YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Big Deal (2025) WEB-DL 720p (CM).mp4

549.41 MB N/A video/mp4 1075 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Modern Way

The Modern Way (2022) ဒီရုပ်ရှင်ကိုတော့ ၁၉၈၀ ခုနှစ် ဝန်းကျင်က အင်္ဂလန်ရဲ့ဂိုဏ်းတွေဖြစ်တဲ့ Mod၊ Skinhead နှင့် Biker တို့ကို နောက်ခံထားပြီး ရိုက်ကူးပြသထားတာပါ ။ ဇာတ်လမ်းလေးက ဗြိတိန်ဆန်ဆန် တက်ကြွလန်းဆန်းတဲ့ရသကိုခံစားမိစေပါတယ်။ ဇာတ်လမ်းက ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်လို့ပြောရပါမယ် ။ Danni ဆိုတဲ့ကောင်မလေးက အိမ်တွင်းရေးအဆင်မပြေမှုလေးတွေကြောင့် Skinhead ဂိုဏ်းဝင်ဖြစ်မှန်းမသိ ဖြစ်လာပြီး သူလေးကြောင့် ဘယ်သူတွေဒုက္ခရောက်မလဲ။ သူကကော ဒီဒုက္ခတွင်းထဲရုန်းထွက်နိုင်မှာလား ဆိုတာကို ရှုစားအားပေးကြပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…  1.2GB | 624MB | 303MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron

Action & Adventure • Drama • Sci-Fi & Fantasy
0 2022 88 mins
The Modern Way
Detective Dee and Dragon Hidden Lair
3

စုံထောက်ကြီးဒီး(ဒီးရန်ကျယ်) ရဲ့ စွန့်စားခန်း အမှုစစ်ဆေးရေး ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM က ပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ စွန့်စားခန်း ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ။ ထန်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ အကျင့်သီလနဲ့ ပြည့်စုံတဲ့ မင်းကြီးနဲ့ ဘုရင်မကြီးတို့ကြောင့် လော့ယန်တစ်မြို့လုံး စီးပွားလာဘ်လာဘတွေ တိုးတတ်ပြီး အေးအေးချမ်းချမ်းရှိနေခဲ့ပါတယ် ။ ဒ ါပေမဲ့ တစ်နေ့မှာတော့ လော့ယန်မှာ ထူးဆန်းလှတဲ့ အမှုကိစ္စတွေက ထွက်ပေါ်လို့လာခဲ့ပါတော့တယ် ။ ၎င်းကတော့ ပြည်သူတွေရဲ့ ရေကြောင်းစောင့်ကြပ်ရေးတပ်ဖွဲ့ဟာ မြစ်လည်ခေါင်မှာ အမည်မသိ လူသတ်သမားရဲ့ သတ်ဖြတ်ခြင်းကို ခံရပြီး တစ်ဖွဲ့လုံးအသက်ရှင်ကျန်ရစ်သူမရှိ သေဆုံးသွားခဲ့တာပါ ။ ပြည်သူတွေလဲ ဒီသတ်ဖြတ်မှုကြီးကြောင့် ထိတ်လန့်တစ်ကြားဖြစ်နေပြီးတော့ တလီဘုရားကျောင်းတော်မှ စုံထောက်ကြီးဒီးနဲ့ သူ့ရဲ့ အပေါင်းအပါတွေက ဒီအမှုကို စုံစမ်းဖို့ စတင်လုပ်ကိုင်ခဲ့ကြပါတယ် ။ သဲလွန်စ တစ်ခုခြင်းစီနောက်ကိုလိုက်ရင်း ❏ စုံထောက်ကြီးဒီးနဲ့ အပေါင်းအပါတွေ ဒီအမှုကြီးကို ဘယ်လိုတွေ ဆက်လက်စုံစမ်းမှာလဲ ? ❏ အမှုစုံစမ်းနေစဥ်အတွင်းမှာ ဘယ်လိုထူးဆန်း တုန်လှုပ်ဖွယ်ရာ အကြောင်းအရာတွေကို တွေ့ရှိရမလဲ ? ❏ စုံထောက်ကြီးဒီးတစ်ယောက် အဖြစ်မှန်ကို ရှာဖွေကာ ထန်မင်းဆက်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ ? ဇာတ်ကားလေးကို စိတ်ဝင်တစားကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Mystery Runtime : 1h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama • Romance
3 2023 63 mins
Detective Dee and Dragon Hidden Lair
Can’t Hardly Wait
6.5

1998 တုန်းက ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ တကယ်ရယ်ရတဲ့ Comedy ရုပ်ရှင်စစ်စစ်တစ်ကားပါ။ ဟန်တင်တန်ဟေးလ်စ် အထက်တန်းကျောင်းကြီးရဲ့ စီနီယာကျောင်းသားတွေဟာ အထက်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်တစ်အိမ်မှာ ပါတီအကြီးကြီးတစ်ခု စုပြီးလုပ်ကြပါတယ်ဗျ။ ကျောင်းသားပါတီဖြစ်တဲ့အလျှောက် ပါတီတက်တဲ့ထဲမှာ ကောင်မလေးတစ်ယောက်ကို နှစ်အကြာကြီး တိတ်တိတ်လေး ကြိတ်ကြိုက်နေတဲ့သူ၊ စော်ကြည်ဘဲ၊ ကျောင်းကပွဲ ကွင်း၊ ဂိ၊ စတဲ့ ကျောင်းသားကျောင်းသူပေါင်းစုံ အများကြီး ပါဝင်ကြပါတယ်။ ကောလိပ်တက်ရမှာမလို့ လူကြီးပုံစံဖမ်းနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ပုံစံပေါင်းစုံနဲ့ ဘရုတ်ကျပုံတွေကို ကျွန်တော်တို့မှာ တကယ်မရှိဖူးခဲ့တဲ့ ကျောင်းသားဘဝကို လွမ်းရင်း ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ကျောင်းသားဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ…။ File size…(2.49GB) / (671MB) / (703MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

Action • Drama • Mystery • Thriller
6.5 2022 100 mins
Can’t Hardly Wait
Paper Bride
5.9

မင်ကော်ခေတ်ဦးပိုင်းမှာ ချင်းပေါင်ရွာရှိ မာမိသားစုက သခင်မကြီးဟာ ရောဂါကြောင့်သေသွားတဲ့ မြေးကြီးမာပုမင်အတွက် တစ္ဆေမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ မင်္ဂလာပွဲမှာ စက္ကူနဲ့လုပ်ထားတဲ့ သတို့သမီးက အသက်ရှင်လာခဲ့ပြီး မင်္ဂလာပွဲဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။ နတ်ဆရာက မာမိသာစုရဲ့ ဒုတိယမြေးလေး မာပုခွိုက်ရဲ့သွေးက စက္ကူသတို့သမီးကိုယ်ပေါ် စွန်းမိသွားတဲ့အတွက် စက္ကူသတို့သမီးရဲ့ တွယ်ကပ်ခြင်းကို ခံရတာလို့ ပြောပြီး မာပုခွိုက်ကို မာအိမ်မှာ ထွက်သွားဖို့ ပြောခဲ့ပါတယ်။ ၁၁ နှစ်ကြာပြီးနောက် မာပုခွိုက်ဟာ သူ့ချစ်သူ လီကျောင်းတိနဲ့အတူ ရွာပြန်ပြီး လက်ထပ်ဖို့အရေးဆွေးနွေးဖို့ ပြန်လာခဲ့ပါတယ်။ သူမာအိမ်ကို ပြန်လာပြီးနောက် ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ တစ္ဆေသရဲအကြောင်း မယုံတဲ့သူက ဒီကိစ္စကို ထူးခြားတယ်လို့ ထင်ပြီး ကိုယ်တိုင်မေးခွန်းတွေကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ စက္ကူသတို့သမီးက အသက်ပြန်ရှင်လာပြီး လူသတ်မှုမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ…… လွန်ခဲ့တဲ့ ၁၁ နှစ်ကရော ဘယ်လို မသမာမှုတွေ ရှိခဲ့မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်အဖြေရှာ လိုက်ရအောင်နော်။

5.9 2023
Paper Bride
Before Sunset
8

Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … . အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို ့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို ့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို ့နှစ်ယောက် စတွေ ့ခဲ့ကြတယ်ဆိုတာကိုပဲ။ . ကျွန်တော်တို ့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို ့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို ့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို ့ရုပ်ရှင်ချစ်သူတွေရဲ ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ ့အတွေးက ဒါပဲ။ ဘဝရဲ ့တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ ့အောင် သင်ဟာ နည်းမျိုးစုံနဲ ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ ့မြစ်ဖျားခံရာက အချစ်ပဲ။ —————————————————————————- B E F O R E . သူ ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ ့ကို Jesse လို ့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို ့လည်း သူ ့ကို ရင်းနှီးတယ်လို ့ခံစားရအောင် Jesse လို ့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို ့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ ့ပဲ အမေရိကားကို ပြန်ဖို ့ထွက်လာခဲ့တယ်။ Vienna မြို ့ကနေ လေယာဉ်နဲ ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန် ့ပြီး Vienna မြို ့ပေါ်ကို သူနဲ ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို ့တစ်ချိ ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို ့ပဲ မြင်တယ်။ . လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လိုု ့ခင်ဗျားတို ့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို ့မြင်တယ်။ လောကမှာ ကိုယ်နဲ ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ ့ဘဝရဲ ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ ့သူတို ့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို ့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။ . သူတို ့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ ့မှာ မြင်တွေ ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေးတွေပါတယ်။ သူတို ့စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေအကုန်လုံးကို ပြောဖြစ်ကြတယ်။ Vienna မြို ့လေးပေါ်က အုတ်လမ်းလေးတွေပေါ်က သူတို ့နှစ်ယောက်ရဲ ့ခြေသံတွေဟာ ထပ်ထပ်လာလေ သူတို ့နှစ်ဦးပြောဖြစ်တဲ့ အကြောင်းအရာတွေဟာ ပိုပြီး ဆက်စပ်မှု ရှိလာလေလေပဲ။ ထိုညလေးဟာ တစ်ဖြည်းဖြည်းနဲ ့ပိုနက်လာတယ်။ တစ်နေရာမှာ ဗေဒင်ဟောဆရာမတစ်ယောက်ကို တွေ ့ခဲ့တယ်။ တစ်နေရာမှာတော့ ကဗျာဆရာတစ်ယောက်နဲ ့တွေ ့တယ်။ ထိုကဗျာဆရာဇာတ်ကောင်က ထူးဆန်းတယ်။ သူကလူတွေဆီကနေ ငွေကို အခမဲ့မတောင်းဘူး။ လူတွေကို စိတ်ထဲကရှိတဲ့ စကားလုံးတစ်လုံးကို ရေရွတ်ခိုင်းတယ်။ ထိုစကားလုံးကို အခြေခံပြီး ထိုခဏအတွင်း သူကဗျာတစ်ပုဒ်ဖွဲ ့နွဲ ့ရေးသားမယ်။ ဖတ်တဲ့သူတွေက နှစ်သက်မှ၊ ပြီးတော့ သူတို ့ဘဝတွေမှာ တစ်ခုခုနဲ ့ဆက်နွယ်တယ်လို ့ခံစားရမှ သူ ့ကိုစေတနာရှိသလောက် ငွေပေးကမ်းခဲ့ခိုင်းတာမျိုး။ သူက Jesse နဲ ့Celine ကို ဖွဲ ့ပေးလိုက်တဲ့ ကဗျာလေးက အရမ်းလှလွန်းတယ်။ . Daydream delusion, limousine eyelash / Oh baby with your pretty face / Drop a tear in my wineglass / Look at those big eyes / See what you mean to me / Sweet-cakes and milkshakes / I’m a delusion angel / I’m a fantasy parade / I want you to know what I think / Don’t want you to guess anymore / You have no idea where I came from / We have no idea where we’re going / Lodged in life / Like branches in a river/ Flowing downstream / Caught in the current / I carry you / You’ll carry me / That’s how it could be / Don’t you know me? / Don’t you know me by now? . ထိုညတစ်ညမှာ လရောင်ဟာ လင်းလက်နေခဲ့သလား၊ မှောင်မိုက်နေခဲ့သလားဆိုတာကိုတော့ သူတို ့နှစ်ယောက်ပဲ အသိဆုံးဖြစ်ခဲ့လိမ့်မယ်။ ဒီလိုနဲ ့နောက်နေ ့မနက်မှာ ကိုယ်ပိုင်ခရီးတစ်ခုဆီကို သူတို ့အသီးသီးဆက်သွားကြတော့တယ်။ လူသားတွေဟာ မတည်မြဲတဲ့ ကတိတွေကို ပေးတတ်တဲ့နေရာမှာတော့ ထူးချွန်ကြတယ်။ ဒီလိုပဲ သူတို ့လည်း နောက် ၆ လကြာရင် ဒီမြို ့လေးမှာ ပြန်တွေ ့ကြမယ်ဆိုပြီး ကတိတွေပေးခဲ့ကြတယ်။ . ထိုရုပ်ရှင်ဇာတ်ကားထွက်ခဲ့တုန်းက ပရိသတ်တိုင်းဟာ သူတို ့နှစ်ယောက် ပြန်တွေ ့ခဲ့ကြလား၊ မတွေ ့ဖြစ်ခဲ့ကြဘူးလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ခဲ့ကြဘူး။ ကိုယ်ပိုင်ထင်ကြေးတွေ ပေးခဲ့ကြတယ်။ ထိုအဖြေကို နောက် ၉ နှစ်အကြာမှ ပရိသတ်တွေ ရခဲ့ကြတယ်။ —————————————————————————- နှစ်တွေကြာမြင့်ခဲ့ပြီ။ နောက် ၉ နှစ်အကြာမှာ ပါရီမြို ့ရဲ ့စာအုပ်ဆိုင်တစ်ဆိုင်မှာ မမျှော်လင့်ပဲ သူတို ့ထပ်တွေ ့ဖြစ်ကြတယ်။ Jesse ဟာ လွန််ခဲ့တဲ့ နှစ်အနည်းငယ်က ရထားတစ်စင်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ ့စတင်တွေ ့ဆုံခဲ့ပြီး Vinenna မြို ့ပေါ်မှာ တစ်ညတာ အချိန်တွေ ကုန်ဆုံးခဲ့ပုံကို စာအုပ်ရေးခဲ့တာကြောင့် အခုတော့ အတော်အတန်အောင်မြင်စ စာရေးဆရာတစ်ယောက်ပေါ့။ စာနယ်ဇင်းသမား ၃ ယောက်ရဲ ့အမေးတွေကို ဖြေကြားနေတဲ့ Jesse ကို ဘေးကနေ Celine ပြုံးကြည့်နေတယ်။ ဒီတစ်ခါ သူတို ့ပြန်တွေ ့ဖြစ်ကြတော့ လွန်ခဲ့တဲ့ ၉ နှစ်တုန်းကလို အချိန်တစ်ညလောက် မရဘူး။ ညနေ နေမဝင်ခင်မှာ Jesse က လေယာဉ်နဲ ့အမေရိကားကို ပြန်ရမှာ။ အလွန်ဆုံး စကားလက်ဆုံပြောရ နာရီအနည်းငယ်ခန် ့ပေါ့။ ဒါပေမဲ့ သူတို ့ထိုညနေခင်းတစ်ခင်းကို လွန်ခဲ့တဲ့ ၉ နှစ်ကအတိုင်း စကားလုံးတွေနဲ ့ကုန်ဆုံးကြပြန်တော့တယ်။ ထ်ိုညနေခင်းရဲ ့အဆုံးမှာ ဘာတွေ ဆက်ဖြစ်သွားကြသလဲ။ Celine က Jesse ကို သတိပေးလိုက်တယ်။ ရှင်တော့ လေယာဉ်မှီမှာ မဟုတ်တော့ဘူး တဲ့။ . ထုံးစံအတိုင်း ပရိသတ်ကို ဘာဆက်ဖြစ်မလဲဆိုတာ မသေချာတဲ့ဇာတ်ကြောင်းနဲ ့ချန်ထားရစ်ပြန်တယ်။ Jesse လေယာဉ်မှီသွားရဲ ့လား။ သူတို ့ဘာဆက်ဖြစ်ကြတော့မှာလဲ။ ထိုမေးခွန်းတွေရဲ ့အဖြေကိုလည်း နောက် ၉ နှစ်ကြာမှ ပရိသတ်တွေ ရခဲ့တော့တယ်။ —————————————————————————— B E F O R E အပေါ် မိမိအမြင် . ဒီဇာတ်ကား ၃ ကားကို ကျွန်တော်ကြည့်ခဲစဉ်က ထူးထူးခြားခြား ဘယ်လို ခံစားခဲ့ရသလဲဆိုတော့ ရုပ်ရှင်တစ်ကားကို ကြည့်နေတယ်လို ့မခံစားရပဲ စာအုပ်တစ်အုပ် (သို ့မဟုတ်) ဆောင်းပါးတစ်ခုကို ဖတ်နေရသလိုပဲ ခံစားခဲ့ရတယ်။ အခုလို ခံစားချက်မျိုးက My Dinner with Andre (1981) ကို ကြည့်ခဲ့ရတုန်းကလည်း ခံစားဖူးတယ်။ ဒါပေမဲ့ ဇာတ်ကား ၃ ကားစလုံးကို ကြည့်ပြီးတဲ့အခါမှ ထို ၃ ကားစလုံးပေါင်းပြီး ရုပ်ရှင်တစ်ကားလို ့ခံစားခဲ့ရတယ်။ . လူအများစုက ယခုဇာတ်ကားတွေကို အချစ်ကားလို ့သတ်မှတ်ကြပေမဲ့ ကျွန်တော်ကတော့ အချစ်ကားဆိုတာထက် ပိုတယ်လို ့ခံစားရတယ်။ လူသားနှစ်ဦးရဲ ့ဆက်စပ်မှုတွေ၊ တူညီတဲ့အတွေးစတွေကို ဖော်ထုတ်ပေးခြင်းလို ့ပိုမြင်မိတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေကို ကြည့်မယ်ဆိုရင် Before Sunrise မှာတုန်းက သူစိမ်းတွေဆိုတော့ ခံယူချက်တွေ၊ ideas တွေ အစရှိတဲ့အကြောင်းအရာတွေကို ပိုမိုပြောဖြစ်ခဲ့ကြပြီး နောင် ၉ နှစ်အကြာ Before Sunset မှာ ပြန်တွေ ့တော့ သူတို ့ပြောတဲ့စကားတွေက လွန်ခဲ့တဲ့ ၉ နှစ်အတွင်းက ဖြစ်ခဲ့ကြတဲ့ ဘဝအသီးသီးရဲ ့ဖြစ်စဉ်တွေကို ဖလှယ်ကြတယ်။ သူတို ့ဘဝတွေဟာ ပရိသတ်တွေရဲ ့ဘဝတွေ ဖြစ်လာတယ်။ ဒီလိုနဲ ့နောက်ထပ် ၉ နှစ်အကြာ Before Midnight မှာ သူတို ့ဘာတွေပြောကြပြီလဲဆိုတော့ အရင်လိုတစ်ယောက် မသိခဲ့တဲ့ ဖြစ်စဉ်တွေကို တစ်ယောက် ပြောနေတာထက် နှစ်ယောက်အတူတူ နှစ်ရှည်လများ ရှိနေခဲ့တာတောင် တစ်ယောက်ရဲ ့ခံစားချက်ကို တစ်ယောက် မမြင်နိုင်ခဲ့တဲ့ ခံစားချက်တွေပဲ။ ဒီဇာတ်ကားတွေဟာ ဘာထူးခြားသလဲဆိုတော့ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းကို ကျွန်တော်တို ့ဟာ တတိယလူအဖြစ်နဲ ့ဝင်ရောက်နားထောင်နေခဲ့တဲ့အတွက် သူတို ့နှစ်ယောက်အပြင် တတိယလူဖြစ်တဲ့ ပရိသတ်ကပါ ထိုဇာတ်ကောင်နှစ်ယောက်နဲ ့ပိုမိုနီးစပ်လာတယ်ဆိုတာ သိသာစွာ ခံစားလာရတယ်။ ထိုဇာတ်ကောင် နှစ်ယောက်နဲ ့ပရိသတ်ကြားမှာ ကာထားတဲ့ အလွှာပါးတစ်ချပ်ဟာ ဘယ်အချိန်မှာ လွင့်ပျံပျောက်ကွယ်သွားတယ်ဆိုတာ ပရိသတ်ဟာ ဘယ်တော့မှ သိလိုက်မိမှာမဟုတ်ဘူး။ ဒါဟာ သူတို ့နှစ်ယောက်ရဲ ့စကားလုံးတွေကြားမှာ သင်ဟာလည်း စီးမျောပါသွားလို ့ပဲ။ . Directing မှာ 90% က Casting လို ့ directors တွေပြောတာ ကျွန်တော် ဖတ်ဖူးတယ်။ ဒီစကားသာ အမှန်ဆိုရင် ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director Richard Linklater ကတော့ 90% စလုံးကို အောင်မြင်ခဲ့တယ်လို ့ဆိုလို ့ရတယ်။ ဒီဇာတ်ကား ၃ ကားလုံးမှာ ထူးခြားချက်တွေအကုန်လုံးက ထိုဇာတ်ကောင်နှစ်ယောက်ကို အသီးသီးပုံဖော်ခဲ့ကြတဲ့ Ethan Hawke နဲ ့Julie Deply တို ့နှစ်ယောက်ပဲ။ သူတို ့နှစ်ယောက် သရုပ်ဆောင်တာကို ကြည့်ရတာ သရုပ်ဆောင်နေတယ်လို ့လုံးဝမထင်ရဘူး။ သာမာန်အသိ လူသားနှစ်ယောက် လမ်းလျှောက်ရင်း စကားတွေ ပြောနေကြသလိုမျိုးပဲ။ 3 ကားစလုံးမှာ 10 မိနစ်ထက်ကျော်တဲ့ ဇာတ်ဝင်ခန်းတွေပါတယ်။ တစ်ချို ့ဆို 17 မိနစ်ကျော်တယ်။ ထိုဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ဖို ့ဆိုတာ ဘယ်မင်းသား မင်းသမီးမှ တော်ရုံ သရုပ်မဆောင်နိုင်ဘူး။ ဒါပေမဲ့ အလွယ်ကူဆုံးကတော့ သရုပ်ဆောင် နှစ်ယောက်ကို Theme တစ်ခုချပြထားပြီး သူတို ့ဆွေးနွေးပြောဆိုနေကြတာကို camera က လိုက်ရိုက်ကူးနေယုံပဲ။ . dialogues တွေကိုစဉ်းစားပြီး 17 မိနစ်ကျော် သရုပ်ဆောင်ရတာထက် အခုလို လွတ်လပ်စွာ သရုပ်ဆောင်ရတာကို ကျွန်တော်က ပိုသဘောကျတယ်။ ဒါက ကျွန်တော့်အထင်ပါ။ သူတို ့နှစ်ယောက် တစ်ကယ်လည်း ထိုပုံစံအတိုင်း သရုပ်ဆောင်ချင် ဆောင်ခဲ့ကြပါလိမ့်မယ်။ နောက်တော့ ကျွန်တော် သိခဲ့တာက ထိုသရုပ်ဆောင်နှစ်ယောက်စလုံး ဇာတ်ညွှန်းကို တစ်ခြားဇာတ်ညွှန်းရေးဆရာတွေနဲ ့ပူးတွဲရေးသားခဲ့ကြလို ့ပဲ။ ပထမဆုံး Before Sunrise မှာတော့ credits မပါခဲ့ပေမဲ့ နောက်နှစ်ကားမှာတော့ ဇာတ်ညွှန်းရေးဆရာနာမည်တွေမှာ သူတို ့နှစ်ယောက်ပါခဲ့ကြတယ်။ ကိုယ်တိုင်ပူးတွဲရေးသားထားတဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ပြန်သရုပ်ဆောင်ရတာ ပိုလွယ်ကူမယ်လို ့မြင်မိလို်က်တယ်။ ဒီဇာတ်ကားတွေမှာ ဇာတ်ကြောင်းပြောတဲ့သူမရှိဘူး။ သူတို ့ပြောနေတဲ့ စကားတွေကပဲ ဇာတ်ကောင်တွေကို ရင်းနှီးစေတယ်။ Jesse နဲ ့Celine ဆိုတာ ရုပ်ရှင်ဆိုတဲ့ ဖျော်ဖြေမှုတစ်ခုရဲ ့အလှပဆုံးတဖြစ်လဲ သဘာဝအကျဆုံး ဇာတ်ကောင်တွေပဲ။ . Ethan Hawke ရဲ ့ဇာတ်ကောင်ဖြစ်တဲ့ Jesse ကို ကျွန်တော်သဘောကျတယ်။ သူက အချစ်ဆိုတာကို ယုံကြည်ခဲ့တဲ့လို ့ပြောလို ့ရတယ်။ ဒါကြောင့်လည်း Before Sunset အစမှ သူတို ့နှစ်ယောက်ပြန်တွေ ့တော့ Celine အသည်းအသန်မေးခဲ့တဲ့ မေးခွန်းက သူတို ့ချိန်းခဲ့ကြတဲ့ နေရာလေးကို Jesse လာခဲ့သလားဆိုတာပဲ။ အစကတော့ မဖြေဘူး။ Celine တစ်ယောက် မလာခဲ့တာကို သိတော့ သူကိုယ်တိုင်လည်း ထိုအချိန်က လာခဲ့ရဲ့သားနဲ ့မလာခဲ့ဘူးလို ့လိမ်ပြောလိုက်တယ်။ ကျွန်တော် စောစောက ပြောခဲ့သလို ဖူးစာဆိုတာ လူသားတွေလိမ်ညာပြီး တမင်ဖန်တီးတဲ့အရာဆိုတာ ဒီနေရာမှာ မြင်လာရတယ်။ Jesse က ပြောတယ်။ ဒီစာအုပ်ထုတ်တယ်ဆိုတာ သူ ့စိတ်ထဲက ရေးချင်စိတ်နဲ ့ရေးလိုက်တာတဲ့။ Celine ကလည်း ပြောတယ်။ ဒီစာအုပ်ဆိုင်လေးက သူအမြဲလာနေကြနေရာလေးတဲ့။ တစ်ကယ်တော့ သူတို ့နှစ်ယောက်စလုံး ညာခဲ့ကြတယ်။ Celine နဲ ့ပြန်တွေ ့လိုတွေ ့ငြားဆိုတဲ့ စိတ်လေးနဲ ့Jesse ဒီစာအုပ်လေးကို ရေးပြီးထုတ်ခဲ့တယ်။ Jesse တစ်ယောက် ထိုနေ ့မှာ ထိုစာအုပ်ဆိုင်လေးမှာ စာနယ်ဇင်းမိတ်ဆက်ပွဲရှိတယ်ဆိုတာ သိလို ့Celine တစ်ယောက် တမင်လာခဲ့တာ။ ဒါဟာ သူတို ့ရဲ ့ဖူးစာကို သူတို ့ဖန်တီးခဲ့ကြတာပဲ။ ——————————————————————————– ဒီဇာတ်ကားလေးတွေ ဖြစ်ပေါ်လာပုံကလည်း ရုပ်ရှင်ချစ်သူတွေ သိပြီးကြတဲ့အတိုင်း ထူးဆန်းပြီး လှပလွန်းတယ်။ Richard Linklater က 1989 တုန်းက သူ ့ရဲ ့ပထမဆုံးဇာတ်ကား Slacker ဆိုတဲ့ဇာတ်ကားရိုက်ကူးရေးအပြီး New York ကအပြန် Philadelphia မှာ သူစိမ်းအမျိုးသမီးတစ်ယောက်နဲ ့စကားလက်ဆုံကြဖြစ်ခဲ့တယ်။ မြို ့အနှံလမ်းလျှောက်သွားကြရင်းနဲ ့ စကားဝိုင်းဟာ ပိုမိုကြာရှည်လာတယ်။ ထိုတစ်ညက အဖြစ်အပျက်ကို အခြေခံပြီး Before Sunrise ကို ရိုက်ကူးခဲ့တာပဲ။ ထိုအမျိုးသမီးနာမည်က Amy Lehrhaup တဲ့။ ဝမ်းနည်းဖို ့ကောင်းတာတစ်ခုက ထိုရုပ်ရှင်ကား Before Sunrise တောင် ရုံမတင်ခင်မှာပဲ ထိုအမျိုးသမီးဟာ Motorcycle Accident နဲ ့ဆုံးပါးသွားခဲ့တယ်။ ထိုအကြောင်းအရာတွေကို Richard Linklater က နောင် 15 နှစ်အကြာ 2010 မှ Public ကို ပြောပြခဲ့တယ်။ ————————————————————————— B E F O R E အပေါ် မိမိခံစားချက် . သူတို ့နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေထဲက တစ်နေရာမှာ Jesse က လူသားတွေရဲ ့အသက်ရှင်ခြင်းနဲ ့သေဆုံးခြင်းအတွေးကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်တော်အမြဲမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပဲ။ လူသားတွေဟာ တစ်ဘဝပဲလား ဆိုတာ။ တစ်ကယ်လို ့ရှေးဘဝတွေ၊ နောက်ဘဝတွေ ရှိတယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်မြားစွာကထက် အခုအချိန်မှာ လူသားအရေအတွက်တွေ ကမ္ဘာပေါ်မှာ အဆပေါင်းမြောက်မြားစွာ ပိုများလာရတာလဲ။ ယနေ ့ခေတ်လူသားတွေရဲ ့ဝိဉာဉ်တွေဟာ ဘယ်ကနေ ရောက်လာကြတာလဲ။ Jesse ပြောခဲ့တဲ့အတိုင်းဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း 50,000 ကျော်လောက်က ကမ္ဘာပေါ်မှာ လူသားအရေအတွက် တစ်သန်းပင် မရှိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း 10,000 လောက်ရောက်လာတော့ ကမ္ဘာပေါ်မှာ လူသားအရေအတွက် နှစ်သန်းကျော်နေပြီ။ သူပြောခဲ့တဲ့ 1995 တုန်းက ကမ္ဘာပေါ်မှာ 6 Billion ခန် ့လောက် လူသားတွေ ရှိနေပြီ။ ဟိုတုန်းက လူသားတွေရဲ ့ကြွေလွင့်သွားတဲ့ ဝိဉာဉ်တွေဟာ အစိပ်စိပ်အပိုင်းဖြစ်သွားပြီး ယခုမှာ အရေအတွက်တွေ ပိုမိုများပြားလာတာလားလို ့သူတွေးပုံကို ပြောပြတယ်။ တစ်ကယ်လို ့လူသားတွေဟာ ဒီတစ်ဘဝတစ်ခုတည်းဆိုရင် ဘာကြောင့် အရည်မရ၊ အဖတ်မရ လူ ့ဘဝကြီးကို ကျွန်တော်တို ့တွေ ရနေရတာလဲ။ ဘာအဓိပ္ပာယ်များ ရှိနေလို ့လဲ။ . နောက်တော့ မွေးဖွားခြင်းနဲ ့သေခြင်းတရားကို သူယှဉ်ပြသွားပုံကိုလည်း ကျွန်တော်သဘောကျတယ်။ သူ ့သူငယ်ချင်းတစ်ယောက်ရှိတယ်တဲ့။ ထိုလူက သူ ့မိန်းမကလေးမွေးတာကို ကြည့်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ အတွေးစလေးတစ်ခု။ ယခုမှ လူ ့လောကထဲကို တိုးဝင်လာတဲ့ လူသားလေးဟာ သူ ့ဘဝရဲ ့ပထမဆုံးအသက်ကို မနည်းအားယူပြီး ရှုနေတယ်။ ဒီအချိန်မှာ ဖခင်လုပ်တဲ့သူက ကြည့်နေရင်း ဘာကို သွားစဉ်းစားမိသလဲဆိုတော့ ယခုမှ လူ ့လောကထဲတိုးဝင်လာတဲ့ လူသားတစ်ယောက်ဟာ တစ်ချိန်မှာ သေဆုံးမယ်ဆိုတဲ့ သေခြင်းတရားအတွေးကို စဉ်းစားခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ ဖခင်ဖြစ်လာရင် ကိုယ့်ရင်သွေးကို ပထမဆုံးမြင်တဲ့အခါ စတွေးမိမဲ့အတွေးဟာ ဒီအတွေးပဲ ဖြစ်နေမိတော့မယ်။ . Celine ပြောခဲ့တဲ့ စကားတွေထဲမှာ ကျွန်တော်သဘောကျခဲ့တာက မိမိဘဝမှာတွေ ့ကြုံခဲ့ရတဲ့ လူသားတိုင်းဟာ အစားထိုးလို ့မရဘူးဆိုတာပဲ။ လူသားတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အသေးစိပ်အချက်ကလေးတွေရှိတယ်ဆိုတာပဲ။ သူမဇာတ်ကောင်ဟာလည်း လူသားတွေရဲ ့အသေးစိပ်အချက်ကလေးတွေကို မှတ်သားထားတတ်ပြီး ဘယ်တော့မှ မမေ့တတ်တဲ့ သူမျိုး။ ငယ်ငယ်ကဆို ကျောင်းသွားတဲ့လမ်းမှာတောင် အမြဲတမ်း သစ်ပင်ပေါ်ကကျလာတဲ့ chestnuts သီးလေးတွေရဲ ့လိမ့်ဆင်းသွားပုံတွေ၊ လမ်းဖြတ်ကူးနေတဲ့ ပုရွက်ဆိတ်တန်းလေးတွေ၊ သစ်ရွက်ကလေးတွေရဲ ့အရိပ်ကလေးတွေ လိုက်ကြည့်နေတတ်လို ့အမြဲကျောင်းနောက်ကျခဲ့ဖူးတဲ့ သူမျိုး။ . အသက်သုံးဆယ်ကျော်အရွယ် ရင့်ကျက်သွားပြီဖြစ်တဲ့ သူတို ့နှစ်ယောက် Before Sunset မှာ ပြန်တွေ ့တော့ ဇာတ်ကောင်နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေဟာ သရုပ်ဆောင်နှစ်ယောက်ရဲ ့ပြင်ပက လက်တွေ ့ဘဝတွေကို မသိမသာထင်ဟပ်စေခဲ့တယ်။ အမှန်တော့ ထိုသရုပ်ဆောင်တွေဟာ သူတို ့ရဲ ့အပြင်က ဘဝတွေကိုပါ ရောပြီးပြောသွားခဲ့ကြတယ်။ အထူးသဖြင့် Jesse အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ethan Hawke ဟာ ထိုအချိန်တုန်းက မင်းသမီး Uma Thurman နဲ ့ကွာရှင်းခါစ အချိန်ဖြစ်တာကြောင့် သူ ့ဘဝအစစ်ကို သူပြန်ပြောနေသလိုတောင် မြင်ခဲ့ရတယ်။ ဘဝဆ်ုိတာ ခက်ခဲတယ်တဲ့။ ငါတို ့တွေဟာ ဘဝရဲ ့ခါးသီးမှုတွေကိုသာ မခံစားရရင် ဘဝကနေ ဘာမှ သင်ယူဖြစ်မှာမဟုတ်ဘူးတဲ့။ ထို ့အပြင် ဇာတ်ကောင်တွေဟာ အသက်အရွယ်ကြီးရင့်လာခြင်းရဲ ့ဆုတ်ယုတ်မှုတွေကို ဘာနဲ ့ပြောပြခဲ့သလဲဆိုတော့ Celine ရဲ ့အိပ်မက်ဆိုးတစ်ခုမှာ သူမဟာ အသက် ၃၂ ဖြစ်နေတယ်တဲ့။ ဒီလိုနဲ ့အိပ်မက်က နိုးလာတော့ အသက်က ၂၃ ဆိုလို ့စိတ်ချမ်းသာသွားခဲ့တယ်။ ဒါပေမဲ့ တစ်ကယ့် အိ်ပ်မက်အစစ်က နိုးထလာချိန်မှာတော့ သူမဟာ အသက် ၃၂ ဆိုတာ ပြန်သတိရသွားတယ်။ ဒါဟာ သူတို ့အတွက် တစ်ကယ်အိပ်မက်ဆိုးတစ်ခုပဲ။ ကျွန်တော်ကိုယ်တိုင်လည်း နောင်နှစ်အနည်းငယ်ကြာတဲ့အခါ ထိုအိပ်မက်ဆိုးကို မက်နေမိတော့မယ်။ . Notre Dame ဘုရားကျောင်းကြီးကို Seine မြစ်ပေါ်ကနေ သူတို ့နှစ်ယောက် ငေးကြည့်နေတယ်။ ဒုတိယကမ္ဘာစစ်တုန်းက German တွေ စစ်ရှုံးလို ့ပြန်ပြေးခါနီးမှာ ဒီဘုရားကျောင်းကြီးကို မိုင်းခွဲပြီး ဖျက်ဆီးဖို ့စီစဉ်ခဲ့ကြတယ်။ မို်င်းကြိုးတွေသွယ်ပြီး မိုင်းခွဲဖို ့စစ်သားတစ်ယောက်ကို ချန်ထားခဲ့တယ်။ ထိုစစ်သားဟာ Notre Dame ဘုရားကျောင်းကြီးရဲ ့အလှကို ခံစားနေခဲ့တာကြောင့် သူမိုင်းမခွဲခဲ့ဘူး။ မဟာမိတ်တပ်သားတွေ ရောက်လာတော့ ဘုရားကျောင်းကြီးကို မိုင်းကြိုးတွေနဲ ့သွယ်ပြီး မိုင်းခွဲတဲ့ခလုတ်ကို ပိတ်ထားတာကို တွေ ့ခဲ့ကြတယ်တဲ့။ ဒီဇာတ်လမ်းကို Jesse က ပြောတော့ အဟုတ်လားလိုု ့Celine က မေးတယ်။ ဟုတ်တယ်၊ မဟုတ်တယ် ဆိုတာကို သူမသိဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကိုတော့ သူသဘောကျတယ်တဲ့။ သူသဘောကျသလို ကျွန်တော်တို ့လည်း သဘောကျတယ်။ လောကရဲ ့အလှအပတွေ၊ အနုပညာရဲ ့အလှအပတွေကို ခံစားတတ်တဲ့သူတွေသာ ကမ္ဘာမှာ များပြားခဲ့ရင် စစ်ပွဲတွေဆိုတာ ရှိလာခဲ့မှာ မဟုတ်ဘူး။ —————————————————————————— ဒီဇာတ်ကား ၃ ကားစလုံးကို ကြည့်ပြီးသွားတဲ့ ပရိသတ်တစ်ယောက်အနေနဲ ့ကိုယ်ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲလို ့မိမိကိုယ်ကို မေးမိကြလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း မေးခဲ့တယ်။ ဒါပေမဲ့ တိကျတဲ့အဖြေထက် ကွဲပြားတဲ့ အဖြေတွေကို ကျွန်တော်ရလာတယ်။ Before Sunrise ဇာတ်ကားကို ကြည့်ပြီး လူငယ်အများစုဟာ စိတ်ကူးယဉ်ကောင်း ယဉ်မိကြမယ်။ ကိုယ်နဲ ့အရာအားလုံး ကိုက်ညီတဲ့ ထူးဆန်းတဲ့ အချစ်စစ်တစ်ခုကို အိပ်မက်တွေထဲကလို မမျှော်လင့်ပဲ တွေ ့ဆုံမိမယ်။ ထို ့နောက် စကားတွေ ပြောဖြစ်ကြမယ်။ ဝမ်းနည်းဖို ့ကောင်းတဲ့ လမ်းခွဲချိန်လေးရောက်ပြီး ကြေကွဲဆို ့နစ်မယ်။ ဒါကြောင့် Before Sunrise ဟာ ပရိသတ်အများစု လိုချင်တာတွေကို ပေးခဲ့တယ်။ ဒါပေမဲ့ Before Sunset ရောက်လာတဲ့အခါ ဇာတ်ကောင်တွေဟာ သရုပ်ပိုမှန်လာတယ်။ အရွယ်ရောက်လူသားတွေရဲ ့ခက်ခဲတဲ့တာဝန်တွေ၊ ဝန်ထုတ်ဝန်ပိုးတွေ ထမ်းဆောင်နေရပုံတွေကို တွေ ့လာရတယ်။ အချစ်ဆိုတာ အမျှင်တန်းလေးအနေနဲ ့ပဲ တွေ ့ရတယ်။ Before Midnight ရောက်တဲ့အခါမှာတော့ နာကျင်မှုတွေဟာ ပိုပြီးပြင်းထန်လာကြတယ်။ အရာတစ်ချို ့ဟာ ပြောင်းလဲလာကြတယ်။ နေ ့တစ်နေ ့ရဲ ့အဆုံးဟာ ညသန်းခေါင်ယံမတိုင်မှီအချိန်ဖြစ်သလို အချစ်တစ်ခုရဲ ့နိဂုံးဟာလည်း ပွင့်ထွက်လာကြတဲ့ ခံစားမှုတွေ ပေါက်ကွဲမထွက်ခင်ကာလတစ်ခုပဲ။ . Before Midnight ကို စဖွင့်တဲ့အခါ ကျွန်တော်တို ့တွေ ့ရတဲ့ Jesse နဲ ့Celine ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကနဲ ့တစ်ခြားစီဖြစ်နေပြီ။ လွန်ခဲ့တဲ့ ၉ နှစ်ကလို ငယ်ရွယ်နုပျိုမှုတွေ မရှိတော့ဘူး။ အချစ်တွေတော့ ကျန်ကောင်းကျန်နေပါလိမ့်မယ်။ ဒါပေမဲ့ ဟန်ဆောင်မှုတွေလားလို့ သံသယဝင်မိလာတယ်။ ဒီဇာတ်ကားဟာ ထို ၃ ကားထဲမှာ သဘာဝအကျဆုံး၊ သရုပ်အမှန်ဆုံး တင်ပြထားခြင်းပဲ။ ဇာတ်ကောင်တွေမှာ တောက်ပတဲ့ အိပ်မက်တွေအစား နေ ့စဉ်ဖြတ်သန်းတဲ့ဘဝတွေရုန်းကန်မှုတွေက အစားထိုးလာတယ်။ Jesse မှာ အရင်ကလို စူးရှတဲ့ မျက်ဝန်းတွေ မရှိတော့ဘူး။ Celine မှာ အရင်ကလို စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် မရှိတော့ဘူး။ ရီဝေနေတဲ့ မျက်ဝန်းတွေနဲ ့အဆီတွေတက်နေတဲ့ ခန္ဓာကိုယ်တွေကို ကျွန်တော်တို ့မြင်လာရတယ်။ . လွန်ခဲ့တဲ့ 18 နှစ်ကျော်တုန်းက Vienna ရဲ ့လမ်းမတွေပေါ်မှာ ပြင်သစ်သူလေး Celine တစ်ယောက် အချစ်ကိုရူးသွပ်စွာ ယုံကြည်ပုံကို ဘယ်လို ပြောခဲ့သလဲဆိုတော့ ထိုလူဟာ သူ ့ဆံပင်ကို ဘယ်လိုပုံစံထားလာမှာ၊ ဘယ်အကျင်္ီကို ဘယ်နေ ့မှာ သူဝတ်လာခဲ့တာ၊ ထိုလူရဲ ့တိုက်ဆိုင်ရင် တိုက်ဆိုင်သလို ပြောလေ့ရှိတဲ့ အကြောင်းအရာတွေကို သူခန် ့မှန်းတတ်လာခဲ့ပြီဆိုရင် သူဟာ ထိုလူကို တစ်ကယ်ချစ်နေမိပြီတဲ့။ . ဒါပေမဲ့ အခုတော့ အချစ်ဆိုတာထက် ကျွန်မ ရှင့်ကို မချစ်နိုင်တော့ဘူးဆိုပြီး တံခါးကနေ ထွက်ခွာသွားတော့တယ်။ ထို ၃ ကားစလုံးမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းက Jesse ရဲ ့Celine ကို ပြေလည်အောင် လိုက်ပြောတဲ့ ဇာတ်ဝင်ခန်းပဲ။ အချစ်တစ်ခုရဲ ့အမှန်တရားတွေအကုန်လုံးကို ထို 10 မိနစ်အတွင်းမှာ ချပြခဲ့တယ်။ သရုပ်မှန်ဟာ လက်တွေ ့ဆန်တယ်။ စိတ်ကူးယဉ်မဟုတ်ဘူး။ Perfect မဖြစ်ဘူးဆိုတာ သူပြောသွားခဲ့တယ်။ —————————————————————————– B E F O R E ရဲ ့နိဂုံး လူသားတွေ တစ်ကယ်ပြောင်းလဲကြလား။ အချစ်ဆိုတာကရော အချိန်နဲ ့အတူ ပြောင်းလဲတတ်သလား။ ပမာဏကို တိုင်းတာလို ့မရနိုင်ပေမဲ့ ပုံစံခြင်းတော့ ကွဲပြားသွားတတ်ကြပါတယ်။ အမှန်တော့ လူသားတွေဟာ မပြောင်းလဲကြပါဘူး။ ကိုယ့်ကိုကိုယ် ပြောင်းလဲကြတယ်လို ့အထင်မှားနေကြတာပါ။ ကျွန်တော် ပထမဆုံး ပြောခဲ့တဲ့ ဖူးစာကို ပြန်ပြောမယ်ဆိုရင် ဇာတ်လမ်းအဆုံးမှာ Jesse နဲ ့Celine တို ့လမ်းခွဲခဲ့ကြသလား။ ရှေ ့ဆက်လက်တွဲသွားကြသလား။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ သူတို ့နှစ်ယောက် ရွေးချယ်တဲ့ ဆုံးဖြတ်ချက်တွေပဲ။ ကံကြမ္မာက သူတို ့နှစ်ယောက်ကို နီးစပ်စေခဲ့တာ မဟုတ်ဘူး။ ကံကြမ္မာက သူတို ့နှစ်ယောက်ကို ခွဲခွာစေခဲ့တာလည်း မဟုတ်ဘူး။ သူတို ့နှစ်ယောက်စလုံးဟာ သူတို ့ရဲ ့ဆုံးဖြတ်ချက်ကိုပဲ ရွေးချယ်ခဲ့ကြတာ။ ဖူးစာဆိုတာ မရှိဘူး။ ကံကြမ္မာဆိုတာ မရှိဘူး။ ဖူးစာဆိုတာ ကျွန်တော်တို ့လူသားတွေ ကံကြမ္မာကို ခုတုံးလုပ်ပြီး အသုံးချလို ့ကောင်းတဲ့ စကားတစ်ခွန်းပဲ။ . ရထားပေါ်က ဆင်းဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ ဒီစာအုပ်ဆိုင်ကို ပြန်လာဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ သူတို ့နှစ်ယောက်ရဲ ့ရန်ပွဲကိုလည်း …. ဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ . Before Sunrise က 1995 တုန်းက ထွက်ခဲ့တယ်။ Before Sunset ကိုတော့ 2004 မှာ ထွက်ခဲ့ပြီး နောက်ဆုံးကား Before Midnight ကို 2013 မှာထွက်ခဲ့တော့ အကယ်၍ 2013 အပြီး နောင် 9 နှစ်အကြာ 2022 မှာ နောက်ထပ် Before တစ်ကားကို ကျွန်တော် စောင့်ချင်တယ်။ Richard Linklater ရော၊ Julie Delpy ရော Ethan Hawke ရော ကျွန်တော်ရော 2022 ထိ အသက်ရှိထင်ရှား ရှိနေအုံးမယ်ဆိုရင်တော့ ကျွန်တော့်အတွက် မျှော်လင့်ချက်ကလေး ရှိချင်ရှိနေအုံးမှာပါ။ ဇာတ်လမ်းအညွန်းကိုတော့ Movies – we watch,we feel page ကကူးယူဖော်ပြတာဖြစ်ပြီး ဘာသာပြန်ကတော့ကိုခိုင်လင်းပါ ။ Before ကို Trilogy အဖြစ်ထွက်ရှိထားတာ ဖြစ်လို့ ကျန်တဲ့ ့ mid – night ကိုလဲ ထပ်မံတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေကြပါအုံးဗျ File size… 2.1 GB / 937 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

8 2004
Before Sunset
I Want You
6.8

စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊ မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့ အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာ အချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာ နှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာ ဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်း ဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။ တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာ အာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကို ခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရော လွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.48GB / 1.23GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.8 2012 130 mins
I Want You
Champion Chaem-pieon
6.4

ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်… မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်.. သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ… ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ် တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်…. မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။ အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။ Rating တွေအနေနဲ့ကတော့ IMDb- 6.4/10….Rotten Tomatoes – 89 %။

6.4 2018
Champion Chaem-pieon
Inside I’m Dancing / Rory Oshea Was Here

မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာ “Rory O’Shea Was Here” ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ လူ့ဘဝရဲ့ အားမာန်နဲ့ ပြည့်စုံမှုကို ရင်ထိုးရင်နာဖြစ်စေမယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Michael (Steven Robertson) ဟာမွေးစဥ်ကတည်းကမသန်စွမ်းသူ ဖြစ်ပြီး အပြင်းအထန်ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဘဝကို ကြုံကြုံဆန်ဆန် ရင်ဆိုင်နေသူတစ်ဦးပါ။ သူဟာ တစ်ချိန်မှာ Rory O’Shea (James McAvoy) နဲ့ တွေ့ဆုံခဲ့ပြီး အကျွမ်းတဝင်ဖြစ်လာပါတော့တယ်။ Rory ကသွားလာရခတ်တဲ့ဒုက္ခတတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ စိတ်အားမာန်နဲ့ ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဝကို အခွင့်အရေးရဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ဦးပါ။ Rory ရဲ့ ကူညီမှုနဲ့ Michael က ပိုမိုလွတ်လပ်တဲ့ ဘဝကို ရယူဖို့ကြိုးစားပါတော့တယ်။ သူတို့အခက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝရဲ့ အနုပညာနဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိရမှာပါ။ “Rory O’Shea Was Here” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ အားမာန်ပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ လက်မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.4 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Thriller • Mystery
0 2004
Inside I’m Dancing / Rory Oshea Was Here
Assassin’s Creed
5.7

Assassin’s Creed (2016) ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin’s Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin’s Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် အဂူလာရဲ့ မျိုးဆက် ကယ်လမ် လင့်ချ်ဟာ DNA ပေါင်းစပ်ခြင်းကနေတဆင့် မှတ်ဉာဏ်တွေတင်မကဘဲ မူလ Assassin’s Creed အဖွဲ့ဝင် ရဲ့ စွမ်းရည်တွေကိုပါ ပြန်ရလာတဲ့အခါ…..။

5.7 2016 116 mins
Assassin’s Creed
Presence
6.5

Presence (2025) IMDb Rating (6.5) / Rotten Tomatoes (88%) စိတ္တဇဟော်ရာရုပ်ရှင်အသစ် ထွက်လာပါပြီ။ Kill Bill တို့ Charlie’s Angels တို့နဲ့ အားလုံးကြိုက်ခဲ့တဲ့ မင်းသမီး Lucy Liu နဲ့ လောလောလတ်လတ် Bad Genius ထဲက မင်းသမီး Callina Liang တို့ အဓိက ပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့ လှည့်ကွက်တွေနဲ့ ဇာတ်သိမ်းကျမှ အော် ဒီလိုကိုး ဆိုပြီး သိရတဲ့ ရုပ်ရှင်မျိုးဖြစ်လို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ လင်မယားနှစ်ယောက်၊ သမီးတစ်ယောက် နဲ့ သားတစ်ယောက် အိမ်သစ်ကိုပြောင်းလာတယ်။ အိမ်ထဲမှာ တစ်ခုခုရှိနေသလို သမီးဖြစ်သူက ခံစားရတယ်။ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း အဖြေတွေ့လာတာကို ပြတာပါ။ ကင်မရာကို အိမ်ထဲမှာရှိနေတဲ့အရာကနေ ပြလိုက် မိသားစုတွေဘက်ကနေ ပြလိုက်နဲ့ လှုပ်ရှားမှုများများစားစားမပြဘဲ ကျောချမ်းစရာ ပြထားတာမျိုးပါ။ ဒီတော့ ဟော်ရာကို ပဟေဠိဆန်ဆန် ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (3.4 GB) / (1.3 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:24:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

Animation • Family • Science Fiction • Adventure
6.5 2025 84 mins
Presence
Screwed
5.7

Screwed (2000) IMDb Rating (5.7) / Rotten Tomatoes (10%) 2000 ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Screwed ဇာတ်ကားဟာဆိုရင် Comedy/ Crime အမျိုးအစားဖြစ်ပါတယ်။ ကပ်စေးနဲလှတဲ့ မုန့်တိုက်ပိုင်ရှင် Miss Crock ဆီမှာ နှစ်တွေအကြာကြီး အစေခံအနေနဲ့ အလုပ်လုပ်လာရတဲ့ Willard နဲ့ သူ့သူငယ်ချင်း ကြက်ကြော်သည်လေး Rusty တို့က Miss Crock ရဲ့ ခွေးကလေး Muffin ကို ပြန်ပေးဆွဲပြီး ဒေါ်လာတစ်သန်းတောင်းရာကနေ ရှင်းမရတဲ့ အရှုပ်တော်ပုံတွေဖြစ်လာတဲ့အ‌ကြောင်းကို ရယ်မောဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် Miss Crock ရဲ့ သောက်ကျိုးနည်း ကပ်စေးနဲပုံတွေ၊ Willard ရဲ့လုပ်အားအမြတ်ထုတ်ခံရပုံ၊ ဘာပံ့ပိုးထောက်ပံ့မှုမှမရပုံတွေ၊ ဒီအလုပ်ကထွက်ဖို့ ကြိုးစားရင်း Rusty နဲ့အတူ ခွေးကလေးကို ပြန်ပေးဆွဲဖို့ ပလန်ကြတဲ့အခါ အလွဲလွဲ အချော်ချော်ဖြစ်လာတာတွေကို ရယ်ရယ်မောမောကြည့်ရှုရမှာမို့လို့ ဟာသကားကြိုက်သူတွေအတွက် ပြောစရာမလိုအောင် လက်မလွှတ်တန်း ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Warning***ကြမ်းတမ်းသော၊ ဆဲရေးတိုင်းထွာသော စကားလုံးများပါဝင်ပါသည်*** (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:22:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Vivien

Action • Crime • Drama
5.7 2000 81 mins
Screwed
Super Charlie
6

Super Charlie (2024) ဟာ စိတ်လှုပ်ရှားဖွယ်ရာ Family Drama Super Hero Animation ဇာတ်ကားကောင်း တစ် ကားဖြစ်ပါတယ်။ စူပါဟီးရိုးစွမ်းအားတွေနဲ့ ညီကို ၂ ဦးရဲ့ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားဟာ animation ဆိုပေမဲ့ ကလေးငယ်လေးတွေသာမကဘဲ မိသားစုဝင်အားလုံး အတူတူပျော်ရွှင်စွာနဲ့ ကြည့်ရှုနိုင်မဲ့ ရသစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++++ ချာလီ (Charlie) ဆိုတဲ့ သာမန်ကလေးငယ်လေးဟာ မထင်မှတ်ပဲ စူပါဟီးရိုးစွမ်းအားတွေ ရရှိသွားပါတယ်။ သူ့ရဲ့ဒီအစွမ်းတွေကို သုံးပြီး မကောင်းတဲ့သူတွေကို တိုက်ထုတ်ဖို သူ့အစ်ကို ဝီလီနဲ့အတူ စွန့်စားခန်းတွေထဲ ဝင်ရောက်ရပါတော့တယ်။ ချာလီရဲ့ မိသားစုနဲ့သူငယ်ချင်းတွေကလည်း သူ့ကိုကူညီပြီး ဒီစွန့်စားခန်းတွေမှာ ပါဝင်ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဝီလီဟာ သူ့ညီချာလီရဲ့ စူပါစွမ်းအားတွေကိုဖျက်ဆီးဖိုရည်ရွယ်ထားပေမဲ့ ချာလီက ဝီလီ့ကိုစိတ်ပြောင်းအောင်လုပ်ပြီး တကယ့်ဗီလိန်တွေကို အနိုင်ယူနိုင်မလား၊ ဝီလီက တကယ့်ဗီလိန်ဖြစ်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size… (1.44 GB) / ( 647 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 20m Genre …..Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Romance • Comedy • Drama
6 2024 78 mins
Super Charlie
#MissingCouple
5.3

“#MissingCouple” (2024) သူက found footage horror အမျိုးအစားပါ။ Jacques Edeline နဲ့ Oliver Mauldin တို့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Austin Jenkins နဲ့ Janna Jenkins တို့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက မစ္စစ္စပီပြည်နယ်က လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ စွန့်ပစ်ထားတဲ့ လယ်ယာမြေကို ပြန်လည်ပြုပြင်ဖို့ စီစဉ်တဲ့ #vanlife လူငယ်စုံတွဲ Austin နဲ့ Janna တို့အကြောင်း ဖြစ်ပါတယ်။ သူတို့က ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့ စွန့်စားခန်းကို ဗီဒီယိုတွေနဲ့ မျှဝေရင်း ရိုက်ကူးထားတတ်တယ်။ ဒါပေမယ့် သူတို့ရောက်တဲ့ မြေက ထူးဆန်းတဲ့ အရာတွေနဲ့ ပြည့်နှက်နေတယ် အထူးသဖြင့် ညဘက်ဆို ပိုဆိုးတယ်။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ခုခုက သူတို့ကို လိုက်နှောင့်ယှက်နေပြီး ထိတ်လန့်စရာ ဖြစ်ရပ်တွေ ပေါ်လာတယ်။ ရုပ်ရှင်က သူတို့ရဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပြန်လည်တည်းဖြတ်ထားတဲ့ ပုံစံမျိုးနဲ့ တင်ဆက်ထားပြီး The Blair Witch Project လို ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ TikTok ဗီဒီယိုတွေကို အသုံးပြုပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရိပ်အမြွက်တွေ ထည့်သွင်းထားတယ်။ ဒါ့အပြင် ရုပ်ရှင်ရဲ့ စျေးကွက်မြှင့်တင်ရေးကလည်း ထူးခြားတယ်။ ဆိုရှယ်မီဒီယာမှာ Austin နဲ့ Janna တကယ်ပျောက်ဆုံးသွားတယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးထားပြီး ပရိသတ်တွေကို “@foundpersonsreport” ကို DM ပို့ပြီး သတင်းပေးဖို့ တောင်းဆိုထားတယ်။ ဒီလိုနဲ့ ပရိသတ်တွေက ဒီဇာတ်လမ်းကို တကယ့်ဖြစ်ရပ်လို့ အထင်မှားသွားကြတယ်။ ဇာတ်လမ်းထဲမှာ သူတို့ရဲ့ ခွေးလေး Arlo လည်း ပါဝင်ပြီး နောက်ထပ် စုံစမ်းသူတစ်ယောက်ရဲ့ ဇာတ်ကွက်လေးကလည်း ထူးခြားတဲ့ ထောင့်တစ်ခု ထည့်ပေးထားတယ်။ ဒီဇာတ်ကားက ထိတ်လန့်မှုနဲ့ သည်းထိတ်ရင်ဖိုဖြစ်စရာတွေ ပြည့်နှက်နေပြီး found footage ပရိသတ်တွေအတွက် စိတ်ဝင်စားစရာပါ။ ဒါပေမယ့် နည်းနည်း ရှုပ်ထွေးတဲ့ အဆုံးသတ်ကြောင့် မေးခွန်းတွေ ကျန်နိုင်ပါတယ်။ တကယ့်ဖြစ်ရပ်ပုံစံမျိုး သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ရင် ဒါက ကြည့်လို့တန်ပါတယ်နော်။ File size… 2.2 GB / 1.3 GB Quality… Webrip 1080p / 720p Format… mp4 Audio… AAC Duration…. 1h 33m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Min Khant

Drama • Romance • Thriller
5.3 2024 93 mins
#MissingCouple