YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bloodhounds (2023) S01 E04 1080p HEVC WEB-DL 5.1 [RMC].mp4

860.61 MB 1080p video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Night Moves
5.8

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Action & Adventure • Animation • Sci-Fi & Fantasy
5.8 2014 112 mins
Night Moves
Listeners: The Whispering
7

Channel Myanmar ပရိသတ်ကြီးအတွက် Psychological drama ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ Ah Nhien ဟာ အသက် ၂၃ နှစ်အရွယ် စာရေးဆရာမ တစ်ယောက်ဖြစ်ပြီး စိတ်ကျဝေဒနာခံစားနေရသူတစ်ဦးပါ။ သူဟာ The Whispering လို့ အမည်ရတဲ့ ဝတ္ထုစာအုပ်ကို ရေးသားခဲ့ပြီး စံချိန်တင်အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်ထုတ်ဝေပြီးနောက် စိတ်ကျဝေဒနာဟာ ပိုမိုဆိုးရွားလာတာကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့ သဘောတူခဲ့ပါတယ်။ Ah Nhien ရဲ့ထွက်ဆိုချက်အရ အမျိုးသမီးတစ်ယောက် ခြောက်လန့်ခြင်းကို ထပ်တလဲလဲခံနေရပြီး ထိုအမျိုးသမီးဟာလည်း ထူးဆန်းစွာနဲ့ သူ့ဝတ္ထုထဲက အဓိကဇာတ်ဆောင်ဖြစ်နေတာပါ။ ဆရာဝန်ဖြစ်တဲ့ Tuong Minh ဟာ အစကတော့ ဒါကို စိတ်ရောဂါလက္ခဏာလို့ သတ်မှတ်ခဲ့သော်လည်း သူကိုယ်တိုင် ထိုအမျိုးသမီးကို အိပ်မက်ထဲမှာ မြင်လာရချိန်မှာတော့ အဖြစ်အပျက်များဟာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ အစစ်အမှန်လား ပုံရိပ်ယောင်လား ဝေခွဲမရဖြစ်နေရင်း သူတို့နှစ်ယောက်ရဲ့ အတိတ်က ဘယ်လိုအကြောင်းတရားတွေနဲ့ ပတ်သက်နေမလဲဆိုတာတော့.... (အညွှန်းနဲ့ ဘာသာပြန်ဆို ရေးသားသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.57GB / 600MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action & Adventure • Crime • Drama
7 2022 120 mins
Listeners: The Whispering
True and False Jigong
9

“မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊ မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲ သီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး - ကျိကုန်း” “ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အ ထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ - ဟွမ်ယွမ်” လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာ မြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့ လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာ အစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက် ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့ ၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။ ❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ? ❏ ကျိကုန်းတစ်ယောက် အညှိုးအတေးတွေ အာဃာတတွေကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုဘယ်လို ကယ်တင်သွားမလဲဆိုတာ ? ကြည့်ရှုရလိုက်ရအောင်ပါနော် ။ ဒီဇာတ်ကားလေးကိုကြည့်ရှုပြီး လူတစ်ယောက်ကို အပေါ်ယံ ကြည့်ယုံနဲ့ မဆုံးဖြတ်သင့်တဲ့အကြောင်း နားလည်သဘောပေါက်သွားစေမှာ အသေချာပါပဲရှင် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
9 2023 80 mins
True and False Jigong
(18+) The Scarlet Letter
6.6

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။ သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊ ​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့ ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက် အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank

Drama • Thriller
6.6 2004 115 mins
(18+) The Scarlet Letter
Ae Dil Hai Mushkil
6.5

" ဒီနှလုံးသားက ရှုပ်ထွေးလွန်းလှပါတယ်" မထွက်ခင်က သတင်း... ၁၇ နှစ်လောက် တွဲအလုပ်မလုပ်ဖြစ်တော့တဲ့ ဒါရိုက်တာ ကာရန်ဂျိုဟာ နဲ့ မင်းသမီး အက်ရှ်ဝါရိုင်းတို့ ပြန်လည်ပေါင်းစည်းရိုက်ကူးထားတဲ့ ကားလေးပါ... မင်းသားကတော့ Ranbir Kapoor နဲ့ မင်းသမီး Anushka Sharma(PK) တို့ ပါဝင်ပါသေးတယ်... ကာရန်ဟာ Kuch Kuch Hota Hai ကအစပြု ပြီး Dostana(Shut Up & Bounce) ဒီမှာတော့ အေသင်ရဲ့တင်းတယ် ဖြစ်သွားတဲ့ သီချင်းပါတဲ့ ရုပ်ရှင်နဲ့ တအားအောင်မြင်ခဲ့တဲ့သူပါလို့ အက်ရှ်က ပြောပါသေးတယ်... ပါဝင်သူတို့အကြောင်း... ကာရန်ဂျိုဟာ - ရုပ်ရှင်ကားကို မညွှန်းခင် ဒါရိုက်တာကို အရင် ပြောပါရစေ... သူ့ရိုက်လိုက်တဲ့ ဒရမ်မာကားတွေဆိုရင် ဒရမ်မာကားမကြိုက်တဲ့သူတွေတောင် ကြိုက်ကြတယ်... လူငယ်ဆန်တယ် ပေါ့ပါးတယ်... စကားလုံး ဒိုင်ယာလော့တွေ အမိုက်စားတွေချည်းပဲ... သူနည်းနည်းလေး ဝင်ပါလိုက်တဲ့ ရုပ်ရှင်ဆိုရင်ပဲ သူ့ရဲ့ လက်ရာပါမှန်းသိသာအောင် မိုက်တာ... ရာဘင်ကပူး - သူ့ကိုလဲ Yeh Jawaani Hai Deewani(2013) Tamasha(2015) နှစ်ကားကြည့်မိပြီးကတည်းက သတိထားမိတယ်... လူငယ်ဖန်စီကားကိုမှ တွေးစရာနက်နက် စကားလုံး မိုက်မိုက်တွေနဲ့ တွဲပြီး မှတ်မိနေတယ်... အခုကားမှာဆိုလဲ လူငယ်ဆန်ဆန် အချစ်ကို ရူးမိုက်တာ တော်တော်လေးကို သဘာဝကျပါတယ်... အနူရှကာ - သူမကလဲ ပီကေမှာကတည်းက သတိထားမိတယ်... ဒါပေမဲ့ တကားနဲ့ တကားမှာ ဇာတ်ရုပ်ပေါ်မူတည်ပြီး ရုပ်ပြောင်းသွားတာလေးကိုတော့ သဘောကျတယ်... ဇာတ်ရုပ်နဲ့လိုက်အောင် ဝတ်စား နေထိုင်တာကောင်းတယ်လို့လဲ ပြောချင်တာပေါ့... သူမလဲ သရုပ်ဆောင်လိုက်ရင် ခပ်သွက်သွက်ကားလေးတွေပဲ သရုပ်ဆောင်သလားပဲ လိုက်လဲ လိုက်ပါတယ်... ဒီကားထဲမှာတော့ အချစ်ကိုသိပေမဲ့ အသိရှိတဲ့ သူအဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်... ဆုံးရှုံးဖူးထားတော့ အချစ်ကို ထပ်မဆုံးရှုံးရအောင် ထိန်းသိမ်းထားတာလေးကလဲ ဒီကားမှာ တမျိုးဆွဲဆောင်မှု ရှိနေပါတယ်... အက်ရှ်ဝါရိုင်း - လတ်တလောတော့ ဆာရာဂျစ်ရယ် Jazbaa ရယ် ရုပ်ရှင်ကားတွေနဲ့ အရမ်းသဘောကျနေတာပါ... သူမကတော့ ဒီကားမှာ ဇာတ်ပို့အနေနဲ့ပေါ့... ဒါကလဲ ကျွန်တော်မြင်မိတာပြောတာပါ... ကိုယ့်ကိုယ်ကို ပေးဆပ်ချစ်တတ်သူ နားလည်တတ်သူ၊ ရာဘင်ရဲ့ နှလုံးသားဒဏ်ရာ ကွက်လပ်ကို ဖြည့်ဆည်း ကုသပေးတဲ့ သူ မမကြီး အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်... ဧည့်သည်သရုပ်ဆောင် - လုံး၀ မထင်ထားတာပါ... ရှရွတ်ခန်းက အက်ရှ်ဝါရိုင်းရဲ့ အရင် Ex အဖြစ်သရုပ်ဆောင်ပေးထားပါတယ်... တခန်းဆို တခန်းပဲ ပြောသွားတာတွေက အရမ်းမိုက်ပါတယ်... အလီဘတ်ကတော့ သိပ်မထင်ရှားပါဘူး ဒီဂျေသူငယ်ချင်း တယောက်အဖြစ်နဲ့ပါ... သီချင်းတွေ - ပါသမျှသီချင်းတွေ အရမ်းကြိုက်ပါတယ်... ရုပ်ရှင်မကြည့်ရခင်ကတည်းက သီချင်းက အလွတ်ရနေတာပါ... အဆိုတော်တွေတော့ မလေ့လာရသေးပေမဲ့ ဇာတ်ကားအရ ရင်ထဲကဆိုမှ တကယ် ပီပြင်တယ်လို့ ပြောထားသလိုပဲ နားထောင်ရင်း ကြက်သီးပါထမိပါတယ်... Channa Mereya သီချင်းဆိုရင် ရာဘင်သရုပ်ဆောင်ထားတာနဲ့ဆို မျက်ရည်ပါဝဲချင်သွားပါတယ်... ရုပ်ရှင်အညွှန်း - အချစ်ကိုပေါ့ပေါ့ပါးပါးပဲလို့ တွေးထားတဲ့ လူငယ်တယောက်(ရာဘင်) ဟာ ခဲမှန်ဖူးတဲ့ (အနူရှကာ) နဲ့ မမျှော်လင့်ပဲ ဆုံခဲ့ပါတယ်... စရိုက်တူတဲ့ သူတို့နှစ်ယောက်ဟာ အတွဲမိသွားပါတယ်... ကိုယ်စီ Ex တွေနဲ့ ဆုံတွေ့ချိန်းပြီး ကလပ်မှာ ကကြရာကနေ အဖြစ်အပျက်တွေ ကပြောင်းကပြန်ဖြစ်သွားတော့တာပါပဲ... စိတ်ပြေလက်ပျောက် ၂ ယောက်သား ခရီးအတူတူထွက်ရင်း တဦးကို တဦး ပုံမှန်ထက်ပိုလိုအပ်တယ်လို့ သိလာရပါတယ်... အဲအချိန်မှာပဲ ကြမ္မာငင်တာကတော့ အနူရှကာရဲ့ မှန်ဖူးတဲ့ခဲလေးက ပြန်လာချိတ်တာပါပဲ... ချစ်တာ နဲ့ လက်ထပ်တာမတူတာကိုသိတဲ့ အနူရှကာက ရွေးချယ်မှုတခုကို ပြုလုပ်ခဲ့ပါတယ်... ဒီတခါမှ အသည်းက ဟက်တက်ကို ကွဲတာ ရာဘင်... ဒါကိုထပ်ဆင့်ဖြစ်စေတာက မင်္ဂလာဆောင်ကို လာချီးမြှင့်ခိုင်းတာပါပဲ... ရင်ထဲက သံစဉ်တွေပွင့်အန်ပြီး Channa Mereya သီချင်းဆိုတော့မှ ရာဘင် တကယ် သူ့ကို ချစ်မှန်းသိသွားတာ... ဒါပေမဲ့ လွန်သွားပြီလေ... မခံစားနိုင်တော့လို့ အိမ်အပြန် လေဆိပ်မှာ ဆုံတွေ့လိုက်တာ အက်ရှ်ဝါရိုင်း... သူမကလဲ နှလုံးသားတံခါး အခေါက်ခံရဖူးသူတယောက် အသက်အရွယ်တခုအရ ရင့်ကျက်သွားလို့ ခံနိုင်ရည်ရှိနေတာပါ... ခံစားချက်တွေကို ရင်ထဲကနေ စာရွက်ထဲကူးပြောင်းထားတဲ့ မမကြီးပေါ့... သူ့ရဲ့ စာအုပ်ကို လက်ဆောင်ပေး နှစ်သိမ့်အပြီးမှာတော့ ထုံးစံအတိုင်း ရာဘင်က အချစ်ဇာတ်လမ်းတပုဒ်ကို ထပ်မံသီကုံးတော့တာပါပဲ... မဆွတ်ခင်ကတည်းက ညွှတ်နေတဲ့ မမကြီးလဲ ကောက်ကောက်ပါသွားတော့တာပေါ့... အပျော်တွေမှ မဆုံးသေးဘူး ဒုတိယတကြိမ် ကြမ္မာဆိုးက ရာဘင်ကို လာနောက်ယှက်တာကတော့ အနူရှကာဆီက ဖုန်းဝင်လာတာပါပဲ... ကလေးတယောက်လို အရွဲ့တိုက်ချင်တာနဲ့ Ex ချင်းပေးတွေ့ ခနဲ့ရာမှာ ရင်ထဲက သရုပ်မှန်တွေထွက်ကျလာပြီး မမကြီးနဲ့ပါ ပြတ်ဆဲသွားတော့တာပါပဲ... ကျန်တာကတော့ ရုပ်ရှင်မှာပဲ ကြည့်တော့ဗျာ... ဟီး... ဆဲလဲခံရတော့မှာပဲ... ထပ်ရေးနိုင်စွမ်းမရှိတော့ဘူး... အရမ်းခံစားရလွန်းလို့ပါ... မထင်ထားတဲ့ ထောင့်တွေက ဝင်လာတဲ့ ဂြိုလ်ဆိုးတွေက ဘယ်လိုနှောက်ယှက်လဲ... အဆုံးမသတ်သွားမယ့် အချစ်ကို ဘယ်လိုဖန်တီးလဲဆိုတာကို ကျွန်တော်တင်တဲ့ ရုပ်ရှင်အစ/အဆုံးကိုသာ ကြည့်တော့ဗျာ...။ (ရုပ်ရှင်အညွှန်းကို bollywoodloversmyanmar မှ ကူးယူဖော်ပြပါသည်။) File size…(9.6 GB)/(3 GB)/(1.6 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:36:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • Romance
6.5 2016 158 mins
Ae Dil Hai Mushkil
LOLA
6.4

2022 ခုနှစ် အင်္ဂလန်နိုင်ငံ Sussex ပြည်နယ်ရှိ နေအိမ်တစ်လုံးရဲ့ ထပ်ခိုးပေါ်မှာ မှတ်တမ်းရိုက်ကူးထားတဲ့ ဖလင်လိပ် တစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒီ ဖလင်လိပ်ထဲပါတဲ့ အကြောင်းအရာ အများစုက ၁၉၄၁ ခုနှစ်တုန်းက Thomasina နဲ့ Martha ဆိုတဲ့ ညီအစ်မ နှစ်ယောက် နဲ့ LOLA လို့ သူတို့ အမည်ပေးထားတဲ့ စက် အကြောင်းတွေ ပါတယ်။ ဖလင်လိပ်ကို ရိုက်ကူးခဲ့တဲ့သူက အဓိက Martha ဖြစ်ပြီး LOLA စက်ကို သူ့အစ်မ Thomasina က ဘယ်လိုထွင်ဖြစ်ခဲ့တဲ့အကြောင်း LOLA စက် နဲ့ သူတို့တွေ အနာဂတ်က ရုပ်သံလိုင်းတွေ သတင်းအချက်အလက်တွေကို ဘယ်လို ကြည့်နိုင်ခဲ့သလဲဆိုတဲ့အကြောင်း သူ့အစ်မ Thom က ဘယ်လိုလူမျိုးလဲဆိုတဲ့ အကြောင်းတွေကို ရိုက်ကူးရင်း Martha က ပြောပြသွားတယ်။ ဖလင်လိပ် ရိုက်ကူးခဲ့ချိန်က ၁၉၄၁ ခုနှစ်ကာလဆိုတော့ ဒုတိယကမ္ဘာစစ် ဖြစ်ခဲ့တဲ့အချိန် Thomasina နဲ့ Martha တို့ ဒီ LOLA စက်ကို စစ်အတွင်း ဘယ်လို အသုံးချခဲ့ကြမလဲ အနာဂတ် သမိုင်းအဖြစ် အပျက်တွေကို ပြောင်းလဲပစ်လို့ ဆိုးကျိုး နဲ့ နောက်ဆက်တွဲတွေရော ဘယ်လို ဖြစ်နိုင်လဲ သူတို့ ဘဝတွေ ရော ဘာတွေ ဖြစ်သွားနိုင်သလဲဆိုတာကိုတော့ Martha ပြောပြသွားတာကို နားထောင်ရင်း ဒီ LOLA-2022 ရုပ်ရှင်ဇာတ်လမ်းကို ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။ ဒီကားကို ဒါရိုက်တာ Andrew Legge က ရိုက်ကူးထားတာဖြစ်ပြီး အကောင်းဆုံး ဒါရိုက်တာဆု ကို ဆွတ်ခူးရရှိထားပါတယ်။ သရုပ်ဆောင်တွေကတော့ Thomasina အဖြစ် Emma Appleton Martha အဖြစ် Stefanine Martini တို့ ဖြစ်ပါတယ်။ သရုပ်ဆောင် Emma Appleton ကို Netflix witcher Series ကြည့်ဖူးတဲ့သူတွေဆို ရင်းနှိးပြီးသား ဖြစ်မယ် လို့ ပြောလို့ရတယ်။ The Witcher Series Season 1 Episode 1 မှာ Renfri ဆိုတဲ့ စုန်းမ အနေနဲ့ ပါဝင်ခဲ့တာပါ။

Action • Crime • Mystery • Thriller
6.4 2023 79 mins
LOLA
Heaven and Earth
6.8

Heaven and Earth (1993) အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ “စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ” လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating – 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB, 630MB Quality – 1080p, 720p, 480p IMDb Rating – 6.8/10 Format – mp4 Duration – 2H 20Min Genre – Action, Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Action • Thriller
6.8 1993
Heaven and Earth
The Best Century of My Life
6.2

Il più bel secolo della mia vita [or] The Best Century of My Life (2023) ================================================= IMDb rating – 6.2/10 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးတို့အတွက် အဓိပ္ပာယ်ပြည့်ဝနေတဲ့ comedy ဆန်ဆန်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… ဥရောပတိုင်းပြည်တစ်ခုဖြစ်တဲ့ အီတလီနိုင်ငံမှာ ထူးခြားတဲ့ဥပဒေတစ်ခုရှိ နေခဲ့ပါတယ်။ အဲဒါကတော့ မွေးကတည်းက စွန့်ပစ်ခံလိုက်ရတဲ့ကလေးတွေ က သူတို့ရဲ့မိဘအရင်းတွေအကြောင်းကို သူတို့အသက် ၁၀၀ ရောက်တဲ့အထိ မသိရဘူးဆိုတဲ့ဥပဒေပါပဲ။ ဒီဟာသဇာတ်လမ်းလေးထဲမှာတော့ စွန့်ပစ်ခံရတဲ့ ကလေးဘဝကနေ အသက် ၁၀၀ ရှိသွားပြီဖြစ်တဲ့ အဘိုး Gustavo နဲ့ ကောင် လေး Giovanni တို့ သူတို့ဘဝရဲ့ဇာတ်မြစ်အကြောင်းရှာဖွေကြပုံကို စိတ်ဝင် စားဖွယ်ခရီးစဉ်လေးအဖြစ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1 GB) / (463 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….June Encoder……….SWM

6.2 2023
The Best Century of My Life
Madame de Sévigné
6.5

ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။ နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

6.5 2023
Madame de Sévigné
Hold Your Breath

၁၉၃၀ ခေတ်ဟောင်း ဒရာမာ ဟော်ရာအမျိုးအစား ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Westworld စီးရီးထဲက ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ William Joines, Karrie Crouse အတွဲပါပဲ။ မင်းသမီးကတော့ 12 years a slave တို့ Run တို့ ရိုက်ခဲ့တဲ့ Sarah Paulson ပါပဲ။ ဇာတ်လမ်းအကျဉ်း သဲမုန်တိုင်းတွေ ဆက်တိုက်ကျနေပြီ အစာရေစာရှားပါးတဲ့၊ ရောဂါထူပြောတဲ့ ကပ်ဘေးကြုံနေရတဲ့ မြို့လေးတစ်မြို့အကြောင်းကို ရိုက်ပြထားတာပါ။ အဲဒီမြို့ရဲ့ ဒေသပုံပြင်ထဲမှာ မီးခိုးရောင်လူကြီးဆိုတာရှိပါတယ်။ အဲဒီလူကြီးက သဲမှုန်တွေနဲ့အတူ ရောပါလာနိုင်တဲ့အစွမ်းရှိပြီး သူ့ကိုရှုမိတဲ့သူတွေက သူခိုင်းတဲ့ မကောင်းတာတွေအကုန်လုပ်မိတတ်ပါတယ်တဲ့။ အဲဒီ မြို့လေးမှာပဲ ယောကျ်ားဖြစ်သူက ခရီးသွားနေပြီး သမီးနှစ်ယောက်ကို စောင့်ရှောက်ရင်း ကျန်နေခဲ့တဲ့ အမေတစ်ယောက်ရှိတယ်။ အဲဒီမြို့ထဲက ထူးဆန်းတဲ့ ကြောက်စရာလူသေမှုတွေအပြီးမှာ သူတို့ရဲ့အိမ်ကိုလည်း လူစိမ်းတစ်ယောက်ရောက်လာပါတယ်။ အဲဒီလူက လူကောင်းလား လူဆိုးလား၊ ဒါမှမဟုတ် မိစ္ဆာအစစ်လားဆိုတာကို ပဟေဠိတွေကြားထဲကနေ ဝေခွဲရင်း အသက်ရှင်ဖို့ ကြိုးစားရတဲ့ ဟော်ရာအမျိုးအစားပါပဲ။ File size…(1 GB)/(572 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Horror, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 2024
Hold Your Breath
Money Electric: The Bitcoin Mystery

IMDb – 6.4 ဒီနေ့ခေတ်မှာ Bitcoin နဲ့ Cryptocurrency ဆိုတဲ့ စကားလုံးတွေကို လူတိုင်းနီးပါးကြားဖူးကြမှာပါ။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာ Bitcoin စထွက်ရှိခဲ့ပြီး 15 နှစ်အကြာ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေသေးတဲ့ အကြီးဆုံး ပဟေဠိကြီးကတော့ Bitcoin ရဲ့ ဖန်တီးရှင် Satoshi Nakamoto က ဘယ်သူလဲဆိုတဲ့ မေးခွန်းပါပဲ။ Satoshi Nakamoto ကတော့ Bitcoin ကိုဖန်တီးခဲ့ပြီး နှစ်နှစ်အကြာ ၂၀၁၁ ခုနှစ်မှာ အပြီးပိုင်ပျောက်ကွယ်သွားခဲ့ပြီး သူပိုင်ဆိုင်တဲ့ Bitcoin က သန်းနဲ့ချီနိုင်တာဖြစ်လို့ အကယ်၍သာ Bitcoin က နိုင်ငံတကာသုံး ငွေကြေး ဖြစ်လာခဲ့ရင် Satoshi ကဘုရင်တစ်ပါးလိုဖြစ်သွားမှာပါ။ ခေတ်အဆက်ဆက်မှာလည်း Satoshi ဘယ်သူလဲဆိုတဲ့ မေးခွန်းကို သတင်းသမားတွေ၊ ခရစ်ပတိုသမားတွေ အဖြေရှာဖို့ ကြိုးစားခဲ့ကြပေမဲ့ အခုချိန်အထိ ဒီနာမည်ရဲ့နောက်ကွယ်ကလူကို မသိကြရသေးပါဘူး။ အောက်တိုဘာလ ရှစ်ရက်နေ့မှာ HBO ကနေ ထုတ်လွှင့်လိုက်တဲ့ Documentary အသစ်စက်စက်လေးမှာတော့ Bitcoin ရဲ့ နောက်ကွယ်က အခြေခံအလုပ်လုပ်ပုံတွေ၊ အတွေးအမြင်အယူအဆတွေအပြင် bitcoin စပေါ်လာချိန်ကတည်းက ပတ်သတ်ဆက်နွယ်ခဲ့သူတွေကိုပါ အင်တာဗျူးပြီး Satoshi Nakamoto ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတာကို ကြည့်ရှုကြရမှာပါ။ ငွေကြေးတွေအလွန် အနာဂတ်မှာ ဘယ်သူက အာဏာကိုဆုပ်ကိုင်ထားနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Documentary, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by TMMT

0 2024
Money Electric: The Bitcoin Mystery
Bird of Paradise
5.8

Bird of Paradise (2024) ဆွီဒင်နိုင်ငံတကာရုပ်ရှင်ပြပွဲကြီးမှာ အကောင်းဆုံးအယ်ဒီတာဆုကို ရရှိထားတဲ့ Bird Of Paradise 2023 ရုပ်ရှင်ဇာတ်ကားကြီး။ ကတ်ဆိုတဲ့အချိန်ပိုင်းသရုပ်ဆောင်တစ်ယောက်က ကိုယ်ပိုင်သီးသန့်ဘဝလေးမှာ နေထိုင်တတ်သူတစ်ယောက်ပါ။ ပါတီပွဲတစ်ခုမှာ ဒိုမိနစ်ဒွန်နဝေးဆိုတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မထင်မှတ်ထားလောက်အောင် နာမည်ကျော်ကြားသွားတဲ့အခါ.. ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ဂျာနယ်လစ်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းခံရပြီးနောက် ဒီဇာတ်ကားအတွက် အရင်ရွေးချယ်ထားတဲ့သရုပ်ဆောင်ဆာရှာဟာ အသတ်ခံလိုက်ရတာကို ကတ်တစ်ယောက် သိလိုက်ရတဲ့အခါ ကတ်တစ်ယောက် ဆာရှာအသတ်ခံရတဲ့အမှုကို စုံစမ်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဆာရှာဟာ ဒီရုပ်ရှင်ကားကြောင့် အသတ်ခံခဲ့ရတာလား? ဒါမှမဟုတ် သူ့ရဲ့အတိတ်က ပတ်သက်ခဲ့သူတစ်ယောက်ယောက်ရဲ့ လက်ချက်လား? စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ်လောကနဲ့ LA မှာ ဖြစ်လေ့ရှိတဲ့ လျှို့ဝှက်ချက်တွေ ပြဿနာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(870 MB) / (400 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:32:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Family • Drama
5.8 2024 90 mins
Bird of Paradise
Journey to the Center of the Earth
5.8

Journey to the Center of the Earth (2008) ကမ္ဘာကြီးရဲ့အလယ်ဗဟိုကဘယ်လိုရှိမလဲတွေးကြည့်ဖူးလား..? ကိုယ်တော့ငယ်ငယ်ကတွေးကြည့်ဖူးတယ် ထောက်ပြမယ့်သူမရှိတော့ ကိုးရိုးကားယားအတွေးတွေလောက်နဲ့အဆုံးသတ်သွားတာပေါ့ ဒါပေမယ့်ကမ္ဘာ့အတွင်းပိုင်းမှာ သက်ရှိသတ္တဝါတွေရှိနေနိုင်တယ် ရှင်သန်နေထိုင်စရာပတ်ဝန်းကျင်မျိုးရှိနေနိုင်တယ်လို့တော့ခံစားရတယ် ကမ္ဘာ့အလယ်ဗဟိုမှာ အူတိုင်မှာ ဓါတ်သတ္တုအစိုင်အခဲတခုရှိနေနိုင်တယ် သူမှာဆွဲငင်အားရှိတဲ့အပြင် ကိုယ်တိုင်လည်ပတ်နေတဲ့စွမ်းအင်ရှိတယ် ဒါကြောင့်အပြင်အခွံဖြစ်တဲ့ကမ္ဘာကြီးက သူ့ရဲ့လည်ပတ်မှုအတိုင်းလိုက်ပါနေရတာလို့ အချို့က ယူဆကြတယ် ထားပါတော့ ၁၈၆၄ ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပြင်သစ်စာရေးဆရာ ဂျူး ဘယ်ရမ် (Jules Verne) ရဲ့ စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဒီကားမှာ မင်းသား ဘရန်ဒန် ဖရေဇာ (Brendan Fraser) မင်းသမီး အနီတာ ဘရီယမ် (Anita Briem) ကလေးသရုပ်ဆောင် ဂျော့ ဟက်ထရစ်ဆမ် (Josh Hutcherson)နဲ့ ဒါရိုက်တာ အဲရစ် ဘရက်ဗစ် (Eric Brevig) တို့က ပုံဖော်ထားတာပါ ဒီအတွေးစိတ်ကူးတွေကို ဒီကားမှာချပြထားတယ် ယုတ္တိရှိကောင်းမှရှိနိုင်ပေမယ့် တတ်နိုင်သမျှ ခိုင်လုံတဲ့အချက်အလက်တွေနဲ့ စိတ်ကူးစေစားထားတာမို့ သဘာဝတကျရှိလှတယ်လို့ခံစားရတယ် မီးတောင်နဲ့ မြေငလျင်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ ပရော်ဖက်ဆာ ထရယ်ဗာ အန်ဒါဆန် တယောက် ထူးခြားတဲ့အချက်ပြမှုကြောင့် စက်ကိရိယာဆီသွားရောက်လို့ မှတ်တမ်းယူရာမှာ လျှပ်စီးမုန်တိုင်းမိလို့ ဂူတခုဆီခိုလှုံခိုက် မိုးကြိုးပစ်လို့ လမ်းပြ အန်နာ တူတော်မောင် ဆမ် နဲ့အတူ ဂူဝပိတ်သွားပြီးထွက်မရဖြစ်သွားတယ် ဒီတော့ အမှတ်မထင် ကျောက်မီးသွေးတွင်းတခုကိုတွေ့မိရင်း ထွက်ပေါက်ရှာရင်းက မီးတောင်ဟောင်းတခုရဲ့လမ်းဝ မလိုင်လိုအပေါ်ကြောတင်းရုံသာရှိတဲ့ ကျောက်ပြားပေါ်တက်မိကြရင်း ပြိုကျလို့ ကမ္ဘာ့အလယ်ဗဟိုဆီရောက်ရှိသွားပါတော့တယ် ဇာတ်ကားရဲ့ ၉၈ ရာခိုင်နှုန်းလောက်က သရုပ်ဆောင်သုံးယောက်ထဲကိုသာရိုက်ကူးထားတာဖြစ်ပေမယ့် ကမ္ဘာ့အလည်ဗဟိုရဲ့ ထူးခြားဆန်းကျယ်တဲ့အလှတရားတွေ အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးရန်အန္တရာယ်နဲ့အတူ လမ်းပြကောင်မလေးကို ဦးဖို့ကြံနေကြတဲ့ တူဝရီးနှစ်ယောက်နဲ့ သူတို့ ကမ္ဘာ့အတွင်းပိုင်းကနေ ဘယ်လိုပြန်ထွက်လာမလဲဆိုတာခံစားကြည့်ကြရအောင်။ (ရုပ်ရှင်အညွှန်းကို သန်းထွန်းလေး YT မှ ကူးယူဖော်ပြပါသည်။)

Drama • Romance • Comedy
5.8 2008 93 mins
Journey to the Center of the Earth
Sight: Extended
5.5

Sight: Extended (2024) ဒီရုပ်ရှင်က Augmented Reality (AR) မျက်မှန်တွေနဲ့ အနာဂတ်ကမ္ဘာတစ်ခုကို ရိုက်ကူးထားပြီး၊ အဓိကဇာတ်ကောင်က အပြင်ထွက်ရတာ ကြောက်တဲ့ရောဂါ (agoraphobic) ရှိတဲ့ Patrick လိုခေါ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ Patrick က ပြန်လည်စတင်မှု လိုခေါ်တဲ့ app တစ်ခုကို ဝယ်ပြီး အဲဒီ app က သူ့ကို အိမ်သန့်ရှင်းရေး၊ လူမှုဆက်ဆံရေး၊ နဲ့ အရင်က ချစ်ခဲ့ဖူးသူကို ပြန်ဆက်သွယ်ဖို စတဲ့ သူအရင်ကကြောက်ခဲ့တဲ့ အရာအားလုံးကို game တစ်ခုလို စိတ်ဝင်စားစရာ level တွေနဲ့ လမ်းညွှန်မှုတွေဖန်တီးပေးတာမို Patrick ရဲ့ ဘဝကြီး လုံးဝပြောင်းလဲသွားခဲ့တယ်။ အရင်လို အိမ်တွင်းအောင်းပြီး အပြင်မထွက်ရဲဘဲ လူကြောက်တာတွေ ‌နေ့ချင်းညချင်း ပျောက်သွားတဲ့ Patrick တစ်ယောက် အဲဒီ app က သူ့ရဲ့ဘဝကို ကယ်တင်လိုက်တယ်လို ထင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ သူ့အတွက် ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်အပြည့်ဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.4 GB) / (630 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Sci-Fi Duration…. 01:26:20 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Romance
5.5 2024 85 mins
Sight: Extended
Dead Man on Campus
6

Dead Man on Campus (1998) ဒီဇာတ်လမ်းမှာ ထူးချွန်ကျောင်းသား Josh နဲ့ အမြဲတမ်း ပါတီပွဲလုပ် ဆေးသုံးပြီး အလေလိုက်နေတဲ့ Cooper တိုနှစ်ယောက်က ကောလိပ်အဆောင်မှာ အခန်းဖော်တွေဖြစ်လာကြတယ်။ Cooper ရဲ့ အတတ်ဆိုးတွေကြောင့် အပျော်အပါးမက်မိပြီး တစ်ခါမှမကျဖူးတဲ့ စာမေးပွဲတွေအကုန် ကျသွားတဲ့ Josh နဲ့ စာမေးပွဲကို လာတောင်မဖြေတဲ့ Cooper တိုနှစ်ယောက်လုံး ရုတ်တရက်ကြီးမားတဲ့ ပြဿနာကိုယ်စီပေါ်လာပါတော့တယ်။ ဒါပေမဲ့ Josh နဲ့ Cooper တို စာမေးပွဲမအောင်လို သူတိုဘဝကြီးပျက်ဆီးလုနီးပါးအချိန်မှာပဲ တွေ့ရှိလိုက်ရတဲ့ ကောလိပ်စည်းမျဉ်းတစ်ခုကတော့ ကိုယ်နဲ့အတူအိပ်တဲ့ အခန်းဖော်‌တစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေရင် ကျန်တဲ့အခန်းဖော်သူငယ်ချင်းကို နှစ်သိမ့်အားပေးဆုအနေနဲ့ စာမေးပွဲတွေအကုန်အအောင်ပေးရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ Josh နဲ့ Cooper တို သူငယ်ချင်းနှစ်ယောက် သူတိုစာမေးပွဲတွေ အလိုလိုအောင်သွားတောင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ အခန်းဖော်ရဖိုအတွက် နည်းဗျူဟာမျိုးစုံနဲ့ ဘယ်လိုတွေ ပူးပေါင်းကြံစည်ကြမလဲဆိုတာကို ဒီဟာသဇာတ်လမ်းထဲမှာ တစ်လွဲမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (2.8 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:34:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Action • Drama
6 1998 96 mins
Dead Man on Campus