YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Being a Hero E21 (1080p) CM.mp4

360.44 MB N/A video/mp4 86 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Diary of a Wimpy Kid: Rodrick Rules
7.1

Diary of a Wimpy Kid (2021) ရဲ့တိုက်ရိုက်အဆက် ဒစ္စနေပလပ်က ထုတ်လွှင့်ထားတဲ့ အန်နီမေးရှင်းကားအသစ်ပါ။ Diary of a Wimpy Kid: Rodrick Rules (2011) Live Action ကားနဲ့ ဇာတ်ကြောင်းတူသလို ဒုတိယမြောက် တစ်ကားလုံးအန်နီမေးရှင်းကားဖြစ်နေတဲ့ Diary of a Wimpy Kid ကားလည်း ဟုတ်ပါတယ်။ ရုပ်ရှင်အနေနဲ့ Live Action လေးကားထွက်ခဲ့ပြီး အန်နီမေးရှင်းအနေနဲ့က ဒါနဲ့မှ ၂ကားပဲ ထွက်ထားသေးတာ ဖြစ်ပါတယ်။ ဒီကားတွေကို Diary of a Wimpy Kid လို့ခေါ်တဲ့ အမေရိကန် ကလေးဖတ်စာအုပ်စီးရီးကို အခြေတည်ထားတဲ့ကားတွေဖြစ်ပြီး လက်ရှိ၁၇အုပ်မြောက်အထိ ထွက်ထားတဲ့ ဒီစာအုပ်စီးရီးဟာ Live Action ကားတွေကြောင့် မြန်မာပရိသတ်တွေနဲ့ မစိမ်းပါဘူး။ ခု Diary of a Wimpy Kid: Rodrick Rules မှာတော့ ဂရက်နဲ့ သူ့အစ်ကိုရော့ဒရစ်ကြားက အဖြစ်အပျက်တွေကို အဓိကထားဇာတ်အိမ်တည်ထားပြီး အစ်ကိုကြီးရဲ့ အချစ်ကို လိုချင်နေတဲ့ညီလေးနဲ့ ညီကို တစ်စက်မှမချစ်ဘူးလို့ထင်ရတဲ့ ငပေငတေအစ်ကိုကြီးဟာ မိဘတွေ နှစ်ပတ်လည်အတွက် ခရီးထွက်သွားတဲ့နောက် နှစ်ယောက်တည်းအိမ်မှာကျန်ခဲ့ရာက ပြဿနာတွေရှာ အစ်ကိုက ညီကို အတတ်ကောင်းတွေ သင်ပေးတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ မိသားစု ဒရာမာကားဆန်ဆန်လေးမို့ ကလေးတွေကို ပြသင့်တဲ့ကားလည်းဟုတ်သလို Diary of a Wimpy Kid ဖန်တွေအတွက်လည်း အလွမ်းပြေ ပြန်ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 520MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 14Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Romance
7.1 2022 74 mins
Diary of a Wimpy Kid: Rodrick Rules
Killers
6.7

Killers (2014) ~ IMDb - 6.4/10, Rotten Tomatoes - 73% ~ အင်ဒိုနဲ့ ဂျပန် ဖက်စပ်ကားလေးဖြစ်ပြီး IMDb - 6.4/10 အထိ ရရှိထားတဲ့ Action, Crime ကားကောင်းတစ်ကားပေါ့။ Nomura ကတော့ လူတိုင်းကို သူ့ရဲ့သားကောင်လို့မြင်တတ်တဲ့ စိတ္တဇ ကွင်းဆက်လူသတ်သမားတစ်‌ယောက်ဖြစ်ပြီး သူ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တာတွေကို ကင်မရာနဲ့ရိုက်ကူးပြီး အင်တာနက်ပေါ် တင်လေ့ရှိတယ်။ အင်ဒိုနီးရှား ဂျကာတာမြို့က ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Bayu ကတော့ သူဆောင်းပါးရေးတဲ့ အကျင့်ပျက်ခြစားသူကြောင့် အလုပ်အကိုင်လည်းပျက်၊ မိသားစုဘဝပါ ပျက်စီးခဲ့ရသူ။ တစ်နေ့မှာ Nomura တင်တဲ့ Video ကိုကြည့်မိပြီး သူ့ရဲ့စိတ်ခံစားချက်တွေ မသိမသာပြောင်းလဲသွားတယ်။ မတော်တဆမှုတစ်ခုဖြစ်ရာကနေ သူကိုယ်တိုင် လူသေမှုကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်ပြီး ခံစားပါတော့တယ်။ ဒီလိုနဲ့ Nomura နဲ့ Bayu တို့ Internet ပေါ်မှာ စာရိုက်ကြ စကားပြောဖြစ်ကြရင်း... ဘယ်လိုကြမ်းတမ်းမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ရှုလိုက်ပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 750MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 2H 17Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Comedy • Drama • War & Politics
6.7 2014 137 mins
Killers
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
Listen Up! (Hora-her’a)
6.9

ဒီဇာတ်ကားလေးကတော့ 2023 မှာ ထွက်ရှိထားတဲ့ ပါကစ္စတန်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။ နော်ဝေးနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ရင်း ​ဘဝကိုကြိုးစားရုန်းကန်နေကြတဲ့ ပါကစ္စတန် working class မိသားစုလေးတစ်စုရဲ့ နွေရာသီအားလပ်ရက် အဖြစ်အပျက်လေးတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာပါ။ မာမုဒ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ သူရဲ့အားလပ်ရက် နွေရာသီကို အပန်းဖြေရင်း စိတ်အေးလက်အေးဖြတ်သန်းဖို့ စီစဥ်ထားပေမဲ့ ပါကစ္စတန်မှာနေတဲ့ ဦးလေးဖြစ်သူ သူတို့ဆီ အလည်လာလိုက်တဲ့အချိန်မှာ သူ့ရဲ့အစီအစဥ်တွေအားလုံး ပျက်သွားပြီး ပျော်စရာအချိန်တွေကနေ စိတ်ညစ်စရာအချိန်တွေဆီကို နေ့ချင်းညချင်း ပြောင်းလဲသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့မိသားစုကြားက အဖုအထစ်လေးတွေ အခက်အခဲတွေ ပြဿနာတွေနဲ့ အလွဲအချော်လေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရင်း ဘဝအမောလေးတွေကို တစ်ခဏတာပြေပျောက်စေလိုက်ပေါ့ဗျာ။ File size…(1.6 GB)/(9oo Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vadar

6.9 2023
Listen Up! (Hora-her’a)
My Christmas Hero
6.5

My Christmas Hero (2023) =================== ခရစ္စမတ်စ်ကာလဟာနီကိုးလ်တို့မိသားစုအဖို့ နီကိုးလ်ရဲ့အဘွားဖြစ်သူ ဒိုရိုတီမရှိဘဲဆင်နွှဲရမယ့် ပထမဦးဆုံးသော ခရစ္စမတ်စ်လေးပါ။ နီကိုးလ်ရဲ့ အဘိုးဖြစ်သူဂျွန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ ဂျွန် စစ်ပွဲတွင်းမှာ ကျဆုံးသွားခဲ့တာ နှစ်ပေါင်းမြောက်များစွာ ကြာပြီးတဲ့ထိတိုင်အောင်ကို ဒိုရိုသီကမမေ့နိုင် သေးဘဲ အမြဲတမ်းတပြီးချစ်နေခဲ့တာကြောင့် နီကိုးလ်နဲ့ နီကိုးလ်ရဲ့အမေတို့ နှစ်ယောက်လုံးဟာ ငယ်ငယ်လေးကတည်းကစပြီး ဒိုရိုသီ့ဆီကနေ အဘိုး ဖြစ်သူရဲ့အကြောင်းတွေ၊ အမှတ်တရတွေကိုကြားသိထားရပြီး အလွတ်တမ်း မှတ်မိနေခဲ့တာပေါ့။ ဒီလိုနဲ့ ဒိုရိုသီဆုံးပါးသွားပြီးနောက်ပိုင်းမှာ နီကိုးလ်ရဲ့အမေဟာ အမေဖြစ်သူ ကိုသတိရတဲ့စိတ်၊ အဖေဖြစ်သူကိုလွမ်းဆွတ်တဲ့စိတ်တွေနဲ့ စိတ်ခံစားရသက် သာရအောင်လို့ စေတနာ့ဝန်ထမ်းအလုပ်တွေကိုပဲ ဆက်တိုက်မနားတမ်းလုပ် နေခဲ့ပါတယ်။ ဒါနဲ့ပဲ နီကိုးလ်တစ်ယောက် မကြာခင်ရောက်လာတော့မယ့် ခရစ္စမတ်စ်မှာ သူ့အမေဖြစ်သူကို ခံစားရသက်သာရအောင်လို့ အဘွားဆီကနေ တစ်စိတ်တစ်ပိုင်း အနည်းငယ်လောက်ပဲ သိထားခဲ့ရတဲ့ အဘိုးဖြစ်သူရဲ့စစ်ပွဲ တွင်းကအကြောင်းတွေကိုစုံစမ်းဖို့ကြံပါတော့တယ်။ ဒီတော့ သူအောင်မြင်နိုင် ပါ့မလား၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ “My Christmas Hero” ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.41 GB) / (548 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Romance Translator…….Fiona Gillen Encoder……….SWM

6.5 2023 85 mins
My Christmas Hero
El Sur
7.8

‘ဒက္ခိဏတမ်းချင်း’ ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။ IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။ Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က တစ်ပိုင်းတစ်စကြီးနဲ့ရုံတင်ထားတာပါ။ ရိုက်ကူးချိန် ၈၁ ရက်စာ လျာထားပေမယ့် ၄၁ ရက်နဲ့ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဟာ ဆုပေါင်းများစွာရသည်အထိ ထိုက်တန်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး။ မူရင်းစာအုပ်ကတော့ Victor Erice ရဲ့ My father, the hero ဆိုတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex 666

7.8 1983 95 mins
El Sur
Black Stone
6.1

Black Stone (2015) ******************* Black Stone ရုပ်ရှင်လေးထဲမှာ သရုပ်ဆောင် Won Tae Hee နဲ့ My Liberation Notes ထဲက မင်းသား Son Suk Ku တို့ ပါဝင်ထားတာဖြစ်ပြီး .. ကိုရီးယားတပ်ထဲမှာ sexual abuse လုပ်ခံရပြီးတော့ တပ်ပြေးဖြစ်သွားခဲ့ရတဲ့ သွေးနှောလူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ .. လူငယ်လေးရဲ့ မိဘတွေက ကိုရီးယားနိုင်ငံမှာ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ရင်းရုန်းကန်နေရတဲ့ နိုင်ငံခြားသားတွေဖြစ်ပါတယ် .. တစ်နေ့မှာတော့ တပ်ထဲကနေထွက်သွားပြီး မိဘတွေနေရာအိမ်ဆီသွားတဲ့အခါမှာ အိမ်မှာမိဘတွေ မရှိတော့တာကို တွေ့လိုက်ရပြီး မိဘတွေရှိရာနေရာကို လိုက်ရှာရင်းနဲ့ ဘယ်လိုထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရမလဲဆိုတာ .. ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ပါဦးနော် .. အညွှန်းကို Vanessa မှရေးသားပေးထားပါတယ်။ File size…1.61GB / 660MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Military, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.1 2015 92 mins
Black Stone
MAL·MO·E: The Secret Mission
6.9

MAL·MO·E: The Secret Mission (2019) *********************************** အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ….. တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်… ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် .. ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် (ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် ) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်…..) File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu Nge Nge Thein Encoded by AHtet

Comedy • Adventure
6.9 2019
MAL·MO·E: The Secret Mission
August Rush
7.4

2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။ Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…… လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။ Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးသားသူတွေရောပါ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(892 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

7.4 2007 114 mins
August Rush
Singing in My Sleep
5.1

Singing in My Sleep (2024) IMDb Rating (5.1) “Singing in My Sleep” ဆိုတဲ့ ဇာတ်ကားလေးမှာတော့ အဓိကဇာတ်ဆောင်အနေနဲ့ American Horror Story (2011) ထဲက ကလေးသရုပ်ဆောင် Jessica Belkin က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဂီတမှာ ထူးချွန်တဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးနောက်မှာ ကျန်ရစ်ခဲ့တဲ့ သမီးလေးရဲ့ ခံစားချက်တွေ၊ မိသားစုရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ်ပိုင်ဆန္ဒတွေကြား ဘယ်လိုဟန်ချက်ညီအောင် ထိန်းညှိရမလဲဆိုတဲ့ ရုန်းကန်မှုကို ဒီဇာတ်ကားက လှပစွာ ပုံဖော်ထားပါတယ်။ ဇာတ်ဆောင်မင်းသမီးက သူမရဲ့ မသေချာမှုတွေကို ကျော်လွှားပြီး သူမရဲ့ ဂီတပါရမီကို လက်ခံဖို့ ကြိုးစားရတဲ့ ခရီးက အားတက်စရာပါ။ လောကဓံ တရားနဲ့ ဆုံးရှုံးမှုတွေကို ကိုင်တွယ်ပုံဖော်ပုံတွေကို ကြည့်ရှုခံစားရမှာပါ။ ခေတ်ပေါ်နဲ့ ရိုးရာဂီတတွေကို ပေါင်းစပ်ထားတဲ့ တေးဂီတကလည်း ဇာတ်လမ်းကို ပိုပြီး နက်ရှိုင်းစေပါတယ်။ ကိုယ့်ရဲ့အိပ်မက်တွေနောက်ကို လိုက်နေ‌တဲ့သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(5.4 GB) / (1.6 GB) / (870 MB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Music Duration….01:31:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

Drama • History • War
5.1 2024 92 mins
Singing in My Sleep
Frozen Hot Boys

ပျောက်ချက်သားကောင်းနေတဲ့ မမအချောလေး P’Taewရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလိုလာပါပြီ။ လူဆိုတာ မှားတတ်ကြတာပါပဲ၊ ဒီလိုအမှားတွေထဲကနေမှ အမှားအကြီးကြီးကို ကျူးလွန်မိကာ လူငယ်ထိန်းသိမ်းရေးစခန်းကို ရောက်ခဲ့ကြတဲ့ ကလေးတစ်သိုက်။ လူငယ်ထိန်းသိမ်းရေးစခန်းမှာနေရင်းကနေ ပညာသင်ဆုရဖိုအတွက် ရေခဲပန်းပုပြိုင်ပွဲကို ဝင်ပြိုင်ဖိုဖြစ်လာတဲ့အခါမှာ ဂျဘ်ဦးဆောင်တဲ့အဖွဲကို ဆရာမချုမ်က ဦးဆောင်ပြီး ယှဉ်ပြိုင်ခဲ့ရာကနေ ပညာသင်ဆုကြီးကို ဆွတ်ခူးရရှိသွားကာ ဂျပန်နိုင်ငံမှာ လူငယ်ရေခဲပန်းပုပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်တဲ့အဆင့်ထိ ရောက်လာခဲ့ပါတော့တယ်။ အမြင့်ကို နည်းနည်းလေးမရောက်လိုက်နဲ့ ပုတ်ချချင်ကြတဲ့ လူတွေကြောင့်နဲ့ အမှားကို ပြန်လည်ပြင်ဆင်နေကြတဲ့ ကလေးတွေခမျာ လူသတ်ကောင်, လူဆိုးကောင် အစရှိသဖြင့် ပြောဆိုခံကြရပါတော့တယ်။ နှင်းကို တစ်ခါမှမမြင်ဖူးတဲ့ ကလေးတွေဟာ လူတွေရဲ့ ပြောဆိုမှုဒဏ်တွေကို ခံရင်းနဲ့ ဂျပန်နိုင်ငံမှာ ရေခဲပန်းပုပြိုင်ပွဲကို တခြားနိုင်ငံတွေနဲ့ယှဉ်ပြီး ဘယ်လိုတွေ ယှဉ်ပြိုင်သွားမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး File size…(1.65 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Drama , Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Mary, CharOu & Su

Horror • Fantasy
0 2025
Frozen Hot Boys
A Vilã das Nove
6.7

A.Vila.Das.Nove 2024ကားလေးကတော့ rating 6.7 ရရှိထားတဲ့ ဘရာဇီးကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ Eugeniaဆိုတဲ့အမျိုးသမီးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး သူ့အိမ်ထောင်ရေး ဘဝကိုမကျေမနပ်ဖြစ်ကာ အမြဲတမ်းလိုလို အရာအားလုံးကို စိတ်မကျေမနပ်ဖြစ်နေတဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ သူဘဝကိုအဆုံးသတ်ပြီးဘဝအသစ် စဖို့အတွက် သူ့သမီးနဲ့ယောကျာ်းကိုထားခဲ့ပြီးထွက်ပြေး သွားပါတော့တယ်။ အရွယ်ငယ်သေးတဲ့သူ့သမီးလေးဟာ စိတ်ဒဏ်ရာများနဲ့သာ ကြီးပြင်းခဲ့ရပါတယ်။ မိခင်မေတ္တာငတ်နေတဲ့သမီးလေးက သူ့အမေကိုမုန်းတီးပြီးကြီးလာတဲ့အခါမှာတော့ သူဘဝ ဇာတ်ကြောင်းကို ဇာတ်ညွှန်းရေးဆရာနဲ့ပေါင်းပြီး ရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခုကိုရေးကာထုတ်လွင့်ပါတော့တယ်။ အဲ့ဒီနောက်မှာ သူ့အမေက ဇာတ်လမ်းတွဲကိုကြည့်မိပြီး ဘာတွေဆက်ဖြစ်သွားမှာလဲ………………. သူသမီးကိုပြန်သွားရှာမှာလား…………. ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ မိခင်တစ်ယောက်ရဲ့စိတ်ကျဥ်းကြပ်မှုတွေ ကလေးတွေရဲ့စိတ်ဒဏ်ရာတွေနဲ့ မိသားစုဘဝပြဿနာတွေကို ကောင်းကောင်းကြီးရိုက်ပြသွားတာမို့ သင်တို့က ဘရားဇီး ကားတွေကြိုက်တဲ့သူဆိုရင်တော့ဒီကားလေးကမလွတ်တန်း ကြည့်သင့်တဲ့ကားလေးပဲ ဖြစ်ပါတယ်နော်။ File size… (1.92 GB) / (950 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Animation • Comedy • Family • Adventure
6.7 2024 103 mins
A Vilã das Nove
The Deep End of the Ocean

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့မိသားစုဒရာမာဇာတ်ကားကောင်းလေးပါ ပတ်ကပ္ပဒိုရာ နဲ့ ဘက်သ်ကပ္ပဒိုရာတို့လင်မယားမှာသားသမီးသုံးယောက်ရှိပါတယ်…. အကြီးဆုံးသားကဗင်းဆင့်…အလတ်ကသုံးနှစ်သားလေးဘန်…အငယ်ဆုံးကတော့သမီးလေးပါ….တနေ့ကျမိခင်ဖြစ်သူဘက်သ်ဟာကလေးသုံးယောက်ကိုခေါ်ပြီးတော့ပြန်လည်တွေ့ဆုံပွဲကိုသွားဖို့ချီကာဂိုကိုသွားခဲ့ပါတယ်….သူမဟိုတယ်မှာပိုက်ဆံသွားရှင်းပြီးအပြန်မှာသားအကြီးဆုံးဗင်းဆင့်နဲ့အတူထားခဲ့တဲ့သားအလတ်လေးဘန်ဟာပျောက်သွားခဲ့ပါတယ်….ထိုအခါရဲတွေနဲ့အတူသူငယ်ချင်းမိတ်ဆွေတွေကပါကူရှာပေးခဲ့ကြပေမဲ့လူံဝရှာမတွေ့ခဲ့ပါဘူး….မိခင်ဖြစ်သူမှာလည်းပျောက်သွားတဲ့သားအလတ်လေးကြောင့်ကျန်တဲ့ကလေးနှစ်ယောက်ကိုလည်းဂရုမစိုက်နိုင်ခဲ့ပါဘူး…. နောက် ၉ နှစ်ကြာပြီးတဲ့နောက်မှာတော့ သူတို့သားလေးရဲ့ပုံစံတူပန်းချီနဲ့ရုပ်ချင်းဆင်တဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရတဲ့အခါမှာတော့….. File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

0 1999
The Deep End of the Ocean
Love Xiaoman’s little satisfaction
5.6

အထက်တန်းကျောင်းသူအဆိုတော်မလေးတစ်ယောက်ရဲ့ ဘာမှနားမလည်တဲ့ အခြေအနေကနေပြီးတော့ အောင်မြင်မှုနောက်ကွယ်ကအခက်အခဲတွေ တွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါဘယ်လိုလုပ်မလဲ လျန့်ရှောင်မန်ဟာကျောင်းမှာဆိုရင်သာမန်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီးတော့ စင်မြင့်ပေါ်မှာဆိုရင်တော့ လူကြိုက်များတဲ့အဆိုတော်မလေးတစ်ယောက်ဖြစ်တယ်။ ဒီအဆိုတော်မလေးရဲ့ထူးခြားချက်ကတော့ မျက်နှာတစ်ဝက်ကို အုပ်ထားတဲ့မျက်နှာဖုံးတပ်ထားတာပါပဲ။ လျန့်ရှောင်မန်ဟာ မျက်နှာဖုံးတပ်ထားတဲ့သူကိုစစ်မှန်တဲ့သူလို့မခံစားရပဲ သူ့ကိုယ်သူလျန့်ရှောင်မန်အဖြစ်ချပြချင်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့တယ်။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပီပီ အမှားတွေကိုစိတ်လိုက်မာန်ပါနဲ့လုပ်ခဲ့တယ်။ သူငယ်ချင်းတွေဆရာတွေရဲ့အကူအညီနဲ့ ဒီအခက်အခဲအမှားတွေကနေသူဘယ်လိုဖြတ်ကျော်နိုင်မလဲ

Family • Fantasy
5.6 2025
Love Xiaoman’s little satisfaction