YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Better Days 2019 1080p WEB-DL CM.mp4

2.31 GB N/A video/mp4 310 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pearl
7.3

~ IMDb - 7.5/10, Rotten Tomatoes - 90% ~ Hereditary တို့ Midsommar တို့လို မာစတာပိစ် Horror Thriller ကားတွေအတွက် လမ်းဖောက်ပေးခဲ့တဲ့ ရုပ်ရှင်လို့ ပြောကြတဲ့ The House of the Devil ကို ရိုက်ခဲ့တဲ့ Ti West ဟာ 2022 မှာ A24 နဲ့ပေါင်းပြီး X နဲ့ ပြန် Comeback ခဲ့ပါတယ်။ X ဟာ အတော်အောင်မြင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကိုခံခဲ့ရတဲ့အပြင် စတီဖင်ကင်းရဲ့ ချီးကျူးမှုပါခံခဲ့ရတယ်။ သူ့ Prequel ဖြစ်တဲ့ Pearl ကလည်း မာတင်စကောဆေးစိလို ရုပ်ရှင်လောကရဲ့ ဆရာကြီးက ချီးကျူးတာပါခံခဲ့ရသလို ဝေဖန်ရေးသမားတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်။ ဒါတင်မကသေးပဲ A24 ဖန်တွေကလည်း သူတို့ရဲ့ Favourite Movie list တွေမှာ ထိပ်ဆုံးနေရာပါပေးထားကြတာတွေလည်း မနည်းပါဘူး။ သိပ်မကြာခင် X ရဲ့ နောက်ဆက်တွဲကားဖြစ်တဲ့ Maxxxine လည်း ထွက်ဖို့ရှိပါတယ်။ X Trilogy ဖြစ်လာမှာပါပဲ။ X မှာတော့ Mia Goth ဟာ Pearl နေရာကရော Maxine နေရာကရော ပြောင်မြောက်အောင် သရုပ်ဆောင်ခဲ့ပြီး နောက်ထွက်မယ့်ကားရော ခုကားရောက သူ့ဇာတ်ကောင် ၂ကောင်အကြောင်းကို ပြန်ခွဲထုတ်ထားတဲ့ ရုပ်ရှင်တွေပါပဲ။ အခု Pearl မှာတော့ Mia Goth ဟာ ဇာတ်ညွှန်းပါ ဝင်ရေးထားသလို သူ့လုပ်ကွက်အပြည့်နဲ့ဆိုတော့ သူ့သရုပ်ဆောင်စွမ်းရည်ကိုလည်း အပြည့်အဝပြထားခဲ့ပါတယ်။ ပထမကားကတော့ 1979 မှာ ဇာတ်အိမ်တည်ထားပြီး ဒီကားကိုတော့ 1918 မှာ ဇာတ်အိမ်တည်ထားပါတယ်။ X မှာ တွေ့ခဲ့ကြတဲ့ ပါးလ်နဲ့ ဟောင်းဝက်စ်တို့ရဲ့ ငယ်ဘဝနဲ့ အဲဒီလယ်တောအိမ်ကြီးရဲ့ ဇစ်မြစ်ကို ရိုက်ပြထားတာပါ။ X မှာပြောခဲ့တဲ့ ဟောင်းဝက်စ်က စစ်ပြန်ဖြစ်ကြောင်း ဘာညာကိုရောပေါ့။ ပါးလ်ရဲ့ စိတ်အခြေအနေ ဘာလို့ ဒီလောက်ထိဆိုးသွားလဲဆိုတာကိုရော သေချာပြထားပါတယ်။ သို့ပေမဲ့ သူက X နဲ့တော့ ပုံစံကွဲထွက်နေပြီး Psychological slasher ပုံစံဘက်ကို ပိုတာသွားပြီး ကလပ်စစ်ကားတစ်ကားပုံစံပါ ဆန်နေပါတယ်။ Pearl ဟာ The Wizard of Oz, The Texas Chain Saw Massacre နဲ့ Mary Poppins စတဲ့ ဟောလိဝုဒ်ရွှေခေတ်ကကားတွေကို homage ပေးထားတဲ့ ဇာတ်ဝင်ခန်းတွေကို သုံးထားသလို Horror Slasher ကားပေမဲ့ ဒီအရသာတွေထက် ကလပ်စစ်ရုပ်ရှင်တစ်ကားလို ဟန်ပန်နဲ့ စီနီမာတွေက ပိုဖုံးလွှမ်းသွားပြီး Horror ကား တစ်ကားကြည့်ရတာနဲ့မတူဘဲ ဒါမှ ရုပ်ရှင်ကွလို့ ထအော်လို့ရတဲ့ ရုပ်ရှင်တစ်ကားကို ကြည့်နေရသလိုပါပဲ။ လူတိုင်းတော့ ကြိုက်ပါ့မလား မသိပေမဲ့ တော်တော်တော့ ကြည့်ရအရသာရှိတဲ့ ကားပါပဲ။ X ကိုကြိုက်တဲ့သူတွေဟာ Pearl ကို ပိုကြိုက်နိုင်ခြေများသလို X ကို မကြိုက်ခဲ့တဲ့သူတွေလည်း Pearl ကို ကြိုက်နိုင်ခြေရှိတာမို့ မြည်းတော့ မြည်းစမ်းကြည့်သင့်ပါတယ်။ A24 ကားဖြစ်သလို မာတင်စကောဆေးစိတောင် ချီးကျူးရတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တာပါပဲ။ ဒီနှစ်ကားလုံးရဲ့ ဇာတ်လိုက်ကျော်ကြီးတွေဖြစ်တဲ့ ပါးလ်နဲ့ ဟောင်းဝက်စ်ဟာ Ray and Faye Copeland ဆိုတဲ့ လူသတ်မှုနဲ့သေဒဏ်ပေးခံခဲ့ရတဲ့ ဆိုက်ကို လင်မယားကို အခြေတည်ပုံဖော်ထားတာဖြစ်ပြီး Faye Copeland ဟာ သေဒဏ်ပေးခံရတဲ့ အသက်အကြီးဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 864MB, 414MB Quality - 1080p, 720p, 480p IMDb Rating - 7.5/10 Format - mp4 Duration - 1H 43Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Mystery
7.3 2022 102 mins
Pearl
Moon
7.6

IMDb...7.6,,,,RT... 90% ကမ္ဘာကြီးဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လဆီကနေ နေရဲ့ သဘာဝစွမ်းအင်တွေကို တူးဖော်ပြီး စွမ်းအင်လိုအပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းနိုင်နေပြီဖြစ်ပါတယ်။ အဲဒီလိုတူးဖော်ဖို့အတွက် သုံးနှစ်တာစာချုပ်နဲ့ လကမ္ဘာပေါ် အာကာသယာဉ်မှူးတွေ စေလွှတ်လေ့ရှိပါတယ်။ ဆမ်ဘဲလ်ကတော့ အဲဒီထဲက တစ်ယောက်ပေါ့။ ဆက်သွယ်ရေးဂြိုလ်တုပျက်နေတာကြောင့် သူဟာ ဇနီးနဲ့ သမီးလေးကိုလည်း တိုက်ရိုက်ဆက်သွယ်လို့မရပဲ သုံးနှစ်နီးပါးတစ်ကိုယ်တည်း အထီးကျန်ဆန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ သုံးနှစ်ပြည့်ခါနီးမှာတော့ စက်ချို့ယွင်းမှုတစ်ခုနဲ့အတူ သူနဲ့တစ်ပုံစံတည်းတူတဲ့ လူတစ်ယောက်ကို ရှာတွေ့လာတဲ့အခါ…. တစ်ကိုယ်တည်းနေလာတာကြာပြီး သူ့စိတ်ကပဲ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား ဒါမှမဟုတ်… File Size : (2.2GB)(585MB) and (268MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:37:00 Genre : Drama, Mystery , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Drama
7.6 2009 97 mins
Moon

IMDb Rating - 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(2.9 GB) / (1.48 GB) / (926 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Biography, Drama Translator.......JimX Encoder..........SWM

Action • Drama • War
null 2022
The Admiral
WWII: The Long Road Home
5

ဒီဇာတ်လမ်းက ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်ရဲ့ သူ့အဘိုး ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးလွတ်မြောက်တာကို ရိုက်ထူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချာလီတို့တပ်ဖွဲ့ကို ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ် ကိုစုံစမ်းဖို့အတွက် ဂျာမနီနိုင်ငံကိုသွားရမယ်လို့အထက်ကအမိန့် ချလာပါတယ်။ စုံစမ်းဖို့သွားနေရင်းနဲ့ လမ်းတစ်ဝက်မှာအဖမ်းလိုက် ခံရပါတယ်။ နောက်တော့ ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်တာကိုစောင့်ဆိုင်းကြတာပေါ့။ဒါပေမယ့် ချာလီဟာ ရန်သူ့နယ်မြေမှာဖြစ်တဲ့အတွက် စောင့်နေရင် ပိုဆိုးလာမယ့် အန္တရာယ် များကိုသိတဲ့အတွက် သူတစ်ယောက်တည်း မဟာမိတ်နယ်မြေကို ရောက်အောင်သွားရင်းနဲ့လမ်းမှာ ကြုံရတဲ့အခက်အခဲတွေကိုရိုက် ကူးထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.7 GB) / (822 MB) / (530 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......Tin Myo Lwin Encoder..........SWM

Drama • History • Romance
5 2019 90 mins
WWII: The Long Road Home
[18+] The Body Is Willing(China Scandal: Exotic Dance) 1983
4.4

China Scandal Exotic Dance (1983) စီးပွါးရေးလောကမှာ နာမည်ကြီးပြီး လိုတရဖြစ်နေတဲ့ ဖရန့်စ်… သူ့သီဝရီက ရှင်းတယ် ဘယ်မိန်းမဖြစ်ဖြစ် ပိုက်ဆံနဲ့လဲရင် ရတယ်တဲ့လေ…. ဂျပန်အဆိုလောကမှာ နာမည်ကြီးနေတဲ့ ရာမာဇကီ… သူက ဟောင်မှာပါ လက်ရှိနာမည်ရနေသူ သူမရဲ့ အလှပနဲ့ အဆိုကောင်းမှုတွေကြောင့် နာမည် တစတစ ကြီးလာနေသူ အခုလည်း ဟောင်ကောင်ကို ဖျော်ဖြေပွဲ တခုအတွက် ရောက်လာ ချိန်မှာ ဖရန့်နဲ့ တွေ့ပါတော့တယ် ဖရန့်စ်ကလည်း ရာမာဇကီ ကိုမြင်မြင်ချင်းပဲ စိတ်ဝင်စားသွားရာမှ…. မာနခဲ ရာမာဇကီ လေးနဲ့ ဖရန့်စ်တို့ရဲ့ အပြိုင်အဆိုင် အားပြိုင်မှုတွေက DS Fans တွေအကြိုက်တွေဖြစ်နေလို့ တင်ဆက်ပေးလိုက်ပါတယ်

4.4 1900 89 mins
[18+] The Body Is Willing(China Scandal: Exotic Dance) 1983
About Us But Not About Us
6

ပွင့်လင်းရာသီမြန်မာပြည်ဖြစ်လာပြီဆိုတော့လည်း မီယမ်မာကြီးမှာလည်း LGBTQ နဲ့ပတ်သက်လို့ အရင်ကထက် ပိုပွင့်လင်းလာတဲ့အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့လည်း လုံးဝကြီးပွင့်လင်းတာလည်း မဟုတ်သေးပြန်တော့ လွဲမှားနေတဲ့ Myths လေးတွေတော့ ရှိပါသေးတယ်။ ဒီဖိလစ်ပိုင်ကားလေးကို အကြိုက်ဆုံးအချက်ကိုပြောရမယ်ဆိုရင်တော့ LGBTQs are just humansဆိုတဲ့အချက်ကို ချပြထားတာကိုပါပဲ။ Privilege လူတန်းစားလည်းမဟုတ်သလို နှိမ်ချစရာလည်းမဟုတ်တဲ့ သာမန်လူလိုပဲ ဆိုးကွက် ကောင်းကွက်တွေအကုန်ရှိနေနိုင်တယ်ဆိုတဲ့ Human natureကိုချပြထားတဲ့ရုပ်ရှင်လေးပေါ့။ ဖိလစ်ပိုင်ဒရာမာတွေ ကြိုက်နှစ်သက်တဲ့လူတွေဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုတော့ ကိုဗစ်ရောဂါ ထကြွသောင်းကျန်းနေတဲ့ကာလမှာ အခြေတည်ထားပြီးတော့ တက္ကသိုလ်က အင်္ဂလိပ်ဘာသာပရော်ဖက်ဆာဖြစ်တဲ့ အဲရစ်က သူ့ရဲ့တပည့်ဖြစ်တဲ့ လန်းစီလော့နဲ့ လာတွေ့တာကနေ အစပျိုးထားပါတယ်။ ဆရာကတော့ သိပ်လှတဲ့သက်တန့်ကြီး ကွေးနေပေမဲ့ တပည့်ဖြစ်တဲ့လန့်စ်ကတော့ ရေရေရာရာမသိတဲ့ မကွေးတကွေးလေးပေါ့။ ဒါပေမဲ့ ဆရာဖြစ်သူအဲရစ်ရဲ့ အထူးအထူးသော အလေးပေးမှု ဂရုစိုက်မှုတွေကြောင့် ပတ်ဝန်းကျင်ကပြောစရာဖြစ်နေတာပေါ့။ အဲရစ်ဘက်ကကြည့်တော့လည်း ပထွေးကရိုက်နှက်ခံရလို့ ခိုကိုးရာမဲ့တပည့်ကို ဂရုစိုက်ပေးတာဖြစ်ပြီး ပတ်ဝန်းကျင်ကကြည့်တော့လည်း ၁၇ နှစ်တာတွဲခဲ့တဲ့ချစ်သူ နာမည်ကျော်စာရေးဆရာမားကပ်စ်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားရတာ လန့်စ်နဲ့အဲရစ်ကြားက ကရုဏာပိုလွန်းတဲ့ဆက်ဆံရေးကြောင့်လား သို့လော သို့လောပေါ့။ ဒီလိုနဲ့ ထွေရာလေးပါးစကားဝိုင်းလေးကနေ အရှိန်တက်လာတဲ့ သူတို့ ၂ ယောက်ရဲ့ စကားဝိုင်းလေးကနေ ကြက်သွန်ဥအခွံခွာသလို တစ်စတစ်စ ပုံရိပ်ထင်လာတဲ့ မားကပ်စ် အဲရစ်နဲ့လန့်စ် ဒီ ၃ ယောက်ရဲ့ ၃ ပွင့်ဆိုင်ဇာတ်လမ်း၊ ကိုယ်စီမထင်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မားကပ်စ်ရဲ့ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနောက်က အဖြစ်အပျက်တွေက တစ်လွှာချင်းပေါ်တဲ့အခါ…. လန့်စ်နဲ့အဲရစ်က တကယ်ပဲဆရာနဲ့တပည့်ဆက်ဆံရေးထက်မပိုဘူးလား။ မားကပ်စ်ရဲ့အဆုံးစီရင်မှုကရော လန့်စ်ရဲ့ပယောဂတွေ တကယ်ပဲပါဝင်နေခဲ့တာလား။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ငါတို့အကြောင်းမဟုတ်တဲ့ငါတို့အကြောင်းဆိုတာကရော ဘာကိုရည်ညွှန်းချင်တာလဲဆိုတာကို ရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်းနဲ့ပဲ ကိုယ်တိုင်အဖြေရှာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ Elijah Canlasရဲ့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရုပ်ရှင်လေးဆိုတော့ Worth watching ဖြစ်မဖြစ်ကိုတော့ ကိုယ်တိုင်ပဲအကဲဖြတ်လိုက်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 723MB | 377MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6 2023
About Us But Not About Us
Brick
7.2

IMDb 7.2/10 Rotten tomatoes 80% ဇာတ်လမ်းအကျဥ်းကတော့ တစ်ရက်မှာ ဘရန်ဒန်လို့ခေါ်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဆီကိုသူ့ရည်းစားဟောင်း အမ်မလီက ဖုန်းဆက်လာခဲ့ပါတယ် ။ စူးစူးဝါးဝါးအော်ပြီး ဖုန်းချသွားတဲ့ အမ်မလီ ပြီးတော့ ဖုန်းထဲမှာ အမ်မလီပြောခဲ့တဲ့ “ပင်န် ၊ တက်ဂ် ၊ အုတ်ခဲ နဲ့ ဖရစ္စကို “ ဆိုတဲ့ ထူးဆန်းတဲ့နာမည်တွေ ။ “သူ့ကို ကူညီပါ “ လို့ အကူအညီတောင်းသွားတဲ့ ရည်းစားဟောင်းအတွက် ဘရန်ဒန်တစ်ယောက် သူ့သူငယ်ချင်း ဘရိန်း အကူအညီနဲ့ အဲဒီသဲလွန်စတွေနောက်ကို လိုက်ရပါတော့တယ် ။ သဲလွန်စ တစ်ခုပြီးတစ်ခု လူတစ်ယောက်ပြီး တစ်ယောက်နောက်ကို လိုက်ရင်းနဲ့ ဘရန်ဒန် နောက်ဆုံးမှာ ပင်န် နဲ့ တွေ့ခဲ့ရပါတယ် ။ ပင်န်ဆိုတာ ဘယ်သူလဲ ၊ အမ်မလီနဲ့ရော ဘယ်လိုဆက်စပ်နေမလဲ ။ အမ်မလီတောင်းထားတဲ့ အကူအညီကိုရော ဘရန်ဒန် ပေးနိုင်မလားဆိုတာကို Brick ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အားလုံးအတူတူ ကြည့်လိုက်ရအောင်နော် ။ ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဘရန်ဒန်အဖြစ် အားလုံးသိကြတဲ့ 500 days of summer , 10 things I hate about you တို့ထဲမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသား Joseph Gordon Levitt က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဒီရုပ်ရှင်ကားရဲ့ ထူးခြားချက်ကတော့ Dark films လို့ ခေါ်ကြတဲ့ Neo-noir သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒါရိုက်တာဖြစ်သူက သူ့ရဲ့ မွေးရပ်မြေမှာ 35mm film camera လေးနဲ့ ရက် ၂၀ အတွင်း အပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ File size…1.55GB /685MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

7.2 2005 110 mins
Brick
Star Wars: Episode IX – The Rise of Skywalker
6.8

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode IX – The Rise of Skywalker (2019) စတားဝါးဇာတ်လမ်းတွဲကြီးရဲ့ ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ကြယ်စင်စုကြီးတွေဆီမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာ ပါပတင်းရဲ့ အသံကို ပြန်ကြားလာရပါတယ်။ ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့ ကြေညာလိုက်သံကြီးပါပဲ။ (မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့် ဘာလို့ ကြေညာလဲတော့ မသိပါဘူး) ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့ အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်နေဆဲပါပဲ။ ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့ ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီး အာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။

Drama • Comedy
6.8 2019
Star Wars: Episode IX – The Rise of Skywalker
State of Emergency
5.2

State of Emergency (2011) ======================= ဒီဇာတ်လမ်းကိုတော့ ဆိုးဆိုးရွားရွားအရာတစ်ခုဆီကနေ ပုန်းရှောင်ထွက်ပြေးနေကြတယ်လို့ယူဆရတဲ့လူအုပ်စုတစ်စုနဲ့အစပျိုးထားပါတယ်… ဒီလိုနဲ့ ဒီအရာဟာဘာမှန်းမသိလိုက်ခင်မှာပဲ ဇာတ်ကားဟာ လွန်ခဲ့တဲ့ ၄ ရက်ကို နောက်ကြောင်းပြန်သွားပါတော့တယ်… ဒီမှာတော့ စောစောတုန်းက လူအုပ်စုထဲကတစ်ယောက်ဖြစ်တဲ့ ဂျင်မ်ဆိုတဲ့ကောင်လေးဟာ သူ့ကောင်မလေးဖြစ်သူကိုချီပြီးပြေးလာတာကိုတွေ့ရမှာပါ… သူ့ကောင်မလေးမှာ ဒဏ်ရာရနေတာဖြစ်ပြီး သိပ်မကြာခင်မှာပဲဆုံးပါးသွားပါတော့တယ်… အဲဒီနောက်မှာတော့ ပတ်ဝန်းကျင်မှာ လူသူခြောက်ကပ်နေပြီး မူမမှန်ဖြစ်နေတာကို ဂျင်မ်တစ်ယောက်သတိထားမိသွားပါတယ်… ဒီလိုနဲ့ဂျင်မ်တစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ၊ ပတ်ဝန်းကျင်မှာလည်း ဘာတွေဘယ်လိုဖြစ်နေတာလဲ၊ ဇာတ်လမ်းအစမှာတွေ့ရတဲ့ သူတိ့ပုန်းရှောင်နေကြတဲ့အရာကရော ဘာဖြစ်နိုင်မလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုတော့ ဒီ “State of Emergency” ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှရင်းနဲ့ပဲအဖြေရှာကြည့်လိုက်ပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ ) File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Horror, Sci-Fi , Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Fiona Gillen

Thriller • TV Movie
5.2 2011
State of Emergency
The Thin Red Line
7.6

The Thin Red Line (1998) IMDb Rating (7.6) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်….. ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်… ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ….ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်… ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရန်သူက မိမိကို ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်…… ဒါ့ကြောင့် အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရတာကို အနိဌာရုံတွေအဖြစ်မြင်တွေ့ကြရမှာပါ…. The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ…. အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်… ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့ ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်… အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးနဲ့ ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ….ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ တစ်ဖက်နဲ့တစ်ဖက်ရန်သူတွေလိုတိုက်နေပေမယ့် ဘာအတွက်တိုက်နေကြတာလဲဆိုတဲ့ ဝိဝါဒတွေနဲ့ တင်ဆက်ပုံရော ဇာတ်ကြောင်းရော သရုပ်ဆောင်တွေရော လုံးဝကို ဂန္တဝင်ဖြစ်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Megumi မှ တင်ဆက်ထားပါတယ်။)

TV Movie • Romance • Drama
7.6 1998 171 mins
The Thin Red Line
The 5-Year Christmas Party

2024 ‌Octoberနှောင်းပိုင်းမှာထွက်ရှိခဲ့ပြီး Holiday, Romance Genres အမျိုးအစားရုပ်ရှင်ဖြစ်တဲ့ The 5 Year Christmas Party လေးကတော့ တက္ကသိုလ်တက်နေတဲ့လူငယ်နှစ်ဦးရဲ့ School Life ကိုအသားပေး‌ဖော်ပြတာမဟုတ်ပဲ ခရစ္စမတ်ကာလ ၅ခုမှာ သူတို့ဘယ်လိုတွေဖြတ်သန်းလဲဆိုတဲ့ Holiday POV ကို ခရစ္စမတ်အငွေ့အသက်တွေနဲ့အတူ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ပြဇာတ်ဘာသာရပ်ကို သင်ယူနေကြတဲ့ Alice နဲ့ Max တို့ Christmas Party တစ်ခုမှာ ဆုံကြပုံနဲ့ အစပျိုးထားပါတယ်။ ရည်မှန်းချက်ကြီးလွန်းတဲ့ကောင်မလေး Alice ဟာ သူ့အမေလုပ်ငန်းဆုံးရှုံးသွားတဲ့အခါ အိမ်ငှားခ၊ ကျောင်းလခတွေအတွက် အလုပ်ရှာရပါတော့တယ်။ တစ်ချိန်တည်းမှာတော့ Max ဆိုတဲ့ကောင်လေးက သရုပ်ဆောင်လုပ်ဖို့အတွက် လေ့ကျင့်မှုတွေလုပ်ရင်း ကြိုးစားနေချိန်ပါ။ Alice က Max ရဲ့အစ်မ Pam ရဲ့Catering Serviceမှာ သူငယ်ချင်း Daniel အကူအညီနဲ့ အလုပ်ရခဲ့ပြီး Max ကတော့ Audition တွေလုပ်ရင်း ရုပ်ရှင်ရိုက်ဖို့အတွက်ပြင်ဆင်နေပါတယ်။ ခရစ္စမတ်မှာ သူတို့တွေ့ဆုံဖြစ်ကြကာ ခံစားချက်ကို ဝန်ခံခဲ့ပေမယ့် သူငယ်ချင်းအဖြစ်ဆက်နေရင်းက တစ်နှစ်နဲ့တစ်နှစ်‌ပိုပြီး သံယောဇဉ်တွယ်လာကြတဲ့ သူတို့ဟာ ဘွဲ့ရပြီးနောက် ရည်မှန်းချက်တွေအ‌ကောင်အထည်ဖော်ဖို့တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ခံစားချက်တွေ ထိန်းသိမ်းနေရင်း Alice နဲ့ Max တို့နှစ်ဦးသား အဆင့်တက်ပြီး ချစ်သူတွေဖြစ်သွားနိုင်မလား၊ သူငယ်ချင်းတွေအနေနဲ့ပဲ အခင်အမင်မပျက်နေသွားကြမလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကား‌လေးပဲဖြစ်ပါတယ် File size…(1.5 GB)/(873 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…TV Movie,Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Viven

Comedy
0 2024
The 5-Year Christmas Party
Invasion U.S.A.
5.4

မင်းသားကြီး Chuck Norris ရဲ့ ပရိတ်သတ်တွေအတွက် သူ့ရဲ့ အက်ရှင် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတ် ဟန့်တာဆိုတာကတော့ FBI ကနေ အနားယူသွားခဲ့တဲ့ နာမည်ကြီး အေးဂျင့်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့ ရန်သူတော်ဟောင်းဖြစ်တဲ့ ‌ရော့စတော့ဗ်က အမေရိကန်နိုင်ငံထဲကို ပြန်ရောက်နေတဲ့အပြင် သူ့ရဲ့လက်အောက်ခံတပ်သားတွေနဲ့ ကျူးကျော်စစ်ပွဲတစ်ခု စတင်ဖို့ ကြံရွယ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဟန့်တာတစ်ယောက် ရော့စတော့ဗ်ကို အပြီးတိုင် တားဆီးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ရော့စတော့ဗ်ရဲ့ လှည့်စားတိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို နှိမ်နင်းမရဖြစ်နေတဲ့ အာဏာပိုင်တွေနဲ့ တိုက်ခိုက်မှုတွေအောက် ဖရိုဖရဲဖြစ်နေတဲ့ ပြည်သူတွေအကြားမှာ ဟန့်တာတစ်ယောက် သူချစ်တဲ့ အမေရိကန်နိုင်ငံ‌တော်ကြီးကို တစ်ကိုယ်တော် ဘယ်လိုမျိုး မီးကုန်ယမ်းကုန် ကြမ်းပြရမ်းပြပြီး ကာကွယ်သွားမလဲဆိုတာကို အက်ရှင်ချစ်ပရိတ်သတ်ကြီးတွေ အဝကြည့်ရှုကြရမှာပဲဖြစ်ပါတယ် File Size : 3.4 GB, 1.6 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

Drama • Thriller • Romance
5.4 1985 107 mins
Invasion U.S.A.
Eliminators
5.6

Action ကားကြိုက်သူတွေအတွက် Eliminators ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်း အစိုးရအေးဂျင့်ဟောင်း”သောမတ်စ်ပါကာ”ဟာအမှုကိစ္စတစ်ခုကြောင့် အင်္ဂလန်မှာ သူ့ရဲ့ရှစ်နှစ်သမီးလေးနဲ့အတူပုန်းကွယ်ပြီးနေထိုင်နေပါတယ် သားအဖနှစ်ယောက်တည်းရှိတာကြောင့်သမီးလေးကိုသေချာဂရုတစိုက်စောင့်ရှောက်ပါတယ် တစ်နေ့မှာမူးယစ်ဆေးသုံးတဲ့လူသုံးယောက်က သူတို့သားအဖရှိတဲ့အိမ်ကို အိမ်မှားပြီးကျူးကျော်ဝင်ရောက်ခဲ့ပါတယ် ဒါပေမဲ့တစ်ချိန်ကအစိုးရအေးဂျင့်ဟောင်းဖြစ်ခဲ့တဲ့သောမတ်စ်က လူဆိုးသုံးယောက်ကိုအနိုင်ယူသတ်ဖြတ်နိုင်ခဲ့ပါတယ်….. သို့ပေမဲ့ အဲ့ဒီကိစ္စအကြောင်းသတင်းမီဒီယာတွေမှာပျံ့နှံလာတော့ အင်္ဂလန်မှာခြေရာဖျောက်ပြီးပုန်းကွယ်နေကတဲ့သောမတ်စ်ပါကာရဲ့တည်နေရာဟာ အလိုအလျောက်ပေါက်ကြားသွားပါတယ် သူ့ကိုလိုက်ရှာနေတဲ့ ဂိုဏ်းစတားကြီးကူပါးရဲ့လက်ကနေလွတ်မြောက်ဖို့ သောမတ်စ်ပါကာဟာ သူရောသူ့သမီးလေးကိုပါကာကွယ်ပေးဖို့ကြိုးစားရပါတော့တယ် File size…(2.1 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Dark Comedy, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

Romance • Action • Drama
5.6 2016 95 mins
Eliminators
The Glorious My Revenge
5.6

The Glorious My Revenge (2023) ******************************* IMDb….. 5.4 ချစ်စရာကောင်းတဲ့ သားလေးနဲ့ ဇနီးချောလေးနဲ့အတူတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စုံထောက် ရူအီဂျယ်… စုံထောက်ဖြစ်တဲ့အလျောက် ရန်သူလည်းပေါသလို မလိုမုန်းထားတဲ့စိတ်နဲ့ ကလဲ့စားချေချင်တဲ့ သူတွေလည်းများတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရူအီဂျယ်တစ်ယောက် ကားတိုက်ပြေးမှုကြောင့် ချစ်ရတဲ့သားလေးကို ဆုံးရှုံးလိုက်ရပါတော့တယ်။ အခင်းဖြစ်နေရာက စီစီတီဗွီက ပျက်နေတဲ့အပြင် မျက်မြင်သက်သေလည်းမရှိတာကြောင့် အမှုပိတ်သိမ်းသွားပြီးတဲ့တိုင်အောင် တရားခံကို မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဇနီးဖြစ်သူကလည်း သူနဲ့ကွာရှင်းလိုက်တာကြောင့် သားကိုရော ဇနီးကိုပါ ဆုံးရှုံးလိုက်ရတဲ့ ရူအီဂျယ်တစ်ယောက် အရက်ရဲ့ကျေးကျွန်ကြီးအဖြစ်နဲ့ နမ်ဝန်းမြို့လေးမှာ တာဝန်ကျဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ နေရာအသစ် ပတ်ဝန်းကျင်အသစ်မှာ အသားကျလာပြီး အွန်းဆိုဟျွန်းဆိုတဲ့ မိန်းမချောလေးနဲ့ရေစက်ဆုံပြီး ဘဝသစ်တစ်ခုထူထောင်မယ်ကြံကာမှ သားဖြစ်သူကို သတ်ခဲ့တဲ့တရားခံနဲ့တွေ့လိုက်ရတဲ့အခါ ..။ Cast တွေအနေနဲ့ Heo Joon Seok, Nam Bo Ra, Lee Young Suk တို့က အဓိကပါဝင်ပေးထားပြီး crime fiction ကြိုက်နှစ်သက်သူတွေ ကြည့်ရှုရတန်မဲ့ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Lai Laii ပဲ ဖြစ်ပါတယ်။) File Size : 1.60GB/ 690MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:30:17 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff

Thriller
5.6 2023 88 mins
The Glorious My Revenge