YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Bed on the Beach EP04.720p.CM.mp4

300.01 MB N/A video/mp4 492 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gangs of Lagos
6.3

Gangs of Lagos [ RT 86% / IMDB 6.3] ဂိုဏ်းဂဏတွေ ဂန်းစတားတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေဟာ ပေါချင်းသောချင်းပါပဲ... ကျွန်တော်တို့ဟာ ဟောလီးဝုဒ်နဲ့ အရှေ့တိုင်းက ဂန်းစတားတွေကို ထပ်ဖန်တလဲလဲ ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ခဲ့ကြပြီးပါပြီ... ဒီဇာတ်ကားလေးမှာတော့ အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့က ဂိုဏ်းတွေအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်... သူတို့လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေ... ဘယ်လိုလည်ပတ်ကြလဲ... လူမိုက်ဆိုတာဘာလဲ.... ယုံကြည်ကိုးကွယ်မှုက ဘယ်အတိုင်းအတာထိ လွှမ်းမိုးထားသလဲ... ဒီဂိုဏ်းဂဏတွေက နိုင်ငံရေး ရွေးကောက်ပွဲတွေမှာ ဘယ်လိုပါဝင် ပက်သက်လဲ... တစ်သက်လုံး လူဆိုးလူမိုက်တွေ အဖြစ်ပဲ နေသွား သေသွားကြလားဆိုတာကို ကြည့်ရှုရမှာပါ... ဇာတ်လမ်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဖအေ ဂန်းစတားကြီး နီနိုကို သတ်သွားတဲ့ ရန်သူတော်တွေကို လက်စားချေဖို့ ဘယ်လိုတွေ လှုပ်ရှားဆောင်ရွက်ကြသလဲဆိုတာကို ပုံဖော်ထားတာပဲဖြစ်ပါတယ်... ဂန်းစတားကားတွေ ကြည့်ချင်ရင်တော့ ဖီလင်အသစ်ကို ပေးမေယ့် အာဖရိက ဂိုဏ်းကားလေးကို ကြည့်ဖို့ အကြံပြုလိုက်ပါတယ်... Rating ကလည်း မသေးလှပါဘူးဗျ RT 86%တောင် ရထားပြီး IMDBလည်း 6.3 ရှိပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(3GB) / (1.5GB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:05:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Comedy • Crime
6.3 2023 124 mins
Gangs of Lagos
(18+)Siphayo
4.2

ခုတင်ဆက်ပေးမယ့် ကားလေးကတော့ ဖိလစ်ပိုင် erotic thriller ကားလေးပါ erotic ကတော့ ဇာတ်လမ်းသဘောအရ sex အခန်းတွေ ပေါပေါသီသီပါဝင်လို့ 18+ဖြစ်နေပေမယ့် တော်တော်လေးကို suspense ဖြစ်တဲ့ plot ကိုပိုင်ဆိုင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးက လယ်ပိုင်ရှင် ဒန်တီဆိုတဲ့သူက သူ့ဇနီးဆုံးတဲ့အချိန်မှာ သားနှစ်ယောက် ချွေးမတစ်ယောက်နဲ့အတူတူ လုပ်ကိုင်စားသောက်နေကြတာပါ အဲ့အချိန်မှာ ဘွားခနဲဆို သူ့သားတွေနဲ့ မတိမ်းမယိမ်း စကီလေးတစ်ပွေကို အိမ်ပေါ်ကောက်တင်လာပါတယ် အဲ့တော့ မြန်မာကားထဲက ဒရာမာတွေလိုပဲ သားနဲ့မိထွေးဇာတ်လမ်းတွေရော အဖေနဲ့ချွေးမဇာတ်လမ်းတွေရော စောက်ပြသနာတွေရော ဘာတွေမှန်းတော့မသိပေမယ့် အားတိုင်းတဂျိန်းဂျိန်းတော့ ချနေပါတယ် Plot လေးကလဲ အဆုံးထိစိတ်ဝင်စားဖို့ကောင်း မပျင်းရအောင်လဲ ဇာတ်ရှိန်က တဂျိန်းဂျိန်းနဲ့တက်သွားတော့ ပရိသတ်တို့အတွက် လက်လွတ်မခံဖို့ လက်တို့လိုက်ပါတယ် File size…2.45GB  / 910MB Quality…1080p WEBRIP AAC /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama • History • War
4.2 2016 90 mins
(18+)Siphayo
Spirited
7.1

ခရစ္စမတ်နီးပြီဆိုတော့ ခရစ္စမတ်ဇာတ်လမ်းလေးတွေလဲစပြီးထွက်လာပါပြီ။ ခရစ္စမတ်ဇာတ်လမ်းကိုမှ Ryan Reynolds နဲ့ Will Ferrell တို့က Christmas Carol ကိုပြန်အသက်သွင်းထားတဲ့ဇာတ်လမ်းဆိုရင်တော့ Christmassy feeling အပြည့်အဝနဲ့ စခွီလဲထရမယ့်ဇာတ်လမ်းဆိုတာ တကူးတကပြောစရာမလိုလောက်ပါဘူး။ Dickens ရဲ့ Christmas Carol ကို အားလုံးသိထားပြီးသားနေမှာပါ။ အကျဥ်းချုံးပြောရရင် ခရစ္စမတ်ညမှာလူတစ်ယောက်ကိုပြောင်းလဲစေဖို့ ခရစ္စမတ်တစ္ဆေသုံးကောင်လာတယ်။ အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ် ခရစ္စမတ်တစ္ဆေတွေပေါ့။ သူတို့ကဒီလူကိုသူ့ရဲ့ အတိတ်လက်ရှိနဲ့အနာဂတ် တစ်လျှောက်ခေါ်သွားပြီး သူ့ကိုအပြောင်းအလဲတွေဖြစ်စေဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပေါ့။ ဒီဇာတ်လမ်းမှာတော့ Clint လို့ခေါ်တဲ့ Ryan Reynolds က မီဒီယာအကြံပေးတစ်ယောက်ဖြစ်ပြီး သူ့ကိုအလုပ်အပ်သူတွေအတွက် မီဒီယာမှာသူတို့ပြိုင်ဘက်တွေကိုနိုင်ဖို့ကူညီပေးသူပေါ့။ ပြိုင်ဘက်တွေရဲ့အပုပ်အစပ်ပေါင်းစုံကိုရှာပေးသူ ပွဲရှာပေးသူဆိုပါတော့။ သူကလူတွေအပေါ်သိပ်လွှမ်းမိုးနိုင်သူလဲဖြစ်နေတော့ သူသာပြောင်းလဲသွားရင် သူ့နောက်ကတခြားလူပေါင်းများစွာလဲလိုက်ပြောင်းလဲမယ်ဆိုပြီး ခရစ္စမတ််တစ္ဆေတွေက လာမယ့်နှစ်ခရစ္စမတ်အတွက်သူ့ကိုခြောက်လှန့်ပြောင်းလဲဖို့ ကလင့်ကိုရွေးချယ်လိုက်တော့ တစ္ဆေတွေရဲ့ပရောဂျက်ကြီးအောင်မြင်မလားကြည့်ရမှာပါ။ ဒီဇာတ်လမ်းက Muscial လဲဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းလို့ ဒီနှစ်ရဲ့ Holiday Movies ထဲက ကားကောင်းတစ်ကားပါပဲ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Kevin တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Comedy, Family, Musical Quality…. 1080p | 720p | 480p File size… 2GB | 1.19GB | 500MB Format… mp4 Duration…. 2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Roman NoX, Kevin Encoder ..... August

Crime • Drama • Thriller
7.1 2022 127 mins
Spirited
Shabaash Mithu
6.3

IMDb-7/10 ကဲ ယူတို့အသည်းကျော် Haseen Dilruba ထဲက မင်းသမီးချောလေး တာ့ပ်ဆီးပါနူးရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော် ဒီကားလေးကအိန္ဒိယမှာ အမျိုးသမီးခရစ်ကတ်အသင်းတွေကို အသိအမှတ်ပြုမခံရသေးခင်က ရိုက်ထားတဲ့ကားလေးပါ ခရစ်ကတ်ဟာ အမျိုးသမီးနဲ့မသက်ဆိုင်တဲ့အရာဆိုပြီးလှောင်ပြောင်ပြောဆိုခံရတဲ့ကြားက ငယ်ငယ်လေးတည်းက ခရစ်ကတ်ကိုပဲအရူးအမူးဖြစ်ပြီး ရတဲ့နည်းနဲ့ရအောင်ဆော့တဲ့ကလေးမလေးတစ်ယောက် အရွယ်ရောက်လာလို့သူ့အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်နိုင်တဲ့အချိန် အချစ်ဆုံး သူငယ်ချင်းကပဲ အိမ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့တယ် အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့လို့ သူကိုယ်တိုင်အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို အသင်းကလည်းစွမ်းဆောင်ရည်ပြည့်ဝခဲ့ပါတယ် ကမ္ဘာ့ပွဲစဥ်တွေထိတက်ပြိုင်ဖို့ အိမ်မက်တွေနဲ့ကြိုးစားကြတယ် ရောက်နိုင်တဲ့အနေအထားလည်းရှိတယ် ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရခဲ့ဘူး တစ်နှစ်စာကျင်းပယှဥ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတောင်များများမရခဲ့ပဲ ရှေ့ဆက်ဖို့ လမ်းပျောက်ခဲ့တယ်.... ကပ္ပတိန်က လက်လျှော့ပြီးဇာတိပြန် အသင်းသားတွေ တစ်ကွဲတစ်ပြားဖြစ်သွားခဲ့ရတဲ့နောက် ခရစ်ကတ်ကိုလုံးဝလက်လျှော့ပြီး အိမ်ထောင်ပြု သာမန်အမျိုးသမီးဘဝနဲ့ပဲနေသွားမလား.... ခရစ်ကတ်ကမ္ဘာ့အဆင်ပွဲထိတက်ပြိုင်နိုင်မလား..... အမျိုးသမီးအဓိကထားရိုက်ထားပေမယ့် အမျိုးသမီးဝါဒီတွေအလွန်အကျူးမပါတဲ့ ဇာတ်ကားကောင်းလေးပါ File size…2.4GB / 1.2GB Quality…1080p TRUE WEBDL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Su Mon Aung & Taylor & Yunni

Action • Crime
6.3 2022 156 mins
Shabaash Mithu
Salute
7.7

မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် "ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင် ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး" အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကို ဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့ မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှ အမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူက ရဲဌာနကိုဖိအားပေးလာပါတော့တယ် အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့် ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာ အစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကို သူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ် အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကို လိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲ အာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…1.5GB / 800MB Quality…1080p WEB DL Format…mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko & Poe

Action • Crime • Drama
7.7 2022 145 mins
Salute
Star Trek Beyond
6.8

ကနဦးစွာ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ Director Justin Lin တစ်ယောက် ဒီဇာတ်ကားကို ရိုက်မယ်လို့ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အလွန်စိတ်ပျက်မိခဲ့တယ်။ Fast and Furious ကောင်က ကိုယ်တွေကြိုက်တဲ့ Star Trek ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ အခုလိုပြောလိုက်လို့စာဖတ်သူတို့ဘာမှ စိတ်မပူပါနဲ့။ တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။ -------------------------------------------------------------------------------- ကျွန်တော်တို့လွန်ခဲ့တဲ့ 3 နှစ်ခန့်လောက်ကို ပြန်သွားကြည့်ရအောင်ဗျာ။ Star Trek into Darkness က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဝင်ငွေ $467 Million နဲ့အောင်ပွဲခံနေတဲ့အချိန်ပေါ့။ တစ်ချို့ကတော့ သူတို့သဘောကျတဲ့ Khan ဇာတ်ကောင်ကို သရုပ်ဖော်တာ မကြိုက်လို့ဆိုပြီး အညံ့ဆုံး Star Trek ရုပ်ရှင်တို့ဘာတို့နဲ့အော်ဟစ်နေကြတဲ့သူတွေလည်း ရှိတဲ့အချိန်ပေ့ါဗျာ။ ဒီအချိန်မှာပဲ ထိုဇာတ်ကားတွေရဲ့Director ဖြစ်သူ J.J. Abrams တစ်ယောက်က တတိယမြောက် Star Trek reboot ရုပ်ရှင်ကို မရိုက်ကူးတော့ဘူးဆိုပြီး ထို Project က ထွက်သွားတော့တယ်။ (သေချာတဲ့အကြောင်းပြချက်ကတော့ The Force Awaken ကြောင့်ပေါ့။) 2014 လောက်မှာထင်တယ်။ အစကတော့ အရင်ဇာတ်ကား 2 ကားကို ဇာတ်ညွှန်းရေးခဲ့တဲ့ Roberto Orci က တတိယမြောက်ဇာတ်ကားအတွက် ကိုယ်တိုင်ဇာတ်ညွှန်းရေးကာ Director အဖြစ် ပထမဆုံး ရိုက်ကူးမယ်လို့ကြားလိုက်ရတယ်။ နည်းနည်းတော့လန့်တာပေါ့။ တစ်ခါမှ Director မလုပ်ဖူးတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်က Star Trek လို ဇာတ်ကားကြီးကို ကိုင်မယ်ဆိုတော့။ ဒါပေမဲ့ ထိုနှစ် May လ လောက်က စလိုက်တဲ့ထိုသတင်းဟာ December လောက်မှာ ပျက်သုန်းသွားခဲ့တယ်။ ထုံးစံအတိုင်း “Creative Differences” ဆိုတဲ့ အမည်တစ်ခုနဲ့ပဲ Roberto Orci နဲ့Paramount တို့လမ်းခွဲခဲ့ကြတယ်။ ဒီတော့ Roberto Orci ကလည်း သူနဲ့အတူ သူရေးတဲ့ ဇာတ်ညွှန်းကို တစ်ပါတည်း ယူဆောင်သွားတယ်။ ဒီမှာတင် အခက်တွေ့တော့တာပဲ။ 2015 ထဲဝင်လာပြီ။ 2016 ဟာ Star Trek ရဲ့နှစ် 50 ပြည့်နှစ်မို့အထိမ်းအမှတ်တစ်ခုဖြစ်အောင် 2016 မှာ ထိုရုပ်ရှင် ထွက်ကို ထွက်မှ ဖြစ်တော့မှာ။ သူတို့မှာ ကျန်တဲ့အချိန်က 1 နှစ်ပဲ ရှိတော့တယ်။ ဒီအချိန်ထိ အဖြေဟာ မသဲကွဲသေးဘူး။ ရုပ်ရှင်အဖွဲ့သားတွေကတောင် ထိုဇာတ်ကား မရိုက်ဖြစ်တော့ပါဘူး ထင်ပြီး တစ်ခြားဇာတ်ကားတွေ ရိုက်ကူးသွားကြတော့တယ်။ သိပ်တော့ မကြာလိုက်ဘူး။ 2015 August လောက်မှာဖြစ်မယ်။ ဒီ Project ကို ပြန်လည် အသက်သွင်းဖို့စတင်ကြိုးပမ်းခဲ့တာ Scotty အဖြစ် သရုပ်ဆောင်တဲ့ Simon Pegg ပဲ။ သူ့ရဲ့စိတ်ကူးတွေထဲမှာ ယခု တတိယမြောက် ဇာတ်ကားအတွက် ဇာတ်လမ်းတွေရှိနေခဲ့တယ်။ ဒီလိုနဲ့ပဲ Simon Pegg နဲ့Doug Jung ဆိုတဲ့သူတစ်ယောက်နဲ့ယခုဇာတ်ကားအတွက် ဇာတ်ညွှန်းတွေ စတင်ရေးသားလာတော့တယ်။ သူတို့တွေကို Paramount က Roberto Orci ရဲ့ဇာတ်ညွှန်းကို မပြသခဲ့ဘူး။ ယခုထိလည်း ထိုဇာတ်ညွှန်းထဲက ဇာတ်လမ်းဟာ ဘယ်လိုလည်းဆိုတာ ဘယ်သူမှ မသိခဲ့ဘူး။ (Paramount နဲ့Roberto Orci တို့ကလွဲရင်ပေ့ါ။) အဲ့ဒီ့နောက်တော့ သူတို့အတွက် Paramount က Director တစ်ယောက် ခေါ်လာခဲ့တယ်။ ဒီအချိန်မှာပဲ သူတို့အားလုံး အံ့သြသင့်ကြရတော့တယ်။ Paramount ခေါ်လာတဲ့သူက တစ်ခြားမဟုတ်။ Fast and Furious ဇာတ်ကားတွေနဲ့နာမည်ကြီးလာခဲ့တဲ့ Justin Lin လေ။ Justin Lin က Fast and Furious ဇာတ်ကားတွေကို တတိယမြောက် Tokyo Drift ကနေ ဆဌမမြောက် ဇာတ်ကား Fast and Furious 6 အထိ ရိုက်ကူးခဲ့တဲ့သူ။ ဒါကို ပရိသတ်တွေကြားရတော့ internet မှာ ပြန့်သွားတဲ့ Comments တွေက “R.I.P Star Trek.” တဲ့။ ရယ်တော့ ရယ်ရတယ်။ ကျွန်တော်လည်း အပါအဝင်လေ။ -------------------------------------------------------------------------------- ဒီနေရာမှာ ကျွန်တော် Justin Lin အကြောင်းအနည်းငယ် ပြောချင်ပါတယ်။ သူဟာ အမှန်တော့ Indie ရုပ်ရှင်တွေနဲ့စခဲ့တဲ့သူ။ သူခေါ်တာကတော့ “Credit card movies” တွေတဲ့။ သူ့စရိတ်နဲ့သူကိုယ်တိုင် အကုန်အကျခံကာ ရိုက်ခဲ့ရတဲ့ ရုပ်ရှင်တွေလေ။ “Shopping for Fangs” တို့”Better Luck Tomorrow” တို့တွေပေ့ါ။ သူဟာ Fast and Furious တွေကို စရိုက်တော့ လူတွေက ဒီ indie ကောင်က FF ကားတွေကို ဘာလို့လာရိုက်တာလဲပေါ့။ ခုလည်း ဒီလိုပဲ။ ဒီ FF ကား ကောင်က Star Trek ကို ဘာလာ လုပ်တာလဲပေါ့။ အမှန်တော့ ရှင်းပါတယ်။ Justin Lin က Star Trek အကြောင်းကို ကားတွေအကြောင်းထက် ပိုသိတဲ့သူပါ။ သူဟာ လွန်ခဲ့တဲ့ 35 နှစ်လောက်ကတည်းက Star Trek နဲ့ရင်းနှီးခဲ့တဲ့သူ။ သူတို့မိသားစုက Taiwan ကနေ California ကို ပြောင်းလာတော့ သူက 8 နှစ်သားပဲ ရှိသေးတယ်။ Fish and Chips ဆိုင်လေးဖွင့်တယ်။ သူရဲ့ကျောင်းက သူငယ်ချင်းတွေက Star Wars ဖြစ်နေချိန်မှာ သူဟာ Star Trek ဖြစ်ခဲ့တဲ့သူ။ ဘာလို့လဲဆိုတော့ သူဟာ ထိုအချိန်က ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်သွားကြည့်ဖို့လောက်ထိ ပိုက်ဆံမရှိခဲ့ဘူးလေ။ အဲ့ဒီ့တော့ ညဘက်တွေမှာ အလကားပြတဲ့ Star Trek ရုပ်သံဇာတ်လမ်းတွဲတွေကိုပဲ ကြည့်ခဲ့ရပြီး ထိုအချိန်ကတည်းက Star Trek fan တစ်ယောက် ဖြစ်လာခဲ့တော့တာပဲ။ Star Trek Beyond ဇာတ်ကားကို စဖွင့်တော့ ထုံးစံအတိုင်း Captain Kirk က တစ်ခြားဂြိုလ်တစ်ခုပေါ်မှာ ထိုဂြိုလ်က အကြီးအကဲတွေကို လက်ဆောင်သွားပေးနေတာ။ အဆင်မပြေဖြစ်ပြီး သူပြန်ပြေးလာတဲ့အချိန်မှာတော့ သူပေးမဲ့ လက်ဆောင်ဆိုတဲ့ အရာလေးဟာ သူနဲ့ပြန်ပါလာခဲ့တယ်။ ဒီတစ်ခါ ခရီးစဉ်ကြီးက 5 နှစ်သက်တမ်း။ အချိန်က 3 နှစ်ခန့်တောင် ကျော်လာပြီ။ USS Enterprise က သူတို့နားခိုလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ Yorktown ကို ရောက်တဲ့အခါ Captain Krik နဲ့Spock တို့မှာကိုယ်ပိုင် အနာဂတ်အတွက် စီစဉ်ချမှတ်ထားပြီးသား ဆုံးဖြတ်ချက်ကိုယ်စီရှိကြတယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် ဖွင့်ပြောပြဖို့တော့ အခွင့်အလမ်း မသာခဲ့ဘူး။ Vice Admiral အဖြစ်ရာထူးတိုးဖို့Captain Kirk တစ်ယောက် အထက်ကို လျှောက်ထားပြီးလေ။ Spock တစ်ယောက်ကတော့ Uhura နဲ့လမ်းခွဲပြီးခါစ အချိန်ဖြစ်သလို Ambassador Spock တစ်ယောက်လည်း သေဆုံးသွားပြီလို့ဝမ်းနည်းဖွယ်ရာ သတင်းကို ကြားသိခါစအချိန်လည်း ဖြစ်နေပြန်တယ်။ ထိုဝန်းကျင်တစ်ဝိုက်နားမှာ ရှိတဲ့ Nebula တစ်ခုကနေ ရောက်လာတဲ့ Kalara အမျိုးသမီးတစ်ဦးရဲ တောင်းဆိုချက်အရ ရပ်တန့်နေတဲ့သူမတို့ယာဉ်ကြီးက အဖွဲ့ဝင်တွေကို သွားကယ်ပေးဖို့ပဲ။ ဒီလိုနဲ့Captain Kirk ဦးဆောင်တဲ့ သူတို့အဖွဲ့ကြီး ထိုသူတွေကို ကယ်တင်ဖို့ထွက်ခွာလာတော့တာပေါ့။ ဒါပေမဲ့ ထိုနေရာအရောက်မှာပဲ အလွန်တရာများပြားလှတဲ့ ယာဉ်ငယ်တွေရဲ့ခြောင်းမြောင်းတိုက်ခိုက်ခြင်းကို ရုတ်တရက် ခံလိုက်ရကာ သူတို့ရဲ့USS Enterprise ယာဉ်ကြီးတစ်ခုလုံး ပျက်ဆီးတဲ့ အနေအထားထိ ရောက်ရှိခဲ့ကာ Sulu နဲ့Uhura တို့ အပါအဝင် USS Enterprise အဖွဲ့ဝင်အများစု အဖမ်းခံရတော့တယ်။ Captain Kirk နဲ့Chekov တို့ကတစ်နေရာ၊ Scotty က တစ်နေရာ၊ Bones နဲ့Spock တို့ကတစ်နေရာစီ ကွဲသွားကြကာ ထိုအနီးက ဂြိုလ်တစ်ခုအပေါ်မှာ သောင်တင်ကြရတော့တယ်။ သူတို့ကို တိုက်ခိုက်တဲ့ သူနာမည်က Krall တဲ့။ Krall ဟာ ဘာကြောင့် သူတို့ကို တိုက်ခိုက်တာလဲ။ Krall ရဲ့အကြံအစည်ဟာ ဘာလဲ။ Star Trek Beyond ရဲ့ဇာတ်လမ်းဟာ ခုမှ စတင်လာပါတော့တယ်။ ------------------------------------------------------------------------------- လူတိုင်းသိကြတဲ့အတိုင်း Justin Lin က Director လုပ်ပြီး Chris Pine, Zachary Quinto, Karl Urban, Zoe Saldana, Simon Pegg, John Cho, Anton Yelchin တို့ပြန်လည်ပါဝင်ကြပြီး သရုပ်ဆောင်အသစ်တွေအနေနဲ့ကတော့ Kingsmen ဇာတ်ကားနဲ့နာမည်ကျော်ခဲ့တဲ့ Sophia Boutella နဲ့Krall အဖြစ် Idris Elba တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားရဲ့အဓိက ပြဿနာဟာ ကျွန်တော့်စိတ်ထင် ဇာတ်ညွှန်းပဲလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကားလုံးဟာ ကျွန်တော်တို့မြင်ပြီးသားတွေ သိပြီးသားတွေကို ပုံစံတစ်မျိုးနဲ့မြင်တွေ့ရတယ်လို့ပဲ မြင်ခဲ့ရတယ်။ ဇာတ်လမ်း စတင်ပုံ၊ ဇာတ်အသွားအလာ၊ ဖွဲ့စည်းတည်ဆောက်ထားပုံနဲ့ဇာတ်သိမ်းပုံတို့ဟာ Star Trek into Darkness နဲ့အလွန်ဆင်တူလွန်းတယ်လို့ထင်ရမိတယ်။ ထို့အပြင် ဒီဇာတ်ကားကို သေသေချာချာကြည့်မိရင် တွေ့ရမဲ့ အရာတစ်ခုက ဇာတ်ညွှန်းဟာ ဇာတ်ဝင်ခန်းတွေကို အသေးစိပ်ရေးဖွဲ့ထားတယ်လို့ပဲ။ ဒါကြောင့်လည်း ဇာတ်ဝင်ခန်းတွေဟာ အလွန်ပေါ်လွင်ပြီး ဇာတ်ကောင်တွေဟာ မှေးမှိန်နေခဲ့တာပဲ။ အရင်ဇာတ်ကားတွေမှာ Captain Kirk သည် အလွန်ခေါင်းမာသောသူ၊ သတ္တိရှိသောသူ၊ Odd တွေကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဟု သရုပ်ဖော်ခဲ့ပေမဲ့ ယခုဇာတ်ကားတွင် ထိုစရိုက်ကို အရင်ကားတွေလောက် မပေါ်လွင်ခဲ့ဘူးလို့ထင်ရတယ်။ သို့သော် သူ့ရဲ့ရဲဝင့်တဲ့ စွန့်စားခန်းတွေတော့ ပါဝင်နေသေးပါတယ်။ အဓိကက Scotty ပဲ။ အရင်ဇာတ်ကားလောက် ရယ်စရာ နည်းတယ်လို့ထင်ရတယ်။ Spock နဲ့Bones ကတော့ ထုံးစံအတိုင်းပဲ။ ပြောရမယ်ဆိုရင် တစ်ကားလုံးမှာ သူတို့နှစ်ယောက်ရဲ့အခန်းတွေကို အကြိုက်ဆုံးပဲ။ သူတို့ရဲ့Conversation တွေကလည်း ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ ဆန့်ကျင်ဘက် စရိုက်ရှိတဲ့ သူနှစ်ယောက်ရဲ့နှစ်ယောက်တည်းရှိတဲ့အခါ ပြောဖြစ်တဲ့ စကားတွေပဲ။ Sulu ရဲ့ဇာတ်ဝင်ခန်းတွေမှာတော့ အကြိုက်ဆုံးအခန်းတစ်ခုကတော့ Trailer တွေထဲမှာပါတဲ့အတိုင်း Captain Kirk က မင်း ဒီယာဉ်ကို တစ်ကယ်မောင်းနိုင်ပါတယ်နော် လို့မေးတော့ Captain, မင်းက ငါ့ကို နောက်နေတာလားဆိုပြီး သူမောင်းနှင်နိုင်တယ်ဆိုတာကို ကျွမ်းကျင်စွာ မောင်းပြသွားတဲ့အခန်းပဲ။ (ဘယ်ဇာတ်ဝင်ခန်းလဲဆိုတာ Spoiler ရှောင်ချင်လို့ကြည့်တဲ့အခါ သိပါလိမ့်မယ်။) ဝမ်းနည်းဖို့အကောင်းဆုံးတစ်ခုကတော့ Anton Yelchin ရဲ့Chekov ကို ကျွန်တော်တို့တွေ နောက်ဆုံးအကြိမ်အဖြစ် တွေ့ခဲ့ရတာပဲ။ ကျွန်တော်တို့တွေ တစ်သက်လုံး Chekov ရဲ့ခပ်ဝဲဝဲ စကားပြောသံရယ်၊ ခပ်ပြူးပြူးနဲ့အပြစ်ကင်းတဲ့ မျက်လုံးတွေရယ်ကို ဘယ်တေ့ာမှ မေ့နိုင်မှာ မဟုတ်ဘူးပဲ။ Anton Yelchin သည်ပြီးခဲ့သည့်လက Car Accident နဲ့ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ သူ့ရဲ့ဇာတ်ကောင်ကို နောက် Star Trek ဇာတ်ကားတွေမှာ တစ်ခြားမင်းသားနဲ့အစားထိုး သရုပ်မဆောင်ခိုင်းတော့ဘူး လို့ Paramount က တရားဝင်ကြော်ငြာခဲ့ပါတယ်။ ဒါမှလည်း ကျွန်တော်တို့တွေ သူ့ကိုအမြဲအမှတ်ရနေပြီး သတိရနေမှာ ဖြစ်ပါတယ်။ တစ်ကားလုံးကို ခြုံပြောရမယ်ဆိုရင် Actions တွေ၊ Actions တွေ အရမ်းများလွန်းတယ်။ တစ်ကားလုံးကို ဇာတ်လမ်းထက် Actions တွေက များလွန်းတော့ တစ်ခါတစ်ခါ အာရုံကိုမနည်းပြန်ဖမ်းရတယ်။ သို့သော် Star Trek ရဲ့ပုံပန်းထဲကတော့ ထွက်မသွားခဲ့ပါဘူး။ Star Trek ရဲ့ဇာတ်ကားတစ်ကားဆိုတဲ့အတိုင်း Star Trek ခံစားချက်ကိုတော့ ရနေပါသေးတယ်။ ဒါဟာ Justin Lin ကို ချီးကျူးရမှာ ဖြစ်တယ်။ သူ ကျွမ်းကျင်တဲ့ Action ခန်းတွေကို ပရိသတ်သဘောကျအောင် ထည့်နိုင်ခဲ့သလို Star Trek theme ထဲကနေလည်း ထွက်မသွားစေရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။ Justin Lin ကို သရုပ်ဆောင်တွေရဲ့ပြောချက်အရဆိုရင် ပို၍ စဉ်းစားတွေးခေါ်တတ်တဲ့ Director တဲ့။ ဒီလို ပြောကြလို့J.J. Abrams ကို စဉ်းစားဉာဏ်မရှိဘူးလို့ဆိုလိုတာမဟုတ်ဘူး။ J.J. Abrams က ရိုက်ကွင်းမှာ လူတိုင်းကို အားတက်အောင် အမြဲပြုလုပ်လေ့ရှိပြီး Justin Lin ကတော့ စကားနည်းကာ ပိုမိုအသေးစိပ်ဆန်တယ်ဆိုတဲ့ သဘောပါပဲ။ -------------------------------------------------------------------------------- Fear of death ဆိုတာကို စာဖတ်သူအနေနဲ့မည်ကဲ့သို့မြင်ပါသလဲ။ သက်ရှိလူသားတိုင်းလိုလိုဟာ မိမိရဲ့သေခြင်းတရားကို ကြောက်လန့်မိကြမှာအမှန်ပါပဲ။ ကြောက်လန့်တယ်ဆိုပေမဲ့လည်း တစ်နေ့နေ့ကျရင် မိမိဆီကို မရောက်လာမှာမှ မဟုတ်တာ။ တစ်နေ့နေ့ကျရင်တော့ ကျိန်းသေရောက်ရှိလာမှာပဲလေ။ ဒီနေရာမှာ Spock က “Fear of death is illogical.” ဆိုပြီး သေခြင်းတရားကို ငြီးတွားရေရွတ်လိုက်တယ်။ သူပြောတာတော့ဟုတ်တာပဲလေ။ လူတိုင်းဟာ တစ်နေ့နေ့ကျရင် သေကြရမှာပဲ။ မဖြစ်မနေ ရင်ဆိုင်ရမဲ့ အရာကို ဘာကြောင့် ကိုယ်က ကြောက်စိတ်ဝင်နေရတာလဲ။ ကြောက်စိတ်ဝင်နေတော့လည်း ထိုသေချင်းတရားက မိမိဆီ ရောက်မလာမှမ မဟုတ်တာ။ သိသိကြီးနဲ့ဘာကြောင့် ကြောက်နေကြတာလဲပေါ့။ ဒီတော့ Bones က ပြန်ပြောလိုက်တယ်။ “Fear of death is what keeps us alive.” တဲ့။ ဒါဆို သူပြောတာရော မှားလားဆိုတော့ မမှားဘူး။ သင်ယနေ့အထိ အသက်ရှင်နေတာ မသေချင်တဲ့စိတ်ကို ရှင်သန်အောင် ကြောက်စိတ်က နှိုးဆော်ပေးနေခြင်းကြောင့်ပဲ။ ဒါကြောင့်ပြောတာ။ Spock နဲ့Bones ဟာ ကျွန်တော်အကြိုက်ဆုံး Star Trek ဇာတ်ကောင်တွေပဲ။ သူတို့နှစ်ယောက်ရဲ့ဆန့်ကျင်ဘက်စကားတွေဟာ နှစ်ယောက်စလုံးမှန်တဲ့အတွက် အလွန်ကို နားထောင်လို့ကောင်းတယ်။ ဒါဆို စာဖတ်သူရော။ မည်သူ့စကားက မှန်တယ်လို့ထင်သလဲ။ မိမိဘာသာ စဉ်းစားကြည့်ပြီး အဖြေရှာကြပေါ့။ Star Trek နဲ့ပတ်သက်ပြီး လေ့လာချက်အရ Star Trek ဇာတ်လမ်းတွဲတွေ စထွက်တဲ့အချိန်တုန်းက ပြောချင်တဲ့ Messages တွေက လူမျိုးရေးခွဲခြားခြင်းတွေနဲ့လိင်ပိုင်းဆိုင်ရာ ဖိုမ ခွဲခြားခြင်းတွေကို တွန်းလှန်ပစ်ဖို့ပဲ။ ပြီးတော့ ငြိမ်းချမ်းရေးကို လိုလားခြင်းကို တင်ပြထားပြီး ဇာတ်လမ်းရဲ့ဖွဲ့စည်းထားပုံဟာ Democary ထက် Socialism ကို ပိုမိုရောက်တယ်လို့မြင်မိတယ်။ ဒါပေမဲ့ သေချာစွာ တွေးကြည့်လာရင်တော့ Individulisim လို့ပြောရင် ပိုမိုမှန်ကန်ပါလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ကမ္ဘာပေါ်ကလူသားတွေဟာ မိမိတစ်ကမ္ဘာထဲမှာ ရှိတဲ့တစ်ခြားလူမျိုးခြားတွေနဲ့တောင် စစ်ဖြစ်နေပြီး ခွဲခြားနေရင် တစ်ခြားဂြိုလ်က သက်ရှိလူသားတွေနဲ့ (တစ်ခြားကမ္ဘာများတွင် အသိဉာဏ်ရှိ သက်ရှိများရှိလျှင်) မည်ကဲ့သို့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ဖော်ဆောင်နိုင်မှာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို Star Trek ဟာ ဖြေကြားလာခဲ့တာ ယခုဆိုရင် နှစ် 50 တောင် ပြည့်ခဲ့ပြီပေါ့။ ကျွန်တော်တို့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် မုန်းတီးစိတ်တွေနဲ့တိုက်ခိုက်နေကြတာလဲ။ ဘာကြောင့် ဖိုမ ဆိုပြီး နေရာတိုင်းမှာ ခွဲခြားနေကြရတာလဲ။ ဘာကြောင့် ကိုယ်အရေပြားပေါ်က အသားအရောင်ကို ကြည့်ပြီး ခွဲခြားပြောဆို ဆက်ဆံနေကြတာလဲ။ အကယ်၍ အကယ်၍ ပေါ့။ တစ်ခြားကမ္ဘာက လူသားတွေကို စတင်တွေ့ရှိလာတဲ့တစ်နေ့ကျွန်တော်တို့ကမ္ဘာက လူသားတွေ ထိုစရိုက်တွေကို ဘယ်လိုပြောင်းလဲကြတော့မှာလဲ။ ကြည့်ကြတာပေါ့ဗျာ ….. “In Loving Memory of Leonard Nimyo” “For Anton” IMDb Rating: 7.6/ 10 Rotten Tomatoes Rating: 83% ~WH~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. ၏ Facebook Page https://www.facebook.com/movieswwwf/posts/618178778356266:0 မှကူးယူဖော်ပြပါသည်။) File size…(838 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:02:21 Subtitle….Myanmar Subtitle (Hardsub) Translator....Lotus Black Encoder….Nyeinsaeya Aung

Action & Adventure • Animation • Crime • Drama • Sci-Fi & Fantasy
6.8 2016 122 mins
Star Trek Beyond
Mandao Returns
7.2

Mandao Returns (2022) ================== IMDb Rating – 7.2/10 Genre – Comedy, Horror ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Mandao of the Dead ရဲ့ အဆက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေမှာ အဓိက ဦးစားပေးထားတာကတော့ ကျွန်တော်တို့အရှေ့တိုင်း သားတွေနဲ့ မစိမ်းတဲ့ စိတ်ပြောင်းကိုယ်ခွာ ဒါမှမဟုတ် လိပ်ပြာ လွင့်တယ်ခေါ်မလား ဝိဉာဉ်လွှင့်တယ်ခေါ်မလား အဲဒီ အယူ အဆအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဟာသဆန်ဆန် ထိတ် လန့်သည်းဖိုပေါ့။ ၂၀၁၈ ရုပ်ရှင်ထဲမှာ ဂျေးတို့ အမျိုးတသိုက် ဟော်လိုဝေးပွဲထဲ လူတစ်ယောက်ကို အချိန်နောက်ပြန် ဝိဉာဉ်လွှင့်ပြီး ကယ်တင် ပြီးတဲ့နောက် ဂျက်ဆန်လုပ်လို့ အိမ်မီးလောင်ကာ ဝမ်းကဲဖြစ်တဲ့ အန်ဒီ့ဆီ ရောက်လာပါတယ်။ ဒီကားက ဒီမှာစတင်ပါတယ်။ အန်ဒီ့ဆီမှာနေနေတုန်း ဂျေးတစ်ယောက် ထူးဆန်းတဲ့အိပ်မက် တွေ မက်ပါတယ် ဒီ ဝိဉာဉ်လွှင့်တာကို ဆက်ပြီး မလုပ်တော့ဖို့ ပေါ့။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ကလည်း မူးယစ်ဆေးလွန်ပြီး သေတဲ့အထိ ဖြစ်ပျက်သွားခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင်ပဲဆိုသလို ဒီမင်းသမီးရဲ့ မန်နေဂျာဖြစ်သူဟာ အန် ဒီ့ဆီကို (သူကလည်း ဝိဉာဉ်ဆိုင်ရာ စွမ်းအင်ရှိပါတယ်) တွေ့ချင် တယ်ပြောပြီး တမလွန်က မင်းသမီးနဲ့ စကားပြောချင်လို့ဆိုပြီး ချိန်းကြတော့… ပိုက်ဆံလိုအပ်နေတဲ့ အန်ဒီရယ် ဝိဉာဉ်မလွှင့်ချင် ပေမယ့် အရေးကြီးလို့ ဝင်ကူပေးရတဲ့ ဂျေးရယ် လက်ထောက် အူတူတူ ဂျက်ဆန်ရယ် ဘာတွေဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ဝိဉာဉ်လွှင့်အယူအဆရယ် အချိန်ခရီးသွားတာရယ် ပေါင်းစည်းပြီး ဖန်တီးထားတဲ့ Comedy Horror ကားလေး တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(908 MB) / (314 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 10Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….Thura Aung Encoder……….SWM

7.2 2022
Mandao Returns
The Plot of Fire
5.9

CMကနေ ဒီတစ်ခါမှာတော့ တရုတ်ရိုးရားတစ်ခုဖြစ်တဲ့ မီးတောက်သွင်းတဲ့ပညာကို ပုံဖော်ရိုက်ကူးထားတဲ့ သိုင်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် မင်ပြည်ရဲ့ခြုံလွှာကိုယ်ရံတော်ချီထုဦး‌ဆောင်တဲ့ ကိုယ်ရံတော်၅ဦးက ချောင်ပြည်နဲ့ မဟာမိတ်ဖွဲ့တဲ့ အထိမ်းအမှတ်အဖြစ် မိန်မိဖုရားကို ဆက်သပို့ဆောင်ပေးတာကနေအစချီထားပါတယ် စစ်ပွဲခေတ်ကာလဖြစ်တာကြောင့် မဟာမိတ်ဖွဲ့ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတော့မဟုတ်ပါဘူး ထုံးစံအတိုင်းပါပဲ သူတို့တွေ လှည့်ကွက်ထဲကိုဝင်သွားခဲ့ပါတယ် နောက်ဆုံးသူတို့၅ဦးနဲ့ မိန်းမိဖုရားပဲအသက်ရှင်လျက် ချောင်ပြည်ကနေထွက်ပြေးလွတ်မြောက်ပြီး တောင်တွေဝန်းရံထားပြီး ဝင်တိုက်ဖို့ခက်ခဲတဲ့ ယန်ရွာလေးမှာ ယာယီနေရင်း ချောင်စစ်တပ်ကို ပုန်းရှောင်နေရင်းမှာတင်ပဲ သူတို့နေတဲ့ရွာလေးကို အင်အားကြီးမားလာတဲ့ဂျပန်ဓါးပြတွေက တိုက်ခိုက်လာပါတော့တယ် အခက်ခဲတွေမျိုးစုံကို အဖက်ဖက်ကနေ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ သူတို့တွေ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမှာလဲ တရုတ်ပြည်ရဲ့တိမ်မြှုက်နေ‌တဲ့ မီးတောက်သွင်းအတတ်ပညာကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့လို့ စိတ်ဝင်စားစဖွယ် ကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်

5.9 2024
The Plot of Fire
Thalavan
7.4

Thalavan (2024) “ခေါင်းဆောင်” IMDb – 7.4/10 အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ သဘောတွေ့စေမဲ့ မလေယာလမ်းမှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မလေယာလမ်းမင်းသားတွေဖြစ်တဲ့ အာဆစ်ဖ်နဲ့ ဘီဂျူးတို့ အပြိုင်ကြဲထားတဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ကားကြီးပေါ့။ ဇာတ်လမ်းအစ တီဗီချန်နယ်တစ်ခုမှာ အောင်မြင်တဲ့အပိုင်းတွဲအဖြစ်နဲ့ ထုတ်လွှင့်နေပြီး ဖြစ်ရပ်မှန်မှုခင်းတွေကို ပြန်ပြောပြနေတဲ့ အငြိမ်းစားရဲအရာရှိ အူဒယာဘဟာနူး။ သူ မပြောချင်တဲ့ အမှုတွဲတစ်ခုကို ချန်နယ်ကတာဝန်ရှိသူတစ်ယောက်တိုက်တွန်းချက်အရ ငါးပိုင်းမြောက်မှာ ထုတ်ပြောဖို့လုပ်ပါတယ်။ ဒီအမှုတွဲမှာအဓိကပါဝင်နေတာက ရဲအရာရှိနှစ်ယောက်။ အထက်အောက်ရာထူးမတူညီကြတဲ့ ရဲအရာရှိနှစ်ယောက်ကြားက အားပြိုင်မှု။ သူတို့နှစ်ယောက် အဓိကပါဝင်ထားတဲ့အမှုမှာ ဇာတ်ကြောင်းပြောပြနေတဲ့ ရဲအရာရှိလည်းပါဝင်နေပြီး မထင်မှတ်စရာအလှည့်အပြောင်းတွေနဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားတွေ ပေါ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.4 2024
Thalavan
Touch of Evil
8

IMDb – 8/10 ဂန္တဝင်​ရုပ်ရှင်​ Citizen Kane ကို ရိုက်​ကူး၊ သရုပ်​ဆောင်​ခဲ့တဲ့ ဒါရိုက်တာ​ Orson Welles ရိုက်​ကူး​ထား​ပြီး ၁၉၅၈ ခုနှစ်​မှာ ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားက Noir/ Thriller အမျိုး​အစား​ မှုခင်း​ရုပ်ရှင်​ဖြစ်​ပါတယ်။ Ten Commandments မှာ Moses အဖြစ်​၊ Ben Hur ရုပ်ရှင်​မှာ Ben Hur​ အဖြစ်​ အဓိက​ဇာတ်​ကောင်​နေရာတွေ​ကနေ သရုပ်ဆောင်​ခဲ့တဲ့ မင်းသား​ကြီး​ Charlton Heston က ဒီ​ဇာတ်​ကား​မှာ မက္ကဆီကန်​အရာရှိ Vargas အဖြစ်​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မက္ကဆီကိုနဲ့ အမေရိက​ နယ်စပ်​အနားက မြို့​လေး​တစ်မြို့မှာ ကားဗုံး​ပေါက်ကွဲ​မှုတစ်ခု ဖြစ် သွားပါတယ်။ မက္ကဆီကန်​ မူးယစ်​အရာရှိ​တစ်ဦးဖြစ်တဲ့ Miguel Vargas နဲ့ အမေရိကန်​စုံထောက်​အရာရှိ​ ကပ္ပတိန်​ Hank Quinlan​တို့ ဒီအမှုကို အတူစုံစမ်းဖော်ထုတ်ကြရာမှ နှစ်ဦး​ကြား​ ပဋိပက္ခ​တွေဖြစ်ပွားလာပြီး တစ်​ချိန်​တည်း​မှာ​ Vargas​ ရဲ့ ဇနီး​ Susan ကိုလည်း​ Vargas​ ရဲ့ရန်သူ Grandi မိသားစု​က ဒုက္ခ​ပေး​ဖို့ ကြံစည်​လာပါ​တာ့တယ်။ ဒီဇာတ်ကားကို ရိုက်ကူး​တဲ့ ဂန္တဝင်​ဒါရိုက်တာ​ကြီး Orson Welles က ရဲ​အရာရှိ​ကြီး Hank Quinlan​ နေရာ​မှာ သရုပ်ဆောင်​ထား​ပါတယ်။ အဖြူ​အမည်း​ရုပ်​ရှင်​ကိုမှ Noir​ အမျိုးအစား​ဖြစ်​ပေမဲ့​ Thriller ဇာတ်လမ်း​ပီပီ ဆွဲဆောင်​မှုရှိတဲ့ ဇာတ်​အိမ်​နဲ့အတူ​ Orson Welles ရဲ့​ အကောင်း​ဆုံး​ရုပ်ရှင်​တွေ​ထဲက တစ်ခု​အဖြစ်​ သတ်မှတ်​ခံထားရ​ပါတယ်။ ၁၉၉၈ မှာ Universal က ဒီရုပ်ရှင်ကို ဗားရှင်းအသစ်နဲ့ ပြန်​လည်​ထုတ်​လွှင့်​ခဲ့ပါသေးတယ်။ File size…(1.9 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre… Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

8 1958 111 mins
Touch of Evil
Sleep Tight
7.2

Sleep Tight (2011) IMDb Rating (7.2) / Rotten Tomatoes (92%) တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်… အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ??? ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။ ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။ သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူ သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူ တနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။ ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့ ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ…….။ ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။ စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲ IMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။ File size…(2.3 GB) / (820 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Horror, Thriller Duration….01:41:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin

7.2 2011
Sleep Tight
#Single
6.6

SINGLE (2025) စင်ဂဲလ် (၂၀၂၅) ဒီကားလေးကတော့ IMDb 6.8 ရထားတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရည်းစားအပြိုင်ရှာကြတဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်.. ဇာတ်လမ်းအစမှာတော့ အာရာဗင်နဲ့ဗီဂျေးသူငယ်ချင်းနှစ်ယောက် ဘုရားကျောင်းသွားပြီး အာရာဗင်က ချစ်သူရရှိရေးအတွက်ဆုတောင်းနေခဲ့ပါတယ် .. ဘုရားကျောင်းကအပြန်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်နဲ့ကြုံခဲ့ရပါတယ်.. ဘဝတစ်လျောက်လုံး ရည်းစားမရကြတဲ့သူငယ်ချင်းနှစ်ယောက် .. အခုအချိန်မှာ ဗီဂျေးက ဂါယာထရီလိုခေါ်တဲ့ကောင်မလေးနဲ့ အာရာဗင်ကိုမိတ်ဆက်ပေးဖို ရထားဘူတာကိုခေါ်သွားခဲ့တယ််.. ဗီဂျေးကောင်မလေးရသွားတော့ အာရာဗင်တစ်ယောက်ဘယ်လိုခံစားရမလဲ.. အာရာဗင်တစ်ယောက် ဂါယာထရီနဲ့တွေ့ရင် ဘာအလွဲတွေဖြစ်ဦးမလဲ … အာရာဗင်ကရော တောင်းထားတဲ့ဆုနဲ့ပြည့်ပြီး ချစ်သူလေးရသွားမှာလား.. ဗီဂျေးကရော ဂါယာထရီနဲ့ လက်တွဲတွေမြဲကြမှာလား .. ဒီကားလေးမှာအာရာဗင်နဲ့ ဗီဂျေးသူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသလေးနှောကာ ခံစားရမှာဖြစ်ပါတယ် လူငယ်တွေကြားမှာ ဖြစ်လေ့ရှိတဲ့ ကောင်လေးနဲ့ကောင်မလေးကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာသလေးတွေ .. သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဘယ်လိုရည်းစားရအောင်ကူညီပေးရင်း တလွဲတွေဖြစ်သွားမလဲ… ဇာတ်လမ်းထဲမှာပါတဲ့ သူငယ်ချင်းနှစ်ယောက် နောက်ဆုံးမှာ လူလွတ်ဘဝကကျွတ်ပြီး အချစ်စစ်ကိုရှာတွေ့သွားမလား ကျန်ရစ်တွေပဲဖြစ်သွားမလား ဒီအချစ်ဟာသဇာတ်ကားလေးမှာ ကြည့်ရှူပေးကြပါဦး အညွှန်းတဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်

Horror • Comedy
6.6 2025 127 mins
#Single
Inbetweening

Inbetweening ဆိုတဲ့အဓိပ္ပါယ်က အန်နီမေးရှင်းမှာဆိုရင် frameတစ်ခုနဲ့တစ်ခုကြားမှာ သေသပ်သွားအောင် လုပ်ပေးတဲ့နည်းစနစ်တစ်ခုပါ။ ဒီကားထဲမှာလည်း အဲရစ်ဆိုတဲ့သူက ရုပ်ရှင်ကားဖန်တီးတဲ့သူအနေနဲ့ ရုပ်ရှင်လောကထဲမှာ နေရာတစ်နေရာရဖို့ ခက်ခဲစွာကြိုးစားနေရသူတစ်ယောက်ပါ။ ရှေ့မှာရိုက်ထားတဲ့ဇာတ်ကားနှစ်ကားရှိနေပေမဲ့ ငွေကြေးအရအောင်မြင်မှုမရခဲ့ပါဘူး။ ခေတ်ရေစီးကြောင်းနောက်ပဲလိုက်နေတဲ့ပရိုဂျူဆာတွေနဲ့ သူ့ရိုက်ချင်တဲ့အမျိုးအစားကွဲလွဲမှုတွေ အဖက်ဖက်ကပြဿနာတွေရှိပေမဲ့ ပီဇာဒလီ‌ပို့ရင်း ရုပ်ရှင်သင်တန်းမှာစာပြရင်း သူ့အိမ်မက်ကိုအကောင်အထည်ဖော်ရင်းနဲ့ ကံမကောင်းလာဘဲ စိတ်ကျန်းမာရေးအခြေအနေပါယိုယွင်းပြီး ထင်ယောင်ထင်မှားဖြစ် အသံတွေပါကြားတဲ့အထိ အခြေအနေဆိုးနေပါတယ်။ အဲရစ်ရဲ့လက်တွေ့ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လူမှုရေးပြဿနာတွေကိုကျော်လွှားပြီး တကယ်ပဲ ဇာတ်ကားနာမည်အတိုင်း သေသပ်တဲ့ရလဒ်ကိုရမလားဆိုတာ ဇာတ်ကားလေးကြည့်ပြီး အားပေးကြပါဦး။ File size…(1.4 GB) Quality….Webrip 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

Comedy • Drama
0 2024
Inbetweening