YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

BEEF.S01E05.Such.Inward.Secret.Creatures.720p.(CM).mp4

243.84 MB 720p video/mp4 860 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kung Fu Ghost
5

မွဲနေပါတယ်ဆိုတဲ့ ဒေစီဆီကို အမွေပေးချင်လို့ဆိုပြီး ဖုန်းတစ်ကောလ် ဝင်လာပါတယ်။ သူ့အဘိုးသေသွားလို့ အဘိုးရဲ့အိမ်ကိုအမွေရပါမယ်တဲ့။ မွဲပါတယ်ဆိုမှ ဘာပြောကောင်းမလဲ ယူအက်စ်ကို ဒေစီတစ်ယောက် ကပြီးထွက်သွားခဲ့တာပေါ့။ ဟိုရောက်မှ ပျားအုံကိုတုတ်ထိုးမိတဲ့ ဒေစီပါ။ အမွေရတဲ့အိမ်ကြီးကလည်း ကြောက်စရာအပြည့်၊ မှောင်မဲနေတာပဲ။ တစ်ခါတစ်ခါ ထပ်ခိုးထပ်ကနေ သူ့ကိုချောင်းကြည့်နေသလိုလို။ အဲ့ဒီလို အိမ်ကြီးမှာ တစ်ပတ်တိတိနေပြီးမှ အမွေရမှာတဲ့။ အဘွားအတွက် အမွေ ရအောင်ယူမယ်ဆိုပြီး စိတ်တင်းထားပြီးကာမှ သရဲနှစ်ယောက်နဲ့ မျက်မြင် ကိုယ်တွေ့တွေ့ရပါတော့တယ်။ တစ်ယောက်ကတော့ သရဲငယ်ငယ်အဆင်လေးဝီလီယမ်ဖြစ်ပြီး နောက် တစ်ယောက်ကတော့ သရဲဘိုးအေကြီးပေါ့။ အဲ့ဒီသရဲနှစ်ယောက်က ဒေစီကို ဘာလို့ဒီအိမ်မှာ နေစေချင်ရတာလဲ။ ပြီးတော့ အိမ်ကြီးထဲမှာရော ဘာတွေ လျှို့ဝှက်ထားသေးလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ (Horror ဆန်ဆန်ကြည့်ရမယ့်ကားမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့် ကားလေးပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.96 GB) / (875 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Jo Jo Va Encoder..........SWM

Action • Crime • Drama • Thriller
5 2022 95 mins
Kung Fu Ghost
Bombshell
6.8

ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက် တကယ့်အ‌ချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့ Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။ Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီး တခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့ Fox News ရုပ်မြင်သံကြားချန်နယ်အတွင်း အမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်း ဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။ အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။ တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။ နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့ တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။ မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Drama • History
6.8 2019 109 mins
Bombshell
Ang Pambansang Third Wheel
6.7

Ang Pambansang Third Wheel (2018) ~ IMDb Rating – 6.7/10 ~ ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ထရီနာကရော သူ့ကိုပြန်ချစ်ပါ့မလား ဆိုတဲ့မေးခွန်းတွေကိုတော့ ဒီကားလေးကိုကြည့်ရှုရင်းနဲ့ ဇာတ်ဝင်ခန်းလေးတွေက အဖြေပေးသွားပါလိမ့်မယ်လို့ ညွှန်းခဲ့ပါရစေခင်ဗျား… (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.01GB, 1GB, 600MB Quality – 1080p, 720p, 480p Format – mp4 Duration – 1H 37Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Action • Adventure • Fantasy
6.7 2018
Ang Pambansang Third Wheel
Christmas in August
7.6

Christmas in August ( 1998 ) သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အတိတ်မှာ ကြွင်းရစ်နေမြဲ။ သိဟ်ရာသီရေ အဲဒီခတ္တာပွင့်ကလေးကို သိမ်းရစ်လေဦး။ April Snowတို့ One Fine Spring Dayတို့ အရိုတစ်လိုင်းကားတွေ , Forbidden Dreamတို့ The Last Princessတို့လို ရာဇဝင်ကားတွေ, ရိုက်ခဲ့တဲ့ hur jin hoရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မင်းသားကတော့ လီချန်းဒုံရဲ့ ပွဲဦးထွက်ကား Green Fishရဲ့ အဓိကဇာတ်ဆောင်ဖြစ်ဖူးတဲ့ Dr. Romanticတို့ Deep Rooted Treeတို့ထဲလည်း သရုပ်ဆောင်တော်တော်ကောင်းတာ မြင်နိုင်တဲ့ Han Suk-kyuပါပဲ။ Baeksang ဆုပေးပွဲမှာ Best Film ,Best Actress , Best New Director ဆုတွေရခဲ့ပြီး Blue Dragon မှာလည်း Best Film , Best Actress , Best Cinematography , Best New Director ဆုတွေကို ရခဲ့ပါတယ်။ ဒီကားကို ကျွန်တော် သတိထားမိတာက တစ်ချို့က ကိုရီးယားရိုမန့်တစ်မာစတာပိစ်တွေဖြစ်နေတဲ့ II Mareတို့ My Sassy Girlတို့ the classicတို့လို ကားမျိုးတွေနဲ့ တစ်တန်းတည်းထားကြလို့ပါပဲ။ မကြည့်ခင်ကတော့ ကျွန်တော်လည်း အဲဒီလို တော်တော်ရိုမန့်တစ်ဆန်တဲ့ပုံစံမျိုးလို့ ထင်ခဲ့တာပဲ။ ခုနကားတွေလို ကိုရီးယားကလပ်စစ် ရိုမန့်မာစတာပိစ်စာရင်းဝင်ပေမဲ့ ခုနကားတွေကို ကြိုက်တဲ့လူတွေ ကြိုက်မကြိုက်တော့မသေချာပါဘူး။ ကျွန်တော်တော့ ခုနကားတွေကိုလည်း ကျသလို ဒါလည်း ကျတာပါပဲ။ ဒီကားက တခြားရိုမန့်တစ်ကားတွေနဲ့ ကွာခြားနေတဲ့အချက်က realityဆန်လွန်းနေတာပါပဲ။ ခင်ဗျား ဘဝမှာ နေရင်းထိုင်ရင်း ရနိုင်တဲ့ ရိုမန့်ဆက်ဆံရေးတစ်ခုလို ပုံစံမျိုးကိုပဲ ပုံဖော်ထားတာ ကြုံတောင့်ကြုံခဲမှ တွေ့ကောင်းတွေ့နိုင်တဲ့ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘူး။ မင်းသားက သေတော့မယ့်လူ ဒါပေမဲ့ ဒရာမာချိုးလို့ ရလျက်သားနဲ့ကို လုံးဝဒရာမာမချိုးသွားသလို မင်းသမီးကလည်း ဒါကိုမသိသွားဘူး။ ဇာတ်ကောင်မင်းသားက မင်းသမီးထက် အသက်၁၀နှစ်လောက်နီးနီးကြီးတဲ့သူဆိုတော့ အဲဒီအရွယ်နဲ့လိုက်ဖက်အောင်ပဲ ပုံဖော်သွားတယ်။ သူ့သေခြင်းကို သူကောင်းကောင်းကြီး လက်ခံပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲရအောင် မလုပ်ချင်တော့တဲ့ ချစ်ခြင်းမျိုးကိုပဲ ပြသွားတယ်။ ဘာမှ ဒရာမာကြီးကြီးမားမားမချိုးသွားဘူး။ ဒီကားဟာ ရိုမန့်ကားပေမဲ့ တော်တော်လေးရိုးရိုးသားသားနဲ့ကို ရိုမန့်ဆန်နေတဲ့ကားလို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.4GB | 1GB | 480MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Adventure • Animation • Comedy • Family
7.6 1998
Christmas in August
Duma
7.2

ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော် သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊ ​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လို ဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb 7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက ​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီး ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင် လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်မှ မြို့​ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လူယဉ်တဲ့ တိ​လေးဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲ ဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။ ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲ ပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာ ဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့် အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာပါ။ ချစ်ဖို့​ကောင်းတဲ့ တိကား​လေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့ အဆင်​ပြေမယ့် ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

7.2 2005
Duma
The Asian Angel
6.2

The Asian Angel (2021) Aoki ဟာ အောင်မြင်မှုနဲ့ အလှမ်း​ေ၀းနေတဲ့ ဂျပန်နိုင်ငံသား ၀တ္ထုစာရေးဆရာတစ်ယောက်ဖြစ်ပြီး တရက်မှာတော့ သူ့အကိုဖြစ်သူရဲ့ ဆွယ်မှုကြောင့် ကိုးရီးယားကို သားဖြစ်သူနဲ့ ရောက်လာပါတယ်။ ဆော ဟာလည်း အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ကုမ္ပဏီဥက္ကဌ ရဲ့ အနိုင်ကျင့် အမြတ်ထုတ်တာကို ခံနေရတဲ့ ကိုးရီးယားနိုင်ငံသူလေးဖြစ်ပြီး မောင်နဲ့ ညီမ အတွက် အလုပ်ကို အမြဲ ပင်ပန်းကြိုးစားနေရသူပါ။ တရက်မှာတော့ အစ်ကိုဖြစ်သူ က ပင်လယ်ကမ်းဘက် စီးပွားရေးလုပ်ဖို့အတွက် Aoki နဲ့ သူ့ကလေး လိုက်လာရင်း တဘက်မှာလည်း မိဘ သင်္ချိုင်းကန်တော့ဖို့ လာကြတဲ့ ဆော တို့ မောင်နှမတွေနဲ့ အမှတ်မထင် ကြုံလာခဲ့ပါတော့တယ်။ မတူညီတဲ့ ဘာသာစကားတွေပြောကြပေမယ့်လဲ အတိတ်ကတူညီတဲ့ အဖြစ်အပျက်တွေကြောင့် ကိုးရီးယားစကားမတတ်တဲ့ Aoki နဲ့ ဂျပန်စကားမတတ်တဲ့ ဆော တို့ ဘာဆက်ဖြစ်ကြမလဲ။ The Asian Angel (2021) ဟာ ၂ နာရီသာသာ ကြာမြင့်ပြီး drama အမျိုးအစားဖြစ်ပါတယ်။ drama အခန်းတွေကြားမှာ ပြုံးရယ် မိစေမယ့် အခန်းတွေလဲ ပါတာမို့ ကြည့်ရှုကြပါဦးနော်။ Genre….. Drama Quality…. 1080p | 720p File size… 2GB | 634MB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

6.2 2021 128 mins
The Asian Angel
Body of Lies
7

IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။ (အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson

7 2008
Body of Lies
Juni
8.6

Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်) IMDb 8.6/10 ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်း ခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းက မိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကို အမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကို တိတ်တခိုးလေးချစ်ကြိုက်မိရာကနေ ……. ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ ….. ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ…. ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်)

8.6 2024
Juni
The Zombies
5.8

ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။ အဲဒီရှေးဟောင်းဘုရားကျောင်းကြီးက မကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။ တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။ တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲက တတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာ စွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ ဒီလိုဒွိဟဖြစ်စရာ ကောလ‌ဟယလတွေကြားမှာ အင်္ဂလိပ်တွေက အဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။ အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီး ရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ ဟိုတုန်းက‌ ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ

5.8 2024
The Zombies
Peranmai
7.1

Peranmai ( 2009 ) “သူရဲကောင်းတို့ရဲ့ဂုဏ်သိက္ခာ” ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်ထွက် တမီးလ်စကားပြော Action / Adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်ကားအကျဉ်းကတော့ တက္ကသိုလ်ကျောင်းသူတစ်စုဟာ စခန်းသွင်းလေ့ကျင့်ရေးအတွက် တောထဲက တက္ကသိုလ်မှာ လာနေပြီး ချီတက်ပွဲအတွက် အပြိုင်အဆိုင်လေ့ကျင့်ရမှာဖြစ်ပါတယ်။ ကျောင်းသူတွေထဲမှာ သူတို့ကိုယ်သူတို့ ဒီစခန်းရဲ့ မဏ္ဍိုင်ကြီးငါးခုအဖြစ် ကြေညာသတ်မှတ်ထားတဲ့ ခပ်ကဲကဲကျောင်းသူအလန်းလေး ၅ ယောက်ပါလာပါတယ်။ ဘယ်သူ့ကိုမှလည်းမကြောက်သလို မြို့သူလေးတွေလည်းဖြစ်ပြန်တော့ ဘာကိုမှအလေးအနက်မထားတတ်ဘဲ အစားအသောက်ကအစ ကလေးဆန်ဆန်ချေးများလို့နေပါတော့တယ်။ မင်းသားဖြစ်တဲ့ ဒူရူဗန်ကတော့ သူတို့အားလုံးကို လေ့ကျင့်ပေးရတဲ့ဆရာတစ်ယောက်ဖြစ်ပြီး တောရိုင်းလူမျိုးစုတစ်စုက ဆင်းသက်လာသူဖြစ်ပါတယ်။ လေ့ကျင့်ကွင်းထဲမှာ စည်းကပ်အလွန်တင်းကျပ်ပေမဲ့ သာမာန်အချိန်မှာ ပျော်ပျော်နေတတ်သူဖြစ်တာကြောင့် ကျောင်းသူတွေကိုလည်း သူငယ်ချင်းလိုပဲဆက်ဆံပါတယ်။ ဒါပေမဲ့ အပျိုချောတို့ကတော့ သူ့မျိုးနွယ်စုကြောင့် အထင်တသေးလှောင်ပြောင်ချင်စိတ်ပဲရှိနေကြပါတယ်။ ဒီလိုနဲ့ စည်းကမ်းကျပ်တဲ့လေ့ကျင့်ရေးဆရာနဲ့ ဘာကိုမှအလေးအနက်မထားတတ်တဲ့ကျောင်းသူတစ်စုတို့ ဘယ်လိုတွေစခန်းသွားကြမလဲ.. Action / Adventure Genre ဖြစ်လာဖို့ ဇာတ်ကြောင်းလှည့်ကွက်တွေ ဘယ်လိုဆက်ရှိမလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)

7.1 2009
Peranmai
Crispy
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Joe Leone ရိုက်ကူးထားပြီး Luke Ryan, Saoirse Tiernan, Colson Branum စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းစတင်တာကတော့ ဆယ်ကျော်သက်လူငယ်တစ်စုတို့ တောအုပ်ထဲကို ရတနာရှာပုံ‌တော်ထွက်တဲ့ခရီးတစ်ခုကြောင့်ပါပဲ။ ရစ်ကီဆိုတဲ့လူငယ်လေးက ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေရတာကို စိတ်ဝင်စားလွန်းတဲ့သူပါ။ တစ်နေ့မှာတော့ လိုင်းပေါ်ကဂရုချက်တစ်ခုကနေ တော်လှန်ရေးစစ်ပွဲခေတ်က ဒင်္ဂါးပြားတွေမြှုပ်ထားတဲ့နေရာအကြောင်း သတင်းရတဲ့အခါ သွားရောက်ရှာဖွေလိုစိတ်တွေပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းအုပ်စုကိုခေါ်ပြီး ရတနာရှာဖို့တောအုပ်ဆီကို သွားကြဖို့ ဖြစ်လာခဲ့ပါတယ်။‌ ‌‌‌‌မွေးရာပါ‌‌ဝေဒနာကိုခံစားနေရပြီး ဝှီးချဲနဲ့နေရတဲ့ ရစ်ကီရဲ့အမဖြစ်သူက မသွားဖို့တားခဲ့ပေမယ့်လည်း ဆယ်ကျော်သက်အုပ်စုကတော့ အိပ်မက်အသီးသီးကို အ‌ကောင် အထည်ဖော်ဖို့ ရတနာရှိတဲ့တောအုပ်ထဲကို ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် တောထဲရောက်တော့မှ ‌မြေပုံကအမှန်မဟုတ်တာ သိလိုက်ရတဲ့အပြင် လမ်းပါပျောက်သွားတဲ့အခါ ပြဿနာတွေ စတက်ပါတော့တယ်။ တောထဲကဆယ်ကျော်သက်အုပ်စုက လူသားစားတဲ့ဆိုက်ကို ကောင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ဘယ်လိုတွေရုန်းကန်ရမလဲ… ‌‌တောထဲကရော လွတ်မြောက်သွားနိုင်မလား… ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်း အဖြေရှာရမှာပါ။ Plot twist အကြီးစားလည်းပါလို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။ File size… (1.25GB) / (632MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 16m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Animation • Family • TV Movie • Mystery • Fantasy
5 2024 75 mins
Crispy
Revenge of the Boogeyman
3.2

Revenge of the Boogeyman (2025) IMDb Rating (3.2) ကယ်ဗင်က မကြာသေးခင်ကမှ Rehab ကထွက်လာခဲ့တာဖြစ်ပြီး သူ့သူငယ်ချင်းတစ်စုဟာ သူ့ကိုမူးယစ်ဆေးတွေအရက်တွေ ပြန်မသုံးစွဲမိအောင် ကူညီတဲ့အနေနဲ့ လူသူကင်းဝေးတဲ့ တောအုပ်ထဲကအိမ်တစ်လုံးမှာအားလပ်ရက်ကို အတူတကွဖြတ်သန်းကြဖို့စီစဉ်ထားပါတယ်။ အဲ့ဒီတောအုပ်ဟာ ဘူဂီမန်းတစ်ကောင်သောင်းကျန်းနေပြီး လူတွေခဏခဏပျောက်တယ်လို့ နာမည်ထွက်နေတဲ့ တောအုပ်ပါပဲ။ တကယ်တမ်း သူတို့ရောက်သွားချိန်မှာလည်း ထူးခြားတဲ့ ပုံရိပ်တွေအသံတွေ၊ အိမ်မက်တွေကို ကယ်ဗင်တွေ့ကြုံလာရပါတယ်။ သူ့သူငယ်ချင်းတစ်စုကတော့ ဆေးကြောင်ပြီး ထင်ရာမြင်ရာတွေမြင်နေကြတယ်လို့ယူဆကြတဲ့အတွက် ကယ်ဗင့်ကိုမယုံကြပါဘူး။ သူမြင်နေရတဲ့ ထူးဆန်းပြီး ကြောက်မက်ဖွယ်အာရုံတွေဟာ တကယ်လား? သူ့ရဲ့စိတ်လှည့်စားမှုတွေလား ? ဆိုတာကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (620 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Horror Duration….01:23:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
3.2 2025
Revenge of the Boogeyman
Happy Gilmore 2
6.7

Click, Grown Ups, Big Daddy, Hotel Transylvania အပြင် တခြားနာမည်ကြီးဇာတ်ကားတွေနဲ့ လူသိများပြီး People’s Choice Awards ၉ ကြိမ်ရထားပြီး သရုပ်ဆောင်လောကမှာ အောင်မြင်မှုများစွာရထားတဲ့ အချစ်တော်ကြီး Adam Sandler ရဲ့ဇာတ်ကားသစ် Netflix မှာ ထွက်ရှိလာပါပြီ။ Adam Sandler ဆိုတာ ဟာသပိုင်းမှာ အတော်လေးထူးချွန်တဲ့မင်းသားကြီးဖြစ်ပြီး အတည်ပေါက်ကြီးနဲ့ ဟာသလုပ်တတ်တာကလည်း သူရဲ့ကျွမ်းကျင်မှုပါပဲ။ ဒီကားရဲ့ထူးခြားချက်တွေက ပထမဇာတ်ကား Happy Gilmore (၁၉၉၆) ရဲ့ ၂၉ နှစ်အကြာမှာ Sequel အဖြစ်ထွက်ရှိလာတယ်။ Adam Sandler ရဲ့သမီးအရင်းကိုယ်တိုင် Happy Gilmore ရဲ့သမီး Sunny Gilmoreနေရာမှာ ပါဝင်သရုပ်ဆောင်ထားတယ်။ ဒါ့အပြင် ပထမကားရဲ့ Happy Gilmore ရဲ့ဇနီးဖြစ်သွားတဲ့ Virginia Venit နေရာမှာ Julie Bowen နဲ့ Happy Gilmoreရဲ့မဟာပြိုင်ဘက် Shooter McGavin လည်းပြန်လည်ပါဝင်ထားပါတယ်။ Julie Bowen ဆိုတာ Modern Family မှာ ကလဲယာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးပါ။ ဒီဇာတ်ကားကို ဒေါ်လာ သန်း၁၀၀-၁၂၀ ကြားအကုန်ကျခံရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ နှစ်ပေါင်း ၃၀ အကြာမှ ထွက်လာတဲ့ ဒီဇာတ်ကားမှာ Happy ဟာ ဟော်ကီအားကစားသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမယ့် သူ့အဖွားရဲ့အိမ်ကို ကယ်တင်ဖို့ ဂေါ့ဖ်အားကစားထဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့ ထူးခြားတဲ့ ရိုက်ချက်တွေနဲ့ Tour Championship မှာ အနိုင်ရခဲ့ပါတယ်။ အနိုင်ရပြီးနောက် Happy ဟာ အနားယူထားတဲ့ ဂေါ့ဖ်ကစားသမားဘဝကနေ ပြန်လည်ပြန်လာရတဲ့ အကြောင်းအမျိုးမျိုးရှိလာခဲ့ပါတယ်။ သူရဲ့ချစ်သူ Virginia Venit နဲ့သမီးတစ်ယောက်ရလာခဲ့ပြီး မိသားစုအတွက်ရပ်တည်ဖို့ ဂေါက်သီးအားကစားထဲ ပြန်လည်ဝင်ရောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။ သာမန်ဂေါ့ဖ်တမျိုးတည်းမဟုတ်ဘဲ အသစ်အဆန်းဂေါ့ဖ်ရိုက်ကစားနည်းတွေကို ပထမဇာတ်ကားထဲကလို Happy ရဲ့ ထူးခြားတဲ့ ဂေါ့ဖ်ရိုက်နည်းတွေ၊ ဒေါသထွက်လွယ်တဲ့ စရိုက်နဲ့ ပရိသတ်တွေကို ဘယ်လိုနည်းလမ်းတွေဆွဲဆောင်ဦးမလဲဆိုတာ ကြည့်ရှုချင်စရာကောင်းနေပါတယ်။ သူရဲ့ပြိုင်ဘက်ကြီး Shooter McGavin နဲ့ ဘယ်ဘူတာမှာ ထပ်တွေ့ပြီး ဘယ်လိုဟာသတွေ ဖန်တီးသွားပြမလဲဆိုတာတော့ အချိန်ရတာနဲ့ကြည့်ရှုလိုက်ကြပါဦး File Size… (2.76 GB) / (1.41 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 54m Genre …..Comedy , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Thriller • Mystery
6.7 2025 118 mins
Happy Gilmore 2
Filth
7

Filth (2013) ============= IMDB : 7.0, Rotten Tomatoes : 67% Filth (2013) ကတော့ မင်းသား James McAvoy ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုလို့တောင် ဆိုလို့ရပါတယ်။ James က Scottish မင်းသားဖြစ်ပေမဲ့ ကျွန်တော်တို့ သူ့ရဲ့ Scottish အသံထွက်နဲ့ ရုပ်ရှင်တွေ သိပ်မကြည့်ဖြစ်ကြလောက်ပါဘူး။ ဒီကားကတော့ Scottish ကားဖြစ်တာနဲ့အညီ သာမန်ကြားနေကြမဟုတ်တဲ့ အင်္ဂလိပ် လေယူလေသိမ်းတစ်ခုကို ကြားရမှာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း အတော်ဆန်းလို့ ကြည့်ရတာ ကျေနပ်ဖို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်လာမှာပါ။ မင်းသမီး Imogen Poots ကိုငမ်းရတာလည်း တပိုင်းပေါ့လေ။ ဇာတ်ညွှန်း ဘရုစ်ဆိုတာက “စစ်နိုင်သူသာလျှင် သမိုင်းကိုရေးသည်” ဆိုတဲ့ လက်သုံးစကားကို လက်ကိုင်ထားပြီး ဌာနတွင်းရာထူးတိုးမယ့်ကိစ္စကို ဟိုလူ့ပတ်ချွတ်၊ ဒီလူ့ပတ်မ၊ ဝေ့ဝိုက်ပြီးတမျိုး၊ ဒဲ့တမျိုး ပလိစိခြောက်ချက်ဉာဏ်ကို အလွှာလိုက်သုံးကာ ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ် ရုံးတွင်းရာထူးတိုးမယ်ဆိုသိတဲ့အတိုင်း ဖြစ်နိုင်ချေတွေကလည်း ခပ်များများရယ်။ အားလုံးက Potential Threat ဖြစ်ပါတယ်။ ဒါကိုတော့ ဘရုစ်ကမမှုပါဘူး။ ဘာလို့ဆို သူက အရာအားလုံးကို မရရအောင် ယူမယ့်လူမဟုတ်လား။ ဘရုစ်မှာ ချစ်ရတဲ့ ချစ်ဇနီးလေး ကာရိုးဆိုတာရှိတယ်။ ကာရိုးကလည်း ဘရုစ်ကိုချစ်တယ်။ သူ့ယောကျ်ားရာထူးတိုးမှာကိုလည်း သိတယ်။ ယုံကြည်တယ်။ ဒီလိုနဲ့ ဂျပန်လူမျိုးတစ်ယောက် အသတ်ခံလိုက်ရရော။ အသတ်ခံရတဲ့အမှုမှာ ဘရုစ်ကို ခေါင်းဆောင်ခန့်ပြီး အမှုလိုက်ခိုင်းတယ်။ ရာထူးတိုးဖို့ သူများက လှေကားနဲ့တက်နေရချိန် ဓာတ်လှေကားစီးဖို့ လက်မှတ်ရသလိုဖြစ်သွားခဲ့တယ်။ “ဒါပေမဲ့လည်း၊ အကယ်လို့များ၊ ပြီးတော့၊ ဒါမှမဟုတ်တွေ” အများကြီး ပြည့်နေတဲ့ ဘရုစ်ရဲ့ ဘဝလမ်းကတော့ အညာလမ်းကားဖြတ်မောင်းသလို ဖုန်တထောင်းထောင်းနဲ့ မငြိမ့်ညောင်းလှပါဘူး။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ သေချာပဲ ခံစားကြည့်လိုက်ကြပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Lucifer Maximoff ဖြစ်ပါတယ်) File size… 1.6 GB / 760 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Dark Comedy, Crime, Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

7 2013 97 mins
Filth