YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Blooming Days E23 1080p WEB-DL CM.mp4

454.93 MB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
House of Darkness
4.9

ဘဝမှာ ကြောက်ဖို့ကောင်းတဲ့သရဲကား၊ Horror Thriller အမျိုးအစားရုပ်ရှင်ကားမျိုးတွေအများကြီး ကြည့်ဖူးကြပါလိမ့်မယ်။ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ House of Darkness ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ တမူထူးခြားတဲ့ Horror/Mystery အမျိုးအစားရုပ်ရှင်ကားဖြစ်တယ်ဆိုတာ အာမခံပါရစေ။ ရုပ်ရှင်တစ်ကားလုံးမှာ အဓိကဇာတ်ဆောင် ၂ ယောက်နဲ့ အရန်မင်းသမီး ၂ ယောက်သာပါဝင်တဲ့ ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေရဲ့ စိတ်ကိုမရိုးမရွဖြစ်အောင်ဖန်တီးပေးမှာသေချာပါတယ်။ အစပိုင်းမှာတော့ ပျင်းဖို့ကောင်းတယ်လို့ ထင်ရကောင်းထင်ရနိုင်ပေမယ့် အချိန်ကြာလာလေလေ သိချင်စိတ်ပိုများလာအောင် စွဲဆောင်သွားပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟက် ဆိုတဲ့အမျိုးသားတစ်ဦးဟာ မီနာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးကို ဘားမှာတွေ့ပြီး အိမ်ပြန်ပို့ပေးရာကနေစတင်ထားပါတယ်။ အိမ်ဆိုတာကလည်း ရဲတိုက်ကြီးဖြစ်ပါတယ်။ ရဲတိုက်ကြီးဆီအရောက်မှာတော့ မောင် Hap ဟာ ယောင်္ကျားတို့ထုံး နှလုံးမူပြီး Mina ကိုအရကြံဖို့ သိုင်းကွက်ပေါင်းစုံခင်းပါတော့တယ်။ ဘာဆက်ဖြစ်မလဲ? မီနာက ဟက် ကိုဘယ်လိုခေါင်းစားမလဲ? သူ့အကြံကောအောင်မြင်ပါ့မလား? အိမ်ကြီးရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတာကိုတော့ လျှို့ဝှက်ဆန်းကြယ် House of Darkness ဆိုတဲ့ကားလေးကြည့်ရင်း အဖြေရှာနိုင်ကြောင်း ညွှန်းပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 860MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Comedy, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Adventure • Fantasy • Thriller
4.9 2022 88 mins
House of Darkness
X Zone
9.5

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘောလီဝုဒ် ၁၈ အပေါင်း ကားလေးပဲ ဖြစ်ပါတယ်နော် ၁၈ အပေါင်းအခန်းတွေလည်း ပါဝင်သလို သည်းထိတ်ရင်ဖို ခြောက်ခြားစရာအခန်းများလည်းပါလို့ စောင်ကိုက်တဲ့သူကကိုက်..ခြုံတဲ့သူက ခြုံ.. FA တွေဆိုရင်တော့ ထိုင်ငိုလို့ရအောင် တစ်သျှူးပါဆောင်ထားကြနော်။ ဇာတ်လမ်းအကျဉ်း...။ လူငယ်သဘာဝ စွန့်စားချင်တဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ အတွဲကိုယ်စီနဲ့ တောကြီးမျက်မည်းထဲက အပန်းဖြေအိမ်ကြီးတစ်ခုဆီ အပန်းဖြေခရီးထွက်လာကြပါတယ်။ ညရောက်တော့ သူတို့လေးတွေ ပျော်ပျော်ပါးပါးဆော့ကစားကြတယ် သောက်စားကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအိမ်ကြီးက ခြောက်နေတာကို သူတို့မသိကြရှာဘူး။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကလည်း သူတို့မရိပ်မိခင်မှာဘဲ တဖြည်းဖြည်း အရှိန်တက်လာနေခဲ့ပါတယ်။ သူတို့တွေအားလုံးကလည်း ကိုယ့်စိတ်ကူး ကိုယ့်အကြံကိုယ်စီနဲ့ ဒီခရီးကို ထွက်လာခဲ့ကြတာပေါ့။ ဒီလိုနဲ့ သူတို့တွေကြားမှာ လူသတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဘယ်သူဘယ်ဝါသတ်လို့သတ်မှန်းမသိကြဘဲ အချင်းချင်းကလည်း သံသယစိတ်တွေဝင်လာကြပါပြီ။ ကဲ ဆက်လက်ပြီး ရင်ခုန်ရမယ့်အပိုင်းကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပြီး သူတို့သူငယ်ချင်းတွေအားလုံး လွတ်မြောက်နိုင်ပါ့မလား...။ ဒီအိမ်ကြီးရဲ့တကယ့်ဖြစ်ရပ်မှန် နောက်ကြောင်းရာဇဝင်က ဘာတွေဖြစ်နေမလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…1.6GB  / 757MB Quality…1080p WEB DL /720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil

Action • Comedy • Fantasy
9.5 2020 97 mins
X Zone
Dear David
6

Dear David (2023) ****************** ဇာတ်လမ်းလေးကတော့ဂျာကာတာမြို့က ကဟရာအထက်တန်းကျောင်းမှာ Dear David ဆိုတဲ့ အပြာဇာတ်လမ်းဟာ ကျောင်းသားကျောင်းသူတွေကြားမှာ အရမ်းရေပန်းစားလာပါတယ်။ ဒါပေမယ့် ကျောင်းမှာကလည်း ကျောင်းသူတွေကြားမှာ‌နာမည်ကြီးနေတဲ့ ဒေးဗစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက်ကလည်းရှိနေပြန်တယ်။ ဒီလိုဇာတ်လမ်းထွက်လာတော့ ဒေးဗစ်က အနေအထိုင်ကျပ်လာပြီး စာရေးတဲ့သူကိုလိုက်တဲ့အခါ ကျောင်းသားရေးရာဥက္ကဌလည်းဖြစ် စကော်လာရှစ်ရထားတဲ့အတန်းဖော်ကျောင်းသူလေး လာရာစ်ဖြစ်နေတာကိုသိလိုက်ရတယ်။ တကယ်ရေးခဲ့လား မရေးခဲ့လားဆိုတာမေးခဲ့အခါမှာ‌တော့ လာရာစ်ဟာ သူရေးခဲ့ကြောင်းဝန်ခံတယ်။ လာရာစ်က ကျောင်းမှာဘယ်သူ့ကိုမှလျှောက်မပြောဖို့နဲ့ ဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်တယ်။ အဲ့ဒီနောက်မှာတော့…. File Size :(1.29GB),(572.9 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:58:00 Genre : Comedy , Romance ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

6 2023
Dear David
Barber
5

Barber (2023) ~ IMDb – 5/10, Rotten Tomatoes – 75% ~ ဒီကားလေးကတော့ လတ်တလောမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ Crime, Drama, Mystery ကားလေးပါ။ Game of Thrones မှာ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်သွားခဲ့တဲ့ “Little Finger” သရုပ်ဆောင်မင်းသား Aidan Gillen က အဓိကဇာတ်‌ကောင် အလွတ်စုံထောက်ဗယ်လ်ဘာဘာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်အိမ်ကိုတော့ အိုင်ယာလန်နိုင်ငံ ကိုဗစ်လော့ဒေါင်းအချိန်ကာလအတွင်းကို တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗယ်လ်ဆီကို မုဆိုးမအဖွားကြီးတစ်ယောက်က ဆာရာဆိုတဲ့ မြေးမလေးပျောက်ဆုံးမှုအတွက် အမှုလိုက်ပေးဖို့ လာငှားရမ်းရာကနေ စတင်ပါတယ်။ ဗယ်လ်တစ်ယောက် အမှုလိုက်ရင်း ရဲတပ်ဖွဲ့အင်စပက်တာနဲ့ ကျောင်းတော်ဟောင်းက ရန်စတွေအပြင် ဗယ်လ်ရဲ့သပွတ်အူလိုဘ၀ကိုပါ စိတ်၀င်တစားကြည့်ရှုရမှာပါ။ သာမန်လူပျောက်မှုလေးတင်မဟုတ်ဘဲ နောက်ကွယ်မှာ Plot Twist လေးတွေပါ ရှိနေတာမို့ အားလုံးပဲ ဗယ်လ်နဲ့အတူ ဆာရာကိုလိုက်ရှာကြည့်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 765MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 30Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Comedy • Drama
5 2023 90 mins
Barber
Noah
5.8

Noah (2014) နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Noah” နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။ ~ ဖန်ဆင်းခြင်း အကျဉ်း ~ သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို စတုတ္ထနဲ့ ပဉ္စမနေ့ရက်တို့မှာ ဖန်ဆင်းခဲ့ပါတယ်။ ဆဌမနေ့ ရောက်တဲ့အခါမှာ ဘုရားသခင်က​ ကမ္ဘာမြေပေါ်မှာရှိသမျှအရာအားလုံးကို အုပ်စိုးစေဖို့အတွက် သူ့ရဲ့ သဏ္ဌာန်တော်နဲ့အညီ မြေမှုန့်ကနေလူရဲ့ရုပ်လုံးကိုဖန်ဆင်းပြီး နှာခေါင်းထဲဇီဝကိုအသက်မှုတ်သွင်းကာ ပထမဆုံးသက်ရှိလူသားယောက်ျားကို ဖန်ဆင်းခဲ့ပါတယ်။ ဒီအချိန်မှာ အခြားသက်ရှိတွေအတွက် အထီးအမဆိုပြီးရှိခဲ့ပေမယ့် လူယောက်ျားအတွက် အထောက်အမမရှိသေးတဲ့အတွက် ဘုရားသခင်ဟာ လူယောက်ျားကို ကြီးသောအိပ်စက်ခြင်းနဲ့အိပ်စေပြီး သူရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး “ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်” ဆိုပြီး လူမိန်းမကိုဖန်ဆင်းခဲ့ပါတယ်။ နောက်မမှာ ဒီလူယောက်ျားနဲ့လူမိန်းမနှစ်ယောက်တို့ဟာ အာဒံနဲ့ ဧဝ (a.k.a ဒုတိယအာဒံ) ဆိုပြီး လူသိများခဲ့ကြပါတယ်။ ~ ပထမဆုံးသောအပြစ် ~ အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းတဲ့အချိန်မှာ ဘုရားသခင်က ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာရှိတဲ့အပင် (အသက်ပင်) ပေါ်က အသီးကလွဲပြီးကျန်တာကို မှန်သမျှစားလို့ရတယ်လို့ ပညတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝဟာ မြွေအသွင်ဆောင်ထားတဲ့စာတန်ရဲ့ သွေးဆောင်မှုကြောင့် အသီးကိုစားမိသွားပြီး ခင်ပွန်းကိုပါ စားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပထမဆုံးသောအပြစ်ကို ဘုရားကသိသွားတဲ့အခါမှာ လူယောက်ျားကို မြေပေါ်မှာဖြစ်သမျှ အသီး (အစာရေစာ) မှန်သမျှကို တစ်သက်လုံးပင်ပန်းစာရှာစားရမယ်၊ လူမိန်းမကို ကိုယ်ဝန်ဆောင်ခြင်းဝေဒနာနဲ့ သားဖွားခြင်းဝေဒနာကို ခံစားပြီး ကိုယ်ခင်ပွန်းရဲ့ အုပ်စိုးခြင်းကိုလည်းခံရမယ်ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ဟာ အာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး အာဒံနဲ့ဧဝတို့ကနေ ဆင်းသက်လာတဲ့ ယောက်ျားမိန်းမမှန်သမျှဟာ ခုနက ဘုရားသခင်ကျိန်ခဲ့တဲ့ ဒဏ်ကိုလူမျိုးအဆက်ဆက်ခံစားလာကြရပါတယ်။ ဒီဇာတ်ကားကတော့ သမ္မာကျမ်းစာထဲက အာဒံနဲ့ ဧဝတို့ရဲ့ တတိယသား ရှေသရဲ့ ၁၀ ဆက်မြောက်မျိုးဆက် နောဧအကြောင်းကို အဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအရ အာဒံကအသက် ၁၃၀ အရွယ်မှာ ရှေသကိုမမွေးခင် ကာဣနနဲ့ အာဗေလဆိုပြီးသားနှစ်ယောက်ကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အာဒံရဲ့သားဦးကာဣနက သူ့ညီအာဗေလကို မနာလိုတဲ့အတွက်ကြောင့် သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရဲ့ကျိန်ခြင်းကိုခံရပြီး ဧဒင်ဥယျာဉ်ထဲကထွက်ပြီး အရှေ့အရပ် နောဒပြည်မှာသွားနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကာလအတန်ကြာပြီး နောဧရဲ့ ခေတ်ကိုရောက်လာတဲ့အခါမှာ ကာဣနမျိုးနွယ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ အပြစ်တွေကြောင့် ကမ္ဘာကြီးဟာ ဘုရားသခင်ရွံရှာရလောက်တဲ့အထိ အဓမ္မမှုတွေနဲ့ ပြည့်နှက်နေလောက်အောင် ပျက်စီးဆုတ်ယုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို “ရေလွှမ်းမိုးခြင်း” အားဖြင့် ဆေးကြောသန့်စင်ပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားစကားကိုနားထောင်ပြီး ဘုရားရဲ့နှစ်သက်ခြင်းကိုခံရတဲ့ ရှေသမျိုးဆက် နောဧနဲ့ သူ့အိမ်ထောင်မိသားစု၊ လူတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ သားရဲတိရစ္ဆာန်တွေကိုတော့ ရေလွှမ်းမိုးခြင်းအပြီးမှာ ကမ္ဘာကြီးသန့်စင်သွားတဲ့အခါမှာ ဘဝကိုတဖန်အသစ်ပြန်လည်ထူထောင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားသခင်က လာမက်ကိုရူပါရုံအားဖြင့် အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိတဲ့ ဂေါဖရသစ်သားကိုယ်ထည်၊ အပြင်ဘက်နံရံကို ထင်းရှူးစေးနဲ့သုတ်ပြီး အတွင်းခန်းတွေပါတဲ့ သင်္ဘောတစ်စီးကို ဆောက်လုပ်ခိုင်းခဲ့ပါတယ်။ ဆောက်လုပ်ပြီးတဲ့အခါမှာ နောဧတို့ရဲ့မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မှန်သမျှကို အထီးအမ တစ်စုံစီ တက်စေခဲ့ပါတယ်။ ဒီ Noah ဇာတ်ကားမှာ အဓိကသရုပ်ဖော်ချင်တာကတော့ လူတွေရဲ့ရက်စက်ယုတ်မာမှုကြောင့် ဘုရားသခင်ကကမ္ဘာကြီးကို ဆေးကြောပစ်ဖို့အတွက်လုပ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြီးအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ Cinematic ဆန်အောင်ဆိုပြီး ဒါရိုက်တာ Darren Aronofsky က ကျမ်းစာကနေသွေဖယ်ပြီး လိုတိုးပိုလျှော့လေးတွေလုပ်ထားတာရှိပါတယ်။ ဒါကြောင့်မလို့ ကြည့်ရှုသူတွေအတွက် ဒီဇာတ်ကားထဲက အကြောင်းအရာမှန်သမျှက သမ္မာကျမ်းစာထဲကအကြောင်းတွေဖြစ်တယ်လို့ မမှတ်ယူဘဲ သုတရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကို သိထားစေချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)

5.8 2014
Noah
Above Suspicion
5.8

ရဲတွေ FBI တွေရာဇဝတ်မှုတစ်ခု နောက်ကိုလိုက်တဲ့အခါမှာ သူတို့အတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လိုချင်နေတဲ့ သတင်းတွေကို အသေးစိတ်ပြောပြပေးနိုင်မဲ့သတင်းပေးတွေပါပဲ။ အဲ့ဒီသတင်းပေးတွေကြောင့်ပဲ ဖော်ထုတ်နိုင်ခဲ့တဲ့ရက်စက် ကြမ်းကြုတ်တဲ့ ဒုစရိုက်မှုတွေဆိုတာလည်းမနည်းပါဘူး။ သတင်းပေးတွေက ရဲတွေကိုသတင်းပေးရာမှာ လျှို့ဝှက် သတင်းပေးရတာလည်းရှိသလို တရားရုံးမှာသက်သေထွက်ဆို ပေးရတဲ့အထိ လုပ်ပေးရတာတွေလည်းရှိပါတယ်။ သတင်းပေးတွေဖက်က အဲ့လိုသတင်းပေးရတဲ့ အကြောင်း ပြချက်တွေကလည်း မျိုးစုံရှိကြပါတယ်။အခုတင်ဆက်ပေးမဲ့ Above Suspicion ဆိုတဲ့အပြင်လောကက ဖြစ်ရပ်မှန်အကြောင်း အရာတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ အထက်မှာပြောခဲ့သလိုသတင်းပေးနဲ့ FBI အေးဂျင့်တစ်ယောက်ရဲ့ ကြားမှာ ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို တွေ့ရ မှာပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ပိုက်ဗေးလ်မြို့မှာ နေထိုင်ခဲ့တဲ့ ဆူဇန်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ယိုယွင်းပျက်စီးနေတဲ့ ပိုက်ဗေးလ်မြို့ရဲ့စီးပွားရေးအကြပ် အတည်းတွေကို အံကြိတ်ပြီး ရှင်သန်နေရတဲ့ကွာရှင်းထားတဲ့ ကလေးအမေတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့မြို့က ဘယ်လောက် ပျက်စီးနေလဲဆိုရင် ပိုက်ဆံရှာဖို့ အသုဘလုပ်ငန်းနဲ့ မူးယစ်ဆေး ရောင်းဝယ်တဲ့လုပ်ငန်း ၂ ခုပဲရှိတော့တဲ့အထိကိုဆိုးဝါးနေခဲ့တာပါ။ အဲ့ဒါတွေကြောင့်ပဲ ဒီမြို့ကနေထွက်သွားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်က ဘယ်တုန်းကမှ မပြည့်၀ခဲ့သလို အရာရာပြည့်စုံတဲ့ယောက်ျား တစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တာကတော့ သူ့ရဲ့အိပ်မက်ကြီးတစ်ခုပါပဲ။အဲ့ဒီ အိပ်မက်တွေအားလုံးက တစ်နေ့မှာတော့သူတို့မြို့ကို FBI အေးဂျင့်မာ့ခ်ရောက်လာတဲ့အခါမှာ ပြည့်၀သွားသလိုခံစား လိုက်ရပါတယ်။အေးဂျင့်မာ့ခ်မှာ သားနဲ့မယားနဲ့ဆိုပေမဲ့ အဖက်ဖက်က ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်မျိုးဖြစ်တဲ့ အတွက် ဆူဇန်အတွက်ရေငတ်နေချိန်ဝိုင်ချိုတွေ့လိုက်ရသလို အေးဂျင့်မာ့ခ်ကို တမ်းတမ်းစွဲဖြစ်ပြီး သတင်းပေးအနေနဲ့ ချဉ်းကပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.55GB / 660MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Action , Biography , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2019 104 mins
Above Suspicion
The Isle
5.7

ဒီကားလေးကတော့ စိတ်ဝင်စားစရာ horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၄၆ခုနှစ်က ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပါ။ ကုန်သည်သင်္ဘောတစ်စီးမှောက်ရာက ရှင်သန်လွတ်မြောက်သူကုန်သည်သုံးယောက်ဟာ လှေတစ်စီးနဲ့ ပင်လယ်ထဲမျှောနေရင်းမြူတွေဆိုင်းနေတဲ့ကျွန်းစုလေးပေါ်ရောက်သွားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ကျွန်းပေါ်မှာလူသားလေးယောက်ပဲရှိတယ်။ တံငါသည်ဟောင်းတစ်ယောက်၊ လယ်သမားတစ်ယောက် သူ့ရဲ့တူမနဲ့စိတ်မမှန်သူအမျိုးသမီးတစ်ယောက်ပါ။ ကျိန်စာမိထားသလိုထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့မသိခဲ့တဲ့ဒီကျွန်းရဲ့သမိုင်းကြောင်းက ဘာတွေဖြစ်မလဲသူတို့ဒီကျွန်းပေါ်ကလွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ…. အညွှန်းနဲ့ ဘာသာပြန်ကတော့ Noe ပါ File size… 1.3 GB / 597 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Fantasy/Mystery/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Noe

5.7 2018 96 mins
The Isle
Vaazha: Biopic of a Billion Boys
7.4

Vaazha – Biopic of a Billion Boys(2024) “အပယ်ခံသူငယ်ချင်းများ” IMDb 7.4 ပရိသတ်တို့အတွက် မလေယာလမ် coming-of-age ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်လိုက်ပါတယ် လူတိုင်းခံစားနားလည်နိုင်မယ့် ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁၀ ဆ ပြန်ရထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ပတ်ဝန်းကျင်က ဖယ်ကျဥ်ထားတဲ့ သူငယ်ချင်းငါးယောက် ကျောင်းသားလူငယ်ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ… ကျောင်းစာလည်းမတော်သလို ကျောင်းအုပ်ရုံးခန်းကို အိမ်ဦးကြမ်းပြင်လို ထပ်ချည်တလဲ သွားနေရတဲ့ သူတို့ဘော်ဒါတွေ အချစ်ကို စတင်ထိတွေ့တာစလို့ ကျောင်းရန်ပွဲတွေအလယ်နဲ့ … ငယ်ရွယ်စဥ်ကလေးဘဝမှသည် ကြီးကောင်ဝင်တဲ့ လူပျိုအရွယ်၊ ဒီမှတစ်ဆင့် လူလတ်ပိုင်းအထိ ပြောင်းလဲရင့်ကျက်လာပုံ၊ အချစ်၊ အလွမ်းအလီလီတို့အဆုံး တွေ့မြင်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ

7.4 2024 125 mins
Vaazha: Biopic of a Billion Boys
Dishkiyaoon
5.2

Dhishkyaoon 2014 (ဂိုဏ်းစတားဖြစ်ချင်သူ ကိုလူဇိုး) IMDb- 5.2/10 ဒီဇာတ်လမ်းမှာတော့ အိန္ဒိယရဲ့ ပရိုဂျူဆာ, စာရေးဆရာ မင်းသားဖြစ်တဲ့ Harman Baweja ပါဝင်ပြီးတော့ Addo AIရဲ့ Co-Founder,CEO ဖြစ်သူ Ayesha Khannaရဲ့ ပထမဆုံးသော ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့တဲ့ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ ဗီကီဟာ ၅နှစ်သားအရွယ်မှာတင် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးတော့ မိခင်သေဆုံးသွားကတည်းက အချစ်မခံရတော့တဲ့ကလေးတစ်ယောက်ပါ၊ အဖေကတော့ ရှိပေမယ့် ဖခင်တွေရဲ့ထုံးစံအတိုင်းပဲ အလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်နေသူဖြစ်တဲ့အပြင် သားဖြစ်သူနဲ့လည်း အလှမ်းဝေးလျက်ရှိပါတယ်။ ဗီကီတစ်ယောက် ငယ်စဉ်က ကျောင်းမှာ ဂျီရတ်ဆိုတဲ့ကောင်လေးက အနိုင်ကျင့်တာတွေ ရှိခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ဂရုစိုက်ခြင်းကို မခံရတဲ့အတွက် သတိမထားမိတဲ့အပြင် ဗီကီက ပြောလာတာတောင် ဖခင်ဖြစ်သူမှာ အလုပ်ကပဲ အရေးကြီးနေသူဖြစ်တာကြောင့် သေချာ ဂရုမစိုက်ခဲ့ပါဘူး။ ဒီလိုအချိန်မှာ ဗီကီ့အတွက် ချစ်စရာဆိုလို့ ကျောင်းက သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဂျီယာနဲ့ ကီတန်ပါပဲ။ ဗီကီတစ်ယောက် သူတို့နယ်မြေရဲ့ လူမိုက်ဖြစ်သူ တိုနီ့ဆီမှာ သွားရောက်အကူအညီတောင်းဖို့ဖြစ်လာခဲ့ပါတယ်။ တိုနီက ကူညီပြီးတော့ အကြံပေးလိုက်တဲ့နောက်မှာတော့ ဗီကီတစ်ယောက် ရာဂျတ်ကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာပါတော့တယ်။ ဒီလိုနဲ့ စာတတ်တဲ့ ဗီကီတစ်ယောက် ပညာမတတ်တဲ့ တိုနီ့ဆီမှာ စာရင်းမှတ်ဖို့ဖြစ်လာရင်းနဲ့ ဗီကီတစ်ယောက် ဂိုဏ်းစတားဖြစ်ဖို့အတွက်က သူ့ရည်မှန်းချက်ဖြစ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီကီတစ်ယောက် တိုနီ့ဆီမှာ နေရင်းကနေ ဂိုဏ်းစတားတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုတွေ ဆက်လက်လုပ်ဆောင်သွားမလဲ …. ဂိုဏ်းစတားဖြစ်ဖို့လုပ်ဆောင်နေတဲ့ လမ်းမှာရော ဘယ်လိုအတားအစီးတွေက ပိတ်ပင်နေဦးမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Thriller • Drama
5.2 2014 119 mins
Dishkiyaoon
Kalashnikov
6.6

ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။ အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။ အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။ File size…(5.25 GB)/(2.2 GB)/(1 GB) Quality….Webrip 4K HEVC/Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by KZL

Comedy • Drama
6.6 2020 105 mins
Kalashnikov
Legends of the Condor Heroes: The Gallants
6.8

အားလုံးစောင့်မျှော်နေတဲ့ ရှောင်းကျန့် ရဲ့ ကောကျင့်ဗားရှင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…. ဒီကားလေးအတွက် ရှောင်းကျန့်ဟာ အများကြီး ပြင်ဆင်ခဲ့ရပြီး… သူ့ဘဝအတွက် အမှတ်တရများစွာကို ဖန်တီးခဲ့တဲ့ ကားလေးထဲက တစ်ကားဖြစ်လို့ ဖန်တွေပါ အများကြီးမျှော်လင့်ခဲ့တဲ့ကားလေးပေါ့… သိုင်းကားချစ်သူတွေအတွက်ကတော့အထွေအထူးပြောစရာမလိုလှတဲ့ ဆရာကြီးကျင်းယုံရဲ့ မက်မွန်မြေကချစ်တေးတစ်ပုဒ် ဇာတ်လမ်းတွဲက အဓိက ဇာတ်ကောင် ကောကျင့်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ တခြားဗားရှင်းတွေနဲ့ မကွာခြားလှပါဘူး… ကျင်းလူမျိုးတွေခြယ်လှယ်မင်းပြုနေချိန်မှာ ဒေသအသီးသီးက ကိုယ်မြေ ကိုယ့်ရေကို ကာကွယ်ဖို့အတွက် ပုန်ကန် ကာကွယ် တိုက်ခိုက်လာကြတာပေါ့… ဒီမြေ ဒီရေနဲ့ ဒီလူမျိုးကို ကာကွယ်ဖို့ ဒီလူမျိုးပဲရှိတာကြောင့်… နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်ပြီး… ရရာလက်နက်ဆွဲကိုင်ပြီး ကိုယ်ကျွမ်းကျင်ရာ လိမ်မာရာ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့… ကောကျင့်ကတော့ မူလ စုန့်လူမျိုးဖြစ်ပြီး စုန့်ပြည်ထောင် ပျက်သုဉ်းချိန်မှာ မွန်ဂိုမြေမှာ ကြီးပြင်းခဲ့သူတစ်ယောက်ပေါ့… မွန်ဂိုတို့ တတ်သင့်တဲ့ မြှားပစ်အစွမ်းကို သိကျွမ်းပေမယ့် မလုံလောက်တာကြောင့် အလယ်ပိုင်းဒေသမှာ သိုင်းပညာ လေ့လာဖို့အတွက် ရောက်လာခဲ့တာပေါ့…. ဒီလိုနဲ့ ကျန်းနန်လူထူးလူဆန်း ၇ ဖော်ရဲ့ တပည့်ဖြစ်လာခဲ့တယ်… တစ်ချိန်တည်းမှာ အကြောင်းကြောင့်ကြောင့် သိုင်းလောကထိပ်သီး ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်ရဲ့သမီး ဟွမ်ရုံနဲ့ အမှတ်တမဲ့ ဆုံဆည်းရာကနေ ဘဝမှာမမေ့နိုင်တဲ့ အမှတ်တရဖြစ်လာခဲ့တာပေါ့… ဒီလို ခင်မင်ရင်းနီးလာရာကနေ အားလုံးသိတဲ့ ကောကျင့်ကနေ ကျင့်ကိုကိုဖြစ်လာပြီး ဟွမ်ရုံကလည်း ရုံအာဖြစ်လာတာပေါ့… မငြိမ်သက်တဲ့ သိုင်းလောကကြောင့် သူတို့နှစ်ဦး နီးစပ်ခဲ့သလို ဒီသိုင်းလောကကြောင့်လည်း သူတို့နှစ်ဦး ဝေးခဲ့ရတယ်… အကြောင်းကတော့ မက်မွန်ကျွန်းအရှင် အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်က ကျန်းနန်လူထူးလူဆန်း ၇ ဖော်ကို သတ်လိုက်တယ်ဆိုတဲ့ ကောလဟလ သတင်းကြောင့်ပါပဲ… ဒီတော့ ဝေးကွာသွားတဲ့ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်ပါ့မလား… နောက်ပြီး ကောကျင့်ကရော သူဆန္ဒအတိုင်း ပြည်သူကို ကာကွယ်နိုင်တဲ့ သိုင်းပညာရှင် သူရဲကောင်းဖြစ်လာမှာလား… ဒီလိုမျိုးမငြိမ်သက်တဲ့ စစ်မြေပြင်မှာ ငြိမ်းချမ်းရေးပန်းတွေ ပွင့်ဖို့ ဘာတွေပေးဆပ်ပြီး ဘာတွေကို ကျော်ဖြတ်ရဦးမှာလဲ… ဘယ်လိုတွေစိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ထားတယ်ဆိုတာကို ကြည့်လိုက်ကြရအောင်နော်

Adventure • Comedy • Fantasy • Family • Drama
6.8 2025
Legends of the Condor Heroes: The Gallants
Virus

Virus ကတော့ horror, sci-fi movie အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့သင်္ဘောတစီးပေါ်ကလူတစ်စုဟာ တိုင်ဖုန်းမုန်တိုင်းအတွင်းကျရောက်သွားပြီး သယ်ဆောင်လာတဲ့ပစ္စည်းတွေကိုဆုံးရှုံးခဲ့ပြီးသင်္ဘောမြှပ်မဲ့အခြေအနေနဲ့ကြုံတွေ့ရကာ အသက်ရှင်သန်ဖို့ကြိုးစားနေကြရင်း မုန်တိုင်းအလယ်ဗဟိုထဲသို့ဝင်ရောက်ခဲ့ကြပါတယ်။ အမှတ်မထင်ပဲ မုန်တိုင်းအလယ်ဗဟိုအတွင်းမှာ အခြားသင်္ဘောတစ်စီးရှိနေတာကိုတွေ့ရှိခဲ့ကြရပါတယ်။ အဲဒီသင်္ဘောဟာ သူတို့ရဲ့ဆုံးရှုံးမှုတွေကိုပြန်အဖတ်ဆယ်ပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ သူတို့အဖွဲ့ဟာ အဲဒီသင်္ဘောပေါ်ကိုရောက်ရှိလာကြပါတော့တယ်။ ထူးဆန်းစွာပဲ အင်မတန်ကြီးမားတဲ့စက်ပစ္စည်းကိရိယာတွေတပ်ဆင်ထားတဲ့သင်္ဘောကြီးပေါ်မှာ လူတစ်ဦးတစ်ယောက်မှရှိမနေပါဘူး။ အဲဒီနောက်မှာသူတို့ဟာ စကားလုံးတွေနဲ့ဖော်ပြဖို့တောင်ခက်ခဲတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတော့တယ်။ ဒီသင်္ဘောကြီးဟာသူတို့မျှော်လင့်ထားသလို သူတို့ရဲ့ကံကောင်းခြင်းလား ဒါမှမဟုတ် သူတို့ရဲ့အဆုံးသတ်ပဲဖြစ်သွားမလားဆိုတာကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size… (1.3 GB) / (757 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Horror, Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

0 1999
Virus