YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Behind the Revenge (2023) (Ep19)_720p.mp4

341.02 MB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mary Is Happy, Mary Is Happy
7.4

အိမ်နီးချင်း ထိုင်းရုပ်ရှင်တွေကတော့ Minimalist style နဲ့ ကမ္ဘာပတ်နှင့်နေပါပြီ။ ဒါရိုက်တာ Nawapol လို့ကြားရင် သိတဲ့သူက သိနိုင်ကြပေမယ့် သာမန်ရုပ်ရှင်ချစ်ပရိတ်သတ်အဖို့တော့ သူ့ကိုမသိတောင် သူ့ကားတစ်ချို့ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၁၉တုန်းက မြန်မာပြည်မှာ ရုံတင်သွားတဲ့ Happy Old Year လို၊ တစ်ချိန်က လူငယ်အတော်များများကြိုက်ခဲ့ကြတဲ့ Heart Attack လို၊ မနှစ်တုန်းက ထွက်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fast and Feel Love တို့လိုကားတွေကိုတော့ ရင်းနှီးကြမှာပါ။ အခု ဒီကားကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတစ်ခုပါ။ ဆု ၆ဆု နဲ့ စကာတင် ၁၁ခု ဆိုတာလောက်ကို စာရင်းထဲ ထည့်ပြောမနေချင်ရင်တောင် ရုပ်ရှင်ရဲ့ World Premiere လို့ခေါ်တဲ့ ပထမဆုံး စ,ပြတာကို ဗင်းနစ်ရုပ်ရှင်ပွဲတော် (Venice Film Festival) မှာ ပြခွင့်ရခဲ့တာဖြစ်ပြီး Asia Premiere ကိုတော့ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့တာဖြစ်လို့ အထင်ကြီးစရာကောင်းနေပါပြီ။ အမွှန်းတင်တာတွေ အသာရပ်ပြီး ဇာတ်ကားအကြောင်းဘက် လှည့်ရမယ်ဆိုရင်တော့... အထက်တန်းနောက်ဆုံးနှစ်ဝက် ကျောင်းသူလေးတစ်ယောက်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု၊ မေတ္တာသက်ဝင်မှု၊ ခင်မင်တွယ်တာမှု စတာတွေနဲ့ မထင်မှတ်ထားတဲ့ဆုံးရှုံးမှုတစ်ခုနောက်ပိုင်း နေ့စဉ်ဘဝရဲ့ အပြောင်းအလဲ၊ လက်ခံပြီးရှေ့ဆက်ဖို့ ကြိုးစားရဦးမယ့် အနာဂတ်၊ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓါတ် အတက်/အကျတွေကို လိုက်ပါခံစားရမယ့် Coming of Age Comedy Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာမှာ Comedy ကတော့ Dark Comedy ဘက်ကိုသွားပါတယ်။ အပြင်မှာတကယ်ရှိတဲ့ မယ်ရီလွန်နီဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကောင်မလးရဲ့ တွစ်တာပို့စ် (Tweets) အခုပေါင်း ၄၁၀ ပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ရုပ်ရှင်ပါ။ ဆိုရှယ်မီဒီယာဆိုတာ လူတစ်ချို့အတွက် ထွက်ပေါက်ပါ။ ဒီလိုမျိုး တစ်စုံတစ်ယောက်အတွက် ဖြစ်ခဲ့တဲ့ထွက်ပေါက်ဟာ ဒါရိုက်တာအတွက်တော့ လိုက်လျှောက်ရာ လမ်းကြောင်းဖြစ်ခဲ့ပုံပါပဲ။ ကြည့်ရှုသူတချို့လည်း ထပ်တူခံစားမိကြမှာပါ။ တစ်ခုရှိတာကတော့ ဒီကားက လူတိုင်းအတွက်တော့ မဟုတ်လောက်ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... အပြင်က မယ်ရီတစ်ယောက်လည်း ပျော်ရွှင်နိုင်ဖို့ ဆုတောင်းမိပါရဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 7Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Romance
7.4 2013 127 mins
Mary Is Happy, Mary Is Happy
Beyond the Universe
8

နာမည်လေးက နီနာဆွာစ် တဲ့ ... ပါရမီပါတဲ့အပြင် စန္ဒယားတီးတာကို ငယ်စဥ်ကတည်းက ဝါသနာပါသလို သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နာမည်ကြီးတေးဂီတဝိုင်းမှာ ပါဝင်တီးပြနိုင်ဖို့ ကြိုးစားနေသူပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသက်ငယ်ငယ်မှာတင် Lupus ဝေဒနာကိုခံစားရတယ်။ တဖြည်းဖြည်းနဲ့ရောဂါကပြင်းထန်လာပြီး ကျောက်ကပ်ကိုပါ ထိခိုက်လာပြီး ဆေးရုံဆိုတာကလည်း အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေရတော့တာပေ့ါ။ ဒီလိုနဲ့တစ်နေ့မှာ သဘောမနော ကောင်းတဲ့ ဂါဘရီရယ်ဆိုတဲ့ အလုပ်သင်ဆရာဝန်လေးနဲ့ မထင်မှတ်ပဲတွေ့ဆုံကြတဲ့ အခါ ... ဘာတွေ ဆက်ဖြစ်မလဲ? ဘယ်လိုတွေ ro ကြမလဲ? ဆိုတာတော့ ဒီ Romance, Drama အမျိုးအစား ဒရမ်မာလေးမှာ ဆက်ပြီး ကြည့်ရှု ခံစားလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Tin Myo Lwin ပါ။) File Size          : 1.9GB, 756MB, 391MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 6mins Genre              : Romance, Comedy, Drama Translated by Tin Myo Lwin Encoded by Kinnov

Drama
8 2022 126 mins
Beyond the Universe
Confidential Informant
6.3

စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ... ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။ Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်...။ အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator 3: Rise of the Machines ထဲမှာ ဂျွန်ကော်နာလုပ်ခဲ့တဲ့ Nick Stahl ရယ်၊ Prison Break ထဲက Dominic Purcell တို့၊ Superman Returns ထဲက Kate Bosworth တို့လို စူပါတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စူပါတွေပါတိုင်း စူပါရုပ်ရှင်လို့ မဆိုသာပေမယ့်လို့ စူပါဝိတ်လေးတင်ထားတော့ အိပ်ချင်စရာတော့ မကောင်းဘူးပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 840MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama
6.3 2023 88 mins
Confidential Informant
In Your Eyes
6.9

Genre – Fantasy, Romance IMDB – 6.9/10 အရမ်းကို ထူးခြားဆန်းကျယ်ပြီး ဆွတ်ပျံလွမ်းဆွေးဖွယ် ကြည်နူးရမယ့် စိတ်ကူးယဉ်အချစ်ဇာတ်ကားကောင်းလေးလို့ ပြောချင်ပါတယ်။ အကြိုက်ဆုံး Romantic ကားတွေထဲက တစ်ကားအပါအဝင် ဖြစ်ပါတယ်။ သူဆန်းကျယ်တာကျ Lake House တို့လို တစ်ယောက်နဲ့တစ်ယောက်က နေထိုင်တဲ့ ခုနှစ် မတူညီတာမျိုးမဟုတ်ဘူး About Time တို့ Time Traveler’s Wife တို့လို အချိန်ခရီးသွားလို့ ရတာလည်းမဟုတ် ပြန်ဘူး။ သူကကျ တစ်နေရာစီမှာရှိနေတဲ့လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အာရုံငါးပါးလုံး ချိတ်ဆက်နေတာမျိုး တစ်ဖက်ကလူက နှင်းလျှောစကိတ်စီးရင်း မတော်မဆ ဖြစ်ရင် ဒီဖက်ကလူလည်း အလကားနေရင်း သူနာကျင်ရသလို လိုက်နာ ကျင်ရတာမျိုး။ တစ်ဖက်လူက မြင်တာ၊ ကြားတာ၊ အနံ့ရတာ၊ အရသာခံစားတာ အကုန်လုံးကို နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတဲ့အပြင် အချင်းချင်းလည်း ဖုန်းတွေဘာတွေမလိုပဲ ဆက်သွယ်လို့ရနေတာမျိုးပါ။ ဒီလိုမျိုး ထူးဆန်းတဲ့အတွေးအခေါ်လေးနဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ဖန်တီးပေးသွားတာကတော့ Avenger ပထမကား ဒုတိယကား ရိုက်ကူးခဲ့တဲ့ Joss Whedon တစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသမီးလေး Zoe Kazan ချစ်စဖွယ်အပြုအမူလေးတွေနဲ့ ရိုက်လေ့ ရှိပြီး သူ့ကားတွေကတော့ စာအုပ်ထဲက အသက်ဝင်လာတဲ့ Ruby Sparks တို့ ရောဂါသည်လေးနဲ့ ဟာသလူပြက်အကြောင်း ရိုက်ထားတဲ့ Big Sick တို့ နာမည်ကြီးပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင် ကောင်လေးနဲ့ ကောင်မလေးပေါ့နော်။ ကောင်လေးကကျ ဖောက်ထွင်းမှုတွေကြောင့် ထောင်ကျထားပြီး လက်ရှိမှာတော့ ခံဝန်နဲ့ အစိုးရက ပေးထားတဲ့အလုပ် လုပ်နေပြီး ဘဝကို လိမ်လိမ်မာမာနဲ့ ဖြတ်သန်းနေရတာပေါ့။ ကောင်မလေး ကကျ အရာအားလုံးကို ကြောက်ရွံတဲ့စိတ်လေးရှိပြီး ဆရာဝန်အစ်ကိုကြီးကို အားကိုးဖို့ ယူထားတာပေမဲ့ သူ့ရဲ့ အလိုတော်ကျ လိုက်ကပြရတဲ့ ရုပ်သေးမလေးလိုသာ နေနေရတဲ့ဘဝပေါ့။ ဒီလိုနဲ့ နှစ်ယောက်သား ကျွန်တော် အပေါ်မှာရှင်းပြခဲ့သလို ချိတ်ဆက်မိပြီး အချင်းချင်း ရင်တွေဖွင့် ခင်မင်ရင်းနှီးလာကြတယ်ပေါ့လေ။ ကောင်မလေးက အိမ်ထောင်သည် ဆိုတော့လည်း ကောင်လေးက စိတ်ရှိသော်ငြားလည်း စည်းမကျော်ရဲ ဘူးပေါ့။ ဒါပေမဲ့ တဖြည်းဖြည်း သံယောဇဉ်တွေက ပိုမိုတိုးပွားလာပြီး တစ်ဦးအတွက် တစ်ဦးဖြစ်တည်နေပေးရတာကို သိလိုက်ကြတဲ့အခါမှာတော့….။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ၊ ပေါင်းစပ်နိုင်ကြပါ့မလား၊ တစ်ယောက်ချင်းစီရဲ့ ဘဝအခက်အခဲပြဿနာတွေကိုလည်း ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ စွန့်စားကြမလဲဆိုတာကို ရိုမန်တစ်ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဝင်တေးထဲကဆိုလည်း ဇာတ်ကားတစ်ဝက် လောက်မှာ ထည့်ထားတဲ့ Trouble I’m In ဆိုတဲ့ သီချင်းလေးက တော်တော်ကောင်းတာမို့ ကျွန်တော်ဆို ခုထိ နားထောင်ဖြစ်နေတုန်းပါ။ ခံစားနိုင်ကြပါစေ…..။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကThura Aung ဖြစ်ပါတယ် ) File size…1.82GB / 797MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.9 2014
In Your Eyes
Jericho Ridge
5.7

Jericho Rudge (2022) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ “Origin” ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို သိလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဗီလိန်ကြီးက ရဲစခန်းကနေ တကယ်တမ်းဘာကို ရှာဖို့ကြိုးစားနေတာလဲ… ပထမဖြစ်ခဲ့တဲ့ ခိုးမှုကရော ဗီလိန်ကြီးနဲ့ပဲတကယ်ပတ်သက်နေတာလား… ဆိုတာကို အက်ရှင်ပေါင်းများစွာနဲ့ သဲထိတ်ရင်ဖို ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 675MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 27Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022
Jericho Ridge
Dad Rocks
6.7

Dad Rocks(2022) *************** ချစ်သူရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ မတူသလို နှစ်ယောက်တည်းအိမ်ထောင်သည်ဘဝနဲ့ ကလေးရှိလာတဲ့ အိမ်ထောင်သည်ဘဝကလည်း မတူပါဘူး ကလေးတစ်ယောက်ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူး ပိုပြီးကုန်ကျစရိတ်များသလို တာဝန်ကလည်း ပိုလာတာပါ ဒါပေမယ့်သူတို့လေးတွေ တဖြည်းဖြည်း လူလားမြောက် ကြီးပြင်းလာတာကို မြင်ရတဲ့ ကြည်နူးမှု ကလည်း ဘာနဲ့မှမလဲနိုင်ပါဘူ း မိဘတွေက သူတို့ကလေးတွေကို အကောင်းဆုံးဆိုတာပဲ ပေးချင်ကြတာ သဘာဝပါ အဖေတစ်ယောက်ဖြစ်ဖို့ကလွယ်ပါတယ် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့သာ ခက်တာပါ ဖခင်တစ်ယောက်ရဲ့အခန်းကဏ္ဍက ငွေရှာပေးယုံနဲ့မပြီးပါဘူး မိခင်တွေအရေးပါသလိုပဲ ဖခင်တွေဟာလည်း သားသမီးတွေအတွက်အရေးကြီးပါတယ် ကလေးထိန်းအိမ်မှုကိစ္စအလုပ်တွေဟာ မိန်းမတွေတာဝန်ချည်းပဲ မဟုတ်သလို ယောက်ျားတွေအနေနဲ့ အိမ်ထောင်တာဝန်ကို ကူညီဖို့လိုအပ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် တွမ်နဲ့အယ်လီဆာတို့ရဲ့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးက ကလေးတစ်ယောက်ပထမဆုံးရတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ဘယ်လိုရယ်စရာလေးတွေ တွေ့ရတတ်သလဲဆိုတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ ကလေးရပြီးနောက်ပိုင်း ယခင်လိုလွတ်လွတ်လပ်လပ် နေလို့မရနိုင်တာတော့ ငြင်းလို့မရတဲ့အချက်ပါ ပျော်ရွှင်စရာမိသားစုဘဝဆိုတာ ဘာမျိုးလဲဆိုတာ လှလှပပလေးရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ File Size :(1.6GB) and (746MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ‌AOI Encoded by Phyo Pyae

6.7 2022
Dad Rocks
Neither Heaven Nor Earth
6.3

ဒီဇာတ်ကားက ပြင်သစ် ​War/thrillerဇာတ်ကားဖြစ်ပြီး IMDb 6.3 RTမှာ92%ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်မှာ တာဝန်ကျတဲ့ စစ်တပ်တစ်ခုမှာ တပ်သား​တွေ တစ်​​ယောက်ပြီးတစ်​ယောက် အစအနရှာမရဘဲ ​ပျောက်ကုန်ရာက​နေ စပါတယ်။အစပိုင်းမှာ​တော့ တပ်ခွဲကပ္ပတိန်အ​နေနဲ့ နယ်ခံရန်သူ​တွေ၊ ရွာခံ​တွေက ပြန်ပေးဆွဲထားတာလို့ ထင်ခဲ့​မိပေမယ့် ​နောက်ကျ​တော့ တပ်သား​တွေက ​နေ​ရောညပါမကျန် ရုတ်တရက်​ပျောက်တဲ့ အဆင့် ​​ရောက်လာပါ​တော့တယ်။ ဒီလိုနဲ့ ​ပျောက်ဆုံးရတဲ့အ​ကြောင်းရင်းကို ရှာရင်း ပြဿနာက သူတို့ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း ​နေမှန်း သိလိုက်ရပါ​တော့တယ်။ File size…1.86 GB / 906MB Quality…Web-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Fantasy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.3 2015
Neither Heaven Nor Earth
The Blacklist
6.7

The Blacklist(2021) ****************** ဒီဇာတ်ကားသည် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားများရဲ့ဘဝနဲ့ အယူသည်းမှုများကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ… လူတစ်ယောက်ဟာ ထောင်ကျသွားတယ်… ထောင်ကျတာတဲ့စိတ်ညစ်ဖို့ကောင်းတာက ထောင်ကျတဲ့အချိန်အတူနေရတဲ့ အခန်းဖော်တွေပဲ… တစ်ယောက်တစ်မျိုး ပလပ်ကျွတ်နေကြတယ်.. တစ်ယောက်စီတိုင်းမှာလည်း မတူညီတဲ့အမှုတွေနဲ့ထောင်ကျလာတာပါ.. အဲ့ဒီနောက် ထောင်ကျအချင်းချင်း ပြစ်မှုတွေနဲ့ ကျရတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ခံစားကြည့်လိုက်ပါဦး.. File Size :2.02GB& 673MB Quality : WEB-DL1080p,720p Format…mp4 Duration…01:47:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

Romance • Drama
6.7 2021
The Blacklist
My Name Is Shruthi
8.7

My Name Is Shruthi (2023) “ကျွန်မက ရှရူသီ” IMDb-8.7/10 တောင်ပိုင်းမင်းသမီးချော ဟန်ဆီကာအဓိကပါဝင်တင်ဆက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကောင်းလေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသက်ကြီးလို့ အသားရေပျက်စီး ယိုယွင်းလာတာကိုမလိုချင်ကြတဲ့ ငွေကြေးချမ်းသာတဲ့လူတွေက နုပျိုမှုအတွက် အရေပြားအစားထိုးကုသကြတယ်။ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် အရေပြားအစားထိုးကုသဖို့အတွက် မှောင်ခိုကူးတဲ့ မာဖီးယားဂိုဏ်းရှိတယ်။ အဲဒီမာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကဝန်ကြီးဖြစ်ဖို့အသည်းအသန်ကြိုးစားနေတဲ့ လွှတ်တော်အမတ်တယောက်။ သူတို့ဂိုဏ်းက အသားရေလှပတဲ့ အမျိုးသမီးငယ်လေးတွေကိုဖမ်းပြီး အရေပြားအစားထိုးမှုအတွက် အတင်းအဓမ္မလုပ်ဆောင်စေပါတယ်။ ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ နယ်မြို့လေးကနေ ဟိုက်ဒရာဘတ်ကိုတက်ပြီး အလုပ်လာလုပ်တဲ့ ရှရူသီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ဘယ်လိုတွေပါဝင်ပတ်သက်သွားမိမလဲ။ ရဲတပ်ဖွဲ့ကရော ဒီမိန်းကလေးတွေပျောက်တဲ့အမှုကို ဖော်ထုတ်အရေးယူနိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023
My Name Is Shruthi
Grendel
5.8

Grendel (2017) လူတစ်ယောက်ရဲ့ သေဆုံးမှုက ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းစဆိုရင်… သင် ဘာလုပ်မလဲ?? လူ့သဘာဝ၊ မီဒီယာတွေရဲ့ သဘော၊ ကိုယ်အဆင်ပြေဖို့ကိုပဲ ရှေ့တန်းတင်တတ်တဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါပဲ။ စာရေးဆရာဟန်ဂျွန်းဟာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားသူဖြစ်ပေမဲ့ အားပေးသူတော့ သိပ်မရှိလှပါဘူး။ တစ်နေ့ သူ့ဝတ္ထုထဲက လူသတ်မှုအတိုင်း ပုံစံတုလူသတ်မှု‌ ပေါ်ပေါက်လာတဲ့အခါ လူစိတ်ဝင်စားမှု မြင့်တက်လာပြီး သူ့စာအုပ်ကလည်း ရောင်းမလောက်ဖြစ်လာတော့တာပါပဲ။ ဒီလိုနဲ့ ဟန်ဂျွန်းတစ်ယောက် သေဆုံးသူကိုတောင် အားမနာနိုင်ဘဲ နာမည်ကြီးလာဖို့အတွက် ရဲတွေလှည့်စား၊ မီဒီယာကို အသုံးချ လုပ်ပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဆုံးမသတ်ရသေးတဲ့အခါ… လက်သည်မပေါ်တဲ့ အမှုရဲ့နောက်ဆက်တွဲကို သူ ဘယ်လိုဖြေရှင်းမလဲ အောင်မြင်မှုကို ဖက်တွယ်တတ်ကြတဲ့ လူတွေအကြောင်းကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်) Genre….. Crime, Drama, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.1GB | 554MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

5.8 2017
Grendel
Fester
5.8

Fester (2024) ************** Psychological Movie တွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက် Thriller, Horror ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စားဖိုမှူး ဘုံးဂျင်က ဂျပန်စားသောက်ဆိုင် အသေးစားလေးဖွင့်ထားတဲ့သူပါ။ မတော်တဆမှုတစ်ခုကြောင့် ဇနီးနဲ့ သားကို တစ်ပြိုင်တည်းဆုံးရှုံးခဲ့ရတာမို့ ယာယီ အတိတ်မေ့ခြင်းကို ခံစားနေရသူလည်း ဖြစ်ပါတယ်။ အဲဒီမတော်တဆမှုကြောင့်ပဲ ဘုံးဂျင်ဟာ မှတ်ဥာဏ်ထုံထိုင်းတဲ့အခြေအနေကို ရောက်သွားတာနဲ့ တစ်ဖက်လူရဲ့ သေဆုံးမယ့်ရက်နဲ့အချိန်ကို တိကျစွာခန့်မှန်းနိုင်တဲ့ အစွမ်းကို ရရှိလာပါတော့တယ်ယ်။ တစ်နေ့မှာတော့ သက်လတ်ပိုင်းစုံတွဲတစ်တွဲကို နောက်ဆုံးဧည့်သည်အဖြစ် ကြိုဆိုပြီးချိန်မှာပဲ ဒီစုံတွဲဟာ နောက်တစ်နာရီအကြာ သူ့ဆိုင်ထဲမှာ သေသွားရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့… ဘုံးဂျင်တစ်ယောက် အဲဒီအဖြစ်ဆိုးကြီးကနေ ကာကွယ်ဖို့ ဧည့်သည်တွေကို သူ့ဆိုင်ထဲကနေ ထွက်သွားအောင် ဘယ်လိုလုပ်သွားမလဲဆိုတာကို ရန်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hsu Pyae မှ ရေးသားပေးထားပါတယ်။) File Size : 990MB/ 340MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:23:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae, Miri, Treasure Htet, Hnin Wai & Stary Encoded by Tiff

Comedy • Drama
5.8 2024
Fester
Reinas Queens
6.8

Reinas (2024) IMDb Rating (6.8) / Rotten Tomatoes (88%) “Queens” လို လူသိများတဲ့ “Reinas” ကို ဒါရိုက်တာ Klaudia Reynicke ရိုက်ကူးထားပြီး 74th Berlin International Film Festival မှာ Best Film in the Generation Kplus section အတွက် Grand Prix ဆုရရှိခဲ့ပြီး 97th Academy Awards မှာ Switzerland’s entry for the Best International Feature Film အဖြစ် ‌ရွေးချယ်ခံခဲ့ရတဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ စပိန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မိသားစုဆက်ဆံရေးနဲ့ ရှုပ်ထွေးတဲ့ နိုင်ငံကူးပြောင်းမှုကိစ္စတွေကို စစ်မှန်အောင်ဖော်ကျူးထားတဲ့ ရင်ထဲထိစရာ မိသားစုဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Plot summary 1990s ခုနှစ်ပိုင်း နိုင်ငံရေးတွေမကောင်းတဲ့ Peru မှာ နေထိုင်တဲ့ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Lucía နဲ့ Aurora က US အလုပ်ကိစ္စနဲ့နိုင်ငံကူးပြောင်းဖို့လုပ်နေတဲ့ သူတို့အမေ Elena နဲ့ အတူ US ကို လိုက်သွားဖိုစီစဉ်နေကြတယ်။ Aurora တို့ရဲ့ အဖေ Carlos ကတော့ တောထဲပျောက်သွားတာကြာနေပြီး သူစိမ်းတစ်ယောက်လိုပဲ သူတို့ရဲ့ဘဝထဲမှာ မရှိခဲ့တဲ့လူလိုဖြစ်နေပါပြီ။ ဒါပေမဲ့ Aurora တို့အမေ US သွားဖို့စီစဉ်နေတဲ့ ရက်ပိုင်းအတွင်းမှာပဲ Carlos က ရုတ်တရက် သူ့သမီးတွေဆီကိုပြန်ရောက်လာပါတယ်။ Carlos က သူ့ရဲ့သမီးတွေကိုအရမ်းချစ်ပြီး ကျပ်တည်းတဲ့အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားရပေမယ့် Aurora တို့ အတွက်တော့ သူတို့ကိုထားခဲ့တဲ့သူမို့ သူတို့အဖေကို ဖော်ဖော်ရွေရွေ ဆက်ဆံတာမျိုးတော့မရှိခဲ့ကြဘူး။ Carlos က သူ့သမီးတွေ US ကို မသွားခင် နောက်ဆုံးတွေ့ရမယ့်အချိန်လေးတွေမှာ အဖေနဲ့သမီးတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုပြန်ရဖို့ကြိုးစားရင်း ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ၊ ဖခင်နဲ့သမီးတို့ရဲ့ ချစ်ခြင်းမေတ္တာတွေရော ပြန်ထူထောင်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….Blu-Ray Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Horror • Mystery • Thriller
6.8 2024 102 mins
Reinas Queens
The Road Home
7.7

The Road Home (1999) IMDb Rating (7.7) / Rotten Tomatoes (89%) ဒီရုပ်ရှင်ဇာတ်ကားကိုတော့ နာမည်ကျော်ဒါရိုက်တာ Zhang Yimou က ရိုက်ကူးခဲ့ပြီး နာမည်ကျော်မင်းသမီး Zhang Ziyi မှ အဓိကပါဝင်ခဲ့ပါတယ်။ ဒါရိုက်တာ ကျန်းရိမူဆိုတာ Hero (2002) နဲ့ House of Flying Daggers (2004)တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကိုရိုက်ခဲ့တဲ့ ဂန္တဝင်ဒါရိုက်တာကြီးဖြစ်ပြီး Zhang Ziyi ကတော့ တရုတ်ရဲ့ National Actress လို့တင်စားရမယ့်အထိ အောင်မြင်ခဲ့သူပါ…The Road Home(1999) က သူတို့နှစ်ယောက်စလုံးကို ရုပ်ရှင်လောကမှာအောင်မြင်မှုကြီးကြီးမားမားတွေ ရရှိဖို့ အစပျိုးခဲ့တဲ့ရုပ်ရှင်လို့ဆိုရင် မမှားနိုင်ပါဘူး။ တောရွာဇနပုဒ်က ဆရာတစ်ယောက်ရဲ့ဘဝနဲ့ ကျေးလက်သူလေးတယောက်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အခုချိန်ထိ အားလုံးက စံထားကြရတဲ့ ဒရမ်မာဇာတ်ကားတကားဖြစ်ပါတယ်။ ဟုတ်ပါတယ်ဗျာ….ထာဝရအလင်းတန်းဆိုတဲ့မြန်မာရုပ်ရှင်က ဒီတရုတ်ကားကို မှီငြမ်းရိုက်ကူးခဲ့တာပါ။ ထာဝရအလင်းတန်းမြန်မာရုပ်ရှင်ဟာလဲ 2011 ခုနှစ် မြန်မာ့အကယ်ဒမီဆုပေးပွဲမှာ မင်းသား နောင်နောင်နဲ့ မင်းသမီး မယ်လိုဒီတို့ အမျိုးသားဇာတ်ဆောင်ဆု အမျိုးသမီးဇာတ်ပို့ဆုနဲ့အတူ ကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့ အမှတ်တရတွေထဲ မပါမဖြစ်တဲ့ ဟာသသရုပ်ဆောင်ကြီးဦးမော့စ်ပါ အမျိုးသားဇာတ်ပို့ဆုအကယ်ဒမီရခဲ့တဲ့ထိ အောင်မြင်ခဲ့ပါတယ်။ The Road Home တစ်နည်းအားဖြင့် အိမ်အပြန်လမ်း တရုတ်တွေမှာ ရှေးကအယူအဆတစ်ခုရှိပါတယ်တဲ့။ ဒါကတော့ သေဆုံးသူရဲ့အလောင်းကို သူ့ရဲ့နေရပ်ဌာနီကို လူတွေနဲ့ထမ်းပြီး ပြန်သယ်သွားပြီးတော့ လမ်းတစ်လျှောက်မှာ ဒါကမင်းရဲ့အိမ်ပြန်လမ်းဖြစ်ကြောင်း အော်ပေးရတယ်တဲ့။ ဒီလိုအော်ပေးတဲ့အခါ တမလွန်ဘဝကိုရောက်သွားတဲ့သူက အိမ်ပြန်လမ်းကို မမေ့တော့ဘူးဆိုလို့ ယူဆကြတာပါ။ ဆန်းကျစ်တစ်ယောက် ဇာတိရွာလေးကနေထွက်လာပြီး မြို့မှာအလုပ်သွားလုပ်တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။ မြို့မှာနေတဲ့လူငယ်တစ်ယောက်ရဲ့ဘဝဟာလည်း လွယ်ကူလှတာမဟုတ်တော့ ဆန်းကျစ်လည်း အိမ်ကိုမပြန်ဖြစ်တာ နှစ်နဲ့ချီကြာခဲ့ပြီပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ဇာတိ ဆန်းဟော်ထွမ်က သူကြီးက သူ့ဆီကို သတင်းဆိုးနဲ့အတူ ဖုန်းဆက်လာပါတယ်။ “မင်းအဖေဆုံးပြီ”တဲ့ ဒါကပဲဆန်းကျစ် ဇာတိမြေကို မဖြစ်မနေပြန်လာဖို့ အကြောင်းရင်းဖြစ်ခဲ့တာပေါ့။ ဒီလိုနဲ့ ဇာတိမြေကိုပြန်ရောက်ရာကနေ ဆန်းကျစ်တစ်ယောက် သူ့ရဲ့အဖေဖြစ်တဲ့ဆန်းဟော်ထွမ်ရွာကဆရာလေး လော့ချန်ယွီနဲ့ ရွာရဲ့အလှပဂေး ကျောက်တိတို့ရဲ့ အချစ်ဇာတ်လမ်းကို နောက်ခံ ဇာတ်ကြောင်းပြန်ပြောပြတဲ့ပုံစံလေးနဲ့ တင်ဆက်ထားတာဖြစ်လို့ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Drama
7.7 1999 89 mins
The Road Home
The Jungle Book 2
5.3

The Jungle Book 2 (2003) 1967 မှာ ထွက်ရှိခဲ့တဲ့ The Jungle Book ကာတွန်းကားရဲ့ အဆက်ဖြစ်ပြီး 2003 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်း 1 မှာတော့ တောတွင်းသားလေး မောဂလိဟာ ဝက်ဝံကြီး ဘလူး၊ ကျားသစ်နက် ဘက်ဂီယာတို့နဲ့အတူ လူသားတွေနေတဲ့ရွာနားရောက်သွားပြီး မြစ်ထဲမှာရေခပ်နေတဲ့ ရှန်တီဆိုတဲ့ကောင်မလေးနောက်ကိုလိုက်သွားရင်း အဆုံးသတ်သွားခဲ့ပါတယ်။ အခုအပိုင်း 2 မှာတော့ မွေးကင်းစကတည်းက တောတွင်းမှာပဲကျင်လည်လာခဲ့တဲ့ မောဂလိတယောက် လူတွေကြားထဲမှာ စည်းကမ်း၊ အလုပ်တွေနဲ့ ‌နေရတဲ့ ဘဝကိုငြီးငွေ့လို့လာနေပါတယ်။ ဒီလိုညတညမှာ မောဂလိကို လက်စား‌ချေချင်နေတဲ့ ရန်သူတော်ဟောင်း ကျားကြီး ရှီယာခမ်းနဲ့ မောဂလိကို သူ့ရဲ့သားအရင်းလိုချစ်ရှာတဲ့ ဝက်ဝံကြီး ဘလူးတို့က မောဂလိတို့နေတဲ့ရွာထဲကို ရောက်လာခဲ့ကြပါတယ်။ ရွာထဲကိုကျားဝင်လာလို့ ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်နေချိန် မောဂလိလည်း ဘလူးနဲ့အတူ တောထဲပြန်ပါသွားခဲ့ပြီး မောဂလိတယောက် တောအုပ်ထဲနေရတဲ့ လွတ်လပ်တဲ့ ဘဝကို ရွေးချယ်မလား၊ သူနဲ့မျိုးနွယ်တူ လူသားတွေရှိတဲ့ လူသားရွာကိုပဲရွေးချယ်မလားဆိုတာကို ရှီယာခမ်းလက်ကလွတ်အောင်ကြိုးစားတဲ့ စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။ File size… 1.6 GB / 800MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by TMMT

Comedy
5.3 2003 72 mins
The Jungle Book 2