YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bitter Sweet Hell (2024) E05 WEB-DL 720P(CM).mp4

376.17 MB N/A video/mp4 257 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Runaway God of Wealth 4

အမြဲတမ်း ကြွားလုံးထုတ်လေ့ရှိတဲ့ ဖခင်ဖြစ်သူကို ပိုင်ဆိုင်ထားသူ ၊ ယခုလက်ရှိမှာ ဆင်းရဲမွဲတေနေခြင်းကို ဖခင်ဖြစ်သူ အသုံးမကျလို့ဟု အမြဲတစေ ပြစ်တင်ပြောဆိုလေ့ ရှိသူ - ဝမ်ကျားချန် တစ်နေ့မှာတော့ ဝမ်ကျားချန်တစ်ယောက်ကြွယ်ဝခြင်းနတ်ဘုရားနဲ့ တွေ့ဆုံခဲ့ပြီး အရင်ဘဝက မိမိဟာ စည်းစိမ်ဥစ္စာတွေကိုဖြန့်ကျက်ခဲ့တဲ့ နတ်ဘုရားဖြစ်တဲ့ အကြောင်း သိရှိလိုက်ရပါတယ် ။ တကယ်လို့ နတ်ဘုံကို ပြန်ရောက်ချင်ရင် မိမိဘဝက အဆုံးစွန်သော ကံကောင်းခြင်းကို ရှာတွေ့မှရမယ်ဆိုတာပါ သိလိုက်ရတဲ့အခါ...? နတ်ဘုရားသခင်ဟာ သူ့ကို အရာအားလုံးပြင်ဆင်ဖို့အတွက် သူတစ်ပါးရဲ့ ကြွယ်ဝချမ်းသာခြင်း ကံကြမ္မာတွေကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားတွေကို ပေးသနားခဲ့ပါတယ် ။ ဒီစွမ်းအားတွေကိုပိုင်ဆ်ိုင်ပြီးနောက်မှာ လူတိုင်းရဲ့ ကြွယ်ဝချမ်းသာခြင်း ကံကြမ္မာတွေကို ပြောင်းလဲပေးခဲ့ပေမဲ့ ဆင်းရဲရခြင်းရဲ့ အကြောင်းခံဟာ ဖခင်ဖြစ်သူဖြစ်တဲ့ အကြောင်း မှတ်ယူထားတဲ့ ဝမ်ကျားချန်တစ်ယောက် ဖခင်ဖြစ်သူရဲ့ ကံကြမ္မာကိုတော့ ပြောင်းလဲပေးခဲ့ခြင်းမရှိပါဘူး ။ ဘာကြောင့်လဲဆိုတာကတော့? ❏ ဝမ်ကျားချန်တစ်ယောက် နောင်တတွေနဲ့ ဘယ်လိုကျန်ရစ်နေရမလဲ ? ❏ ကြိုးစားပြီးတော့ရော ကံကြမ္မာကိုပြောင်းလဲပြစ်နိုင်ပါ့မလား? နတ်ပြည်ကိုရော ပြန်ရောက်သွားနိုင်မလား ? ❏ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေဦးမလဲဆိုတာ ဒီကားလေးကို ကြည့်ရှု အဖြေရှာ လိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Comedy • Crime • Drama
0 2023 84 mins
Runaway God of Wealth 4
Liberal Arts
6.5

Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာ‌ဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က တွဲပြတ်ထုံးစံကြီးနဲ့ ချစ်ရေးချစ်ရာကို အသားမကျတဲ့ ဇစ်ဘီတို့ဟာ အသက် ၁၈ နှစ်ကွာပေမယ့် ခပ်မြန်မြန်ပဲ ရင်းနှီးခဲ့ကြတယ်။ သူတို့နှစ်ဦးဟာ လမ်းခုလတ်မှာ ခဏတဖြုတ်တွေ့ဆုံကြမယ့်သူတွေလား၊ ဘ၀လက်တွဲဖော် ဖူးစာဆုံကြမယ့်သူတွေလားဆိုတာကို အချစ်ဒဿန ဘ၀ဒဿနတွေနဲ့ ခပ်ပါးပါးလေးပုတ်ထားတဲ့ ဇာတ်ကားတစ်ကားမို့ ကြည့်ဖို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

TV Movie • Thriller
6.5 2012 97 mins
Liberal Arts
Torn
5.5

လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........2Hrs 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Fantasy, Romance Translator.......C'mon Encoder..........SWM

Crime • Drama • Thriller
5.5 2022 156 mins
Torn
Half Baked
6.3

ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် အလှည့်ကြ သူငယ်ချင်းတစ်ယောက် ရွေးချယ်ပြီး မုန့်သွားဝယ်ခိုင်းကြတဲ့ အချိန် မထင်မှတ်ထားတဲ့ကိစ္စတစ်ခုကြောင့် မုန့်သွာဝယ်တဲ့သူငယ်ချင်းက ပြစ်မှုတစ်ခုကို ကျူးလွန်မိပြီး ထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျန်တဲ့သူငယ်ချင်းတွေက သူ့အတွက် ဘယ်လိုတွေရုန်းကန်ပေးမလဲ၊ငပြဲတွေကဘာတွေ ကြံစည်ကြမလဲ ၊ ဘယ်လိုတလွဲတွေဖြစ်ကြမလဲဆိုတာကိုကို ဇာတ်ကားလေးဖွင့်ပြီးစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး ……… File size…(2,76GB)  / (1.21GB) / (612.69MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lwin Bo

Drama • Romance
6.3 1998 82 mins
Half Baked
Shanghai Knight
1

စစ်​အေး​ခေတ် ဗြိတိသျှ​နေမဝင်အင်ပါယာနဲ့ ဂျပန်အင်ပါယာတို့ အာရှတိုက်တစ်ဝန်း နယ်ချဲ့ကျွန်ပြုထားတဲ့ ​ခေတ်ကာလတစ်ခုမှာ တရုတ်ပြည်မကြီးမှာလည်း မျက်နှာဖြူနဲ့ ဂျပန်​တွေ ကြီးစိုး​​နေတဲ့ အချိန်​ပေါ့၊ ရှန်ဟိုင်းမြို့Bundအရပ်မှာ ဂျင်ဂွမ်ယုံဆိုတဲ့ သူ​ဌေးက ဆိပ်ကမ်း ၇ခုပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းက​နေ စီးပွားရှာနေသူ​ပေါ့၊ သူနဲ့စီးပွားပြိုင်ဖက်က​တော့ အုချီယမဆိုတဲ့ ဂျပန်ပြည်ကလာတဲ့ သူ​ဌေးတစ်​ယောက်ပါ၊ ဆိပ်ကမ်းပိုင်သူ​ဌေးနဲ့ သွင်းကုန်လုပ်ငန်းရှင်တို့ ဖြစ်တာနဲ့အညီ ရန်ပွဲ၊တိုက်ပွဲ​တွေ ပဋိပက္ခ​တွေအမြဲဖြစ်​လေ့ရှိတဲ့ ကမ္ဘာ့ရန်​သဖွယ် ဖြစ်​နေကြသူ​တွေပါ။ ဒီလိုစီးပွားပြိုင်၂ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် မြင်းပွဲကို​တော့ အထူးခုံမင်ကြပါတယ်၊ ဒီလိုနဲ့ပဲ နှစ်ရှည်လများ ဖြစ်တည်လာတဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်းပွဲတစ်ပွဲနဲ့ စည်းစိမ်ကုန် ​​လောင်း​ကြေး ထပ်ကာ အဆုံးသတ်ဖို့သ​ဘောတူခဲ့ကြပါတယ်၊ မြင်းပွဲရှိပြီဆိုရင် ကိုယ့်ပြိုင်မြင်းကို အ​ကောင်းဆုံးထိန်း​ကျောင်းနိုင်တဲ့ ​ဂျော်ကီကို လိုလာစမြဲပါ၊ ဒီလို စည်းစိမ်ကုန်၊ ဂုဏ်သိက္ခာကုန် ​အ​လောင်းစား လုပ်ထားတဲ့ပွဲမှာ ​ဂျော်ကီ​ကောင်းရှိဖို့ ပိုလိုအပ်လာပါတယ်။ အဆိုပါ​ဂျော်ကီ​နေရာကို​ လုပ်ငန်းရှင်၂ဦးက မာယွန်​ဖေးဆိုသူ ဆိပ်ကမ်းအလုပ်သမားတစ်ဦးကို မျက်စိကျလာပါတယ်၊ သူက လူရိုးလူ​ဖြောင့်ဖြစ်သလို အလုပ်သမား​တွေရဲ့ နစ်နာဆုံးရှူံးမှု​တွေတန်ရာတန်​ကြေးပြန်ရ​ဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်​တွေ့​ဖြေရှင်းတတ်တဲ့ သူတစ်​ယောက်ပါ၊ မြင်းစီးပညာလည်း ​ထူးချွန်တာဖြစ်လို့ ဂျင်ဂွမ်ယုံ​ရော အုချီယမ​ရောက သူ့ကို ​ဂျော်ကီအဖြစ်​ခေါ်ယူချင်​နေတာပါ။ အ​လောင်းအစားတစ်ခုနဲ့ အရာအားလုံးရင်းထားတဲ့ ဒီမြင်းပွဲမှာ ဘယ်သူကဗိုလ်ဝင်ခံမှာလဲ ၂ဖက်လုံး​ခေါ်ယူချင်​တဲ့ မာယွန်​ဖေးက ဘယ်သူ့ဘက်က ရပ်တည်မလဲ ​မြွေ​မြွေချင်း​​ ခြေမြင်၊ ကတုံး​ပေါ် ထိပ်ကွက်ဖို့ပဲ ကြံ​နေတဲ့ ဒိတ်ဒိတ်ကြဲ သူ​​ဌေး၂ဦးရဲ့ အားပြိုင်ပွဲမှာ ဘယ်လိုလှည့်ကွက်​တွေ၊ ​နောက်​ကျောဓါးထိုးမှု​တွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ၊ တရုတ်ကားဆို CGI အများကြီး ပါဝင်တဲ့ သိုင်းကား​တွေပဲ အထွက်များ​နေတဲ့အချိန် ကိုလိုနီ​ခေတ် ဂိုဏ်းအားပြိုင်မှု​တွေ ပြန်မြင်​တွေ့ခွင့်ရတာတမျိုးထူးခြားတာမို့ ကြည့်ရှူခံစားကြည့်လိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (750MB) Quality__WebDL_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:30:00 Type__Action, Crime, History Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama • Family
1 2022 88 mins
Shanghai Knight
Humming
6.2

လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီး တန်ဖိုးမထားတတ်ကြတာချည်းပါပဲ။ အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရ အချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။ သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ ညီမျှပေမှာပေါ့။ ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကို စိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်း သုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲ ချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာ အမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက် အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size…1.52GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Crime • Drama
6.2 2008
Humming
Please Teach Me English
6.5

Please teach me English (2003) ***************************** 2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Jang Hyuk နဲ့ မင်းသမီး Lee Na Young တို့ရဲ့ ဟာသအချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား Jang Hyuk ရဲ့ သရုပ်ဆောင်ကောင်းချက်ကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာပါ။ ၂၀၀၃ ခုနှစ်၊ ကိုးရီးယားမှာ လူတိုင်းဟာ အင်္ဂလိပ်စာကို လေ့လာနေကြပြီးတော့ အင်္ဂလိပ်စကားနည်းနည်းမှမပြောတတ်ရင် လူရာမဝင်တဲ့ကာလဖြစ်လာပါပြီ။ လျှပ်စစ်မီတာရုံးမှာအလုပ်လုပ်နေတဲ့ နာယောင်းဂျူဟာလည်း ရုံးကအထက်လူကြီးရဲ့ဖိအားပေးမှုကြောင့် အင်္ဂလိပ်စာသင်တန်းတက်ဖို့ဖြစ်လာပါတယ်။ နာယောင်းဂျူဟာ အချစ်မှာလွယ်လွယ်ကျရှုံးတတ်ပြီးတော့ သူ့ရဲ့ဖူးစာဖက်မင်းသားလေး အိမ်မက်ဆန်ဆန်ရောက်လာဖို့ကို မျှော်လင့်နေတဲ့သူဖြစ်ပါတယ်။ သင်တန်းမှာ ပလေးဘွိုင်းဘတ်မွန်းဆူနဲ့တွေ့ပြီးတော့ ဘတ်မွန်းဆူကို ချစ်မိသွားပါတော့တယ်။ ဘတ်မွန်းဆူဟာ မိန်းမမြင်မနေနိုင် နှာထတတ်ပြီးတော့ သူ့ကိုလူအထင်ကြီးအောင် အရမ်းဟိတ်ဟန်ထုတ်တတ်တဲ့သူဖြစ်ပါတယ်။ ဘတ်မွန်းဆူဟာ အစပိုင်းမှာတော့ မပြင်တတ်မဆင်တတ်တဲ့ နာယောင်းဂျူကို မိန်းကလေးလိုမမြင်ခဲ့ပေမဲ့ သင်တန်းမှာ အင်္ဂလိပ်စာအတူသင်ရင်း နာယောင်းဂျူရဲ့အလွဲတွေလုပ်တတ်တဲ့ပုံစံမှာ ကျရှုံးသွားပါတော့တယ်။ အင်္ဂလိပ်စာသင်ရင်းနဲ့ အလွဲတွေကြားကနေဖြစ်ပေါ်လာတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါး၊ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ ကြည့်ပြီးခွီလိုက်ကြပါဦးခင်ဗျာ။ Movie: Please Teach Me English Genres: Comedy, Romance Country: South Korea Release Date: Nov 5, 2003 Duration: 1 hr. 58 min. Content Rating: 13+ – Teens 13 or older Translated by Yee Wai Encoded by Phyo Pyae

6.5 2003
Please Teach Me English
Chinese Paladin Prequel: The Wine Sword Fairy
5.7

ရှူရှန်းဂိုဏ်းဟာ လူ့ပြည်မှာ ပုန်းအောင်းနေတဲ့ မိစ္ဆာတွေကို လိုက်လံနှိမ်နင်းတဲ့ ဂိုဏ်းဖြစ်ပါတယ်။ ရှူရှန်းဂိုဏ်းက နင်အဆင့်တပည့် စီးထူကျုံးဟာ ထူးခြားတဲ့သွေးစီးဆင်းနေတဲ့အတွက် အရက်မသောက်ရရင်မူးနေတက်ပြီး အရက်သောက်ရမှ နိုးကြားနေတတ်သူ ဖြစ်ပါတယ်။ စီးထူကျုံးဟာ သိုင်းပညာမှာ ကျွမ်းကျင်ပေမဲ့ လွတ်လပ်ခြင်းကို နှစ်သက်သူ ဖြစ်တဲ့အတွက် ဂိုဏ်းစည်းကမ်းတွေကို မလိုက်နာပဲ အကြီးအကဲတွေအတွက် ခေါင်းကိုက်စရာတပည့်တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ယုန်မိစ္ဆာမလေး ဖုန်းရှောင်ရွှိနဲ့ တွေ့ဆုံခဲ့ပြီး သူ့စိတ်ထဲမှာ ဖုန်းရှောင်ရွှိကို ရင်းနှီးနေသလို ခံစားနေရပါတယ်။ ဖုန်းရှောင်ရွှိကလည်း သူ့ကိုယ်သူ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စီးထူကျုံးရဲ့ချစ်သူဖုန်းရှောင်ရှန်းရဲ့ ညီမလေးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်နေ့မှာ ဖုန်းရှောင်ရွှိကို ဆရာဦးလေးက ရှူရှန်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဖုန်းရှောင်ရွှိကနေပြီးတော့ သူ့ဂိုဏ်းတူညီလေး နန်ကုန်းဟွမ်ဟာ ဝံပုလွေမိစ္ဆာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ နန်ကုန်းဟွမ်ကို ကာကွယ်ပေးဖို့အတွက် စီးထူကျုံးတို့တစ်တွေ ရှူရှန်းမှ ထွက်ပြေးခဲ့ပြီး ယွိကျိုးမြို့ကို ရောက်ရှိလာပါတယ်။ သူတို့တစ်တွေ ရှူရှန်းဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးခြင်းက လွတ်မြောက်နိုင်ပါ့မလား…… ဖုန်းရှောင်ရွှိကရော ဘာအတွက် စီးထူကျုံးကို လာရောက်ချဉ်းကပ်နေတာလဲ…… စီးထူကျုံးရဲ့ ထူးခြားတဲ့ သွေးမျိုးရိုးကရော ဘယ်က ဖြစ်လာတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
Chinese Paladin Prequel: The Wine Sword Fairy
Copenhagen

ဝီလျံဖို့ဒ်ဆိုတဲ့ အမေရိကန်လူငယ်လေးဟာ သူ့သူငယ်ချင်းအတွဲတစ်တွဲနဲ့အတူဥရောပကိုခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သူ့ဖခင်ဆုံးသွားတဲ့နောက် ပစ္စည်းအဟောင်းလေးတွေကိုလှန်လှောရင်းရှာတွေ့ခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပဲ။ လိပ်စာ၊ရည်ညွှန်းချက်အပြည့်အစုံပါပေမယ့် သူ့အဖေမပို့ဖြစ်ခဲ့တဲ့စာလေးကို သူ့အလှည့်မှာရောက်အောင်ပို့မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲ့ဒီလိုဆုံးဖြတ်မိတာ ဘာကြောင့်လဲ သူကိုယ်တိုင်ရေရေရာရာမသိဘူး။ဖခင်ဖြစ်သူအပေါ်လည်း အဲ့ဒီလောက်လေးလေးနက်နက်ခံစားချက်ရှိတဲ့သူမဟုတ်ဘူး။ သူ့စရိုက်ဟာ ညစ်ကျယ်ကျယ်ခပ်ရိုင်းရိုင်းဖြစ်တယ်။ အဲ့ဒီစရိုက်ကြောင့်ပဲ အတူခရီးသွားဖော် သူငယ်ချင်းအတွဲနဲ့ရန်ဖြစ်ပြီးလူချင်းကွဲသွားသလို အဲ့ဒီစရိုက်ကြောင့်ပဲ မြို့ခံမိန်းမငယ်လေး အက်ဖီနဲ့ ဘုဘောက်ကျပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ကိုပင်ဟေဂင်ဟာ သာမန်ဥရောပမြို့တစ်မြို့မဟုတ်ပဲ ဒင်နီယယ့် ဖခင်ရဲ့မွေးရပ်မြေဖြစ်ပါတယ်။ ဒင်နီယယ်ရဲ့ ဘာသာစကားအခက်အခဲကိုသိသွားတဲ့ အက်ဖီဟာ ဒင်နီယယ်သွားလိုတဲ့အရပ်ကို ကူညီစုံစမ်းရင်းနဲ့ ခရီးတိုလေးတစ်ခုကို စတင်မိခဲ့ကြပါတယ်။ အဲ့ဒီခရီးတိုလေးဟာ သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ အဓိပ္ပါယ်တွေအများကြီးဆောင်ယူလာခဲ့မယ့် ခရီးလေးတစ်ခုဖြစ်လာပါတော့တယ်။ Copenhagen က ၂၀၁၄တုန်းကထွက်ထားတဲ့ အင်ဒီကားလေးတစ်ကားပါ။ပရိသတ်တွေဆီကရော ဝေဖန်ရောဆရာတွေဆီကပါ ရီဗျူးအကောင်းတွေပိုင်ဆိုင်ထားပြီး၊ ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုတွေရထားပါတယ်။ အင်ဒီကားဆိုပေမယ့် နားလည်ရခက်အောင် ပညာပြထားတာတွေမပါဝင်ပဲ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောလို့ရမယ့် ဇာတ်ကားလှလှလေးတစ်ကားလည်းဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Adventure, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Thriller • Mystery • Horror
0 2014
Copenhagen
The Celebration

IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ အသံအားလုံးကို ရိုက်ကွင်းမှာပဲတန်းသွင်းပါတယ်။ ကင်မရာကိုင်တဲ့နေရာမှာလည်း ဘာစက်ပစ္စည်းကိရိယာအကူအညီကိုမှမယူဘဲ တစ်ကားလုံး ကင်မရာကို လက်နဲ့ပဲကိုင်ပြီးရိုက်ကူးတာပါ။ သရုပ်ဆောင်က ချော်လဲတဲ့အခန်းဆိုရင် ကင်မရာကို ကိုယ်တိုင်ကိုင်ပြီးချော်လဲပြရတယ်။ ရေမရောထားတဲ့ ရုပ်ရှင်စစ်စစ်ကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သေချာပေါက်မြည်းစမ်းကြည့်ရမယ့်ရုပ်ရှင်ဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။ File size…(2.3 GB)/(2.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 1998 105 mins
The Celebration
A Sound of Thunder

2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။ Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို သတ်နေတာက အလွန်အန္တရာယ်များကြောင်း သတိပေးခဲ့ပါတယ်။ Sonia သတိပေးခဲ့သလိုပဲ နောက်ရက် အချိန်ခုန်ကူးတဲ့ အချိန်မှာမတော်တဆမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၄နာရီ ပြည့်သွားတဲ့အခါမှ လက်ရှိအချိန်ကို သက်ရောက်မှု ဖြစ်သွားပြီး တစ်ခါမှ မမြင်ဖူးတဲ့ ကမ္ဘာဦးတိရစ္ဆာန်တွေလို အကောင်မျိုးတွေ ပေါ်လာပြီး ကမ္ဘာကြီးက တစ်မုဟုတ်ချင်း တောကြီးအသွင်ပြောင်းသွားခဲ့တာပါ။ နဂိုအခြေအနေ ပြန်ရောက်ဖို့ Travisက ဘာမှားသွားလဲ ဆိုတာ သိရအောင် လုပ်ပြီး အတိတ်ကို ပြန်ပြီး အချိန်ခုန်ကူးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ ဖြစ်လာနိုင်ပါ့မလား။ Travisကရော နဂိုအခြေအနေ ပြန်ရောက်အောင် ကြိုးစားတာ အောင်မြင်ပါ့မလား ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ပါ။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Thriller, Science Fiction, Adventure and Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2005
A Sound of Thunder
Re-LOVE

Re-Love (2022) ************** ဒီကားလေးမှာတော့ Breathlessဆိုတဲ့ရုပ်ရှင်ကိုရိုက်ကူးတဲ့ ဒါရိုက်တာမင်းသားကြီး Yang Ik Joon နဲ့ … The Uncanny Counter ထဲက မင်းသားကြီး Yoo Joon Sang တို့အပြင်… Im Seon Woo, Kim Sae Byeok, Kim Joon Han နဲ့ Chung Ye Jin တို့ကို… အဓိကသရုပ်ဆောင်တွေအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။ ဒါရိုက်တာ Kim In Seon နဲ့အတူ ဒီရုပ်ရှင်ထဲ မင်းသားတွေအဖြစ်ပါဝင်တဲ့… Yang Ik Joon နဲ့ Yoo Joon Sang တို့က ဒါရိုက်တာတွေအနေနဲ့ မတူညီတဲ့… အချစ်ဇာတ်လမ်းသုံးမျိုးကို ရိုက်ကူးပြသထားတဲ့ Melodrama, Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ————— ပထမဇာတ်လမ်းလေးမှာတော့ ရုပ်ရှင်ဒါရိုက်တာ ဆောအူ နဲ့ အီဂျွန် တို့ဟာ… သူတို့ရဲ့ အတွေ့အကြုံတွေကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲပြီး တွဲဖက်ရိုက်ကူးနေကြပါတယ်။ နားလည်မှုရှိတဲ့ချစ်ခြင်းတရားနဲ့ ခွဲခွာခြင်းသဘောကို…. သူတို့နှစ်ယောက်ရဲ့ ရှုထောင့်မှတစ်ဆင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဒုတိယဇာတ်လမ်းလေးမှာတော့ ဟာနာက မတွေ့တာကြာတဲ့အဖေဖြစ်သူဆုံးသွားပြီးနောက်.. အဖေဖြစ်သူအိမ်ကိုရှင်းဖို့သွားရာကနေ ဘယ်လိုအမှတ်တရတွေက… သူနဲ့အတူတူပါလာမလဲဆိုတာကိုကြည့်ရမှာပါ။ နောက်ဆုံးဇာတ်လမ်းကတော့ အနေဝေးတဲ့ချစ်သူနှစ်ယောက်ကြား… အတိတ်ကပုံရိပ်တွေပြန်သတိရလွမ်းဆွတ်တာကို သီချင်းစာသားတွေနဲ့တူတူစီးမြောထားတာကိုတွေ့ရမှာပါ.. မတူညီတဲ့ အချစ်ဇာတ်လမ်းလေးတွေအတိုင်း လိုက်ပါစီးမြောရင်း ကြည့်ရှုလိုက်ကြပါဦးရှင်။ ဇာတ်လမ်းအညွှန်းကို Lucien မှရေးသားထားပါတယ် File size… 1.32 GB / 638 MB Quality…WEB-DL 1080p 720p Genres: Romance, Drama, Melodrama Duration: 1 hr 35 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Lucien Encoded By Heather Oo

0 2022
Re-LOVE
Keshava Chandra Ramavath (KCR)
7.4

KCR(2024) ယုံကြည်ရာဆီသို့ သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။ အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။ တောရွာလေးတွေရဲ့ထုံးစံအတိုင်းသူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။ တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။ ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီး အပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့ ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။ အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကိုသားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေ သူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။ သူတို့ရဲ့ဘဝဟာဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့ စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာ စသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီး လေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီး အရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်းဂရုစိုက်ခံရလေရဲ့။ ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရော ဘယ်လိုတားဆီးပိတ်ပင်မလဲ ထောက်ပံ့အားပေးမလဲ မန်ဂျူကရော ဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲ ဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

History • Drama
7.4 2024 133 mins
Keshava Chandra Ramavath (KCR)
The Six Triple Eight
6.6

RT – 53% ဒုတိယကမ္ဘာစစ်နောက်ခံ ဖြစ်ရပ်မှန် ဇာတ်ကားသစ်တစ်ခုဖြစ်ပါတယ်။ လူမည်းနီဂရိုးတွေကို အစဉ်အလာနှိမ်တတ်တဲ့ အမေရိကန် ပြည်ထောင်စု၊ အမျိုးသမီးများကို ဖိနှိပ်ထားချင်တဲ့ အမေရိကန် ပြည်ထောင်စုမှာ လူမည်းအမျိုးသမီးချည်းပါတဲ့ တပ်ရင်းတစ်ရင်းဖြစ်လာဖို့ဆိုတာ အတော်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဖြစ်လာပြီးရင်တောင်မှ တာဝန်ပေးခံရဖို့ဆိုတာ ပိုပြီးခက်ခဲပါတယ်။ ဒါကိုမှ သူများမလုပ်နိုင်တဲ့ တာဝန်ကို အောင်မြင်အောင်ထမ်းဆောင်နိုင်ခဲ့တဲ့ အမှတ် ၆၈၈၈ နီဂရိုးအမျိုးသမီးတပ်ရင်းအကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်မှာ အမေရိကန်စစ်သည်တွေအပြင် အမေရိကန်ပြည်သူတွေမှာပါ ရန်သူတစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ စစ်မြေပြင်ကနေ အိမ်ကို စာအဆက်အသွယ်လုပ်လို့မရသလို အိမ်ကနေလဲ စစ်မြေပြင်ဆီကို ဆက်သွယ်မရပါဘူး။ အဆက်အသွယ်မရလေ အိမ်က မိသားစုဝင်များက စိတ်ပူလေ…စစ်ဌာနချုပ်ကို စောဒကတွေတက်လေ၊ စစ်ဌာနချုပ်မှာလည်း စစ်ရေးရည်မှန်းချက်တွေရှိလေတော့ မဖြည့်ဆည်းပေးနိုင်၊ နောက်ဆုံး သမ္မတကတော်နားပေါက်ကြားသွားလေမှ သမ္မတကပါ ဖိအားပေးတောင်းဆိုရပါတော့တယ်။ ဒီအခါ နီဂရိုး အမျိုးသမီးတပ်ဖွဲ့ကို ဘယ်သူမှ မအောင်မြင်ခဲ့တဲ့ ဒီ ‌စာဝေရေးတာဝန်ကို ပေးအပ်ခဲ့ပါတယ်။ ဘယ်လိုမှ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ ပေးအပ်ကြတာဖြစ်ပြီး လေယာဉ်ရုံကြီးတွေနဲ့ အပြည့် စာ‌အစောင်ပေါင်း ၁၇သန်းကို ခြောက်လအတွင်း နီဂရိုးအမျိုးသမီးတပ်ရင်းဟာ အခက်အခဲတွေကြားက အောင်မြင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ရှုစားရမှာပါ။ Kerry Washington, Ebony Obsidian, Shanice Williams တို့က အဓိက ဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပြီး Director ကတော့Tyler Perry ဖြစ်ပါတယ်။ လောလောဆယ် Hollywood Music in Media Awards မှာ တေးဂီတဆု၊Critics choice award Celebration of Cinema and TV မှာ ဒါရိုက်တာ ဆု၊ African American Film Critics Association မှာ Beacon award စပြီး ဆုသုံးဆုရထားပြီး Nominees ၅ဆု ဝင်ထားပါတယ်။ File Size : 4.2 GB, 1.5 GB, 858 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 2hr 7min Format : Mkv and Mp4 Genre : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by : T Lone Encode by : Thit San Khant

6.6 2024 130 mins
The Six Triple Eight
Los Frikis
6.8

Los Frikis (2024) IMDb Rating (6.8) / Rotten Tomatoes (85%) ၁၉၉၀ ကျူဘားနိုင်ငံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ HIVတော်တော်ဇောင်းကြွနေတဲ့ ကုသနည်းမရှိတဲ့ သူစပေါ်ခါစ ကာလမှာ ဇာတ်အိမ်တည်ထားတယ်။ နိုင်ငံရေးအခြေအနေကလည်း တော်တော်ကျပ်တည်းနေတဲ့ကာလပေါ့။ ဘာမဟုတ်တဲ့ ဘာအမှုနဲ့မဆို ထောင်ထဲကျသွားနိုင်ပြီး အလုပ်အကိုင်ရှားပါးတဲ့ခေတ်ပေါ့။ ဒီခေတ်မှာ လူငယ်တွေက ခေတ်ကြီးကခက်ခဲပေမဲ့ ဂီတကို ချစ်နေကြသေးတယ်။ ဒီရုပ်ရှင်ကတော့ အဲဒီထဲကမှ လူငယ် punk rock band ထောင်ထားတဲ့ လူငယ်လေးတွေကိုပြထားတယ်။ ကျပ်တည်းလှတဲ့ခေတ်ကြီးကို ကျော်ဖြတ်ဖို့ HIVတမင်အကူးခံခဲ့တဲ့လူငယ်တွေပေါ့။ သေလုဆဲဆဲကာလမှာတောင် သီချင်းတွေကို ဆက်ချစ်နေကြတုန်းပဲ။ သဘောထားလည်းသိပ်ကြီးကြတဲ့ ပန့်တွေပေါ့။ သေမင်းနဲ့စစ်ခင်းရင်း ဂီတကိုဖက်တွယ်တာက ဒီရုပ်ရှင်ရဲ့ အဓိကအချက်တော့မဟုတ်ပေမဲ့ အဲဒါကပဲ ဒီရုပ်ရှင်ကိုပိုလှစေခဲ့တယ်။ အေအိုင်ဒီအက်စ်ရဲ့ကာလကြီးအကြောင်းမှာ သီချင်းတွေဝေနေတာကို ဒီရုပ်ရှင်မှာမြင်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(4.5 GB) / (1.6 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

6.8 2024 105 mins
Los Frikis