YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Battlebox.2023.480p.WEBRip.CM.mp4

264.98 MB N/A video/mp4 181 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Real Steel
7

IMDb Rating(7.1) မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ ဇာတ်လမ်းကတော့... စက်ရုပ်‌တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။ Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH

Comedy
7 2011 127 mins
Real Steel
The God of Cookery
7

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ သူကိုယ်တိုင်လည်း ဘရုစ်လို ဝင်းချွန်းသိုင်း ကျင့်ထားတဲ့ သိုင်းသမားပါပဲ။ နောက် သူ့ရဲ့ပထမဆုံးဟာသကားလို့ ပြောရမယ့် Faithfully Yours ကို ဂျက်ကီချောင်တို့နဲ့ အတူရိုက်ခဲ့ပြီး နောက်ပိုင်း ဂျွန်ဝူးနဲ့ Just Heroes, ဂျက်လီနဲ့ Dragon Fight ဘာညာရိုက်ပြီးတဲ့နောက် ဟာသလိုင်းဘက် ကူးလာခဲ့ပေမဲ့ သူအခုလို ဒဘယ်စခွက်ပြောင်တဲ့ ပုံစံတွေတော့ မဖြစ်လာသေးပါဘူး။ သူ့ရဲ့ သိပ်မရယ်ရသေးတဲ့ကားတွေရဲ့ ကာလပေါ့။ ဒါပေမဲ့လည်း ဇာတ်ညွှန်းသာ သိပ်မရယ်ရရင်နေမယ် ချောင်ကတော့ Dragon Fight ထဲက တစ်ခန်းနှစ်ခန်းမှာတောင် ရယ်ရအောင် သရုပ်ဆောင်ပြနိုင်တဲ့ ပါရမီကောင်းတဲ့ ကြိုးစားမှုရှိတဲ့လူဆိုတော့ ကြည့်တော့ကောင်းခဲ့တာပါပဲ။ ၉၁မှာ ရိုက်ခဲ့တဲ့ God of Gamblers II တို့၊ Fight Back to School တို့၊ Tricky Brains တို့ကနေမှ သူ့အခုပုံစံပေါ်လာခဲ့ပြီးတဲ့နောက် ၉၂တစ်လျှောက်လုံး ဒီလိုကားမျိုးတွေပဲ ၈ကားဆက်လောက် ရိုက်ခဲ့တာပါပဲ။ ၉၃မှာတော့ ၃ကားပဲရိုက်ခဲ့ပြီး Flirting Scholar နဲ့ The Mad Monk တို့လို ရှေ့ကားတွေထက် ကွာလတီပိုကောင်းတဲ့ ကားတွေထွက်လာပါပြီ။ ၉၄မှာလည်း ထိုနည်းလည်းကောင်းပဲပေမဲ့ From Beijing with Love ကို တွဲဖက်ဒါရိုက်တာတစ်ယောက်နဲ့အတူတွဲပြီး သူစရိုက်ကူးခဲ့ပါတယ်။ ၉၅မှာတော့ A Chinese Odyssey တို့၊ Out of the Dark တို့လို ကွာလတီကျမလာတဲ့ကားတွေကို ရိုက်ခဲ့ပြီး ၉၆မှာတော့ The God of Cookery ကို သူအပြင်‌ နောက်တစ်ယောက်ပါခေါ်ပြီး ဒါရိုက်တာရော စာရေးဆရာရောလုပ်ပြီး ရိုက်ကူးခဲ့တာပါပဲ။ အဲဒီနောက်ပိုင်းလည်း သူကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ သူရဲ့နောက်ဆုံးလေးကားဖြစ်တဲ့ King of Comedy, Shaolin Soccer, Kung Fu Hustle, CJ7 တို့အထိ သူ့ရုပ်ရှင်တွေက အများအားဖြင့် အတက်ပဲရှိပြီး အကျမရှိခဲ့ဘူးလို့ပြောကောင်းပြောလို့ရပါတယ်။ အဲဒီနောက်ဆုံးလေးကားပြီးတဲ့နောက် သူသရုပ်ဆောင်တာနားသွားပါတယ်။ ချောင်ရဲ့သမိုင်းကိုပြန်ကြည့်ရင် သူဟာ ဘာမှမဟုတ်တဲ့ ဇာတ်ကောင်တွေနေရာကနေ ဒါရိုက်တာစေရာသွားရတဲ့ အရန်ကောင်တွေ၊ သိပ်မကောင်းလှတဲ့ ဇာတ်ညွှန်းတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ပေးခဲ့သလို သူ့လက်နဲ့သူ့ခြေဖြစ်လာတဲ့ နောက်ဆုံးအထိလည်း ပရိသတ်ကို စေတနာထားပြီး သူ့ရုပ်ရှင်တွေရဲ့ အရည်အသွေးဟာ အကျမရှိခဲ့ပါဘူး။ ဟောင်ကောင်က ကျန်တဲ့ ဘယ်သရုပ်ဆောင်နဲ့မှ မတူတဲ့လူလို့လည်း ကျိန်းသေအာမခံရဲပါတယ်။ ချောင်ဟာ ဇာတ်လမ်းလိုအပ်ချက်အရ ပေါတောတောဇာတ်ကောင်တွေပဲ သရုပ်ဆောင်တာများခဲ့ပေမဲ့ ပရိသတ်ကိုရော ရုပ်ရှင်ကိုပါ ချစ်တဲ့ သူ့နှလုံးသားကတော့ လေးနက်‌တယ်ဆိုတာ သူ့သမိုင်းကို ခြေရာပြန်ကောက်ကြည့်ရင် တော်တော်လေးကို သိသာမြင်သာရှိပြီးသားပါပဲ။ ဒီနောက်ပိုင်းမှာတော့ ချောင်ဟာ လူလုံးမပြသလောက်ဖြစ်လာပြီး ဒါရိုက်တာပဲလုပ်ပါတော့တယ်။ သိသလောက်ဆို ဆိုရှယ်မီဒီယာစသုံးတာလားမသိတဲ့ ခုလတွေထဲ သူတင်တဲ့ပုံတွေမှာတောင် ရုပ်သေချာတောင် မပြဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာအနေနဲ့ သူရိုက်ခဲ့တဲ့ Journey to the West: Conquering the Demons, The Mermaid နဲ့ The New King of Comedy ကို ကြည့်ကြည့်ရင် သူသရုပ်မဆောင်တော့ပေမဲ့ ဒါရိုက်တာအနေနဲ့ သူအကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတုန်းလို့တော့ ပြောရမှာပါပဲ။ ဒီသုံးကားကို မကောင်းပါဘူးလို့ ငြင်းလို့တော့မရဘူးမလား။ သူ့ဟာနဲ့သူ အဆင့်တစ်ခုတော့ ရှိနေတဲ့ကားတွေချည်းကိုး။ ချောင်ဟာ သူရဲ့ King of Comedy ရုပ်ရှင်ထဲကလို ဘာမှမဟုတ်တဲ့လူတစ်ယောက်နေရာကနေ ဟောင်ကောင်ရဲ့ King of Comedy ဖြစ်လာပြီး ကျွန်တော်တို့ကို အကောင်းဆုံးတွေပဲ ချပြချင်ခဲ့တဲ့သူဆိုလည်း မမှားပါဘူး။ ဟောင်ကောင်ရဲ့ ဂန္ထဝင်မင်းသားတစ်ချို့ကိုသာ လူတိုင်းမသိရင်နေပါမယ် ချောင်ကိုတော့ မသိတဲ့လူမရှိပါဘူး။ ချောင်ဟာ ဒီလိုကျော်ကြားမှုကို ရကိုရသင့်တဲ့လူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.03GB, 1.1GB, 523MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7 1996 95 mins
The God of Cookery
The Money Pit
6.5

ပေါ့ပေါ့ပါးပါး စခွီထစရာ ရုပ်ရှင်ကားဟောင်းလေးတစ်ကားကြည့်ပြီးတော့ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်လိုက်ပါ..။ ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ အခု ဒီဇာတ်ကားကို ဒေါင်းလုဒ်လုပ်ပြီး ကြည့်မယ့်သူတချို့ မွေးချင်မှတောင် မွေးဦးမယ့်အချိန်တုန်းက..။ ခပ်ငယ်ငယ် မင်းသားဘဝနဲ့ Tom Hanks က 'ငွေယိုပေါက်' လို့ မြန်မာလို အလွယ်တကူ ဘာသာပြန်လိုက်လို့ရမယ့် ရုပ်ရှင်တစ်ကားရိုက်ခဲ့သေးတာပေါ့..။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူကောင်မလေးရဲ့ အိမ်မှာ ကပ်နေနေရာကနေ အိမ်ပိုင်ရှင်ဖြစ်သူ ကောင်မလေးရဲ့ ခင်ပွန်းဟောင်း ဥရောပကနေ ပြန်ရောက်ချလာတဲ့အခါ Tom Hanks တစ်ဖြစ်လည်း ဝေါ်လ်တာတစ်ယောက် နေစရာ ရှာရတော့တာပေါ့..။ အဖြစ်ကဆိုးတယ်..။ တိုက်ခန်းလေး တစ်ခန်းရှာရာကနေ အချိုအချောင်ဈေးနဲ့ အိမ်တစ်လုံးရလိုက်တဲ့ ဝေါ်လ်တာနဲ့ သူ့မဟေသီတစ်ယောက် ဘယ်လို စခန်းသွားကြမလဲ..? ဒီအိမ်ကိုရော ဘာလို့များ ငွေယိုပေါက် လို့ ခေါ်ရသလဲဆိုတာ ဟာသနှောပြီး ကြည့်ရှုနိုင်တော့မှာပါ..။ ဖြစ်ပျက်သမျှ တလွဲအဖြစ်အပျက်တွေမှာ Tom Hanks ရဲ့ သရုပ်ဆောင် ပိုင်ဆိုင်နိုင်ပုံ မျက်နှာအမူအရာတွေနဲ့ ရောစပ်ပေါင်းထည့်လိုက်တဲ့အခါ တခွိခွိကို ဖြစ်နေစေရမှာ..။ ညဘက်ရောက်မှ အေးအေးဆေးဆေး ကြည့်မယ်ဆိုပြီး အိပ်ရာထဲမှာ မကြည့်စေချင်ပါဘူး..။ လူအိပ်ချိန်ရောက်မှ အသံပြဲနဲ့ အော်ရယ်နေလို့ အိမ်ကလူတွေ ထရိုက်နေရင်တော့ တာဝန်မယူဘူးဗျာ..။ ​ပြီးတော့ ဒီဇာတ်ကားမှာ နောက်ထပ် ပြောစရာရှိတာ အရင်ခေတ်က အမျိုးသမီး သရုပ်ဆောင်ပေါ့..။ တောက်ပြောင်နေတဲ့နှုတ်ခမ်းဆိုးဆေးရွှန်းရွှန်းစိုစိုလေးနဲ့ မိတ်ကပ်က ဒီဘက်ခေတ်ထိ လှနေဆဲ ၊လှတုန်းပါပဲ..။ သရုပ်ဆောင်ထားတာကလည်း ဇာတ်ရုပ်နဲ့ အပိုအလိုမရှိ ၊ ကွက်တိ..။ တကယ်တော့ အညွှန်းအတွက် လိုအပ်လို့သာ ဒီလောက် ပြောပြနေရသေးတာပါ..။ Tom Hanks ဆိုတာ ဘယ်သူ ဘယ်ဝါရယ်လို့ ညွှန်းစရာမလိုပဲ သူ့ဇာတ်ကားရွေးချယ်မှုကိုပဲ ယုံကြည်ပြီးတော့ကို ကြည့်လိုက်လို့ရတဲ့အထိ သူ့အနုပညာသက်တမ်းတစ်လျှောက်မှာ သက်သေပြခဲ့ပြီးပြီပဲ မဟုတ်လား..? ဒါကတော့ ဟိုးတုန်းက ဇာတ်ကားတစ်ကားပါ..။ တောင်းဆိုထားတဲ့သူတွေအတွက် ဟော့ဒီမှာ Tom Hanks ရဲ့ The Money Pit ရပါပြီဗျား..။ အခုပဲ ဒေါင်းလုဒ်ဆွဲလိုက်ပါ..။ File size…(1.73 GB)/(1.23 GB)/(491.93 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Drama • Mystery
6.5 1986 91 mins
The Money Pit
City of the Rising Sun
6.6

City Of The Rising Sun (1998) ဒီကားလေးကတော့ 1999ထွက် ကိုရီးယားကားလေးဖြစ်ပြီးတော့ ဘ၀အပေါ်မှာမြင်တဲ့အမြင်ချင်း ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ဘ၀ဇာတ်‌ကြောင်းကို ရိုက်ကူးပြထားပါတယ်။ မင်းသားကြီးJung Woo Sungနဲ့ Lee Jung Jaeကပါ၀င် သရုပ်ဆောင်ထားပါတယ်။ အမြဲလူတစ်ကာအပေါ်မှာ လှည့်ပတ်လိမ်လည်နေရင်း ကြီးပွားချမ်းသာဖို့အရေးကိုပဲ ကြံစည်နေတဲ့ ဟုန်ဂီ၊ ပြိုင်ပွဲတွေမှာ အရူံးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အားမလျှော့ဘဲ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ ဒိုချော၊ အဲဒီလိုသူတို့နှစ်ယောက်က အလုပ်တစ်ခုတည်းမှာ အတူတူလုပ်ရဖို့ ဖြစ်လာခဲ့ပါတယ်၊ သူများအပေါ်မှာ ဖျံကျတတ်တဲ့ဟုန်ဂီရဲ့အကျင့်တွေကို ဒိုချောကလည်း သဘောမကျသလို ဟုန်ဂီကလည်း ချန်ပီယံဖြစ်ဖို့အရေးကိုပဲ အာရုံစိုက်နေတဲ့ ဒိုချောက သူ့အမြင်မှာ လှောင်စရာဖြစ်နေတာပါ။ ဒီလိုမျိုးမတူညီ‌ကြပေမယ့် တစ်ယောက်ကိုတစ်ယောက်ကူညီရင်းနဲ့ပဲ သူငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်၊ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ဘ၀အပေါ်ခံယူချက်တွေ သူတို့‌ရဲ့ဘ၀ကို ကိုယ့်ရဲ့နည်းလမ်းအတိုင်း အကောင်းဆုံးကြိုးစားဖြတ်သန်းနေပုံတွေကို ရိုးရိုးရှင်းရှင်းနဲ့ပဲရင်ထဲရောက်အောင် ရိုက်ကူးပြထားတာမို့ အေးအေးဆေးဆေး အနားယူရင်းကြည့်ရှူခံစားဖို့အတွက် အချိန်ပေးရကျိုးနပ်မယ့် ကားလေးဖြစ်မှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Aye Phyo ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 529MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Aye Phyo Encoder ….. August

Drama • Science Fiction • Thriller
6.6 1998 108 mins
City of the Rising Sun
Coming Soon
6.1

ဒီရုပ်ရှင် ရဲ့ ပုံစံ ကတော့ ဖြစ်ရပ်မှန် လူသတ်မှု တစ်ခုကို အခြေခံ ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ ရုံတင်ပြသဖို့ ရုပ်ရှင်ရုံ တစ်ခုကိုရောက်ရှိလာပါတယ် ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာမို့ အလွန်နာမည်ကြီးနေပါတယ် ခိုးကူးတွေကလဲ ဖလင်အခန်း က ဝန်ထမ်းဖြစ်တဲ့ ရှန်း ကို ပိုက်ဆံပေး ခိုင်းစေပါတယ် ရှန်း ဟာ မကြာသေးခင်ကမှ လောင်းကစား များ ဆေးသုံးမှု များနဲ့ အကြွေးတင်နေသူ ဖြစ်တာကြောင့် ရုပ်ရှင်ကို ကင်မရာဖြင့် ညဘက် ခိုးရိုက်ထားဖို့ သဘောတူလိုက်ပါတော့တယ်… သို့ပေမယ့် တစ်ခြားဝန်ထမ်းတွေ မသိအောင် ဖလင်ခန်း ဝန်ထမ်း ရှန်း တစ်ယောက် ရုံထဲတွင် ရုပ်ရှင်ကားကို ခိုးရိုက်တဲ့အခါ မမျှော်မှန်းထားတဲ့ အဖြစ်အပျက်တွေ ထိတ်လန့်ချောက်ချားဖွယ်များ စတင်ကြုံတွေ့ရပါတယ် သူ့အတွက် ကံဆိုးမှုတွေကျရောက်တော့မယ်အချိန်ဆိုတာကို သူကိုယ်တိုင် မသိခဲ့သော အခါ…. (ဆက်လက်ကြည့်ရှုပါရန်) File size… 990 MB / 440 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.. Wut Mhone

Action • Crime • Thriller • Comedy • Adventure
6.1 2008
Coming Soon
Riddle of Fire
6.8

ဇာတ်လမ်းလေးကတော့ လူစုံရင်ဘယ်လိုမှ ထိန်းမနိုင်တဲ့ကလေးသုံးယောက်ရဲ့ စွန့်စားခန်းကြီး အကြောင်းကို ရိုက်ကူးပြထားတဲ့ကားလေးပါ…။ ဒီကလေးတွေဟာ ၁၂၊ ၁၃အရွယ် ပေါက်စလေးတွေ ဆိုပေမယ့် ဂိုဏ်းစတားအဘိုးကြီးတွေလို ဆိုင်ကယ်ကို မှင်သေသေစီး၊ လေသေနတ်ကိုလွယ်၊ မျက်နှာဖုံးစွပ်နဲ့ မြို့အနှံ့ပတ်ဆိုးကြတဲ့ ဇိုးလေးတွေပေါ့…။ တစ်နေ့ကျတော့ သူတို့ဟာ ဂိမ်းဆော့ချင်လို့ စက်ရုံတစ်ခုမှာ ဂိမ်းစက်သွားခိုးလာပါတယ်…။ အိမ်ရောက်တဲ့အခါ ဂိမ်းဆော့မယ်ကြံတော့ သူတို့အမေက တီဗီကို ပတ်စဝေ့ါခတ်ပြီးသိမ်းထားပါလေရော…။ ဒီတော့ အမေ့ဆီမှာ ပတ်စဝေါ့သွားတောင်းတော့ အမေက ဘလူးဘယ်ရီပိုင်မုန့်သွားဝယ်လာခဲ့ရင် ပေးမယ်ပြောပါတယ်…။ သူတို့ရဲ့စွန့်စားခန်းလေးက ဒီမှာစတယ်ဗျ…။ ဘလူးဘယ်ရီပိုင်မု့န်သွားဝယ်ရင်းနဲ့ လမ်းမှာ ဘယ်လို ဇာတ်လမ်းအစုံကြုံရမလဲ… ဒီဇိုးကလေးသုံးယောက်က ကြုံလာသမျှအခက်အခဲတွေကို မဖြစ်ဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်….။ (အညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Themes ဖြစ်ပါတယ်) File size…2.45GB / 1.15GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.8 2024
Riddle of Fire
Worlds Apart
7.4

Genre – Drama, Romance IMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့် မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်… နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. … သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှ ချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်.. မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။ အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီး ရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းက ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို ၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့ နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာ ဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။ File size… 1.6 GB / 751 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Z

Drama • Romance
7.4 2015
Worlds Apart
El Sur
7.8

‘ဒက္ခိဏတမ်းချင်း’ ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။ IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။ Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က တစ်ပိုင်းတစ်စကြီးနဲ့ရုံတင်ထားတာပါ။ ရိုက်ကူးချိန် ၈၁ ရက်စာ လျာထားပေမယ့် ၄၁ ရက်နဲ့ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဟာ ဆုပေါင်းများစွာရသည်အထိ ထိုက်တန်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး။ မူရင်းစာအုပ်ကတော့ Victor Erice ရဲ့ My father, the hero ဆိုတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex 666

7.8 1983 95 mins
El Sur
Who’s Yer Father?

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ IMDB 5.9/10 ရရှိထားတဲ့ Comedy/Crime ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လယ်ရီက Prince Edward Island ကျွန်းရဲ့ တစ်ဦးတည်းသော ပုဂ္ဂလိက စုံစမ်းရေးမှူးပါ။ ကျွန်းတစ်ကျွန်းလုံးမှာ သူတစ်ယောက်ပဲရှိတာဆိုတော့လည်း ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်ဆိုပြီး အမြဲကြွားဝါလေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း သူ လိုက်စုံစမ်းပေးရတဲ့အမှုတွေကတော့ ဘိုးဘွားပိုင် အိုးခွက်ပန်းကန်တွေ ပျောက်ဆုံးမှုလောက်ပါပဲ။ ဒီလိုနဲ့ သာယာနေတဲ့သူ့ဘဝထဲကို ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား မသိတာကို ယူဆောင်ပေးဖို့ ရောက်လာခဲ့သူကတော့ လုခ်ပါ။ ပင်လယ်စာ ဖြန့်ဖြူးရောင်းချသူ လူချမ်းသာ လုခ်က သူ့ကို အမှုတစ်ခု လာအပ်ပြီး အဆင်ပြေရင် ဘောနပ်စ်တွေပါ ပေးမယ်ဆိုတာမို့ လယ်ရီတစ်ယောက် အချီကြီးပွမယ့်အမှုကို အားတက်သရောလိုက်ခဲ့ပါတော့တယ်။ သူစုံစမ်းရမယ့် အမှုကတော့ ဂလန်းဆိုတဲ့ တံငါသည်က ပုစွန်တုပ်တွေကို လုခ်ဆီမရောင်းဘဲ မှောင်ခိုဈေးကွက်မှာ ရောင်းချနေတာမို့ နောက်ကွယ်က ဝယ်သူကို ရှာပေးရမှာပဲဖြစ်ပါတယ်။ ဟိုဟိုဒီဒီ စုံစမ်းရင်း ရွန်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ယောက်သားအတူတကွ ပူးပေါင်းခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ရီက သူ့ရဲ့ စုံစမ်းထောက်လှမ်းရေး အတတ်ပညာတွေကို အစွမ်းကုန်အသုံးချပြီး ရှာဖွေခဲ့ရာမှာတော့ မထင်မှတ်ထားတဲ့ သတင်းအချက်အလက်တွေကိုပါ သိရှိသွားခဲ့ပါတော့တယ်။ လယ်ရီက ဘာတွေသိသွားတာလဲ။ သူသိထားတဲ့အချက်အလက်တွေကို လုခ်ကို ပြောလိုက်လို့ရောဖြစ်ပါ့မလား။ ဒီအမှုက သူ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.5 GB)/(852 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
Who’s Yer Father?
Manhole

Manhole (2014) ************** Hospital Playlist ထဲမှ Jung Kyung-ho၊ The School Nurse Files ထဲမှ Jung Yu-mi၊ Mirror of the Witch ထဲမှ Kim Sae-ron နဲ့ တခြားသရုပ်ဆောင် များစွာပါဝင်ထားတဲ့ Manhole ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားအညွှန်း- မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကို အစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီး နှစ်ယောက်တည်း ‌ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြား ပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်း စုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလို ပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။ တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကို ဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီး ဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့… ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။ ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့ သတ်မှတ်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။) File size…1.30GB / 550MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Thriller, Mystery, Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by MMyo

0 2014
Manhole
Ni Main Sass Kuttni 2
7.3

Ni Main Sass Kuttni 2 (2024) “ယောက္ခမနဲ့ ချွေးမ” ဒီတစ်ခါမှာ ပရိသတ်တို့အတွက် ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ အမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင် မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်က အသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ် ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ် တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာ တီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသော ရပ်ရေးရွာရေး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Adventure • Family
7.3 2024
Ni Main Sass Kuttni 2
Payback

IMDb 7.1 အထိရထားတဲ့ အထာကျကျ အမိုက်စား လက်စားချေဇာတ်လမ်းလေးဖြစ်ပြီး ခေတ်ဟောင်းမင်းသား Mel Gibson ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်းမှာတော့ Porter ဆိုတဲ့ ပရော်ဖက်ရှင်နယ်သူခိုးတစ်ယောက်ကို သူ့သူငယ်ချင်း Val နဲ့ သူ့မိန်းမ Lynn တို့က ပိုက်ဆံ ၇ သောင်းအတွက်နဲ့ သစ္စာဖောက်သွားကြပါတယ် ဒါပေမဲ့ ဆရာဝန်တစ်ယောက်က Porter ကို ကယ်ထားပြီး သေနတ်ဒဏ်ရာဆေးကုပေးလို့ ၅ လ အကြာမှာတော့ လက်စားပြန်ချေဖို့ ကြိုးစားရာမှာ Val ရဲ့ အထက်က The Outfit ဆိုတဲ့ ငကြမ်းတွေစုနေတဲ့ လူဆိုးဂိုဏ်းနဲ့ပါ ရင်ဆိုင်ထိပ်တိုက်တွေ့ပါတော့တယ် File size…(1.5 GB)/(682 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Action , Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan

Drama
0 1999
Payback
Tale of the Forest Unicorn
5.5

ဒီကားကိုတော့ ဒါရိုက်တာ Sophie Osbourne ရိုက်ကူး ထားပြီး Becca Hirani, Louis James , Stephanie Lodge တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားကတော့ မိသားစုဇာတ်လမ်း အမျိုးအစားဖြစ်ပြီး ဗွိုင်းအိုးလက်ဆိုတဲ့ ကောင်မလေးအကြောင်း ရိုက်ကူး ထားတာပါ။ ဗွိုင်းအိုးလက်ဟာ အဖေနဲ့ အမေ မတော်တဆမှုကြောင့် သေဆုံးပြီးနောက်မှာ ဦးလေးဖြစ်သူ ပီတာရဲ့ မိသားစုနဲ့ အတူနေဖို့အတွက် ရွာလေးတစ်ရွာကို ရောက်လာခဲ့ပါတယ်။ စိတ်ထိခိုက်နေတဲ့ ဗွိုင်းအိုးလက်ဟာ စကားလည်း မပြောတော့သလို မိသားစုအသစ်နဲ့ အသားကျဖို့လဲ ခက်ခဲနေခဲ့ပါတယ်။ ဒီလိုနဲ့ စိတ်ပြေလက်ပျောက် တောအုပ်ထဲကို လျှောက် သွားရင်းကနေ ယူနီကွန်းတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ဝမ်းကွဲတွေဖြစ်တဲ့ နိုအာနဲ့ လီလီတို့ပါ ယူနီကွန်းအကြောင်း သိသွားတဲ့နောက် ကလေးသုံးယောက်က လျှို့ဝှက်ချက် အဖြစ် ထားခဲ့ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာ တောအုပ်ကို ဝယ်ပြီး ဖျက်ဆီးမယ့်သူ ပေါ်လာတဲ့အခါ ကလေးသုံးယောက်က တောအုပ်ကို ကာကွယ်ပြီး ယူနီကွန်းကို ကွယ်ဝှက်ပေးထားဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ သူတို့ကြိုးပမ်းမှုမှာ မိဘတွေပါ ပါဝင်လာတဲ့အခါ….. တစ်ဖက်လူရဲ့ ဖိအားနဲ့ ခြိမ်းခြောက်မှုတွေကြားမှာ သူတို့ တောအုပ်နဲ့ ယူနီကွန်းကို တကယ်ပဲ ကာကွယ်နိုင်သွားမှာ လားဆိုတာကို ဒီဇာတ်ကားလေးထဲ ခံစားကြည့်ရှုရမှာပါ။ File size… (1.22 GB) / (717 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre …..Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5.5 2025 82 mins
Tale of the Forest Unicorn
Rommel
6.5

Rommel (2012) **************** IMDb – 6.5/10 ဒီဇာတ်လမ်းလေးကတော့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရိုးမဲလ် ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ် …သဲကန္တရမြေခွေးကြီးလို့လည်း အတော်များများကြားဖူးကြမယ်ထင်ပါတယ်… ဒီစစ်ကားမှာ တခြားစစ်ကားတွေထက် ပိုကောင်းတဲ့အချက်တွေကတော့ ဗိုလ်ချုပ်ကြီးရိုးမဲလ် အပါအဝင် ဂျာမန်စစ်ခေါင်းဆောင်တွေရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်အချိန် ဘယ်လိုစစ်ပြင်ဖို့ဆွေးနွေးကြပုံတွေ စစ်ဖြစ်နေတဲ့အချိန်အတောအတွင်းမှာလဲ တန်ပြန်တိုက်စစ်တွေကို ဘယ်လိုပုံဖော်ကြလဲဆိုတာတွေ အပြန်အလှန်ဆွေးနွေးကြပုံတွေကို အသေးစိတ်ရိုက်ကူးပုံဖော်ထားပါပဲ…. ဗိုလ်ချုပ်ကြီးရိုးမဲဟာ သူ့ရဲ့စစ်ခေါင်းဆောင်ကြီးဟစ်တလာရဲ့အပေါ်မှာ အလွန်သစ္စာစောင့်သိတဲ့ စစ်သားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေအပေါ်လူမဆန်တဲ့လုပ်ရပ်တွေကို သိသွားတဲ့အခါမှာ ဆက်ပြီးတော့ဟစ်တလာအပေါ်မှာ သစ္စာစောင့်သိဦးမှာလား… အဲဒီအချိန်မှာပဲ ဂျာမန်တွေဟာ မဟာမိတ်တို့ရဲ့ပြင်းထန်တဲ့တိုက်စစ်တွေကြောင့် အဘက်ဘက်ကစစ်ရေးရှုံးနိမ့်လို့နေခဲ့တယ်.. ရိုးမဲလ်က ဟစ်တလာကို ငြမ်းချမ်းရေးညှိနှိုင်းဖို့အကြံပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး.. အဲဒီနောက်မှာတော့ ဟစ်တလာရဲ့ခေါင်းဆောင်မှုအပေါ်မှာ သဘောမကျတဲ့ ဂျာမန်စစ်ခေါင်းဆောင်အချို့ဟာ အာဏာသိမ်းဖို့အတွက်တိတ်တဆိတ်ကြံစည်လုပ်ဆောင်လာခဲ့တဲ့အခါမှာတော့… ဗိုလ်ချုပ်ကြီးရိုးမဲလ် ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ.. (အညွှန်းကို Zwel Zan Aung မှ ရေးသားထားပါတယ်) File size…3.2GB / 835MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet

Action • Comedy
6.5 2012 120 mins
Rommel
Never a Thief
6.2

ဟောင်ကောင်အက်ရှင်ကားတွေကြည့်ပြီး နောက်ပိုင်းအက်ရှင်ကားတွေ မတိုးတော့ဘူးဆိုတဲ့ CM ရဲ့ ပရိသတ်ကြီးအတွက် ဒီရုပ်ရှင်လေးကို ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုက်ကွက်တွေနဲ့ ထိုးချက်တွေကို အားရပါးရ ကြည့်ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- အာမခံကုမ္ပဏီက စုံစမ်းသူ ကျောက်ကျီဟာ ပျောက်ဆုံးသွားတဲ့ အနုပညာပစ္စည်းကို ပြန်ရှာဖို့အတွက် ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတစ်ခုကို ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ထူးချွန်လှတဲ့ သော့ဖွင့်နိုင်စွမ်းကြောင့် သခင်ရှန့်က ဦးဆောင်တဲ့ ရှေးဟောင်းပစ္စည်းခိုးယူအဖွဲ့ထဲ ပါဝင်ပူးပေါင်းခဲ့ပါတယ်။ ဖြောင့်မတ်တဲ့ ကျောက်ကျီတစ်ယောက် သူခိုးအလုပ်ကို အထင်သေးပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားတဲ့ အဖေ့ကို ရှာဖို့အတွက် သူခိုးအဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။ အဖွဲ့ထဲက အရည်အချင်းကိုယ်စီရှိကြတဲ့ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ခိုးယူခြင်းလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကျောက်ကျီရဲ့အဖေဟာ ဘာကြောင့် သတင်းလုံးဝမရဘဲ ပျောက်ဆုံးသွားရသလဲ…… ဖြောင့်မတ်သူဟာ သူခိုးအလုပ်ကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်ပါ့မလား…… သူတို့ရဲ့ ရန်သူက ဘယ်သူဖြစ်မလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

6.2 2025
Never a Thief