YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Beverly Hills Chihuaha 2 (2011)_720p.mp4

982.28 MB N/A video/mp4 216 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lady Chatterley's Lover
6.7

(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) 1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်သဘောကျတဲ့ မြင်ကွင်းတစ်ခုဆိုရင် အပြာရောင်ကောင်း‌ကင်တစ်ဝက်၊ အစိမ်းရောင်မြက်ခင်းပြင်တစ်ဝက်နဲ့ အလယ်ဗဟိုမှာ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရိုင်းဆန်စွာနဲ့ လှုပ်ရှားနေတဲ့ ကင်မရာရိုက်ချက်ပါပဲ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့ ... လက်ထပ်ပြီးမကြာခင်မှာပဲ ပထမကမ္ဘာစစ်ကြောင့် Connie ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ခါးအောက်ပိုင်း သေသွားပါတယ်။ စစ်ကြီးပြီးလို့ ခင်ပွန်းသည်ရဲ့ Wragby အမွေခံအိမ်ကြီးဆီ ပြန်လာနေကာ ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ရပါတယ်။ ခင်ပွန်းဟာ အောက်ပိုင်းသေနေတဲ့အတွက် လိင်မှုကိစ္စလည်း လုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့အပေါ်ကို ချစ်သူဇနီးမယားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နာ့စ်တစ်ယောက် အိမ်အကူတစ်ယောက်အဖြစ် မှီခိုလာပါတော့တယ်။ ရုတ်တရက် မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသကို ပြောင်လာမှုကြောင့် အသားမကျမှု၊ ခင်ပွန်းရဲ့ တဖြည်းဖြည်းအေးစက်လာမှု၊ ကာမ လိုအင် မပြည့်ဝမှု စတာတွေကြောင့် Wragby ခန်းမဆောင်ဟာ သူ့အတွက် မည်းမှောင်တိတ်ဆိတ်တဲ့ နေရာအဖြစ်မြင်လာပါတော့တယ်။ ဒီအရာတွေဟာ သူတို့အိမ်တော်က မွေးမြူရေးအလုပ်သမား Oliverနဲ့ တွေ့တဲ့အခါ အသစ်တဖန်ပြန်အသက်ဝင်လာပါတယ်။ ဝိဉာဉ်မဲ့နေတဲ့ Connieအတွက် Oliverဟာ ပြန်လည်အသက်ဆက်စရာ ကြိုးတစ်‌ချောင်း ဖြစ်လာတဲ့အခါ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 3.1GB, 1.1GB, 507MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 6mins Genre              : Drama, Romance Translated by Jane  Encoded by Kinnov

6.7 2022 126 mins
Lady Chatterley's Lover
Death on the Nile
7.1

~ IMDB - 7.3/10, RT - 78%, Meta - 59% ~ (ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းက‌တော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ) Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တု‌တွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ရင်းနှီးနေတာပါပဲ။ သိပြီးတဲ့အတိုင်း ခရစ္စတီရဲ့၀တ္တုတွေမှာ ဇာတ်လိုက်ကျော်စုံထောက်က ဟာကြူလီပွိုင်ရို့ (ဝါ) ပွာရိုပါ။ စာအုပ်ထဲကစကားအတိုင်းပြောရရင် သမားရိုးကျစုံထောက်တွေကို စာရေးဆရာတွေက ပုံဖော်တဲ့နေရာမှာ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း ဖျတ်လတ်ပြီး စွန့်စားရ ဝါသနာထုံတဲ့လူတွေအဖြစ် အသက်သွင်းကြတာများပါတယ်။ အဂ္ဂသာရဲ့ ဟာကြူလီကတော့ ဘယ်ဂျီယမ်သား ပုပု နှုတ်ခမ်းမွှေးကားကားလူ၀ကြီးပါပဲ။ သို့ပေမဲ့လည်း စုံထောက်အမှုမှာ သူမတူအောင် တော်တဲ့လူပါ။ သူ့အမှုကို ဖော်ထုတ်ပုံတွေကလည်း အမြဲစိတ်၀င်စားစရာကောင်းနေတာပါပဲ။ အဂ္ဂသာခရစ္စတီဟာ ဟာကြူလီပွိုင်ရို့ပါတဲ့ စုံထောက်၀တ္တု ၃၃အုပ်၊ ပြဇာတ်၂ခုနဲ့ ၀တ္တုတို ၅၀ရေးသားခဲ့ပါတယ်။ ရုပ်ရှင်ကားအဖြစ်လည်းအတော်များများ အသက်သွင်းခဲ့သလို season 13 ခုရှိတဲ့ Series ရှည်ကြီးလည်း ထွက်ခဲ့ပါတယ်။ ပွိုင်ရို့ရဲ့ Death On The Nile အမှုဟာလည်း အမြန်ရထားပေါ်ကလူသတ်မှုလိုပဲ စိတ်၀င်စားစရာအတော်ကောင်းတဲ့ အကွေ့အကောက်အတော်များတဲ့ အမှုပါပဲ။ ခဏခဏပြန်ရိုက်ကြတဲ့ဇာတ်‌ဆိုပေမဲ့ 1978 ဗားရှင်းရဲ့ castingကို စာအုပ်ပရိတ်သတ်တွေက သိပ်အားရခဲ့ကြသလိုပဲ 1978 ရဲ့ casting ဟာ ဇာတ်ကောင်တွေနဲ့ အတော်လိုက်ဖက်ပါတယ်။ ဟာကြူလီကလည်း စာအုပ်အတိုင်းလိုက်ဖက်ပြီး အကုန်လုံးသူ့နေရာနဲ့သူ အံ၀င်ခွင်ကျရှိပါတယ်။ သုံးထားတာက Peter Ustinov တို့ Mia Farrow တို့ David Niven တို့ Betty Davis တို့ Jane Brikin တို့ Lois Chiles တို့ Maggie Smith တို့လို တစ်ခေတ်တစ်ခါရဲ့ စတားတွေချည်းပါပဲ။ All-star castတွေကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးရာမှာ တကယ် အီဂျစ်ကို သွား ရိုက်ကူးခဲ့သလို လှေကလည်း သမိုင်း၀င်လှေပေါ်မှာပဲ ရိုက်ကူးခဲ့တာပါ။ ဆိုတော့ကာ ဇာတ်ကောင်အပါအ၀င် အရာအားလုံး သဘာ၀ကျတယ်လို့ ပရိသတ်ကို ကောင်းကောင်းကြီး ခံစားရစေပါတယ်။ အီဂျစ်က နာမည်ကျော် နေရာအများစုကိုလည်း လှလှပပကို ထည့်သွင်းရိုက်ကူးထားတာပါပဲ။ ဒါရိုက်တာကတော့ အီဂျစ်မှာ အဂ္ဂသာခရစ္စတီပရိတ်သတ်တွေအရမ်းများတာကြောင့် အီဂျစ်အစိုးရက ဒီရုပ်ရှင်အတွက်အများကြီးအထောက်အကူပေးခဲ့တယ်ဆိုပါတယ်။ Costume ပိုင်းမှာလည်း ဒီဇာတ်ထဲက အချမ်းသာဆုံးဖြစ်တဲ့ Linnet တဖြစ်လဲ Chiles ရဲ့ ဒေါက်ဖိနပ်မှာ စိန်အစစ်တွေစီခြယ်ထားပြီး Davis ရဲ့ဖိနပ်တွေကိုတော့ စပါးအုံး၂၆ကောင်ရဲ့ အရေခွံနဲ့လုပ်ထားတယ်ဆိုပါတယ်။ 51 ကြိမ်မြောက် အော်စကာပွဲမှာ Academy Award for Best Costume Design ကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ပါပဲ။ အမှုအကြောင်းကတော့ မဟတော့ပါဘူး။ အရန်ကာရိုက်တာတွေအားလုံးကို သေချာပုံဖော်ထားပြီး အားလုံးက တစ်နည်းတစ်ဖုံ ထူးခြားနေကြတော့ အမှုဖြစ်ရာပတ်၀န်းကျင်မှာ ရှိသမျှလူတစ်ယောက်ချင်းစီကို သေသေချာချာစစ်ဆေးတတ်တဲ့ ဟာကြူလီရဲ့ထုံးစံအတိုင်း ရှိသမျှလူတွေကို စစ်ဆေးတာကို ကြည့်ရတာက တော်တော်အရသာရှိပါတယ်။ နောက် ဒီထဲက ပွိုင်ရို့ရဲ့ အတည်ပေါက်ကြီးနဲ့ ထပြောင်တာတွေကလည်း တော်တော်သဘောကျစရာကောင်းပါတယ်။ အဂ္ဂသာခရစ္စတီရဲ့ပုံစံအတိုင်းပဲ သံသယတရားခံတွေကို ပရိသတ်ကို တစ်ယောက်ချင်းစီ သေချာပြသွားမှာဖြစ်လို့ စိတ်ပါရင် ရုပ်ရှင်အဆုံးနားမရောက်ခင်အထိ ၀င်မှန်းကြည့်နေလို့ရပါတယ်။ နီးစပ်ကောင်းနီးစပ်တဲ့အဖြေကိုရနိုင်ပေမဲ့ သေချာတာကတော့ ကျိန်းသေပေါက်တပ်အပ်တော့ မှန်မှာမဟုတ်ပါဘူး။ ဘာလို့ဆို အဂ္ဂသာခရစ္စတီမို့ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.1GB, 1.1GB Quality - Blu-ray 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 20Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
7.1 1978 140 mins
Death on the Nile
What’s Love Got to Do with It?
6.4

What’s Love Got to Do with It? (2022) =========================== IMDb Rating – 6.4/10 ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ “ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်” ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ….အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။ အဖြစ်ကတော့ ဒီလို။ ကက်ဇ် က “အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်” ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ “ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ” ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန် သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ် ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်း တွေကတော့ ရှိစမြဲပေါ့။ ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွား ရဖို့တော့ အာမခံပေးနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.8 GB) / (735 MB) / (422 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Drama • Music • Adventure
6.4 2022
What’s Love Got to Do with It?
Moon Students
5.4

Moon Students (2023) ~ IMDb – 5.4/10, Rotten Tomatoes – 92% ~ သူငယ်ချင်းတစ်စုနဲ့ ဒုက္ခရောက်နေတဲ့ ပါမောက္ခတစ်ဦး Pandemic အတွင်း စိန်ခေါ်မှုတွေနဲ့ စာသင်နှစ်ကို ဖြတ်ကျော်ပြီး သူတို့ရဲ့စစ်မှန်တဲ့အသံတွေကို ရှာဖွေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားတာတွေ၊ လူမည်းတွေအတွက် Black Lives Matter ကြိုးပမ်းမှုတွေနဲ့ Apollo 11 အာကာသယာဉ် လပေါ်ဆင်းသက်ခဲ့တာတွေကိုပါ ထည့်သွင်းပြီး အဆိုးဆုံးအချိန်တွေမှာတောင် ကိစ္စတွေပြီးအောင်လုပ်နိုင်တာ ကျော်လွှားနိုင်တာကို မက်ဆေ့ပေးထားပါတယ်။ အချိန်အပိုင်းအခြားတွေကို လပြည့် လဆုတ် Moon Phase တွေနဲ့ ယှဉ်ပြထားပါသေးတယ်။ ဇာတ်လမ်းအစမှာ COVID ကြောင့် Lockdown မချခင် အတန်းနောက်ဆုံးရက်မှာ ပါမောက္ခက ကျောင်းသား၂ယောက်ကို Presentation ပေးခိုင်းပါတယ်။ သူတို့၂ယောက်က မပြင်ဆင်ရသေးဘဲ အလွဲတွေဖြစ်တဲ့အတွက် ရုံးခန်းခေါ်ခံရပြီး ပြသာနာတက်ခဲ့ပါတယ်။ ဒီကျောင်းသားတွေရော ဆရာရောက ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်စီ ဆုံးရှုံးထားသူတွေပါ။ သူတို့တွေရဲ့ ပူဆွေးမှု ကိုယ့်ကိုကိုယ်အပြစ်တင်မှုတွေကိုပါ ပေါ်လွင်အောင် ထည့်ထားပြီး ဗဟုသုတအစုံ ရသစုံပေးစွမ်းနိုင်တဲ့ ကားတစ်ကားလို့ ဆိုချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 885MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 49Min Genre – Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.4 2023
Moon Students
Crime Diaries: The Celebrity Stylist

အခုဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းဇာတ်ကားဖြစ်ပါတယ် နိုင်ငံကျော် နာမည်ကြီး ဆံသပညာရှင်တစ်ယောက်နဲ့ သူ့အမေဖြစ်သူဟာ အိပ်ယာတစ်ခုတည်းမှာပဲ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ် ဆံသဆရာ ရေးထားခဲ့တဲ့ ခွင့်လွှတ်ပေးဖို့ စာတစ်စောင်ကိုလည်း တွေ့ခဲ့ရပါတယ် အခင်းဖြစ်ပွားရာ အနေအထားအရ သူဟာ သူ့အမေ့ကို သတ်ခဲ့ပြီး ကိုယ်ကိုယ်တိုင်လည်း သတ်သေခဲ့တယ်လို့ ထင်ရပါတယ် ဒါပေမဲ့ ရဲတွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ အမှုဟာ လူသတ်မှုဖြစ်နေကြောင်း သိလိုက်ရပါတယ် နာမည်ကြီးတစ်ယောက် သေဆုံးတဲ့အမှုဖြစ်တာကြောင့် အထက်အရာရှိတွေဟာ စုံထောက် ရေဘတ်ကာကို ရက် ၂၀ အချိန်ပေးကာ အမှုကို ဖြေရှင်းခိုင်းပါတော့တယ် File size…(1 GB)/(512 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre…Crime, Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
Crime Diaries: The Celebrity Stylist
Noah
5.8

Noah (2014) နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Noah” နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။ ~ ဖန်ဆင်းခြင်း အကျဉ်း ~ သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို စတုတ္ထနဲ့ ပဉ္စမနေ့ရက်တို့မှာ ဖန်ဆင်းခဲ့ပါတယ်။ ဆဌမနေ့ ရောက်တဲ့အခါမှာ ဘုရားသခင်က​ ကမ္ဘာမြေပေါ်မှာရှိသမျှအရာအားလုံးကို အုပ်စိုးစေဖို့အတွက် သူ့ရဲ့ သဏ္ဌာန်တော်နဲ့အညီ မြေမှုန့်ကနေလူရဲ့ရုပ်လုံးကိုဖန်ဆင်းပြီး နှာခေါင်းထဲဇီဝကိုအသက်မှုတ်သွင်းကာ ပထမဆုံးသက်ရှိလူသားယောက်ျားကို ဖန်ဆင်းခဲ့ပါတယ်။ ဒီအချိန်မှာ အခြားသက်ရှိတွေအတွက် အထီးအမဆိုပြီးရှိခဲ့ပေမယ့် လူယောက်ျားအတွက် အထောက်အမမရှိသေးတဲ့အတွက် ဘုရားသခင်ဟာ လူယောက်ျားကို ကြီးသောအိပ်စက်ခြင်းနဲ့အိပ်စေပြီး သူရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး “ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်” ဆိုပြီး လူမိန်းမကိုဖန်ဆင်းခဲ့ပါတယ်။ နောက်မမှာ ဒီလူယောက်ျားနဲ့လူမိန်းမနှစ်ယောက်တို့ဟာ အာဒံနဲ့ ဧဝ (a.k.a ဒုတိယအာဒံ) ဆိုပြီး လူသိများခဲ့ကြပါတယ်။ ~ ပထမဆုံးသောအပြစ် ~ အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းတဲ့အချိန်မှာ ဘုရားသခင်က ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာရှိတဲ့အပင် (အသက်ပင်) ပေါ်က အသီးကလွဲပြီးကျန်တာကို မှန်သမျှစားလို့ရတယ်လို့ ပညတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝဟာ မြွေအသွင်ဆောင်ထားတဲ့စာတန်ရဲ့ သွေးဆောင်မှုကြောင့် အသီးကိုစားမိသွားပြီး ခင်ပွန်းကိုပါ စားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပထမဆုံးသောအပြစ်ကို ဘုရားကသိသွားတဲ့အခါမှာ လူယောက်ျားကို မြေပေါ်မှာဖြစ်သမျှ အသီး (အစာရေစာ) မှန်သမျှကို တစ်သက်လုံးပင်ပန်းစာရှာစားရမယ်၊ လူမိန်းမကို ကိုယ်ဝန်ဆောင်ခြင်းဝေဒနာနဲ့ သားဖွားခြင်းဝေဒနာကို ခံစားပြီး ကိုယ်ခင်ပွန်းရဲ့ အုပ်စိုးခြင်းကိုလည်းခံရမယ်ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ဟာ အာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး အာဒံနဲ့ဧဝတို့ကနေ ဆင်းသက်လာတဲ့ ယောက်ျားမိန်းမမှန်သမျှဟာ ခုနက ဘုရားသခင်ကျိန်ခဲ့တဲ့ ဒဏ်ကိုလူမျိုးအဆက်ဆက်ခံစားလာကြရပါတယ်။ ဒီဇာတ်ကားကတော့ သမ္မာကျမ်းစာထဲက အာဒံနဲ့ ဧဝတို့ရဲ့ တတိယသား ရှေသရဲ့ ၁၀ ဆက်မြောက်မျိုးဆက် နောဧအကြောင်းကို အဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအရ အာဒံကအသက် ၁၃၀ အရွယ်မှာ ရှေသကိုမမွေးခင် ကာဣနနဲ့ အာဗေလဆိုပြီးသားနှစ်ယောက်ကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အာဒံရဲ့သားဦးကာဣနက သူ့ညီအာဗေလကို မနာလိုတဲ့အတွက်ကြောင့် သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရဲ့ကျိန်ခြင်းကိုခံရပြီး ဧဒင်ဥယျာဉ်ထဲကထွက်ပြီး အရှေ့အရပ် နောဒပြည်မှာသွားနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကာလအတန်ကြာပြီး နောဧရဲ့ ခေတ်ကိုရောက်လာတဲ့အခါမှာ ကာဣနမျိုးနွယ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ အပြစ်တွေကြောင့် ကမ္ဘာကြီးဟာ ဘုရားသခင်ရွံရှာရလောက်တဲ့အထိ အဓမ္မမှုတွေနဲ့ ပြည့်နှက်နေလောက်အောင် ပျက်စီးဆုတ်ယုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို “ရေလွှမ်းမိုးခြင်း” အားဖြင့် ဆေးကြောသန့်စင်ပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားစကားကိုနားထောင်ပြီး ဘုရားရဲ့နှစ်သက်ခြင်းကိုခံရတဲ့ ရှေသမျိုးဆက် နောဧနဲ့ သူ့အိမ်ထောင်မိသားစု၊ လူတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ သားရဲတိရစ္ဆာန်တွေကိုတော့ ရေလွှမ်းမိုးခြင်းအပြီးမှာ ကမ္ဘာကြီးသန့်စင်သွားတဲ့အခါမှာ ဘဝကိုတဖန်အသစ်ပြန်လည်ထူထောင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားသခင်က လာမက်ကိုရူပါရုံအားဖြင့် အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိတဲ့ ဂေါဖရသစ်သားကိုယ်ထည်၊ အပြင်ဘက်နံရံကို ထင်းရှူးစေးနဲ့သုတ်ပြီး အတွင်းခန်းတွေပါတဲ့ သင်္ဘောတစ်စီးကို ဆောက်လုပ်ခိုင်းခဲ့ပါတယ်။ ဆောက်လုပ်ပြီးတဲ့အခါမှာ နောဧတို့ရဲ့မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မှန်သမျှကို အထီးအမ တစ်စုံစီ တက်စေခဲ့ပါတယ်။ ဒီ Noah ဇာတ်ကားမှာ အဓိကသရုပ်ဖော်ချင်တာကတော့ လူတွေရဲ့ရက်စက်ယုတ်မာမှုကြောင့် ဘုရားသခင်ကကမ္ဘာကြီးကို ဆေးကြောပစ်ဖို့အတွက်လုပ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြီးအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ Cinematic ဆန်အောင်ဆိုပြီး ဒါရိုက်တာ Darren Aronofsky က ကျမ်းစာကနေသွေဖယ်ပြီး လိုတိုးပိုလျှော့လေးတွေလုပ်ထားတာရှိပါတယ်။ ဒါကြောင့်မလို့ ကြည့်ရှုသူတွေအတွက် ဒီဇာတ်ကားထဲက အကြောင်းအရာမှန်သမျှက သမ္မာကျမ်းစာထဲကအကြောင်းတွေဖြစ်တယ်လို့ မမှတ်ယူဘဲ သုတရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကို သိထားစေချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)

5.8 2014
Noah
La Civil
7.2

IMDb 7.2/10 Rotten Tomatoes 86% ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်း ထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကား တစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courage ကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့ မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီး မက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊ မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့ စီယယ်လိုနဲ့ လော်ရာ…အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့ စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်း လော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။ အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက် တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။ သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာ ဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊ နောက်ဆုံးကျရင်ရော လော်ရာနဲ့ ပြန်ဆုံစည်းနိုင်မှာလား ဆိုတာကို အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ ။ File size…2.14GB / 906MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 20m Genre ….. Drama , Thriller , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

7.2 2021
La Civil
Lucky Girl (Ya, Nina)
5.8

ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ ဘဝကို ခြယ်မှုန်းထားတဲ့ ယူကရိန်းရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဥရောပဖလင် ပရိသတ်တွေ နှစ်ခြိုက်ကြမယ့် အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ… အရောင်အသွေးစုံလှတဲ့ set design တို့ကိုလည်း ခံစားရဦးမှာပါ Nina(ခေါ်) “မိကံကောင်း” လေးက နာမည်ကြီးတီဗီအစီအစဥ်တင်ဆက်သူ တစ်ယောက်ဖြစ်ပါတယ် ဒီကောင်မလေးက မာနကြီးတယ် ရိုင်းစိုင်းတယ် ကိုယ်ထင်တာကို ဇွတ်တရွတ်လုပ်တတ်တယ် ဒါပေမဲ့ လူအများအားကျလောက်အောင် ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက် ….တစ်နေ့ ကင်ဆာဖြစ်မှန်း သိလိုက်ရတဲ့ နေ့ကစပြီး သူကမ္ဘာပျက်ရတော့တယ်… သူလုံးဝခံနိုင်ရည်မရှိဘူး ပိုင်ဆိုင်တာတွေ တစ်စတစ်စ ဆုံးရှုံးရရင်း တချိန်ကမာန်တွေလည်း မနိုင်တော့ လျှော့ရတော့တာပါပဲ ကင်ဆာရောဂါသည် သူငယ်ချင်းတွေကလည်း အချင်းချင်း ဖေးမတစ်လှည့်… ဟိတ်ဟန်ကြီးတဲ့ Nina ကို ဆုံးမသွန်သင် ပညာပေးတာက တစ်ဖုံနဲ့ … မိကံကောင်းလေးတစ်ယောက် ပြောင်းလဲလာနိုင်ပါ့မလားဆိုတာကိုတော့ … ကင်ဆာရောဂါသည်တစ်ယောက်ရဲ့ စိတ်ခံစားချက်အဖုံဖုံတို့ကို တွေ့မြင်ခံစားရမှာပဲ ဖြစ်ပါတယ် File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

5.8 2023
Lucky Girl (Ya, Nina)
Anaarkali of Aarah
6.1

Anaarkali of Aarah (2017)_____IMDb – 6.1/10 Bollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့ တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီး ဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာ အကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူး နည်းပညာအကူအညီမလိုဘူးလူအင်အားအများကြီးမလိုဘူး ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ် ဒီလိုကားတွေက သက်သေပါပဲ ဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ် ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲ ကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲ သူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီး လာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲ ဘောက်ဆူးချသလိုနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ် တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူ ခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်းလား လုပ်ပါတယ် လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ် အဲဒီအချိန်မှာ ပြသနာပေါင်းစုံစ,တတ်တော့တာပါပဲ အနာကလီတစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ ဒီဘဲကရောဘယ်သူလဲ ဆိုတာကို …. (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

6.1 2017 113 mins
Anaarkali of Aarah
Meanwhile on Earth
6.1

IMDb Rating – 6.1/10 ဒီကားလေးက ဒါရိုက်တာ Jeremy Clapin ရိုက်ကူးထားပြီး မင်းသမီး Megan Northam က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ တစ်ခြားသူတွေကို ပျောက်ကွယ်သွားအောင်လုပ်ရမယ်ဆို ဘာကိုရွေးကြမှာလဲ။ ကာတွန်းဇာတ်ကောင်တွေကိုဖန်တီးပြီး ဇာတ်လမ်းလေးတွေရေးတတ်တဲ့ အယ်ဇာမှာ အာကာသယာဉ်မှူး ဖရန့်ခ်ဆိုတဲ့အကိုတစ်ယောက်ရှိပါတယ်။ အယ်ဇာနဲ့ဖရန့်ခ်ကငယ်ငယ်ထဲက အာကာသထဲခရီးထွက်ဖို့ အိပ်မက်မက်ခဲ့ကြတယ်။ အိပ်မက်တွေကို ပြည့်ဝအောင်လုပ်နိုင်ဖို့ အချင်းချင်းကတိတွေထားခဲ့ကြတယ်။ ဖရန့်ခ်ကအာကာသယာဉ်မှူးဖြစ်လာခဲ့ပြီး အာကာသထဲကိုခရီး ထွက်သွားတဲ့နောက် သဲလွန်စရှာမရပဲနဲ့ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ ရည်မှန်းချက်တွေမရှိတော့တဲ့ အယ်ဇာတစ်ယောက် အဘိုးအဘွားတွေကို စောင့်ရှောက်တဲ့သူလုပ်ရင်း တစ်နေ့မှာ ဖရန့်ခ်ရဲ့အသံကို ပြန်ကြားခဲ့ရပါတယ်. အစေ့တစ်စေ့ကနေ ဆက်သွယ်မှုအရ အမည်မသိတည်ရှိမှုတစ်ခုက ဖရန့်ခ်ကိုပြန်ခေါ်လာပေးဖို့ အပေးအယူလုပ်လာခဲ့ပါတယ်။ အယ်ဇာ့ရဲ့ခေါင်းထဲကိုဝင်နေတဲ့ အမည်မသိတည်ရှိမှုက သူတို့ကို ကမ္ဘာမြေပေါ်ခေါ်ပေးမှ ဖရန့်ခ်ကိုပြန်ခေါ်နိုင်မယ်ပြောလာတဲ့အခါ… ဖရန့်ခ်ကိုပြန်ခေါ်နိုင်ဖို့ လူငါးယောက်က ကမ္ဘာပေါ်က ပျောက်ကွယ်ပေးရမဲ့အခါ… အယ်ဇာက ဘာကိုရွေးချယ်မလဲ…ဖရန့်ခ်လား…သူစိမ်းငါးယောက်လား…. နောက်ဆုံးအယ်ဇာက ဖရန့်ခ်ကိုပြန်ခေါ်နိုင်မလားဆိုတာကိုတော့ ဒီစိတ်လှုပ်ရှားစရာ ပြင်သစ်သိပ္ပံကားကောင်းလေးမှာ ဆက်လက် ကြည့်ရှုလိုက်ပါ။ File size… (1.12GB) / (629MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.1 2024
Meanwhile on Earth
Disaster Holiday
5

Disaster Holiday ဆိုတဲ့ ဇာတ်ကားလေးကတော့ အရမ်းဆွဲဆောင်မှု ရှိတဲ့ကားလေးဖြစ်ပါတယ်။ review ကောင်းတွေလဲအများကြီးရထားတဲ့ မိသားစုကားလေးပဲ ဖြစ်ပါတယ်။ ဂျိုးဇက်ဆိုတဲ့ဖခင်တစ်ဦးဟာ သူ့မိန်းမနဲ့ကွာရှင်းပြီး မိန်းမအသစ် တစ်ယောက်ယူထားသူပါ။ သို့သော်လည်း သူ့ရဲ့ကလေး သုံးယောက်ကိုတော့အချစ်မလျော့ပါဘူး။တတ်နိုင်သမျှအလုပ်လုပ်ပြီး အဘက်ဘက်ကဖြည့်စည်းပေးချင်တဲ့သူတစ်ဦးပါ။ ဒါပေမဲ့လည်းသူဟာအလုပ်တွေပဲဖိလုပ်ပြီး ကလေးတွေကို အချိန်မပေးနိုင်ဖြစ်နေတာဖြစ်ပါတယ်။ ကလေးအုပ်ထိန်းခွင့်အတွက်တရားရင်ဆိုင်ရင်း နောက်ဆုံး အခွင့်အရေးအနေ နဲ့ ကလေးတွေနဲ့ အားလပ်ရက်ခရီးထွက်ရဖို့ ဖြစ်လာပါတော့တယ်။ သို့သော်လည်း အလုပ်အစည်းအဝေးနဲ့အားလပ်ရက်ခရီး သွားချိန်နဲ့ကိုက်နေတဲ့အခါမှာ သူဘယ်လိုဖြေရှင်းမလဲ… ကလေးတွေကိုရွေးမှာလားအလုပ်ကိုရွေးမှာလား လမ်းခရီးမှာလည်း ဘယ်လို အခက်အခဲအမှတ်တရတွေရှိလာမလဲ.. ကလေးတွေ သူ့အပေါ်ထင်မြင်ချက်ခံစားချက်တွေ ပြောင်းသွားမှာလားဆိုတာတွေကို Negative vibe တွေမပါဘဲ ပေါ့ပေါ့ပါးပါးကြည့်သွားရမှာဖြစ်ပါတယ်။ Family comedyကားဖြစ်တာမို့လို့ ပေါ့ပေါ့ပါးပါး ကားလေးတွေရှာနေတဲ့သူ စိတ်ပြေလက်ပျောက် ရယ်မောချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးချင်ပါတယ်။ File size… (2.20GB) / (1.07GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Crime • Thriller • Mystery
5 2024 93 mins
Disaster Holiday
Angry Rescue
6

အမည်မသိ သတ္တဝါတစ်ကောင်က သယ်လာတဲ့ အကျိုးကျေးဇူးနဲ့အတူ လူ့အသက်အန္တရာယ်အကြောင်းကို အခြေခံရိုက်ကူးပုံဖော် ထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးမှာ တိုးတက်လာတဲ့ နည်းပညာနဲ့အတူ လူတွေက အိုမင်းမှုကိုနှောင့်နှေးစေဖို့ ရှာရင်း… အမည်မသိသတ္တဝါကို ရှာတွေ့ခဲ့တာပေါ့… တစ်ချိန်တည်းမှာပါပဲ ဒီသတ္တဝါကလေ လူသားတွေကိုလည်း အသက်အိုးအိမ်ဖျက်စီးနိုင်တယ်တဲ့… တစ်ဖက်မှာလည်း လုံခြုံရေးအဖွဲ့က လုံရှောင်ဟူကတော့ ဒီအရေးကြောင့် ဇနီးသည်ကို ဆုံးရှုံးခဲ့တဲ့အပြင်… ဒီအမှုရဲ့ နောက်ကွယ်ကြိုးကိုင်သူအဖြစ်ပါ ဝရမ်းထုတ်ခံထားရပြန်တာမို့… သူ့ကို ယုံကြည်ပေးတဲ့ မိတ်ဆွေတွေရှိနေခဲ့တာကြောင့် အမှန်တရားကို ဖော်ထုတ်ဖို့ခက်ခဲခဲ့ပါတယ်… တစ်ဖက်မှာလည်း သူ့ညီအစ်ကိုရဲ့ ညီမလေးက ပြန်ပေးဆွဲခံထားရသေးတော့ သူတို့မှာ ကြံရာမရဖြစ်ပေမယ့်လည်း… ယုံကြည်ချက်တစ်ခုအတွက် ကြိုးစားခဲ့ကြတာပေါ့… ကဲ ရှောင်ဟူတစ်ယောက် နာမည်ကိုပြန်သန့်စင်နိုင်မှာလား… ပြန်ပေးသမားလက်ထဲက သူငယ်ချင်းညီမလေးကိုရောကယ်တင်နိုင်မှာလား… ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ဇာတ်ကားလေး ကြည့်လိုက်ပါတော့နော်

6 2025
Angry Rescue