YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Being a Hero E04 CM.mp4

180.54 MB N/A video/mp4 481 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The First Time
7

ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး Britt Robertson ကလည်း စာရေးဆရာကြီး Nicholas Sparks ရဲ့ Movie adaptation ဖြစ်တဲ့ The Longest Ride, Tomorrowland စတဲ့ movie တွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ဖူးသူမို့ ဒီဇာတ်ကားက နာမည်ရမင်းသား၊ မင်းသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးတင်ဆက်ထားတဲ့ rating ကောင်းကောင်း‌ဇာတ်ကားကောင်းတစ်ကားပါလို့ ပြောပါရစေခင်ဗျာ။ File size…(1.6 GB)/(850 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Reality
7 2012 95 mins
The First Time
Haw

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ “A Dog’s Purpose” တို့ “Hachi: A Dog's Tale” တို့လို ဝုတို့ရဲ့စွန့်စားခန်းတွေ ဝုနဲ့ဝုမိဘတွေကြားက သံယောဇဉ်ဖွဲ့ဇာတ်လမ်းမျိုးတွေကို အကြိုက်တွေ့သူတို့အတွက် ဂျပန်ဇာတ်လမ်းလေး “Haw” ဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို ရှက်ကိုးရှက်ကန်းနဲ့တွန့်ဆုတ်နေတတ်တဲ့ကောင်လေးတစ်ယောက် နဲ့ မဟောင်နိုင်တဲ့ခွေးလေး “ဟောင်းဝ်” တို့ရဲ့ချစ်စဖွယ်ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းအစမှာတည်းက တာမီအိုက ကိုယ်နဲ့လက်ထပ်ဖို့ မင်္ဂလာခန်းမမှာတောင် ငှါးထားပြီးတဲ့အခြေအနေမှာပဲ ရည်းစားကနောက်တစ်ယောက်နောက်ပါသွားလို့ စော်ပစ်ကောင်လေးဖြစ်ပြီး ကြေကွဲလူငယ်ဖြစ်နေရှာတာပါ။ ဒီလိုနဲ့ တာမီအို့ရဲ့အသည်းကွဲနေ့ရက်တွေဆီ ဖွေးဖွေးဖြူနေတဲ့အမွှေးတွေနဲ့ စွန့်ပစ်ခံခွေးလေး “ဟောင်းဝ်” ရောက်လာခဲ့တယ်။ “ဟောင်းဝ်” ဆိုပြီးနာမည်တွင်သွားတာကတော့ အရင်သခင်က အသံကြိုးတွေကိုဖြတ်ထားခဲ့တာမို့ ဟောင်တဲ့အခါ ပုံမှန်ခွေးတွေလို “ဝုတ်, ဝေါင်း” လို့အသံမထွက်နိုင်ဘဲ “ဟောင်းဝ်” လို့ပဲအသံထွက်တာမို့ပါ။ ဒီလိုနဲ့ အတိတ်ဆိုးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ကောင် အချင်းချင်းအမှီသဟဲပြုနေကြရင်း တစ်နေ့မှာ တာမီအိုတစ်ယောက် ဟောင်းဝ်ကိုပျောက်သွားခဲ့တယ်။ ရောက်ရာအရပ်မှာ လူတိုင်းဆီကို ပျော်ရွှင်မှုတွေယူဆောင်ပေးတဲ့ ခွေးလေး “ဟောင်းဝ်” တစ်ကောင် သခင်နဲ့ဝေးကွာနေတုန်း ဘယ်လိုစွန့်စားခန်းတွေဖွင့်ရဦးမလဲ .. တာမီအို့ဆီပြန်ရောက်လာဦးမလားဆိုတာကို ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.78GB | 853MB | 420MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... Aaron

Drama • Science Fiction
null 2022
Haw
Thunderbird
5

၂၀၂၂ ခုနှစ်ထွက် ရုပ်ရှင်သစ်လေး Thunderbird ကတော့ မှုခင်းအက်ရှင်ကိုကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ လောင်းကစားသမားတစ်ဦးဖြစ်တဲ့ ကင်ထယ်မင်းဟာ တစ်နေ့မှာတော့သူ့ဘဝအလှည့်အပြောင်းဖြစ်သွားစေမယ့်ပမာဏကိုနိုင်ခဲ့ပြီးတော့ Thunderbird ဆိုတဲ့ တန်ဖိုးကြီးကားတစ်စီးကို ရရှိခဲ့တဲ့အပြင် ငွေသားများစွာပါပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကားကိုရောကားထဲကပိုက်ဆံတွေကိုပါ ဆုံးရှုံးဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အစ်ကိုဖြစ်သူ ထယ်ဂယွန်းရယ်၊ ရည်းစားဖြစ်တဲ့ မီယောင်းရယ်နဲ့အတူ ကားကိုလိုက်ရှာရင်း အဲ့ဒီသည်းထိတ်ရင်ဖိုတစ်ညတာအတွင်းမှာ ဘယ်လိုအဖြစ်တွေကြုံတွေ့ရမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့တော့ မင်းသားသစ် Lee Myung Ro ၊ မင်းသမီးသစ် Lee Seol နဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် Seo Hyun Woo တို့ကအဓိကပါဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 555MB | 247MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Action • Adventure • Drama
5 2022 97 mins
Thunderbird
(18+) Naked Killer
5.5

IMDb - 6.0/10_____Rotten - 80% ဟောင်ကောင်မင်းသမီး Chingmy Yau ကို Naked Killer (1/2) ဇာတ်ကားတွေနဲ့ မှတ်မိကြတဲ့အထိ ဒီဇာတ်ကားတွေမှာ သူမအနေနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့ပါတယ်။ Naked Killer ဇာတ်ကားက  Naked Weapon(2002) လို ခပ်မိုက်မိုက် ခပ်လန်းလန်း ဟောင်ကောင်ဂျက်မအမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကျောရိုးလေးကတော့ ... တီနမ်လို့ခေါ်တဲ့ ဟောင်ကောင်ရဲတစ်ယောက်ဟာ အမှုတစ်ခုမှာ မတော်တဆဖြစ်ပြီး ညီဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ စိတ်ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်နေ့တော့ ဟောင်ကောင်ကနေ ပြောင်းလာတဲ့ ကစ်တီဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွယ်ခဲ့မိပါတယ် ... ပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံဆိုးမိုးမှောင်ကျလာခဲ့တာကတော့ ကတ်တီရဲ့ အဖေဖြစ်သူ အသတ်ခံလိုက်ရတာပါပဲ.... ကစ်တီဟာလည်း ပြန်လည်လက်စားချေရင်း ကြေးစားလူသတ်သမားတစ်ယောက် ဘဝကို ရောက်ရှိသွားပါတော့တယ်...။ ဒီတော့ ရဲတစ်ယောက်နဲ့ လူသတ်သမားတစ်ယောက်တို့ရဲ့ မေတ္တာရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ....။ ခပ်ဟော့ဟော ခပ်ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်တဲ့အတွက် အရွယ်မရောက်သူ ကလေးသူငယ်များတော့ကြည့်လို့ အဆင်မပြေပါဘူး။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:33:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by TTP Encoded by RGB

Action • Drama • History
5.5 1992 100 mins
(18+) Naked Killer
Poupelle of Chimney Town
7

IMDb Rating - 6.4/10 Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။ အဲ့မြို့ကလူတွေက‌တော့ "ဟာ ဒီကောင် င‌ပေါကြီး" ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ "Poupelle of Chimney Town" ကို anime အဖြစ် ပုံဖော်ထားတဲ့ကားလေးဖြစ်ပြီး ဇာတ်လမ်းရော animation ကရော ကောင်းတဲ့ထဲပါတာမို့လို့ ကြည့်ရှူဖို့အတွက် recommend ပေးပါတယ်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.6 GB) / (850 MB) / (550 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Family, Fantasy Translator.......Khant Sett Naing Encoder..........SWM

Adventure • Animation • Comedy • Family • Fantasy
7 2020 100 mins
Poupelle of Chimney Town
In the Line of Duty 4
6.8

မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခု ၄ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 4 (1989) ဇာတ်ကားကို The Witness လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသားကြီး Donnie Yen နဲ့ ဟောင်ကောင်ဂျက်မအဖြစ် မင်းသမီး Cynthia Khan တို့ အဓိကပါဝင်ထားပါတယ်။ Donnie Yen တို့က အမေရိကန်မှာ မူးယစ်ဆေးရောင်းဝယ်ရေးလုပ်နေတဲ့ အခင်းအခြေအနေကို ဝင်စီးတဲ့အခါမှာ အဖွဲ့ဝင်တစ်ယောက် ကျည်ထိမှန်ပြီးသေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီအခြေအနေကို မှတ်တမ်းအဖြစ် ရိုက်ကူးထားတဲ့ဖလင်လိပ်က လမ်းမှာဖြတ်လျှောက်သွားတဲ့ ရှောင်လျို့လက်ထဲကို အမှတ်မထင်ရောက်ရှိသွားတဲ့အချိန်ကစပြီး သူ့ခမျာကံဆိုးမိုးမှောင်ကျတာပါပဲ။ ဒီပြသနာတွေမှာ အကောင်ကြီးကြီးတွေပါဝင်ပတ်သက်နေတာမို့ မျက်မြင်သက်သေဖြစ်တဲ့ ရှောင်လျို့တစ်ယောက် ဘာကိုမြင်လိုက်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ...။ IMDb Rating(7.1) ထိ ရရှိထားပြီး Donnie Yen နဲ့ဟောင်ကောင်ဂျက်မတို့ရဲ့ အပီအပြင်ဖိုက်ခန်းတွေကြောင့် Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(1.9 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jo Jo Va

Action • Adventure • Family • Science Fiction
6.8 1989 94 mins
In the Line of Duty 4
Nana’s Boys
46

Nana’s Boys (2022) ============== ဒီတစ်ခေါက်ပရိတ်သတ်ကြီးအတွက် ခပ်အေးအေး BL Drama အမျိုးအစားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ကြေကွဲဖွယ်ရာအရိပ်အယောင်တွေ ပြည့်နေတဲ့ လူနှစ်ယောက် သူတို့ဆက်ဆံရေးကအရင်လို မခိုင်မြဲတော့တာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ် ဝင်တစားရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းကောင် လေးတစ်ပုဒ်ပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… အမာရီလို့ခေါ်တဲ့ ကောင်လေးရဲ့မွေးနေ့ကို သူ့ရဲ့ဘဲကြီးဖြစ်တဲ့ Q က အစီအစဉ်တွေအပြည့်ချထားပါတယ်။ မွေးနေ့မှာ သူငယ် ချင်းတွေနဲ့ ပါတီတွေလည်းဆင်နွှဲမယ်၊ နောက်နေ့ခရီးပါထွက် မယ်‌ပေါ့။ ဒါပေမဲ့ သူတို့မထင်မှတ်ထားတာက အနားမှာပေါက် ကွဲမှုတစ်ခုဖြစ်ပြီး လူတွေကိုအပြင်မထွက်ရအမိန့်ထုတ်လိုက် တာပါ။ ဒါကြောင့် Q တစ်ယောက် သူစီစဉ်ပေးထားတာတွေ ပျက်ကုန်လို့စိတ်ကုန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ကပဲ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကြားက အထစ်အငေါ့လေးတွေကို နှစ်ယောက်သား သေချာအချိန်ယူပြီး ဆွေးနွေးပြောပြတိုင်ပင် ခွင့်ရသလို ဖြစ်ခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.4 GB) / (421 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 18Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….June Encoder……….SWM

46 2022 80 mins
Nana’s Boys
[18+] Rule 34
5.6

Rule 34 (2022) နေ့ခင်းဘက်မှာ ရှေ့နေကျောင်းသူ ညဘက်မှာ Cam Girl ဒီရုပ်ရှင်ကတော့ ဘရာဇီးနဲ့ ပြင်သစ် ဖက်စပ်ရိုက်ကူးထားတဲ့ ပေါ်တူဂီစကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်နာမည်ကိုတော့ အင်တာနက်စကားလုံးတစ်ခုဖြစ်တဲ့ Rule 34 ကိုယူမှည့်ထားတာပါ။ Rule 34 ဆောင်ပုဒ်ကတော့ ” If it exist, there’s a porn of it ” တဲ့။ စိတ်ဝင်စားရင်တော့ Rule 34 အကြောင်းကိုယ့်ဖာသာ သင်ယူလေ့လာနိုင်ပါတယ်။ ပညာရစရာတော့မရှိဘူးပေါ့။ ဒီရုပ်ရှင်ကို Rule 34 လို့ ဘာကြောင့်ပေးထားသလဲ အတိအကျအဖြေတစ်ခုတော့မရှိပါဘူး။ ဒီရုပ်ရှင်ထဲမှာ ရှေ့နေတွေအနေနဲ့ သီအိုရီတွေပြောကြတဲ့အခါ ဖြစ်ပျက်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်း ဆွေးနွေးခန်းတွေပါဝင်ပါတယ်။ ပညာရစေတဲ့ အပိုင်းလေးတွေပေါ့။ ဆီမွန်က နေ့ဘက်ဆိုရင်တော့ အမျိုးသမီးဦးတည်အကြမ်းဖက်မှုတွေကို အဓိကဖြေရှင်းရတဲ့ အစိုးရရှေ့နေကျောင်းသူတစ်ယောက်ပါ။ ညဘက်မှာတော့ Chaturbate ကနေ အဖော်အချွတ်မယ်အဖြစ် Side Hustle လေးလုပ်တယ်ပေါ့လေ။ ဒီနေရာမှာ ပြောစရာရှိတာကတော့ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းဘူးဆိုတာပါပဲ။ သူ့အနေနဲ့ သာမန် Cam Girl အ‌ဖြစ်ကနေ Viewer တွေတောင်းဆိုတဲ့အတိုင်းလုပ်ရာက BDSM ဘက်ကိုပါ တဖြည်းဖြည်းကူးသွားပါတယ်။ အမျိုးသမီးတွေကို ဖိနှိပ်မှုအတွက် ရှေ့နေလိုက်ပေးရင်းတပြိုင်နက် သူ့ရဲ့ အလိုရမ္မက်တွေကိုလည်း လက်မလွှတ်နိုင်တဲ့အခါ အလုပ် ၂ ခုကြားပွတ်တိုက်မှုတွေဖြစ်လာပါတယ်။ ရုပ်ရှင်က အဖော်အချွတ်ခန်းများများပါပေမဲ့ အေးတယ်လို့ ပြောနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ပြောလိုက်ရင်အကုန်ပါသွားနိုင်တာမလို့ စိတ်ဝင်စားရင်တော့ ကိုယ်တိုင်ပဲကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ဘာကိုပညာပေးသလဲ… ဘာကိုချပြချင်သလဲ… ဆိုတာကတော့ ကြည့်ရှုတဲ့လူတွေအပေါ်မှာပဲမူတည်ပါလိမ့်မယ်။ လူဆယ့်ရှစ်ယောက်စုကြည့်ရမယ့်ကားဖြစ်တဲ့အပြင် နားကြပ်လေးလည်း မပါမဖြစ်တပ်ပြီးကြည့်မှ အဆင်ပြေမယ့်ရုပ်ရှင်မျိုးပါ။ လူတွေရဲ့ အမှောင်ဘက်ခြမ်းဟာ အမြဲရှိတဲ့အရာဆိုပေမဲ့ တစ်ခါတလေသိပ်ကြောက်ဖို့ကောင်းပါတယ်။ ဒါကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီပေါ်တူဂီစကားပြော ဒရာမာကားလေးကို မြည်းကြည့်ကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 795MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by RGB

5.6 2022
[18+] Rule 34
Summer Solstice

လိင်ပြောင်းခွဲစိတ်ထားတဲ့ လီယိုဆိုတဲ့ကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်း အဖြောင့်မလေး အယ်လန်နောတို့ဟာ မတွေ့ဖြစ် မဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက် နွေရာသီအားလပ်ရက်ခရီးစဉ်တစ်ခုကို အတူတူထွက်လာခဲ့ကြပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်မှာပဲ သူတို့ရဲ့ လျှို့ဝှက်ချက်ဟောင်းတွေ ပေါ်ထွက်လာကြပြီး ရင်ဆိုင်မှုအသစ်တွေ တွေ့ကြုံရကာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါ်ထွက်လာကြပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် LGBT ဟာသဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.5 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Summer Solstice
The Cure
7.7

The Cure (1995) IMDb Rating (7.7) / Rotten Tomatoes (45%) ဒီကားလေးကတော့ Monster ( 2023 ) လို Vibe လေးရစေမယ့်ကားလေးပါ။ ကြည့်ပြီးရင် ရင်ထဲမှာ ဟာတာတာကြီးကျန်ခဲ့ပြီး တစိမ့်စိမ့်တွေးမိနေမယ့် ကလေးနှစ်ယောက်ကြားက ဖြူစင်တဲ့ခင်မင်မှုလေးပေါ့။ ဇာတ်လမ်းလေးကကျ ဒက်စ်တာဆိုတဲ့ကောင်လေးက ကလေးဘ၀တုန်းက သွေး‌ပြောင်းသွင်းရင်းကနေ AIDS ရလိုက်တာ။ အခြားကလေးတွေနဲ့လည်းအတူမဆော့ရပဲ တစ်ယောက်တည်းနေရင်းကနေ တစ်နေ့ကျ အိမ်ပြောင်းတော့ အဲရစ်ဆိုတဲ့ ဘေးအိမ်က ကောင်လေးနဲ့ခင်မင်သွားကြတယ်။ အဲ့ဒီခေတ်က AIDS ဆိုတာက Gay တွေမှာအဖြစ်များတာမို့ ဒက်စ်တာကအမြဲတမ်းအဲ့တာကြောင့်အနိုင်ကျင့်ခံရတာတွေကို အဲရစ်က ကာကွယ်ပေးလေ့ရှိတယ်။ ဒက်စ်တာရဲ့ရောဂါပျောက်ဖို့အတွက် ကုသဆေးကိုရအောင်ရှာမယ်လို့ အဲရစ်က ဆုံးဖြတ်လိုက်ပြီး ဆေးရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိသားစုနဲ့အတူလည်းကြည့်လို့ရပြီး ကြည့်မိလို့နောင်တရမယ့် ကားမျိုးမဟုတ်ပါဘူး။ 1995 ကကားလေးပေမယ့် ဒီလိုကားလေးတွေကြိုက်ရင် ရွှေပါပဲ။ ရောဂါသည်ကောင်လေးနဲ့ အိမ်တွင်းရေးမကောင်းတဲ့ကောင်လေးနှစ်ယောက်ရဲ့အမြင်ဘက်ကနေ ကလေးအတွေးလေးနဲ့ ဆေးရှာဖို့ ဘယ်လိုတွေစွန့်စားခန်းဖွင့်ပြီး ဘယ်လိုမျိုးလေးအဆုံးသတ်သွားမလဲ ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Drama, Family Duration….01:38:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

7.7 1995 97 mins
The Cure
Blended Christmas
6.2

Blended Christmas (2024) IMDb Rating (6.2) လက်ထပ်ပြီးခါစ ကြင်စဉီးဇနီးမောင်နှံနှစ်ယောက်ဟာ ဟန်းနီးမွန်းခရီးထွက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အမျိုးသားဖြစ်သူရဲ့ ဇနီးဟောင်းဟာ ရုတ်တရက်ကားအက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံတင်လိုက်ရတဲ့အထိဖြစ်သွားပါတယ်။ ဒီလိုနဲ့ အမျိုးသားဟာ သူ့ရဲ့အရင်မိန်းမနဲ့ရထားတဲ့ ကလေးနှစ်ယောက်ကို ဒီတိုင်းမချန်ခဲ့နိုင်ဘူးဆိုပြီး သူ့အရင်မိန်းမကို သွားကြည့်ရင်း ကလေးတွေကို ခဏတဖြုတ်အုပ်ထိန်းဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်တဲ့ ဟန်နီးမွန်းကို မသွားလိုက်ရတဲ့ ဇနီးသစ်လေးက အမျိုးသားအပေါ် ကတောက်ကစဖြစ်လာပါတယ်။ ခရစ်စမတ် အချိန်ကလည်း ရောက်လုနီးပြီဖြစ်၊ ကောလိပ်ကတည်းက ချစ်ကြိုက်လာကြပေမယ့်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာဝေးကွာခဲ့ရတဲ့ ဇနီးဖြစ်သူဟာ ဆုံးရှုံးခံရတဲ့မိခင်ဖြစ်သူအကြောင်းစဉ်းစားမိရင်း သူနောက်ထပ်အရမ်းချစ်ရတဲ့ ခင်ပွင်းဖြစ်သူကိုပါ ဆုံးရှုံးရတော့မှာကို ​တွေးယောင်ပြီး ဝမ်းနည်းနေရှာပါတယ်။ ဒါပေမဲ့ နတ်သမီးတစ်ယောက်က လူဖြစ်ဟန်ဆောင်ပြီး ဇနီးဖြစ်သူကို အဘက်ဘက်ကနေ ကူညီပေးတဲ့အခါမှာတော့ မင်းသမီးတို့ မိသားစု ခရစ်စမတ်ကို လူစုံတက်စုံဘယ်လိုဖြတ်သန်းကြမလဲဆိုတာကို ရသမျိုးစုံခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.6 GB) / (780 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Family Duration….01:23:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Comedy • Drama
6.2 2024 82 mins
Blended Christmas
Hisaab Barabar
6.1

Hisaab Barabar (2025)”အကြွေ” ========================= Vikram Vedha တို့ 3 idiots တို့လို ရုပ်ရှင်ကောင်းတွေမှာပါဝင်ခဲ့ပြီး ရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့ မင်းသားကြီး မာဒေဗန်းရဲ့ အသစ်ထွက်ထားတဲ့ ရုပ်ရှင်ကောင်းနောက်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့ ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။ ၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊ ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊ စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊ အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီး ဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။ ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊ ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင် လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေ ပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကို စာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ။ ၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလို ကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ကွယ်က scam တွေကို ဖော်ထုတ်ဖို့ကြိုးစားရာကနေ နောက်ဆက်တွဲတွေကြုံတွေ့ရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Thriller • Crime • Drama • Mystery
6.1 2025 112 mins
Hisaab Barabar
The Million Dollar Hotel
5.7

The Million Dollar Hotel (2000) IMDb Rating (5.7) ဒီဇတ်ကားမှာတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆန်(Mel Gibson) မီလာဂျိုဗိုဗစ်ချ် ( Milla Jovovich) နဲ့ ဂျယ်ရမီဒေးဗစ်(JeremyDavid)တို့ ပါဝင်ထားကြပါတယ်။ ဒါရိုက်တာက Wim Wenders ဖြစ်ပါ တယ်။2000ခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်း လော့စ်အိန်ဂျယ်လိစ် မြို့လယ်မှာ “မီလီယံဒေါ်လာလို့”ခေါ်တဲ့ဟိုတယ်တစ်ခုရှိပါတယ်။ ဟိုတယ်မှာနေတဲ့သူတွေက လော်ဘီ(ဧည့်သည်စောင့်တဲ့ခန်းမ)လို့ခေါ်တဲ့နေရာမှာ တီဗွီကြည့်ရင်း ခေတ်ဟောင်းတုန်းကအကြောင်းတွေပြောရင်း အချိန်ဖြုန်းတတ်ကြတဲ့ ခပ်ကြောင်ကြောင်လူတစ်စုရှိပါတယ်။ သူတို့အထဲမှာ အများက တွမ်တွမ်(ဂျယ်ရမီဒေးဗစ်)လို့ခေါ်တဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်နေတဲ့ကောင်လေးလည်းပါပါတယ်။ တစ်နေ့မှာ ဟိုတယ်မှာနေနေတဲ့ အစ်ဇီဂိုးလ်ကစ်လို့ခေါ်တဲ့လူတစ်ယောက်ဟိုတယ်ခေါင်မိုးပေါ်ကပြုတ်ကျပြီးသေသွားပါတယ်။သူ့ကို အိမ်မဲ့ယာမဲ့လို့သိထားပေမဲ့သူက မီဒီယာသူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ်သတ်သေတာမဖြစ်နိုင်ဘူးဆိုပြီးသူဌေးကြီးကဆီးနိတ်အမတ်ကိုပြောတဲ့အတွက်အက်ဖ်ဘီအိုင်နဲ့လော့စ်အိန်ဂျယ်လိစ်ရဲဌါတို့အမှုကိုလိုက်ပါတယ်။ အက်ဖ်ဘီအိုင်က စုံထောက်စကင်းနား(မဲလ်ဂစ်ဘ်ဆင်)က အစ်ဇီနဲ့ရင်းနှီးတဲ့သူတွေကို လူသတ်သမားလို့သံသယထားပြီး အမှုကိုစုံစမ်းပါတယ်။ ဟိုတယ်ကလူကြောင်အုပ်စုကစကင်းနားကိုသူတို့ထက်ပိုရူးတယ်လို့သတ်မှတ်လိုက်ပြီးကြောက်သွားကြပါတယ်။ မီဒီယာသူဌေးကြီးရဲ့သားအမှုဖြစ်တဲ့အတွက် မီဒီယာတွေကလည်း တွေ့ဆုံတာတွေမေးမြန်းရုပ်သံလွှင့်တာတွေလုပ်လာပါတယ်။ ရက်ဒ်အင်ဒီးယန်းဂျီရွန်နီမိုကိုအင်တာဗျူးရိုက်ရင်းနဲ့နောက်ခံကကတ္တရာစေးနဲ့ပုံဖော်ထားတဲ့ ပန်းချီကားကို အစ်ဇီဆွဲတာလို့ချန်နယ်၆ရုပ်သံကထုတ်လွှင့်လိုက်တဲ့အခါ သူတို့အုပ်စုလည်းချော်လဲရောထိုင်ပြီးလူတွေကိုယုံအောင်လုပ်ပြီးပန်းချီကားတွေကိုစျေးကြီးကြီးနဲ့ရောင်းနိုင်ရင် သူတို့ရဲ့ဘဝတွေလည်းပြောင်းလဲမယ်ဆိုပြီးတက်ညီလက်ညီနဲ့ဇတ်လမ်းထွင်ကြပါတယ်။ အဲဒီအတောအတွင်းတွမ်တွမ်ကသူတစ်ဖက်သတ်ကြိုက်နေတဲ့ ညငှက်မလေးအယ်လွိစ်(မီလာဂျိုဗိုဗစ်ချ်)နဲ့ရင်းနှီးသွားပါတယ်။ စကင်းနားကအယ်လွိစ်ကိုတွမ်တွမ့်အခန်းကိုလွှတ်ပြီးသူတို့ပြောတာတွေကိုအသံဖမ်းစက်နဲ့ခိုးနားထောင်ပါတယ် ။ တွမ်တွမ့်ကို စားသောက်ဆိုင်ခေါ်ကျွေး အစ်အောက်ပြီးဂျီရွန်နီမိုကလူသတ်သမားလို့စကင်းနားကကောက်ချက်ချပြီးဖမ်းလိုက်ပါတယ်။ ဂျီရွန်နီမိုပိုင်တဲ့ အစ်ဇီဆွဲတာလို့ဂျင်းထည့်ထားတဲ့ပန်းချီကားရောင်းမယ့်အစီအစဥ်ပျက်မလိုဖြစ်လာတဲ့အခါဂျီရွန်နီမိုအစား လူသတ်တရားခံအဖြစ်တွမ်တွမ်ကိုဝန်ခံပေးဖို့တိုက်တွန်းလို့တွမ်တွမ်ကသူခေါင်မိုးကနေတွန်းချတဲ့အကြောင်းရုပ်သံရိုက်ကူးပြီးဝန်ခံလိုက်ပါတယ်။ လူကြောင်အုပ်စုရဲ့ပန်းချီကားရောင်းတဲ့ကိစ္စအောင်မြင်မလား တရားခံအစစ်ကဘယ်သူလဲ မထင်မှတ်တာတွေဘာဆက်ဖြစ်မလဲဆိုတာဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ထူးခြားချက် ဇတ်ညွှန်းရေးသူတွေနဲ့ဒါရိုက်တာကတော့ အက်ဘီအိုင်(FBI) ပန်းချီဆရာလောက ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူတွေရဲ့လောက ရုပ်သံလွှင့်မီဒီယာတွေအကြောင်းနဲ့တေးဂီတဝိုင်းတွေရဲ့အကြောင်းကိုပါးပါးလေးသရော်ထားပါတယ်။ သရော်ထားပေမဲ့အရှိတရားတွေလည်းဖြစ်နေနိုင်ပါတယ်။အတွေးစတွေချန်ပေးထားခဲ့ပါလိမ့်မယ်။ “ဘုရားသခင်က လူဖြူဖြစ်ရမယ်”ဆိုတာလေးရဲ့နောက်မှာလည်းပြောချင်တာတွေအများကြီးရှိပါလိမ့်မယ်။ လူတွေနဲ့ အတ္တမာန( Ego)အကြောင်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်သလိုအကြောင်းပြချက်မရှိတဲ့ unconditionallove ကိုလည်းပုံဖော်ပြထားပါသေးတယ်။ သဘောကျစရာကောင်းတဲ့ဇတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ကြည့်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (2.3 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….02:02:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

5.7 2000 122 mins
The Million Dollar Hotel
Simona Kossak
6.1

Simona Kossak (2024) IMDb Rating (6.1) ဆီမိုနာ ကိုဆတ်ခ် ဟာ ပိုလန် ဇီ၀ပညာရှင်၊ဂေဟဗေဒနဲ့သစ်တောသိပ္ပံပေါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံတွင်း သဘာ၀ဂေဟစနစ်ရဲ့ကျန်ရှိနေသေးတဲ့အစိတ်အပိုင်းတွေကိုထိန်းသိမ်းရေးတွေ၊ တောနဲ့တောအုပ်ထဲတိရိစ္ဆာန်တွေကို ကာကွယ်ဖို့အတွက်လျှပ်စစ်မီးမရှိ ရေမရှိတဲ့ တောထဲက အိမ်တစ်လုံးမှာ တောရိုင်းတိရိစ္ဆာန်တွေနဲ့အတူနေထိုင်ရင်းကြိုးစားရုန်းကန်ခဲ့သူပါ။ ဒီဇာတ်ကားကတော့ သူ့ဘ၀ခရီးကြမ်းရဲ့အစိတ်အပိုင်းတစ်ခုကို ပုံဖော်ထားတာဖြစ်ပြီး၊ ဆီမိုနာရဲ့ခေါင်းမာမှု၊ ဇွဲလုံ့လ၊ အမျိုးသားတွေကြီးစိုးတဲ့ နယ်ပယ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်ရင်ဆိုင်ရတဲ့အခက်အခဲနဲ့စိန်ခေါ်မှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Biopic ဆိုပေမယ့် ပျင်းစရာကောင်းမနေပဲ အဆုံးထိအလွယ်တကူဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ တောနဲ့တောရိုင်းတိရိစ္ဆာန်တွေ သဘာ၀ကိုမြတ်နိုးသူတွေ မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History Duration….01:41:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
6.1 2024
Simona Kossak
Le Grand Chef
6.5

Le Grand Chef (2007) IMDb 6.5 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ Le Grand Chef (2007) ဒီကားလေးထဲမှာတော့ Wonderful World ထဲမှ မင်းသား Kim Kang-Woo ၊ အားလုံး ရင်းနှီးနေပြီးသား ဇာတ်ပို့သရုပ်ဆောင်ကြီး Lim Won-Hee နဲ့ Voice ထဲမှ မင်းသမီး Lee Ha-Na တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ် – ဇာတ်လမ်းအကျဉ်း – ‌ဂျိုဆွန်းခေတ်က ဂျပန်တွေရဲ့ ကိုလိုပြုမှုကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခခံစားနေရချိန်မှာ ဘုရင်ဆွန်းဂျုံးလည်း အစားစားခြင်းကို ရပ်တန့်လိုက်ပါတယ် ဒါကြောင့် စားတော်ဆက်သဖို့သူ မရှိတော့တဲ့ တော်ဝင်စားဖိုမှူးလည်း သူ့လက်သူခုတ်ပစ်ပြီး တိုင်းပြည်နဲ့ ဘုရင်အပေါ် သစ္စာရှိမှုကို ပြသခဲ့တာပေါ့ ဂျပန် ‌‌ဗျူရိုကရက်အရာရှိလည်း တော်ဝင်စားဖိုမှူးရဲ့ ခံယူချက်ကြောင့် စိတ်လှုပ်ရှားခံစားသွားရပြီး ဓားနဲ့အတူ ဂျပန်ကို ပြန်သွားခဲ့ပါတယ် နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ အဖေ့ရဲ့အပြစ်တွေကို ပြန်လည်ဆေးကြောဖို့အတွက်ဗျူရိုကရက်အရာရှိရဲ့ သားဖြစ်သူက တော်ဝင်စားဖိုမှူးရဲ့ဓားကို ကိုးရီးယားလက်ထဲ ပြန်လည်ပေးအပ်ခဲ့ပြီး အဆိုပါဓားနဲ့ တော်ဝင်စားဖိုမှူးနေရာကို ဆက်ခံမဲ့သူကို ရွေးချယ်ဖို့အတွက် ဟင်းချက်ပြိုင်ပွဲကြီး ကျင်းပမှာဖြစ်ကြောင်း တစ်နိုင်ငံလုံးအနှံ့ကို ကြေညာလိုက်ပါတော့တယ် ဒီပြိုင်ပွဲမှာ တော်ဝင်စားဖိုမှူးရဲ့ တပည့်နှစ်ဦးရဲ့ မြေးတွေဖြစ်ကြတဲ့ ဆောင်းချန်း (Kim Kang-Woo) နဲ့ အိုဘုံးဂျူ (Lim Won-Hee) တို့ ပါဝင်ယှဉ်ပြိုင်ဖြစ်သွားကြတဲ့အခါမှာတော့… တော်ဝင်စားဖိုမှူးရဲ့ ဓားကို ဆက်ခံခွင့်ရသွားမဲ့ စစ်မှန်တဲ့ပိုင်ရှင်က ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးရှင်။ (အညွှန်းကိုတော့ Hnin Wai Oo က ရေးသားထားပါတယ်) File Size ~~~ 3.48 GB/ 1.34 GB Quality ~~~ WEB-DL/ 1080p/ 720p Duration~~~1:54:22 Format~~~mp4 Genre ~~~Comedy, Drama Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Hnin Wai Oo Encoded by~~~ Treasure Htet

Action
6.5 2007
Le Grand Chef