YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Beauty And Mr. Romantic 2024 EP35 WEB-DL 720p [CM].mp4

407.74 MB N/A video/mp4 86 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Over the Top
6.4

Over the Top (1987) အားလုံးရဲ့အချစ်တော် ရမ်ဘိုမင်းသားကြီး စတားလုန်းစ်ရဲ့ဂန္ထဝင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ Arm-Wrestling အားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်တွေ့ကြတဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့ ရင်ထဲထိစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ~ ဇာတ်လမ်းအကျဥ်း ~ လင်ကွန်းဟော့ခ်က ယောက္ခမဖြစ်သူရဲ့စနက်ကြောင့် ကွာရှင်းခဲ့ရပြီး ဇနီးနဲ့သားလေးကိုထားခဲ့ရတာပါ။ နှစ်တွေကြာပြီးနောက်မှာ မိုက်ကယ့်အမေ နှလုံးရောဂါသည်က သူကြာကြာမနေရတော့ဘူးဆိုတာသိတဲ့အတွက် မိုက်ကယ့်အဖေကိုပြန်ခေါ်ခဲ့ပြီး မိုက်ကယ်သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုခိုင်းခဲ့ပါတယ်။ မိုက်ကယ်ကတော့ သူ့အဖေထွက်သွားရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် စစတွေ့ချင်းမှာ သူ့အဖေကို မကြည်ဖြူခဲ့ပါဘူး။ ကုန်ကား​ပေါ်က အိမ်အပြန်သုံးရက်ခရီးမှာ လူလည်လေးမိုက်ကယ်ရဲ့ အဖေကိုဆရာလုပ် သြဝါဒချွေတဲ့အခန်းတွေနဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်ရင်း ရင်းနှီးသွားကြပုံကို ကြည်ကြည်နူးနူးကြည့်ရှုခံစားကြရမှာပါ။ ဒီခရီးအပြီးမှာဘာတွေဆက်ဖြစ်လာမလဲ... မိုက်ကယ့်အဘိုးက ဘယ်လိုတွေဖျက်ဦးမလဲ... ဆိုတာကို မင်းသားကြီးစတားလုန်းစ်ရဲ့  Arm-Wrestling စကေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.85GB, 850MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 33Min Genre - Action, Drama, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Mystery
6.4 1987 93 mins
Over the Top
Maruthi Nagar Police Station
4.5

ဒီတစ်​ခေါက်မှာ​တော့​ပြောင်​မြောက်တဲ့ သရုပ်​​​ဆောင်​တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ တမီးလ်ကား​ကောင်း​လေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ် ငယ်စဥ်ကတည်းက​​ခင်မင်လာကြတဲ့ သူငယ်ချင်းငါး​ယောက်ဟာ ကြီးပြင်းလာသည်တိုင်​အောင်အလုပ်အကိုင်​တွေမတူ​သော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်​နေကြတဲ့ ​ရေစက်​လေးဖြစ်ပါတယ် တစ်​နေ့မှာ​တော့​ဂျေးတစ်​​​ယောက် အလုပ်က​နေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမ​တော်တဆမျက်မြင်​တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့​သော်လည်း ရဲကပါတရားခံ​တွေနဲ့ အလိုတူအလိုပါဖြစ်​နေတဲ့အခါ ​ဂျေးတစ်​ယောက်​ချောင်ပိတ်မိပါ​တော့တယ် အဲ့​နေ့ကတည်းကစပြီး ​ဂျေးဟာလည်း​​ပျောက်ခြင်းမလှ ​ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်း​လေး​ယောက်ကလည်း ​ဂျေး​နောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံ​တော်ဖွင့်ကြပါ​တော့တယ် ဒီလိုနဲ့သူတို့​​လေး​ယောက်တကယ်ပဲ ​ဂျေးကိုရှာ​တွေ့ပါ့မလား အ​ကောင်ကြီး​တွေနဲ့ပတ်သက်​နေတဲ့ မတရားမှုကို​ရောအ​ဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်​လျှောက်လှည့်ကွက်​ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါ စစ်မှန်တဲ့သူငယ်ချင်းဆက်ဆံ​ရေးတိုင်းမှာ ချစ်ခြင်း​မေတ္တာ​တွေ အ​နှောင်အဖွဲ့​တွေ ​ပေးဆပ်မှု​တွေအများကြီးပါဝင်​နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကား​ကောင်း​လေး တစ်ကားဖြစ်ပါတယ် ဒီကား​လေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အ​ပြောင်း​တွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့​ရေစက်​လေးကိုပါ ကြည်နူးစွာမြင်​တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကား​လေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL /  720p Format…mp4 Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  KhinKhin~BpL~Yunni

Comedy • Drama
4.5 2023 117 mins
Maruthi Nagar Police Station
Resemblance
4

(18+) Resemblance (2023) ထိုင်းနိုင်ငံထဲမှာ လူငယ်တွေ တောအုပ်တစ်ခုထဲ ဝင်ပြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာပါ။ ဒီကိစ္စမှာ ပျောက်ဆုံးနေတဲ့ လူငယ်တွေနဲ့ အဆက်အစပ်ရှိတဲ့ တစ်ဦးတည်းသောသူကတော့ ဘော်ဘီ ပါပဲ။ ဒါကြောင့် ရဲတွေလည်း ဘော်ဘီနောက်ကို လိုက်စုံစမ်းကြပါတော့တယ်။ ဇာတ်လမ်းကတော့ ပနားနား ဆိုတဲ့ မော်ဒယ်လ်မလေး ပျောက်ဆုံးရာက စပါတယ်။ သူ နောက်ဆုံးတွေ့ခဲ့တဲ့လူကတော့ ဘော်ဘီပါပဲ။ သူက တစ်ဆင့် ရောဂါဆန်းလိုမျိုး ဖြန့်ဝေသွားတာပါ။ ဘယ်လိုဖြန့်ဝေတာလဲဆိုတော့ လိင်ကိစ္စကနေ တစ်ဆင့်ပါပဲ။ ဒါကတော့ ဇာတ်ရဲ့အနှစ်သာရပေါ့လေ။ ဆရာသမားတို့ ကြိုက်ကြမဲ့အပိုင်းတွေ အများကြီး ပါပါတယ်။ ရောဂါပုံစံမျိုး ဘယ်လိုကူးကြလဲ ဆိုတာကတော့ ဖန်သားပြင်ထက်မှာ ဆက်လက် ရှုစားလိုက်ကြပါဦး။ မင်းသားမင်းသမီးတွေက နာမည်ကြီးတွေ ပါတာမို့ အမှောင်လောကသားတွေ စိတ်ကျေနပ်ရမယ့် ကားတစ်ကားဆိုလည်း မမှားပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Top ပဲ ဖြစ်ပါတယ်။ Genre..... Horror, Crime, Sci-fi Quality…. 1080p | 720p File size…  1.3GB | 677MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Top Encoder ..... Blank

Action • Adventure • Fantasy • Science Fiction
4 2023 98 mins
Resemblance
Comic Girl Squad
4

ဒီတစ်ခါ CM တရုတ်ကားချစ်သူတို့အတွက် Comic Girl ဆိုတဲ့ တရုတ်ဇာတ်လမ်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.... ဒီကားလေးကတော့ manhua ကို ရူးးသွပ်ပြီး အိပ်မက်မက်ခဲ့သူ ကျောက်ယိချန်းတစ်ယောက် လောကဓံဒဏ်မခံနိုင်တဲ့အဆုံး ဖန်တီးသူကနေ မန်နေဂျာအဖြစ်ပြောင်းသွားပြီး အိ ပ်မက်ဆိုတာထက် ငွေနောက်လိုက်လာတဲ့ လောဘသားအဖြစ် ပြောင်းသွားခဲ့တယ်ပေါ့... ဒါကြောင့် တစ်နေ့မှာ ယိချန်းရဲ့ လောဘနဲ့ ဆန္ဒတွေက သူ့မူလအိပ်မက်ကို ဖျက်စီးလုနီးနီးဖြစ်တဲ့အတွက်ကြောင့် သူ့အတွင်းစိတ်လောကထဲ ရောက်သွားခဲ့ပြီး.. သူငယ်စဉ်က အိပ်မက်မက်ကာ စိတ်ကူးယဉ်ဖန်တီးခဲ့တဲ့ ကျောင်းသူအဖွဲ့ ကို သူအတွင်းစိတ်လောကထဲရောက်ပြီးချိန် တစ်ဦးပြီးတစ်ဦးကို ရှာဖွေ နှိုးထဖို့ဖြစ်လာခဲ့တယ်... ကျောက်ယိချန်းကတော့ အမြန် သူ့လက်တွေ့လောကကိုပြန်ရောက်ချင်ပြီး ဒီဗိုင်းရပ်စ်ကို စိတ်မဝင်စားဘူးဆိုပေမယ့်လည်း ... အတွင်းစိတ်လောကကို ကြီးစိုးနေတဲ့ ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်မှ ပြန်နိုင်တာမို့ ချေမှုန်းဖို့ ကြိုးစားတာပေါ့... ကဲ ဇာတ်သိမ်းမှာ ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်မှာလား... ကျောက်ယိချန်းတစ်ယောက် နောက်ပြီး လက်တွေ့ဘဝကို ပြန်နိုင်မှာလား... နောက်ပြီး ဗိုင်းရပ်စ်နောက်ကွယ်က ကြိုးကိုင်သူကရော ဘယ်သူဖြစ်မလဲ... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Science-Fiction Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK

Action • Drama • Thriller
4 2019
Comic Girl Squad
I Feel Pretty
6.4

ကွန်ဖီးဒန့်ရှိလို့ လှတာလား?  လှလို့ ကွန်ဖီးဒန့်ရှိတာလား? ဒီဇာတ်ကားထဲက ရီနေးကတော့ကိုယ့်ကိုယ်ကို မလှဘူးဆိုပြီး စိတ်ဓာတ်ကျနေသူပါ အလှကုမ္ပဏီမှာ ကောင်တာထိုင်အလုပ်နေရာအတွက်လျှောက်ထားချင်သော်လည်းအလုပ်ခေါ်စာမှာ ကုမ္ပဏီရဲ့အလှမျက်နှာဖုံးဖြစ်ရမယ်ပါတော့လက်လျှော့ခဲ့တယ် တစ်နေ့တော့ ရေပန်းတစ်ခုမှာလှလာပါစေလို့ ဆုတောင်းလိုက်တယ် နောက်နေ့မှာတော့ လေ့ကျင့်ခန်းစက်ဘီးပေါ်ကပြုတ်ကျပြီးနောက်မှာ ခေါင်းထိသွားတယ် ပြန်နိုးလာတဲ့အချိန်မှာတော့ခန္ဓာကိုယ်က ဘာမှ မပြောင်းလဲသွားပေမယ့်သူကိုယ်သူ အလှကြီးလှတယ်ဆိုတဲ့ယုံကြည်စိတ်ရသွားပါတယ်။ အဲ့စိတ်နဲ့ပဲ အလုပ်လျှောက်တော့ အလုပ်ရရည်းစားရ အဆင်ပြေခဲ့ပေမယ့်အရမ်းကွန်ဖီးဒန့်ရှိတဲ့မာန်မာနကြောင့်လူအများနဲ့ တစ်ဖြည်းဖြည်းဝေးကွာလာပါတော့တယ်။ ဒီကွန်ဖီးဒန့်အပြည့်ရှိနေတဲ့ စိတ်က တစ်သက်ခံပါဦးမလား? လူတွေနဲ့ရော ပြန်အဆင်ပြေမလား? ကွန်ဖီးဒန့်က အရေးကြီးလား? လှဖို့က အရေးကြီးလား? ဘယ်အရာက အရေးကြီးမလဲဆိုတာ ရှုစားကြည့်ပါနော် -------------------------------------------------------------- ကွန်ဖီးဒန့်ရှိလို့ လှတာလား?  လှလို့ ကွန်ဖီးဒန့်ရှိတာလား? ဒီဇာတ်ကားထဲက ရီနေးကတော့ကိုယ့်ကိုယ်ကို မလှဘူးဆိုပြီး စိတ်ဓာတ်ကျနေသူပါ အလှကုမ္ပဏီမှာ ကောင်တာထိုင်အလုပ်နေရာအတွက်လျှောက်ထားချင်သော်လည်းအလုပ်ခေါ်စာမှာ ကုမ္ပဏီရဲ့အလှမျက်နှာဖုံးဖြစ်ရမယ်ပါတော့လက်လျှော့ခဲ့တယ် တစ်နေ့တော့ ရေပန်းတစ်ခုမှာလှလာပါစေလို့ ဆုတောင်းလိုက်တယ် နောက်နေ့မှာတော့ လေ့ကျင့်ခန်းစက်ဘီးပေါ်ကပြုတ်ကျပြီးနောက်မှာ ခေါင်းထိသွားတယ် ပြန်နိုးလာတဲ့အချိန်မှာတော့ခန္ဓာကိုယ်က ဘာမှ မပြောင်းလဲသွားပေမယ့်သူကိုယ်သူ အလှကြီးလှတယ်ဆိုတဲ့ယုံကြည်စိတ်ရသွားပါတယ်။ အဲ့စိတ်နဲ့ပဲ အလုပ်လျှောက်တော့ အလုပ်ရရည်းစားရ အဆင်ပြေခဲ့ပေမယ့်အရမ်းကွန်ဖီးဒန့်ရှိတဲ့မာန်မာနကြောင့်လူအများနဲ့ တစ်ဖြည်းဖြည်းဝေးကွာလာပါတော့တယ်။ ဒီကွန်ဖီးဒန့်အပြည့်ရှိနေတဲ့ စိတ်က တစ်သက်ခံပါဦးမလား? လူတွေနဲ့ရော ပြန်အဆင်ပြေမလား? ကွန်ဖီးဒန့်က အရေးကြီးလား? လှဖို့က အရေးကြီးလား? ဘယ်အရာက အရေးကြီးမလဲဆိုတာ ရှုစားကြည့်ပါနော် File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 50min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by Yazar Tun Encoded by Thanhtike Zaw

Drama
6.4 2018 110 mins
I Feel Pretty
My Amanda
6.7

My Amanda(2021) အညွှန်း ********************** ကမ္ဘာကြီးက အကျယ်ကြီးကို ဘာလို့များ ကျွန်တော်နဲ့ အမန်ဒါကို လာဆုံပေးရတယ်မသိဘူး.. သူမက ကျွန်တော့်အတွက်ကြယ်လေးလိုပဲ.. ထာဝရရှိနေပေမဲ့ တစ်ခါတစ်ရံမှပဲ မြင်တွေ့ရတယ်.. ဒီကားကတော့ ငယ်ချစ်သူငယ်ချင်း (၂)ယောက်အကြောင်းရိုက်ထားတာပါ.. အတွင်းသိ အစင်းသိ ငယ်သူချင်းတွေဆိုတော့ သူတို့က ချစ်ကြပေမဲ့ လက်တွဲဖို့တော့ အကြောင်းအမျိုးမျိုးကြောင့် လွဲချော်နေကြဆဲ.. ဒီလိုနဲ့ အရွယ်တွေရောက် အလုပ်တွေကိုယ်စီနဲ့ဖြစ်လို့ ကွဲကွာသွားကြပြီး မမျှော်လင့်ဘဲ ပြန်ဆုံတွေ့လာကြတဲ့အခါ… File Size : (1.3GB) and (575 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:29:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae

Animation • Comedy • Family
6.7 2021
My Amanda
Carjacked
5

Carjacked (2011) ============ ဒီဇာတ်ကားလေးကတော့ ဘဏ်ဓားပြတစ်ယောက်က single mother တစ် ယောက်ရဲ့ကားကို အနုကြမ်းစီးပြီးခိုင်းစေတာနဲ့ အနုကြမ်းစီးခံရသူက ဘယ်လို ထွက်ပြေးလွတ်မြောက်အောင်ကြိုးပမ်းမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။ လော်ရိန်း ကယောက်ျားနဲ့ကွဲနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သားလေး ချက်ဒ် နဲ့အတူဘ၀ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတာပါ။ တစ်နေ့တော့ သူနဲ့သူ့သား လေးတို့ကားကို ရွိုင် လို့ခေါ်တဲ့ ဘဏ်ဓားပြတစ်ယောက်က အနုကြမ်းစီးပါတော့ တယ်။ ရွိုင် ကလော်ရိန်းကို‌ခြိမ်းခြောက်ပြီး သူသွားချင်တဲ့နေရာကိုပို့ခိုင်းတဲ့အခါ လော်ရိန်း တစ်ယောက်သန်မာတဲ့မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်လွတ်‌ မြောက်မလဲဆိုတာ ရပ်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.63 GB) / (684 MB) Quality………..BLU-RAY 1080p / 720p Duration……..1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Thriller Translator……Theo Katt Encoder……….SWM

5 2011
Carjacked
The Imperial Cat
5.7

ပေါင်ချိန်ပရိသတ်တွေကတော့ တော်ဝင်ကြောင်ဆိုတာနဲ့ ကိုလူချောကိုယ်ရံတော် ကျန်ကျောင်းကိုပြောတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ကျန်ကျောင်းတစ်ယောက်ထဲ ခိုင်ဖုန်းမဟုတ်တဲ့ တခြားပြည်နယ်တစ်ခုမှာအမှုလိုက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ အမှုကတော့ အန်းလီခရိုင်မှာ အမျိုးသမီးပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်။ ကျန်ကျောင်းဟာ ပန်းပဲဖိုမှာလက်နက်ထားတာသွားယူတဲ့အချိန်မှာ ပန်းပဲဆရာနဲ့ သူ့မိန်းမဟာပျောက်နေပြီး သမီးငယ်လေးနဲ့ အဖွားအိုတစ်ယောက်ပဲ အိမ်မှာရှိတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကျန်ကျောင်းဟာ ပန်းပဲဆရာလူပျောက်မှုကိုလိုက်စုံစမ်းရင်း ဒီအမှုဟာ အမျိုးသမီးတွေပျောက်တဲ့အမှုနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ အန်းယန်ကအင်အားကြီးအိမ်တော်တစ်ခုကဒီကိစ္စနဲ့ပါဝင်ပတ်သက်နေလို့ သံသယတွေရှိပေမယ့် ဘာသက်သေမှမရနိုင်ဘူးဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ အထက်ကလဲဖိအားပေးလာတော့ ကျန်ကျောင်းတို့ဒီအမှုကိုဘယ်လိုပေါ်အောင်စုံစမ်းပြီးဖော်ထုတ်ကြမလဲ။ ဒီကားလေးမှာတော့ ကျန်ကျောင်းဟာသူ့ရဲ့ထောက်လှမ်းရေးစွမ်းရည်နဲ့ အမှုဖော်တဲ့စွမ်းရည်ကိုထုတ်ပြသွားခဲ့ပါတယ်။ ပေါင်ချိန်ဇာတ်လမ်းတွဲအလွမ်းပြေကြည့်ရမယ့် ဇာတ်ကားလေးပါပဲ။

5.7 2021
The Imperial Cat
Richie Gadi Pelli
8.7

Richie Gadi Pelli (2023) နောက်ကွယ်က အမှန်တရား IMDb 8.7/10 ဝေးကွာနေတဲ့ သူငယ်ချင်းဟောင်းတွေပြန်တွေ့ဆုံဖို့ဆိုတာ မင်္ဂလာဆောင်ဖိတ်စာကြောင့်မဟုတ်ရင် ပိုက်ဆံချေးဖို့ပါပဲတဲ့ ငယ်ပေါင်းကြီးရဲ့မင်္ဂလာပွဲကိုအစပြုလို့ အလုပ်ကိုယ်စီ တစ်နယ်တစ်ကျေး တစ်နေရာ တစ်ဒေသမှာရောက်နေကြတဲ့ ငယ်ပေါင်းကြီးဖော်တွေ ပြန်လည်ဆုံတွေ့ကြဖို့ အကြောင်းဖန်လာပါတယ် အချင်းချင်းရုပ်မမြင်ချင်အောင်မုန်းတီးသူတွေရှိလင့်ကစား ပြန်ဆုံတွေ့ဖြစ်ကြတဲ့ မင်္ဂလာပွဲမတိုင်ခင်တစ်ည ညစာစားပွဲမှာ အကြွေးတစ်ခုအကြောင်းပြုပြီး ဘော်ဒါတစ်ယောက်က အဖဲ့ခံလိုက်ရပါလေရော ဒီတော့သူကစပြီး ဂိမ်းတစ်ခုထွင်လိုက်ပါတော့တယ် ဘာဂိမ်းလဲဆိုတော့ လာသမျှဖုန်းတွေကို စပီကာဖွင့်ပြီးပြောဖို့ပါပဲ ဆိုတော့ တစ်ဖက်လူကမသိဘဲ အသံဖွင့်ပြောရမဲ့ဂိမ်းမှာ သူတို့အဖွဲ့ ဘယ်လိုအမှန်တရား လိမ်ဆင်တွေပေါ်ထွက်လာမလဲ IMDb ကလည်း 8.7 ထိရရှိထားတာဖြစ်လို့ ကြည့်ပျော်တဲ့ဇာတ်လမ်းတစ်ခုဖြစ်နေမှာပါ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023 114 mins
Richie Gadi Pelli
The Crow: Wicked Prayer

ဒီကားကတော့ 2005 မှာထွက်ခဲ့တဲ့ The crow ရဲ့ လေးကားမြောက်ဖြစ်ပြီး Edward Furlong က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ The crow sequel တွေထဲမှာ အစုတ်ပြတ်ဆုံးဖြစ်ပြီးတော့ imdb 3 out of 10 တောင် ရထားပါတယ်။ Dialogue တွေဟာကောင်းလွန်းလို့ Cringe ဖြစ်ပြီး သေသွားနိုင်ပါတယ်။ အဲ့လောက်ကောင်းတဲ့ကားကြည့်ချင်တဲ့လူတွေအတွက်တော့ ဒီကားဟာ ကြည့်ရအဆင်ပြေမှာပါ။ ဒီတစ်ကားမှာတော့ The crow ဖြစ်လာမယ့် Luc Crash ရဲ့ ကောင်မလေး ထုံးစံအတိုင်း အသတ်ခံလိုက်ရတာကနေ ဘယ်လိုလက်စားချေမလဲကို တဝါးဝါးသန်းပြီး ကြည့်ရှုရမှာပါ (အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့စကားတွေပါပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wai Hlyan Phyo Pai

0 2005
The Crow: Wicked Prayer
The Firing Squad
6

ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Timothy A. Chey ရိုက်ကူးထားတဲ့ Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဖြစ်ရပ်မှန်အဖြစ်အပျက်တွေပေါ်မှာ အခြေခံထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Cuba Goodin Jr., Kevin Sorbo နဲ့ James Barrington တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်အိမ်ကို အင်ဒိုနီးရှားနိုင်ငံမှာတည်ထားပြီးတော့ သေဒဏ် ပေးခံရတော့မယ့် ခရစ်ယာန်အကျဉ်းသားသုံးယောက် အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရာဇဝတ်မှုတွေနဲ့ မကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့လို့ သေဒဏ်ကျခံရတော့မယ့် ထောင်သားသုံးယောက်ဟာ သူတို့ရဲ့အပြစ်တွေကို ချေဖျက်ဖို့ အတွက် ဘာသာရေးကိုရှာတွေ့သွားပြီးတော့ သူတို့ရဲ့ဘဝတွေကို သာမကပဲ ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲနိုင်သွားပုံကို ကြည့်ရှု ကြရမှာပါ။ ဇာတ်လမ်းက ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာတောင် မျှော်လင့်ချက်တွေရှိသေးတယ်ဆိုတဲ့အချက်ကို ပေါ်လွင်အောင် ရိုက်ပြထားနိုင်ပြီးတော့ Motivation တွေရစေပါတယ်။ IMDb မှာ Rating ကောင်းတစ်ခုကို ရရှိထားတဲ့အပြင် ကြည့်ရှုသူတွေကို စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ File size… (1.67GB) / (794MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre …..Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austiin

6 2024
The Firing Squad
The Woman in Black 2: Angel of Death
4.8

The Woman in Black 2: Angel of Death (2014) ဒီဇာတ်လမ်းကိုတော့ ပထမဇာတ်ကား (The Woman in Black (2012) က အဖြစ်အပျက်တွေနောက် နှစ် ၃၀ အကြာ London Blitz လို့လူသိကြတဲ့ လန်ဒန်မြို့ကြီးဗုံးကြဲတိုက်ခိုက်ခံရစဉ်ဒုတိယကမ္ဘာစစ်ကာလကိုအခြေခံထားပါတယ်။ ကျောင်းအုပ်ကြီး ဂျင်းန်ဟော့ဂ်နဲ့ဆရာမ အိဗ်ပါကင်းစ်တို့ဟာ ကျောင်းက ကလေးတစ်ချို့နဲ့အတူဝေးလံတဲ့ နယ်မြို့လေးတစ်မြို့ကိုစစ်ရှောင်ထွက်ခဲ့ကြပါတယ်။ သူတို့သွားရောက်တဲ့နေရာကတော့ ခရစ်သင်းဂစ်ဖိုဒ့်ရွာပဲဖြစ်ပြီး အခုချိန်မှာတော့ ရွာသားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ရွာပျက်ကြီးတစ်ခုဖြစ်နေပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့တည်းခိုဖို့စီစဉ်ထားတဲ့ နေရာကလည်း ဇာတ်လိုက်ကျော် အယ်လ် စိမ့်တောအိမ်ကြီးဖြစ်နေပါတယ်။ အိမ်ကြီးကိုရောက်ပြီးမကြာခင်မှာပဲ သူတို့ကျောင်းသားတွေထဲက မိဘတွေကိုလတ်တလောဆုံးရှုံးလိုက်ရလို့စိတ်ထိခိုက်နေတဲ့ ကျောင်းသားလေးအက်ဒွပ်ဟာ အမူအယာတွေထူးခြားလာခဲ့ပြီး သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသားတစ်ယောက် စိမ့်တောထဲမှာသေဆုံးမှုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဆရာမ ပါကင်းစ်ဟာလည်း ထူးခြားတဲ့ အရိပ်အယောင်တွေ အသံတွေကြားရတာတွေရှိလာတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးကိုပြောပြပေမယ့် ခေါင်းမာတဲ့ ဆရာမကြီးက လက်မခံပါဘူး။ အမျိုးသမီးနှစ်ယောက်နဲ့ လူမမယ်ကျောင်းသားတစ်သိုက်၊ရွာပျက်အောင်စွမ်းတဲ့ တစ္ဆေတစ်ကောင်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ The Woman in Black: Angel of Death ဟာ ပထမဇာတ်ကားအခြေခံတဲ့၀တ္ထုရဲ့နောက်ဆက်တွဲနာမည်တူ၀တ္ထုကိုပဲအခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Drama
4.8 2014 98 mins
The Woman in Black 2: Angel of Death