YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Batman.vs.Robin.2015.720p.BluRay {CM}.mp4

440.3 MB 720p video/mp4 87 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detroit
7.3

ဒီဇာတ်ကားလေးကြည့်ပြီးတော့အတွေးတစ်ခုဝင်လာတယ် လီနင်တို့ အိုဘားမားတို့လိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေ , အူစိန်ဘော့လိုအပြေးချန်ပီယံတစ်ယောက်, ကမ္ဘာကျော်လူမည်းအထင်ကရပုဂ္ဂိုလ်တွေဘာကြောင့်ရှမ်းရှမ်းတောက်အောင်မြင်လာရသလဲဆိုတာသဘောပေါက်လာတယ် လူတစ်ယောက်ရဲ့တိုးတက်လာလမ်းကြောင်းမှာ "မခံချင်စိတ်"ဆိုတာ အရေးကြီးတဲ့ ဖောင်ဒေးရှင်းတစ်ခုပါ မခံချင်စိတ်နဲ့ရုန်းကန်လှုပ်ရှားရတဲ့မထင်မှတ်တဲ့အောင်မြင်မှုတွေရလာကြစမြဲပါ ဒီကားလေးကတော့ လူဖြူ/လူမည်းခွဲခြားရေးဝါဒကနေ သင်ခန်းစာရပြီးထိုးထွက်အောင်မြင်အောင်လုပ်ခဲ့တဲ့ဇာတ်ကြောင်းလေးပါ အမေရိကန်နိုင်ငံ Detroit မြို့က ကလပ်တစ်ခုမှာတရားမဝင်အုပ်စုဖွဲ့သောက်စားပျော်ပါးမှုကြောင့်လူမည်းတော်တော်များများဖမ်းဆီးခံခဲ့ရပါတယ် ဒါကိုမကျေနပ်နပ်တဲ့ပတ်ဝန်းကျင်ကလူတွေကရဲတွေနဲ့ကတောက်ကဆဖြစ်ရင်း "တောမီးလောင်တောကြောင်လက်ခမောင်းခတ် " ဆိုသလို အဓိကရုဏ်းကိုအကြောင်းပြပြီးကိုယ်ကျိုးရှာအကြမ်းဖက်မှုတွေလုပ်ခဲ့လို့ပြည်တွင်းစစ်အခြေအနေအထိပါဂယက်ရိုက်သွားခဲ့ပါတယ် ဒီအကြမ်းဖက်မှုတွေထဲမှာ ရိုးသားတဲ့ဘာမဆိုင်ညာမဆိုင် တက်သစ်စလူမည်းအဆိုတော်အဖွဲ့ဖြစ်တဲ့ Dramatics အဖွဲ့ပါ ရောယောင်ထိန်းသိမ်းခံခဲ့ရပါတယ် ဒီလိုနဲ့ရဲတွေရဲ့ထိန်းကွပ်မှုကြမ်းတမ်းတဲ့စိတ်တွေရယ် လူမျိုးရေးခွဲခြားမှုစိတ်အခံတွေကြောင့်ဓားစာခံအချို့ကိုမတော်တဆသတ်မိသွားပါတယ် ရှေ့ဆက်ပြီးကောဒီဖမ်းဆီးခံလူမည်းတွေနဲ့တရားစီရင်ရေးမှာဘာတွေဆက်ဖြစ်ကြမလဲ လူမည်းတွေရဲ့မခံချင်စိတ်ကြောင့်ကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြုခံလာရအောင်ဘယ်လိုတွေအစပျိုးမလဲဆိုတာကတော့... File Size : (1.2 GB) and (448 MB)  Quality : Blu-Ray 720p Running Time : 2hr 23min  Format : Mp4  Genre :Crime, Drama, History Subtitle : Myanmar Subtitle (Hard Sub)  Source : 1080p.BluRay.x264-SPARKS  Translated by Pyae Xeinn Sett Encoded by Kyaw Ye Aung

Crime
7.3 2017 143 mins
Detroit
[18+] Erotic Ghost Story II
4.5

Erotic Ghost Story ဆိုရင် မသိသူမရှိလောက်ပါဘူး။ လူသား နဲ့ ၀ိညာဥ်ကြားက အချစ်ကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတွေပေါ့။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကရိုက်ကူးထားတာမလို့ တကယ့်ဂန္တဝင် Softcore ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ခုဇာတ်ကားကတော့ Erotic Ghost Story 2 ဖြစ်ပြီး အဲ့ဒီခေတ်တုန်းက ဟောင်ကောင်မင်းသမီးတပြုံကြီးပါဝင်ထားပါတယ်။ Anthony Chau-Sang Wong တို့ Amy Yip တို့လို နောင်မှာနာမည်ကြီးလာမယ့်သရုပ်ဆောင်တွေရောပေါ့။ Fantasy Horror Erotic အမျိုးအစားဖြစ်တာကြောင့် အတည်ပေါက်တွေနဲ့လန်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (2.6 GB) & (850 MB) Quality : BluRay 1080p & 720p Running Time : 01:37:53 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by CkCk Encoded by RGB

Comedy • Drama • Music • Romance
4.5 1991
[18+] Erotic Ghost Story II
Not My Type
5.9

Not My Type (2022) ကျွန်တော်တို့ မြန်မာနာမည်ကြီးတေးသံရှင် မနောကို ဥပမာပြုရရင် မနောဟာလည်းတစ်ချိန်က Rock ‌တွေဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့မြန်မာသံ တောဓလေ့သီချင်းတွေဟာ ပရိသတ်ရင်ကိုရောက်သွားတဲ့အခါ သူဟာ Rock ကိုပစ်ခါခဲ့သလိုပဲပေါ့။ Musician တစ်ယောက်ဟာ လူတွေအကြိုက်ကိုမလိုက်ပဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရင် ဒီ Musician ဟာ အောင်မြင်ပါ့မလား။ ပြင်သစ်လူငယ်အဆိုတော်မလေး Marcia ဟာ ပြင်သစ် Classical တွေ Ballad သီချင်းတွေကို သီဆိုသူ ကြိုက်နှစ်သက်သူတစ်ယောက်ပေါ့။ အောင်မြင်သော မအောင်မြင်သော သူဟာ နေစရာမရှိလို့ မြစ်ထဲမှာ Houseboat နဲ့ နေရသူလေးလေ… အဲဒီလိုပါပဲ… ဒါဟေဂျန်း (Daredjane) ဆိုတဲ့ 70s အဆိုတော်တစ်ယောက် ဟာ 2021 မှာ အဘွားကြီးဖြစ်နေပြီပေါ့။ လူတွေလည်း သူ့ကိုမသိကြသလောက်ဖြစ်နေပါပြီ။ တစ်ခေတ်တစ်ခါက အဆိုတော်ဆိုပေမယ့် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့တဲ့ Musician ဖြစ်ပေတာကိုး။ ဒါပေမယ့် Marcia ဟာ Daredjane ကို ကြိုက်နှစ်သက်ပြီး လေးစားရတာကြောင့် သူနဲ့အတူ သီချင်းအသစ်တွေလုပ်မယ်၊ ပြန်အောင်မြင်အောင် အတူကြိုးစားမယ်ဆိုပြီး အဘွားကြီးဆီကို ဇွတ်တွေသွားပြီး လုပ်တာပေါ့။ ဖြစ်ခဲ့ပါတယ်… သူတို့အတူတကွ ဖန်တီးရင်း တစ်ယောက်တစ်ပိုဒ်စီရေး၊ သေချာပြင်ဆင်၊ Arrangement လုပ်ထားတဲ့ “Throwing Myself Into The Unknown” လို့ အင်္ဂလိပ်လိုအမည်ရတဲ့ သီချင်းဟာ အောင်မြင်မယ့်သီချင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ Marcia အိပ်မက်ကတော့ ဒီသီချင်းတွေနဲ့ အဟောင်းတွေကို ပြန် Record ပြီး ပြန်ဆန်းသစ်ပြီး Daredjane ရဲ့နောက်ကွယ်ကနေ Daredjane အောင်မြင်တာကို ကြည့်ပြီး ကြည်နူးချင်တဲ့ အနုပညာသမားစစ်စစ် စိတ်ဓာတ်နဲ့ပေါ့… ဒါပေမယ့်လည်း… ကံမကောင်းအကြောင်းမလှစွာပဲ Daredjane ဟာ ဆုံးပါးသွားပါတယ်။ သားသမီးမထွန်းကား၊ ဆွေမျိုးမရှိတော့တဲ့ သူ့ရဲ့ အရမ်းမများ‌သော အမွေလေးတွေ၊ သီချင်းမူပိုင်ခွင့်‌တွေ စတာတွေရဲ့ တရားဝင်အရိုက်အရာဆက်ခံသူဟာ သူမရဲ့ ဝမ်းကွဲတူဖြစ်တဲ့ ဈေးခေါင်းလုပ်နေတဲ့ Anthony Denoël ဆိုသူပါပဲ။ ခက်ခဲနက်နဲလှတဲ့ ဒို၊ ဒီ၊ ရေ၊ မာ၊ မီ၊ ဖာ၊ ဖီ၊ ဆို၊ စီ၊ လာ၊ ထာ၊ တီ နုတ်တွေကို ချစ်မြတ်နိုးတဲ့ ဂီတအပေါ် သစ္စာရှိပြီး ငွေရဖို့သက်သက်မလုပ်ချင်သူ Marcia ဟာ သူ့လိုစိတ်ဓာတ်နဲ့လူက အဆိုတော်ကြီး Daredjane ရဲ့ အရိုက်အရာကို မဆက်ခံလိုက်ရပဲ ဘဝကို ကလိုက်ခုန်လိုက် ဘားသွား ကလပ်တက်ဖြတ်သန်းနေတဲ့ Anthony လိုကောင်က တရားဝင်ဆက်ခံခွင့်ရှိ‌နေတဲ့အခါ Marcia ရင်ဆိုင်ဖြတ်သန်းရမယ့် အရာတွေကို ပြင်သစ် သီချင်းသံလေးတွေ မြိုင်မြိုင်နဲ့ ရှုစားလိုက်ကြပါဦးဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 910MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

5.9 2022
Not My Type
I Like Movies
6.8

I Like Movies (2023) ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်တွေကြည့်ဖို့ အထူးညွှန်းပေးချင်ပါတယ်။ ဆယ်ကျော်သက်ကားဆိုလို့ ဖျော်ဖြေရေးပုံစံ ဆယ်ကျော်သက်ကျောင်းသားကားတွေလို ပျော်ကြမြူးကြဒိတ်ကြရယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး။ လေးနက်တဲ့သင်ခန်းစာလေးတွေကို အထက်တန်းကျောင်းသားလေးဆီမှာ ပေါ့ပေါ့ပါးပါးလေးပုံဖော်သွားတဲ့ဇာတ်လမ်းမျိုး။ ရုပ်ရှင်ပရိသတ်တွေနဲ့အလှမ်းဝေးလွန်းတဲ့ဇာတ်ကောင်မျိုးမဟုတ်ဘဲ ဒီဇာတ်ကောင်က ကိုယ့်စာသင်ခန်းထဲကသူငယ်ချင်းတစ်ယောက်ယောက်ဖြစ်နေနိုင်သလို ကိုယ်ကိုယ်တိုင်လဲဖြစ်နေနိုင်ပါတယ်။ လူတွေက အထက်တန်းအရွယ်လောက်မှာ ကိုယ့်အားနည်းချက်အားသာချက်တွေကို စသိလာကြတယ်။ ကိုယ့်အားနည်းချက်ကို သဘောပေါက်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ သိသွားပြီးရင်လဲ လက်မခံချင်သေးဘူး။ လက်ခံပြီးရင်လဲ မပြင်ချင်သေးဘူး ပြင်ရလဲခက်တယ်လေ။ ဒီဇာတ်လမ်းထဲက လောရန့်စ်ဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေသိပ်ကြိုက်တယ်။ အထက်တန်းပြီးရင်လဲ NYU မှာရုပ်ရှင်ပညာကိုလေ့လာဖို့အားခဲထားသူပါ။ သူက ကျောင်းပညာရေးမှာလဲထူးချွန်တယ်။ ဒါပေမဲ့ သူ့အားနည်းချက်တွေလဲရှိတာပေါ့။ သူကတစ်ကိုယ်ကောင်းဆန်တယ် အဆိုးဆုံးကတော့ သူ့ကိုယ်သူအထင်ကြီးတတ်သလို သိပ်သနားတတ်တာပဲ။ သူများတွေသူ့ကိုသနားအောင်လဲ သူ့အဖေကသူ့ကိုယ်သူသတ်သေသွားတာ ဆိုတဲ့ကဒ်ကိုမကြာမကြာထုတ်သုံးတတ်သေးတယ်။ ဒါပေမဲ့လောရန့်စ်တစ်ယောက် တက္ကသိုလ်မတက်ခင်ပဲ အချိန်ပိုင်းအလုပ်လုပ်ရင်း လက်တွေ့လောကကြီးနဲ့ထိစပ်မိချိန်မှာ သူ့အားနည်းချက်တွေကထင်းထင်းကြီးပေါ်လွင်လာပြီး လောရန့်စ်ရဲ့ကလေးဘဝကနေ လူကြီးဘဝအကူအပြောင်းကို လက်တွေ့လောကအတိုင်းမြင်ရမယ့် သဘာဝကျတဲ့ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 1.1GB | 915MB | 282MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

Drama
6.8 2023
I Like Movies
Who Killed Bambi?
5.6

ဒီစပိန်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ရုံးကသူဠေးသမီးနဲ့မှ ကြိုက်မိတဲ့ကောင်လေးတစ်ယောက် သူ့ ယောက်ခမသူဠေးကြီး ‌ပေါက်ကရအဖြစ်အပျက်တွေကြားထဲက အိမ်ကိုကောင်းကောင်းပြန်ရောက်ဖို့အရာ နည်းလမ်းတွေရှာ ကြိုးစားနေချိန်မှာ အခြားတစ်ဖက်မှာလဲ အကြွေးတွေနစ်နေတဲ့ လူနှစ်ယောက် သူဠေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါ ပြဿနာ‌တွေစတက်ပါတော့တယ်။ ပေါက်ကရတိုက်ဆိုင်မှုတွေနဲ့ဇာတ်လမ်းကိုစထားပြီးတော့ သူငယ်ချင်းနှစ်ယောက်၊ သူဠေးနဲ့ ပြန်ပေးသမားတွေကြားဘယ်လိုဆက်ဖြစ်ကြမှာလဲ ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ နောက်ဆုံးဇာတ်လမ်းနာမည်ဖြစ်တဲ့မေးခွန်းကို အဖြေဘယ်လိုပေးသွားမလဲဆိုတာကို ရယ်ရင်းမောရင်း ‌ ရင်လဲမောရင်းကြည့်ရမှာပြဖြစ်ပါတယ်။ The Hangover တို့လိုဇာတ်ကားမျိုးတွေကြိုက်တတ်ရင် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ File size… 1.1 GB / 476 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Crime, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

5.6 2013 86 mins
Who Killed Bambi?
American Dreamer
5.7

GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklageရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကို ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကလည်း ရိုးရှင်းရှင်းလေးကိုမှ cinematography တွေလည်းလှ ကြည့်ရင်းကြည့်ရင်း စီးမျှောခံစားလို့ကောင်းဦးမှာပါပဲ။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဖီးလစ်ဟာ စီးပွားရေးပညာ၊ ဘောဂဗေဒကို သင်ကြားပေးတဲ့ ပရော်ဖက်ဆာတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ထင်သလောက် မကောင်းရှာပါဘူး။ တက္ကသိုလ်မှာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်နေပေမယ့် အိမ်လေးတစ်လုံးဝယ်နိုင်ဖို့တောင် အနိုင်အနိုင်စုဆောင်း နေရတဲ့ဘဝ၊ စိတ်ကူးယဥ်နေရတဲ့ဘဝပေါ့။ သို့ပေမယ့် ဖီးလစ်ဟာ အိပ်မက်ဆိုတာ တကယ်ဖြစ်လာ နိုင်ကြောင်းယုံကြည်သူ၊ ဇွဲမလျှော့သူပါ။သူလိုချင်တဲ့ အိမ်လေးကိုလည်းရကိုရရမယ်ဆိုတဲ့စိတ်ကူးလည်းအပြည့်ပေါ့။ ကံကောင်းချင်တော့ သူ့အိပ်မက်ထဲက အိမ်လေးတစ်လုံး စျေးချိုချိုနဲ့သွားတွေ့ပါတယ်… ဒါကြောင့် ရှိသမျှစုဆောင်းငွေတွေအကုန်ထုတ်၊ ပစ္စည်းတွေကားတွေ အကုန်ထုခွဲရောင်းချပြီး ဒီအိမ်လေးကို ဝယ်လိုက်ပါတော့တယ်။ ဝယ်ပြီးခါကျမှ အိမ်ပိုင်ရှင်ရဲ့ အရှုပ်အရှင်းတွေပေါ်လာပြီး တစ်သက်လုံး စုဆောင်းလာသမျှ အကုန်ဆုံးမယ့်ကိန်းကို ဆိုက်လာပါလေရော။ ဖီးလစ်တစ်ယောက် ဖွတ်မရ ဓါးမ ဆုံးဖြစ်မယ့်အရေးကနေ ဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာကို comedyလေးတွေနဲ့ ကြည်ကြည်နူးနူးကြည့်လို့ကောင်းမယ့်ကားလေးဖြစ်ပါတယ်။ File size…1.27GB / 549MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.7 2022
American Dreamer
Polis Evo 2
7

Polis Evo 2 (2018) IMDb – 7/10 ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။ (aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

7 2018
Polis Evo 2
Heaven and Earth Are Righteous
5.8

နတ်တွေသရဲတွေက သူရဲကောင်းကိုမတားကြဘူး၊ တောင်တန်းပေါ်ကနေရာတိုင်းမှာ သစ္စာရှိအရိုးတွေ မြှုပ်ထားတယ်တဲ့။ ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်လေးက ၁၉၃၉ ခုနှစ်က ခေတ်ပြောင်းလဲချိန်ကို အခြေခံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်မှာ အခေါင်းသယ်သူ စုန့်ကျုံးယိကို မုဆိုးမယန်ထောင်က အခေါင်းသယ်ပေးဖို့ တောင်းဆိုလာပါတယ်။ သူ့ရဲ့ ဆုံးပါးသွားတဲ့ ခင်ပွန်းရဲ့ အခေါင်းကို လဲ့ရှန်းတောင် အန်းဂူမြို့မှာ မြှုပ်နှံသင်္ဂြိုလ်ဖို့တဲ့။ ဒါပေမဲ့ အဲ့ဒါဟာ လိမ်နေကြောင်း စုန့်ကျုံးယိက သိတဲ့အတွက် ငြင်းခဲ့ပါတယ်။ အဲ့ဒီအခါ ယန့်ထောင်တစ်ယောက် အခေါင်းကို ဂိတ်ဖြတ်ခွင့်ပေးဖို့ ဝမ့်ဖူရွာက ဌာနမှူးကျန်းကို ခွင်းတောင်းရပါတယ်။ ယန်ထောင်တစ်ယောက် ဂိတ်ဖြတ်ခွင့်တောင်းတဲ့ ညမှာပဲ ဌာနမှူးကျန်းရဲ့ အကောက်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စုန့်ကျုံးယိဆီကို ရောက်လာတဲ့ အခေါင်း ၂ခေါင်း ဖြစ်သွားပါတယ်။ အဲ့လို အဖြစ်အပျက်တွေ ဖြစ်ပြီးနောက်မှာပဲ ဌာနမှူးကျန်းတို့အိမ်မှာ နိမိတ်ဆိုးတွေ စပြလာပါတော့တယ်။ လည်ပင်းမှာ အခေါင်းကွင်းလို့ခေါ်တဲ့ ယားနာဖုလို အဝိုင်းကြီးပေါ်လာတဲ့အခါ…… သေသွားတဲ့ မိန်းကလေးယန်ထောင်ရဲ့ မျက်နှာမူရာအရပ်အတိုင်း သွားရှာလိုက်တဲ့အခါ…… စုန့်ကျုံးယိတစ်ယောက် ဘယ်လို လျှို့ဝှက်ချက်တွေကို ရှာဖွေတွေရှိသွားမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Heaven and Earth Are Righteous
My Oni Girl
6

My Oni Girl (2024) “ကျွန်တော့်ရဲ့ဘီလူးမလေး” ================ မိုးအေးအေးနဲ့ ခံစားလို့ကောင်းမယ့် old school ဆန်ဆန် အသစ်ထွက် အန်နီမေးရုပ်ရှင်လေးတစ်ပုဒ် ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကို အန်နီမေးရှင်းပြုထားတာတွေက တော်တော်လေးလှတာကြောင့် ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ။ ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲက ဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။ My Oni Girl ဆိုတော့ ဘာသာပြန်ရရင် ကျွန်တော့်ဘီလူးမလေးပေါ့။ ဇာတ်လမ်းကတော့.. တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ။ ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက် လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။ (ဒီရုပ်ရှင်လေးကိုတော့ ToMo နဲ့ Zwe Yan တို့က ဘာသာပြန်၊ ညွှန်းဆိုပေးထားပါတယ်။)

Drama • Fantasy • Romance
6 2024 112 mins
My Oni Girl
City of Joy
6.5

City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း “ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.05GB Quality – BluRay 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Drama • Science Fiction
6.5 1992
City of Joy
Detective Di Renjie: The Deadly Monk
5.8

ဒီတစ်ခေါက်မှာတော့ စုံထောက်ကြီးဒီးက ဘုရင့်အမိန့်အရကျန်းနန်နယ်တစ်ဝိုက်ကို လှည့်လည်စစ်ဆေးရပါတယ်။ လင်အန်းမြို့ကိုရောက်တဲ့အခါမှာ မိန်းကလေးတွေထူးထူးဆန်းဆန်းပျောက်နေတာကိုတွေ့ရတယ်။ လင်အန်းတာဝန်ကျတရားသူကြီးကျိုးကလဲ အပျင်းကြီးပြီး အပျော်အပါးမက်တဲ့ ခပ်ညံ့ညံ့အရာရှိတစ်ယောက်ဖြစ်နေတော့ လင်အန်းကဒီအမှုကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ မသင်္ကာစရာတွေနောက်လိုက်စုံစမ်းရင်း နတ်ကိုအယောင်ပြပြီး ရိုးသားတဲ့ပြည်သူတွေကိုလှည့်စားပြီးတော့ ဥစ္စာပစ္စည်းတွေလိမ်ယူနေတဲ့ လူအုပ်စုရှိနေတာကိုသိလိုက်ရပါတယ်။ အသက်အန္တရာယ်အကြိမ်ကြိမ်ကြုံရပေမယ့် စုံထောက်ကြီးဒီးက ဇွဲမလျှော့ပဲ ပြည်သူတွေအတွက် အမှန်တရားကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Crime • Thriller • Western
5.8 2024
Detective Di Renjie: The Deadly Monk
Mistletoe Connection

Mistletoe Connection ဆိုတဲ့အတိုင်း ခရစ္စမတ်ရဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်ကားက‌ Sweet ဖြစ်တဲ့အချစ်ဇာတ်လမ်းလေး ခရစ္စမတ်ကာလအတွင်းမှာ မမျှော်လင့်ပဲမွေးဖွားလာခဲ့တယ်ဆိုတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ Holiday, Drama, Romance အမျိုးအစားဇာတ်ကား ဖြစ်ပါတယ်။ ပုံပြင်ဆန်တဲ့အချစ်ကိုစိတ်ကူးယဥ်တတ်တဲ့ Mark Goodwin ဆိုတဲ့ကောင်လေးဟာ Kate Snow ဆိုတဲ့ ကောင်မလေးနဲ့ ဘတ်စ်ကားပေါ်မှာ အမှတ်မထင်ဆုံတွေ့ခဲ့ကြရင်း Kate ကို သဘောကျသွားတဲ့ Mark ဟာ Kate ကို ရှာဖွေဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့် တကယ့်ကိုပုံပြင်ဆန်စွာပဲ Mark အလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးစီမံကိန်းကြောင့် ဖယ်ရှားခံရမယ့်ဆိုင်ခန်းနေရာတွေမှာ Kate ရဲ့ဆိုင်လေးလည်းပါနေခဲ့ပါတယ်။ စီမံကိန်းကို ကန့်ကွက်မယ့် Kate နဲ့ သူရှာနေတဲ့ကောင်မလေးမှန်းမသိဘဲ ဖယ်ပေးဖို့ကမ်းလှမ်းချက်လာညှိမယ့် Mark တို့နှစ်ယောက် မမျှော်လင့်ပဲတွေ့ဆုံကြတဲ့အခါမှာတော့… ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ကြုံလာရတဲ့သူတို့နှစ်ယောက်ရဲ့ဆုံစည်းမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ရှေ့ဆက်သွားကြမလဲ… ပုံပြင်ဆန်တဲ့အချစ်အတွက် မှော်ဆန်တဲ့ဖြစ်ရပ်တွေဖြစ်လာပြီး သူတို့ရဲ့တွေ့ဆုံမှုကို ပိုပြီးခိုင်မြဲလာစေမှာလားဆိုတာကို ခံစားကြည့်ရှုရမယ့် Christmas Theme ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.6 GB)/(822 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

Action • Drama
0 2024
Mistletoe Connection