YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Being a Hero E27 (720p) CM.mp4

274.06 MB N/A video/mp4 182 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enough Said
6.7

Genre – Comedy, Romance, Drama IMDB – 7.0/10 အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်း ထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုက ဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲ လက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်း ကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့ သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထား တာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီ သမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ် သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက် ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်က အဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်း ကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်း စာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။ အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ် ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာ ဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့ အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ် အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။ အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမ ဆိုသူက ကိုယ်နှိပ်ပေးနေကြ ဘော်ဒါ မယ်ရီအန်းဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့…… ဘာတွေ ဆက်ဖြစ်ကြမလဲ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ အိမ်ထောင်ရေး ပြဿနာတွေ၊ ကလေးပြုစုပျိုးထောင်ရေးလေးတွေ၊ သူတို့ဆီက လက်တွဲဖော်ဆိုတာ ဘယ်လိုမျိုးဆိုတာတွေ သိရှိရစေမှာလည်း ဖြစ်ပါတယ်။ မင်းသမီးနေရာသရုပ်ဆောင် Julia ကတော့ မင်းသမီးလေး Anna Kendrick ကို အသက်ကြီး ထားတဲ့ပုံမျိုးပါ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားပါတယ်။ မင်းသားနေရာက James Gandofini ဆိုရင် နာမည်ကြီး Soprano စီးရီးထဲမှာ Tony Soprano နေရာ ပွဲကြမ်းထား သလောက် ဒီထဲမှာတော့ သဘောကောင်းပြီး ကြင်နာ တတ်တဲ့လူဝကြီးအနေနဲ့ သဘာဝကျကျ ပါဝင်ထားပါတယ်။ File size…1.50GB / 689MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action
6.7 2013 93 mins
Enough Said
Eraserhead
7.4

ဒေးဗစ်လင့်ချ်ကို ဒီဘက်ခေတ်ရဲ့ အရေးအပါဆုံး ရုပ်ရှင်ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒီပွဲဦးထွက်ကား Eraserhead ကစလို့ လင့်ချ်ရိုက်သမျှကားတိုင်းဟာ အနုပညာအရ အောင်မြင်ခဲ့တာတွေချည်းပါပဲ။ သူ မအောင်မြင်ခဲ့တဲ့ Dune ကိုတောင်မှပဲ လက်ရှိ Dune ထက် ပိုကြိုက်တဲ့လူတွေ ရှိပါသေးတယ်။ ဒေးဗစ်လင့်ချ်ရဲ့ Eraserhead ဟာ သူ့အပြတွေအရတော့ Kafkaesque တော်တော်ဖြစ်တဲ့၊ ကာဖကာတော်တော်ဆန်တဲ့ ရုပ်ရှင်လို့ပြောရမှာပဲ။ ဆန်းတော့လည်း မဆန်းဘူး။ Eraserhead ရဲ့ Script ကိုရေးတဲ့နေရာမှာ လင့်ချ်ဟာ ဖရန့်ကာဖကာရဲ့ The Metamorphosis စာတွေရဲ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ အရှိတရားနဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောပြွမ်းထားပြီး ပရိသတ်ကို Visual ကိုပဲ အဓိကထားပြီး သူပြောချင်တဲ့ အကြောင်းအရာကိုပြောပြထားတယ်။ သူ့ဇာတ်အိမ်ကိုတော့ နားမလည်နိုင်စရာကောင်းတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အဖွင့်နဲ့ဖွင့်ထားပြီး အရှိတရားဆန်တဲ့ အခြေအနေကို ပြန်ပို့သွားတယ်။ ပြီးကျ အဲဒီအရှိတရားဆန်တဲ့ အခြေအနေက စိတ်ကူးယဉ်ဆန်တဲ့ အခြေအနေကို တဖြည်းဖြည်းချင်းပြန်တွန်းပို့ပစ်ပြီး နောက်ဆုံး ခုနအရှိတရားဆန်တဲ့အခြေအနေက ပျောက်သွားပြီး အသိရ ခက်လာတယ်။ သူ့ဇာတ်အိမ်က ဒါပါပဲ။ ဒီလိုပဲ ပြောတတ်ပါတယ်။ Eraserhead ဟာ လင့်ချ်ရဲ့ပွဲဦးထွက်ကားဆိုပေမဲ့ ဘယ်ဒါရိုက်တာရဲ့ ပွဲဦးထွက်ကားနဲ့မှ မတူဘဲ သူ့ခေတ်သူ့အခါက ရုပ်ရှင်လောကကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခဲ့တဲ့ ကားလို့ပြောရမယ်။ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး လင့်ချ်ကိုယ်တိုင် "my Philadelphia Story", "Believe it or not, Eraserhead is my most spiritual film" စသဖြင့် ပြောခဲ့တာတွေများပေမဲ့ သူ့ဘာလို့ အဲဒီလိုပြောလဲဆိုတဲ့အချက်ကိုတော့ ကျွန်တော်တော့ ဘယ်လိုမှ လိုက်မမီပါဘူး။ ရှင်းရှင်းပြောရရင် ကာဖကာရဲ့ဖော်ပြပုံတွေနဲ့ တူတဲ့ ဖော်ပြပုံတွေကို ဒီတိုင်းငေးကြည့်နေရုံကလွဲ သူ့ရုပ်ရှင်ကို ဘယ်လိုမှ လိုက်မမီခဲ့ပါဘူး။ သူဘာပြချင်တာလဲ အသာထား ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်အမြင်နဲ့တောင် ဖွင့်ဆိုလို့မတတ်ဘူးလို့ ပြောရမှာပဲ။ ဘာနေနေ တစ်ခေတ်ရဲ့တစ်ယောက် ဒါရိုက်တာဖြစ်တဲ့ ဒေးဗစ်လင့်ချ်ရဲ့ ရုပ်ရှင်ကို မြည်းစမ်းကြည့်ချင်လို့ဖြစ်ဖြစ် ကာဖကာဖန်ဖြစ်နေလို့ဖြစ်ဖြစ် Eraserhead ကို ကြည့်တော့ ကြည့်ကြည့်ကြသင့်တာပါပဲ။ သတိချပ်စေချင်တာက‌တော့ အပြတွေက ကြမ်းတမ်းနေတာပါပဲ။ မိတ်ဆွေအတွက် မကြမ်းတမ်းရင်တောင် ဒီကားကိုယ်တိုင်ကိုက လူတိုင်းကြိုက်မယ့်ကားမျိုးလည်းမဟုတ်ပါဘူး။ ဒီလို Type မျိုး ကြိုက်တဲ့သူတွေပဲ ကြိုက်မယ့်သီးသန့်ကားမျိုးပါပဲ။ ကျွန်တော့် Type လည်း မဟုတ်တော့ ညွှန်းလည်းမညွှန်းတတ်ပါဘူး။ ဒါပေမဲ့ ကိုယ့် Type ဖြစ်သွားမဖြစ်သွားသိဖို့တော့ ကြည့်ကြည့်ရမှာပါပဲ။ တကယ်လို့ ဘာကားကြီးလဲကွာလို့ ပြောမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ လင့်ချ်ကိုယ်တိုင်လည်း ဘယ်ရဗျူးသမားမှ သူ့ရည်ရွယ်ရင်းအတိုင်း နားမလည်ခဲ့ကြဘူးလို့ ဆိုထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 29Min Genre - Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Science Fiction
7.4 1977 89 mins
Eraserhead
B Cut
5.2

ဒီ Action, Crime, Thriller အမျိုးအစား ရုပ်ရှင်လေးက ဖုံးကွယ်လိုသူ နဲ့ ဖော်ထုတ်လိုသူတို့အကြောင်းကို ရိုက်ကူးထားတာပါ။ ဆွန်းဟျွန်း ဆိုတဲ့ အမျိုးသားတစ်ယောက်က စမတ်ဖုန်းပြုပြင်ခြင်း အထူးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီလေးတည်ထောင်ထားပါတယ်။ တစ်နေ့မှာတော့ အမျိုးသမီးတစ်ယောက် ဖုန်းပြုပြင်ဖို့အတွက် သူ့ဆီကို ရောက်လာခဲ့ပါတယ်။ ဆွန်းဟျွန်းကတော့ ဖုန်းကို ပြင်ရုံမက ဖျက်ထားတဲ့ ဓာတ်ပုံကစလို့ ဒေတာတွေကိုပါ ပြန်လည် ရယူပေးရာကနေ ဇာတ်လမ်းတစ်ခု စတင်လာခဲ့ပါတယ်။ A Cut နဲ့ B Cut ဆိုပြီး ခွဲပြီး ဒေတာတွေ ပြန်ဖော်ပေးလိုက်ပါတယ်။ A Cut ကတော့ လူတိုင်းကြည့်လို့ရနိုင်တာတွေဖြစ်ပြီး B Cut ကတော့ အထူးလျှို့ဝှက် တစ်ကိုယ်ရည်ပဲ သိသင့်တာမျိုးပေ့ါ။ B Cut ဒေတာတွေကနေ စလိုက်တဲ့ ဇာတ်လမ်းက တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကျော်တစ်ယောက်ရဲ့ လူမှုရေးဖောက်ပြန်တဲ့ကိစ္စတွေထိ ပေါ်ပေါက်လာပြီးနောက်မှာတော့ ... ဆန်းဟျွန်းတစ်ယောက် ဘယ်လို နောက်ခံအင်အားရှိတဲ့ လူတွေရဲ့ လူမှုရေးဖောက်ပြန်မှုကို ဖော်ထုတ်မိတာလဲ? သူ့ဆီကို ဘယ်လို အန္တရာယ်တွေ ကျရောက်လာမလဲ? ဖုံးကွယ်လိုသူနဲ့ ဖော်ထုတ်လိုသူတို့ကြား အားပြိုင်ဆိုင်မှုတွေက ဘယ်အတိုင်းအတာထိ ရောက်သွားမလဲ? စတာတွေကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ File Size          :  1.7GB, 599MB & 294MB Quality            : 1080p HDRip, 720p HDRip & 480p Format            : mp4 Duration         : 1hr & 35mins Genre              : Action, Crime, Thriller Translated by  Thynn Nu Swe Encoded by Kinnov

Action • Drama • Romance
5.2 2022 95 mins
B Cut
Stuber
6.7

မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။ File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August

Comedy
6.7 2019 93 mins
Stuber
Confess, Fletch
6.5

Confess, Fletch (2022) ================= IMDb Rating – 6.5/10 ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဇာတ်လမ်းကောင်းပြီး ရယ်ရတဲ့ ဟာသဇာတ်ကား ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.5, Rotten Tomatoes 85% ရရှိထားပြီးတော့ ဇာတ်အိမ် ခိုင်မာသလို ဟာသများကလည်း ကလိထိုးရယ်စရာမလိုတဲ့ ဟာသတွေပါ။ ဖလက်ချ်ဟာ သတင်းထောက်အလုပ်ကနေ အနားယူရင်း ဥရောပမှာ ခရီးသွားနေတဲ့သူပါ။ အီတလီနိုင်ငံ ရောမမြို့က မြို့စား ကြီးတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ပန်းချီကားတွေကို ပြန်လည်ရှာဖွေဖို့ ဖလက်ချ်ကို အလုပ်အပ်လာပါတော့တယ်။ မြို့စားကြီးရဲ့ သမီးဖြစ်သူ အန်ဂျလာနဲ့လည်း ချစ်ကြိုက်မိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မြို့စားကြီး ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားများက ပြန်ရွေးငွေအဖြစ် ပီကာဆိုရဲ့ ပန်းချီကား တစ်ချပ်ကို တောင်း ဆိုလာပါတယ်။ ထိုအခါမှာ ဖလက်ချ်လည်း ပန်းချီကားများကို မဖြစ်မနေ ပြန်လည်ရှာဖို့ ဖြစ်လာပါတော့တယ်။ ဖလက်ချ်ဟာ ပန်းချီကားတွေကို ခြေရာခံလိုက်ရင်း ဘော်စတွန်မြို့ကို ရောက်ရှိပါတယ်။ သူ့ရည်းစား စီစဉ်ပေးတဲ့ အိမ်တစ်အိမ်မှာနေဖို့ ရောက်လာတဲ့အခါမှာ ထိုအိမ်တွင် သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ရဲတွေကလည်း ဖလက်ချ်ကို သံသယဝင်သော်လည်း ဖမ်းစရာသက်သေမရလို့ မဖမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ သတင်းထောက်ဗီဇပါတဲ့ ဖလက်ချ်လည်း လူသတ်မှုကိုရော ပန်းချီကားပျောက်မှုကိုရော လိုက်လံစုံစမ်းပါတော့တယ်။ ထိုသို့ စုံစမ်းရင် ကြုံတွေ့ရတဲ့ အရာများကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမှာမို့ လက်မလွတ်စတမ်း ကြည့်သင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Thriller
6.5 2022
Confess, Fletch
Flight
7.3

Flight(2012) IMDb….7.3,,,,,Rotten….78% Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်….. တစ်ရက်ကျတော့ သူတာဝန်ယူမောင်းနှင်တဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ် …ဒါပေမယ့်သူဟာ ကျွမ်းကျင်မှူနဲ့ အခြေအနေပေါ်မူတည်ပြီးစွန့်စားမှုတွေပြုလုပ်ခဲ့လို့ လေယာဉ်ဟာ အကောင်းမွန်ဆုံးဆင်းသက်နိုင်ခဲ့တယ်… လူအနည်းငယ်သာ သေဆုံးခဲ့ရပြီး သူလည်း ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်….လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် … ခင်ဗျားတို့အနေနဲ့ ဇာတ်လမ်းတစ်ခုလုံးပြောလိုက်တယ်လို့ထင်နေလိမ့်မယ်..အပေါ်ကပြောခဲ့တဲ့ဖြစ်စဉ်ဟာ အစပိုင်း မိနစ်(၂၀)လောက်မှာပဲဖြစ်သွားတာ…သူဆေးရုံကဆင်းပြီးတဲ့အချိန်မှာ တကယ့်ဇာတ်လမ်းက စတော့တာပဲ …သူ့ကို စုံခုံဖွဲ တရားရုံးတင်တော့တာပဲ…လူတွေကယ်တင်နိုင်ရဲ့သားနဲ့ဘာကြောင့်တရားရုံးတင်ခံရတာလဲ… သူဘာတွေများလုပ်ခဲ့လို့လဲ…သူကရော ဒီအမှုတောကြီးကနေရုန်းထွက်နိုင်ပါ့မလား.. Denezl Washington ကားတွေက သိတဲ့အတိုင်း ကားတိုင်းနီးပါးပြန်ကြည့်လည်း မရိုးနိုင်ပါဘူး…သူ့ရဲ့ အရှိန်အဝါနဲ့တင် ဇာတ်အိမ်မကောင်းရင်တော့ကြည့်ရတာ ရသမြောက်နေတတ်တာမျိုးပေါ့..ဒီကားက ဇာတ်အိမ်လည်းအတော်ကောင်းပါတယ်.. ပြသချိန် ၂နာရီ၁၈မိနစ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်နေရတာပါ… ဒီကားရဲ့ဒါရိုက်တာကတော့ Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။ File Size…(4.37GB) (1.6GB) and (718MB) Quality…Blu-Ray4K.HEVC.EAC3.6CH, 1080p,720p Format…mp4 Duration…02:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae

7.3 2012
Flight
Concerned Citizen
6

Concerned Citizens (2023) =================== အစ္စရေးစကားပြော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတွေဆိုတာ LGBT လိင်တူစုံတွဲကို ပိတ်ပင် တားမြစ်ထားတာလူအများသိပါပဲ။ ဒါပေမယ့် အစ္စရေးနိုင်ရဲ့ ဆီနိုင်ရပ်ကွက် ထဲကိုပြောင်းလာတဲ့ Gay Couple ဟာ ဘဝတစ်ခုကိုစတင်ဖို့ ကြိုးစားပါ တယ်။ နောက်ပိုင်းမှာ အငှားကိုယ်ဝန်နဲ့ ကလေးယူဖို့ စီစဉ်လာကြတယ်။ တစ်နေ့မှာ ဘန်က သူစိုက်ထားတဲ့ သစ်ပင်ကို လူမည်းလူငယ် ၂ ယောက် ဖျက်စီးနေတာကို တွေ့ပြီး ရဲတိုင်လိုက်ရာကနေ police brutality ဆိုတဲ့ ရဲအင်အားအကြမ်းဖက်မှုဖြစ်ပြီး တရားခံသေဆုံးသွားပါတယ်။ ဒီအတွက် ဘန်ဟာ အပြစ်ရှိစိတ်တွေဝင်ပြီး ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုတွေကြုံလာ ရပါတယ်။ အားလုံးက ဝိုင်းကျဉ်နေကြတဲ့ ဒီပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက် ဘယ်လိုမျိုး survive လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမယ့် ကားကောင်း လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.0 GB) / (375 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thiha Yan Naing Encoder……….SWM

Drama • Comedy
6 2023 82 mins
Concerned Citizen
City Hunter
6.5

၂၀၂၄ ဧပြီလ ၂၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ ဂျပန်ရုပ်ရှင် City Hunter ဟာ Tsukasa Hojo ရဲ့နာမည်ကျော် Manga စီးရီး City Hunter ကိုအခြေခံပြီး ဒါရိုက်တာ Yuichi Satoh က ရိုက်ကူးပေးထားတဲ့ Live-action ရု ပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။ ကမၻာတစ်ဝန်းမှာ City Hunter Manga ရဲ့ပရိသတ်ပေါင်းများစွာရှိနေပြီး ၁၉၈၀ ပြည့်နှစ်မှာ ကာတွန်းကားရိုက်ကူးခဲ့ဖူးသလို ၁၉၉၃ ခုနှစ်မှာလည်း ဂျက်ကီချန်းက City Hunter နာမည်နဲ့ပဲ ရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာတဲ့ ဂျပန်ရုပ်ရှင် City Hunter မှာတော့ Ryohei Suzuki ၊ Misato Morita နဲ့ Masanobu Ando တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** တိုကျိုမြို့ရဲ့လမ်းမတွေပေါ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမြင်တွေ့နေရပြီး စူပါစွမ်းအင်တွေရှိနေတဲ့လူတချို့က တခြားလူတွေကိုလိုက်လံ တိုက်ခိုက်နေခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေထဲကတစ်ခုကြောင့် တွဲဖက်နဲ့သူငယ်ချင်းဖြစ်သူ မာကီမူရာကိုဆုံးရှုံးလိုက်ရတဲ့ အလွတ်တမ်းစုံထောက်ယိုဆာအီဘာက ဒီဖြစ်ရပ်တွေဟာ ဆေးတစ်ခုကြောင့်လား၊ ဗိုင်းရပ်စ်တစ်ခုကြောင့် လားဆိုတာ လိုက်လံဖော်ထုတ်ရပါတော့တယ်။ သေဆုံးသွားတဲ့ မာကီမူရာရဲ့ညီမကာအိုရီကလည်း အစ်ကိုအတွက်လက်စားချေချင် စိတ်တွေပြင်းထန်နေတာကြောင့် အမှုစုံစမ်းဖော်ထုတ်ရာမှာ ယိုဆာအီဘာရဲ့တွဲဖက်ဖြစ်လိုမှန်းမသိဖြစ်လာခဲ့ပါတယ်။ ဝါရင့်စုံထောက်ယိုဆာအီဘာနဲ့ အတွေ့အကြုံမရှိတဲ့ကာအိုရီတို့ နှစ်ယောက်ပေါင်းမိသွားချိန်မှာတော့ လွဲချော်မှုတွေနဲ့အက်ရှင် ဇာတ်ဝင်ခန်းတွေကို ဟာသရောနှောတင်ဆက်ပြသထားတာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2 GB / 946 MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Romance • Drama
6.5 2024
City Hunter
My Zombabe
6.2

My Zombabe (2024) IMDb – 6.2/10 နာမည်ကျော် ဖိလစ်ပိုင်ဟာသမင်းသား Empoy Marquez ရဲ့ ခပ်ဆန်းဆန်း ဇွမ်ဘီဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူတွေအကုန်လုံးနီးပါး ဇွမ်ဘီတွေဖြစ်ကုန်ပြီး ကမ္ဘာပျက်ကိန်းကြီးကြုံနေရပေမဲ့ ပင်လယ်ကြီးဘေးမှာ လက်တစ်ဆုပ်စာရှင်ကျန်ဆဲဖြစ်တဲ့လူတွေထဲက ပွန်ဂ်ဆိုတဲ့ ကောင်လေးကတော့ သူ့ဘ၀ကို ခဏတာခိုဝင်လာဖူးတဲ့ ယာစမင်းဆိုတဲ့အမျိုးသမီးလေးကို တမ်းတနေတုန်းပါပဲ။ သူတို့အဖွဲ့လေးထဲမှာ ခေါင်းဆောင်တစ်ယောက်ရှိပြီး ဗိုင်းရပ်စ်ကူးခံရပြီထင်တာနဲ့ သတ်ပစ်တတ်ပါတယ်။ တစ်ညမှာတော့ ဇွမ်ဘီမလေးဖြစ်သွားတဲ့ ယာစမင်းကို ပွန်ဂ်တစ်ယောက်တွေ့လာခဲ့ပါတော့တယ်။ ချစ်ရတဲ့ဇွမ်ဘီမလေးကို အသတ်ခံရမှာစိုးတဲ့အတွက် ပွန်ဂ်တစ်ယောက် ညီဖြစ်သူကို အကူအညီတောင်းပြီး ဘယ်သူမှမတွေ့အောင်ဝှက်ထားဖို့ ကြိုးစားပါတော့တယ်။ ဇွမ်ဘီတွေပါတာမို့ ထိတ်လန့်သည်းဖိုလည်းဖြစ်ပေမဲ့ အချစ်တွေဖြန်းပက်ထားတဲ့ အလွမ်းဇာတ်လမ်းလေးမို့ ခံစားကြည့်ရှုကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance, Horror Quality…. 1080p | 720p File size… 1.3GB | 730MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Action • Drama
6.2 2024
My Zombabe
Home Sweet Home
6

Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့… ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး အတူပုံဆွဲလေ့ရှိတယ်။ ဒီလိုသာမန်မဟုတ်တဲ့ မိသားစု မရိုးရှင်းတဲ့ အိမ်မှာ မူမမှန်တဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုဖြစ်လာခဲ့တယ်။ နောက်ပြီး ဝမ်ကတော်ကလည်း တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီးရတဲ့ ကိုယ်ဝန်ကိစ္စလည်းပေါ်လာပြန်တယ်။ ဒါကြောင့် ဦးနှောက်စားရတာကြိုက်တဲ့ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ

6 2021
Home Sweet Home
The King’s Letters
6.4

The King’s Letters (2019) ************************** IMDb… 6.4 Song Kang-Ho , Park Hae-Il , Jeon Mi-Sun အစရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုရီးယားအက္ခရာဖန်တီးပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂျိုဆွန်းဘုရင် ဆယ်ဂျုံးလက်ထက်မှာ ကိုယ်ပိုင်အက္ခရာမရှိခဲ့တဲ့အတွက် တရုတ်အက္ခရာများကိုသာ အသုံးပြုခဲ့ကြရပါတယ်။ သို့သော်လည်း တရုတ်အက္ခရာတွေက မှတ်သားရခက်ခဲတဲ့အတွက် သာမန်ပြည်သူ အများစုက စာမတတ်ပေမတတ် ဘဝပဲ ဖြစ်ကျန်နေပြီး သူတို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတောင် ဘုရင်ဆီ ရေးသားလျှောက်တင်ဖို့ အခွင့်မရခဲ့ကြပါဘူး။ ဒီအတွက် ဆယ်ဂျုံးဘုရင်က ပြည်သူအားလုံး ‌သင်ယူဖို့လွယ်ကူတဲ့ ကိုယ်ပိုင်အက္ခရာကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီး ဘုန်းကြီးရှင်းမီဆိုသူနဲ့အတူ နှစ်ယောက်အင်အားပေါင်းပြီး ဂျိုဆွန်းရဲ့ကိုယ်ပိုင်အက္ခရာကို ကြိုးစားဖန်တီးကြရာမှာတော့… ကိုးရီးယားသမိုင်းကြောင်းနဲ့ သွေဖည်နေတဲ့ အကြောင်းအရာများ ပါဝင်နေသော်ငြား ဇာတ်လိုက်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ချက်များကတော့ အံ့မခန်းလောက်အောင် ကောင်းမွန်တာမို့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားလို့ အကြံပြုပါရစေရှင်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 1.12GB / 400MB Quality… WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo

6.4 2019 110 mins
The King’s Letters
Medium
6.2

Medium (2023) IMDb Rating (6.2) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ ထူးဆန်းတဲ့ နယ်မြေလေးဆီက ဆယ်ကျော်သက်အရွယ်ကောင်မလေး အက်ဖ်တီးရီးယား ဟာ သူမရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ အိမ်နီးချင်းကောင်လေး အမ်ဂျယ်လို နဲ့တွေ့ပြီးတဲ့နောက်မှာတော့ အရွယ်ရောက်ပြီးသားလူတွေရဲ့ကမ္ဘာဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာ သိလာရပါတယ်။ ပူလောင်လွန်းတဲ့မြို့ရဲ့ လမ်းမတွေပေါ်မှာ အမ်ဂျယ်လို နဲ့အတူဆိုင်ကယ် တစ်စီးနဲ့ပတ်သွားရင်း ရမ္မက်စိတ်တွေနိုးကြွလာတာကို ရှာဖွေတွေ့ရှိရပါတော့မယ်။ ၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက် သူမရဲ့ပထမဆုံး အချစ်ကြောင့် ကိုယ့်ကိုယ်ကို ရှာတွေ့သွားပုံကို မြင်ရမယ့် ဂရိ ဒရမ်မာ Coming of Age ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:37:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thura Aung

Comedy
6.2 2023
Medium
True Crime

True Crime ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီးClint Eastwood ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး ဇာတ်ဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားတဲ့ Old but Gold မှုခင်းကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အလုပ်ခွင်အခက်အခဲ၊အိမ်ထောင်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ‌‌စိတ်လေနေတဲ့သတင်းထောက် စတိဗ်အဲဗားရက်(Clint Eastwood) ဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူမတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးခြင်းနဲ့အတူ သေဆုံးသွားသူတာဝန်ယူထားတဲ့ ၁၂နာရီအတွင်းသေဒဏ်ကျခဲ့ရတော့မယ့် လူသတ်တရားခံတစ်ဦးကို အကျဉ်းထောင်မှာအင်တာဗျူးဖို့တာဝန်ကို လွှဲယူခဲ့ရပါတယ်။ အထက်ဖိအားကြောင့်သာ မယူချင်ယူချင် ယူခဲ့ရတဲ့ အဲဗားရက်ဟာ တရားခံကိုအင်တာဗျူးရင်း အမှုရဲ့ပုံမှန်မဟုတ်တဲ့အချက်တွေကို သိလာရတဲ့အခါမှာတော့ ……. မိသားစုကိုဂရုမစိုက်၊အလုပ်ကိုဂရုမစိုက် ယုတ်စွအဆုံး ကိုယ့်အသက်ကိုယ်‌ေတာင် ဂရုမစိုက်တဲ့ အဲဗားရက်ဟာ အဆင်မပြေမှုအားလုံးရဲ့ထွက်ပေါက်အဖြစ် တရားခံကို အပြစ်မဲ့ကြောင်းသက်သေပြဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် မုသားဖော်စက်စစ်ဆေးမှုမှာကျရှုံးခဲ့တဲ့အပြင် ခိုင်မာတဲ့မျက်မြင်သက်သေနှစ်ဦးလည်းရှိနေတဲ့တရားခံကို သူ့ရဲ့ထင်ကြေးတစ်ခုတည်းနဲ့အပြစ်ကင်းတယ်လို့ယူဆခဲ့တဲ့ အဲဗားရက်ရဲ့ အထင်ဟာမှန်ပါ့မလား…….. တကယ်လို့မှန်ခဲ့ရင်တောင်၁၂နာရီအတွင်းသေဒဏ်ပေးခံရတော့မယ့် အကျဥ်းသားကိုဘယ်လိုနည်းလမ်းတွေနဲ့ကယ်တင်မလဲ….. မှုခင်းဖြစ်ပွားရာနေရာမှာ လူလေးဦးသာရှိနေပြီး တစ်ဦးကနစ်နာသူ၊တစ်ဦးကတရားခံ၊နှစ်ဦးကမျက်မြင်သက်‌သေဖြစ်နေတဲ့အချိန်မှာ အားလုံးကတရားခံလို့ယူဆထားကြသူက သတ်တာမဟုတ်ဘူးဆိုတာ အဲဗားရက်က သက်သေပြနိုင်ခဲ့မယ်ဆိုရင်ကော တကယ့်တရားခံကဘယ်သူဖြစ်နေမလဲ….. ၉၀ခုနှစ် မှုခင်းကားတွေရဲ့ ထုံးစံအတိုင်း အေးအေးလေးနဲ့ငြိမ့်ငြိမ့်လေးဆွဲခေါ်သွားမယ့် ကားကောင်းလေးဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကို တော့ Swan Yee Myo Thant ကတင်ဆက်ထားပါတယ်။ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama, Mystery, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Swan Yee Myo Thant

0 1999
True Crime
The Huntresses
6.8

The Huntresses (2014) ********************* အားလုံးရဲ့ အချစ်တော် မမ Ha Ji-Won အဓိက ပါဝင်ထားပြီး ၃ ယောက်ပေါင်းလောင်းကျော် ဝက်ဝက်ကွဲ ရယ်နေရတဲ့ The Huntress ဆိုတဲ့ နန်းတွင်းဟာသကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ******************** စုံစမ်းစစ်ဆေးရေး အရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ မူမြောင် နဲ့ သူ့တပည့်မလေး သုံးယောက်တို့ ဆုကြေးထုတ်ခံထားရတဲ့ အပြစ်သားတွေကို လိုက်ဖမ်းကြတဲ့ ဇာတ်လမ်းလေးပါပဲ ။ ဂျင်းအို့ ( Ha Jiwon ) ကတော့ တီထွင်ဖန်တီးဉာဏ်လည်း ကောင်းသလို ဇွတ်တရွတ်လုပ်တတ်တဲ့ စိတ်ကြောင့် မကြာခဏဆိုသလို ပြဿနာတွေ ယူဆောင်လာတတ်တဲ့ အမွှေစိန်လေးလည်း ဖြစ်ပါတယ် ။ နောက်တစ်ယောက် ဟုန်းဒန်ကတော့ သုံးယောက်ထဲမှာ အသက်အကြီးဆုံးဖြစ်သလို ရှေးရိုးစွဲ ယောက္ခမဆီက ခဏခဏ နားပူခံရသူတစ်ဦးဖြစ်ပါတယ် ။ အငယ်ဆုံးလေး ဂါဘီကတော့ ယောကျ်ားလေးဆန်ဆန် နေတတ်သူဖြစ်ပြီး တစ်ခုခုဆို စကားထက် လက်သီးနဲ့ အရင် ဖြေရှင်းတတ်တဲ့သူလေးတစ်ဦးပါ ။ တစ်ရက်မှာတော့ ဂုံဂူလို့ ခေါ်တဲ့သူကို ရှာပေးနိုင်ရင် ဆုကြေးငွေ ညန်း ၁၀၀၀၀ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်က သူတို့ ဆရာတပည့်တွေဆီကို ရောက်လာခဲ့ပါတော့တယ်။ တကယ်တမ်းတော့ ဂုံဂူက ဂျိုဆွန်းဘုရင်အတွက် အရေးကြီးတဲ့ ပစ္စည်းကို သယ်ဆောင်လာတဲ့သူ ဖြစ်တဲ့အပြင် ဂုံဂူကို သတ်ချင်နေတဲ့ တစ်ဖက်အဖွဲ့ကလည်း ရှိနေတဲ့အခါ မူမြောင်တို့ ဆရာတပည့်တွေ ဘယ်လို ရင်ဆိုင်ကြမလဲ ။ ပြဿနာအရှုပ်အထွေးထဲမှာမှ ဂျင်းအို့ရဲ့ အတိတ်က ပြန်ပေါ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ The Huntresses ရုပ်ရှင်ဇာတ်ကားမှာ အတူတူ ကြည့်ရှုခံစားလိုက်ရအောင်နော် ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…1.69GB / 826MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 47 min. Genre ….. Action, Adventure, Historical, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

6.8 2014 107 mins
The Huntresses
Santa Isn’t Real

Santa Isn’t Real (2025) ခရစ်စမတ်နဲ့ပတ်သက်လို့ ဇာတ်ကားတော်တော်များများရှိကြပါတယ်။ ခရစ်စတ်မိသားစုကား ခရစ်စမတ်အချစ်ကား ခရစ်စမတ်ဟာသကား ခရစ်စမတ်ဟော်ရာကား ဇာတ်လမ်းပေါင်းစုံရိုက်ကြပါတယ်။ အခုတင်ဆက်ပေးမှာကတော့ ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ခရစ်စမတ်ဟော်ရာကားလေးပါ။ ခရစ်စမတ်ကားတွေရဲ့ကောင်းတဲ့အချက်ကတော့ စောင်ခြုံကွေးပြီးကြည့်ရတာပါပဲ။ ဟော်ရာပဲနေနေ ရိုမန့်ပဲနေနေ ခရစ်စမတ်ဇာတ်လမ်းဆိုတာနဲ့ စောင်ခြုံကွေးပြီးကြည့်တာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ……. နစ်ကီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ခရစ်စမတ်နေ့ည အိမ်မှာတစ်ယောက်တည်း သတ်သေဖို့ ကြိုးစားနေခဲ့တာကို ခရစ်စမတ်ဖိုးဖိုးကြီး ဆန်တာကလော့ရောက်လာပြီး လူဆိုးစာရင်းသွင်းသွားပါတယ်။ လူဆိုးစာရင်းထဲရောက်သွားရင်တော့ ဖိုးဖိုးကြီးလဲသဘောကောင်းပြီးတရားချမှာမဟုတ်ပါဘူး။ ဒီဆန်တာကလော့ကတော့ ရှင်းပါတယ် လူဆိုးစာရင်းဝင်ဆိုတာနဲ့ တန်းပြီးသတ်တော့တာပါပဲ။ နောက်မှငရဲကိုခေါ်သွားမှာပါ။ ဒါပေမဲ့ ကံကောင်းချင်တော့ နစ်ကီတစ်ယောက် အသက်မသေလိုက်ပဲနဲ့ ဆေးရုံကိုရောက်သွားပါတယ်။ ဆေးရုံရောက်ပေမဲ့ ကိုမာဝင်ပြီး တစ်နှစ်နေမှပြန်နိုးလာပါတယ်။ ဖြစ်ချင်တော့ သူသတိရလာတဲ့နေ့ကလဲ တိုက်တိုက်ဆိုင်ဆိုင် ခရစ်စမတ်နေ့ကြီးဖြစ်နေပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး သူငယ်ချင်းတွေနဲ့အတူ အိမ်မှာခရစ်စမတ်လုပ်ရင်းကနေ ဆန်တာကလော့ဆိုတဲ့ အဖိုးကြီးက တကယ်လား သူပဲထင်ယောင်ထင်မှားဖြစ်ပြီး မြင်ခဲ့တာလား

Adventure • Action • Thriller • Science Fiction
0 2025
Santa Isn’t Real