YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Blossoms Shanghai E12 1080p WEB-DL CM.mp4

633.19 MB N/A video/mp4 66 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Slumber Party Massacre
5.6

(1982)ကထွက်ရှိခဲ့တဲ့ အထက်တန်းကျောင်းသူလေးတွေအပန်းဖြေခရီးထွက်ရင်း လွန်ပူတစ်လက်နဲ့လူလိုက်သတ်တဲ့ လူသတ်သမားနဲ့ကြုံခဲ့ရတဲ့ The Slumber Party Massacreကို အသစ်ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ပူလူသတ်သမားရဲ့လက်ချက်ကနေ တစ်ဦးတည်း သောအသက်ရှင်ကျန်ခဲ့တဲ့သူဖြစ်တဲ့မိခင်အတွက် သမီးဖြစ်သူဒန်နာက ဒီလိုအတိတ်ဆိုးက မိခင်ကိုလွတ်အောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိခင်ကြုံတွေ့ခဲ့ရတဲ့နေရာကို သူငယ်ချင်းတစ်သိုက်နဲ့ခရီးထွက်တာပါပဲ။ သူတို့တွေကအစီအစဉ်ဆွဲပြီးလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့အရာတွေနဲ့ကြုံခဲ့ပြီးတော့ အသက်ဘေးတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဒီလိုအသက်ဘေးတွေကနေ ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာကိုကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.52 GB) / (674 MB) / (439 MB) Quality – BluRay 1080p / 720p/480p Duration - 1h 26mins Subtitle – Myanmar Hardsub Format – MP4 Genre : Horror, Thriller Translator – Chit Tee Encoder – SWM

Action • Adventure • Fantasy
5.6 2021 86 mins
Slumber Party Massacre
Extremely Wicked, Shockingly Evil and Vile
7

အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . . (သို့မဟုတ်) Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . . _________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________ ၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ မရှိပဲကို သတ်တဲ့ စိတ်ရောဂါရှင်ဆန်ဆန် sociopath လူသတ်သမားကြီး။ နောက်တော့ အဖမ်းခံရတယ်။ ရုံးတင် စစ်တာ ခံရတယ်။ Ted Bundy ဟာ ဥပဒေ ကျောင်းသားလည်း ဖြစ်နေပါသေးတယ်။ ဒါကြောင့် သူ့အမှုကို သူကိုယ်တိုင် ရှေ့နေအဖြစ် ကိုင်တွယ်တယ်။ သူ အမှု မကျူးလွန်ကြောင်း ငြင်းဆိုတယ်။ တဖြည်းဖြည်းနဲ့ သူ့ အမှု တွေက နာမည်ကြီးလာပြီး အမေရိက သမိုင်းမှာ ပထမဆုံး ရုပ်သံ Live ထုတ်လွှင့်ခြင်းခံရတဲ့ အမှုသည် ဖြစ်လာတယ်။ သူ့ကို ရုံးထုတ် စစ်ဆေးပြီဆိုရင် ကောင်မလေးတွေ အများကြီး လာ နားထောင်ကြတယ်။ တရားသူကြီးရှေ့မှာ သူ ပြောသမျှ ဟုတ်ဟုတ် မဟုတ်ဟုတ် ယုံကြတယ်။ မင်းသားတစ်ယောက်ရဲ့ ရိုက်ကွင်းကို လာအားပေးသလိုမျိုး သူ့ကို လာအားပေးကြတယ်။ ဒီလိုနဲ့ ငြင်းလိုက်ခုံလိုက် ပယ်ချလိုက် ကာကွယ်လိုက် နဲ့ ဆယ်နှစ်ကျော်ကြာအောင် အမှု ရှည်ကြီးကို Ted Bundy တစ်ယောက် ဖြတ်သန်းပြီးချိန်မှာတော့ . . . . . ____________ Extremely Wicked, Shockingly Evil and Vile IMDB - 6.7/10 Rotten Tomatoes - 56% MKWah - 3.8/5 ____________ ဒီ ရုပ်ရှင်က ကျွန်တော် ပြောခဲ့သလိုပဲ ဖြစ်ရပ်မှန် ပါ။ Ted Bundy ဆိုတဲ့ တစ်ကယ်ရှိခဲ့တဲ့ လူတစ်ယောက် အကြောင်းကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်။ Ted ရဲ့ character ကို ကျွန်တော် documentary တွေ သတင်းဟောင်းတွေ ဓာတ်ပုံတွေကနေတစ်ဆင့် အနည်းငယ် တီးခေါက်ကြည့်လိုက်တော့ ဒီ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ Ted အတိုင်းပါပဲ။ တကယ့်အပြင်က Ted ကလည်း ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်။ သူ အပြစ်ကင်းကြောင်းကို ပြုံးပြီး သတ္တိရှိရှိ အမြဲပြောတယ်။ တစ်ခါ နှစ်ခါတည်း စကားပြောကြည့်ရင် အင်မတန် ချစ်တတ်ပြီး နူးညံ့သိမ်မွေ့ပြီး အားကိုးချင်စရာကောင်းတဲ့ ယောကျာ်းကောင်းတစ်ယောက် ရဲ့ အသွင်အပြင်ကို မြင်ရမယ်။ စကားပြောကောင်းတယ်။ အရမ်းတော်တယ်။ အဝတ်အစား ဝတ်စားတာကအစ မင်းသားရှုံးတယ်။ ပျင်းစရာကောင်းတဲ့ တရားခွင်ထဲကို ကောင်မလေး ချောချောလေးတွေ အများကြီး လာထိုင် နားထောင်ရင်း သူ့ကို ငေးကြည့်ရသည်အထိ ဆွဲဆောင်မှု ရှိတယ်။ တစ်ဖက်မှာတော့ အမျိုုးသမီးတွေကို မညာမတာ ရက်ရက်စက်စက် နည်းလမ်းတွေနဲ့ လူမသိ သူမသိ သတ်ဖြတ်လေ့ရှိတဲ့ လူသတ်သမားကြီး။ အဲ့ဒီ ၁၉၇၀ - ၁၉၈၀ ဝန်းကျင်တုန်းက လူသတ်သမားတွေ အများကြီးထဲမှာမှ တော်တော် သောင်းကျန်းပြီး ကြောက်ဖို့ကောင်းတဲ့ လူသတ်သမား။ FBI က အလိုချင်ဆုံး ရာဇဝတ်သား ၁၀ ယောက် ထဲ မှာ ပါတယ်။ တစ်ခုတော့ ရှိတယ်။ Ted ဘဝမှာ ဘယ်တော့မှ မသတ်ရက်ခဲ့တဲ့ သိပ်ချစ်ရတဲ့ အမျိုးသမီး တစ်ယောက် ရှိတယ်။ သူ့နာမည်က Liz တဲ့။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အသက်သွေးကြောက Ted ရဲ့ ဘဝ ဆိုရင် Ted နဲ့ Liz ရဲ့ အချစ်ဇာတ်လမ်းဟာ ဒီဇာတ်လမ်းရဲ့ နှလုံးသားပဲ။ သိပ် ရက်စက်တဲ့ လူသတ်သမားကြီးဆီမှာ သိပ်ချစ်ရတဲ့ ချစ်သူ တစ်ယောက် ရှိခဲ့တယ်။ . . . . Ted Bundy အဖြစ် သရုပ်ဆောင်တဲ့သူကတော့ Zac Efron ပါ။ Zac ကို သိတဲ့သူတွေ သိကြပါတယ်။ ဒီ နိုင်ငံက ပရိတ်သတ်တွေနဲ့လည်း သိပ် မစိမ်းပါဘူး။ အထူးသဖြင့် comedy films တွေမှာ တွေ့ရတယ်။ တစ်ခါတစ်လေ romance films တွေမှာ တွေ့ရတယ်။ သူ့ acting က တခြား ဟောလီးဝုတ်မင်းသားတွေနဲ့ယှဉ်ရင် ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ ရင်ထဲ သိပ်မရောက်ခဲ့ဘူး။ သူ့ character တွေကလည်း သိပ်ပြီး strong မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီကားမှာတော့ Ted Bundy အဖြစ် Zac ဟာ အပြည့်အဝ စိတ်နှစ်ကိုယ်နှစ် သရုပ်ဆောင်သွားနိုင်ခဲ့ပါပြီ။ Zac ဟာ သူ့ အရည်အချင်းကို အားလုံး အံ့သြသွားတဲ့အထိ ပြနိုင်ခဲ့ပါပြီ။ ဒီကားကို ကြည့်ပြီးချိန်မှာတော့ ရုပ်ရှင်ဝေဖန်ရေးဆရာများ Zac ကို ချီးကျုးကြတယ်။ 2020 ရဲ့ Oscar ဇကာတင်တောင် ဝင်သွားနိုင်ကြောင်း ကောင်းချီးပေးကြတယ်။ တကယ်ပဲ Zac ရဲ့ သရုပ်ဆောင်မှုတွေက အရမ်း ခွန်အားရှိပြီး သူ ဘယ်လောက် ပြင်ဆင်ကြိုးစားထားတယ်ဆိုတာ ရုပ်ရှင်ကြည့်သူတွေ မြင်နိုင်ပါတယ်။ တခြား supporting actors များ ဖြစ်ကြတဲ့ Lily Collins တို့ Kaya Scoelario တို့ Jim Persons တို့လည်း Zac ကို အကောင်းဆုံး ဝိုင်းပံ့ပိုးပေးနိုင်တယ်။ Biopic ဖြစ်တဲ့အလျောက် character များက လက်တွေ့ကျတယ်။ ခိုင်မာတယ်။ Lily Collins က Ted သိပ်ချစ်ရတဲ့ Liz အဖြစ် သရုပ်ဆောင်ထားတယ်။ နောက်တစ်ခု ထပ်ပြီး သဘောကျမိတာက editing ပါ။ တကယ်တော့ Ted Bundy ဆိုတဲ့သူက လူတွေ သတ်တယ်။ နောက်တော့ အဖမ်းခံရတယ်။ တရားရုံး တက်ရတယ်။ ဒီလောက် ဇာတ်လမ်းကတော့ တကယ်ဆို ရိုးပါတယ်။ ဒီထက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိသေးတယ်။ ဒါကို ဘာကြောင့် ကြည့်မှာလဲ ဆိုတဲ့ မေးခွန်းရှိတယ်။ ဒါပေမယ့် ဒီကားကို မျက်လုံးက မဖယ်ခွါနိုင်လောက်အောင် ကြည့်ချင်စရာဖြစ်အောင်ဖြစ်စေတာကတော့ Editing ရဲ့ ပညာကြောင့် အများကြီး ဆိုင်ပါတယ်။ ဇာတ်လမ်း အစ မှာတင် Ted နဲ့ သူ သိပ်ချစ်တဲ့ Liz တို့ စ ပြီး ဆုံတွေ့ကြတဲ့ ညလေး နဲ့ စ တယ်။ အဲ့ဒီ အဖြစ်အပျက်ရယ် Ted အဖမ်းခံရပြီး ၁၉၈၀ ဝန်းကျင် မှာ Liz က Ted ကို ထောင်ဝင်စာ လာတွေ့တဲ့ နေ့ရယ်ကို တစ်လှည့်စီ ပြတယ်။ ဒီကားရဲ့ တည်းဖြတ် (editing) ပညာရှင်များဟာ ကျွန်တော်တို့ ရုပ်ရှင်ကြည့် ပရိတ်သတ်တွေကို Ted ရဲ့ မိန်းမ Liz ရဲ့ အမြင်ကနေ ခံစား စေတယ်။ ဒါကြောင့်လည်း ဒီဇာတ်ကားကို ကြည့်တဲ့တစ်လျှောက်လုံးမှာ Ted က တကယ်ပဲ ဒီ အမှုတွေကို ကျူးလွန်ခဲ့တာလား ဆိုတာကို သံသယ ပါ ဝင်လာတဲ့ အထိပဲ။ အစမှာ သိပ် နူးညံ့သိမ်မွေ့ပြီး သူ့ကို လက်နဲ့တောင် မရွယ်တဲ့ ယောကျာ်းက မိန်းမ ၁၅ ယောက်လောက်ကို ပိုးစိုးပက်စက် သတ်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးမျိုး . . ဇာတ်ကား တစ်ဝက်လောက်မှာတော့ ငါ့ယောကျ်ား သတ်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် မသေချာသေးပါဘူးလေ . . ဆိုတဲ့ အတွေးမျိုး . . . ယောကျာ်းဖြစ်သူကို အပြစ်မမြင်တဲ့ မိန်းမတစ်ယောက်ရဲ့ အတွေးတွေ ကျွန်တော်တို့ ခေါင်းတွေထဲ ကူးစက်လာပါတော့တယ်။ ဒါတွေကို editing ပညာရှင်များက အောင်မြင်စွာ ပြသွားနိုင်ခဲ့တယ်။ နောက်တစ်ချက် သဘောကျသေးတာက cinematographer ကို ပါ။ Birdman တို့ La La Land တို့လို ထူးဆန်းတဲ့ စတိုင်မျိုး မဟုတ်ပဲ ရိုးစင်းပေမယ့် ရုပ်ရှင်နဲ့ လိုက်ဖက်တဲ့ cinematography စတိုင်ကို ဖန်တီးပေးနိုင်တယ်။ ရင်ထဲ ရောက်တယ်။ camera movement တွေ focus in / out တွေကို ကောင်းကောင်းအသုံးပြုပြီး Ted ဘယ်လိုတွေးနေသလဲ Liz ဘယ်လို တွေးနေသလဲ director က ဘာကိုပြချင်သလဲ ဆိုတဲ့ အပြတွေကို ထိ ထိ ရောက် ရောက် ပြ ပေးန်ုင်တယ်။ ဒီဇာတ်ကား အကြောင်းပြောရင် ဇာတ်ညွှန်းကိုလည်း ချန်ခဲ့လို့ မဖြစ်ဘူး။ editing ကောင်းတယ် cinematography ကောင်းတယ်ဆိုတာ ဇာတ်ညွှန်းရဲ့ လမ်းညွှန်မှုတွေနဲ့လည်း ဆိုင်တယ်။ ဇာတ်ညွှန်းကို သက်ဆိုင်ရာ ရုပ်ရှု်ပညာရှင်တွေအားလုံးက သဘောကောင်းကောင်းပေါက် မှလည်း သူတို့ ဖန်တီးမှုတွေ ကောင်းကောင်းလုပ်နိုင်မှာ။ ဒီဇာတ်ညွှန်းရဲ့ အားအကောင်းဆုံးအချက် ကတော့ ဇာတ်လမ်းတစ်ခုလုံးရဲ့ ၉၇% လောက်က Bundy တစ်ယောက် ဒုတ် ဓားတွေနဲ့ သတ်ဖြတ် ပြနေတာတွေ တစ်ခုမှ မပြဘူး။ ဒါပေမယ့် အဲ့ဒါတွေ မပါပဲ ကျောချမ်းစရာကောင်းတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အထိ လုပ်ပြသွားတယ်။ ဇာတ်ညွှန်းရှင်ရဲ့ ပညာပေါ့။ နောက်ဆုံး အလေးပြု ရမှာကတော့ ဒါရိုက်တာ ပါပဲ။ ဒါရိုက်တာဖြစ်သူ Joe Burlington ဟာ crime film နဲ့ crime documentary တွေကို စိတ်ဝင်စားတဲ့သူ။ Ted ရဲ့ အမှုကိုလည်း တော်တော် စိတ်ဝင်စားပြီး တော်တော်လေ့လာထားပုံ ရတယ်။ Ted ရဲ့ audio tape တွေကို အခြေခံပြီး " Conversation with a killer: the Ted Bundy tape " ဆိုတဲ့ documentary တစ်ခုကိုလည်း ဖန်တီးထားခဲ့သေးတယ်။ Ted ရဲ့အကြောင်းကို ဒါရိုက်တာတွေ အများကြီး ရိုက်ဖူးတယ်။ ဒီကားက ပထမဆုံး မဟုတ်ဘူး။ ဒါပေမယ့် Joe ရိုက်တဲ့ ဒီကားမှာတော့ Ted နဲ့ Liz ရဲ့ ကြီးမားတဲ့ chemistry ကိုလည်း လှလှပပ ပုံဖော်ပေးနိုင်သလို အမေရိက မှုခင်းသမိုင်းရဲ့ ထူးခြားတဲ့ မှုခင်း ဖြစ်ကြောင်းလည်း artistic ဖြစ်ဖြစ် တင်ပြနိုင်ခဲ့တယ်။ ___________ Ted အမှု နာမည်ကြီးနေချိန်တုန်းက အမေရိက သတင်းစာ ဆရာတွေက သူ့ကို နာမည်အမျိုးမျိုးပေးကြတယ်။ အဲ့ထဲမှာမှ တစ်ယောက်က Ted ကို . . " Handsome Evil " လို့ ခေါ်သတဲ့။ Ted နဲ့ သိပ် လိုက်ဖက်တဲ့ စကားလုံးပေါ့။ Extremely Wicked, Shockingly Evil and Vile ရဲ့ cast & crew တစ်ဖွဲ့လုံးကို ကျေးဇူးတင်ပါတယ်။ ၂၀၁၉ ရဲ့ one of the best films ဖြစ်မယ်လို့လည်း ယုံကြည်တယ်။ နာမည်ကိုက Extremely Wicked, Shockingly Evil and Vile တဲ့ . . . ။ ___________ မောက်ခမ်းဝါ #MKWah_film_review (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(999 MB) Quality….WEB-DL 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • War & Politics
7 2019 111 mins
Extremely Wicked, Shockingly Evil and Vile
[18+] Sugapa
6.9

Sugapa (2023) ဘန်နဲ့အန်နာတို့လင်မယားဟာ နယ်မြို့လေးက သူတို့အိမ်ကို ဦးလေးဖြစ်သူဆီ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် သူ့မိခင်အတွက် အိမ်ပြန်ရွေးပေးချင်တဲ့ဆန္ဒနဲ့ မြို့ပေါ်မှာငွေရှာဖို့တက်ခဲ့ပါတယ်။ မြို့ပေါ်က ဘန်ရဲ့ သူငယ်ချင်း မန်ဒိုရဲ့ အကူအညီနဲ့အန်နာက ဘားတစ်ခုမှာ အလုပ်ရခဲ့သလို ဘန်ကလည်း စားသောက်ဆိုင်တစ်ခုမှာအလုပ်ရခဲ့ပါတယ်။ အစပိုင်းကာလတွေမှာတော့ မြို့တော်ကြီးရဲ့ငွေရလွယ်မှုတွေ အတွေ့အကြုံသစ်တွေကြောင့်ပျော်ရွှင်နေရပေမဲ့ ဘန်တစ်ယောက် ဖြတ်လမ်းကလိုက်ပြီး ကြက်ပွဲလောင်းမိရာကနေ ငွေရှုံးသွားတဲ့အချိန်မှာ သူတို့အတွက် ပြဿနာတွေစတင်လာခဲ့ပါတယ်။ အဲဒီငွေကို ကြွေးရှင်လူမိုက်ဆီပြန်ဆပ်ဖို့ မကြံကောင်းမစည်ရာကိစ္စတစ်ခုကို ဘန်ကြံစည်မိချိန်မှာ အန်နာကိုလည်း မြို့တော်ကလူမိုက်တွေရဲ့ဂိုဏ်းချုပ်တစ်ဦးဖြစ်တဲ့ ဆာ့ချ်က မျက်စိကျလာတဲ့အခြေအနေပါ။ ဇာတ်အစပိုင်းက တစ်ချိန်ကနာမည်ကျော် Metro Manila ကိုပြန်သတိရမိချင်စရာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သိသိသာသာ ကွဲထွက်သွားပေမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ Us x Her အပြီးကတည်းက ပျောက်နေခဲ့တဲ့ AJ Raval လေးကို သရုပ်ဆောင်မှုတွေမှာ ပိုမိုအာရုံစိုက်ချင်လို့ဆိုပြီး ဆီလီကွန်ဖယ်ထုတ်ခဲ့တဲ့နောက်ပိုင်း သဘာဝရင်သားနဲ့ပထမဆုံးမြင်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ အကဲဖြတ်ကြည့်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 920MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Romance
6.9 2023
[18+] Sugapa
Carnage
7.1

Carnage ( 2011) Genre _ Comedy – Thriller ဒီတစ်ခါတော့ IMDb 7.1/10 အထိ ရရှိထားပြီးတော့ အ ထင်ကရရုပ်ရှင် Titanic ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kate Winslet ပါဝင်ထားတဲ့ ရုပ်ရှင်ကားကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ တစ်နေ့မှာ ကလေးနှစ်ယောက် ရန်ဖြစ်ခဲ့တဲ့အတွက် သူတို့ရဲ့ နှစ်ဖက်မိဘတွေက တွေ့ဆုံပြီး ပြဿနာကို ဖြေရှင်းဖို့ကြိုးစားကြပါတယ် ဒါပေမဲ့လည်း အားလုံး သိကြတဲ့အတိုင်း ပြဿနာဆိုတာမျိုးက ဖြစ်ဖို့လွယ်သလောက် ရှင်းဖို့တော့ ခက်ခဲတဲ့အမျိုးပါ ကလေးမိဘတွေ စုဝေးပြီးတော့ပြဿနာကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဘယ်လိုအလွဲတွေဖြစ်လာပြီးတော့ သူတို့တွေ အခြေအနေကို ဘယ်လို‌ကျော်လွှားကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဟာသနှောပြီး ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် File size… 1.1 GB / 489 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by So

7.1 2011
Carnage
Priscilla
7

Priscilla (2023) ~ IMDb – 7/10, RT – 82%, Meta – 78% ~ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24 က ဖြန့်ဝေပေးထားပါတယ်။ ၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က “Elvis and Me” ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပြီး အဲဗစ်နဲ့ သူ့အကြောင်းကို ရေးသားခဲ့ဖူးတယ်။ ၂၀၂၂ မှာတော့ ဆိုဖီယာကော်ပိုလာက ဒါကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြေညာခဲ့တယ်။ ဆိုဖီကာကော်ပိုလာဟာ ဒီစာအုပ်ကို ဖတ်ပြီး တော်တော်လေးထိသွားခဲ့တယ်တော့ ဆိုပါတယ်။ ဘယ်လိုထိသွားသလဲတော့ မသိဘူးပေါ့။ ဒီကားဟာ ပရက်စလေ ဘိုင်အိုဂရပ်ဖီကားတစ်ကားလို့ပြောလို့ရပေမဲ့ Baz Luhrmann ရဲ့ Elvis (2022) နဲ့ ဆန့်ကျင်စွာပဲ ဒီရုပ်ရှင်မှာ အဲဗစ်ရဲ့အောင်မြင်ခဲ့တဲ့ဘဝအကြောင်း သေချာထည့်သွင်းပြသသွားတာမျိုးမရှိဘူး။ အဲဗစ်ရဲ့ စိတ်အမှောင်ဘက်ခြမ်းကို ပိုအသားပေးပြသွားတယ်။ ဆိုဖီကာကော်ပိုလာဟာ သူတို့၂ယောက်ဆက်ဆံရေးထဲကမှ Priscilla ရဲ့ဘက်ကို ပိုပြသချင်ခဲ့ပြီး Priscilla ကို အဲဗစ်က ရုပ်ပိုင်း စိတ်ပိုင်း အနိုင်ကျင့်ခဲ့တာတွေကို ပေါ်လွင်အောင် ပြသချင်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဆိုဖီယာဟာ အဲဗစ်ကို အရမ်းဆိုးဆိုးရွားရွားကြီးတော့ ပြမထားဘူး။ ဒါပေမဲ့လည်း အဲဗစ်ရဲ့သမီးကတော့ သူ့အဖေအကြောင်း ဒီလိုပြသတဲ့ရုပ်ရှင်ကို သဘောမကျခဲ့သလို သူ့အမေဘက်ကမြင်တဲ့ သူ့အဖေအပေါ်အမြင်အကြောင်းလည်း သူစိတ်မဝင်စားဘူးလို့ဆိုခဲ့တယ်။ ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတို့စတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတို့ရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တို့ရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။ အဲဗစ်အဖြစ် ဆိုဖီယာရွေးထားတာက Jacob Elordi… သူ့အဆိုအရတော့ အဲဗစ်နဲ့ တူတဲ့ သရုပ်ဆောင်မျိုးရှိမှာမဟုတ်ပေမဲ့ ဂျက်ကော့ကလည်း အဲဗစ်လို ညှို့ဓာတ်ရှိပြီး မိန်းကလေးတွေသည်းသည်းလှုပ်သဘောကျခံရတဲ့သူမို့ သူရွေးခဲ့တာဆိုတယ်။ Priscilla ရဲ့ ၁၅နှစ်ကနေ ၂၇နှစ်အထိအပိုင်းအခြားကို သရုပ်ဆောင်ရမှာက Cailee Spaeny… သူလည်း ကောင်းခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ မင်းသမီးဆုဆန်ခါတင်ဝင်ထားသေးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကတော့ Priscilla ဟာ “Lost in Translation” နောက်ပိုင်း ဆိုဖီယာကော်ပိုလာရဲ့အကောင်းဆုံးကားလို့ ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့အဖေကြီး ဖရန်စစ်ရဲ့ကား ဘယ်တော့ဘယ်ဆီမှ ထွက်မယ်မှန်းလည်းမသိနိုင်တော့ ဘာမှမဆိုင်ပေမဲ့ အဆာပြေ ဆိုဖီယာကော်ပိုလာရဲ့ကားလေးကြည့်ရင်းပဲ စောင့်လိုက်ကြတာပေါ့။ ဆိုဖီယာကော်ပိုလာဟာ ဒီရုပ်ရှင်ကို သူ့ဝသီအတိုင်း အမျိုးသမီးဆန်တဲ့ အမြင်နဲ့ အသက်သွင်းသွားခဲ့တယ်။ ထူးတာကတော့ အဲဗစ်ပရက်စလေရဲ့ ဘိုင်အိုကားလို့ပြောလို့ရပေမဲ့ အဲဗစ်သီချင်းတွေမပါဘဲ ဆိုဖီယာ့ယောက်ျားနဲ့ သူ့ဝိုင်းတော်သားတွေက ဒီရုပ်ရှင်ရဲ့ သီချင်းတွေကို ဖန်တီးပေးထားတယ်။ အောင်မြင်တဲ့ယောက်ျားတွေအကြောင်း ကျွန်တော်တို့ အလုံအလောက်နီးပါးကြည့်ပြီးပါပြီ။ ဆိုဖီယာကော်ပိုလာကတော့ အဲဒီအောင်မြင်တဲ့ယောက်ျားတွေထဲက တစ်ယောက်ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းကို ကျွန်တော်တို့ကို ပြသသွားခဲ့တယ်။ Priscilla ကို ဆိုဖီယာကော်ပိုလာရဲ့ လျှပ်ပြေးဖော်ပြတဲ့ပုံစံအတိုင်းပဲ တင်ပြထားတာမို့ သူ့တင်ဆက်ဟန်ကို သဘောကျတဲ့လူတွေ‌တော့ ကြိုက်ကြမှာပေမဲ့ အားလုံးတော့ ကြိုက်ကြမယ်မထင်ဘူး။ ဒါပေမဲ့လည်း အော်စကာမှာ တစ်နေရာရာက ဝင်ကောင်းဝင်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အမြင်တော့ အဲဗစ်ကို ဆိုဖီယာ ပုံဖော်သွားတဲ့ပုံစံက နားလည်ပေးလို့ရသလို သိပ်အဆိုးကြီးတော့လည်း မဟုတ်တာမို့ အဲဗစ်ဖန်တွေလည်း ကြည့်လို့အဆင်ပြေမှာပါပဲ။ Priscilla ရဲ့ တစ်ထောင့်မှာ အချစ်နဲ့အောင်မြင်ခြင်းဟာ ဘယ်တော့မှ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကိုလည်း ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ Priscilla Presley အချစ်ဆိုတာ နတ်ပြည်နဲ့ငရဲလက်တွဲထားတဲ့ ကမ္ဘာပဲ Priscilla ရေ မင်းရင်ခုန်ခဲ့တဲ့အချစ်ဟာ မင်းကိုနာကျင်စေခဲ့ပြီ အသက်ရှင်ခြင်းကလည်း ဘယ်လောက်ချစ်နိုင်ခဲ့သလဲ ဘုရားသခင်ပေးတဲ့ ကဗျာပဲ။ ။ ~ သုခမိန်လှိုင် P.S – Special thanks to Sayar Thukhamein Hlaing who wrote this poem exclusively for Channel Myanmar… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.06GB, 2.15GB, 810MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 53Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Action
7 2023
Priscilla
Mean Girls
6.1

အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။ အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်း ကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ဘမသိ ကေဒီတစ်ယောက် သူတို့အဖွဲ့ထဲပါသွားပြီး သူတို့လို ဝတ်တတ်စားတတ် သမီးရည်းစားကိစ္စ စိတ်ဝင်စားလာပြီး ကောင်လေးတစ်ယောက်ကို စကြိုက်မိရာကနေ ဘယ်လိုတွေ ဇာတ်လမ်းရှုပ်ကြမလဲဆိုတဲ့ ကျောင်းတွင်းအရှုပ်တော်ပုံကို ဟာသဇာတ်မြူးအနေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.1 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Comedy, Musical Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Act Molemy and Matteo

6.1 2024 113 mins
Mean Girls
The Journey of Flower
5.8

ကဲ ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ကားပရိတ်သတ်တိုင်းနဲ့မစိမ်းတဲ့ ဟွားချန်းကူ Movieဗာရှင်းလေးပဲဖြစ်ပါတယ် အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟွားချန်းကူနေရာကို ခုနောက်ပိုင်း နာမည်ရလာတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မင်းသမီးလေး Cheng Duling ချန်လျိုဂိုဏ်းချုပ် ဟွားချန်းကူရဲ့ဆရာဖြစ်သူပိုင်ကျစ်ဟွအဖြစ် Soulmate ဇာတ်ကားနဲ့ နာမည်ရလာတဲ့ Li Chengbin ဟွားချန်းကူရဲ့ မမဖြစ်တဲ့ ရှားချန်းမော့ အဖြစ် Mao Zijunတို့က ပါဝင်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးဘုရင်ကို နှိမ်နင်းအပြီးမှာ သူ့ရဲ့စွမ်းအားတွေကို နတ်လက်နက်သုံးခုစီမှာ ခွဲပြီးချိတ်ပိတ်ခဲ့ပါတယ် အဲ့လက်နက်တွေကိုလည်း သူတော်စင်ဂိုဏ်းကြီး၃ဂိုဏ်းက စောင့်ကြပ်ကြတာပေါ့နော် နှစ်တွေကြာပြီးနောက်ပိုင်းမှာတော့ လုကျိုရွာမှာ နိမိတ်ဆိုးကြယ်ကနေ လူဝင်စားတဲ့ ကလေးမလေးဟွားချန်းကူကို မွေးလာခဲ့ပါတယ် မွေးပြီးပြီးချင်းမှာပဲ သူ့အမေကတော့ဆုံးသွားခဲ့ပါတယ်သူ့အဖေရောပဲ သူ့ကြောင့်နဲ့ဆုံးသွားခဲ့ပြီး သူတို့ရွာကလူတွေကလည်း အသေအပျောက်များလာတော့ ဟွားချန်းကူကို မကောင်းဆိုးဝါးမလို့ အမည်တပ်အပြစ်ပုံချပြီး သတ်ဖို့ကြိုးစားကြတာပေါ့ အဲ့လိုနဲ့ပဲ ဟွားချန်းကူတစ်ယောက် အသက်၁၆နှစ်မှာ သူ့ရွာကနေ စွန့်ခွာပြီး ချန်လျိုဂိုဏ်းကို သွားပြီး သူ့ကံကြမ္မာဆိုးကို ပြုပြင်ဖို့ မသေမျိုးအဖြစ်ကျင့်ကြံဖို့ သွားခဲ့ပါတယ် နိမိတ်ဆိုးအသွင်ဆောင်မှန်းသိကြတော့ လူတိုင်းကျဉ်ဖယ်ကြပေမယ့် ဟွားချန်းကူရဲ့ ရှိရင်းစွဲအပြစ်ကင်းစင်မှုလေးတွေကပဲ သံယောဇဉ်မဲ့နေတဲ့ ပိုင်ကျစ်ဟွကိုပါ လှုပ်ခတ်စေနိုင်ခဲ့တာပေါ့ မကောင်းမှန်းသိလို့ ပြုပြင်ဖို့ ကြိုးစားနေတဲ့သူကို ဝိုင်းပြီးတော့ အနိုင်ကျင့်ဖျက်စီးကြတော့ ဇာတ်သိမ်းလေးကတော့ မလှခဲ့ပါဘူး Series ကတော်တော် ကောင်းလွန်းတော့ ရုပ်ရှင်မှာဝေဖန်ခံရတယ်ဆိုပေမယ့် အမြင်တစ်မျိုးလေးဖြစ်သွားအောင် ကြည့်ချင်သူတွေကြည့်လို့ရအောင်လို့တင်ဆက်ပေးလိုက်ပါတယ်

Drama • Thriller • Crime
5.8 2024
The Journey of Flower
Willow Creek

1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။ နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါ ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။ File size…(1.1 GB) Quality….720p Format…mp4 Duration….01:49:00 Genre… Adventure, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2013
Willow Creek
Hide and Seek (Lapachhapi)
7.6

Lapachhapi 2017 (တူတူပုန်းတမ်း) တူရှာနဲ့နီဟာတို့ဟာ အရမ်းကိုချစ်ကြတဲ့လင်မယားတွေပေါ့။ လင်မယားတွေ ချစ်ချစ်ခင်ခင်နေလာကြရင်း နီဟာရဲ့ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာတော့ တူရှာဟာ အကြွေးကိစ္စတွေနဲ့ ပုန်းဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ တူရှာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘာဟူရောဝ်က သူ့ရွာက ခေါင်တဲ့နေရာမှာရှိတာဖြစ်လို့ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းတဲ့အခါမှာ တူရှာတို့လင်မယားနှစ်ယောက် ဘာဟူရောဝ်တို့ရွာကို လိုက်ပါနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဘာဟူရောဝ်တို့ရွာကိုရောက်လာတဲ့အခါ ရွာက ကြံခင်းတွေနဲ့ပဲပြည့်နေပြီး လူနေအိမ်ရယ်လို့ မမြင်ရပါဘူး။ ဒီလိုနဲ့ နေလာရင်း နီဟာတစ်ယောက် အိမ်နားမှာ ကလေးတွေလာရောက်ဆော့ကစားတာကို ရုတ်တရက်မြင်လိုက်မိတာမျိုးရှိပေမယ့် သေချာကြည့်ရင် ပျောက်ပျောက်သွားတာမျိုးကြုံတွေ့လာရပါတော့တယ်။ အဲဒီလိုနဲ့ ရွာမှာလူဆိုလို့ ဘာဟူရောဝ်နဲ့ သူ့မိန်းမကလွဲရင် မမြင်ရတဲ့နေရာကြီးမှာ တူရှာတို့လင်မယား ဘယ်လိုတွေ တွေ့ကြုံရမလဲ …….. ရုတ်တရက်တွေ့တွေ့နေရတဲ့ ကလေးတွေကရော ဘယ်သူတွေဖြစ်မလဲ ……. ဒီရွာကြီးရဲ့ နောက်ကွယ်က ကိစ္စတွေကရော ဘာတွေလဲ…. ဆိုတာတွေကို ကြည့်ရှုရမယ့် ဒရာမာဟော်ရာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ToMo~Alex~KKKZ~Linn Lunnတို့ပဲဖြစ်ပါတယ်)

7.6 2017
Hide and Seek (Lapachhapi)
Balamevvadu
7.4

Balamevvadu 2022 (အာမခံအေးဂျင့်လေးရဲ့ အချစ်ပုံပြင်) IMDb – 7.4/10 ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးကြတဲ့အခါ ဆရာဝန်ဖြစ်ချင်တယ်, အင်ဂျင်နီယာဖြစ်ချင်တယ်လို့ ဖြေတတ်ကြပေမယ့် ဆတ်တယာနာရာယာနာဆိုတဲ့ကောင်လေးရဲ့ အိပ်မက်ကတော့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်ချင်တာပါတဲ့။ ဘာလို့လဲဆိုတော့ မစွန့်စားရတဲ့အလုပ်မလို့ပါနဲ့လေ။ ဒီလိုနဲ့ ဖြစ်ချင်တဲ့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာတော့ လူကြီးတွေက သူ့ကို အိမ်ထောင်ဖက်တွေ့ခိုင်းပေမယ့် အဆင်မပြေဖြစ်တာတွေ များခဲ့ပါတယ်။ နောက်တော့ ကောင်မလေးတစ်ယောက်ကို တွေ့သွားပြီးတော့ စွဲလန်းမိသွားရကနေ ကောင်မလေးရဲ့အချစ်ကို ရအောင်ယူနိုင်လိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား အချစ်ကြီးချစ်ခဲ့ကြပြီးတဲ့နောက်မှာ မျှော်လင့်မထားတဲ့ ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးက ကောင်မလေးဆီကို ရောက်ရှိလာခဲ့ပါတယ်။ ကင်ဆာရောဂါသည်ကောင်မလေးနဲ့ အာမခံအေးဂျင့်ကောင်လေးတို့ ဘဝကို ဘယ်လိုတွေရှေ့ဆက်သွားမလဲ …… ဒီရောဂါဆိုးကြီးကိုရော အနိုင်တိုက်နိုင်ပါ့မလား …….. ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.4 2022
Balamevvadu
Ghost’s News

သရဲလေးတစ်ယောက် အသည်းကွဲနေတယ် (၂၀၂၄) ထိုင်းကားတွေမှာ သရဲကားကို အခွီလေးတွေ ရိုက်ရင် ထိမိနေအောင် ရိုက်တတ်ကြပါတယ်။ ဒီကားကလည်း ဒီလိုမျိုး မကြောက်ဘဲ ရယ်နေရတဲ့ သရဲကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ “အသည်းကွဲသရဲ” အကြောင်းပါပဲ။ ချစ်ရတဲ့ ကောင်မလေးဆီကနေ အထင်လွဲခံလိုက်ရတဲ့ Bert ဆိုတဲ့ ကောင်လေးက ရေနစ်သေပြီးတော့ သရဲ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကတော့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အလောင်းကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတဲ့ပုံတစ်ပုံက လူမှုကွန်ရက်မှာ ပြန့်လာခဲ့တာပါပဲ။ ညတွင်းချင်း ကြည့်ရှုသူပေါင်း သန်းနဲ့ချီ ရှိလာခဲ့တာကြောင့် သတင်းသမားတွေက ဒီသတင်းကို အလုအယက် လိုက်ကြပါတော့တယ်။ သတင်းသမားတစ်သိုက်နဲ့ ဒီသရဲရဲ့ အလွဲလွဲ အချော်ချော် ဖြစ်ရပ်တွေကို အသောအခွီတွေနဲ့ ရယ်မောကြည့်ရှုရမှာကတော့ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Wadi Nwe Aung ပဲ ဖြစ်ပါတယ်။ Genre…..Comedy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 677MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Wadi Nwe Aung Encoder ….. Aaron

0 2023
Ghost’s News
Stockholm Bloodbath

အခုတင်ဆက်ပေးမယ့်ဇာတ်လမ်း‌လေးကတော့ နိုင်ငံရေးဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် တော်လှန်ရေးကားပုံစံလေးဖြစ်ပါတယ် ဇာတ်လမ်းကိုအရမ်းပြောလိုက်ရင် spoilမိသွားနိုင်လို့ အတိုချုပ်ပဲပြောပါရ‌စေရှင့် အဓိက ကတော့ နိုင်ငံရေးကားလို့ပြောရပါမယ် ချစ်ကြည်ရေးကို ဗန်းပြပြီး နိုင်ငံကိုသိမ်းတာကို မခံနိုင်လို့ပြန်လည်တော်လှန်ကြရာကနေ အဲ့ထဲက နိုင်ငံရေးအရှုပ်တော်ပုံတွေ ဘုရင်နဲ့ဘုန်းတော်ကြီးတစ်ယောက်ပူးပေါင်းကြံစည်မှုတွေနဲ့ အရမ်းဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာလည်းဖြစ်တာကြောင့် ပရိတ်သတ်တွေကို ရသတစ်ခုတော့ပေးစွမ်းနိုင်မှာပါသေချာပါတယ် File size…(5.8 GB) /(2.6 GB)/(1.3 GB) Quality….Webrip 4K HEVC/1080p / 720p Format…mp4 Duration….02:25:00 Genre… Action, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

Comedy • Drama
0 2023 145 mins
Stockholm Bloodbath