YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Best Choice Ever E15 (Fixed) 720p WEB-DL CM.mp4

308.85 MB N/A video/mp4 99 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vampire's Kiss
5.9

Vampire's Kiss (1988) ~ IMDb - 6.1/10, Rotten Tomatoes - 63% ~ မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။ တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။ နောက်နေ့ ဂျက်ကီနဲ့ပဲ ပြတိုက်ကို အတူလျှောက်လည်ကြတော့ ပီတာဟာ ကောင်မလေးကို ပလစ်သွားခဲ့တယ်။ နောက်တော့ ရေချယ်ဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာ ဆုံတယ်။ အိမ်ခေါ်သွားပြီး ပလူးကြတော့ ရေချယ်ဟာ ပီတာရဲ့ လည်ပင်းသွေးကို အငမ်းမရစုပ်ယူပါတော့တယ်။ နောက်နေ့မနက်မှာ ပီတာဟာ မနက်စာလေး ကော်ဖီလေးနဲ့ ရေချယ်ကို ဧည့်ခံနေပေမဲ့ ရေချယ်ဟာ ရှိမနေဘူး... ပီတာဟာ တကယ်ပဲ Vampire ရဲ့ သားကောင်ဖြစ်သွားတာလား... ထင်ယောင်ထင်မှား ဖြစ်တာပဲလား... ဆိုတာတော့ ကြည့်ရှုခံစား အဖြေထုတ်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 835MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Comedy
5.9 1988 103 mins
Vampire's Kiss
It Happened One Night
7.9

It Happened One Night (1934) ====================== IMDb Rating - 8.1/10 It Happened One Nightဟာ အော်စကာရဲ့ အဓိကဆုငါးဆုကို ပထမဆုံးရခဲ့တဲ့ ရုပ်ရှင်ပါ။ Outstanding Production, Best Director, Best Actor , Best Actress နဲ့ Best Adaptation ဆုတို့ကို ရရှိခဲ့ပါတယ်။ အော်စကာသက်တမ်းမှာ ၁၉၇၅ မတိုင်ခင် အထိ အဓိကဇာတ်ကောင်၂ယောက်စလုံး ဆုရခဲ့တဲ့ နောက်ဆုံးကား လည်းဖြစ်ခဲ့ပါတယ်။ ၄၁နှစ်ကြာ ဒီနေရာကို ထိန်းထားနိုင်ခဲ့တာပါပဲ။ It's a Wonderful Lifeကို ရိုက်ခဲ့တဲ့ Frank Capraက ရိုက်ထားပြီး လေရူးသုန်သုန်မင်းသား Clark Gableနဲ့ ကလီယိုပါထရာမင်းသမီး Claudette Colbertတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အမေရိကန်ရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက်စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်တစ်ရာစာရင်းထဲလည်း ခဏခဏပါနေကျ ရုပ်ရှင် လည်းဟုတ်သလို တစ်ခေတ်တစ်ခါရဲ့ မာစတာပိစ်တစ်ကားလည်း ဟုတ် ပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ ကြိုတင်မမြင်နိုင်ပါဘဲ အရှိန်နဲ့လာ စိုက်တတ်တဲ့ ချစ်ခြင်းတွေအကြောင်းပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.47 GB) / (752 MB) / (752 MB) Quality............BLU-RAY 1080p / 720p  / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......WiRa Aung Encoder..........SWM

Action • Comedy
7.9 1934 105 mins
It Happened One Night
50 or Two Whales Meet at the Beach
5.4

IMDb Rating - 6.9/10 ဒီ "50 or Two Whales Meet on the Beach" ဆိုတဲ့ဇာတ်ကား လေးကတော့ ဖယ်လိစ်နဲ့ အယ်လီဆာဆိုတဲ့ ဆယ်ကျော်သက်လေး နှစ်ယောက် "Blue Whale Challenge" ကစားတာကိုအဓိကဇာတ် အိမ်ပြုထားတာပါ။ အရင်ဦးဆုံး "Blue Whale Challenge" ဆိုတဲ့ဂိမ်းကိုရှင်းပြပေးချင် ပါတယ်။ "Blue Whale Challenge" ဆိုတာက ၂၀၁၆ ဝန်းကျင် လောက်တုန်းက ကမ္ဘာပေါ်ကနေရာအနှံ့မှာခေတ်စားခဲ့တဲ့ အန္တရာယ် ရှိတဲ့အွန်လိုင်းစိန်ခေါ်မှုကစားပွဲတစ်ခုပေါ့။ အဲဒီဂိမ်းကစားရတဲ့ပုံစံဟာ ဆိုရင် ဆော့ကစားတဲ့သူတွေအနေနဲ့ ရက် ၅၀ ကာလအတွင်းမှာ အက် မင်ဆိုတဲ့သူတွေဆီကနေ စိန်ခေါ်မှု အခု ၅၀ကိုလက်ခံပြီးအောင်မြင် အောင်လုပ်ရမှာပါ။ စစချင်းစိန်ခေါ်မှုလေးတွေကတော့ ခပ်လွယ်လွယ်ပေါ့ပေါ့ပါးပါး လေးတွေပါပဲ။ "မနက်အစောကြီး ထရန်" တို့၊ "Horror ကားတွေ ကို တစ်ယောက်တည်းကြည့်ရန်" တို့ဆိုပြီးတော့ပေါ့။ အဲဒီကနေမှ နောက်ပိုင်းမှာ တဖြည်းဖြည်းပိုပိုခက်လာပြီး အန္တရာယ်တွေလည်း ပိုပိုရှိလာပါတယ်။ နောက်ဆုံး အခု ၅၀ မြောက်စိန်ခေါ်မှုဟာဆိုရင် တော့ ကစားတဲ့သူတွေကို ကိုယ့်ဘာသာကိုယ်သတ်သေခိုင်းတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကစားတဲ့သူကသာ ဒီစိန်ခေါ်မှုတွေကိုဆက် မလုပ်တော့ဘူး၊ ပျက်ကွက်တယ်ဆိုရင် ကစားသူတွေရဲ့ကိုယ်ရေး ကိုယ်တာကိစ္စရပ်တွေကိုပျံ့နှံ့အောင်လုပ်ပစ်မယ်တို့၊ မိသားစုတွေကို အကြမ်းဖက်နှောင့်ယှက် သတ်ဖြတ်မယ်တို့ဆိုပြီးခြိမ်းခြောက်မှုတွေ လည်းရှိပါတယ်။ ဒီတော့ ဇာတ်လမ်းကိုပြန်သွားကြမယ်ဆိုရင် ဖယ်လိစ်နဲ့ အယ်လီဆာ တို့လည်း အစပိုင်းမှာ ဒီလိုစိန်ခေါ်မှုတွေကိုကျေကျေနပ်နပ်နဲ့လုပ်နေ ရာကနေမှ "ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန်" ဆိုတဲ့ စိန်ခေါ်မှုကိုရောက် သွားပြီဆိုရင် ဘယ်လိုဆက်ဖြစ်လာမလဲ။ ကျေကျေနပ်နပ်နဲ့ပဲဆက် လုပ်သွားမှာလား။ ဒါမှမဟုတ် နောင်တရပြီး ဘယ်လိုဆက်ဖြစ်သွား မှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(1.9 GB) / (683 MB) / (381 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs 02Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Fiona Gillen Encoder..........SWM

TV Movie • Thriller
5.4 2020 122 mins
50 or Two Whales Meet at the Beach
The Bodyguard
6.7

မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။ File size…(3.9 GB)/(1.2 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htet Kyaw Myo

Comedy
6.7 1992 129 mins
The Bodyguard
Greenfingers
6.4

၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ‌ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့‌တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။ မြင်‌နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ဖြစ်မယ်ထင်ထားပေမဲ့ ကြည့်ရင်းနဲ့ တစ်မျိုးတစ်ဖုံကွဲပြားပြီး စိတ်၀င်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ ဇာတ်ကားက တွေးစရာလေးတွေနဲ့ ငြိမ့်ငြိမ့်လေးတစ်မျိုး၊ လူ့သဘာ၀တွေကိုထင်ဟပ်ထားတဲ့ ရသကတစ်ဖုံကိုမှ ရိုရိုအခန်းလေးတွေနဲ့ ဟာသလေး ပါးပါးဖောက်ပြီး ဒရမ်မာလေးလည်း နှောထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.85 GB) / (838 MB) / (537 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Crime, Drama Translator.......C'mon Encoder..........SWM

Action • Adventure • Mystery • Science Fiction
6.4 2000 91 mins
Greenfingers
Shrapnel

ရှောင်ဘက်ခ်၀စ်တို့မိသားစုဟာ တက္ကဆက်နဲ့ မက္ကဆီကိုနယ်စပ်အနီးကို ပြောင်းရွှေ့လာတဲ့မိသားစုပါ။ ရှောင်ဟာ အမေရိကန်ရေတပ်က ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး သမီးနှစ်‌ယောက်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ရှောင်ရဲ့ သမီးနှစ်ယောက်ထဲက တစ်‌ယောက်ဖြစ်တဲ့ “လိ”ဟာ သူငယ်ချင်း‌ဖြစ်သူ ဘီလီနဲ့ ပါတီပွဲတစ်ခုကိုသွားလိုက်ပြီး ပျောက်ချင်းမလှပျောက်ဆုံးသွားတာကြောင့် အဖေဖြစ်သူဟာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ မိန်းကလေးနှစ်ဦးကို ပြန်ပေးဆွဲသွားတဲ့သူတွေဟာ ဒေသခံ ကြေးစားလူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး ထိုဒေသကရဲအရာရှိတွေကတောင် မထိန်းနိုင်လို့ ဒီအမှုကို လက်ရှောင်နေကြတာကို ရှောင်တစ်ယောက် သိလိုက်ရပါတယ်။ ဒီလိုနဲ့ သမီးဖြစ်သူကိုရှာဖွေဖို့ သဲလွန်စလိုက်လံရှာဖွေရင်း ရှောင်နဲ့ သူငယ်ချင်းဖြစ်သူ မက်စ်တို့ဟာ မက္ကဆီကိုလူမိုက်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်… File size…(1.4 GB)/(781 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Shrapnel
Little Wing
5.7

ဒီဇာတ်လမ်းလေးကတော့ coming-of-age ရုပ်ရှင် အမျိုးအစားလေးဖြစ်ပြီး တစ်ခါလောက် ငယ်မူပြန်ရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ…။ မိသားစုဆိုတာဘာလဲ…၊ ဘဝမှာ ကိုယ်လိုချင်တာထက် ကိုယ်ဖြစ်သင့်တာ၊ အများအတွက်လုပ်ပေးသင့်တာကိုဦးစားပေးရတဲ့ခံစားချက်မျိုး၊ ချစ်ခြင်း၊မုန်းခြင်း၊ဝါသနာ၊လိုအင်စတဲ့ စိတ်ခံစားချက်အစုံကို ငယ်ဘဝရုပ်ရှင်လေးတစ်ခုတည်းမှာ ပြန်မြင်တွေ့ရမယ့် ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိတ်တလင်းဟာ ရှစ်တန်းကျောင်းသူအရွယ်လေးဖြစ်ပြီး မိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင့် စိတ်ဓာတ်ကျနေသူလေးပါ။ ဖခင်ဖြစ်သူကထားသွားပြီးနောက် အကြွေးတွေဝိုင်းဝိုင်းလည်နေလို့ လက်ရှိနေနေတဲ့အိမ်ကလေးရောင်းချဖို့ အခြေအနေကြုံလာရပါတယ်။ ကိတ်တလင်းက ဒီလိုမဖြစ်ချင်ပါဘူး မိသားစုအမှတ်တရတွေ ရှိတဲ့လက်ရှိ အိမ်လေးမှာပဲ နေချင်ရှာပါတယ်…။ ဒါကြောင့် အကြွေးတွေဆပ်နိုင်ဖို့ အိမ်ကိုမဆုံးရှုံးဖို့ ကြံရင်းက ဒေါ်လာ တစ်သိန်းနှစ်သောင်းတန် ခိုတစ်ကောင်အကြောင်းကို ကြားမိပါလေရော…။ ဒီခိုလေးဟာ ပြိုင်ပွဲဝင်ခိုတွေထဲမှာ အမြန်ဆုံးလို့ကျော်ကြား တာ‌ကြောင့် ဒီလောက်ထိတန်ကြေးရှိတာပါ…။ အသက် ၁၃နှစ်အရွယ်ကလေးသာသာ ကိတ်တလင်းဟာ ဒီခိုကိုသာရအောင်ခိုးနိုင်ရင် အဆင်ပြေပြီဆိုပြီး ကြံမိကြံရာ ကြံပါတော့တယ်….။ ကိတ်တလင်းတစ်ယောက် ဒီဒေါ်လာသိန်းချီတန်တဲ့ ခိုလေးနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ၊ တကယ်ပဲခိုးနိုင်မလား၊ အိမ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ File size…1.31GB / 584MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Thriller
5.7 2024
Little Wing
Bhimaa
6.4

Bhimaa (2024) ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံ အိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့ အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲ မဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့ သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါ အဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲက လူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်က သွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က အဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ် သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလို သူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့….. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်

6.4 2024
Bhimaa
Desperate Sniper
5.8

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့ အန္တရာယ်တွေကို ကာကွယ်မယ့် ကြေးစား ဝံပုလွေနက် အဖွဲ့လေးအကြောင်း ရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်နော်… သာမန်ပြည်သူတွေနဲ့ တစ်သားတည်း အတူတူ တိုက်ရည်ခိုက်ရည်ပဲ ကွဲပြားသွားသူတွေ စုပြီး ဖွဲ့စည်းထားတဲ့ ဝံပုလွေနက် ကြေးစားအဖွဲ့ဟာ မစ်ရှင်တွေ တာဝန်တွေကို အခကြေးငွေဖြတ်ပြီး လက်ခံနေတာပေါ့… ဇာတ်လမ်းအစမှာဆို မှောင်ခိုလူကုန်ကူးတဲ့ဆီကတောင် ဓားစာခံ ပြန်ပေးဆွဲခံရသူကို ကယ်တင်ခဲ့တာပေါ့… ဒီလိုတော်လွန်းတဲ့အဖွဲ့ကို ကြေးအများကြီးနဲ့ ဟယ်ရီဆိုတဲ့ လူတစ်ယောက်က ဆေးတစ်မျိုးကို ပို့ဆောင်ပေးဖို့ အလုပ်အပ်ခဲ့ပါတယ်… ပို့ရမှာကတော့ ချာချိုင်ဗိုလ်ချုပ်ရဲ့ တပ်စခန်းမြေကိုပေါ့… ဒီလောက်ရိုးရှင်းတဲ့ အလုပ်ကို အခကြေး အများကြီးပေးထားတာတော့ စဉ်းစားစရာပဲပေါ့လေ… ဒါပေမယ့် တစ်ဖက်မှာ ဒီဗိုလ်ချုပ်ကို လုပ်ကြံနေတဲ့ ပြောက်ကျားတပ်လည်း ရှိနေတော့ သူရန်ကြောက်လို့လည်း ဖြစ်နိုင်တာပါပဲ… ဒီတော့ ဝံပုလွေနက်အဖွဲ့ ဒီမစ်ရှင်ကို အောင်မြင်မှာလား… ပြောက်ကျားအဖွဲ့က ဘယ်သူတွေလဲ… သူတို့ပို့တဲ့ ဆေးကရော ဘာဆေးလဲ… ဇာတ်လမ်းလေးက အဖြေပေးသွားပါလိမ့်မယ်

Drama • Comedy
5.8 2024
Desperate Sniper
[18+] Bikini Valley Car Wash

ဒီတစ်ခါ Dark Side က ညိုကီတွေကိုတင်ဆက်ပေးမယ့်ကားအကြောင်းမပြောခင် တစ်ခုလောက်အရင်မေးချင်ပါတယ် ညိုကီတို့ Friends စီးရီးထဲက ဘော်ဒါနှစ်ကောင် ဂျိုဝီနဲ့ချန်ဒလာတို့တူတူထိုင်ကြည့်ကြတဲ့ တီဗီအစီအစဉ်ကိုသိကြလားမသိဘူး Baywatch လို့ခေါ်တာလေ အဲ့အစီအစဉ်ကို သူတို့ဘာလို့ကြိုက်လဲဆိုတော့ စော်အလန်းလေးတွေကမ်းခြေမှာ ဘီကီနီနဲ့ပတ်ပြေးနေတာကို မကြိုက်တဲ့သူဘယ်သူရှိမှာလဲပေါ့ ညိုကီတို့ထဲမှာလည်း ဂျိုဝီနဲ့ချန်ဒလာနဲ့ရင်ဘတ်ချင်းနီးလို့ ဂျက်ပင်ထိုးချင်တဲ့သူပါရင် အခုတင်ဆက်ပေးတဲ့ကားလေးကို ပြေးကြည့်လို့ရပါတယ် ဇာတ်လမ်းဇာတ်ကွက်လေးကလည်း အဘိုးအိမ်အပေါင်ဆုံးခံနီးမှာ မြေးမလေးက ကြံမိကြံရာကြံပြီး ကားရေဆေးဆိုင်ကို ဘီကီနီနဲ့ဆေးပေးမယ်ဆိုပြီး အကွက်ဆန်းကြီးလုပ်ပြပြီးတော့ အဘိုးရဲ့ချေးငွေကိုပြန်ဆပ်ဖို့ကြိုးစားပေးတဲ့အကြောင်းလေးပါပဲ ကောင်မလေးတွေ တူးပိစ်လေးတွေဝတ်ပြီး ကားကိုတိုက်ချွတ်ဆေးကြောပြနေပုံက ကိုယ့်မှာမရှိတဲ့ကားပါပြေးဆေးချင်စိတ်ပေါက်သွားလောက်အောင် လုပ်ပြမယ့်အကွက်တွေကို ခံစားနိုင်ဖို့ ခုပဲပြေးကြည့်ကြဖို့ ညွှန်းဆိုပေးချင်ပါတယ်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

0 2020 95 mins
[18+] Bikini Valley Car Wash
Mudbrick
7.9

Horror ချစ်သူများအတွက် Psycho ဆန်ဆန် Horror ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Mudbrick ဖြစ်ပြီး လက်ရှိ IMDb Rating 7.9 အထိရရှိထားပါတယ်။ ဘက်ဂျက်အများကြီးနဲ့ အလန်းစားတွေရိုက်ကူးထားတာမျိုး မဟုတ်ဘဲ ကျေးလက်ဒေသလေးတစ်ခုမှာပဲ ဇာတ်ကားနာမည် အတိုင်း ရွှံ့အုတ်နဲ့ဆောက်လုပ်ထားတဲ့အိမ်လေးတစ်အိမ်နဲ့ လယ်ကွက်တစ်ခုမှာ ဇာတ်ကောင်နည်းနည်းနဲ့ ခြောက်ခြားအောင် တစ်မျိုးကြီးဖြစ်အောင်ရိုက်ကူးထားတာမျိုးပဲဖြစ်တဲ့အတွက် တစ်မျိုးတစ်ပါးလေးရှုစားချင်တဲ့လူတွေအတွက်ကတော့ကွက်တိပါပဲ။ ဇာတ်လမ်းအစမှာတော့ အထက်ကပြောခဲ့တဲ့ ရွှံ့အုတ်နဲ့ဆောက်ထားတဲ့ ယာကို့ဗ်ရဲ့အိမ်လေးကို မတွေ့ရတာတော်တော်ကြီးကိုကြာနေပြီ ဖြစ်တဲ့ပေါလ်တစ်ယောက်ပြန်ရောက်လာခဲ့ပါတော့တယ်။ အဓိကပေါလ်ပြန်လာရတဲ့အကြောင်းအရင်းက သူတို့နှစ်ယောက်ရဲ့ အဖေဖြစ်သူဆုံးပါးသွားပြီး ယာကို့ဗ်နေနေတဲ့အိမ်ကို သူ့ကိုအမွေ ပေးခဲ့လို့ပဲဖြစ်ပါတယ်။မတွေ့ရတာကြာပြီးမှဒီအတိုင်းအမွေယူဖို့ ပြန်လာတယ်ဆိုရင်လည်းမကောင်းတဲ့အတွက် ညီအစ်ကိုနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း အတူနေထိုင်ခဲ့ကြရင်း ဒီအိမ်ပေါ်မှာအစွဲအလမ်းကြီးတဲ့ယာကို့ဗ်ရဲ့စိတ်ထားအမှန်တွေ ပေါ်လာတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ်ရာတွေကို ဘယ်လိုဇာတ်ကွက်တွေနဲ့ရိုက်ကူးထားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ File size… (1.50GB) / (800MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Family
7.9 2023 83 mins
Mudbrick
Then Chennai
7.9

Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေ‌ရင်းနဲ့ပေါ့။ ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊ အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့‌ရှိချိန်ကစလို့ လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။ သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။ သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။ သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။ သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း နာမည်ကျော်ကြား လူသိများလာပါပြီ။ ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ‌ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့ စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။ သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊ အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်‌သွားနိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Mystery • Fantasy • Comedy • Adventure
7.9 2024 122 mins
Then Chennai
Baby Geniuses

ဇာတ်လမ်းကတော့ အမွှာကလေးနှစ်ယောက်ဖြစ်တဲ့ ဆလိုင် နဲ့ ဝစ် (Leo, Gary နဲ့ Myles Fitzgerald) တို့ကို သိပ္ပံစမ်းသပ်မှုတစ်ခုအတွက် ရည်ရွယ်ပြီးမွေးဖွားခဲ့တာပါ။ ဆလိုင်ကို ဒေါက်တာအယ်လီနာကင်ဒါ(Kathleen Turner)က ယူထားပြီး ဝစ်ကိုတော့ ဒန် (Peter MacNicol) နဲ့ ရော်ဘင် (Kim Cattrall)တို့က မွေးစားထားခဲ့ပါတယ်။ တစ်သက်လုံး စမ်းသပ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆလိုင်ဟာ အကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါကို ပြန်လိုက်ဖမ်းတဲ့လူတွေက ဝစ်ကို လူမှားဖမ်းခေါ်သွားတဲ့အခါ အရင်ကမသိရသေးတဲ့လျှို့ဝှက်ချက်တွေ ပေါ်‌ပေါက်လာပါတယ်။ ဒီဇာတ်လမ်းဟာ Box office မှာ အတော်လေးအောင်ပွဲခံခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Sequel ဖြစ်တဲ့ Superbabies: Baby Geniuses 2 ထပ်ထွက်လာခဲ့ပေမယ့် သရုပ်ဆောင်မှုများ၊ ဟာသ၊ အထူးပြုလုပ်ချက်များ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာတို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ တစ်ခုတည်းသော အမှတ်ပေးစရာကတော့ ဒီရုပ်ရှင်ဟာ လူသားတွေရဲ့ မြင်နိုင်တဲ့ပြောပုံဆိုပုံကို ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ပထမဆုံး ဇာတ်လမ်းအရှည် ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ပါတယ်။ ပါးစပ်ပိတ်ထားလျက် ရိုက်ကူးခဲ့တဲ့ ကလေးငယ်တွေရဲ့ ပါးစပ်လှုပ်ရှားပုံ (viseme shapes) တွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ လှုပ်ရှားစေဖို့ နှစ်ဖက်မြင်အလွှာထပ်နည်းပညာတွေကို အသုံးပြုခဲ့ပါတယ်။ ခုခေတ်မှာ အရမ်းမထူးခြားတော့ပေမယ့် တစ်ခေတ်တစ်ခါကတော့ အင်မတန်အဆင့်မြင့်တဲ့နည်းပညာဖြစ်ပါတယ်။ Home Alone အငွေ့အသက်တွေလည်း မြင်ရမှာပါ။ ရထားတဲ့ဆုတွေကတော့ အားရှိစရာပါပဲ။ အဆိုးဝါးဆုံး ဒါရိုက်တာဆု (ဘေးကမှတ်ချက်ကတော့ သူ့ကိုနောင်အခါ ဘယ်တော့မှဒါရိုက်တာပေးမလုပ်ပါနဲ့တော့ တဲ့) နဲ့ အဆိုးဝါးဆုံး အထူးပြုလုပ်ချက်တွေပါတဲ့။ Nomination ‌တွေကလည်း ထူးမခြားနားတွေပါပဲ။ ကောင်းသလား၊ ဂွမ်းသလားကတော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ ဒါရိုက်တာကတော့ Bob Clark ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size… (1.6 GB) / (968 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Science Fiction, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Thriller • Drama
0 1999
Baby Geniuses
Swede Caroline
5.5

ရှပ်တွန်မောလက်ပြိုင်ပွဲဆိုတာက ကမ္ဘာ့စံချိန်တင် အကြီးဆုံး အလေးဆုံး အရှည်ဆုံးစတဲ့အသီးအနှံတွေပြိုင်ကြတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပကြတဲ့အပြင် ဒီလိုအသီးအနှံစိုက်ပျိုးတာကိုရူးသွပ်တဲ့သူတွေအတွက် အိမ်မက်တစ်ခုလို့တောင်ဆိုလို့ရတယ်။ ၂၀၁၇ ပြိုင်ပွဲမှာ မထင်ထားတဲ့သူ ကာရိုလိုင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ယောကျ်ားတွေနဲ့ရင်ဘောင်တန်းပြီးပြိုင်နိုင်လောက်တဲ့အထိ အရည်းအချင်းရှိတဲ့သူဖြစ်ကြောင်းကိုထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အကဲဖြတ်ဒိုင်တွေဟာ ကာရိုလိုင်းရဲ့ ပြိုင်ပွဲဝင်ကျောက်ဖရုံသီးကို အက်ကွဲကြောင်းပါတယ်ဆိုတဲ့ပြစ်ချက်လေးတစ်ခုနဲ့ပြိုင်ပွဲကနေထုတ်ပစ်ခဲ့ပါတယ်။ တစ်ချို့က အမျိုးသမီးဖြစ်နေလို့ထုတ်ပစ်တာဆိုကြတယ်။ ကာရိုလိုင်းရဲ့အိမ်နီးချင်းမိတ်ဆွေပေါလ်ကတော့ မကျေနပ်ကြောင်းဖော်ထုတ်ခဲ့ပေမယ့် သူတို့လည်းမတတ်နိုင်ဘဲပြိုင်ပွဲကနေ အောင့်သက်သက်နဲ့ထွက်လာခဲ့ရတယ်။ ဒီအခြေအနေကို အစအဆုံးမြင်လိုက်ရတဲ့ ရုပ်ရှင်ဒါရိုက်တာပိုးဝင်နေတဲ့ ကတ်စီဟာ ကာရိုလိုင်းတို့ကို စိတ်ဝင်စားသွားပြီး ၂၀၁၈ ပြိုင်ပွဲအတွက် ကာရိုလိုင်းရဲ့ တစ်နှစ်တာလုံးပြိုင်ပွဲအတွက်ပြင်ဆင်ပုံတွေကို မှတ်တမ်းရိုက်ကူးမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။ File Size… (1.93 GB) / ( 639 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

5.5 2024 97 mins
Swede Caroline
Mukadderat
6.8

Mukadderat (2024) / Fate (2024) ******************************** ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တူရကီနိုင်ငံက ရိုက်ကူးတဲ့ Mukadderat ဆိုတဲ့ Drama ဇာတ်ကားလေးဖြစ်ပါတယ်။ အိမ်ရှင်မအဖြစ် သမရိုးကျ နေလာတဲ့ ဆုလ်တန်ရဲ့ ဘဝက ယောက်ျားဖြစ်သူ ဆုံးပါးပြီး အသက် ၆၅ နှစ်မှ ဘဝအချိုးအကွေ့ဖြစ်ခဲ့ရပုံကို ရိုက်ကူးတင်ဆင်ပြထားပါတယ်။ ဒီဇာတ်ကားလေးက အမျိုးသမီးများ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ့်အစွမ်းအစလက္ခဏာနဲ့ အမျိုးသမီးအခန်းက္ဍကို ပေါ်လွင်စေတဲ့ ဇာတ်ကားကောင်းဖြစ်တဲ့အတွက်ကြည့်ရှုသူပရိသတ်များ စိတ်ခွန်အားရစေမယ့် ဇာတ်ကားဖြစ်မှာအသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်း ************** အိမ်ထောင်သည် သားနဲ့ သမီး ရှိတဲ့ သာမန် အိမ်ရှင်မ ဆုလ်တန် ဆိုသူဟာ .. နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုရင်းနေလာခဲ့ပါတယ်။ ၂ နှစ်အကြာမှာ ခင်ပွန်းသည်က ကွယ်လွန်အနိစ္စရောက်သွားခဲ့ရာ သား သမီး မြေးတွေပါနာရေးကို လာရောက်လုပ်ကိုင်ပေးခဲ့ကြပါတယ်။ ခင်ပွန်းသည် သေဆုံးပြီး ၂ ရက်အကြာမှာ ဆုလ်တန်က ယောက်ျားယူချင်ကြောင်း၊ အထီးကျန်ပြီး တစ်ယောက်တည်း မသေသွားလိုကြောင်းပြောပြီး ကိုယ်တိုင်ကလည်း ငယ်စဉ်က သူ့ကိုချစ်ခဲ့သူ မုဆိုးဖို ရူစ်တမ်ဆီကို သွားပြီး သူနဲ့လက်ထပ်ချင်လား မေးခဲ့ရာ အငြင်းခံလိုက်ရပါတယ်။ ဒီအချိန်မှာ ကွယ်လွန်သူ ခင်ပွန်းရဲ့ သေတမ်းစာအတွက် သားနဲ့သမီးက ရှေ့နေဆီမှာ သွားဖတ်ကြတဲ့အခါ ဆုလ်တန်ကို နောက်‌အိမ်ထောင်ပြုရင် အမွေမပေးလိုကြောင်း သိသွားခဲ့ပါတယ်။ အမွေပေးတာ မမျှတတဲ့အတွက် စကားများနေတဲ့ သားနဲ့သမီး၊ ရူစ်တမ်ဆီက အငြင်းခံလိုက်ရတဲ့အပြင် သေသွားတဲ့ခင်ပွန်းဖြစ်သူကပါ သူ့ကို အမွေမပေးလိုတဲ့အတွက် သူ့အပေါ် မတရားလုပ်သလို ခံစားလာရတဲ့ ဆုလ်တန် သူ့ဘဝ ကျန်နေသေးတဲ့ နေ့ရက်များစွာအတွက် ဘယ်လိုတွေ စီမံလုပ်ဆောင်သွားမလဲဆိုတာ ရှုစားကြည့်လိုက်ကြရအောင်ပါ… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.63GB / 715MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Family, Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet

Drama • History • War
6.8 2014 90 mins
Mukadderat