YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Becoming Witch E08 (1080p) CM.mp4

828.48 MB N/A video/mp4 183 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Good Woman
6.3

ဒီဇာတ်လမ်းဟာ တစ်ခေတ်တခါက စာပေလောကမှာ ကျော်ကြား ခဲ့ဖူးသူ စာရေးဆရာကြီး Oscar Wilde ရဲ့ Lady Windermere's Fan ဆိုတဲ့ ပြဇာတ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဒီ ၂၀၀၄ ဗားရှင်းဟာ လေးကြိမ်မြောက်ထွက်ရှိလာတဲ့ screen version လည်း ဖြစ်ပါတယ်။ သူ့မတိုင်ခင်က ပြဇာတ်ရဲ့ မူရင်း နာမည်နဲ့ အသံတိတ်ရုပ်ရှင်အပါအဝင် The Fan ဆိုတဲ့ နာမည်နဲ့ နှစ်ခါတိတိ ရုပ်ရှင်တွေထွက်ဖူးခဲ့ပြီးသားဖြစ်ပါတယ်။ ဒီ ၂၀၀၄ ရုပ်ရှင်မှာတော့ မင်းသမီး Helen Hunt နဲ့ Scarlett Johansson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မူရင်းပြဇာတ်ရဲ့ နာမည်က Lady Windermere's Fan ဆိုတဲ့ အတိုင်း အဖြစ်အပျက်တွေ အားလုံးရဲ့ နိဒါန်းကတော့ Mr Win- dermere တစ်ယောက် ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် ရွေးချယ်လို့ ဝယ်ခဲ့တဲ့ ဒီယပ်တောင်လေး တစ်ချောင်းက စတင်ပါတယ်။ ဒီယပ် တောင်လေးဟာ သူနဲ့ Mrs Erlynne တို့ရဲ့ တွေ့ဆုံမှုဆိုလည်း မ မှားပါဘူး။ "ကျွန်မသာ ရှင့်မိန်းမဆိုရင် ဒီယပ်တောင်လေးကို လို ချင်မိမှာ " ဆိုတဲ့ စကားနဲ့အတူယပ်တောင်ထားဟန်အမျိုးမျိုးကို လုပ်ပြရင်း သူ့ကို ရေလာမြောင်းပေးသလို လုပ်နေဟန်ရှိတဲ့ Mrs Erlynne နဲ့ ပတ်သတ်ဖို့အကြောင်းများကလည်း ပါလာခဲ့သည်ပေါ့။ ဒီလိုနဲ့ အချစ်မောင်နှံလေးတွေ ဖြစ်ကြတဲ့ ခင်ပွန်းဖြစ်သူ Mr Wind- ermere သူ့ရဲ့ ချစ်လှစွာသော ဇနီး Mrs Windermere ကြားမှာ ယောင်္ကျားတွေကို မြှူဆွယ်သူလို့ နာမည်ဆိုးနဲ့ ကျော်ကြာသူ Mrs Erlynne ရောက်လာတဲ့အခါ ကတိသစ္စာတွေဟာ ခိုင်မြဲဦးမလား..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size..........(3.0 GB) / (690 MB) / (390 MB) Quality............WEB-DL 1080p / 720p / 480P Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Comedy, Romance Translator.......Act Molemy Encoder..........SWM

Drama
6.3 2004 94 mins
A Good Woman
King Richard
7.7

2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီ ဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ် ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါ တင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး . ဒါပေမယ့် ရစ်ချက်ဝီလီယျံပြောတဲ့ စကားအတိုင်း.. "ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲဆိုပြီး သူ့စကားအတိုင်းအကောင်အထည်ဖော်ခဲ့ပါတယ် ဒီကားဟာ အတော်လေး Inspiration ဖြစ်တဲ့ကားဖြစ်ပြီး ၂ နာရီခွဲလောက်ကြာတာကြောင့် တစ်ဝကြီးကြည့်ရမှာ HBO ကထုတ်တဲ့ကားဖြစ်တာကြောင့်လည်း မကောင်းမှာမပူရပါဘူး. Main Lead ကလည်း Will Smith၊ ရှားရှားပါးပါး Biography, Sport ကားဆိုတော့ အများကြီးပြောစရာမလိုအောင် အချိန်ပေးရတာထိုက်တန်မှာပါ ( ဘာသာပြန်နဲ့ အညွှန်းရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File size…(2.6 GB) / (1.4 GB) Quality….Webrip 1080p / 720p 5.1CH Format…mp4 Duration….02:33:00 Genre...Sport, Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Comedy
7.7 2021 145 mins
King Richard
Roman Holiday
7.9

IMdb 8 အထိ လူ တစ်သိန်းကျော် vote ပေးထားတဲ့ ဂန္ဓဝင် အချစ် ဟာသကားလေး ကြည့်လိုက်ရအောင်။ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု၊ အကောင်းဆုံးဝတ်စုံဆု အော်စကာတွေ ရခဲ့ပါတယ်။ ခုခေတ်စကားနဲ့ ပြောရင်တော့ စောင်ကိုက်ရမယ့် ဇာတ်လမ်းလေးပေါ့။ တော်၀င်မင်းသမီးလေးတပါးဖြစ်တဲ့ အန်းဟာ ရောမမြို့ကို လည်ပတ်ရင်းနဲ့ တာ၀န်၀တ္တရားတွေကိုမခံနိုင်တဲ့အတွက် ထွက်ပြေးပါတယ်။အဲဒီမှာ အမေရိကန်သတင်းထောက်ဖြစ်သူ ဂျိူးနဲ့ တွေ့မိရာမှာ မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိပါတယ်။ တော်တော်ရယ်ရပြီး ဇာတ်လမ်းကလည်းကြည်နူးစရာကောင်းပါတယ်။ရောမမြို့ရဲ့အထင်ကရနေရာတွေမှာ ရိုက်ကူထားတာပါ။ ဟောလိဝုဒ်သမိုင်းတစ်လျှောက်အကောင်းဆုံးသရုပ်ဆောင်တွေထဲမှာ ပါ၀င်တဲ့ မင်းသမီးချော Audrey Hepburn ပထမဆုံးအော်စကာရတဲ့ကားဖြစ်ပြီး မင်းသားကြီး Gregory Peck နဲ့အတွဲညီညီ သရုပ်ဆောင်ထားပါတယ်။တကယ်ကောင်းတဲ့ကားလေးမို့လို ကြည့်ကြည့်ဖို့တိုက်တွန်းပါတယ် File size…(1.91 GB)/(1.07 GB)/(573.93 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

7.9 1953 119 mins
Roman Holiday
Blockers
6.3

ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။ IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။ လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်း နှုတ်ဆက်ကပွဲမှာ လိင်ဆက်ဆံဖို့သဘောတူညီချက်လုပ်ထားကြတဲ့ သမီးသုံးယောက်ကို မိဘသုံးယောက်က အမှတ်မထင်သိသွားလို့ တားဆီးဖို့ကြိုးစားတာကိုဟာသမြောက်အောင် တင်ဆက်ထားတာပါ။ အရမ်းချစ်လွန်းတဲ့မိဘတွေကြောင့် စိတ်မသက်မသာဖြစ်ရတဲ့ ကလေးတွေအကြောင်းကိုပါပြောထားပါတယ်။ နောက်ဆုံးတော့ ကလေးတွေနဲ့မိဘတွေနဲ့ဘယ်လိုပြန်အဆင်ပြေသွားမလဲဆိုတာ ရယ်ရင်းနဲ့ကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (899 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by d3mon Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
6.3 2018 102 mins
Blockers
Ticket to Paradise
6.2

Ticket to Paradise (2022) ဟောလိဝုဒ်ရဲ့ ရွှေခေတ်နှောင်းကာလလောက်မှာမှ ဒီကို ဟောလိဝုဒ်ရွှေခေတ်လောက်ကကားတွေ ရောက်လာပြီးနောက် ကြည့်ခဲ့ကြတဲ့သူတွေကတော့ ဂျော့ကလူးနေးနဲ့ ဂျူလီ‌ယာရောဘတ်တို့ကို ကောင်းကောင်းကြီး ရင်းနှီးကြမှာပါ။ ကလူနေးက‌တော့ သူ့ခေတ်က ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့သလို လူကြိုက်များတဲ့ကားကောင်းတွေ ရိုက်ခဲ့တာလည်း မနည်းမနောပါပဲ။ Batman & Robin နားဝန်းကျင်မှာ စချာလာခဲ့ပေမဲ့လည်း အစဉ်အလာကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးအဖြစ်ကနေတော့ မရွေ့လျောသွားဘူးဆိုရမှာပါပဲ။ ဒီကားကတော့ သူနဲ့ သူ့လိုပဲ အစဉ်အလာကြီးတဲ့ မင်းသမီးကြီးဖြစ်တဲ့ ငယ်ဘဝရဲ့ Celebrity Crush မမစာရင်းထဲအပါအဝင်ဖြစ်တဲ့ ဂျူလီယာရောဘတ်နဲ့အတူ တွဲဖက်ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါပဲ။ ဒေးဗစ်နဲ့ ဂျော်ဂျီယာက ကောလိပ်အပြီးမှာပဲ လက်ထပ်ယူခဲ့ကြတဲ့ ငယ်ချစ်တွေပေမဲ့ ကံမပါခဲ့တော့ သမီးလေးလီလီကိုမွေးပြီး အိမ်ထောင်သက်ငါးနှစ် အရောက်မှာပဲ ခွာပြဲခဲ့ကြတယ်။ အဲဒီကနေ ၁၄ နှစ်အကြာမှာတော့ ဆုံလိုက်တိုင်း တဗျစ်တောက်တောက် ဖြစ်တတ်ကြတဲ့ အဖေနဲ့အမေရဲ့ အုပ်ထိန်းမှုကြားမှာ လီလီတစ်ယောက် ဥပဒေဘွဲ့နဲ့ ကျောင်းပြီးသွားခဲ့တယ်။ ဒါပေမဲ့ သူအလုပ်မဝင်ခင်မှာ ဘာလီကို အပန်းဖြေခရီးထွက်ရာကနေ သူ့ဘဝဆုံးဖြတ်ချက်တွေကို ပြန်ဒွိဟဖြစ်လာစေတဲ့ အချစ်မျိုးနဲ့ ကြုံလိုက်ရပြီးတော့ ရှေ့နေဘဝကိုစွန့်ပြီး အဲဒီမှာပဲအခြေချဖို့ လုပ်ချိန်မှာတော့ သမီးဖြစ်သူကို ဆုံးမပြီးတော့ အိမ်ပြန်ခေါ်သွားဖို့ မောင်းတင်ပြီးတော့ ကျွန်းကိုလိုက်လာကြတဲ့ ဒေးဗစ်နဲ့ ဂျော်ဂျီယာတို့ပါ အတိတ်ကရွေးချယ်မှုတွေကို ပြန်သုံးသပ်ရင်း သူတို့ရဲ့နှလုံးသားအဟောင်းတွေကို အသစ်ပြန်မွေးဖွားစေဖို့ ဖြစ်လာကြတော့တယ်။ ရိုမန့်ဟာသ အမျိုးအစားကားပေမဲ့ ဂျော့ကလူးနေးနဲ့ ဂျူလီယာရောဘတ်တို့ကို သူတို့အသက်အရွယ်နဲ့လည်း လိုက်ဖက်ပြီး သူတို့ သရုပ်ဆောင်စကေးကို ပြန်မြင်ရစေမယ့် ရုပ်ရှင်ဆိုတော့ ပရိသတ်ဟောင်းတွေလည်း ကြည့်သင့်သလို သူတို့ကို သိပ်မရင်းနှီးသေးတဲ့သူတွေ ရှိများရှိခဲ့ရင်လည်း ကြည့်ကြဖို့သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 44Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Action
6.2 2022
Ticket to Paradise
No Reservations
6.3

No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10 ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီး ဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီး ခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့ ၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့ Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီး အင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီး မိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့ စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်း မထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။ တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့ လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ အသက်ဆုံးရှုံးခဲ့ပြီး သမီးဖြစ်သူကိုလည်း သေတမ်းစာမှာ ညီမတော်စပ်သူ အဒေါ်လက်ထဲ အပ်ခဲ့တဲ့အတွက် ကိတ်တစ်ယောက် ဒူးမနာသမီးလေး ရသွားခဲ့ပါတော့တယ်။ ဒီလိုမျိုး တူမဖြစ်သူကို အချိန်ပေးနေတုန်း ဆိုင်ပိုင်ရှင်က သူ့ကို အသိမပေးပဲ ပျော်ပျော်နေတတ်တဲ့ အီတလီပြန် စားဖိုမှူး နစ်ကို ခန့်ထားတာကိုတွေ့တော့ သူ့နေရာလုဖို့ ပေးဖို့ လုပ်တာလားဆိုပြီး အမြင်မကြည်ပဲ နှစ်ယောက်သား ပြဿနာတွေလည်းတက်ရင်း ကလေးတစ်ဖက်နဲ့ အလုပ်တစ်ဖက်နဲ့ ကိတ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို အချစ်ဆန်ဆန် ဒရမ်မာဆန်ဆန် ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ မာနကြီး အတ္တကြီး ဒေါသကြီးပြီး လောကကြီးကို အယုံအကြည်မရှိတဲ့ စားဖိုမှူးတစ်ယောက် တူမလေးရပြီး အမြင်တွေပြောင်းလဲကာ မင်းသားဖြစ်သူရဲ့ ပျော်ရွှင်တတ်တဲ့စရိုက်တွေကြောင့် တဖြည်းဖြည်း ပြောင်းလဲလာပြီး အချစ်နဲ့ တွေ့ရှိကာ ပြောင်းလဲသွားမှာကို ခံစားရမှာပါ။ ကလေးမလေးနေရာကလည်း Zombieland ထဲက အငယ်မလေးလုပ်တဲ့ Abigail Breslin က ပိုင်နိုင်စွာသရုပ်ဆောင်ထားပြီး ဇာတ်ပို့ပေးထားပါတယ်။ File size… 1.49 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama, Comedy , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

6.3 2007
No Reservations
Skeletons in the Closet

Skeletons in the Closet (2024) ဒီတစ်ခေါက်ကတော့ လောကမှာ ကိုးကွယ်သင့်တဲ့နတ်တွေရှိသလို မကိုးကွယ်သင့်တဲ့ နတ်ဆိုးတွေလည်းရှိတာကို ပြထားပြီး ပထမ War Machine မင်းသားကြီး Terrence Howard ပါဝင်ထားတဲ့ Skeletons in the Closet ဆိုတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ သမီးဖြစ်သူ ဂျန််နီရဲ့ ကင်ဆာရောဂါကိုကုသဖို့ အာမခံကြေးကလည်းမလုံလောက်၊ ယောကျာ်းဖြစ်သူ မာ့ခ်ကလည်း အလုပ်ပြုတ်သွားတာကြောင့် ဗယ်လက်တီနာတစ်ယောက် အခက်တွေ့နေတုန်းမှာပဲ ခင်ပွန်းဖြစ်သူ မိတ်ဆက်ပေးတဲ့ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ဆုံပြီး ပြဿနာတွေပြေလည်ဖို့ အပေးအယူလုပ်လိုက်ရာက ကြုံတွေ့လာရမယ့် ဖြစ်ရပ်ဆိုးတွေ နတ်ဆိုတိုင်းမကိုးကွယ်သင့်တာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB, 510MB Quality – 1080p, 720p Format – mp4 Duration – 1H 38Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2024
Skeletons in the Closet
Black Sea
6.4

၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီးမင်းသား Jude Law ပါဝင်သရုပ်ဆောင်ထားတဲ့ ရေငုပ်သင်္ဘောကိုအဓိက အခြေခံထားတဲ့ Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်. Jude Law ဟာဆိုရင် ကျွန်တော်တို့ရဲ့ Ironman မင်းသားကြီး Robert Downey Jr. ရဲ့ Sherlock Holems ရုပ်ရှင်တွေမှာ နောက်ထပ် အဓိကဇာတ်ကောင်ဖြစ်တဲ့ Dr.Watson နေရာကနေ သရုပ်ဆောင်သူဖြစ်ပြီး အခြားနံမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Enemy at the Gates, Rise of the Guardians အပြင် Fantastic Beasts ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်. ဇာတ်လမ်းအကျဉ်း ရေတပ်ကပ္ပတိန်ဟောင်းဖြစ်သူ ရော်ဘင်ဆင်ဟာ သူလက်ရှိအလုပ်လုပ်နေတဲ့ အာဂိုရာဆိုတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ ဇနီးနဲ့လည်း ကွာရှင်းထားခဲ့တဲ့သူဖြစ်ပါတယ်. နောက်တော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကာစတန်က ဂျော်ဂျီယာရေပိုင်နက်ထဲက ပင်လယ်နက်ထဲမှာ နစ်မြုပ်နေတဲ့ ဒုတိယကမ္ဘာစစ်က ပျောက်ဆုံးနေတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရွှေချောင်းတွေကို သွားသယ်ဖို့ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့အတူတူ ပူးပေါင်းပြီး ရေငုပ်သင်္ဘောတစ်စီးနဲ့အတူတူ အန္တရာယ်များလွန်းတဲ့ ပင်လယ်နက်ထဲကို အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး သွားကြပါတော့တယ်. ဘာတွေဆက်ဖြစ်ကြမလဲ. လူတွေရဲ့ စိတ်ရင်းအမှန်က ဘာတွေလည်းဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်ပြီး ကြည့်ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်. ၂ နာရီစာ ဇာတ်လမ်းတစ်လျှောက်လုံး စိတ်ဝင်စားစရာတွေနဲ့ လူတွေရဲ့ သဘာဝတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဆိုလည်း မှားမယ်မထင်ပါဘူး. File size…(1.7 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre… Adventure, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

Documentary • Crime
6.4 2014
Black Sea
Pretty Boys
5.5

ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံက လူချောလေးတွေနဲ့ ရိုက်ကူးပုံဖော်ထားပြီး LGBTQ+(Romance & Comedy)အမျိုးအစား ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကမှ ထွက်ရှိလာခဲ့တဲ့ အသစ်စက်စက် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂရေးဆိုတဲ့ မိန်းမချောပုံစံကျောင်းသားလေးနဲ့ ယောက်ျားဆန်ဆန်ခန့်ချောနေတဲ့ ဂျိုနပ်စ်ဆိုသူ ဂေးနှစ်ယောက်ဟာငယ်စဉ်ကတည်းကနေ လက်ရှိတက္ကသိုလ် တက်တဲ့အချိန်ထိ အရင်းနှီးဆုံး အကောင်းဆုံး သူငယ်ချင်းဖြစ်ကြပါတယ်။ တက္ကသိုလ်မှာ ဂျိုနပ်စ်က လူကြိုက်များနာမည်ကြီးသူဖြစ်တဲ့အလျောက် ရည်းစားထည်လဲ တွဲပြီးပျော်ပါးနေသူလည်း ဖြစ်ပါတယ်။ ဂရေးကတော့ သူပုံစံက မိန်းမလျာပုံစံဖြစ်နေတဲ့အတွက် ချိန်းတွေ့မယ် လုပ်လိုက်တိုင်းသူ့ပင်ကိုယ်ပုံစံမြင်လိုက်ကြတာနဲ့ အငြင်းခံရပြီး အချစ်ရေးမှာ ကံခေနေတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့ ဂရေး ငယ်စဉ်က တစ်ဖတ်သက်ကျိတ်ပြီး ချစ်ခဲ့ရသူ အချစ်ဦး ရိတ်စ်ဆိုတဲ့ ကျောင်းသားက အမေရိကနေ သူတို့တက္ကသိုလ်ကို ကျောင်းပြောင်းလာတဲ့အခါမှာတော့ အခြေအနေတွေက အလှည့်အပြောင်းဖြစ်သွားဖို့ ဖြစ်လာပါတော့တယ်။ ရိတ်စ်က အမေရိကားကနေ ဖိလစ်ပိုင်ကို ဘာလို့ပြန်လာခဲ့တာလဲ… ဂရေးတစ်ယောက် သူ့အချစ်ဦးနဲ့ လက်တွဲသွားခွင့်ရပါ့မလား… ဂျိုနပ်စ်ကရော သူရဲ့အချစ်စစ်ကို ရှာတွေ့နိုင်ပါ့မလား… အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 923MB | 476MB Format… mp4 Duration…. 1h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

5.5 2024
Pretty Boys
The Stepfather
5.6

The Stepfather (2009) မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။ သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်… ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့.. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်.. ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ အားပြိုင်မှုတွေကိုကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား.. ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ….။

5.6 2009
The Stepfather
War of the Arrows
7.1

War of the Arrows (2011) ************************* စစ်ပွဲတွေနဲ့ အတိုက်အခိုက်တွေ ကြည့်ရတာကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ဂျိုဆွန်းခေတ်က ထူးချွန်တဲ့လေးသမားအကြောင်းကို ရိုက်ကူးထားတဲ့ နန်းတွင်း အက်ရှင်ကားလေးဖြစ်တဲ့ War Of the Arrows ကို CM မှ တင်ဆက်ပေးထားပါတယ်နော် .. Cast တွေအနေနဲ့ကတော့ The Last Princess ထဲက မင်းသား Park Hae Il နဲ့ Flower of Evil ထဲက မင်းသမီး Moon Chae Won တို့အပြင် Queen Woo ထဲက မင်းသား Kim Mu Yeol , Moving ထဲက မင်းသားကြီး Ryu Seung Ryong စတဲ့ နာမည်ကြီး မင်းသားမင်းသမီးတွေ အများကြီးပါဝင်ထားပြီး IMDb 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်း *************** အဖေဖြစ်သူက နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ခံလိုက်ရပြီး အသတ်ခံလိုက်ရတဲ့အချိန်မှာ ထွက်ပြေးလာနိုင်ခဲ့တဲ့ နမ်ရီ (Park Hae Il) နဲ့ ဂျာအင် (Moon Chae Won) တို့ မောင်နှမနှစ်ယောက်ဟာ အဖေဖြစ်သူရဲ့ မိတ်ဆွေအိမ်မှာ ဇာတ်မြှုပ်ပြီးနေနေခဲ့ရပါတယ် .. အရွယ်ရောက်လာကြပြီး ဂျာအင်ဟာ အဲဒီအိမ်တော်ရဲ့ သခင်လေးဖြစ်သူ (Kim Mu Yeol) နဲ့ ထိမ်းမြားလက်ထပ်လိုက်တယ် .. ထိမ်းမြားလက်ထပ်ပွဲ ကျင်းပနေတဲ့နေ့မှာပဲ မန်ချူးလူမျိုးတွေ ကျူးကျော်လာပြီး တစ်ရွာလုံးကို အကျဉ်းသားအဖြစ် ခေါ်ဆောင်သွားခဲ့တယ် .. အကျဉ်သားအဖြစ် အခေါ်ဆောင်သွားခံရတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြမှာလဲ… မန်ချူးလူမျိုးတွေကိုရော ဘယ်လိုပြန်လည်တိုက်ထုတ်သွားကြမှာလဲ…ဆိုတာကို တစ်ကားလုံး အတိုက်အခိုက် action scenes အပြည့်နဲ့ မျက်လုံးမမှိတ်တမ်း စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. (အညွှန်းကို Vanessa မှ ရေးသားပေးထားပါတယ်) File size…3.66GB / 1.54GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 2 min. Genre ….. Action, Historical, Drama, War Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

7.1 2011 122 mins
War of the Arrows
Paltan
5.2

Paltan (2018) IMDb – 5.2/10 တောင်းဆိုမှုတွေကြောင့် အဟောင်းထဲက အကောင်းစားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Om Shanti Om (2007)က ဗီလိန်လူချောကြီး အာဂျွန်ရမ်ပယ်လ်၊ နွားရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ramaiya Vastavaiya (2013)က ဆိုနူးဆွတ်၊ ထာ၀ရထက်တစ်ရက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ Sanam Teri Kasam(2016)က မင်းသားဟာရှ်ဗာဒန်ရိန်း မင်းသားကြီး တိုက်ဂါးရှရော့ဖ် စတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်ထားတဲ့ ရုပ်ရှင်။ 1967ခုနှစ်က တရုတ်နဲ့ အိန္ဒိယစစ်တပ်ကြား နယ်စပ်ကပဋိပက္ခ။ တပ်စုအသစ်တစ်ခုရောက်လာတိုင်း မော်စီတုန်းရဲ့ မော်ဝါဒက စစ်သေနကနည်းဗျူဟာတွေနဲ့ ရန်လာစကြတဲ့ တရုတ်စစ်တပ်ကို စိတ်ဓာတ်ရေးရာအရ ပြန်အနိုင်ယူဖို့ကြိုးစားကြတဲ့ တပ်စုအသစ်။ ပြတ်သားတဲ့ ဗိုလ်ချုပ်ရောက်လာချိန်မှာ နှစ်ဖက်တပ်တွေ အခြေအနေတင်းမာကုန်ပြီး တစ်ဘက်နဲ့ တစ်ဘက် စစ်မြှူနေကြပုံကို အသည်းတလှပ်လှပ်နဲ့ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ KKKZ ~ Linn ~ Thaw တို့ပဲဖြစ်ပါတယ်)

5.2 2018 123 mins
Paltan
Amiko
7

Amiko (2022) ~ IMDb – 7/10, MyDramaList – 7.5/10 ~ ဟီးရိုရှီးမားမြို့မှာနေတဲ့ အာမီကိုဆိုတဲ့ ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက်က တစ်ခြားကလေးတွေနဲ့မတူ စာသင်နေတုန်းသီချင်းဆိုတာတို့ ခြေဗလာနဲ့လျှောက်သွားနေတာတို့စတဲ့ ထူးဆန်းတဲ့အပြုအမူတွေကိုလုပ်လေ့ရှိသူပါ။ သူ့မှာ အစ်ကိုတစ်ယောက်ရယ်၊ လူတိုင်းအပေါ် သဘောကောင်းတဲ့အဖေရယ်၊ အိမ်မှာပဲ လက်ရေးလှသင်တန်းကျောင်းဖွင့်ထားတဲ့ ကိုယ်ဝန်ဆောင်သူ့အမေရယ် ရှိတယ်။ အာမီကိုက သူနဲ့အတန်းတူတဲ့ နိုရီ-ကွန်ဆိုတဲ့ကောင်လေးကို ကြိုက်နေတယ်။ ရိုးသား၊ အလွန်းလှတဲ့အာမီကိုရဲ့ အပြုအမူအချို့က တစ်ခါတရံ လူတွေကို စိတ်ဒုက္ခရောက်စေတတ်ပါတယ်။ အဲဒါကြောင့်ပဲ အာမီကိုရဲ့မိသားစုဘဝလေးက စိတ်မချမ်းသာစရာဖြစ်သွားခဲ့ရပါတယ်။ အာမီကို ဆိုတဲ့ကလေးမလေးတစ်ယောက်ရဲ့အပြုအမူ၊ အပြောအဆိုတွေကနေတစ်ဆင့် လူ့ဘောင်ထဲကမိသားစုမျိုးစုံထဲကမှ ရှိလေ့ရှိထ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုတစ်စုရဲ့ဇာတ်ကြောင်း၊ ကလေးတစ်ယောက်ကို ရှုပ်တယ်ဆိုပြီး လျစ်လျူရှုတတ်တဲ့ ပတ်ဝန်းကျင်အကြောင်းကို လက်တွေ့နဲ့မကင်းကွာအောင် ရိုက်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ Natsuko Imamura ရေးသားထုတ်ဝေခဲ့တဲ့ “Kochira Amiko” ကို ဒါရိုက်တာ Yusuke Morii က သူ့ပွဲဦးထွက်ဇာတ်ကားရှည်အနေနဲ့ သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့ပါတယ်။ အာမီကိုလေးကို ပရိသတ်တွေ စုတ်သပ်လာအောင် သနားချင်လာအောင် အားမလိုအားမရဖြစ်လာအောင် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပြတဲ့သူကတော့ ကလေးသရုပ်ဆောင် Kana Osawa ဖြစ်ပါတယ်။ သူ့ပွဲဦးထွက်ဇာတ်ကားလို့ မထင်ထားရလောက်အောင် သရုပ်ဆောင်ကောင်းပြီး တော်တော်လေး အရည်အချင်းရှိတယ်ပြောရမလားပဲ။ Yusuke Morii ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Route 29 (2024) ထဲမှာလည်း Kana Osawa ဟာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ဦးမှာဖြစ်ပါတယ်။ Kana Osawa ကို ကြည့်ရင်း Monster (2023) ထဲက Hinata Hiiragi နဲ့ Soya Kurokawa တို့ကို သွားသတိရမိပါတယ်။ သူတို့တွေက သရုပ်ဆောင်ကောင်းကြလွန်းတဲ့ တက်သစ်စကလေးသရုပ်ဆောင်လေးတွေဆိုတော့ နောက်ထပ်ဇာတ်ကားသစ်တွေထဲမှာ ဘယ်လိုဇာတ်ကောင်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ပြမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – BluRay 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 44Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

7 2022 104 mins
Amiko
Blood: The Last Vampire

အဟောင်းထဲက အကောင်းလေးတစ်ခု ပြန်လည်တင်ဆက်ပေးပါဦးမယ်။ ဒီ သွေးစုပ်ဖုတ်ကောင် Anime လေးက ၂၀၀၀ ခုနှစ်ကတည်းက Production IG ကနေ ထုတ်လုပ်ပေးထားတာပါ။ ၂၀၀၉ ခုနှစ်မှာဆိုရင်လည်း ဟောလိဝုဒ်ကနေ နာမည်ကျော် ကိုရီးယားမင်းသမီး Jun Ji-hyun ကို ဇာတ်ဆောင်ထားပြီး Live Action ပြန်ရိုက်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအရ ဇာတ်အိမ်တည်ထားတာတော့ ဒုတိယကမ္ဘာစစ်အပြီးလောက် ဂျပန်မှာ အမေရိကန်တွေ အခြေစိုက်စခန်းတွေ ချနေဆဲကာလလိုမျိုးပေါ့။ အဲဒီမှာ လူတွေရဲ့သွေးသားကို စားသုံးပြီး အဆုံးစီရင်သွားသလို သတ်ဖြတ်နေကြတဲ့ လင်းနို့ပုံသဏ္ဍာန် နတ်ဆိုးတွေဆိုတာ ရှိကြတယ်။ ဒီလို မကောင်းဆိုးဝါးတွေကို တိတ်တဆိတ်နဲ့ စုံစမ်းထောက်လှမ်းပြီး သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းလည်း ရှိနေတယ်။ Saya ဆိုတာ ဒီအဖွဲ့အစည်းက အဓိကသတ်ဖြတ်ရေးသမား ကင်ဒိုဓားတစ်ချောင်းနဲ့ အကုန်ခုတ်ဖြတ်နေတဲ့ ကောင်မလေး။ နောက်ကျ အခြေစိုက်စခန်းနားမှာ အကောင်တွေသောင်းကျန်းနေတယ်ဆိုပြီး သတင်းရတာနဲ့ ကျောင်းတစ်ခုမှာ အထက်တန်းကျောင်းသူအဖြစ် အသွင်ယူထောက်လှမ်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 757 MB / 319 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 48m Genre ….. Action / Animation / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Horror
0 2000 48 mins
Blood: The Last Vampire
A Great Divide
5.7

A Great Divide ရုပ်ရှင်ဟာဆိုရင် ဟာသသရုပ်ဆောင် Ken Jeong, The Last Airbender မင်းသမီး Miya Cech တို့လိုနာမည်ကြီးသရုပ်ဆောင်များပါဝင်ပြီး Emmy Award winner director Jean Shim ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဆုပေးပွဲများမှာလည်း Best Feature Narrative,Best Picture, Best Performances, and Audience Awards အစရှိတဲ့ ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ဘန်ဂျမင်လီတို့ မိသားစုရဲ့ ဝါယိုမင်းမြို့ကိုပြောင်းရွှေ့လာပုံနဲ့ အစပြုထားပါတယ်။ အဲ့နောက်မှာဘန်တို့က အာရှသားတွေအနေနဲ့ အမေရိကမှာ လူမျိုးရေးခွဲခြားမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ ဘန်ရဲ့သူငယ်ချင်း အယ်လီကလည်း ဘန်တို့ဆီ အလည်အပတ်ရောက်ရှိလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်တောထိန်းအရာရှိရဲ့အကြပ်ကိုင်မှုကိုခံရပြီး ဘန်ဂျမင်တို့ မိသားစု အခက်တွေ့ပါတော့တယ်။ ဒီအခက်အခဲကနေမှ မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေနဲ့ သူတို့ဒါတွေကို ဘယ်လိုရင်ဆိုင်ခဲ့ကြတယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ရသလို ခံစားရအောင် ရိုက်ကူးပြသပေးထားတာဖြစ်ပါတယ်။ မိသားစုဝင်တွေအချင်းချင်းရော တစ်ယောက်ရဲ့အတွေးကိုတစ်ယောက်နားလည်ပေးသွားနိုင်မလား…. သစ်တောထိန်းရဲ့အကြပ်ကိုင်မှုကိုရော ဘယ်လိုဖြေရှင်းသွားမလဲ… ဘန်ဂျမင်တစ်ယောက်ရော ဘဝရဲ့အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စောင့်မျှော်ကြည့်ရှူကြရမှာပဲ ဖြစ်ပါတယ်။ File size… (1.17 GB) / ( 650 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shiki

Drama
5.7 2024 100 mins
A Great Divide