YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Beyond The Wall 2022 1080p WEBRip (CM).mp4

2.16 GB N/A video/mp4 79 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wolf Mountain
2.7

~ Rotten Tomatoes - 83% ~ လွန်ခဲ့တဲ့နှစ် ၂၀ က ဇနီးမောင်နှံတစ်တွဲဟာ ဝံပုလွေတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူတို့ရဲ့ သားလေးကတော့ Aj ပါပဲ။ Aj ဟာ အိပ်မက်ဆိုးတွေအမြဲမက်တတ်ပါတယ်။ အိပ်မက်ထဲမှာ သူအမြဲမြင်နေတဲ့အရာတွေကတော့ သူ့အဖေနဲ့ အမေကို ဝံပုလွေလူသားတစ်ယောက်က တောင်ပေါ်က တွန်းချလိုက်တာပါပဲ။ ဒါကို Aj ဟာ Psychiatrist တစ်ယောက်နဲ့ ကုသနေရပါတယ်။ ဒီ ဆရာဝန်ဟာ Aj ကို ဒီထက်ရှင်းသွားချင်ရင် ဒီကိစ္စတွေဖြစ်ခဲ့တဲ့ ဝံပုလွေတောင်ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဖို့ အကြုံပြုလိုက်ပါတယ်။ Aj ကို မိဘတွေဆုံးပါးသွားကတည်းက သူ့မိဘတွေရဲ့ မွေးစားခဲ့တဲ့ အကိုဖြစ်သူ Max ကနေ လူလားမြောက်အောင် ပြုစုပျိုးထောင်လာခဲ့တာပါ။ ခုချိန်မှာတော့ Aj ဟာ မိန်းမဖြစ်သူ Sam နဲ့အတူ မိသားစုလေးတစ်ခုတောင် ရတော့မှာပါ။ ဒါပေမဲ့ ဒုက္ခပေးနေတဲ့ ဒီအိပ်မက်ဆိုးတွေပပျောက်အောင် Wolf Mountain ဆီကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အစ်ကိုဖြစ်သူ Max ကရော မိန်းမဖြစ်သူ Sam ကပါ သူတို့လည်းလိုက်မယ်ဆိုတာကြောင့် ဒီ ဝံပုလွေတောင်ခရီးစဉ်ဟာ Aj, Sam, အစ်ကိုဖြစ်တဲ့ Max နဲ့ သူ့မိန်းမ၊ ညီမဖြစ်တဲ့ Emma နဲ့ သူ့ကောင်လေးတို့ခြောက်ယောက်သား ဒီခရီးစဉ်ကိုထွက်ခဲ့ကြပါတယ်။ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေတဲ့ တောင်ပေါ်မှာ Aj တို့ အဆင်ပြေ‌ပြေဖြတ်သန်းနိုင်ခဲ့ကြလား... Aj ရဲ့ အိပ်မက်ဆိုးတွေထဲက ဝံပုလွေလူသားဟာ တကယ်ရောရှိနေတာလား... ဘာတွေဆက်ဖြစ်လာမလဲ... Aj တို့တစ်သိုက် ဘယ်လိုအခက်အခဲတွေပေါ်လာမလဲ... ဒါတွေကို သူတို့ ရုန်းထွက်နိုင်ခဲ့ကြလား... ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားနိုင်ပါပြီခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Thriller
2.7 2022 94 mins
Wolf Mountain
Magic Mike XXL
6.2

2012ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Magic Mikeရဲ့ အဆက်ဖြစ်ပြီး 2023မှာလည်း sequelအနေနဲ့ ထပ်လာဖို့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဖော်အချွတ်လောကကနေ အနားယူပြီး သုံးနှစ်ကြာ ကိုယ်ပိုင် ပရိဘောဂ လုပ်ငန်းကိုသာ တစ်စိုက်မတ်မတ် လုပ်နေတဲ့ Mikeဟာ တစ်နေ့မှာတော့ အရင်အဖွဲ့ဟောင်းဆီကနေ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dellas ဆုံးပါးသွားခဲ့ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒီလိုနဲ့ အသုဘစောင့်အိပ်ရအောင်လို့ လိုက်သွားပြီး အရင်အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်ဆုံမိတဲ့နောက် မထင်မှတ်ထားတာတွေ ဖြစ်ပျက်လာတဲ့အခါမှာတော့..။ IMDb rating 5.6နဲ့ Tomatometerမှာ 65% ရရှိထားပြီး ပထမတစ်ကားထက် စာရင် Dance sceneတွေ Soundtrackတွေ သိသိသာသာ ပိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါရိုက်တာအနေနဲ့ကတော့ ပထမတစ်ကားရဲ့ ပရိုဂျူဆာဖြစ်တဲ့ ဝါရင့်ဒါရိုက်တာကြီး Gregory Jacobက စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။ File size…(2.02GB)  / (1.07GB) / 546MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comsdy / Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

Adventure • Animation • Comedy
6.2 2015 115 mins
Magic Mike XXL
A Full Night Of Adultery-Tsubaki Sannomiya [SSNI-959-Decensored]

Tsubaki Sannomiya ဆိုတာ တစ်ခါကြည့်မိရင် တစ်ခါသွေးတိုးရတဲ့ မင်းသမီးလေးပါပဲ။ ရီဝေတဲ့မျက်ဝန်းတွေနဲ့ လူရောစိတ်ရော ပြည့်ဝနေတာလေးကို ပုရိသတွေ စွဲငြိကြပါတယ်။ သူမရဲ့ဇာတ်ကားတွေမှာဆို သူမကို မတွန့်မဆုတ် ဇွတ်မိုက်တတ်သူလေးအဖြစ် မြင်ရတာများပါတယ်။ SSNI-959 ဒီဇာတ်လမ်းမှာတော့ မန်နေဂျာကြီးနဲ့ ခရီးအတူထွက်မိကြရင်း သူမရဲ့ ရက်ရောမှုတွေကို တပြုံကြီးကြည့်ရှုရမှာပါ။ Decensored Version နဲ့မလို့ ကျော့ရှင်းမှုတွေကို ဘဝင်ကျကျ ခံစားရမှာလဲဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (2.5 GB) & (999 MB) Quality : HDRip (Decensored) 1080p & 720p Running Time : 02:28:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Andrew Mason Encoded by JAVA

Crime • Drama
null 2022
A Full Night Of Adultery-Tsubaki Sannomiya [SSNI-959-Decensored]
Run Hide Fight
6.8

ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူ ဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန် အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။ အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏ ကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။ Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြပါတယ်။ ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်း ခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို လက်နက်တွေနဲ့ ၀င်လာပြီး လူသတ် ခြိမ်းခြောက်မှုတွေလုပ်ပါတော့တယ် .... ဒါကို သိသွားတဲ့ ဇိုအီဟာ မသိသေးတဲ့ ကျောင်းသား တွေကို သတိပေးနိုင်အောင် သူကိုယ်တိုင်လည်း မသမာသူတွေလက်က လွတ်အောင် ကြိုးစားရပါတော့တယ် .... (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ Yoon Sandi Aung , August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 50min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Thriller Source : 1080p.WebRip Translator – Yoon Sandi Aung, August Encoder – SWM

Drama • Sci-Fi & Fantasy
6.8 2021 109 mins
Run Hide Fight
10,000 BC
5.1

10,000 BC (2008) ခရစ်​တော်မ​ပေါ်ခင် ဘီစီ ၁၀၀၀၀​လောက်က ယာဂါလ်လူမျိုး​တွေမှာ ဒဏ္ဍာရီတစ်ခု​ ပေါ်​လာခဲ့ပါတယ်။ အပြာ​ရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ ဒဏ္ဍာရီ​ပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်​တွေရဲ့ဘဝကို လှံဖြူကိုင်စစ်သည်​တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီ​ပေါ့။ တစ်​နေ့မှာ ဒဏ္ဍာရီထဲကလို အပြာ​ရောင်မျက်လုံးပိုင်ရှင် မိန်းက​လေး တစ်​ဦး တခြား​အရပ်က​နေ ယာဂါလ်​​​ဒေသကို ​ရောက်လာခဲ့ပါတယ်။ သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်​စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့် လှံဖြူကိုင်စစ်သည်​​တော်​ကိုလည်း မန်နက်​ခေါ် ​​​အမွေးထူဆင်ကြီးကို သတ်နိုင်သူကိုပဲ ​ရွေးချယ်မှာပါ။ ဒါ​ကြောင့် အက်ဗိုလက်နဲ့ ​မေတ္တာမျှ ​နေတဲ့ ဒ​လေးဆိုတဲ့ ယာဂါလ်သား​​လေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း စစ်သည်​တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ ဒါ​ပေမဲ့ သူတို့၂​​ဦးရဲ့ ​ချစ်ခရီးက ​ကြာကြာမတည်မြဲခဲ့ဘဲ ​ခြေ၄​ချောင်း နတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူ​တွေ ယာဂါလ်​​တွေဆီ ရောက်လာကြပြီး အက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုး​​​တွေကို ဖမ်းဆီးသွားတဲ့အခါ ဒ​လေးအ​နေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်း ခရီးရှည်ကြီးကို စတင်ခဲ့ပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Drama Quality…. 1080p | 720p | 480p File size… 1.9GB | 1GB | 487MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JimX Encoder ….. August

Animation • Drama
5.1 2008
10,000 BC
Joji
7.8

ဒီဇာတ်လမ်းကတော့ စိတ်ဝင်စားရတဲ့ India Murder/ Thirller ကားပါ IMDB မှာ 7.8/10 ရထားပါတယ် မိသားစု family ဇာတ်လမ်းကို ဦးတည်ရိုက်ထားပြီးဇာတ်အိမ်ကို covid အတွင်းတည်ဆောက်ထားပါတယ်.. မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့ဘဝအဖြစ်အပျက်ပေါ့ သန်မာပြီးအာဏာရှိတဲ့ အဖေရယ် သား ၃ ယောက်ရယ် ပထမသားရဲ့သား ဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ် ဒုတိယသားရဲ့မိန်းမရယ် တစ်အိမ်တည်း အားလုံး၆ယောက်အတူနေကြတယ် အိမ်ထဲ ခြံထဲမှာတော့ အလုပ်သမားတွေအများကြီးရှိကြတယ်. Joji ကတော့ ၃ယောက်တည်းကအငယ်ဆုံးသားပါ သူက ညီအကိုထဲမှာ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးက အဖေကို အရမ်းကြောက်ရတယ် တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်း ဦးနှောက်သွေးကြောပေါက်သွားပါတယ် covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့ ဆေးရုံအမြန်ပို့ပေမဲ့ လေဖြတ်သွားပါတယ် အဖေဒီလိုဖြစ်ချိန်မှာ Jojiက အခွင့်အရေးတွေ ယူလာတယ် အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီး ရအောင်လုပ်ရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ.. File size…1.93 GB / 729MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal Ei

Family • Drama • Adventure
7.8 2021
Joji
Aashiq Banaya Aapne
4.4

Aashiq Banaya Aapne (2005) သူငယ်ချင်းချစ်သူ ဒီတစ်ခါတော့ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးကြီးတွေပါဝင်ထားတဲ့သုံးပွင့်ဆိုင် Bollywood အချစ်ကားကောင်းလေးကို CM ပရိသတ်ကြီးတစ်ဖန် ပြန်ခံစားနိုင်အောင်တင်ဆက်ပေးမှာဖြစ်ပါတယ် အနုပညာကျောင်းသားလေးကာရန်ဟာ စနီဟာပြုံးပျော်နေတာကိုမြင်ရရုံနဲ့တင်ကြေနပ်နေသူတစ်ဦးပါ သူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟမပြပေမဲ့ သူ့သူငယ်ချင်းမလေးကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတာပေါ့ တစ်နေ့မှာကာရန့်ငယ်သူငယ်ချင်းဗစ်ကီပေါ်လာပြီး ကာရန်နဲ့စနီဟာတို့ရဲ့အနုပညာကျောင်းမှာတက်ရင်း သူငယ်ချင်းသုံးယောက်အဖွဲ့ကျသွားပါတော့တယ် ကာရန်နဲ့မတူတာက ဗစ်ကီကသူ့ခံစားချက်တွေကို စနီဟာကိုပွင့်ပွင့်လင်းလင်းထုတ်ပြတတ်ပြီး စနီဟာရဲ့အာရုံစိုက်မှုကိုရယူတတ်သူတစ်ဦးပါ စနီဟာတစ်ယောက်ဗစ်ကီရဲ့ဆွဲဆောင်မှုနောက်ပဲပါသွားမလား သူ့ရဲ့သူငယ်ချင်းဟောင်းကာရန်ကိုပဲ ရွေးချယ်မလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားကြည့်ရှုခံစားရင်းအဖြေရှာကြည့်လိုက်ပါတော့.. (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

4.4 2005 115 mins
Aashiq Banaya Aapne
Our Meal for Tomorrow
6.4

Our Meal for Tomorrow (2017) **************************** စောင့်မျှော်နေသော ငါတို့ရဲ့မနက်ဖြန် အထက်တန်းကျောင်းသား ဘဝမှာ ညီလေးကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် စာသင်ခန်းထဲမှာ အမြဲလိုလို ဝမ်းနည်းပူဆွေးနေပြီး တစ်ယောက်တည်း သီးသန်နေတတ်တဲ့ ‘ဟာရမ’တစ်ယောက် ကျောင်းအားကစားပြိုင်ပွဲတစ်ခုမှာ ဆန်အိတ်ခုန်ကစားနည်းကို ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. “ဆန်အိတ်ခုန်” ပြိုင်ပွဲပြိုင်နေတုန်း ညီလေးအကြောင်းတွေးလိုက်လို့ အားမလို အားမရ ဖြစ်လာပြီး အစွမ်းကုန်ကြိုးစားလိုက်တဲ့ပုံစံကို အူအဲမူရလို့ခေါ်တဲ့ အတန်းဖော်ကောင်မလေးက ကြွေသွားပါတော့တယ် .. ချစ်ရတဲ့သူတွေကို တစ်နေ့ကျရင် ဆုံးရှုံးရမယ်ဆိုတဲ့ နှလုံးသားထဲက အစိုင်အခဲတုံးကြောင့် ချစ်ရမှာကြောက်နေတဲ့ ဟာရမနဲ့ .. သွက်လက်ချက်ချာပြီး ဘဝကို ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အူအဲမူရတို့ဟာ နောက်တော့ ချစ်သူတွေဖြစ်သွားကြပါတယ် ။ ချစ်သူသက်တမ်းဟာ အချိန်ကာလတစ်ခုကို ကျော်ဖြတ်လာပြီးနောက်မှာ .. သဘောထားချင်းမတိုက်ဆိုင်တာတွေ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ကြည့်လိုက်တော့နော် .. ။ (အညွှန်းကို KHHZ မှ ရေးသားထားပါတယ်) File size…1.7GB / 702MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Romance, Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by KHHZ Encoded by AHtet

Music • Drama
6.4 2017 109 mins
Our Meal for Tomorrow
Rumah Teteh: Story of Helena

RumahTeteh Story of Helena (2025)”ထူးဆန်းတဲ့အဆောင်” ============================================= အသစ်ထွက်ထားတဲ့ အင်ဒိုဟော်ရာရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ယူကျုပေါ်မှာ ကြည့်ရှုသူ နှစ်သန်းကျော်ခဲ့တဲ့ ဗွီဒီယိုတစ်ခုကို ဇာတ်ညွှန်းပြန်ရေးကာ ရိုက်ကူးထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ဆိုပါတယ်။ နန်ဒိုနဲ့ တခြားသူငယ်ချင်းသုံးယောက်က အဆောင်တစ်ခုမှာ အတူနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေပါ။ သူတို့အဆောင်မှာ သူတို့ လေးယောက်တည်းနေတာဖြစ်ပြီး တစ်ခါတလေ လူတူနှစ်ယောက် မြင်ရတာမျိုး၊ ဂါဝန်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကို မြင်ရတာမျိုးလို ထူးဆန်းတာတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလို ထူးဆန်းတဲ့အဆောင်မှာနေရင်း သူတို့ထဲကတစ်ယောက်က ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေ ဆက်တိုက်ထပ်မံကြုံတွေ့ရပုံကို စိတ်ခြောက်ခြားဖွယ်ရာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။)

Science Fiction • Thriller
0 2025 86 mins
Rumah Teteh: Story of Helena
Four Mothers
7

IMDb Rating (7.0) / Rotten Tomatoes (91%) ဒီတစ်ခေါက်မှာတော့ ရင်ကိုနွေးထွေးသွားစေမဲ့ မိဘနဲ့သားသမီးကြားက ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ အက်ဒ်ဝပ် ဘရေဒီက အိုင်းရစ်ရှ် gay စာရေးဆရာတစ်ဦးဖြစ်ပြီး ၂၀၁၉ခုနှစ်မှာထုတ်ဝေခဲ့တဲ့ သူ့ရဲ့ “Aeons” ဝတ္ထုက အမေရိကားနဲ့ ကမ္ဘာတစ်ဝန်းက လူငယ်တွေအကြားမှာ ရုတ်တရက်ဆိုသလို ရေပန်းစားလာခဲ့ပါတယ်။ ဒီလိုအောင်မြင်လာလို့ အမေရိကားမှာ စာအုပ်ထုတ်ဝေပြီး ပွဲဦးထွက်ဖို့ အခွင့်အလမ်းကောင်းတွေ ရလာပေမဲ့ တစ်ဖက်မှာတော့ အက်ဒ်ဝပ်ဟာ ‌ နာမကျန်းဖြစ်နေတဲ့ ၈၁နှစ်အရွယ် မိခင်ကို တစ်ကိုယ်တည်း ပြုစုစောင့်ရှောက်နေရသူပါ။ အမေရိကားကို စာအုပ်မိတ်ဆက်ပွဲလုပ်ဖို့ သွားချင်ပေမဲ့လည်း အမေအိုကို မထားခဲ့ရက်တဲ့အပြင် ဘေးကသူငယ်ချင်း ၃ယောက်ကပါ သူတို့အမေတွေကို အက်ဒ်ဝပ်ဆီအပ်ထားခဲ့ပြီး ခရီးထွက်သွားကြပါတယ်။ ဒီလိုနဲ့ အမေအို ၄ယောက်နဲ့ အတူ အက်ဒ်ဝပ်တို့ ဘယ်လိုတွေဖြတ်သန်းကျော်ဖြတ်ကြမလဲဆိုတာကို ဒရာမာအချိုး အကွေ့လေးတွေနဲ့ လှလှပပရိုက်ကူးတင်ဆက်ထားပါ။ အက်ဒ်ဝပ်တစ်ယောက် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ကျော်ဖြတ်ပြီး အမေရိကားကို book tourလုပ်ဖို့သွားနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (958 MB) / (420 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 29m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7 2024 89 mins
Four Mothers
An American Tail
6.9

An American Tail 1986 1986 မှာထွက်ရှိခဲ့ပြီး IMDB 6.9 ရထားတဲ့ Animation ကားကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ Don Bluthဖြစ်ပြီး CMကာတွန်းချစ်သူတွေကြား လူသိများတဲ့ Land before Time ရဲ့ဒါရိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Disney ရဲ့နာမည်ကျော် Animation ဖြစ်တဲ့ Winnie the Pooh,Robin Hood တို့လို့ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ ၊၁၉၈၆ လောက်က ဒေါ်လာ ၅သန်းအကုန်ကျခံရိုက်ကူးခဲ့ကာ ဒေါ်လာ ၈၅ သန်းပြန်ရပြီး Box Office မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ One of the Best Animation of All Time လို့ ချီးကျူးမှုတွေပါရရှိထားတာဖြစ်ပါတယ်။ ဒါဆို ဒီကားဟာ ကလေးကြိုက်တင်မဟုတ်ပဲ လူကြီးတွေပါ ကြည့်ရှုသင့်တဲ့ Animation ကားကောင်းတစ်ကား ဆိုတာ သိသာနေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မောက်စကီဝဇ်ဆိုတဲ့ကြွက်မိသားစုဟာ ရုရှားမှာ ကော့ဆက်တွေရဲ့ တိုက်ခိုက်လုယက်မှုတွေကြောင့် အမေရိကကို ရွှေ့ပြောင်း‌အ‌ခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ သားဖြစ်သူ ဖိုက်ဗယ်ဟာ ရေထဲမတော်တဆပြုတ်ကျသွားပြီး မိသားစုနဲ့ကွဲကွာသွားပါတယ်။ ဗိုက်ဗယ်ဟာ အမေရိကမှာ ပျောက်ဆုံးသွားတဲ့ သူ့မိသားစုကို ရှာပုံတော် ဖွင့်တာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဘာလို့ဒီလောက်အောင်မြင်ခဲ့ရလဲဆိုရင် ဇာတ်လမ်းရဲ့ ညွှန်းဆိုချင်တဲ့ ပိုကြီးမားတဲ့ရည်ရွယ်ချက်ရှိနေလို့ပါပဲ။ ရုရှားက မောက်စကီဝဇ်မိသားစုဆိုတာ ဥရောပမှာ ခွဲခြားဆက်ဆံမှုတွေခံခဲ့ရတဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုပြီး ကြောင်တွေကတော့ ဂျူးမုန်းတီးရေးသမားတွေဖြစ်ပါတယ်။ ဂျူးတွေရဲ့ ခွဲခြားဆက်ဆံခံရမှု၊ခါးသီးဖွယ်ခံစားချက် နဲ့ ပိုကောင်းတဲ့ဘဝသစ်အတွက် စွန့်စားခဲ့ရပုံတွေအပြင် American Dream Consept ကို လည်းဒီကားမှာတစ်စွန်းတစ တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။ File size… 1.38 GB / 725 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Family / Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Comedy • Romance
6.9 1986 80 mins
An American Tail