YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Battle.Freestyle.2022.480p.NF.WEB-DL[CM].mp4

538.89 MB N/A video/mp4 156 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunt
8.1

The Hunt (2012) ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက ကိုယ် ကိုယ်တိုင်မလုပ်ထားတဲ့ လုပ်ရပ်အတွက် ပေးဆပ်ခံစားနေရရင် ပိုဆိုးပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်‌တွေ ပီပြင်စွာ လက်စွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ဆုတံဆိပ်တွေများစွာရထားပြီး စီးမျှောခံစားကြည့်လို့ကောင်းတဲ့ ဒိန်းမတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ကလေးတွေနဲ့ဆို ခင်တတ်မင်တတ် ပျော်တတ်တဲ့ မူကြိုကျောင်းဆရာတစ်ယောက်ရှိပါတယ်။ အလုပ်ကိုလည်းကြိုးစားရင် သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုလည်း ရ‌အောင်ကြိုးစားရင်း ရုန်းကန်နေရတဲ့ သာမန်ဘဝလေးတစ်ခုပေါ့။ တစ်နေ့ကျတော့ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဒီဆရာဖြစ်သူက ကလေးမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကြောင်း ပြောဆိုတိုင်ကြားလာပါလေရော။ ဒီကိစ္စဟာ လူ့အသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့ကိစ္စမို့ မိဘဆရာတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်၊ ကလေးတွေကြားမှာလည်း အချင်းချင်းပြောရင်းဆိုရင်းကနေ အမှုကပိုကြီးလာပါတယ်။ သို့ပေမဲ့ ဒီမူကြိုဆရာကတော့ သူလုပ်တာမဟုတ်ကြောင်း တတွင်တွင်ငြင်းဆိုရင်း လူအများရဲ့ ဒဏ်ခတ်မှုကို သည်းညည်းခံ ခါးစည်းခံနေရပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပါပဲ။ Dramaကားကောင်းကြိုက်သူတိုင်း ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.3GB, 550MB, 330MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 55mins Genre              : Drama Translated by Themes Encoded by Kinnov

Comedy • Drama
8.1 2012 116 mins
The Hunt
Beowulf & Grendel
5.7

ဒီကားကတော့ ၂၀၀၅ ခုနစ်က ထွက်ရှိထားတဲ့ သမိုင်းအခြေပြု ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ ဘေးဝုဖ်နဲ့ ဂရန်ဒယ်ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကို ဇာတ်အိမ်တည်ရိုက်ထားတဲ့ကားလေးပါ။ နာမည်ကြီး မင်းသား Gerard Butler က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ခေတ်သူ့အခါက ထူးချွန်ဆုကိုပါရရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂရန်ဒယ်ဆိုတဲ့ ဂိ(တ်) သူရဲကောင်းတစ်ဦးက သူ့ရဲ့နေရပ်ဒေသကို ပြန်ရင်း မုန်တိုင်းတွေကြောင့် ကမ်းတစ်ခုပေါ်အတင် သူ့ရဲ့ ဂန္ထဝင်နောက်ကြောင်းတွေကို ပြန်ရှင်းပြရာကနေစတာဖြစ်ပါတယ်။ ထွက်တာကြာပြီဆိုပေမဲ့ ရသမျိုးစုံနဲ့ သုတအနည်းအကျဉ်းပါရရှိနိုင်မယ့် စွန့်စားခန်းသဖွယ် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ အားပေးကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 910MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Adventure • Animation • Comedy • Family • History
5.7 2005 103 mins
Beowulf & Grendel
Karthik Calling Karthik
6.1

ဒီတစ်ခါမှာတော့ မင်းသား ဖရ်ဟန်းအခ်သရ်နဲ့ မင်းသမီးဒီပီကားပါဒူကွန်တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဆိုက်ကိုကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ် ဇာတ်လမ်းက ဆန်းဆန်းလေးပါပဲ... ကာသစ်ဆိုတဲ့ကောင်လေးဟာ လူတွေရဲ့ခိုင်းဖက်..အပြစ်ပြောစရာ အသုံးမကျတဲ့ ကြောင်တောင်တောင်ကောင်လေးတစ်ယောက်ပေါ့ ဘယ်နေရာမှာ မှားမှား သူ့အမှားဆိုပြီး လူတွေက သတ်မှတ်ချင်ကြတဲ့ကောင်လေးပါ အားလုံးနဲ့အဆင်ပြေအောင် နေချင်ပေမယ့် သူ့ရဲ့သိမ်ငယ်စိတ်တွေက သူ့ကိုယ်သူ ဖိနှိပ်အားငယ်စေခဲ့ပါတယ် ဒီဖြစ်ရပ်တွေကနေ သူ လွတ်မြောက်ချင်နေခဲ့ပါတယ် ဒီလိုနဲ့ သူ့ဆီကို တစ်ရက် မနက် ၅နာရီ ဖုန်းတစ်ကောဝင်လာပါတယ် ဖုန်းကိုင်မိတော့ ဆက်လာတဲ့သူဟာ ဘယ်သူမှမဟုတ်ဘဲ သူကိုယ်တိုင်ပဲ ဖြစ်နေပါတယ် ဟုတ်ပါတယ် ဆက်တဲ့သူကလည်း သူကိုယ်တိုင်ဖြစ်တဲ့ ကာသစ်ပါပဲ အဲ့ဒီနောက်ပိုင်း သူ့ဘဝကြီးဟာ ထင်မှတ်မထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ် ကဲ သူ့ဘဝမှာ ဘယ်လိုဆန်းကျယ်တဲ့ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲဆိုတဲ့ ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်အဖြေရှာကြည့်ကြနော် File size…2.26GB   / 792MB Quality…1080p HQ  BluRay  /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action • Crime • Thriller
6.1 2010 135 mins
Karthik Calling Karthik
The Campaign
5.8

Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။ ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ နိုင်ငံရေးအရပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ပြီး တယောက်ကိုတယောက်ဘယ်လိုချောက်တွန်းအားပြိုင်ကြမလဲ၊ တယောက်နဲ့တယောက် ပြိုင်ကြရင်း ဘယ်လိုအလွဲ‌ကြီးတွေဖြစ်ကြမလဲ၊ နောက်ဆုံးမှာရော ဘယ်သူက ရွေးကောက်ပွဲကိုနိုင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ နိုင်ငံရေးဆိုင်ရာအားပြိုင်မှုတွေမှာတလွဲလုပ်ကြကို ဟာသ‌နှောပြီး ရှယ်ဖောက်ထားတဲ့ကားကောင်လေးဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောကြည့်ရှုလိုက်ကြပါဦးဗျ။

Crime • Drama • History
5.8 2012 85 mins
The Campaign
Starship Troopers
7

ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်း ပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျ ဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီး လူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ် အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကို ရိုက်ကူးထားတဲ့လူပါ။ နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effect စကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic World ဆိုတော့ ယှဉ်မရဘူးပေါ့လေ) ဇာတ်လမ်းအကျဉ်းကတော့ နောင်အနာဂတ်တွေမှာ ကမ္ဘာကြီးတစ်ခုလုံးက နိုင်ငံတွေအနေနဲ့ ရှိမနေတော့ပဲ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ် ပြည်ထောင်စုလိုက်ကြီး ဖြစ်နေပါပြီ။ ရန်စွယ်အနေနဲ့ကလည်း ကလန်ဒတ်သူဂြိုလ်က အယ်ရာခနစ်ဆိုတဲ့ ပိုးကောင်တွေဖြစ်ပြီး သူတို့ကလည်း ဥက္ကာခဲတွေ လွှတ်ပြီး တိုက်ခိုက်တယ်ပေါ့လေ။ အဲဒီအချိန် ဖက်ဒရယ်ပညာရေးကျောင်းမှာ သူငယ်ချင်း ၃ ယောက်ရှိကြတယ် ရီကိုရယ် ကားလ်ရယ် ကာမန်ရယ်ပေါ့၊ ရီကိုနဲ့ ကာမန်က အတွဲ၊ ရီကို့ကို ခိုးကြိုက်နေတဲ့ ကောင်မလေး ဒစ်ဇီဆိုတာလည်းရှိတယ်။ ကားလ်နဲ့ ကာမန်ကတော့ ဖက်ဒရယ်စစ်တာဝန် ထမ်းဆောင်ချင်ကြသူတွေပေါ့၊ ရီကိုကတော့ သူဌေးသား စိတ်ကသိပ်မပါပေမယ့် ကောင်မလေး ကာမန်သဘောကျအောင် မိဘတွေ တားနေရက်နဲ့ စစ်ထဲဝင်ချင်တဲ့ကောင်ပေါ့လေ။ ဖြစ်ချင်တော့ ဖက်ဒရယ်စနစ်မှာ အမျိုးအစားက ၃ နေရာရှိတယ် ပထမ ဉာဏ်အတော်ဆုံး ဆရာကြီးဌာနက ထောက်လှမ်းရေးပေါ့လေ (စိတ်စွမ်းအားရှိတဲ့လူတွေကို ပျိုးထောင်ပေးတဲ့နေရာ) အဲဒီကို ကားလ်က ရောက်သွားခဲ့တယ်၊ ဒုတိယကတော့ ယာဉ်တန်းစု တပ်ဖွဲ့ကြီး၊ ယာဉ်အမျိုးအစားပေါင်းစုံ မောင်းနှင်ရတာပေါ့၊ အဲဒီမှာက ပိုင်းလော့ဖြစ်ချင်တဲ့ ကာမန်ရောက်သွားတယ်၊ တတိယအနေနဲ့ကတော့ သချာၤနဲ့ အမျိုးအစားခွဲပါတယ်ဆိုမှ အမှတ်အနည်းဆုံးရရင် သွားရတဲ့ ခြေလျင်တပ်ရင်း ဖြစ်ပါတယ် ရီကိုတစ်ကောင် ဒီကိုရောက်သွားတာပေါ့၊ သူ့ကို ကြိုက်နေတဲ့ ဒစ်ဇီကလည်း ဒီကိုရောက်လာပါတယ်။ ဒီလိုနဲ့ ကိုယ်စီ ကြိုးစားလေ့ကျင့်နေကြတုန်း ရန်သူတွေဖြစ်တဲ့ အယ်ရာခနစ်တွေ ခြေလှမ်းစလှမ်းလိုက်တဲ့အခါမှာတော့……….။ ရုပ်ရှင်တစ်ကားများ ကောင်းပြီဆို ဘယ်နှခုနှစ်ကထွက်တာဖြစ်ဖြစ် ကြည့်လို့ကောင်းနေဆဲပဲ။ တစ်ခုရှိတာက အပေါ်ပိုင်းတွေ လွတ်လပ်စွာ တင်ဆက်ထားတဲ့ R Rated ကားဖြစ်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိပြုစေလိုပါတယ် သွေးသံရဲရဲ သတ်ဖြတ်မှုတွေလည်း ပါဝင်ပါတယ်။ ကဲ Old School တွေ ပြန်ခံစားလိုက်ကြရအောင်ဗျာ

Comedy • Romance
7 1997 129 mins
Starship Troopers
Heart Parade
4.9

Heart Parade (2022) ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့ ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့ အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးက Dachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလို ချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့် သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှု Tod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကို တစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshund ပွဲဈေးတန်းလေးကို ဦးဆောင်လုပ်နေပြီး အဲဒီပွဲမှာ Tod လည်းဝင်ပြိုင်ဖူးပေမယ့် ပထမဆုနဲ့လွဲချော်ခဲ့ရတာကို သူ့သခင်က မကျေနပ်ခဲ့ပါဘူး။ ဒီတော့ Magda လည်း ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တစ်ခုခုကိုသာရိုက်နိုင်ခဲ့ရင် ဒါရိုက်တာဖြစ်သူ အမြင်ပြန်ကြည်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ Karol တို့သားအဖရှိရာမြို့ကိုရောက်လာတဲ့အခါ ..။

Drama • Mystery • Science Fiction • TV Movie • Thriller
4.9 2022 108 mins
Heart Parade
Shahid
8.2

Shahid (2012) “အမှန်တရားဘက်တော်သား” IMDb -8.2/10 ချတာတွေလည်းမကြိုက်ဘူး။ ရိုတာတွေလည်းငြီးငွေ့နေကြတဲ့ CM ပရိသတ်ကြီးအတွက် ရုံတင်အမြတ်ငွေ 5 ဆကျော်ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်၊ Scam 1992ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီးHansal Mehtaတစ်‌ယောက် ကားတိုင်းအရှုံးပေါ်နေရာကနေ ဝက်ဝက်ကွဲပြန်အောင်မြင်ခဲ့တဲ့ Biography movieလေးတစ်ကားဖြစ်တဲ့ Shahidဆိုတဲ့movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးကိုတော့ ရှေ့နေကြီးShahid Azmiတစ်ယောက် လုပ်ကြံခံရပြီးချိန်မှာရိုက်ကူးဖို့ ဒါရိုက်တာMehtaတစ်‌ယောက် အကြံရခဲ့တာဖြစ်ပါတယ်။ ဘုံဘေအဓိကရုဏ်းဖြစ်ချိန်မှာ ရှာဟစ်ဒ်ဟာ ၁၅ နှစ်အရွယ် မြီးကောင်ပေါက်လူငယ်တစ်‌ယောက်၊ ဆယ်ကျော်သက်ပီပီ စူးစမ်းချင်စိတ် မခံချင်စိတ်ကများတော့ အဓိကရုဏ်းထဲဘုမသိဘမသိဝင်စပ်စုရင်း ရဲဘက်ကဖမ်းတဲ့ထဲပါသွားပါတော့တယ်။ ဒါပေမဲ့ အသက်မပြည့်သေးတော့ ရှာဟစ်ဒ်ပြန်လွတ်လာတာပါတယ်။ အဓိကရုဏ်းမှာ ကမောက်ကမဖြစ်နေတဲ့ကြား ရှာဟစ်ဒ်တစ်‌ယောက် အကြမ်းဖက်လေ့ကျင့်ရေးစခန်းကိုလိုက်သွားခဲ့ပေမဲ့ အကြမ်းဖက်တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေတာကိုမြင်ပြီး ဘုံဘေကိုပြန်လာခဲ့ပေမဲ့ ရဲဘက်ကသတင်းရပြီး ရှာဟစ်ဒ်တစ်‌ယောက် အကြမ်းဖက်ကာကွယ်ရေးဥပဒေ(POTA)နဲ့ငြိပြီး ဖမ်းခံရပါတော့တယ်။ အကြမ်းဖက်မှုနဲ့ဖမ်းခံရ အတင်းအကြပ်အပြစ်တွေဝန်ခံခဲ့ရပြီး ထောင်နန်းစံခဲ့တဲ့ ရှာဟစ်ဒ်တစ်ယောက် ထောင်ထဲမှာ ဦးနှောက်ဆေးချင်သူတွေ ဖျက်ဆီးချင်သူတွေ ဒုနဲ့ဒေးရှိနေပေမဲ့ ကံကောင်းချင်တော့ လမ်းညွှန်ပေးမယ့်သူနဲ့ဆုံပြီး ထောင်ကလွတ်လာချိန်မှာ ဥပဒေပညာကိုသင်ယူလို့ ရှေ့နေဖြစ်လာပါတော့တယ်။ တစ်ချိန်ကကိုယ်တိုင် POTAဥပဒေနဲ့ မတရားသဖြင့်ဖမ်းဆီးခံခဲ့ရတဲ့ ရှာဟစ်ဒ်တစ်‌ယောက် သူ့လိုအဖြစ်မျိုးထပ်မကြုံရလေအောင် အကြမ်းဖက်သမားရယ်လို့ စွပ်စွဲခံရ ခေါင်းစဉ်တပ်ခံရတဲ့သူတွေကို အစွမ်းကုန်ကယ်တင်ဖို့ကြိုးစားရင်း အမှန်တရားအတွက် အများနဲ့တစ်ယောက် ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲဆိုတာ ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.2 2012
Shahid
Sleeping Dogs

ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း….. မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့….. ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ….. အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ….. ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ….. သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား…. သူကိုယ်တိုင်ကရော ရဲကောင်းတစ်ယောက်ဟုတ်ရဲ့လား…. စတဲ့ မေးခွန်းပေါင်းများစွာနဲ့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ကြားထဲက သဲလွန်စ တစ်ခုချင်းစီကိုလိုက်ကောက်ပြီး ဘယ်လိုပြန်လည်ဖော်ထုတ်သွားဦးမလဲဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

0 2024
Sleeping Dogs
Model House
4.8

Model House (2024) ================ Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ် တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထား ပါတယ်။ ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့ အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မ လေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီး ဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြ တိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအ သုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်း မှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်း မှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက် နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.17 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

4.8 2024
Model House
Getaway

Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ. ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်. အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ အမည်မသိသူက စီစဉ်ထားတဲ့ တွေ့ဆုံမှုပဲလား? ဘရန့်ကရော ဘာဖြစ်လို့ အမည်မသိသူ ခိုင်းတဲ့အတိုင်း တစ်ခုမကျန်လိုက်လုပ်နေရသလဲ? အဲဒီ့လူရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ? စတဲ့ စတဲ့ မြှုပ်ကွက်လေးတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဇာတ်လမ်းကိုအခြေတည်ထားတာတော့ ခရစ်စမတ်အချိန်မှာဖြစ်ပေမယ့် တခြား ခရစ်စမတ်ဇာတ်လမ်းတွေကို နုနုရွရွလေးမဟုတ်ပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ ခရစ်စမတ်ကို ဖြတ်သန်းတဲ့ ဘရန့် မဂ်နာ (Ethan Hawke) တစ်ယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်. အညွှန်းနှင့် ဘာသာပြန်ကိုတော့ Jo Joe မှရေးသားထားပါတယ် File size…(1.7 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2013
Getaway
Wallace & Gromit: The Curse of the Were-Rabbit
7.5

ဒီကားကတော့ Wallace and Gromit Film Series ထဲမှ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဝေါလေ့စ်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကလူတွေဟာ တော့တင်ဟမ်ခန်းမမှာ နှစ်စဉ် အသီးအနှံပြပွဲကို ထုံးတမ်းစဉ်လာတစ်ခုအဖြစ် ကျဉ်းပကြပါတယ်။ တစ်နှစ်တာလုံးလုံး ကိုယ့်ရဲ့အသီးအနှံတွေကိုပိုးမွေးသလိုမွေးပြီး အကြီးကြီးဖြစ်အောင်စိုက်ပျိုးရင်း ပြိုင်ပွဲမှာ ဆုကိုဆွတ်ခူးနိုင်ဖို့အတွက်ကြိုးစားကြရပါတယ်။ ဒါပေမဲ့ ဒီလိုအသီးအနှံမျိုးကောင်းတွေကိုစိုက်ပျိုးကြတဲ့အခါ သီးနှံဖျက်ကောင်တွေဖြစ်တဲ့ ခရု၊ ငန်း၊ ယုန်စတဲ့ သတ္တဝါတွေကို ဆွဲဆောင်ပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ ဝေါလေ့စ်နဲ့ဂရိုမစ်က သီးနှံဖျက် ယုန်တွေကိုလိုက်လံရှင်းလင်းရင်း ဒီယုန်တွေရဲ့ပြဿနာကို ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို စမ်းသပ်ရင်း တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ ဆက်လက်ကြည့်ရှုကြပါဦး။ File size… 1.6 GB / 780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

Drama • Comedy • Fantasy
7.5 2005 85 mins
Wallace & Gromit: The Curse of the Were-Rabbit
Resident Evil: Damnation
6.4

Resident Evil: Damnation (2012) IMDb Rating (6.4) / Rotten Tomatoes (100%) ဒီဇာတ်ကားကတော့ ပထမ Resident Evil animationရဲ့ဒုတိယကားဖြစ်ပြီး Degeneration အပြီးနဲ့ တိုက်ရိုက်ကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဟားဗတ်ဗေးလ်ဖြစ်ရပ်အပြီး ခွင့်နဲ့အနားယူနေတဲ့ လီယွန်တစ်ယောက် အစိုးရရဲ့အထူးဆင့်ခေါ်မှုနဲ့ အရှေ့ဆလဗ်သမ္မတနိုင်ငံကို မစ်ရှင်သွားရဖို့ ဖြစ်လာပါတယ်။ ဆလဗ်နိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကနေ ကွဲထွက်လာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် UNနဲ့ EUတို့ရဲ့အသိအမှတ်ပြုတာကို လိုချင်‌နေတဲ့ နိုင်ငံငယ်တစ်ခုပါ။ ဒါပေမဲ့ ခွဲထွက်ပြီး လွတ်လပ်ရေးယူထားတဲ့ နိုင်ငံငယ်တို့ထုံးစံအတိုင်း အာဏာလုပွဲနဲ့ ပြည်တွင်းစစ်ပွဲတွေ ကပ်ပါလာခဲ့ပါတယ်။ အဲဒီလို ပြည်တွင်းစစ်ဖြစ်နေတဲ့ အစိုးရနဲ့ သူပုန်တွေကြားဇီဝလက်နက်‌ ခေါ် ဗိုင်းရပ်ကူးစက်ခံသတ္တဝါဆန်းတွေကိုလက်နက်အဖြစ် အသုံးချနေတယ်ဆိုတဲ့ သတင်းကြောင့်ဒီအပိုင်းမှာ အထူးကျွမ်းကျင်တဲ့ လီယွန်အနေနဲ့ လျှို့ဝှက်စုံစမ်းစစ်ဆင်ရေးတစ်ခုကို လုပ်ဖို့ဖြစ်လာရင်း အဆိုပါသတ္တဝါကြီးတွေ၊ အဲဒါတို့ကို ထိန်းချုပ်ထားတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။) File size…(2.2 GB) / (910 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Animation,Horror Duration….01:40:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by JimX

Comedy • Romance
6.4 2012 100 mins
Resident Evil: Damnation
Drop Dead Gorgeous

ဒီဇာတ်ကားလေးကတော့ Spidermanဇာတ်ကားသုံးတွဲမှာ MJအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kirsten Dunst ရဲ့ဇာတ်ကားလေးပါပဲ။ သူ့အပြင် တစ်ခြားအလှမင်းသမီးတွေလည်း ပါဝင်ပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်မင်းသမီးလေးအလှမယ်ပြိုင်ပွဲဆိုပြီး အလှမယ်ပြိုင်ပွဲတစ်ခုရှိပါတယ်။ ဒီပြိုင်ပွဲကို မြို့နယ်ကနေ ပြည်နယ်အဆင့် ပြည်နယ်ကနေ နိုင်ငံအဆင့်ထိ ယှဥ်ပြိုင်ကြရပါတယ်။ ဇာတ်လမ်းအခြေတည်ထားတာကတော့ နယ်မြို့လေးဖြစ်တဲ့ မောင့်ရို့စ်ဆိုတဲ့နယ်မြို့‌‌လေးမှာပါပဲ။ ဒီမြို့လေးမှာလည်း အလှမယ်ပြိုင်ပွဲကျင်းပရင်း ပြိုင်ပွဲအဖွဲ့အစည်းရဲ့ ဥက္ကဌသမီးက နိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ သူမက ဒီပြိုင်ပွဲကိုအနိုင်ရဖို့ ဘယ်လောက်တောင်လုပ်ဆောင်သွားမလဲ။ ဇာတ်လိုက်ဖြစ်တဲ့ နောက်တွဲကားမှာ အမေနဲ့နှစ်ယောက်ထဲ နေထိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်မင်းသမီးလေးကရော အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ကြည့်ရမှာပါ။ ရိုက်ကူးထားတဲ့ပုံစံကလည်း သာမန်နဲ့မတူဘဲ အလှမယ်ပြိုင်ပွဲကို မှတ်တမ်းတင်ရိုက်ကူးနေတဲ့ပုံစံနဲ့ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲလေးတစ်ခုအတွက် ဘယ်လောက်ထိရက်စက်ကြမလဲ။ မင်းသမီးကရော အနိုင်ရပါ့မလား။ ပေါ့ပေါ့ပါးပါးနဲ့ကြည်ရှုနိုင််မယ့် ဇာတ်လမ်း‌လေးတစ်ခုပဲဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

Action • Thriller
0 1999
Drop Dead Gorgeous