YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Between.Love.and.Friendship.S01E02.720p.CM.mp4

722.4 MB N/A video/mp4 121 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[ 18+ ]Little Blue
5.5

ကားနာမည်က တရုတ်လို ရှောင်းလန်တဲ့။ ရှောင်းလန်ဟာ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ ရှောင်းလန်ဟာ လူငယ်လေးတစ်ယောက်ဖြစ်တယ်။ ရှောင်းလန်ဟာ လူငယ်ဆိုတော့ မိဘနဲ့အတူနေရတယ်။ ရှောင်းလန်ဟာ ကျောင်းတက်ရတယ်။ ကျောင်းတက်ရတော့ ရှောင်းလန်ဟာ ဆရာဆရာမတွေနဲ့ တွေ့ရတယ်။ ကျောင်းတက်ရတော့ ရှောင်းလန်ဟာ ရွယ်တူလူငယ်တွေနဲ့ တွေ့ရတယ်။ ရှောင်းလန်ဟာ မိဘနဲ့အတူနေရပေမဲ့ အဖေမရှိဘူး။ အမေနဲ့အတူနေရတယ်။ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ မှားယွင်းပြီး ရှောင်းလန်ကို ရသွားခဲ့ပုံရတယ်။ ရှောင်းလန်အပျိုပေါက်ဖြစ်လာပြီးတာတောင် ရှောင်းလန်အမေဟာ နုဆဲပျိုဆဲ သွေးသားဆူဖြိုးဆဲ။ သွေးသားဆူဖြိုးတော့ ရှောင်းလန်အမေဟာ ဆန္ဒရှိလာတယ်။ ဆန္ဒရှိလာတော့ ရှောင်းလန်အမေဟာ ဗိုင်ဘရေတာနဲ့ဖြေရှင်းတယ်။ ဒါပေမဲ့လည်း စက်ပစ္စည်းဆိုတာ လူလောက်ဘယ်ကောင်းမလဲ။ ဒီတော့ ရှောင်းလန်အမေဟာ အပြင်မှာကိစ္စဖြေရှင်းတယ်။ ရှင်းရင်းရှင်းရင်း ရှုပ်လာပြီး ရှောင်းလန်အမေဟာ အိမ်မကပ်နိုင်ဖြစ်လာတယ်။ ဒီလိုနဲ့ ရှောင်းလန်ဟာ မိဘရဲ့ အငွေ့အသက် အစောင့်အရှောက် အကြံအဉာဏ် မရခဲ့ရဘူး။ ရှောင်းလန်ဟာ မိဘနဲ့အတူနေပေမဲ့ မိဘတွေဟာ ရှောင်းလန်နဲ့အတူမနေခဲ့ကြဘူး... ရှောင်းလန်ဟာ ကျောင်းမှာလည်း အဆင်မပြေဘူး။ ရှောင်းလန်ဟာ စာတော်ပေမဲ့ ဆရာတွေက လှေနံဓားထစ်သင်ကြတော့ ရှောင်းလန်ကို နားမလည်နိုင်ကြဘူး။ သူငယ်ချင်းကောင်းဆိုတာကလည်း ငရှုပ်ငပွေမလေးပဲ ရှိခဲ့တယ်။ ရှောင်းလန်မှာ ရင်ဖွင့်စရာ နေရာမရှိဘူး။ ရှောင်းလန်ဟာ လူငယ်ဆိုတော့ စူးစမ်းချင်စိတ်ရှိတယ်။ လူငယ်တွေဆိုတာ ပန်းမခူးရဆိုင်းဘုတ်တပ်ခံထားရတဲ့ ပန်းခြံပဲ။ ဒီလိုတပ်ရတာလည်း အကြောင်းရှိတယ်။ ပန်းမခူးရတပ်ထားပါပြီဆိုမှတော့ ခက်ခက်ခဲခဲခူးမှရမယ့်အပင်ကြီးတော့ သွားမတပ်ဘူးပေါ့။ လူငယ်ရဲ့သိချင်စိတ််ခူးရလွယ်တဲ့ပန်းမို့ ပန်းမခူးရဆိုင်းဘုတ်တပ်ထားတယ်။ ဒါပေမဲ့ အကြံသမားကလည်း ဒါကိုသိတယ်။ ဒီလိုနဲ့ ချည်းကပ်လာတယ်။ ရင်ဖွင့်စရာမရှိတဲ့ရှောင်းလန်နဲ့ အကြံသမားဟာ ဧဒင်ရဲ့ သဲသောင်ပြင်ပေါ်မှာ မစားကောင်းတဲ့အသီးကို စားမိကြတယ်။ အကြံသမားဟာ အကြံသမားပဲ... ရှောင်းလန်အသည်းကွဲရတယ်။ ဒါပေမဲ့ ရှောင်းလန်မှာ ရင်ဖွင့်စရာဘယ်သူမှမရှိဘူး။ မှားသာမှားမိတယ်။ လိင်မှုပညာအခြေခံလည်း ရှောင်းလန်မသိဘူး။ ရှောင်းလန် ဖြေသာစရာတွေ လွဲလာတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ရင်း Dating App ကနေ ရှောင်းလန် ဖြေသာစရာရှာတယ်။ လူနဲ့လိင်ဆိုတာ ခွဲမရဘူး။ လူဟာ လိင်ဆက်ဆံတယ်။ လိင်ဆက်ဆံတော့ လူထွက်တယ်။ လူထွက်တော့ လိင်ဆက်ဆံတယ်... လိင်ဆက်ဆံတာ အမှားမဟုတ်ဘူး။ ငယ်တုန်းရွယ်တုန်း ဘူမသိကိုးမသိသွားလုပ်ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးကများတယ်။ ဒါပေမဲ့ ရှောင်းလန်ကို ဘယ်သူမှ အဖက်မလုပ်ကြဘူး။ သူ့ကိုယ်၌ကလည်း သူဘာဖြစ်ချင်မှန်းသိပုံမရဘူး။ လိင်ဆက်ဆံတာ သူ့အတွက်မသက်မသာကြီးဖြစ်နေသလိုလိုကိုမှ သူက ဆက် ဆက်ဆံတယ်။ အမေကလည်း သမီးဘာဖြစ်နေတယ်မသိဘူး။ ဒီလိုနဲ့ ဒီကားဇာတ်သိမ်းသွားတယ်။ အဆုံးကျ ရှောင်းလန်တစ်ခုခုတော့သိသွားတယ်။ ဒီလိုနဲ့ ရှောင်းလန်ဇာတ်လမ်းပြီးသွားတယ်။ ရှောင်းလန်ပြီးသွားတယ်... ဇာတ်ကားဟာ ဘာမှတော့မဟုတ်ပေမဲ့ တရုတ်ရဲ့နယ်ပယ်သုံးခြမ်းမှာ Art Film အဆန်ဆုံးရုပ်ရှင်တွေထုတ်တတ်တဲ့ ထိုင်ဝမ်က ထုတ်ထားတဲ့ ကားဖြစ်ပြီး ထိုင်ဝမ်ရုပ်ရှင်ပီပီသသနဲ့ပဲ ကျန်တဲ့တရုတ်ကားတွေထက် လိင်မှုဘဝကို လက်တွေ့ကျကျနဲ့ ထင်ထင်သာသာကို ပုံဖော်သွားပြီး ဆယ်ကျော်သက်ဘဝမှာ ဖြစ်လေ့ထရှိနိုင်တဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်သွားတယ်လို့ ပြောရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတော့ ထိုင်ဝမ်ကားတွေကို ကြိုက်တတ်တဲ့သူတွေ ကြိုက်ကြမယ့် ထိုင်ဝမ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 930MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Comedy • Fantasy
5.5 2022 96 mins
[ 18+ ]Little Blue
Army of the Dead
6.3

ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ ဇာတ်လမ်းက ဒီလိုပါ ..... လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။ အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။ တရားဝင်ငွေ မဟုတ်လို့ပါ။ ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ.. ဒန် .... တန့် ..... တန် ..... ပွဲဦးထွက်မှာတင် IMDb - 7.5/10 ဆိုတော့ ဘာမေးနေစရာ လိုဦးမလဲဗျာ။ Review and Translated by : Mr.Anderson Encoded by : August File size…3.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action & Adventure • Crime • Drama
6.3 2021 148 mins
Army of the Dead
Pain and Glory
7.4

ဒါကတော့ အောင်မြင်မှုတစ်ပုံကြီးရရှိထားတဲ့ စပိန်Dramaကားကောင်းတစ်ကားပါ။ ဒါရိုက်တာ Pedro Almodóvar ရိုက်ကူးထားပြီး IMDb rating 7.7နဲ့ ခရမ်းချဉ်သီးမှာ 97%ရရှိထားပါတယ်။ စပိန်နိုင်ငံတွင်းဆုပေးပွဲတွေသာမကပဲ Oscarတို့ Cannes film festivalတို့ Golden globesတို့မှာလည်း စကာတင်စာရင်းတွေဝင်ပြီး စုစုပေါင်းစကာတင်134ခုနဲ့ ဆု25ခုရထားပါတယ်။ Lead actorကလည်း Cannes film festivalမှာ Best Actorအပါအဝင် ဆု၅ဆုရထားပြီး Oscar စကာတင်စာရင်းထဲလည်းဝင်နေပါတယ်။ ဇာတ်လမ်းကတော့ တစ်ချိန်ကအောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းရေးဆရာ၊ဒါရိုက်တာဆာဗာဒါမယ်လိုရဲ့ လက်ရှိအခြေအနေနဲ့ အတိတ်ကအခြေအနေအနေတွေကို ပြသထားတဲ့ Flashbacksပါ။ ဆာဗာဒါဟာ အနုပညာကိုရူးသွပ်နေဆဲဖြစ်ပေမယ့် သူ့မှာဖြစ်နေတဲ့ရောဂါတွေ စိတ်ပိုင်းဆိုင်ရာခံစားနေရမှုတွေကြောင့် ရုပ်ရှင်မရိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် သူ့ရဲ့နေ့စဉ်ဘဝမှာ သူငယ်ရွယ်စဉ်ကလုပ်ဆောင်ခဲ့တဲ့အရာတွေ သူ့ရွေးချယ်မှုတွေဟာ လက်ရှိသူနဲ့သူအနုပညာတွေဖြစ်လာစေတဲ့အကြောင်းကို တွေးတောနေတာတွေကိုရိုက်ကူးပြသထားတာပါ။ 113မိနစ်လောက်အချိန်ပေးကြည့်ရှုလိုက်ရင် နောင်တရမယ့်ကားမဟုတ်ပါဘူး။ အကြမ်းအရမ်းဇာတ်ကားတွေကိုကြိုက်တဲ့သူတွေအတွက်တော့ နည်းနည်းမြောတဲ့ကားဖြစ်မယ်ဆိုပေမယ့် ဒရမ်မာကားကောင်းတွေကြည့်ချင်တဲ့သူ‌တွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ File Size : ( 1 GB , 386 MB ) Quality : WEB-DL 720p Running Time : 1 hr 53 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.4 2019 114 mins
Pain and Glory
Die’ced

ဟောလိုးဝင်းကာလမှာ ကြောက်စရာကောင်းတဲ့သွေးသံတရဲရဲ ဇာတ်ကားတွေကိုကြည့်ချင်တဲ့လူတွေအတွက် Die’ced ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Budget Movie ဖြစ်နေတဲ့အတွက် IMDb Rating က 4.5 နဲ့နည်းနေတာ ကိုတော့ အပြစ်ပြောလို့မရပါဘူး။ဒါပေမယ့် ကိုယ်က Thriller ကားချစ်သူမလို့ ကြည့်စရာ ဇာတ်ကားတွေကုန်ပြီး လှန်လှောရှာဖွေနေရတယ်ဆိုရင်တော့ ဒီကားလေးကမဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဇာတ်ကြောင်းကတော့ ဟောလိုးဝင်းညရောက်ခါနီးတစ်ရက်မှာ ဘန်ဂျမင်နယူးမန်းဆိုတဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကနေလွတ်မြောက်သွားခဲ့ပါတယ်။ သူကသာမန် စိတ်ဖောက်ပြန်နေတဲ့ လူမဟုတ်ဘဲ အရမ်းကြောက်စရာကောင်းတဲ့ ကွင်းဆက် လူသတ်သမား တစ်ယောက်ဖြစ်နေပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် လွတ်မြောက်သွားတဲ့ ဆေးရုံဝန်ထမ်းတွေက ရဲတိုင်ရင်ထောင်ကျမှာ ကြောက်တဲ့ အတွက် ဖုံးကွယ်ထားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟောလိုးဝင်းညမတိုင်ခင် တစ်ညမှာတော့ ကဆန်ဒရာဆိုတဲ့ ကောင်မလေးတို့ အိမ်နားကလူတစ်ယောက်အသတ်ခံလိုက်ရပါ တော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အိမ်ကဓားတွေနဲ့ ဟောလိုးဝင်းဝတ်စုံတွေကိုလည်း ယူသွားကြောင်းကို ကဆန်ဒရာတို့ရဲ့အဖေဖြစ်သူက ပြောပြနေပါတော့တယ်။ဒါပေမယ့် လူငယ်ပီပီ ကဆန်ဒရာတို့က အဲ့ဒါကိုသိပ်ဂရုစိုက်မနေပဲ ညကျသွားရမဲ့ ဟောလိုးဝင်း ပါတီကိုပဲ စိတ်ရောက်နေပါတယ်။ဒီလိုနဲ့ အဲ့ဒီဟောလိုးဝင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက တစ်ယောက်ပြီး တစ်ယောက်လိုက်သတ်ရင်းနဲ့ ကဆန်ဒရာနဲ့ ထိပ်တိုက်တွေ့လာတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဆက်နွယ်နေတဲ့အရာရှိတာကို သိခဲ့ရပါ တော့တယ်။အဲ့ဒါကဘာဖြစ်မလဲ ကဆန်ဒရာကရောသူများတွေလိုပဲ အသတ်ခံရပြီး သေဆုံးသွားမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…977MB / 415MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Die’ced
Cat Person
6.2

ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ….။ အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်း ခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာ အချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့…။ ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်း ရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်….။ ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင် လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်…။ အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့ နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ… ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန် ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်…။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.2 2023
Cat Person
Trees and Other Entanglements
6.6

Trees, and Other Entanglements (2023) IMDb – 6.6/10 ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ အိုင်းရင်းတေလာဘရော့စကီဆိုတာ မှတ်တမ်းရုပ်ရှင်တွေနဲ့ပဲ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးတစ်ဦး။ သူ့ရဲ့ပထမဆုံးဖြစ်တဲ့ နားမကြားတဲ့သူ့မိဘတွေအကြောင်းကိုရိုက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် Hear and Now(2007)ကနေတင် ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကတော့ သစ်ပင်တွေရဲ့အကြောင်းနဲ့ သစ်ပင်တွေနဲ့ ရောယှက်လာခဲ့တဲ့လူတွေရဲ့ဘ၀ဇာတ်ကြောင်းတွေပေါ့။ သစ်ပင်တွေမှာပဲ ကျွန်တော်တို့ရဲ့ လူသားသမိုင်းတွေကို ပြန်ပြောင်းပြောနိုင်တဲ့ ဇာတ်လမ်းတွေအများကြီးရှိခဲ့တယ်။ ဒီရုပ်ရှင်ထဲမှာဆို သစ်ပင်တွေကြားမှာ ပုန်းကွယ်နေခဲ့တဲ့ ကလေးတစ်ယောက်၊ အမေရိကန် ဘွန်ဇိုင်းပညာရှင်တစ်ယောက်၊ သစ်ပင်တွေကို စောင့်ကြည့်နေတဲ့ ဓာတ်ပုံပညာရှင်တစ်ယောက်၊ သစ်တောကြီးကို ကာကွယ်ဖို့ကြိုးစားတဲ့မိခင်တစ်ယောက်၊ ဘွန်ဇိုင်းပင်တွေကို မှီတွယ်ရင်း နေထိုင်ခဲ့ကြတဲ့ ဂျပန်မိသားစု…စတဲ့ ဇာတ်လမ်းပေါင်းများစွာ။ ဒီလို သစ်ပင်တွေရယ် သစ်ပင်တွေနဲ့ ဆက်စပ်နေတဲ့ဘ၀တွေရယ်ကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ aungmo3han ပဲ ဖြစ်ပါတယ် Genre….. Documentary Quality…. 1080p | 720p File size… 2.9GB | 1.3GB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator …..aungmo3han Encoder ….. Aaron

Horror • Thriller
6.6 2023 115 mins
Trees and Other Entanglements
Night Shift
5.2

ဒီတစ်ခါမှာတော့ Night Shift ဆိုတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့….. ဂွမ်တေလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မိုတယ်တစ်ခုမှာ ညဆိုင်းအလုပ်လာလုပ်ပါတယ် သူ့ရဲ့ပထမဆုံးအလုပ်လုပ်တဲ့ညမှာပဲ ထိပ်လန့်စရာကောင်းတဲ့ပုံရိပ်တွေကိုမြင်တွေ့နေရပြီး အဲ့မိုတယ်ဟာ သရဲခြောက်တယ်လို့ သံသယဝင်လာပါတယ် အဲ့ဒီမိုတယ်ကြီးကလည်း ဟောင်းနွမ်းနေပြီဖြစ်ပြီး အဲ့ကရေကူးကန်ကြီးမှာလည်းဘတွင်းနက်ကြီးပေါက်နေပါတယ် ပစ္စည်းတွေထားတဲ့ဂိုထောင်ကလည်း တံခါးကအပြင်ကနေပဲဖွင့်လို့ရပြီး အထဲကနေပြန်ဖွင့်လို့မရပါ အဲ့လိုထူးဆန်းပြီးခြောက်ခြားစရာကောင်းတဲ့မိုတယ်ကြီးမှာ မိန်းကလေးတစ်ယောက်တည်း ညပိုင်းအလုပ်လုပ်ရတဲ့အခါ…….. ​နောက်ပြီး လာတည်းခိုတဲ့ဧည့်သည်တွေကလည်း ထူးဆန်းပြီးကြောင်တောင်တောင်နိုင်တဲ့သူတွေနဲ့ပါကြုံတွေ့ရပါတယ် အဲ့ဒါတင်မကဘဲ ဂွမ်ရဲ့အတိတ်ကဖြစ်ရပ်ဆိုးကြီးက လူဆိုးတစ်ယောက်က သူ့နောက်ကိုလိုက်နေပါတယ်လို့ ဂွမ်တစ်ယောက်သံသယရှိနေတဲ့အခါ……… File size…(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

5.2 2023
Night Shift
Manderlay

၁၉၃၀ ပြည့်နှစ်ကာလတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းကျွန်တွေရဲ့ဘဝကို ရိုက်ကူးထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ Dogville 2003 ရဲ့ Trilogy တစ်ကားလည်းဖြစ်ပါတယ် အလာဘားမားပြည်နယ်က မန်းဒလေး ဆိုတဲ့ ဝါဂွမ်းစိုက်ပျိုးရေးခြံကြီးကိုပိုင်ဆိုင်တဲ့ လူဖြူမိသားစုတစ်စုဟာ လူမည်းကျွန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဖြစ်တဲ့ ဆိုရှယ်လစ်/ကွန်မြူနစ် ဆန်ဆန် Mam’s Law ဆိုတဲ့ဥပဒေနဲ့ အုပ်ချုပ်နေတာပေါ့…. တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ဂိုဏ်းစတားခေါင်းဆောင်ရဲ့ သမီးတစ်ယောက်ဟာ အဲဒီခြံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး မတရားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ဝါဒ၊ အရင်းရှင်ဝါဒတွေကို လက်မခံတော့တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကျကျအတွေးအခေါ်တွေနဲ့ ကျွန်လူတန်းစားနဲ့ သခင်လူတန်းစားနှစ်ရပ်စလုံးကို မြေလှန်ပစ်ဖို့ အစီအစဉ်ချပြီးကြိုးစားရုန်းကန်မှာပဲဖြစ်ပါတယ် ဇာတ်ကားရဲ့ထူးခြားချက်ကလည်း Studio ထဲမှာပဲ Setting တစ်ခုတည်းနဲ့ရိုက်ကူးထားတဲ့ Directior ကြီး Lars von Trier ရဲ့စိတ်ကူးပဲဖြစ်ပါတယ်…… Argylle ၊ Jurassic World 1,2 ထဲက မင်းသမီးချော Baryce Dallas Howard ရဲ့ ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်…. ဂရေ့စ် တစ်ယောက် မန်းဒလေး ကကျွန်တွေရဲ့ဘဝကို ဒီမိုကရေစီနည်းနဲ့ ပြောင်းလဲအုပ်ချုပ်လို့ရပါ့မလား…. ခြံပိုင်ရှင်လူဖြူမိသားစုကရော ဂရေ့စ် ကိုဘယ်လိုသဘောထားပြီးဆက်ဆံမှာလည်း….. ကျွန်စနစ်ကိုဖျက်သိမ်းလိုက်ပါပြီလို့ ကြေညာထားတဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်ကရော ဘယ်လိုသဘောထားတွေရှိနေတာလဲ….. ဂရေ့စ် တွေးထားသလို ခြေနှစ်ချောင်း ကယ်ကောင်းရဲ့လား ဆိုတာတွေကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:19:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2005
Manderlay
[18+] Boss Ma’am

Boss Ma’am (2024) ဗန်းန်ဟာ ကုမ္ပဏီတစ်ခုရဲ့အကြီးတန်းအရောင်းမန်နေဂျာဖြစ်ပြီး သူ့ရုံးမှာ သူကဩဇာအကြီးဆုံးဖြစ်ပါတယ်။ မျက်နှာကြောတင်းသလို၊ တိကျပြတ်သားပြီး စိတ်ထားလည်းမကောင်းတဲ့သူ့ကိုအားလုံးက ဖိန့်ဖိန့်တုန်ကြောက်ရပြီး သူ့ရဲ့အငယ်တန်းတွဲဖက်ကောင်မလေးဖြစ်တဲ့ ချမ်းကတော့ သူ့ဒဏ်ကိုအခံရဆုံးပါပဲ။ ဒါပေမယ့် ဗန်းန်မှာ ဘယ်သူမှမသိတဲ့ အမှောင်စိတ်တစ်ခုရှိပြီး အဲ့ဒါကတော့ ရုံးမှာအားလုံးကိုအမြဲတမ်းနိုင်စားနေရတဲ့သူဟာ လူကွယ်ရာမှာတော့ ကိုကို့ကလေးလေးအဖြစ်ဒဏ်ပေးခံချင်နေတာပါ။ အဲ့ဒီစိတ်ကြောင့်ပဲ ရုံးမှာအဲကွန်းလာပြင်တဲ့ကောင်လေးကို အထာပေးပြီး သူ့ရဲ့မွန်းကျပ်မှုတွေကိုဖြေဖျောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကိုအမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ ချမ်းကမြင်သွားပြီး ဗီဒီယိုရိုက်ယူထားသလို အဲ့ဒီဗီဒီယိုကိုအသုံးချပြီး သူ့အပေါ်ခြိမ်းခြောက်အနိုင်ယူလာချိန်မှာတော့..။ တက်တူးတွေနဲ့အရမ်းမိုက်တဲ့ မမကြီး Jenn Rosa ကဆံပင်ပုံစံပြောင်းပြီးထက်မြက်တဲ့ဘောစိမအဖြစ်ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(550 MB) / (290 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:06:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Horror • Thriller
0 2024 65 mins
[18+] Boss Ma’am
Tigerland
6.9

Tigerland (2000) IMDb Rating (6.9) / Rotten Tomatoes (77%) 1 November 1955 ကနေ 30 April 1975 အထိဖြစ်ပွားခဲ့တဲ့နာမည်ကျော် ဗီယက်နမ်စစ်ပွဲအတွင်းမှာတော့ အပြစ်မဲ့ပြည်သူတွေသာမက လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။ သို့သော်လည်း ဘယ်လောက်ပဲ ဘယ်လိုပဲ လူတွေသေစေကာမူ အထက်ဖိအောက်ဖားဆိုသလိုပဲ နှစ်ဦးနှစ်ဖက်စလုံးက စစ်သားတွေကတော့လုပ်စရာရှိတာတွေ လေ့ကျင့်စရာရှိတာတွေကို အပြန်အလှန်တိုက်ခိုက်ဖို့ ရန်သူကိုချေမှုန်းဖို့ နိုင်ငံကိုကာကွယ်ဖို့အတွက် စတဲ့စတဲ့ ဆင်ခြေဆင်လက်တွေနဲ့ ပင်ပန်းဆင်းရဲစွာ ရှိခဲ့ကြပါတယ်။ ထိုအထဲမှပဲ အမေရိကန်ဘက်ကလည်း တစ်ဖက်ကိုစစ်ရှုံးနေတဲ့အတွက် တပ်ရင်းအသီးသီး တပ်မအသီးသီးက စစ်သားတွေကို အားရပါးရဖိပါတော့တယ်။ တစ်ချို့ကလည်း ပင်ပန်းလို့ထွက်ချင်ကြ တစ်ချို့ကလည်း စစ်သားအချင်းချင်းနောက်ကြ မတည့်ကြနဲ့ဘဲ အမျိုးမျိုးအထွေထွေ ပရပွက်တွေကိုဂယက်တွေထနေကြပါတယ်။ အဓိကဇာတ်ကောင်ဖြစ်သူ တပ်သား Roland Bozzဆိုသူကလည်း တကယ့်လက်ပေါက်ကပ်ပြီး ပြောရဆိုရခက်တဲ့ လူရှုပ် လူဂွစာတစ်ယောက်ပါ။ သူနဲ့ သူ့ဘော်ဒါ Jim Paxtonတို့ စစ်ပွဲအတွက် အတူတူလေ့ကျင့်ရေးဆင်းကြနဲ့ တစ်တွဲတွဲတစ်လာလာလုပ်ကြနဲ့ပဲ နောက်ဆုံးပိတ်လေ့ကျင့်ရင်းဖြစ်တဲ့ Tigerlandဘက်ကို အတူတူဆင်းကြရဖို့ဖြစ်လာပါတယ်။ Tigerlandဆိုတာကတော့ ဗီယက်နမ်စစ်ပွဲရောက်ရင် တွေ့ကြုံရမယ့် အရာတွေကို တစ်ပုံစံတည်းတူအောင် ဆောက်လုပ်ထားပေးတဲ့ရွာတစ်ရွာဖြစ်ပြီး အဲ့ဒီမှာတော့စစ်သားတွေဟာအိပ်ချိန်တစ်နာရီသာအိပ်ခွင့်ရပြီး အသေအကြေ လေ့ကျင့်ရေးဆင်းရတဲ့နေရာပါ။ Bozz နဲ့ Paxtonတို့ရဲ့ Bromance , Bozzရဲ့ဗရုတ်ကျပုံတွေ , စစ်တပ်ထဲက အချင်းချင်မတည့်မြတ်မှုတွေ , အထက်ကနေ အောက် / ဘော်ဒါအချင်းချင်းစကားပြောတဲ့အခါမှာ ဆဲဆိုတာတွေမွှန်နေအောင် ပြောကြ ကြိတ်ကြတာတွေ / စစ်ရဲ့အကျိုးသက်ရောက်မှုတွေ စတဲ့ရသစုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(2.5 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, War Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Ya Mone

Animation • Fantasy • Mystery
6.9 2000 101 mins
Tigerland
Metropolis
8.3

Metropolis (1927) ~ IMDb – 8.3/10, RT – 97%, Meta – 98% ~ Fritz Lang ရိုက်တဲ့ မက်ထရိုပိုလစ်ဟာ အသံတိတ်ရုပ်ရှင်ခေတ်ရဲ့ ဂန္ထဝင်အမြောက်ဆုံး Science Fiction ရုပ်ရှင်ဖြစ်ခဲ့တယ်။ အသံတိတ်ခေတ်ပဲလို့တော့ ပြောဖို့ခက်တယ်။ ဒီဘက်ခေတ်အထိလည်း မက်ထရိုပိုလစ်ကို Science Fiction လိုင်းရဲ့ ဘိုးအေကြီးလို့ ခံယူထားကြတုန်းပဲ။ Science Fiction လိုင်းရဲ့ မပြောမဖြစ်တဲ့ Blade Runner (1982) လိုကားမျိုးတောင် သူ့ဆီကပဲ မြစ်ဖျားခံလာခဲ့တယ်။ စတားဝါးတို့ မက်ထရစ်တို့လည်း မကင်းခဲ့ဘူး။ Fritz Lang ဟာ Genre မျိုးစုံမှာ ပိုင်အိုနီးယားလိုဖြစ်နေခဲ့သလို Nosferatu လို၊ The Cabinet of Dr. Caligari တို့လို ကားမျိုးတွေထွက်ခဲ့တဲ့ ဂျာမန်ရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် ရုပ်ရှင်လောက အရည်အသွေးက ကြောက်ခမန်းလိလိပါပဲ။ ဂျာမန်ရုပ်ရှင်တွေရဲ့ ရွှေခေတ်ကလည်း ၁၉၁၈ကနေ ၁၉၃၃ကြားကာလဖြစ်ခဲ့တယ်။ မက်ထရိုပိုလစ်က Science Fiction ဘိုးအေကြီးပေမဲ့ ဇာတ်လမ်းပိုင်းမှာတော့ အရမ်းကြီးတော့ အားရစရာမကောင်းနေဘူး။ Visual ကတော့ ခမ်းနားပေမဲ့လို့ ဇာတ်လမ်းက ပေါ်လစီနည်းနည်းတော့ဆန်နေတယ်။ အဲဒီကာလက ဂျာမနီ KPD က ဥရောပမှာ အကြီးဆုံး ကွန်မြူနစ်ပါတီဖြစ်ခဲ့တယ်ဆိုတော့ ဒါက မဆန်းတာလည်းဖြစ်ချင်ဖြစ်မယ်။ ဆိုးရွားနေတာတော့မဟုတ်ပေမဲ့ Fritz Lang ရဲ့ ဇာတ်လမ်းတင်ဆက်နိုင်စွမ်းနဲ့ဆိုရင်တော့ ဒီအနေအထားက မဖြစ်သင့်တဲ့ အနေအထားလို့မြင်စရာရှိတယ်။ ဒါကြောင့်မို့လည်း မက်ထရိုပိုလစ်ဟာ ချီးကျူးခံရသလို ဝေဖန်ခံရတာတွေလည်းရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ထရိုပိုလစ်ဟာ Sci-Fi လိုင်းရဲ့ အခရာကျတဲ့ရုပ်ရှင်၊ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ ဖယ်ထားလို့မရတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 33Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8.3 1927 153 mins
Metropolis
Captain America: Brave New World
6.1

Captain America: Brave New World (2025) IMDb Rating (6.1) / Rotten Tomatoes (49%) (WEB-DL အကြည်ဗားရှင်း ရပါပြီ) ကပ္ပတိန်အမေရိက ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီ။ မာဗယ်ရုပ်ရှင်ရဲ့ ၃၅ ကားမြောက်ပါပဲ။ အဆင့်-၅ ရှေ့က ၃၄ ကားလုံးကိုလည်း ချန်နယ်မြန်မာ App နဲ့ Web မှာ ကြည့်နိုင်ပါပြီ။ Endgame အထိ ရုပ်ရှင်တွေကို အဆင့်-၃ လို့ ခေါ်ပြီး။ နောက်ပိုင်းရုပ်ရှင်တွေက အဆင့် ၄ မှာ ပါဝင်ပါတယ်။ အခုရုပ်ရှင်ကတော့ အဆင့် ၅ ဖြစ်လာပြီး၊ Thunderbolts နဲ့ Blade တို့လာဖို့ ရှိပါသေးတယ်။ ဒီရုပ်ရှင်ကတော့ အရင့်အရင်ကားတွေနဲ့ယှဉ်ရင် လူကြိုက်နည်းနိုင်ပေမဲ့ အရေးကြီးတဲ့ နောက်ပိုင်းအဆင့်တွေအတွက် မပါမဖြစ်မို့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ကပ္ပတိန်အမေရိကရဲ့ နေရာကို ဖယ်ကန်ဖြစ်ခဲ့တဲ့ ဆမ်ဝယ်ဆင်က ဆက်ခံပြီးတဲ့အချိန်ပါ။ ဟော့ခ်ရဲ့ ရန်သူဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ရော့စ်ကတော့ သမ္မတဖြစ်လာပါတယ်။ ဖယ်ကန်နေရာကိုတော့ ဝါကင်းဆိုတဲ့ လေတပ်ဗိုလ်လေးတစ်ယောက်က ရဖို့ ကြိုးစားနေတုန်းပါပဲ။ အီတာနယ်ရုပ်ရှင်အပြီးမှ ပေါ်လာတဲ့ စလက်စတီရယ်ရုပ်ကြီးကို သုတေသနတွေ လုပ်ကြရင်းနဲ့ ဗိုင်ဘရေနီယံထက် ပိုမာတဲ့ အက်ဒမန်တေနီယံ သတ္တုကို တွေ့ရှိသွားကြပါတော့တယ်။ အဲဒီသတ္တုကို တစ်ကမ္ဘာလုံး မျှဝေသုံးစွဲနိုင်ဖို့ သမ္မတရော့စ်က ကြိုးစားနေချိန်မှာပဲ အန္တရာယ်မျိုးစုံ ပေါ်လာပြီး စစ်ကြီးတွေပါ ဖြစ်လာမဲ့အထိ ကြုံလာပါတော့တယ်။ ဒါကို ကပ္ပတိန်အမေရိကအသစ် နဲ့ သူ့လက်ထောက်တို့ ဘယ်လိုဖြေရှင်းဖို့ကြိုးစားကြလဲဆိုတာ တွေ့ရမှာပါ။ ပိုစတာထဲမှာ မြင်မြင်နေကြတဲ့ ဟော့အနီကြီးရဲ့ ဇစ်မြစ်ကိုလည်း မြင်ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (6.6 GB) / (1.8 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….01:59:17 Subtitle….Myanmar Subtitle (Hardsub) Encoder…. Benjamin, YK Translated by Mr. Anderson

Thriller • Action • Drama • War
6.1 2025 119 mins
Captain America: Brave New World
Night Mistress
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Philip Cable ရိုက်ကူးထားပြီး Rene Aranda, Philip Cable, Javier Cazares, Ray Quiroga စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ revenge ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ရှယ်လီဆိုတဲ့ မင်းသမီးနဲ့ စတန်းဂိုးမန်းဆိုတဲ့ တက်သစ်စ ဒါရိုက်တာတို့ဟာ အရမ်းချစ်ကြတဲ့ စုံတွဲတွေဖြစ်ပါတယ်။ စတန်းဂိုးမန်းက ရှယ်လီ့အတွက်တော့ အမှောင်ထုထဲက အလင်းရောင်လို ဖြစ်တည်မှုမျိုးပါတဲ့။ ဒါပေမယ့် ရုပ်ရှင်လောကကို သိမ်းပိုက်ချင်တဲ့‌ကော့ဒ်ဆိုတဲ့ ဂိုဏ်းခေါင်ဆောင်နဲ့ ခေါင်းမာတဲ့စတန်းဂိုးမန်းတို့ ပြဿနာ တက်ကြရင်းကနေ စတန်းဟာ အသတ်ခံလိုက်ရပါတော့ တယ်။ အလင်းရင်းမြစ်ကို ဆုံးရှုံးလိုက်ရတဲ့ရှယ်လီတစ်ယောက် သူမဘဝမှာ အမှောင်ထုတွေ ပြန်လည်ဖုံးလွှမ်းလာပြီး လက်စားချေမယ့်ခရီးစဉ်ကို စတင်ပါတော့တယ်။ ဒေါသတွေနဲ့ ရူးသွပ်နေတဲ့ ရှယ်လီတစ်ယောက် ကော့ဒ်တို့ရဲ့ အင်အားတောင့်တင်းတဲ့ ဂိုဏ်းကြီးကိ ဘယ်လိုမျိုး လက်စား ပြန်ချေဖို့ အစီအစဉ်ချမှာလဲ…. ရဲအရာရှိပတ်စ်တွန်နဲ့ လစ်ပ်တွန်တို့ ပူးပေါင်းအဖွဲ့ကရော ဒီအမှုကိုအဆုံးအထိ လိုက်ပါဖြေရှင်းနိုင်ပါ့မလား…. ရှယ်လီရဲ့ လက်စားချေမှုက အောင်မြင်မှာလား… ကျရှုံးသွားမှာလား… ရှယ်လီကရော နောက်ဆုံးဘာဖြစ်သွားမလဲ…. ဒါတွေကို ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာရမှာပါ။ File size… (1.12 GB) / (564 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Horror • Thriller
5 2025
Night Mistress
Bila Esok Ibu Tiada
5.7

Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)

Thriller • Crime
5.7 2024 104 mins
Bila Esok Ibu Tiada