YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Battery (2022) Tamil.720p.AAC2.0CH.YK(CM).mp4

945.26 MB N/A video/mp4 5384 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cosmopolis
5.7

IMDb 5.1 3 wins 14 nominations ဒီကားထဲမှာတော့ မင်းသားကြီး Robert Pattinson ကအသက်၂၈နှစ်အရွယ်ဘီလျံနာတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ မနက်ခင်းတစ်ခုမှာ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ အဲရစ်ပက်ကာက ငယ်ဘ၀ကတည်းကညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာဆီမှာ ဆံပင်ညှပ်ဖို့ လီမိုဇိမ်ခံကားကြီးကိုစီးပြီး မန်ဟက်တန်မြို့ထဲကိုရောက်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီတစ်ရက်အတွင်းမှာပဲ မန်ဟက်တန်မြို့ထဲမှာ သမ္မတယာဉ်ကြောင်းရော၊ နာမည်ကြီးရပ်အဆိုတော်တစ်ယောက်ရဲ့စျာပနရော၊ မင်းမဲ့ဝါဒီတွေရဲ့ဆန္ဒပြပွဲပါဖြစ်နေပါတယ်။ ယွမ်ဈေးဟာလည်းအဆမတန်ထိုးကျနေပြီး တစ်ရက်အတွင်းမှာ အဲရစ်ပက်ကာဟာ သန်း‌ပေါင်းများစွာ‌သော ရင်းနှီးမြုပ်နှံမှုတွေကိုဆုံးရှုံးရတော့မှာပါ။ ဒီကားက အက်ရှင်ခန်းတွေမပါဘဲ တစ်ကားလုံး စကားပြောခန်းတွေချည်းပါပဲ။ အဲရစ်ပက်ကာရဲ့ဇနီး ၊လုပ်ဖော်ကိုင်ဖက်၊ ဆံပင်ညှပ်ဆရာ အစရှိတဲ့ တစ်ရက်တာအတွင်း အဲရစ်ပက်ကာနဲ့ပြောဆိုဆက်ဆံရတဲ့လူတွေရဲ့ စကားပြောခန်းက‌နေ သူတို့ရဲ့ အမြင်တွေ၊ တွေးခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေးစကားဝိုင်းတွေကို တစ်ခန်းချင်းရိုက်ပြထားတာပါ။ (Sex sceneအချို့ပါ၀င်တာဖြစ်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.7 GB)/(790 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Thriller • Western
5.7 2012 109 mins
Cosmopolis
Ghost Is All Around
6.2

သာ့ အဖြစ် Weir Sukollawat Kanarot ခက် အဖြစ် Gypso Ariigantha Mahapreukping အော့တ် အဖြစ် Best Nathasit Kotimauswanich မွတ် အဖြစ် Jesse Mekwattana ဇာတ်လမ်းအကျဉ်း ဒီကားထဲမှာတော့ ထိုင်းသင်္ကြန်ပိတ်ရက်ရှည် 11.12.13 ကို ဇာတ်လမ်း ၃ ခုပေါင်းပြီးပြသထားတာပါ 11 မှာတော့ သာ့ဆိုတဲ့ပလေးဘွိုင်းဟာ သူ့ရဲ့လက်ရှိစော်နဲ့ပြတ်ချင်နေပေမယ့် မပြတ်သားနိုင်တဲ့ကောင်မလေးဘက်က သူနဲ့ပြတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေမယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့တော့တယ် ဒီလိုကနေကောင်မလေးကသတ်သေသွားပြီး သူ့ကိုဘယ်လိုတွေလိုက်ပြီးခြောက်လှန့်နေဦးမလဲ.... 12 မှာတော့ မွတ် ဒိန် ကေ အော့တ်တို့သူငယ်ချင်းတစ်ဖွဲ့ဟာ အတူနေအတူစားတဲ့ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့ တစ်နေ့မှာ မွတ်ကားမတော်တဆဖြစ်ပြီး သူ့သူငယ်ချင်းတွေက သူ့ကိုသေသွားပြီထင်ကြပြီးကြောက်လန့်နေခဲ့ကြတယ် ဒီလိုနဲ့သူတို့သူငယ်ချင်းကိုကောင်းရာမွန်ရာရောက်အောင် ဘယ်လိုလုပ်ပေးရမှာလဲ နည်းလမ်းရှာကြရင်း ဘယ်လိုတွေထိတ်လန့်စရာတွေကြုံကြရမလဲ မွတ်ကရောတကယ်ပဲသေသွားသလား.... 13 မှာတော့ ဂျိန်နဲ့ခက်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ချင်းမိုင်သင်္ကြန်သွားလည်ဖို့ချိန်းဆိုကြရင်း ဂျိန်ကလေဆိပ်အသွားမှာ ကားမတော်တဆဖြစ်ပြီးပွဲချင်းပြီးသေသွားပါတယ် ဒါပေမဲ့ ဂျိန်ဟာ သူ့ကိုယ်သူသေသွားတာလဲမသိပါဘူး သူ့သူငယ်ချင်းမလေးခက်နဲ့ချင်းမိုင်ထိလိုက်သွားလည်ခဲ့တာပေါ့ သရဲကြောက်တတ်တဲ့ခက်က သူ့သူငယ်ချင်းသေသွားပြီး သရဲဖြစ်နေတယ်ဆိုတာဘယ်အချိန်မှာဘယ်လိုသိသွားမလဲ သူတို့တည်းတဲ့ဟိုတယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းပြီးခြောက်ခြားနေရမလဲဆိုတာတွေကိုဇာတ်လမ်းထဲကြည့်ရှုလိုက်ရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(1.9GB) / (850MB) Quality__1080p, 720p IMDb Rating__7.3/10 Format__mp4 Duration__01:39:00 Type__Horror, Supernatural Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Fantasy
6.2 2016 94 mins
Ghost Is All Around
The Jack in the Box
5.9

၁၈၀၀ပြည့်နှစ်နှောင်းလောက်မှာ Jack in the Box လို့ခေါ်တဲ့ အဖုံးဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့အရုပ်လေးက သေတ္တာပေါ်ကို ကန်ထွက်လာတဲ့အရုပ်သေတ္တာလေးတွေ ပေါ်လာခဲ့တယ်။ ဒီသေတ္တာလေးတွေကို ရှေးအတီတေတုန်းကတော့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချခဲ့ကြတာပေါ့။ စုန်းအတတ်ကျင့်တဲ့လူတွေကို သေဒဏ်ပေးတဲ့ခေတ်တုန်းက ‌စုန်းအတတ်ပညာသည်တွေဟာ ဒီလိုလှပပြီးဖွင့်ချင်စရာသိပ်ကောင်းတဲ့ သေတ္တာလေးတွေထဲမှာ နတ်ဆိုးတွေကို ထည့်ခဲ့ကြတယ်။ ချိုမြိန်တဲ့လက်စားချေခြင်းပေါ့။ ဒီသေတ္တာတွေဟာ ဖျက်ဆီးလို့လည်းမရဘူး။ သေတ္တာထဲမှာတော့ ကြောက်စရာကောင်းတဲ့ လူပြက်အရုပ်နဲ့တူတဲ့ မကောင်းဆိုးရွားကို ထည့်ထားကြတယ်။ တစ်ယောက်ယောက်ကများ အဲဒီသေတ္တာကို ဖွင့်မိပြီဆိုရင် သေတ္တာထဲက မကောင်းဆိုးရွားဟာ လူ၆ယောက်ပြည့်အောင် သတ်ပြီးမှ သေတ္တာထဲပြန်ဝင်တယ်။အသက်တစ်သက်အတွက် သူက သေတ္တာထဲ ၃နှစ်အသက်ရှင်နိုင်တယ်။ တစ်ခါထွက်လာလို့စားပြီးရင် ၁၈နှစ်တိတိသေတ္တာထဲရှင်သန်နိုင်တယ်။ လူဆိုတဲ့ သိချင်စိတ်များတဲ့ သတ္တဝါတွေက အမြဲဖွင့်နေကြတော့ ဒီလူပြက်ဟာ ရာစုအဆက်ဆက် ရှင်သန်နိုင်ခဲ့တယ်။ သေတ္တာကိုဖွင့်တဲ့လူတွေကတော့ ဆုတောင်းပြည့်ကြတယ်ဆိုတယ်။ ဒါပေမဲ့လည်း ကြမ္မာငင်ကြတာပါပဲ။ ဒီလိုနဲ့ ဒီသေတ္တာတွေဟာ သမိုင်းထဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရာက မြို့လေးတစ်မြို့က ပြတိုက်မှာပေါ်လာတယ်။ ပြောင်းလာတဲ့ပြတိုက်မှူးဟာ ဒီသေတ္တာကိုဖွင့်မိခဲ့တယ်။ နောက်ပိုင်း ဒီသေတ္တာထဲက မကောင်းဆိုးရွားအကြောင်း သူသိသွားတဲ့အခါမှာ မကောင်းဆိုးရွားကို တားဆီးဖို့ကြိုးစားတယ်။ အောင်မြင်လား။ မအောင်မြင်ဘူးလားတော့ ကိုယ်တိုင်ကြည့်ကြပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Romance
5.9 2019 87 mins
The Jack in the Box
Homesick
6.1

ဇာတ်လမ်းအကျဉ်းကတော့ ဘဲလေးအကသင်တန်း ဆရာမလေး ရှာလိုတေးဟာ ငယ်ငယ်ကတည်းက မိတ ကွဲ ဘတကွဲနဲ့နေခဲ့ရတယ်။ အဖေက အရက်သမား ။ဆေး ရုံတက်နေရတယ်။ အမေကလည်း စာပေပိုင်းဆိုင်ရာမှာပဲ စိတ်ဝင်စားတယ်။ သူ့ သူငယ်ချင်းမာတေးနဲ့ အတူနေတာများပြီးတော့ မာ တေးရဲ့ အစ်ကိုနဲ့ ချစ်သူရည်းစားဖြစ်နေတာပေါ့။ ဒါပေမယ့် ရှာလိုတေးမှာ အစ်ကိုတစ်ယောက်ရှိတယ်။ မိဘတွေကွဲသွား ကြတော့ မောင်နှမနှစ်ယောက်က မတွေ့ဖြစ်ကြတာကြာနေပြီ ဖြစ်သလို သူ့အစ်ကိုက သူတို့ကိုအရမ်းမုန်းနေပါတယ်။ ဒါပေမယ့် ရှာလိုတေးဟာ သူ့အစ်ကိုအိမ်ကိုမကြာခဏဆိုလို သွားချောင်းတယ်။ နောက်ပိုင်းမှာ သူ့အစ်ကိုမိန်းမရဲ့နားချမှုကြောင့် မောင်နှမနှစ်ယောက်ကိုသွားအတူ လာအတူ စားအတူဖြစ်လာ ရင်းနဲ့ပဲ နောက်တစ်ဆင့်တွေတက်ကုန်ကြတဲ့အခါမှာတော့... (18+ အခန်းတွေပါတာကြောင့် မိသားစုနဲ့အတူမကြည့်ရှုသင့်ပါ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Goku ဖြစ်ပါတယ်) File Size..........(1.2 GB) / (517 MB) / (288 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Adult Translator.......Goku Encoder..........Admin X

Animation • Comedy • Drama
6.1 2015 98 mins
Homesick
j-hope IN THE BOX
5

“J-Hope in the Box” (2023) Yo! ARMY တို့ အချိန်အတော်ကြာ စောင့်နေခဲ့ကြတဲ့ BTS အဖွဲ့ဝင် J-Hope ရဲ့ Documentary Film “J-Hope in the Box” လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ J-Hope ရဲ့ Chapter – 2 အစဖြစ်တဲ့ “Jack In the Box” အယ်လ်ဘမ်ခရီးစဉ်ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ “ဒီအယ်လ်ဘမ်က ကျွန်တော့်အနုပညာအဆင့်ကို တစ်ဆင့်မြှင့်ပေးနိုင်လိမ့်မယ်” လို့ ပြောခဲ့တဲ့ မြင်နေကျ နားထောင်ဖူးနေကျ ပုံစံမဟုတ်တဲ့ ဒီ”Jack In the Box” က သီချင်းတွေရဲ့ ဖြစ်တည်မှုအစ၊ ပဲ့ကိုင်ရှင် J-Hope က Mainstream မဟုတ်တဲ့ ဒီလိုသီချင်းမျိုးတွေကို ဘယ်လိုအတွေးမျိုး၊ ခံစားချက်မျိုးနဲ့ ရဲတင်းစွာ ဖန်တီးခဲ့လဲဆိုတာကို ချဉ်းကပ်ကြည့်ရှုခွင့်ရမှာပါပဲ။ “Jack In the Box” အယ်လ်ဘမ်နောက်ကွယ်က ဖြစ်စဉ်တွေအပြင် အားလုံးစိတ်ဝင်တစား မျှော်လင့်ခဲ့ကြတဲ့ J-Hope ရဲ့ အိမ်အပြန်ခရီး၊ Listening partyနဲ့ ဝက်ဝက်ကွဲခဲ့တဲ့ Lollapalooza ဖျော်ဖြေမှုရဲ့ နောက်ကွယ်ပိတ်ကားကိုပါ ကြည့်ခွင့်ရဦးမှာမို့ J-Hope ရဲ့ ပထမဆုံးတစ်ကိုယ်တော် ခရီးစဉ်အတွင်းက ပင်ပန်းမှု၊ ပျော်ရွှင်မှုတွေကို အတူတူ လိုက်ပါခံစားနိုင်မှာဖြစ်ပြီး၊ လက်မလွှတ်သင့်တဲ့ Documentary တစ်ခုဆိုတာ ငြင်းဖွယ်မရှိပါပဲ။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာက​တော့ Su Myat နဲ့ ThantSin ပဲ ဖြစ်ပါတယ်။ Genre….. Documentary, Music Quality…. 1080p | 720p | 480p File size… 1.7GB | 829MB | 412MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat and ThantSin Encoder ….. August

5 2023
j-hope IN THE BOX
No Rest for the Wicked
6.4

ဒီရုပ်ရှင်ဟာ ၂၀၀၄ခုနှစ် မတ်လ၊ စပိန်နိုင်ငံ၊ မက်ဒရစ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ရထားဗုံးခွဲမှုကို တစ်စိတ်တစ်ပိုင်းမှီငြမ်းပြီးရိုက်ကူးထားတာပါ…။ ရဲအမှုလိုက် ဇာတ်ကားတစ်ကားဖြစ်ပြီး Goya Awards ၆ဆုအထိ ရရှိခဲ့တဲ့ကားလေးပါ…။ ဇာတ်လမ်းအကျဥ်းကတော့ ညကြီးမင်းကြီးမှာ လူတစ်ယောက်ဟာ အရက်မူးပြီး သုံးလောင်းပြိုင်လူသတ်မိသွားပါတယ်…။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့လူဟာ ရဲတစ်ယောက်ဖြစ်နေခဲ့တာပါပဲ… အသိဝင်လာတဲ့အချိန်မှာတော့ လက်လွန်သွားပြီဖြစ်တဲ့အတွက် သူ့ပြစ်မှုမပေါ်အောင်သက်သေတွေဖျောက်ဖို့၊ မျက်မြင်သက်သေတွေကို ဖျောက်ပစ်ဖို့ပဲရွေးရပါတော့တယ်…။ ခေတ်ကာလအားဖြင့်အဲ့အချိန် မက်ဒရစ်မြို့မှာက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ မူးယစ်မှုတွေပေါသောနေတာမို့ သူ့အတွက်တော့ ရာဇဝတ်မှုက ထွက်ပြေးဖို့ အခါအခွင့်သင့်ချိန်ဖြစ်နေခဲ့တာပေါ့….။ ကဲ ရဲသားကြီးတဖြစ်လည်း ရာဇဝတ်သားကြီး ရာဇဝတ်ဘေးက ပြေးလွတ်မလားဆိုတာ ဇာတ်လမ်းထဲမှာဆက်ကြည့်ရှုလို့ရပါပြီ… File size…1.88GB / 692MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.4 2011
No Rest for the Wicked
Dummy
6.6

Dummy (2002) ============== IMDb Rating – 6.6/10 ဒီဇာတ်ကားလေးကတော့ The Pianist နဲ့ Oscar ရခဲ့တဲ့ Adrien Brodyတို့၊ Resident Evil မင်းသမီးကြီး Vera Farmiga တို့အပြင် Resident Evil မင်းသမီး Milla Jovovich ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance-Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 2000ခုနှစ်အငွေ့အသက်တွေအများ ကြီးပါပြီး အဲဒီခေတ်ကခေတ်စားတဲ့ pop-rockဇာတ်ဝင်တေးလေးတွေနဲ့ Nostalgicဖြစ်ဖြစ်နဲ့ ခံစားကြည့်ရှုရမယ့် ကားဟောင်း၊ကားကောင်းလေးတစ် ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စတီဗင်က ငယ်ငယ်ကတည်းက ရုပ်သေးနဲ့ အသံတုလုပ်ပြီးဖျော်ဖြေသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သာမန်အလုပ်လေး တစ်ခုမှာပဲ လုပ်နေခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာသူငယ်ချင်းဆိုလို့ သူနဲ့ဘဝတူ မိဘအိမ်မှာပဲနေနေတဲ့ အဆိုတော်ရူးမလေး တစ်ယောက်ပဲရှိပါတယ်။ စတီဗင်တစ်ယောက် အလုပ်ထွက်ပြီး အိပ်မက်နောက် လိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ သူကြုံရတဲ့အခက်အခဲတွေကြားထဲကနေ မိန်းက လေးတစ်ယောက်ကိုပါ သဘောကျမိသွားပြန်ပါသေးတယ်။ အလုပ်အကိုင်မယ် မယ်ရရမရှိ၊ မိဘအိမ်မှာနေနေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ဘဝအကြောင်း တွေ၊ မိသားစုပြဿနာတွေနဲ့ တခြားလေးနက်တဲ့အကြောင်းအရာတွေကို တင်ဆက် ထားလို့ Rom-Comဆိုပေမယ့် Dramaအရသာတွေလည်းခံစားရမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်) File Size……….(1.95 GB) / (792 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Zayar Maw Encoder……….SWM

6.6 2002 91 mins
Dummy
The Empty Chair: Final Exam

The Empty Chair : Final Exam (2024) စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။ Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။ စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊ စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။ အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။ အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။ အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့ စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။ စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင် ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် စစ်မေးခန်းထဲထည့်ပြီး သီးသန့်စာမေးပွဲ ဖြေရတဲ့ဘဝ ရောက်သွားပါတော့တယ်။ စာစစ်ခန်းမှာ စာမေးပွဲဖြေဆိုပြီးချိန်မှာတော့ ကျောင်းသားတစ်ယောက် ရုတ်တရက်လဲကျရာကနေ ပူတယ် ပူတယ်ဆိုတဲ့ညည်းတွားသံနဲ့အတူ ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် သရဲပူးခံရပြီးတော့ လူသတ်ပွဲကြီးစတင်လာတဲ့အခါ… ခေါ်ထားတဲ့အပနှင်ဆရာအာယုကလည်းမရောက်လာသေး၊ ကြောက်လန့်နေတဲ့ကျောင်းသားတွေကလည်း ကျောင်းပြင်ကိုထွက်ပြေးဖို့ကြိုးစားနေရင်း သရဲကဝင်ပူးပြီး သတ်ကြဖြတ်ကြနဲ့ အုတ်အော်သောင်းနင်းဖြစ်နေပေမဲ့ ခိုးချထားတဲ့ဆရာသမား ၄ ယောက်ကတော့ တခြားနေရာမှာခွဲဖြေနေတာဖြစ်လို့ ဒါတွေကို မသိနေပါဘူး။ ဒါပေမဲ့ ဆရာမကြီးအမန်ဒါကလည်း ဆရာအာယုမလာမချင်း ကျောင်းသားတွေကိုထွက်ခွင့်မပေးတော့ သရဲပူးတဲ့လူတွေ လူသေအလောင်းတွေ တစ်စတစ်စများလာတဲ့ကြားက အာရီရယ် ပါရှာ အင်ကာနဲ့ နာလာတို့နဲ့ ကျန်နေတဲ့ကျောင်းသားတွေ ဘယ်လိုအလွတ်ရုန်းကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 781MB | 437MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

0 2024
The Empty Chair: Final Exam
Battle of the Warriors
6.7

စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ Liang ဘုရင်ဟာ ဘုရင့်အရည်အချင်းနဲ့မပြည့်မီတာကြောင့် ကျူးကျော်သူတွေကို ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချအညံ့ခံဖို့ရာကို စီစဉ်ထားပြီးဖြစ်ပါတယ်။ Ge Li ကတော့ လူထုစုကိုစည်းရုံးပြီး လူထုအင်အားနဲ့ ရန်သူကို ပြန်လည်ခုခံတိုက်ထုတ်နိုင်ကြောင်းကို ဘုရင့်ထံရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ Liang ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သားတော်ဖြစ်သူ Liang မင်းသားက သူ့ရဲ့စစ်တပ်ကို Ge Li ကို အမိန့်ပေးခွင့်ပြုပြီး Ge Li က Liang စစ်တပ်ကို ကြီးကြပ်ကာ Zhao စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးဖို့ကြိုးစားပါတော့တယ်။ ဒီရုင်ရှင်ထဲမှာတော့ ရှေးခေတ်စစ်ပွဲတွေမှာ ထိုးစစ်ဆင်တဲ့ဘက်နဲ့ ခုခံကာကွယ်တဲ့ဘက်တို့ရဲ့ စစ်သူကြီးတွေ၊ တပ်မှူးတွေရဲ့ စစ်ရေးဗျူဟာ‌တွေ၊ နည်းပရိယာယ်တွေကို ရှူစားရမှာပါ။ ဇာတ်အိမ်လည်းကောင်း သရုပ်ဆောင်ပိုင်းလည်း မညံ့တဲ့အပြင် တရုတ်စစ်ပွဲရုပ်ရှင်တို့ထုံးစံအတိုင်း ကြက်သီးထစရာနောက်ခံတေးနဲ့ တိုက်ပွဲဇာတ်၀င်ခန်းတွေကို ဟန်ချက်ညီအောင် ပေါင်းစပ်ရိုက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် စစ်ပွဲရုပ်ရှင်တွေကိုကြိုက်တဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်ဟာ အထူးသင့်တော်တဲ့ရုပ်ရှင်တစ်ခုဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:13:00 Genre… Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.7 2006
Battle of the Warriors
The Door in the Floor

သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။ လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။ အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(837 MB) Quality….Webrip 720p Format…mp4 Duration….01:51:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2004
The Door in the Floor
Till the End of the Night
5.4

‘လီနီ’ကတော့ trans woman တစ်ဦးဖြစ်ပြီး သူမက မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ထောင်ကျနေတာ ဖြစ်ကာ တစ်ရက်မှာတော့ သူမကို ရဲတွေက ထောင်ကနေ စောလွှတ်ပေးမှာဖြစ်ကြောင်းနဲ့ အွန်လိုင်းကနေတဆင့် မူးယစ်ဆေး ကုန်သွယ်နေတဲ့ ဝက်ဘ်ဆိုဒ် တည်ထောင်သူတစ်ဦးကို ဖမ်းဆီးပေးဖို့အတွက် အသွင်ယူရဲတစ်ဦးနှင့်အတူ ပူးပေါင်း၍ စစ်ဆင်ရေးတစ်ခု လုပ်ပေးစေလိုကြောင်း ဆက်သွယ်လာပါတော့တယ်။ ဝက်ဘ်ဆိုဒ် တည်ထောင်သူက သူမရဲ့ အရင်ဘော့စ် ဖြစ်ပြီး စစ်ဆင်ရေးမှာ သူမ လက်တွဲပြီးလုပ်ကိုင်ရမယ့် အသွင်ယူရဲကတော့ သူမအနေနဲ့ လိင်ပြောင်းဖို့ မစဉ်းစားခင်က ချစ်ခဲ့ရသူ စုံထောက် ‘ရောဘတ်’ပါ။ ‘ရောဘတ်’ဘက်ကကြည့်ပြန်တော့လည်း သူက ဂေးတစ်ယောက်ဖြစ်နေပြီး လိင်ပြောင်းဖို့ ဆုံးဖြတ်ထားသူ ‘လီနီ’ ကို ဘာလုပ်လုပ် အကောင်းကို မမြင်နိုင်ပါဘူး။ ဒီတော့ ဒီစစ်ဆင်ရေးက ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။) File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Drama • Thriller
5.4 2023 123 mins
Till the End of the Night
Romance at the Vineyard
6.2

Romance at the Vineyard (2023) IMDb Rating (6.2) အလက်ဇန်းဒြား a.k.a အယ်လ်ဟာ ကျေးလက်မှာ အဘိုးအဘွားတွေနဲ့အတူနေထိုင်ပြီး ဘိုးဘွားပိုင်ဝိုင်လုပ်ငန်းကို အမွေဆက်ဆံလက်လွှဲပြောင်းယူဖို့အတွက်လုပ်နေတဲ့သူပါ။ သူတို့လုပ်ငန်းဟာ အရင်ကလို မပြေလည်တော့တာကြောင့်မို့ အယ်လ်အနေနဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ သူတို့ရဲ့ “Pinot noir” ဝိုင်ကို အားကိုးပြီး “Hank’s Wine and Spirits” ဆိုတဲ့လုပ်ငန်းနဲ့ပူးပေါင်းကာ ဝိုင်လုပ်ငန်းပြန်အဆင်ပြေလာအောင်လို့ အစီအစဉ်ချထားပါတော့တယ်။ ဒီအချိန်မှာပဲ “Wine Inc.” ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုဟာ အယ်လ်တို့ဒေသတဝိုက်က ဝိုင်လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်လိုက်လံဝယ်ယူနေပြီး ဝယ်ယူဖို့ကျန်တဲ့လုပ်ငန်းက အယ်လ်တို့ရဲ့ ဝိုင်လုပ်ငန်းတစ်ခုပဲ ရှိတော့တာကြောင့် အယ်လ်တို့ကို ဖြောင်းဖြရန်အတွက် အီသန်ဘလိတ်ခ်ဆိုတဲ့ဝန်ထမ်းကိုစေလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ “Hank’s Wine and Spirits” လုပ်ငန်းနဲ့တွေ့ဆုံဖို့ တစ်ပတ်လောက်ပဲလိုတော့တဲ့အချိန်မှာ အယ်လ်တို့ရဲ့ဝိုင်တွေဟာ အမှားတစ်ခုကြောင့် ပျက်စီးသွားပါတော့တယ်။ အယ်လ်တစ်ယောက် တစ်ပတ်တာအတွင်းမှာ ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းသွားမလဲ၊ အီသန်ဘလိတ်ခ်ဆိုတဲ့လူကရော ဘယ်လိုဖြောင်းဖြဖို့ကြိုးစားမလဲ၊ သူတို့နှစ်ယောက်အားပြိုင်မှုမှာ ဘယ်သူအနိုင်ရရှိသွားမယ်ဆိုတာ ကြည့်ရှုခံစားပေးကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.9 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Spalko

Action • Comedy
6.2 2023 90 mins
Romance at the Vineyard
The Yellow Duck El Batta El Safra
5

The Yellow Duck (2023) IMDb Rating (5.0) ဒါရိုက်တာ Essam Nassar စီစဥ်ရိုက်ကူးပြီးတော့ IMDb rating 5 ရရှိထားတဲ့ ဒီဇာတ်ကားကတော့ Romantic Comedy ရုပ်ရှင်အမျိုးအစားပါ။ ငွေကြေးလိုအပ်မှုကြောင့် အတူမနေရတဲ့ စုံတွဲဟာ သူတို့ကြားထဲမှာ တဖြည်းဖြည်းနဲ့ အနေအေးလာကြပါတယ်။ သဘောထားတွေ မတိုက်ဆိုင်ကြတော့ဘဲ တနေ့တော့ အမျိုးသမီးဘက်က ခဏ ခွဲနေဖို့ပြောလာရတဲ့အထိပါပဲ။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ အမျိုးသမီးဘက်က သူ့ကို အကိုကြီးလိုပဲ သဘောထားလာတဲ့အခါမှာတော့ တစ်ဖက်မှာ ဝါဖစ်ခ်က စွန့်စားရမှာတွေ ရှိလာပါတယ်။ ဒီစွန့်စားစရာတွေကပဲ သူ့ကို ပြန်ပြီးတော့ ရှင်သန်လာစေပါတော့တယ်။ သူ့ကို စိတ်လှုပ်ရှားတတ်တဲ့သူ ပြန်ဖြစ်လာစေပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.3 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:36:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thy Santa

Family • Drama
5 2023
The Yellow Duck El Batta El Safra
Ghost Cat Anzu
6.5

မနှစ်ကထွက်ရှိထားတဲ့ တစ်ကားတည်း Anime ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ Karin ဆိုတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးဟာ ဖခင်ဖြစ်သူက ငွေတိုးချေးရင်း ပြန်မဆပ်နိုင်ပဲ အသေထွက်ပြေးနေရလို့ သားအဖနှစ်ယောက်သား နယ်မြို့လေးက အဘိုးရှိရာ ဘုရားကျောင်းကို ရောက်ချလာပါတယ်။ နောက်ကျတော့ အဘိုးလက်ကိုအပ်ပြီး ဖအေဖြစ်သူက လွတ်ရာကျွတ်ရာကို ထွက်သွားပြန်တော့မယ်။ အဲဒီမှာ Karin တစ်ယောက် အမေဖြစ်သူကလည်း ဆုံး အဖေကလည်း ပစ်ထားသွားတော့ အဘိုးနဲ့ ဘုရားကျောင်းမှာနေတုန်း လူအရွယ်လောက်ရှိပြီး လူစကားပြောတတ်တဲ့ ကြောင်ကြီး Anzu နဲ့ တွေ့ရပါတော့တယ်။ အဲဒီမှာ ဒီကြောင်ကြီးက ဘာကြီးတုန်း၊ Karin တစ်ယောက် မိတဆိုးဖတဆိုးလေး ဖြစ်နေတော့ ဘယ်လိုတွေ ဆိုးပေမလဲ၊ အမေဖြစ်သူ နှစ်ပတ်လည်ကို ရောက်မလာတဲ့ ဖအေကြောင့် စိတ်ဆိုးဆိုးနဲ့ ပုံပြောင်း ကြောင်သရဲကြီး Anzu နဲ့ အတူတူ ဘယ်လိုတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါ ကြည့်ရှုခံစားရမယ့် Anime ကားကောင်းလေး ဖြစ်ပါတယ်ဗျာ။ ဂျပန် Anime ထုံးစံအတိုင်း ဒီထဲမှာလည်း ဒဏ္ဍာရီလာ သတ္တဝါလေးတွေ ထည့်သွင်းထားတာပါ။ Ghost Cat (Bakeneko) ဆိုတာက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ ကြောင်လိုလူလို မကောင်းဆိုးဝါးတစ်ကောင်တစ်မျိုးပေါ့။ ဒီထဲမှာတော့ ဂါဖီးလ်လိုရုပ်ကြီးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ Motion နေရာ Animation လေးတွေ အပြစ်နည်းနည်းဆိုချင်စရာ ရှိပေမဲ့ Background တွေက ခဲပန်းချီလေးလို လှနေတာရယ် ဇာတ်လမ်းလေးက မပျင်းရပဲ ခပ်မြူးမြူးနဲ့ သွက်တာကြောင့် အပျင်းပြေစေမှာတော့ သေချာပါတယ်။ စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့ ၁၀ နှစ်ကျော် ကလေးတစ်ယောက်ရဲ့ မိဘအပေါ် ဆုံးရှုံးမှုတွေ ပူဆွေးရမှုတွေ အကူအညီလိုတတ်ကြတာတွေကို ရှုထောင့်လေးတစ်ခုကနေ ပညာပေးထားတာဆိုရင်လည်း မှားမယ်လို့ မထင်ပါဘူးဗျာ..။ File size… 1.4 GB, 569 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama, Family, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

6.5 2024 94 mins
Ghost Cat Anzu
Bila Esok Ibu Tiada
5.7

Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)

Thriller • Crime
5.7 2024 104 mins
Bila Esok Ibu Tiada