YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Being a Hero E20 (720p) CM.mp4

232.15 MB N/A video/mp4 150 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kisaragi Station
6.7

ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေ ကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ် ဇာတ်လမ်းအစမှာပေါ့ 'ဆုဆုမီ'ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ 'ဟယာမာ'ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ် 'ဟယာမာ'ဟာ တူမလေးဖြစ်တဲ့ 'ရင်'နဲ့အတူ နေထိုင်လျက်ရှိတယ် သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ... သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__( 1.7GB) / ( 984MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:35:00 Type__Drama, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Drama • Romance
6.7 2022 82 mins
Kisaragi Station
The Family Man
6.8

The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..? ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ဆိုတဲ့အချိန်တစ်ခုကိုရောက်ရှိသွားပါတော့တယ်။ ချစ်ရတဲ့ဇနီးသည် ကိတ်နဲ့အတူ သားသမီးရတနာတွေကိုလည်းပိုင်ဆိုင်နေတဲ့ ဂျက်ခ်ဘဝရယ် .. အလုပ်ပြီးတာနဲ့မျှော်သူမရှိတဲ့အိမ်ကိုပြန်ရပြီး ဘာအတွက်ငွေတွေရှာနေရမှန်းမသိတဲ့ သူဌေးကြီး ဂျက်ခ်ဘဝရယ် .. ဘယ်ဘဝကိုဂျက်ခ်ပိုခုံမင်မလဲ .. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.5GB | 774MB | 356MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. August

Drama
6.8 2000 125 mins
The Family Man
Bloody Milk
7

ဆုတွေရထားတဲ့ပြင်သစ်ကားလေးပါ။ နို့စားနွားမွေးမြူရေးခြံပိုင်ရှင်ပီရာဟာ နွားတွေအပေါ်ချစ်ခင်ကြင်နာတတ်ပြီး ခြံတစ်ခြံလုံးကို တစ်ယောက်တည်းထိန်းသိမ်းလုပ်ကိုင်ရင်း နွားနို့အရည်အသွေးပထမအဆင့်ရထားသူပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံမှာပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်နွားရောဂါပိုးရဲ့လက္ခဏာတွေကို သူ့ရဲ့နွားတစ်ကောင်မှာတွေ့လာရတဲ့အခါ ကျန်တဲ့နွားတွေပါသုတ်သင်ရှင်းလင်းမခံရအောင် တာဝန်ရှိသူတွေကိုအသိမပေးပဲ တစ်ယောက်တည်းဖြေရှင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဇာတ်အေးကားလေးတွေ၊သရုပ်ဆောင်ဦးစားပေးကားတွေကိုကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…(1.87GB) / (921MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:30:00 Genre…Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

Action • Comedy
7 2017
Bloody Milk
Keys to the Heart
6.4

Keys to the Heart (2023) ================== IMDb Rating – 6.4/10 ဒီဇာတ်လမ်းလေးကတော့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းလေးပါ။ တစ်ယောက်တည်းနေရတဲ့ လက်ဝှေ့ထိုးသမားဂျိုမာက အားက စားရုံမှာ အလုပ်လုပ်ရင်း ပြဿနာတက်ပြီး အလုပ်အထုတ်ခံလိုက် ရတယ်။ အလုပ်ထုတ်ခံရလို့ မူး​အောင်သောက်တဲ့ညမှာပဲ ကားပါ အတိုက်ခံလိုက်ရလို့ ဆေးရုံရောက်သွားပါတယ်။ သူနဲ့ကွဲနေတာကြာပြီဖြစ်တဲ့ အမေမှာလည်း နောက်အိမ်ထောင်နဲ့ ရထားတဲ့ အော်တစ်ဆန်(autism)ရောဂါရနေတဲ့ သားတစ်ယောက် ရှိပါတယ်။ ဂျိုမာရဲ့ အမေတူ အဖေကွဲညီလေးပေါ့။ ပိုက်ဆံအခက် အခဲလည်းရှိတာကြောင့် သွားစရာနေရာမရှိတဲ့အဆုံး ဂျိုမာဟာ သူ မမြင်ချင်တဲ့ သူ့အမေအိမ်မှာ နောက်အလုပ်မရမချင်း လိုက်နေရပါ တော့တယ်။ ဂျိုမာ သူ့အမေကို အဆက်အသွယ်မလုပ်ဘဲ မုန်းနေတဲ့ အချက်ကတော့ သူငယ်ငယ်က သူ့အမေသူ့ကို အရက်သမားလူရမ်း ကားဖြစ်တဲ့အဖေနဲ့ စွန့်ပစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုခဲ့လို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အနေ​ဝေးခဲ့တဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံဆည်းပြီး ဘယ်လိုမေတ္တာတရားတွေ ပေါက်ဖွားလာမလဲဆိုတာကို နွေးထွေးဖွယ် ကြည့်ရှုရမယ့် Drama ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.5 GB) / (589 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Music Translator…….Thwal Htoo Zin Encoder……….SWM

6.4 2023 103 mins
Keys to the Heart
Butterfly Vision
6.5

ဒီဇာတ်ကားကတော့ ယူကရိန်းနဲ့ ရုရှားတို့ရဲ့ စစ်ပွဲကြားထဲကနေ နောက်ဆုံးတော့ ဘယ်သူတွေကပဲ အနစ်နာခံရ ဘယ်သူတွေကပဲ အဆုံးရှုံးခံခဲ့ရလဲဆိုတဲ့အကြောင်းကို ရိုက်ပြထားတာပါ ဇာတ်လမ်းအညွန်းကတော့ စစ်သုံ့ပန်းအနေနဲ့ ရုရှားမှာ နှစ်လကြာအောင်အဖမ်းခံခဲ့ရတဲ့ လီလီယာဆိုတဲ့ မိန်းကလေးဟာ နိုင်ငံချင်းသဘောတူညီမှုပေါင်းများစွာနဲ့ ပြန်လွတ်လာခဲ့ပါတယ် ထိုသိုလွတ်လာခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုပေါင်းများစွာခံစားခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ လူတောထဲပြန်တိုးဖို့က အရမ်းခက်ခဲလွန်းခဲ့တယ်။ ထိုအခက်အခဲတွေအပြင် အဖမ်းခံရစဉ်က မတော်မတရားပြုကျင့်ခံခဲ့ရတာကနေ အိမ်ပြန်ရောက်လာတော့မှ ကိုယ်ဝန်ရှိမှန်းသိသွားတဲ့အခါ ဘယ်လိုမျိုးပြန်လည်ရပ်တည်ဖို့ ကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.6 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

Drama
6.5 2022 107 mins
Butterfly Vision
[18+] Drive-Away Dolls
5.9

No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့ ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့ Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင် နေရာမှာတော့ Once Upon a Time… in Hollywood ထဲက Margaret Qualley နဲ့ Miracle Workers စီးရီးထဲက Geraldine Viswanathan တို့ ပါဝင်ထားပါတယ်။ အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း **************** လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက် တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။ တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက် ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင် အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာ အရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်က သူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာ လူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့ သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကို အသေအလဲ လိုက်ယူနေတာလဲ၊ လက်စ်ဘီယံနှစ်ယောက်နဲ့ ရွှေပန်းတု တစ်သေတ္တာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ တစ်ခွီးခွီးနဲ့ ကြည့်ရမဲ့ ဇာတ်လမ်းမျိုးပါ။ File size… 1.59GB /657MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama • Comedy
5.9 2024 84 mins
[18+] Drive-Away Dolls
What the Peeper Saw
5.8

IMDb Rating – 5.8/10 (18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ) မားကပ်စ်ရဲ့အမေရင်းဆုံးသွားပြီးတဲ့နောက် အယ်လီစ်က မားကပ်စ်ရဲ့အဖေပေါလ်နဲ့လက်ထပ်ခဲ့ပြီး သူတို့အိမ်ကိုပြောင်းနေခဲ့ပါတယ်။ မားကပ်စ်နဲ့စတွေ့ပြီးနောက်ပိုင်း အယ်လီစ်က မားကပ်စ် ရဲ့အပြုအမူတွေမူမမှန်တာ ထူးဆန်းနေတာကိုစတင်သတိထားမိလာပြီး မားကပ်စ်က သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး လျှို့ဝှက်ထားတာတွေရှိနိုင်တယ်လို့သံသယဝင်လာပါတော့တယ်။ အယ်လီစ်က အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားရင်း မိသားစုအတွင်းမှာဖြစ်လာတဲ့စိတ်ဖိစီးမှုတွေ,မယုံကြည်မှုတွေ, အလိမ်အညာတွေ နဲ့ နောက်ကွယ်ကအကြောင်းတွေ,လျှို့ဝှက်ချက်တွေ………. စတဲ့အကြောင်းတွေကိုpsychological thrillerဆန်ဆန် ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size… 3.6 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Crime / Drama / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Paing

Action • Adventure
5.8 1972 89 mins
What the Peeper Saw
Meet Me Next Christmas
5.8

ခရစ္စမတ်အချိန်ကာလရောက်တိုင်း မရိုးရအောင်ကြည့်ကောင်းနေကျ ခရစ္စမတ်အချစ်ကားတွေထဲမှာ ၂၀၂၄ အတွက်အသစ်ထွက်ရှိလာတာ ကတော့ Meet Me Next Christmas ပဲဖြစ်ပါတယ်။ လေဆိပ်ဧည့်စောင့်ခန်းမှာဆုံရင်း စိတ်ချင်းဆက်သွယ်မိခဲ့ကြတဲ့ လေလာနဲ့ဂျိမ်းစ်ဟာ နောက်နှစ်ခရစ္စမတ်မှာ လူလွတ်တွေဖြစ်ခဲ့ကြရင် သူတို့ကြိုက်တဲ့အဆိုတော်အဖွဲ့ရဲ့ရှိုးပွဲမှာပြန်ဆုံတွေ့ကြမယ်လို့ ချိန်းဆိုခဲ့ကြပါတယ်။ တစ်နှစ်အကြာမှာတော့ ခရစ္စမတ်မတိုင်ခင်နှစ်ရက်အလိုမှာ လူလွတ်ဖြစ်သွားခဲ့တဲ့လေလာဟာ ဂျိမ်းနဲ့သွားတွေ့ချင်ပေမယ့် ရှိုးပွဲလက်မှတ်က ဝယ်လို့မရတော့ပါဘူး။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်တာတောင်မရတဲ့အခါမှာတော့ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကိုအကူအညီတောင်းခံခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့ ဝန်ဆောင်မှုပေးသူတတ်ဒီဟာ လေလာနဲ့အတူ လက်မှတ်ရအောင် လိုက်ကြိုးစားပေးရင်း ချစ်ကြိုးသွယ်မိသွားခဲ့တာကြောင့် လေလာတစ်ယောက် တတ်ဒီနဲ့ဂျိမ်းစ်ကြားမှာတစ်ယောက်ကိုပဲ ရွေးချယ်ရဖို့ ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.62GB) / (883MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.8 2024 105 mins
Meet Me Next Christmas
Hide N Seek
7.1

Hide N Seek (2024) “တူတူပုန်းတမ်း” အသစ်ထွက်ရှိထားတဲ့ တေလဂူးလျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် တစ်ညသောအချိန်မှာ ပစ္စည်းပို့သမားတစ်ယောက် ခေါင်းကိုတုတ်နဲ့ အရိုက်ခံရပြီး သေဆုံးသွားတာကနေ စပါတယ် ဒါကိုအလောင်းစစ်ဆေးရာမှာ ဆိုင်ကယ်မှောက်လို့ ထိခိုက်ပြီးသေဆုံးရတယ်လို့ အတည်ပြုခဲ့ပေမယ့် ရဲစခန်းကိုရောက်လာတဲ့ အမည်မသိစာတစ်စောင်မှာ လူသတ်မှုလို့ ပြောထားပါတယ် နောက်တစ်ခါ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ ရှီဗာတို့ ဆေးကျောင်းမှာ သူငယ်ချင်းဖြစ်သူ တိုက်ပေါ်ကခုန်ချသေကြောင်းကြံသွားတဲ့အခါမှာတော့ အမည်မသိလူက ဒီတစ်ခါမှာတော့ ဒါကိုလူသတ်မှုဖြစ်ကြောင်း မီဒီယာကိုသတင်းပို့လိုက်ခဲ့အခါမှာ ဘယ်လိုအဖြေရှာကြမှာလဲ တရားခံကို ဘယ်လိုဖော်ထုတ်ကြမှာလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ Zwe Yan ~ ToMo တို့မှ ဖြစ်ပါတယ်

Drama • Romance
7.1 2024 134 mins
Hide N Seek
Chicken Curry Law
4.6

Chicken Curry Law 2019 (ကြက်သားဟင်းဥပဒေ) ယခုတစ်ခါမှာတော့ မင်းသမီးNatalia Janoszek, မင်းသားကြီး Ashutosh Rana နဲ့ Makrand Deshpandeတို ပါဝင်ထားတဲ့ မှုခင်းဒရာမာဇာတ်လမ်းကောင်း၊ ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ တစ်ရက် လမ်းမရဲ့အလယ်ခေါင်မှာ ကိုယ်တုံးလုံးနဲ့ နိုင်ငံခြားသူလေးတစ်ယောက် မေ့လဲနေတာကို မြင်တွေ့ခဲ့ကြရပြီးတော့ ရဲတွေလာရောက်စစ်ဆေးတဲ့အခါမှာတော့ မုဒိမ်းကျင့်စွန့်ပစ်သွားခဲ့တာဖြစ်ကြောင်းသိခဲ့ရပါတော့တယ်။ နိုင်ငံခြားသူလေးရဲ့ အမှုမှာ အဓိကတရားခံကတော့ ဝန်ကြီးရဲ့သားနဲ့ တူဖြစ်သူတိုဖြစ်ကြပြီးတော့ အာဏာရှိသူတွေပီပီ ဒီအမှုကို ဖုံးကွယ်ဖိုအတွက် လုပ်ကြပါတော့တယ်။ ဒီအခါမှာ ဒီအမှုနဲ့ ဘာမှမဆိုင်ပေမဲ့ သူကိုယ်တိုင်လည်း ဒီလိုအမှုမျိုးနဲ့ကြုံတွေ့ခဲ့ရပြီး အခုအခါမှာ NGOထောင်ထားပြီး နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘက်ကနေ လိုက်လံကူညီပေးနေတဲ့ ဆတ်တယာဆိုတဲ့ကောင်မလေးဟာ နိုင်ငံခြားသူလေးကို ကူညီပေးဖို ဖြစ်လာပါတော့တယ်။ ဒီကိစ္စမှာ အထက်အာဏာပိုင်တွေ ပါဝင်တဲ့အတွက် ဒီအမှုကိုလိုက်ဖို ရှေ့နေငှားတဲ့အခါမှာ ဘယ်သူကမှ မလိုက်ချင်ကြတဲ့အဆုံးမှာတော့ ဆတ်တယာတစ်ယောက် မှန်ကန်ဖြောင့်မတ်ပြီးတော့ အမှန်တရားကို လိုလားတဲ့ ရှေ့နေကြီး ဆီတာပတ်တီ ရှူကလာဆိုသူထံ အပူကပ်ရပါတော့တယ်။ ဆီတာပတ်တီ ရှူကလာဟာ ယခုအခါမှာဆိုရင် ရှေ့နေအလုပ်ကို မလုပ်တော့ဘဲ လမ်းဘေးမှာ မုန့်ရောင်းနေပါတယ်။ ဒီလိုနဲ့ အမှန်တရားကို လိုလားတဲ့ ဆတ်တယာတစ်ယောက် အမှန်တရားကို ချစ်မြတ်နိုးတဲ့ရှေ့နေကြီး ဆီတာပတ်တီကို ဒီအမှုလိုက်ဖိုအတွက် ဘယ်လိုတွေ စည်းရုံးသွားမလဲ ……. ဆီတာပတ်တီ ရှူကလာကရော ဒီအမှုကို လိုက်ပေးမှာလား …….. နောက်ဆက်တွဲ ဇာတ်လမ်းကရော ဘယ်လိုတွေ ဆက်ဖြစ်ဦးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Cym~ KKKZ~ V~ ZweYan တိုပဲဖြစ်ပါတယ်)

Adventure • Animation • Family
4.6 2019 127 mins
Chicken Curry Law