတစ်ယောက်ကို တာဝန်ယူပေးချင်တဲ့အခါ၊ အနားမှာရှိနေပေးချင်တဲ့အခါမှာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ဖောက်ပြန်မှုလို့ သတ်မှတ်ကြတာပါပဲ။ အာမန်ဆိုတဲ့ ပညာရေးအကြီးအကဲတစ်ယောက်က နယ်မြို့ကကျောင်းတစ်ခု ဥက္ကဌအပြောင်းအလဲကိစ္စနဲ့ရောက်လာချိန် အချစ်ဦး လာတီဖာနဲ့ပြန်တွေ့ခဲ့တယ်။ အစပိုင်းမှာ ဒီတိုင်းပဲရင်းရင်းနှီးနှီးရှိနေခဲ့ပေမဲ့လာတီဖာတို့သားမိနှစ်ယောက်ရဲ့ အခက်အခဲတွေကိုမြင်ပြီး ကူညီပေးချင်စိတ်၊ အကာအကွယ်ပေးချင်တဲ့ခံစားချက်တွေကကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့တာပေါ့။ ဒါပေမဲ့ အာမန့်ကို အိမ်မှာစောင့်နေတဲ့ သားမိနှစ်ယောက်ရှိနေတဲ့အခါမှာတော့…။သုခဘုံတံခါးများဆိုတဲ့ ရုပ်ရှင်နာမည်ကတော့ အစ္စလာမ်ဘာသာမှာ အိမ်ထောင်ရေးကို သုခဘုံတံခါးလို့တင်စားကြတာမို့ပါတဲ့။ ခင်ပွန်းရော ဇနီးသည်ရောက ဘာသာရေးအရဖြောင့်မတ်ပြီး အလ္လာဟ်အရှင်မြတ်အလိုတော်အတိုင်း နေထိုင်မယ်ဆိုရင်သုခဘုံမှာ ပြန်လည်ပေါင်းစည်းရပါတယ်တဲ့။ ဒီတော့ အဆုံးသတ်ဖို့ခက်နေကြတဲ့ ဒီဇာတ်လမ်းမှာသူတို့တွေ ဘယ်လောက်ထိဖြောင့်မတ်ကြမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.3 GB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo

Horror • Mystery • Romance
7.8 2025 104 mins
Pintu Pintu Surga
Return to Paradise
6.9

Return to Paradise (1998) IMDb Rating (6.9) / Rotten Tomatoes (70%) ဒီဇာတ်ကားကတော့ အော်စကာဆုရှင်တစ်ဦးဖြစ်တဲ့ Joker မင်းသားကြီး Joaquin Phoenix နဲ့ နာမည်ကြီးဟာသမင်းသားတစ်ယောက်ဖြစ်တဲ့ Cince Vaughn တို့ ငယ်စဉ်တုန်းက ရိုက်ကူးခဲ့တဲ့ ရိုမန်တစ်ဆန်ဆန် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ 1998 တုန်းက ထွက်ရှိထားတယ်ဆိုပေမယ့် IMDB မှာ 6.9 အထိရထားတာမလို့ Oldie but Goodies ထဲပါတဲ့ ဇာတ်ကားတစ်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း ရှဲရက်ဖ်၊ လူးဝစ်နဲ့ တိုနီတို့ သုံးယောက်ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ် တစ်ခုစာလောက်က အခုလက်ရှိ လူဖြူတွေလိုမျိုးပဲ ထိုင်းမှာခဏတာသွားပြီး ပျော်ပါးခဲ့ကြပါတယ်။ ထိုင်းရဲ့ tourist တွေကို ဆွဲဆောင်ချက်အလျောက် အမျိုးသမီးတွေ ဆေးခြောက်တွေကတော့ လူဖြူတွေကြားမှာ တမ်းတမ်းစွဲပါပဲ။ တစ်နေ့မှာတော့ ရှဲရက်ဖ်တို့ သူငယ်ချင်းသုံးယောက်ဟာ ဆေးခြောက်တွေကို စျေးတော်လို့ဆိုပြီး ဂရမ်အများကြီးဝယ်စုထားခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ မွေးရပ်မြေ အမေရိကကို ပြန်ချိန်ရောက်လာပေမယ့် ဆေးခြောက်ကို သုံးလို့မကုန်တဲ့အတွက် ထိုင်းတစ်ဝိုက်မှာပဲဆက်နေပြီး တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးလုပ်မယ့် တိုနီနဲ့ သူတို့ဝေါ်ကီးတွေကိုချန်ခဲ့လိုက်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ တစ်ချိန်ကထိုင်မှာရှိနေစဉ်ရှဲရက်ဖ်တစ်ယောက် စက်ဘီးငှားပြီး ငှားထားတဲ့ဟာကို လမ်းတစ်လျှောက်လုံးပြန်သယ်သွားရမှာစိုးပြီး လွှတ်ပစ်လိုက်တာကို အဲဒီပိုင်ရှင်က ရဲခေါ်ပြီး ရှဲရက်ဖ်တို့နေခဲ့တဲ့ တိုနီတစ်ယောက်ထဲပဲကျန်နေခဲ့တဲ့အိမ်ကို ရဲတွေခေါ်လာတဲ့အခါမှာ ဆေးခြောက်တွေအများကြီးကိုဖမ်းမိသွားပါတယ်။ အဲဒီတုန်းက ဆေးခြောက်တွေကိုဆိုတာ ထိုင်းမှာသုံးလို့ရပေမယ့် ဂရမ်အများကြီးဖြစ်နေရင် ရောင်းဝယ်ဖောက်ကားမှုပုဒ်မနဲ့ဖမ်းဆီးခံရတတ်ပါတယ်။ ဒီလိုနဲ့ တိုနီဟာ ထိုင်းရဲတွေရဲ့ဖမ်းဆီးခြင်းကို ခံရပြီး သူ့သူငယ်ချင်းတွေက ထိုင်းပြန်လာပြီး သူတို့အပြစ်ကို သူတို့အထိုက်အလျောက်လာမခံရင် တိုနီဟာ နောက်ဆုံးမှာ အကြီးဆုံးပစ်ဒဏ်နဲ့တရားစီရင်ခံရဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ချိန်က သူတို့အတွက် နတ်ပြည်ဖြစ်တဲ့ ထိုင်းနိုင်ငံဆီကို ရှဲရက်ဖ်နဲ့ လူးဝစ်တို့ ဘယ်လိုပြန်သွားကြမလဲဆိုတာ ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.3 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance, Thriller Duration…. 01:53:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

6.9 1998 109 mins
Return to Paradise