YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Blooming Days E31 1080p WEB-DL CM.mp4

477.75 MB N/A video/mp4 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Best Offer
7.8

The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစား ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီး တန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင် တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်း သူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။ Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင် လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာ ကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင် မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူ အမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်း များကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲ အချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို ပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို သူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။ အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင် တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ..... ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိ ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှ အတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါကြောင်း။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Suu ပဲ ဖြစ်ပါတယ်) File size…1.59GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu

Drama • Horror
7.8 2013 131 mins
The Best Offer
Thalainagaram 2

Thalainagaram (2023) ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက် လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲ ချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေ တရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေ ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင် ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့ သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေ တစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့..... (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.43GB / 1.01GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Cherry ~ Zwe ~ Yunni

Documentary
0 2023
Thalainagaram 2
H.P. Lovecraft’s Witch House
4.1

H.P. Lovecraft’s Witch House (2022) H.P. Lovecraft ဟာ အထူးခြားဆုံးဟော်ရာဇာတ်လမ်းတွေ ထူးဆန်းထွေလာတွေကို ကြိုက်တဲ့သူတွေထဲ မသိသူမရှိတဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ H.P. Lovecraft ရဲ့ The Dreams in the Witch House ဆိုတဲ့ ဝတ္ထုတိုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပေါ့။ ရိတ်တင်တော့ မများလှပေမဲ့ ဟော်ရာဖန်တွေ လျှို့ဝှက်ဆန်းကြယ်ဖန်တွေတော့ သဘောကျကြမှာပါ။ ဇာတ်လမ်းက တစ္ဆေ သရဲဇာတ်လမ်းလို့လည်း ဆိုလို့ရသလိုလိုရှိပေမဲ့ အဲဒီထက်အများကြီးဆန်းကြယ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ဆီက အင်းတွေ ဘာတွေလိုပဲ ဂျီဩမေတြီပညာရပ်မှာ စွမ်းအားရှိတယ်လို့ ယုံကြည်ထားတဲ့ အယူအဆကို မီးမောင်းထိုးပြထားတာပါ။ ဂျီဩမေတြီပညာရပ်ကနေ မယုံနိုင်စရာကောင်းတဲ့ သဘာဝလွန်အရာတွေကို ယူဆောင်လာပေးနိုင်တယ်လို့ ဘွဲ့လွန်စာတမ်းပြုစုနေတဲ့ ကျောင်းသူစတစ်ယောက်ဟာ ထူးဆန်းတဲ့အိမ်ကြီးတစ်အိမ်ကို ပြောင်းနေရာက အိမ်ကြီးရဲ့ ဂျီဩမေတြီနည်းကျ ဗိသုကာမှာ စွမ်းအားတွေကိန်းအောင်းနေတဲ့အကြောင်းကို လေ့လာပြီး စာတမ်းပြုစုတဲ့အကြောင်း ရုပ်ရှင်ပေါ့။ ဇာတ်ဟာအလှည့်အပြောင်းတွေများသလို ကိုယ့်မျက်လုံးကိုယ်ခွာထုတ်တဲ့ ဇာတ်ဝင်ခန်းတွေရော Jump scare ဆန်ဆန်တွေရော အကုန်ရောသမမွှေထားပြီး ညဘက်မှာ မီးမှိတ်ပြီး တသိမ့်သိမ့်နဲ့ ကြောက်ဖို့ ကြည့်ရမယ့် ရုပ်ရှင်ကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.22GB, 532MB Quality – 1080p, 720p IMDb Rating – 4.1/10 Format – mp4 Duration – 1H 22Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Comedy • Romance
4.1 2022
H.P. Lovecraft’s Witch House
The Dancer
7.3

The Dancer (2011) aka Sang Penari 1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 465MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. August

Comedy • Horror • Science Fiction
7.3 2011 112 mins
The Dancer
And Yet, You Are So Sweet
6.6

And Yet, You Are So Sweet (2023) ~ IMDb – 6.6/10, MyDramaList – 7.6/10 ~ အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။ အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို မေ့ပစ်ကြည့်ဖို့ ကမ်းလှမ်းလာပါတယ်။ အရင်လူကိုမေ့ဖို့ နောက်လူကို ဟန်ဆောင်အစားထိုးချစ်မဲ့ သူတို့ရဲ့ အချစ်ဂိမ်းက ဘယ်လိုတွေဆက်ဖြစ်သွားမလဲ…။ အချေလေး ချိဂိရကရော ကြေကွဲလူငယ်လေး မာယာကိုမှ ဘာဖြစ်လို့ ဒီလိုလုပ်စေချင်ရတာလဲဆိုတာကိုတော့ ဒီချစ်စရာဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 38Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Science Fiction • Drama • Mystery
6.6 2023
And Yet, You Are So Sweet
Dust and Ashes
2.9

Dust and Ashes (2023) “ဘဝရဲ့မီုးခိုးငွေ့များ” ဘဝဆိုတာ ရုန်းကန်နေရသူအဖို့ ပြဿနာ အစိုင်အခဲကြီး ဆိုပေမဲ့ အဆုံးသတ်သွားတဲ့လူကတော့ မီးသင်္ဂြုလ်ပြာချပြီးတဲ့အချိန်မှာ ပြာမှုန်တွေပဲ ချန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ပြာမှုန်တွေကို ပိုက်ထွေးပြီး သူထားရစ်ခဲ့တဲ့တဲ့ အခိုးအငွေ့တွေကို ရှင်သန်ရတဲ့လေအဖြစ် ရှူရှိုက်အသုံးချနိုင်ဖို့ ကျန်ရစ်သူတွေက ကြိုးစားရပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိက ဇာတ်ကောင်အမျိုးသမီး ဟယ်ဆူးက မိသားစုအတွက် အလုပ်မျိုးစုံလုပ်ပြီး တစ်နေကုန် ရုန်းကန်လှုပ်ရှားနေရသူပါ။ တစ်နေ့မှာတော့ သူမရဲ့မိခင်ဖြစ်သူက ဆွဲကြိုးချပြီး သတ်သေသွားခဲ့ပါတယ်။ အမေဖြစ်သူထားခဲ့တဲ့ အသက်အာမခံကြေး ရရှိဖို့ စုံစမ်းသူ နဲ့ အာမခံကုမ္ပဏီကြား သူ ဘာတွေ လှုပ်ရှားရတယ်ဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 522MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. SanDaKuu Encoder ….. Aaron

2.9 2022
Dust and Ashes
Dinda
5.7

အဝေးရောက်ချစ်သူဆိုတဲ့ဘဝကို ကိုယ်တိုင် ကြုံဖူးခဲ့ရတဲ့သူတွေ စာနာနားလည်နိုင်မဲ့ သာမန်ရိုးရှင်းတဲ့ အချစ်ဇာတ်ကားလေးတစ်ခုပါ… ချစ်ရသူနဲ့ ဝေးဝေးမှာ အချိန်အကြာကြီးနေရဖို့ဆိုတာကို ဘယ်သူမှ မလိုလားပေမဲ့ ရှောင်လွှဲလို့မရတဲ့ အကြောင်းတွေကြောင့် မတတ်သာတဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြရသူချည်းပါပဲ… အဲဒီလိုအဝေးရောက်ချစ်သူဘဝနဲ့ သုံးနှစ်တာနေထိုင်ပြီးနောက် နောက်ဆုံး ချစ်သူ “ဂယ်ရီ” ရှိရာ ဂျာကာတာကို ပြန်လာနိုင်ခဲ့တဲ့ ဒင်ဒါ ဆိုတဲ့ကောင်မလေး “အခုကစပြီး ပျော်စရာတွေပဲရှိတော့တယ်… အခုချိန်က ပျော်ရွှင်စရာဇာတ်ကြောင်းလေးရဲ့ အစပဲ.. ချစ်ရသူနဲ့ အတူတူ ပျော်ပျော်ကြီးနေမယ်” ဆိုတဲ့ ဒင်ဒါတစ်ယောက် ချစ်ရသူနဲ့ ပြန်တွေ့တဲ့အခါ ထင်ထားသလို မပျော်ရွှင်ရဘဲ ရန်တွေဖြစ်ရင်း ပြန်အဆင်ပြေလိုက်ရင်းနဲ့ စိမ်းကားလာကြပါတယ်… အဲဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲ… ချစ်သူတွေ အနေဝေးသွားလို့ပဲလား… အနေဝေးတဲ့ချစ်သူတိုင်း ဝမ်းနည်းဖွယ်ရာဇာတ်သိမ်းနဲ့ပဲ ကြုံတွေ့ရတာလားဆိုတာကို ဒီကားလေးကြည့်ရင်း အဖြေရှာနိုင်ကြမှာ ဖြစ်ပါတယ်… File size…1.35GB / 573MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Drama • History
5.7 2024 94 mins
Dinda
Ghost World
7.3

Ghost World (2001) ~ IMDb – 7.3/10, RT – 93%, Meta – 90% ~ Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ နာမည်ကြီးသွားတာတို့ပေါ့။ ဒီရုပ်ရှင်မှာက ကျောင်းသားပြဿနာတွေကိုကျော်ပြီး အထက်တန်းပြီးပြီးချင်း ဘဝကြီးထဲရောက်လာတဲ့ ကောင်မလေး ၂ ယောက်ရဲ့ ရှုထောင့်တွေကိုပြောထားတယ်။ ဒဿနပိုင်းအရလည်း တော်တော်ကိုပြည့်ဝတဲ့ Coming-of-Age ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ လူငယ်ဘဝကိုဖြတ်သန်းဖူးတဲ့လူတိုင်း ကြုံခဲ့ရမယ့် -ism တွေပေါ့။ ဒါကို ဟာသဆန်ဆန် ပြောပြသွားတာ လက်ဖျားခါဖို့ကောင်းတယ်။ ဒီရုပ်ရှင်က ရုပ်ပြစာအုပ်ကနေ ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ကား။ ရုပ်ပြအကြောင်းတော့ တကူးတက သိပ်ပြောဖို့မလိုပါဘူး။ ဘာလို့ဆို ဒီရုပ်ရှင်က ရုပ်ပြနဲ့ တော်တော်လေးကို နီးစပ်အောင် ရိုက်ထားနိုင်လို့ပါပဲ။ ရုပ်ရှင်ကိုကြည့်ရုံနဲ့ ရုပ်ပြဘယ်လောက်ကောင်းသလဲ မြင်သာပါတယ်။ ပြီးတော့ ဒီရုပ်ရှင်က Adaptive Screenplay အော်စကာဆုအတွက်တောင် ဆန်ကာတင်ပါခဲ့ပါသေးတယ်။ ဒါရိုက်တာ Terry Zwigoff ဆိုတာကလည်း ကားနည်းနည်းပဲရိုက်ပေမဲ့ ဒီလို “စည်းအပြင်ကလူ” အထာ ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့ဘဲမျိုးဆိုတော့ တော်တော်ကို အံကိုက်ဖြစ်သွားတယ်ပြောရမယ်။ သူကိုယ်တိုင်ကိုကလည်း အဲဒီလို ဘုကန့်လန့်ကိုး။ သူ့မိတ်ဆွေတစ်ယောက် ကြားမကောင်းတဲ့အမှုတစ်ခုနဲ့ ထောင်ကျတာကိုတောင် ပြန်လွှတ်ဘာညာ လှော်ခဲ့သေးတာ။ ဒီရုပ်ရှင် Iconic ဖြစ်ရတဲ့ အကြောင်းပြချက်ထဲမှာ သရုပ်ဆောင်တွေကောင်းတာကြောင့်လည်း ပါတယ်။ Thora Birch က လောကကြီးကို အမြင်ကပ်ပြီး လူတွေကို စိတ်ကုန်နေတဲ့ ကောင်မလေးဇာတ်ရုပ်နဲ့ သိပ်ကိုက်တယ်။ ဇာတ်လမ်းထဲတင်မဟုတ်ပါဘူး။ အပြင်မှာလည်း ရိုက်ကူးရေးအဖွဲ့ကို ဂဂျီဂဂျောင်ကျလွန်းလို့ အကုန်လုံးစိတ်ဒုက္ခရောက်ရတယ်ဆိုပဲ။ ဒုက္ခအိုးဇာတ်ရုပ်ကို အပြင်ထိသယ်သွားနိုင်တယ်ပဲပြောရမလား၊ လက်တွေ့ဘဝကဇာတ်ရုပ်ကို ရုပ်ရှင်ထဲထိ သယ်လာတယ်ပြောရမလားတော့မသိဘူး။ နောက်ထပ် ချီးကျူးရမှာက Steve Buscemi ပေါ့။ ဒီဘဲကတော့ သိတဲ့အတိုင်း အုန်းဆီကောက်လိမ်း၊ ခေါင်းဆွဲဖြီးပေးပြီး ရှပ်အင်္ကျီကို ခါးကြားညှပ်ခိုင်းလိုက်ရင် အရှုံးသမားလိုလို Geek လိုလိုရုပ်ပေါက်သွားတာမျိုး။ ဒီထဲမှာလည်း သူက အဲဒီလိုပဲလုပ်ထားတယ်။ အံ့ဩဖို့ကောင်းတာက သူ့ရဲ့ အဲဒီလို အူကြောင်ကြားပုံစံက Creepy ဖြစ်မယ့်အစား ကြည့်နေတဲ့လူတွေအတွက်ပါ တစ်မျိုးလေး ခင်ချင်စရာကောင်းသွားတာပဲ။ နောက်အဓိကတစ်ယောက်ကတော့ မမ Scarlett Johansson ပေါ့လေ။ မမကတော့ မမ ဖြစ်နေလို့ အရမ်းကောင်းတဲ့အပြင် လှချက်ကလည်း လက်ဖျားခါဖို့ကောင်းတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် သဘာဝကျလွန်းနေတာက သဘောကျဖို့ကောင်းတယ်။ အပြင်လက်တွေ့ဘဝက ကောင်မလေးတွေ စကားပြောနေသလိုကို သဘာဝကျတာ။ အတင်းတုပ်တာကစလို့ ရန်ဖြစ်ကြတဲ့အထိ။ ဇာတ်လမ်းအကြောင်းကတော့ အထက်တန်း ပြီးခါစ ကောင်မလေး ၂ ယောက်ကစတယ်။ အီနစ် (Thora Birch) နဲ့ ရေဗက္ကာ (Scarlett Johansson)။ အထက်တန်းပြီးတော့ အားလုံးကိုယ်စီ ဘဝလမ်းကြောင်းရွေးရမယ့်အချိန်ပေါ့။ ဒီအချိန်ကို လူတိုင်းနီးပါးကြုံဖူးလိမ့်မယ်။ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိဖြစ်တဲ့အချိန်မျိုးပေါ့။ ကျောင်းစာတွေကနေ ဝေးပြီး လူ့လောကထဲ အတည်ပေါက်ရောက်လာတော့ လူတွေအကြောင်းပိုပိုသိလာလေလေ လူတွေကို အမြင်ကပ်လာလေလေနဲ့ တစ်လောကလုံးကို ဆန့်ကျင်ချင်စိတ်ပေါက်လာတဲ့ကာလမျိုး။ ဒီအချိန်မျိုးမှာ သူတို့ ၂ ယောက်ကလည်း ‌လျှောက်မွှေတာပေါ့လေ။ တစ်နေ့ကျတော့ သတင်းစာထဲမှာ လူရှာ‌တဲ့ကြော်ငြာတစ်ခုတွေ့လိုက်တယ်။ အဲဒီလူက လေဆိပ်ထဲမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ရှာနေတာ။ အဲဒါနဲ့ သူတို့ကလည်း စသလိုနောက်သလိုနဲ့ ဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်ကို ချိန်းလိုက်တယ်။ ပြီးတော့ အဲဒီလူ ထိုင်စောင့်နေတာကို ထိုင်ကြည့်ပြီး ဟားကြတာပေါ့။ ဟားရုံနဲ့တင်မပြီးဘဲ အဲဒီလူနေတဲ့နေရာကို နောက်ယောင်ခံလိုက်မယ် ဆိုပြီး Stalk ကြပါလေရော။ ဖြစ်ချင်တော့ အဲဒီလူက သူတို့နဲ့ တစ်ရပ်ကွက်ထဲမှာ နေတဲ့လူဖြစ်နေတယ်။ သူက ရှေးဟောင်းပစ္စည်းတွေစုတာ၊ အထူးသဖြင့်ဓာတ်ပြားပေါ့။ သူ့နာမည်က ဆီးမောလို့ခေါ်တယ်။ သူက ဓာတ်ပြားဟောင်းတွေလည်း ပြန်ထုတ်ရောင်းတတ်တယ်။ ဒါနဲ့ သူတို့သူငယ်ချင်း နှစ်ယောက်က အဲဒီလူ ဓာတ်ပြားထုတ်ရောင်းတဲ့နေရာကို ဟိုလိုလို ဒီလိုလိုနဲ့ ဝင်ပြီး မိတ်‌ဖွဲ့တာပေါ့။ အဲဒီမှာ ယောက်ျားတွေကို ငတုံးတွေ၊ မုန်းဖို့ကောင်းတဲ့ကောင်တွေလို့ ယူဆထားတဲ့ အီနစ်က ဆီးမောကို မြင်တော့ သနားသွားတယ်။ သူတို့ အဲဒီလို ဓာတ်ပြားငှားလိုက်ပေးလိုက်နဲ့ ပိုပိုခင်လာတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အသက်အရွယ်ကွာပေမဲ့ လူတွေကို စိတ်ပျက်တာချင်း တူတာကြောင့် ပေါင်းလို့သင်းလို့အဆင်ပြေနေတာပေါ့။ အီနစ်က အလုပ်ရှာဖို့ ဝေလေလေ လုပ်နေတဲ့အချိန် ရေဗက္ကာကတော့ အိမ်ခွဲနေဖို့ စိုင်းပြင်းနေတယ်။ အဲဒီမှာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝလားရာက ကွာလာတယ်။ အီနစ်က လူတွေကိုစိတ်ပျက်တယ်။ သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ် မလုပ်ရလို့ စိတ်ညစ်နေတယ်။ ပြီးတော့ လူတွေရဲ့ စံနှုန်းကို အချိန်ပြည့်မေးခွန်းထုတ်နေတယ်။ ရေဗက္ကာကကျ ဘဝကို သာမန်အတိုင်း လိုက်လျောညီထွေနေသွားချင်နေတယ်။ သူ့အဖေကလည်း အီနစ်ကြည့်မရတဲ့ မိန်းမတစ်ယောက်နဲ့ပြန်တွဲနေတယ်။ ‌အီနစ်အနေနဲ့ ရေဗက္ကာရဲ့လုပ်ရပ်တွေ၊ သူ့အဖေရဲ့လုပ်ရပ်တွေကို နားမလည်နိုင်ဖြစ်လာတယ်။ မလာတော့မယ့်ဘတ်စ်ကားကို နေ့တိုင်း လာထိုင်စောင့်နေတဲ့ နော်မန်ဆိုတဲ့လူကို သူနားလည်လာတယ်။ ဒီလိုနဲ့ ရုပ်ရှင်တစ်ခုလုံးကို ပေါ့ပေါ့ပါးပါးဆွဲခေါ်ပြီး နောက်ဆုံးမှာ တွေးစရာတစ်ခုနဲ့ ဇာတ်သိမ်းပေးလိုက်တယ်။ ဇာတ်သိမ်းကတော့ တွေးကြည့်ရုံပေါ့။ ပုံမှန် Coming-of-Age ကားတွေမှာ မြင်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ ဒဿန Philosophy ပိုင်းမှာလည်း ဒီရုပ်ရှင်က တော်တော် ခြုံမိတယ်ပြောရမယ်။ ဒီလို လူ့စရိုက်ကို သိသိသာသာပြနိုင်တဲ့ High School Rom-Com မျိုး တော်တော်ရှားတယ်။ အဓိကကတော့ Nihilism နတ္ထိက ဝါဒ နဲ့ Absurdism ဘဝအနက်မဲ့ဝါဒ ပေါ့။ အီနစ်ရဲ့ ဘဝကိုရှုမြင်ပုံက အဲဒီနှစ်မျိုးကို ရောထားတာပဲ။ နီးချာရဲ့ Nihilist ပုံစံနဲ့ ကမူးရဲ့ Absurdist ပုံစံမျိုး။ အီနစ်ဆီမှာ လူမှုစံနှုန်းတွေကို မေးခွန်းထုတ်ပြီး သူ့ကိုယ်သူ သင်းကွဲတစ်ယောက်လို ခံစားလာရတာကို အထင်းသားမြင်နေရတယ်။ အဲဒီ ဝါဒနှစ်ခု ယှဉ်တွဲ‌တယ်ဆိုတဲ့နေရာမှာ အီနစ်ရဲ့ လူ့လောကကိုရှုမြင်ပုံက Nihilist ဆန်ပြီး လောကကြီးကို သူတုံ့ပြန်တဲ့ပုံစံက Absurdist ဆန်နေတယ်။ လောကကြီးက အဓိပ္ပာယ်မရှိဘူး၊ မရှိလို့ လောကကြီးရဲ့ အပိုဆာဒါးစံနှုန်းတွေကို ဆန့်ကျင်ပြီး ငါ့လမ်းငါဖောက်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်တော်တို့လည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ လောကကြီးရဲ့ အဓိပ္ပာယ်မဲ့မှုတွေကို စိတ်ကုန်လာမိလိမ့်မယ်။ ဘဝရဲ့အဓိပ္ပာယ်ကို လိုက်မရှာနေရင်တောင် ငါတို့က ဘာကြောင့် ဆိုတဲ့ မေးခွန်းလေးတစ်ခုကို ကိုယ့်ကိုယ်မေးဖူးကြလိမ့်မယ်။ အဲဒီအတွက်လည်း အဖြေတွေ အမျိုးမျိုးရှိနေလိမ့်ဦးမယ်။ ကမူးစကားအရဆိုရင်တော့ “ပျော်ရွှင်မှုကို ဘာနဲ့ဖွဲ့စည်းထားလဲလိုက်ရှာနေရင် ပျော်ရမှာမဟုတ်ဘူး။ ဘဝရဲ့ အဓိပ္ပာယ်ကိုလိုက်ရှာနေရင် ဘယ်တော့မှ ဘဝကို တကယ်နေထိုင်ရမှာမဟုတ်ဘူး” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.4GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.3 2001 111 mins
Ghost World
Adam the First

ငယ်ငယ်လေးကတည်းက မွေးစားမိဘတွေနဲ့အတူနေထိုင်လာခဲ့တဲ့ အာဒံဟာ သိချင်စိတ်, စူးစမ်းချင်စိတ်ပြင်းတဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့မိဘအရင်းတွေကို သိချင်လာပါတော့တယ်။ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့အတူတူ တောထဲမှာပဲ နေခဲ့ပြီးတော့ အတန်းပညာမတတ်ပေမယ့် မွေးစားအဖေဟာ အသက်ရှင်နေထိုင်နိုင်မယ့် နည်းလမ်းများကိုတော့ စုံလင်အောင် သင်ကြားပေးခဲ့ပါတယ်။ တရက်မှာတော့ မွေးစားမိဘတွေရဲ့ နေရာကို ရဲတွေရောက်လာရင်း ရုန်းရင်းဆန်ခတ်ဖြစ်ခါ မိဘနှစ်ပါးလုံး သေနတ်နဲ့အပစ်ခံရတာကို မြင်လိုက်ရတဲ့ အာဒံဟာ ထွက်ပြေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဘယ်ကိုသွားရမှန်းမသိတဲ့ အာဒံဟာ သူ့ရဲ့ မိဘအရင်းတွေကို လိုက်ရှာဖို့ ခရီးထွက်လာပါတော့တယ်။ မိဘအရင်းတွေရဲ့အကြောင်းဆိုလို့ သူ့အဖေအရင်းနာမည်ဟာ ဂျေကော့ဘ်ဝါတာဆန်ဆိုတာကလွဲရင် ဘာမှမသိရပါဘူး။ အဖေရင်းရှာပုံတော်ဖွင့်ရင်းကနေ အာဒံတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲ …… နောက်ဆုံးမှာရော အဖေအရင်းနဲ့ တွေ့ခွင့်ရခဲ့မလား ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(1.4 GB)/(710 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

Horror
0 2024
Adam the First
Be My Friend
5.9

CM တရုတ်ကားဖန်တို့ သတိထားမိမှာပါ တရုတ်ကားတွေက အချိန်ခရီးသွားလိုက် အမေနဲ့ပြန်ဆုံလိုက် အဖေနဲ့ပြန်ဆုံလိုက် အစုံကို ဇာတ်လမ်းမျိုးစုံရေးပြီး ရိုက်ကူးလာတာများတယ်.. ဒီနေ့မှာတော့… အမေတစ်ခု သမီးတစ်ခု ဘဝမို့ အမေကို ပိုချစ်တာတော့မဟုတ်ဘဲ… ဒီအမေကို မလိုချင်ဘူး.. ဒီအမေရဲ့သမီးဖြစ်မယ့်အစား ဒီလူ့ဘဝကြီးထဲ မရောက်လာရင်ပိုကောင်းဦးမယ်ဆိုတဲ့ လီကျင့်ပုတစ်ယောက် အမေနဲ့ စကားများကြီး အိမ်ကဆင်းသွားတဲ့အကြောင်းပေါ့… အားလုံးအပြိုင်လောကအကြောင်းသိကြမှာပါ… ဒီကားလေးကတော့ အိမ်ပေါ်ကဆင်းသွားတဲ့ လီကျင့်ပုတစ်ယောက် အပြိုင်လောကရောက်ပြီး သူ့အမေငယ်ဘဝနဲ့ ဆုံတဲ့အကြောင်းရိုက်ကူးထားတာပေါ့… လီကျင့်ပုလေးက ငယ်ငယ်တည်းက အဖေဘယ်သူဆိုတာ မမြင်ဖူးဘူးသလို နာမည်တောင် အမေမပြောပြလို့ ကွာရှင်းစာချုပ်မှာ ခိုးကြည့်ခဲ့ရသူပေါ့… တစ်ကိုယ်တော် အမေ၊ အလုပ်အတည်တကျမရှိတဲ့ အမေ၊ နေ့နေ့ညည အရက်နာကျနေတဲ့အမေကြောင့်… ငယ်ငယ်တည်းက ကျောင်းတွေခဏခဏပြောင်းပြီး သူငယ်ချင်းဆိုပြီး မူးလို့ရှူစရာတောင်မရှိခဲ့သူပေါ့… ဒါပေမယ့် သန္ဓေကောင်းလို့ စာတော်ပြီး ပညာသင်ဆုနဲ့ သူ့အမေဆီက ထွက်ပြေးမယ်လုပ်ခဲ့တဲ့အစီစဉ်ပါ ပျက်စီးသွားလို့… အိမ်ပေါ်က ဆင်းဖို့အထိဖြစ်သွားတာပေါ့… အမေငယ်ဘဝနဲ့ဆုံချိန်မှာပဲ သူ့အမေကွာရှင်းစာချုပ်ထဲက အဖေဆိုသူပါ ဆုံခဲ့ရတယ်… ဒီလိုနဲ့ပဲ လီကျင့်ပုတစ်ယောက် သူ့ရဲ့ အမေနဲ့အဖေ မေတ္တာမမျှဖို့နဲ့ သူမမွေးလာနိုင်ဖို့အတွက် မဟာစီမံကိန်းကြီး ဆောင်ရွက်တော့တာပေါ့… ကဲ လီကျင့်ပုတစ်ယောက် အောင်မြင်မှာလား… ဘယ်လို အဆုံးသတ်တွေ့ရမလဲ… ကြားထဲ ဘယ်လို လှည့်ကွက်တွေရှိနေမလဲ… လီကျင့်ပု တစ်ယောက်မသိတဲ့ ဘာအကြောင်းတွေရှိနေဦးမလဲ…. ဇာတ်လမ်းလေးက ဖြေပေးသွားပါလိမ့်မယ်.

5.9 2024
Be My Friend
Crazy Scary 2 aka Barikowa 2: Norowareta Onna-tachi

Barikowa 2(2023) Japan Horror ပရိသတ်ကြီးအတွက် ပဟေဋိဆန်ဆန်ထိတ်လန့်စေမဲ့ကား စိမ်းစိုလှပတဲ့မြက်ခင်းပြင်ကျယ်ကြီးမှာ အေးချမ်းမှုကိုခံစားနေတဲ့ မိန်းကလေးတစ်ယောက်တွေ့ကြံလိုက်ရတဲ့ ထိတ်လန့်စရာဖြစ်ရပ်…။ ဆောက်လုပ်ပြီးချိန်တည်းက သူ့ထံမှာလာခိုနားသူတွေကို ခင်မင်ရင်းနှီးစိတ်ဝင်ခဲ့တဲ့ အိုဆာကာမြို့လယ်က တိုက်ခန်းနံပါတ် 1313 ၊ ပထမဆုံးပိုင်ရှင်က စီးပွားရေးကျသွားလို့ သူ့ကိုအရောင်းတင်ပြီးအကြာကြီးလူမနေဘဲရှိနေတော့ အထီးကျန်မှုတွေခံစားလာရတဲ့ တိုက်ခန်းနံပါတ် 1313….။ အဲဒီအချိန်မှာ မီအိုဆိုတဲ့ကောင်မလေးက သူ့ဆီကိုရောက်လာခဲ့ပြီး သူ့ကိုသက်ရှိတစ်ယောက်လိုနှုတ်ဆက်ပြောဆိုမှုတွေမှာ ပိုသဘောကျသွားမိတယ် ။ တစ်နေ့ မီအိုခေါ်လာတဲ့လူတစ်ယောက်က မီအို့ကိုအသက်အန္တရာယ်ပေးတဲ့အချိန် သူ့အပေါ်သံယောဇဉ်တွယ်နေတဲ့တိုက်ခန်းက ကာကွယ်ပေးဖို့ကြိုးစားရာက ထူးဆန်းတဲ့ထိတ်လန့်စရာတွေဖြစ်လာခဲ့တယ် ။ သရဲတို့ဝိညာဉ်တို့ဆိုတာထက် ကို့ဘေးကအရာတွေက ရုတ်တရက်ချောက်ချားစရာဖြစ်သွားတဲ့ပုံစံမျိုးရှုစားရမဲ့ကားဖြစ်ပါတယ် အညွှန်းနှင့်ဘာသာပြန်သူကတော့ BpL ပဲဖြစ်ပါတယ်

0 2023
Crazy Scary 2 aka Barikowa 2: Norowareta Onna-tachi
Twelve

Twelve (2010) ************* ဒီဇာတ်ကားက ဝှိုက်မိုက်ဆိုတဲ့ မူးယစ်ဆေးရောင်းတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်… အရင်ကတော့ သူက အရမ်း ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ ကျောင်းထွက်ပြီး သူ့အရင်က အတန်းဖော်တွေကို ဆေးခြောက်ရောင်းရင်း အသက်မွေးနေရတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ… သူ့အမေ သေဆုံးသွားတဲ့နောက်မှာ သူ့ဘဝက အောက်ကို ပိုပြီး ထိုးကျခဲ့တော့တာပါပဲ… သူ့ရဲ့ ဝမ်းကွဲညီဖြစ်သူကလည်း ဆေးရောင်းတဲ့ကောင်တစ်ယောက်ဆီမှာ အသတ်ခံလိုက်ရပါတယ်… အဲဒီမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကအနေနဲ့ မူးယစ်ဆေးက လူငယ်တွေရဲ့ ဘဝကို ဘယ်လောက်ထိ ဖျက်ဆီးပစ်နိုင်လဲဆိုတာကို ပြောထားတာဖြစ်လို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ လို့ ပြောလိုက်ပါရစေ… အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်… File Size : 1.64GB / 700MB Quality : BluRay 1080p 5.1ch / 720p Duration : 1 hr. 38 min. Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by BZW Encoded by Heather Oo

0 2010 93 mins
Twelve
Online Selling

Online Selling (2025) မလီဆာနဲ့အောဆန်းတို့ဟာ အတန်းပညာမတတ်သလိုလုပ်ငန်းအတွေ့အကြုံလည်းမရှိတာကြောင့်လတ်တလောမှာ အွန်လိုင်းပေါ်က အဝတ်အထည်တွေ၊Sex toy တွေ Live လွှင့်ရောင်းတဲ့အလုပ်ကိုဗန်းပြလုပ်ပြီးနောက်ကွယ်မှာ အော်ဒါလိုက်တဲ့အလုပ်နဲ့အသက်မွေးနေပါတယ်။ ဒီဘ၀ကနေ ရုန်းထွက်ချင်တယ်ဆိုပေမယ့်လတ်တလောရွေးချယ်စရာမရှိတာကြောင့် ဆက်လုပ်ဖြစ်နေရင်းက ကယ်တင်ရှင်ကိုလည်း နှစ်ဦးလုံးရှာဖွေနေကြတာဖြစ်ပါတယ်။ သူတို့မျှော်လင့်ထားတဲ့ ကယ်တင်ရှင်ဟာဘယ်သူဖြစ်မလဲ? တကယ်ပဲ သူတို့ရဲ့ဆုတောင်းတွေပြည့်လာမလားဆိုတာတွေကိုဆက်လက်ရှုစားကြပါ။ ဇာတ်ပို့နေရာကအနေများတဲ့ Arah Alonzo နဲ့Aria Bench တို့ကို constume အမျိုးမျိုးနဲ့ပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (450 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:10:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

0 2025 70 mins
Online Selling
Nocturnal
6.5

Nocturnal (2025) ********************* အားလုံး စောင့်မျှော်နေကြတဲ့ Along With the Gods ဇာတ်ကားမှ မင်းသားကြီး Ha Jung-Woo နဲ့ The Fiery Priest မှ မင်းသား Kim Nam-Gil တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် အက်ရှင်မှုခင်းဇာတ်ကားသစ်လေးက နောက်ဆုံးတော့ ထွက်ရှိလို့လာပါပြီ။ – ဇာတ်လမ်းအကျဉ်း – ဘယ်မင်ထယ် (Ha Jung-Woo) က ယခင်က ဂန်းစတားဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ မင်ထယ် ညဘက်အိပ်နေတုန်း ညီဖြစ်သူဆော့ထယ်က ဖုန်းဆက်လာခဲ့ပေမဲ့ မင်ထယ်က မကိုင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဆော့ထယ်နဲ့ အတော်ကြာအဆက်အသွယ်မရဘဲ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ ဆော့ထယ်ကို သွေးရာတွေအပြည့်နဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော့ထယ်နဲ့ အတူနေထိုင်နေသူဖြစ်တဲ့ ချာမွန်းယောင်း (Yoo Da-In) လည်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် မင်ထယ်လည်း ညီဖြစ်သူကို သတ်တဲ့ လူသတ်သမားကို သိရဖို့အတွက် သဲလွန်စတွေ လိုက်စုံစမ်းရင်း စာရေးဆရာ ဂန်ဟိုယောင်း (Kim Nam-Gil) ရဲ့ ရောင်းအားအကောင်းဆုံး “ညခရီး”ဆိုတဲ့ ဝတ္ထုစာအုပ်နဲ့ ဆက်စပ်နေမှန်း သိလိုက်ရပါတယ်။ ဒါ့အပြင် ထူးဆန်းတဲ့နောက်တစ်ချက်က ချာမွန်းယောင်းမပျောက်ခင် နောက်ဆုံး ဖုန်းဆက်ထားတဲ့သူက ဂန်ဟိုယောင်းဖြစ်နေတဲ့အခါမှာတော့… ဆော့ထယ်သေဆုံးမှုရဲ့ နောက်ကွယ်က အဓိကတရားခံက ဘယ်သူဖြစ်မလဲ… ဂန်ဟိုယောင်းရဲ့ ဝတ္ထုနဲ့ရော ဘယ်လိုဆက်စပ်နေတာဖြစ်မလဲ… မွန်းယောင်းကလည်း ဘာလို့ ပျောက်ဆုံးသွားသလဲဆိုတာကို ဘယ်မင်ထယ်နဲ့အတူ အဖြေရှာကြည့်ရင်း ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File Size : 1.38GB/ 550MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:40:00 Genre : Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo & Treasure Htet Encoded by Tiff

Comedy • Horror • Romance • War
6.5 2025
Nocturnal
Diablo
6

Diablo (2025) ဒီရုပ်ရှင်က ကိုလံဘီယာ-အမေရိကန်ပူးပေါင်းထုတ်လုပ်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Ernesto Díaz Espinoza ရဲ့ လက်ရာပါ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ထောင်ကပြန်လွတ်လာတဲ့ ကရစ်ချီနီ (Kris Chaney) အဖြစ် Scott Adkins က သရုပ်ဆောင်ထားပါတယ်။ ကရစ်ဟာ ထောင်ကထွက်လာပြီး သေဆုံးသွားတဲ့ မိခင်တစ်ဦးရဲ့ကတိတစ်ခုကို ဖြည့်ဆည်းဖို့ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို စတင်ခဲ့ပါတယ်။ သူဟာ ကိုလံဘီယာဂိုဏ်းစတားခေါင်းဆောင် ဗင်ဆင့် (Vicente) ရဲ့သမီး အဲလီဆာ (Elisa) ကို ပြန်ပေးဆွဲခဲ့ပြီး ဒီလုပ်ရပ်က သူ့ဘဝကို ပိုမိုအန္တရာယ်များသွား​စေပါတယ်။ ဗင်ဆင့်ဟာ သူ့သမီးကို ပြန်ယူဖို့ ရာဇဝတ်လောကတစ်ခုလုံးကို လှုံ့ဆော်ပြီး စိတ္တဇလူသတ်သမား အဲလ်ကော်ဗိုကို ငှားရမ်းခဲ့ပါတယ်။ အဲလ်ကော်ဗိုဟာ ဗင်ဆင့်ရဲ့မိသားစုကို လက်စားချေဖို့ လိုက်လံခြိမ်းခြောက်နေသူပါ။ ကရစ်ဟာ အဲလီဆာကို ကာကွယ်ရင်း သူ့ရဲ့ကတိကို ထိန်းသိမ်းဖို့ ထောင်ထဲမှာရော အပြင်မှာပါ သင်ယူခဲ့တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုအားလုံးကို အသုံးပြုရပါတယ်။ ဒီရုပ်ရှင်ဟာ ပြင်းထန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ပြည့်နေပြီးတော့ Scott Adkins နဲ့ Marko Zaror တို့ရဲ့ လက်ချင်းယှဉ်ထိုးတဲ့ တိုက်ခိုက်ရေးပုံစံတွေကို အဓိကထားပြသထားလို့ ကြည့်ရတာ တကယ်ကို ကောင်းပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ခံစားချက်၊ ပြန်လည်အဖတ်ဆယ်ယူ​တဲ့ ကတိ စတာတွေကိုလည်း နည်းနည်းထည့်သွင်းထားပါတယ်။ ဒီရုပ်ရှင်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ​တော့ Channel Myanmar မှာ မြန်မာစာတန်းထိုးနဲ့ စတင်ကြည့်ရှုနိုင်ပါပြီဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (6 GB) / (2 GB) / (960 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Thriller Duration…. 01:32:50 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Drama • Horror • Thriller
6 2025 91 mins
Diablo