YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Behind Every Star (2022) (Ep1)_720p.mp4

567.01 MB N/A video/mp4 479 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mercy
5.2

Mercy (2023) လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရ‌ပါတော့တယ်။ အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။ National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 670MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 25Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.2 2023 85 mins
Mercy
Inhuman Kiss 2
4.7

Inhuman Kiss 2 (2023) ခလောက် အဖြစ် JJ krissanapoom Pibulsonggram ဆောင် အဖြစ် Ninky Chanya McClory လူသားနဲ့ခေါင်းပြတ်သရဲမ(မီးစားစုန်း)ကြားက အချစ်ရေးကတော့ နောက်တစ်ခါဖြစ်လို့လာပါပြီ ခုတ်အီနွန်ရွာက ခေါင်းပြတ်သရဲမသေသွားပြီး ၂၂ နှစ်အကြာမှာ နွိုင်းဟာ သမီးတယောက်ရှိခဲ့ပါတယ် နွိုင်းရဲ့သမီးဆောင်ဟာ ငယ်ငယ်ကတည်းက ခေါင်းပြတ်သရဲမဖြစ်နေခဲ့ပါတယ် အဲ့ဒါကိုထိန်းချုပ်ဖို့ သူမအဖေနဲ့ဖာသာဩဂတ်စ်တင်ဟာ ဆေးဖက်ဝင်အပင်တွေနဲ့ သူမအတွက်ဆေးတွေဖန်တီးခဲ့ပါတယ် ခလောက်ကတော့ ဖာတာမွေစားထားတဲ့သားလေးပေါ့ သူ့ကိုယ်ထဲမှာထူးခြားတာတစ်ခုခုရှိနေပါတယ် တစ်နေ့မှာ ခလောက်နဲ့ဆောင်တို့တွေ့ဆုံကြပြီး သူငယ်ချင်းတွေဖြစ်သွားကြရင်း သံယောဇဉ်တွယ်ပြီး ချစ်မိသွားခဲ့ကြတယ် ခေါင်းပြတ်သရဲမကောလဟာလသတင်းတေထွက်သွားပြီးနောက် ခေါင်းပြတ်သရဲမကိုဖမ်းချင်တဲ့နိုင်ငံခြားသားတစ်ဖွဲ့ရှိပါတယ် သူတို့ ခေါင်းပြတ်သရဲမကိုဖမ်းနိုင်ပါ့မလား ခေါင်းပြတ်သရဲမနဲ့ခလောက်အချစ်ရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုလိုက်ရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre..... Drama, Fantasy, Horror, Romance Quality…. 1080p | 720p | 480p File size… 1.7GB | 762Mb | 380MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham Encoder ..... Aaron

Crime • Drama • Thriller
4.7 2023 123 mins
Inhuman Kiss 2
Legion of Super-Heroes
6.5

DCAUရဲ့ Animationကားသစ်တစ်ကား ထွက်ရှိလာပါပြီ။ ဒီတစ်ခါ အလှည့်ကျတာက​တော့ ကာရာ​​ဇောအဲလ်​ခေါ် စူပါဂဲလ်ပါ။ DCAUရဲ့ ​နောက်ပိုင်း​animation​တွေမှာ ရုပ်ထွက်အပိုင်း​တွေက အ​တော်​လေး ​သေသပ်ပြီး မျက်စိပသာဒဖြစ်လာတာ ​တွေ့ရမှာပါ။ ဒီanimationရဲ့ ရုပ်ထွက်​က အ​တော်​လေး ချစ်စရာ​ကောင်းပါတယ်။ IMDbမှာ​တော့ 5.8 ရထားပါတယ်။ ခရစ်ပတွန်ဂြိုဟ်ပျက်စီးမှုက​နေ ကမ္ဘာဂြိုဟ်ဆီ​ရောက်လာတဲ့ ကာရာ တစ်​ယောက် အိမ်အသစ် ဂြိုဟ်အသစ်မှာ အသားမကျ​သလို မိခင်နဲ့ ​မွေးရပ်ဂြိုဟ်ကိုလွမ်းဆွတ်မှု​ကြောင့် ကမ္ဘာဂြိုဟ်မှာ မ​ပျော်ရွှင်နိုင်ဘဲ ဖြစ်​နေတာပါ။ အဲဒီအပြင် သူ့ရဲ့စွမ်းအားကို မထိန်းချုပ်နိုင်မှု​ကြောင့် ကမ္ဘာသား​တွေရဲ့ အိုးအိမ်ပျက်စီးမှု​တွေဖြစ်လာပြီး မကြည်ဖြူမှု​တွေ ရှိလာလို့ ကမ္ဘာက​နေ စွန့်ခွာသွားဖို့ စဉ်းစား​နေသူပါ။ ဒါ​ပေမဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူ စူပါမန်းက အချိန်စက်လုံးနဲ့ ၃၁ရာစုရဲ့ ကမ္ဘာဂြိုဟ်ကို ​ခေါ်သွားပြီး လီဂျင်တပ်​​ခေါ် စူပါဟီးရိုးအဖွဲ့အစည်းရဲ့ အကယ်ဒမီမှာ သူ့ရဲ့စွမ်း​အားတွေကိုထိန်းချုပ်နိုင်အောင် ​လေ့ကျင့်ဖို့ ​ခေါ်သွားခဲ့ပါတယ်။ ထိုအကယ်ဒမီမှာ သူနဲ့ရွယ်တူ ဟီးရိုးအငယ်​တွေ စုံမိပြီး အဆင်​ပြေမယ်ကြံကာမှ သူတို့အစွမ်းနဲ့မမျှတဲ့ ဉာဏ်များတဲ့ ဗီလိန်အဖွဲ့တစ်ဖွဲ့က လီဂျင်တပ်ထဲက ပစ္စည်းတစ်ခုကိုခိုးကာ အလွန် ဆိုးဝါးတဲ့အစီအစဉ်တစ်ခုကို ပုံ​ဖော်လာတဲ့အခါ စူပါဂဲလ်တို့ လူငယ် တသိုက် ထိုအဖွဲ့အစည်းကို တားဆီးဖို့ ကြိုးစားရပါ​တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ illidan ဖြစ်ပါတယ်) File Size..........(1.29 GB) / (550 MB) / (340 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 23Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Sci-Fi Translator.......illidan Encoder..........SWM

Action • Fantasy
6.5 2023 84 mins
Legion of Super-Heroes
Slumberland
7.4

Jason Momoa ကြီးပါဝင်တဲ့ Slumberland ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ နီမိုဆိုတဲ့ ကလေးမလေးဟာ ကျွန်းတစ်ကျွန်းပေါ်က မီးပြတိုက်မှာ အဖေနဲ့အတူနေလာရင်း တစ်နေ့မှာ သူ့အဖေဆုံးပါးသွားခဲ့ပါတယ်။ ငယ်ငယ်တည်းက အမေဆုံးပါးခဲ့တာဖြစ်ပြီး အဖေပါမရှိတော့တဲ့ နီမိုဟာ တစ်ယောက်တည်းကျန်ခဲ့ကာ သူ့အဖေမသေခင်က ဆန္ဒအတိုင်း မြို့ကြီးပေါ်က သူ့ဦးလေးဆီမှာ သွားနေရပါတယ်။ ဒါပေမဲ့ နီမိုဟာ သူ့ဘဝမှာ အဖေတစ်ယောက်တည်းပဲရှိခဲ့တာကြောင့် အိပ်မက်ထဲမှာ သူ့အဖေနဲ့ ပြန်တွေ့ချင်နေရှာပါတယ်။ ဒီအပြင့် သူ့အဖေထားခဲ့တဲ့ လျှို့ဝှက်မြေပုံတစ်ခုရှိပါသေးတယ်။ ဒီမြေပုံဟာ အိပ်မောကျတိုင်းပြည်က ပုလဲတွေရှိရာကို ညွှန်ပြပေးတာဖြစ်ပြီး အဲဒီပုလဲရရှိသူဟာ လိုရာဆုတစ်ခုတောင်းရင် အိပ်မက်ကမ္ဘာထဲမှာ ဆန္ဒတွေပြည့်ဝနိုင်ပါတယ်။ ဒီတော့ နီမိုဟာ မြေပုံနဲ့အတူ သူ့အဖေသူငယ်ချင်း ဝရမ်းပြေးကြီးဖလစ်အကူအညီနဲ့ အိပ်မက်တစ်ခုကနေ တစ်ခုဆီ ခုန်ကူးရင်း ပုလဲကိုလိုက်ရှာတဲ့အခါ ... ကျန်တဲ့ နီမိုရဲ့ စွန့်စားခန်းနဲ့ အလွဲလေးတွေကိုတော့ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 3GB, 1.2GB, 595MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 57mins Genre              : Adventure, Comedy, Drama Translated by Jane Encoded by Kinnov

Action • Comedy • Drama
7.4 2022 117 mins
Slumberland
Infinite Storm
5.9

ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Drama/ Thrillerဇာတ်ကားတစ်ကားပါ။ စိတ်ဒဏ်ရာတွေရှိနေတဲ့ အသက်53နှစ်အရွယ် တောင်တက်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပမ်ဟာ အေးစက်လှတဲ့ နိုဝင်ဘာလမှာ ရာသီဥတုအခြေနေ ဆိုးဝါးနေမှန်းသိနေခဲ့ပေမယ့်လည်း Mount Washington ကို ခါတိုင်းလိုပဲတက်ခဲ့ပါတယ်။ ရာသီဥတုဆိုးလွန်းလို့ ပြန်လှည့်လာတဲ့အချိန်မှာတော့ နှင်းတွေကြားမှာ sneaker ဖိနပ်ခြေရာကိုတွေ့လိုက်ရင်း တောင်ပေါ်တက်ဖို့ဒီဖိနပ်စီးလာတဲ့သူတော့ ဒုက္ခရောက်နေမှာပဲ ဆိုပြီး လိုက်ရှာရာကနေ ... ပရဟိတစိတ်ဓာတ်ရှိလှပြီး လက်မလျှော့တတ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ရဲရင့်ပုံနှင့် စွန့်စားပုံတို့ကို survival ဇာတ်ကားတို့ ထုံးစံအတိုင်း ပုံဖော်ရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size          :  1.8GB, 622MB & 320MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format            : mp4 Duration         : 1hr & 37mins Genre              : Thriller, Drama Translated by Moe Lay Encoded by Kinnov

Drama • Science Fiction
5.9 2022 97 mins
Infinite Storm
Ghost Blowing Lamp of the Popeye Man
3

ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင် မင်းမျိုးနွယ် မှူးကြီးမတ်ရာတွေ သေဆုံးတဲ့အခါ သူတို့နဲ့အတူ ရတနာပစ္စည်းတွေထည့်သွင်း သင်္ဂြိုလ်ကြတယ်။ ဆင်းရဲသူတွေကိုကူညီဖို့ အများကောင်းကျိုးအတွက်ရှေးဟောင်းသင်္ချိုင်း တွေကိုဖောက်ထွင်းယူတဲ့ ရှန့်လင်ဂိုဏ်းလိုအဖွဲ့အစည်းတွေရှိသလို …… ကိုယ့်ရဲ့အတ္တလောဘဇောနဲ့ ရှေးဟောင်းသင်္ချိုင်း တွေကို ဖောက်ထွင်းဖို့ကြိုးစားတဲ့သူတွေလဲရှိကြတယ်။ ရှန့်လင်ဂိုဏ်းရဲ့နာမည်ကိုအသုံးချပြီး မသေဆေးကိုရှာဖွေဖို့ မြေအောက်နန်းတော်ကိုဖောက်ထွင်းဖို့ကြိုးစားတဲ့အခါ ရှေးဟောင်းင်္သချိုင်းထဲမှာဘယ်လိုအရာတွေစောင့်နေမလဲ…… ရတနာတွေအပြင်ဘာတွေကိုမြှုပ်နှံထားသေးလဲ…… မရိုးနိုင်တဲ့သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်လမ်းတွေကြားထဲကနေ ဘယ်လိုမတူတဲ့ဇာတ်ကွက်တွေမြင်ရဦးလဲဆိုတာ ဆက်လက်စောင့်ကြည့်ခံစားပါ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Mystery
3 2022
Ghost Blowing Lamp of the Popeye Man
Frost/Nixon
7.3

၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ရုပ်​သံ​တင်​ဆက်ဖျော်ဖြေသူတစ်ယောက်နဲ့ အင်တာဗျူး​ပြီး​ Nixon က​ သူ့ကိုယ်ကျိုးအတွက်အမြတ်ထုတ်ချင်သလို Frost ဘက်ကလည်း​ ဝါးတားဂိတ်​အပါအဝင်​ Nixon ကျူး​လွန်ခဲ့တဲ့​အခြားကိစ္စတွေကို ဒီအင်တာဗျူးမှာဝန်ခံခိုင်းပြီး ပြည်​သူလူထုကို တောင်းပန်စေချင်တာဖြစ်ပါတယ်။ ရည်ရွယ်​ချက်ချင်းမတူတဲ့ သူတို့​နှစ်ယောက်​ အင်​တာဗျူးမှာ​ထိပ်တိုက်တွေ့ချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်​ အသာစီးရဖို့၊ အနိုင်​ပိုင်းဖို့ကြိုးစားကြရင်း အားပြိုင်ကြတာကို ဒီရုပ်ရှင်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီ​ဇာတ်ကားက​ Tony ဆုရရှိခဲ့တဲ့ Frost/Nixon ပြဇာတ်ကို​ ရုပ်​ရှင်အဖြစ်အသက်သွင်းထားတာဖြစ်ပြီး အောင်​မြင်​တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Michael Sheen နဲ့​ Frank Lagella တို့က​ Frost နဲ့​ Nixon အဖြစ်​သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကား​ဆု၊ ဒါရိုက်တာ​ဆုနဲ့ သရုပ်ဆောင်​ဆုအပါအဝင် အော်​စကာ​ဆုငါးဆုအထိ​ ဆန်ခါတင်ရွေးချယ်ခံခဲ့ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်​မှန်​နိုင်​ငံရေး​ဇာတ်​လမ်း​ဆိုပေမဲ့​ ဒရာမာအငွေ့အသက်တွေ​ ထည့်သွင်းထားတဲ့အတွက် ငြီးငွေ့​စရာ​မဆန်ဘဲ ပရိတ်သတ်​ရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ရုပ်ရှင်မျိုးလည်းဖြစ်သလို Nixon နဲ့​ Frost အကြား​အား​ပြိုင်​မှုကို​ လက်​ဝှေ့ပွဲတစ်ပွဲယှဥ်ပြိုင်နေရတဲ့ tension​ မျိုး​ ထည့်သွင်းတင်ဆက်ထားပါတယ်။ သမိုင်း​ထဲက​ ပုဂ္ဂိုလ်​နှစ်ဦးရဲ့ character​ ကို​ ကောင်းမွန်​စွာဖော်ကျူးထားနိုင်တဲ့အတွက်​ ရုပ်​ရှင်ဝေဖန်သူတွေ ချီးကျူး​ခြင်းကိုခံခဲ့ရပါတယ်။ Nixon နေရာမှာ​ သရုပ်ဆောင်​တဲ့​ Lagella ဟာ အော်စကာ Best Actor​ ဆုအတွက် nominee ဝင်ခဲ့ပါတယ်။ နိုင်​ငံ​ရေး​ဒရာမာ​ရုပ်ရှင်​မျိုး​ နှစ်သက်သူတွေအတွက်​ မဖြစ်​မနေကြည့်သင့်တဲ့​ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဝါးတားဂိတ်​လို​ အထင်​ကရဖြစ်ရပ်အကြောင်းကို​လည်း​ အဓိက​ Element အနေနဲ့ထည့်သွင်းထားတဲ့အတွက် သမိုင်း​စိတ်​ဝင်စား​သူတွေလည်း​ ကြည့်ရှုသင့်ပါတယ်။ File size…(2.9 GB)/(980 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Drama, History, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Drama • Sci-Fi & Fantasy
7.3 2008 122 mins
Frost/Nixon
In the Land of Blood and Honey

ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး) File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2011
In the Land of Blood and Honey
Gadar 2
5.7

Gardar 2 (2023) IMDb-5.7/10 ကုဋေ ၇၀၀ နီးပါးနဲ့ Blockbuster ဖြစ်ခဲ့တဲ့ကားပါ 2023ခုနှစ်ရဲ့ တတိယဝင်ငွေအများဆုံးရုံတင်ကားလဲဖြစ်ပြီး Gadar 1 က သရုပ်ဆောင်‌တွေဖြစ်တဲ့ ၉၀ ခုနှစ်အစောပိုင်းတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသားမင်းသမီးကြီးတွေ Sunny Deol နဲ့ Ameesha Patel တို့ကို ပြန်ရှုစားနိုင်မဲ့ကားပါ တာရာ အနေနဲ့ သရုပ်ဆောင်တဲ့ Sunny Deol ဆိုရင် ဒီ Gadar 2 နဲ့ပဲ ရုပ်ရှင်လောကကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ် ၁၉၄၇ အရေးအခင်းကာလမှာ စစ်သားအယောက်လေးဆယ်ကိုသတ်ပြီး ပါကစ္စတန်နိုင်ငံကနေထွက်ပြေးသွားတဲ့ တာရာဆင်းဂ်နဲ့ ဆာကီနာတို့မိသားစုတို့ကို ပါကစ္စတန်ဗိုလ်မှူး ဟာမစ်ဒ်အစ်ဘာလ်က အသည်းအသန်အလိုရှိနေပါတယ် တာရာဆင်းဂ်တို့မိသားစုဟာ ဖြစ်ခဲ့တာတွေအားလုံးကိုမေ့ပစ်ပြီး ဘဝသစ်မှာအေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ထားကြပြီးသား ဒါပေမဲ့ မရှောင်လွှဲနိုင်တဲ့ကံကြမ္မာတွေနဲ့ စစ်မီးတွေကြားနောက်တစ်ကြိမ်ပါဝင်လာရပြန်တယ် နိုင်ငံအတွက်တစ်ကြိမ်တစ်ခါတော့ ကူမယ်လို့စဉ်းစားထားတဲ့ တာရာဆင်းဂ်တစ်ယောက် သူ့ကိုအလိုရှိနေတဲ့ ဟာမစ်အစ်ဘာလ်နဲ့‌မှထိပ်‌တိုက်တွေ့ချိန်မှာတော့.. အဆုံးမရှိတဲ့ ပဋိပက္ခတွေနဲ့ စစ်မီးတွေကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ ကြွေလွင့်ခဲ့ရသလို ဒီအချစ်မေတ္တာတွေကြောင့်ပဲ စစ်မီးတွေရဲ့အပူကိုကျော်ဖြတ်လာနိုင်ရတာပါပဲ တာရာဆင်းဂ်တို့ မိသားစုဝင်သုံးယောက်ကြားက ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှစ်နိုင်ငံကြားကစစ်မီး ။ ဆန့်ကျင်ဘက်အရာနှစ်ခုနဲ့ ဒီကားက Blockbuster ထိဖြစ်ရတဲ့ အကြောင်းအရင်းကို ပရိသတ်ကြီးကိုယ်တိုင်ပဲရှူစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Sai ~ Alex ~ ToMo ~ Zwe တို့ပဲဖြစ်ပါတယ်

5.7 2023
Gadar 2
The Grey Man
5.9

ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကို ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှ ာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစား သူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲ လိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှ ာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။ အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီး ဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? ‌ အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ? ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ? နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ် စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့‌ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်

Fantasy • Romance
5.9 2024
The Grey Man
Crazy Alien
6.2

တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ် ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ

6.2 2019 116 mins
Crazy Alien
Bride Wars
5.5

IMDB: 5.5 Rotten Tomatoes: 10% Genre: Comedy/Romance ဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင် Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။ တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။ Bride Wars (2009) ကသက်သေပါပဲ။ တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် “အမ်မာ နဲ့ လစ်ဗ်” ဆိုပြီးရှိတယ်။ နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာ မင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊ လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်း နှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲ ကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲက တိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေ ဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။ အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု) လစ်ဗ်အဖြစ် မင်းသမီး Kate Hudson ဒန်နီယယ်အဖြစ် မင်းသား Steve Howey ဖလက်ချ်ဂျာအဖြစ် မင်းသား Chris Pratt တို့က သရုပ်ဆောင်ထားပါတယ်။ File size… 2.3 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 1h 29m Genre ….. Comedy / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

5.5 2009 89 mins
Bride Wars
Black Bags
5.6

ဒီရုပ်ရှင်က Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပေမဲ့ သွေးထွက်သံယိုတွေနဲ့ ကြမ်းတမ်းနေတာမျိုးမဟုတ်ဘဲ အေးအေးလူလူနဲ့ ကျောထဲကစိမ့်လာစေတဲ့ Thriller အမျိုးအစား ဖြစ်တာမို့လို့ အဲဒီလိုရုပ်ရှင်မျိုးသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစကိုတော့ တက်စ် မက်ကာသီဆိုတဲ့ ကိုယ်ဝန်သည် အမျိုးသမီးလေးတစ်ယောက်နဲ့ စထားပါတယ်။ သူနဲ့သူ့အမျိုးသားက ကိုယ်ပိုင်အိမ်ခြံဝန်းခပ်ကျယ်ကျယ်ကိုမှ ဈေးသက်သက်သာသာနဲ့ နေချင်တဲ့သူတို့ရဲ့အိပ်မက်အတိုင်း ဘွန်းန်ဆိုတဲ့နယ်မြို့လေးမှာနေကြပေမဲ့ အမျိုးသားဖြစ်သူက အလုပ်ကိစ္စနဲ့ ခရီးအမြဲထွက်နေရလို့ အိမ်မှာမရှိတာများပါတယ်။ အဲဒီလို အိမ်ကျယ်ကြီးမှာ တစ်ယောက်တည်းနေရတဲ့ တက်စ်က ကိုယ်ဝန်က အချင်းပါးတဲ့ပြဿနာကြောင့် မြို့ပေါ်ကို နှစ်ပတ် တစ်ခါတက်ပြီး ဆေးညွှန်းသွားယူရပါတယ်။ သွားတဲ့အခါတိုင်း အမျိုးသားဖြစ်သူက စိတ်မချဘူးဆိုတာကြောင့် ကိုယ်တိုင်ကားမမောင်းဘဲ ဘတ်စ်ကားစီးရာကနေ ဇာတ်လမ်းစတာ ဖြစ်ပါတယ်။ ဗိုက်တစ်လုံးနဲ့ ဆေးတွေထည့်ထားတဲ့အိတ်ကိုသယ်ပြီး ကားစီးတဲ့တက်စ်တစ်ယောက် ကားပေါ်မှာ ဘေးချင်းကပ်ထိုင်တဲ့ အမျိုးသမီးနဲ့ စကားပြောရင်း ခင်မင်သွားပါတယ်။ သူတို့ဆင်းရမယ့်နောက်ဆုံးဂိတ်ကိုရောက်တဲ့အခါ ဘေးနားက အမျိုးသမီးက အိပ်ပျော်နေတဲ့အတွက် သူ့ဘာသူအောက်ဆင်းပြီး ကားဗိုက်ထဲကခရီးဆောင်အိတ်ကိုယူကာ အိမ်ပြန်လာပါတော့တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူ့အိမ်တံခါးကို ဘဲ လ်လာတီးလို့ ထွက်ဖွင့်ပေးတဲ့အခါမှာ သူနဲ့ကားပေါ်မှာခင်ခဲ့တဲ့ အမျိုးသမီးဖြစ်နေပါတယ်။ အဲဒီအမျိုးသမီးက သူ့ရဲ့ခရီးဆောင်အိတ်ကို တက်စ်က မှားယူ သွားတဲ့အတွက် သူ့အိတ်ကို ပြန်လာယူတာလို့ပြောပါတယ်။ သူတို့ရဲ့ ချွတ်စွပ်ဆင်တူနေတဲ့ အိတ်အမည်းနှစ်လုံးထဲမှာမှ တက်စ်ရဲ့ အမှားကြောင့် မတော်တဆမှားယူမိခဲ့တာလား… အိတ်လေးတစ်ခါမှားယူမိတာနဲ့ ဘယ်လိုပြဿနာတွေတက်လာမလဲ ဆိုတာကို ဒီရုပ်ရှင်မှာ မမြန်လွန်း မနှေးလွန်းတဲ့ ဇာတ်ရှိန်နဲ့တကွ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ File size… (1.32GB) / (645MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

5.6 2024
Black Bags
Friends with Benefits
6.5

Friends with Benefits (2011) IMDb Rating (6.5) / Rotten Tomatoes (69 %) မင်းသားကတော့ နာမည်ကျော် အဆိုတော် ဂျက်စတင်တင်းဘားလိတ် (Justin Timberlake)… မင်းသမီးက နာမည်ကြီးမော်ဒယ်သရုပ်ဆောင် မီလာကူးနစ် (Mila Kunis )… ဒါ့အပြင် Emma Stone တို့ Woody Harrelson တို့လဲ အားဖြည့်ပါဝင်ထားပါသေးတယ်… ဂျက်စတင်က ဒီထဲမှာ Designer… မင်းသမီးက Company Agent… သူတို့နှစ်ယောက်စလုံးက အချစ်ရေးမှာ မျှော်လင့်ချက်တွေအကြီးကြီး ထားမိပြီး အဲ့ဒီ့မျှော်လင့်ချက်တွေ အလွယ်တကူကွဲအက်သွားတာကြောင့် မချိမဆန့်ခံစားနေရတဲ့ အချစ်နာနေသူတွေပါ။ တစ်နေ့မှာ သူတို့နှစ်ယောက် အလုပ်ကိစ္စတစ်ခုကြောင့် ထိပ်တိုက်တွေ့ဆုံ ခင်မင်လာရာကနေ…. အချစ်ဆိုရင် ကြောက်နေမိတဲ့ သူတို့နှစ်ယောက် အချစ်မပါတဲ့ တွယ်ညှိမှုတွေကို တည်ဆောက်ကြပါတော့တယ်… ဒါကတော့…Friends with Benefits (အကျိုးအမြတ်သူငယ်ချင်းတွေ) ဆိုတဲ့အတိုင်း တစ်ယောက်ကိုတစ်ယောက် Just Sex ယုံကလွဲပြီး သူငယ်ချင်းလိုပဲ နေကြတာပါ။ သူငယ်ချင်းဘဝနဲ့ Just Sex ယုံကလွဲပြီး ကျန်တာ ဘာအကန့်မှမရှိဘူးဆိုတဲ့ FWB Relationship ကြီးနဲ့ သူတို့နှစ်ယောက် တယောက်ကိုတယောက်ဘယ်လောက်ထိ ယုံကြည်စိတ်ချပြီး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ….။ အဖော်အချွတ်ခန်းတချို့နဲ့ ဂျက်စတင်တင်းဘားလိတ်ရော မီလာကူးနစ်ရော အမြင်မတော်အောင် အရမ်း Good နေလို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါဘူးနော်။

Horror • Action • Fantasy
6.5 2011 110 mins
Friends with Benefits
The Face of Another
7.9

The Face of Another (1966) ~ IMDb – 7.9/10, Rotten Tomatoes – 86% ~ Woman in the Dunes ရဲ့ စာရေးဆရာဖြစ်တဲ့ Kōbō Abe ရဲ့ ဝတ္တုကိုပဲ Hiroshi Teshigahara က ရိုက်ထားတာ Pitfall, Woman in the Dunes, The Face of Another, The Man Without a Map စသဖြင့် စုစုပေါင်း လေးကားရှိခဲ့တယ်။ ဒီကားတွေကြည့်ဖူးတဲ့လူတွေတော့ သိကြမှာပါ၊ ခိုဘိုအဘဲဟာ ဂျပန်ရဲ့ဖရန့်ကာဖ်ကာလို့ အနှိုင်းခံရတဲ့ စာရေးဆရာမို့ သူ့စာတွေကို ရိုက်ထားတဲ့ ဒီရုပ်ရှင်တွေက Metaphor တွေချည်း လှိမ့်သုံးထားတဲ့ နားလည်ရမခက်ပေမဲ့ မလွယ်တဲ့ကားတွေလို့ ပြောလို့ရတယ်။ ဒါကို ဂျပန်နယူးဝေ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ ဟိရိုရှိကလည်း ဒီဇာတ်လမ်းတွေကို အောင်မြင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ပထမ၃ကားလုံးက သူ့အအောင်မြင်ဆုံးရုပ်ရှင်တွေထဲပါခဲ့ပြီး နောက်ဆုံးတစ်ကားပဲ နည်းနည်းချာသွားခဲ့တယ်။ ဂျပန်နယူးဝေ့ဟာ ၁၉၅၆လောက်ကစခဲ့ပေမဲ့ ၁၉၆၀မတိုင်ခင်အထိ နယူးဝေ့ကားနည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ Nagisa Ōshima ကစလို့ Seijun Suzuki တို့အဆုံး နယူးဝေ့ဒါရိုက်တာတွေ ဆက်တိုက်ဆိုသလိုရိုက်ခဲ့ကြတယ်။ ကျွန်တော်သတိထားမိသလောက်တော့ ဒီနယူးဝေ့ကားတွေမှာ အိုဇုတို့ ကူရိုဆာဝါတို့လိုမဟုတ်ဘဲ လိင်မှုခန်းတွေ လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကိုသာ ရဲရဲဝံ့ဝံ့ကို မြင်သာထင်သာ တင်ဆက်လာကြတယ်။ ဒီနယူးဝေ့ဟာ ဒါရိုက်တာက သူ့ရုပ်ရှင်ကို သူကိုယ်တိုင်လွတ်လပ်စွာ တင်ဆက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သီအိုရီကို ဂျပန်မှာ စမိတ်ဆက်ခဲ့တဲ့ ကာလဖြစ်ခဲ့တော့ ဒါရိုက်တာတွေ တော်တော်တော့ခက်ခဲခဲ့မှာပေမဲ့ Ōshima တို့၊ Suzuki တို့၊ Yoshishige တို့ဆို တော်တော်ရဲရဲတင်းတင်းကို ပြခဲ့ကြတယ်။ တချို့ဆို သူတို့ကားတွေကို အပြာကားလို့တောင် ထင်ခဲ့ကြတယ်။ Hiroshi Teshigahara ကတော့ ကြားကျကျပဲနေသွားခဲ့ပုံပါပဲ။ ပြတော့ပြပေမဲ့ ဟိုဘဲတွေလောက်တော့ မဟုတ်ဘဲ လိုအပ်တယ်လို့ သေချာတဲ့နားလောက်ပဲ ထည့်ခဲ့တယ်။ Hiroshi Teshigahara ရဲ့ The Face of Another ဟာ Woman in the Dunes လောက်တော့ မကောင်းဘူးလို့ ဆိုကြပေမဲ့ Tatsuya Nakadai ရဲ့ သရုပ်ဆောင်ချက်ကိုပါ ထည့်တွက်ရင် ကျွန်တော်တော့ Woman in the Dunes ထက်တော့ မညံ့ဘူးလို့မြင်တယ်။ ဇာတ်လမ်းကတော့ စက်ရုံပေါက်ကွဲမှုကြောင့် မျက်နှာစုတ်ပြတ်သတ်သွားတဲ့ အင်ဂျင်နီယာတစ်ယောက်ကနေ စတယ်။ သူ့မျက်နှာက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပြီးတဲ့နောက် သူ့မိန်းမကတောင် သူ့ကိုအလိုမပါတော့ဘဲ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ သူ့အတွက် တော်တော်ခက်ခဲနေခဲ့တယ်။ ဒီတော့ သူက သူ့စိတ်ကို သူအဖက်ဆည်ဖို့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ ပြတယ်။ ဒီဆရာဝန်က စိတ်ရောဂါကုဆရာဝန်ပေမဲ့ စစ်အတွင်းက လက်ပြတ်သွားတဲ့လူတွေကို လက်ချောင်းအသစ်တွေ လုပ်ပေးတာတို့ ဘာတို့လုပ်နေတဲ့ ဆရာဝန်။ သူက မျက်နှာမရှိတော့တဲ့လူကို မျက်နှာဖုံးတစ်ခုလုပ်ပေးခဲ့တယ်။ လူ့မျက်နှာလို တစ်ပုံစံတည်းဖြစ်နေတဲ့ မျက်နှာဖုံးပေါ့။ သူ့သီဝရီအရတော့ သူက မျက်နှာမရှိတဲ့လူဟာ လူတောတိုးဖို့ မျက်နှာလိုချင်တာလို့ပြောပေမဲ့ မျက်နှာဖုံးက သူ့စိတ်နဲ့ ခန္ဓာကိုပြန်ကြီးစိုးသွားမယ်လို့ ယူဆတယ်။ ဒီနောက်မှာတော့ မျက်နှာဖုံးကမျက်နှာလား၊ မျက်နှာက မျက်နှာဖုံးလား၊ မျက်နှာက မျက်နှာလား၊ မျက်နှာဖုံးက မျက်နှာဖုံးလား ဆိုတဲ့ အဖြေကို ကိုယ်တိုင်ရှာယူရမယ့် အခြေအနေကို ဆွဲခေါ်သွားတယ်။ ဒီရုပ်ရှင်မှာ ဒီဇာတ်နဲ့အပြိုင် သူ့အစ်ကိုနဲ့ပြန်အိပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလည်းပါခဲ့ပါတယ်။ မူရင်းဝတ္တုမှာတော့ ဒီဇာတ်လမ်းဟာ အဓိကဇာတ်ကောင်က ရုပ်ရှင်ရုံမှာ ကြည့်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအကြောင်းလည်း သူပြန်ပြောပြခဲ့တယ်။ အဓိကဇာတ်ကောင်က ဒီဇာတ်လမ်းကိုသိနေတယ်ဆိုတဲ့ အချက်ဟာ ဇာတ်ကောင်ကို အကဲဖြတ်ဖို့ ကျွန်တော်တို့အတွက်လိုတဲ့တစ်ချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 600MB Quality – WEBRip 720p, 480p IMDb Rating – 7.9/10 Format – mp4 Duration – 2H 4Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
7.9 1966 122 mins
The Face of Another