YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Batman.Unlimited.Animal.Instincts.2015.720p.BluRay {CM}.mp4

551.89 MB N/A video/mp4 143 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[REC]⁴ Apocalypse
5.6

လူကြိုက်များတဲ့ REC ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးစတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ အရှေ့က သုံးကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ အရှေ့သုံးကားကိုအရင်ဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပေးပါရစေ။ REC 4 ကိုတော့ ဒါရိုက်တာ Jaume Balaguero ကရိုက်ကူးထားပြီး ရှေ့ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီး အန်ဟယ်လာဗီဒယ်အဖြစ် မင်းသမီး Manuela Velasco ကအဓိကသရုပ်ဆောင်အနေနဲ့ ပြန်လည်ပါဝင်လာပြီး Pavo Manzanedo, Hector Colome, Ismael Fritschi နဲ့ Crispulo Cabezas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rec 3 အဆုံးမှာ အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက်မှာ စစ်ဆေးမှုတွေအကြိမ်ကြိမ်အခါခါလုပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကိုဝင်ရောက်ခဲ့သူများကို သင်္ဘောတစ်စီးဖြင့် ပင်လယ်ထဲစေလွှတ်ခါ ဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်မယ့် ဖြေဆေးကိုဖော်စပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြေဆေးကမအောင်မြင်တဲ့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာ ကင်မရာထဲက အန်ဟယ်လာရဲ့မှတ်တမ်းတွေကို တွေ့ရှိသွားတဲ့အခါမှာတော့... အန်ဟယ်လာအနေနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ သူ့ကတကယ်ပဲ ကူးစက်ခံထားရတာလား ဖြေဆေးကိုရော တကယ်ပဲဖော်စပ်နိုင်သွားမလား သူတို့စီးနေတဲ့ သင်္ဘောကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုအခန်းများ အများအပြားပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ... File Size : (1.6GB) and (744MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Comedy • Romance • TV Movie
5.6 2014 95 mins
[REC]⁴ Apocalypse
The Human Centipede (First Sequence)
5.2

လူသားကင်း​ခြေများဆိုတဲ့ ရုပ်ရှင်က​တော့ ​အော်ဂလီဆန်စရာအ​ကောင်းဆုံး ဇာတ်ကား​တွေထဲမှာ အပါအဝင်ပါပဲ... ပညာရှိတို့ အရူးထရင် ဘယ်လို​တောင်​ကြောက်စရာ​ကောင်းတယ်ဆိုတာကို ၂၀၀၉မှာ ထွက်ရှိခဲ့တဲ့ ပထမကားမှာ မြင်​တွေ့ရပါမယ် လူသား၃​​ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်း တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ၂၀၁၁မှာ ထွက်ရှိတဲ့ ဒုတိယရုပ်ရှင်က​တော့ ပထမကားကိုစွဲလမ်း​ပြီး လူသား​တွေကို ကြုံသလို ဆက်မယ့် လုံခြုံ​ရေးသမားအ​ကြောင်းပါ..သူဟာ ငယ်ငယ်ကတည်းက အ​​ဖေဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုကို ခံထားရသူပီပီ ပိုကြမ်းမှာပါ ဒီကားကို​တော့ ဒါရိုက်တာက ကင်း​ခြေများကိုပဲ Focus မလုပ်ဘဲ dark theme ​လေး ခံစား​စေချင်လို့ black and white တင်ဆက်ထားပေမယ့် ကျနော်တို့ Dark Side ကတော့ Colorized Version နဲ့ တင်ဆက်လိုက်ပါတယ်။ ၂၀၁၅မှာ ​နောက်ဆုံးထွက်ရှိခဲ့တဲ့ Final Sequence မှာ​​တော့ ​နေမြင့်​လေ အရူးရင့်​လေဖြစ်တဲ့ ​ထောင်ပိုင်နဲ့ သူ့ရဲ့ ​ဂေါက်သီး စာရင်းကိုင်တို့ ၂​ယောက် ​ထောင်အသုံးစရိတ်​လျှော့ချ​ရေးအတွက် ​ထောင်သား​တွေကို ကင်းခြေများအသွင် ဖန်တီးကြမှာပါ လူ​တွေ ဘယ်အတိုင်းအတာထိ ရူးသွပ်နိုင်တယ်ဆိုတာကို ခံစားကြရပါမယ် အထက်မှာ ​ပြောခဲ့သလို ညစ်ညမ်းတာတွေအပြည့်နဲ့ဇာတ်ကားဖြစ်တာ​ကြောင့် အသက်မပြည့်သူများ ရွံတတ်သူများ နှလုံး​ရောဂါရှိသူများ လုံးဝ(လုံးဝ) မကြည့်သင့်ပါ​ကြောင်း...။ The Human Centipede ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=The+Human+Centipede  မှာကြည့်လို့ရပါတယ်။ [Dark Side Production မှ တင်ဆက်သည်။] File Size : (2 GB) & (700 MB) Quality : BluRay 1080p & 720p Running Time : 01:28:03 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Mugiwara Ya Encoded by RGB

Animation • Drama • Thriller
5.2 2009 92 mins
The Human Centipede (First Sequence)
Wrong Turn
6

ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။ အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။ အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။ Wrong Turn ကားတွေရဲ့ ထုံးစံအတိုင်း သတ်ပုံသတ်နည်းကလည်း ထူးဆန်းသလို သတ်တာတွေကလည်းရက်စက်ပါတယ်။ Jump Scare တချို့လည်းပါသလို အရင်ကားတွေလိုပဲ ကြောက်စရာကောင်းပေမယ့် ဒီကားကတော့ အရမ်းရွံ့ဖို့ မကောင်းဘူးလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းနဲ့ဇာတ်ကောင်တွေလည်း တော်တော်တိုးတက်လာတာမို့ ကြောက်ရတာ တန်မယ့် နာမည်ကြီးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… 1.9GB and 898MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint Encoder ..... August

Adventure • Fantasy
6 2021 110 mins
Wrong Turn
The Hunger Games
7.2

The Hunger Games ကတ်နစ်အဲဗားဒင်းတို့နေတဲ့နယ်မြေလေးမှ ာနှစ်စဉ်ပြုလုပ်နေကျ ပွဲတစ်ပွဲရှိပါတယ်။ နယ်မြေသေးသေးလေးက သိတက်တဲ့အရွယ်ရောက်လူတိုင်းရဲ့နာမည်တွေကို ဖန်ခွက်အကြီးတစ်ခုထဲထည့်ထားပြီး ပွဲစီစဉ်သူတစ်ဦးက လက်သင့်ရာကို နှိုက်လိုက်ပါတယ်။ နာမည်ကတ်နှိုက်ခံလိုက်ရတဲ့သူက မဲပေါက်သွားတာမဟုတ်သလို ဆုလက်ဆောင်ရသွားတာမျိုးတော့ မဟုတ်ပါဘူး။ စစ်မြေပြင်တစ်ခုလိုဖန်တီးထားတဲ့ နေရာတစ်ခုကိုသွားရောက်ပြီးတော့ သူသေကိုယ်သေယှဉ်ပြိုင်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ ကံဆိုးရင်တော့ အသက်ပေးရမယ် ကံကောင်းရင်တော့ သူရဲကောင်းဖြစ်မယ်ဆိုတဲ့ လူအများစောင့်ကြည့်နေတဲ့အစီအစဉ်တစ်ခုမှာ သူတို့ကသွားရောက်ပြီးတော့ ဖျော်ဖြေပေးရသလိုပါ။ ဒီနှစ်ရဲ့အမျိုးသမီးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမဲ့ညီမလေးအစား ကတ်နစ်တစ်ယောက်ကိုယ်စားယှဉ်ပြိုင်ပေးဖို့ တောင်းဆိုရာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ နယ်မြေ (၁၂)ခုကနေ တစ်နယ်မြေကို ၂ယောက်နှုန်းနဲ့ ၂၄ယောက်ကြားမှာ ကိုယ်တစ်ယောက်တည်းအသက်ရှင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြရတယ်ဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ် File Size : (2.18 GB,1.09 GB) Quality : Blu-ray 1080p,720p Running Time : 2h 22min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu

Action • Science Fiction
7.2 2012 142 mins
The Hunger Games
Kubo and the Two Strings
7.6

2016 ရဲ့ Box Office မှာ No.4 နေရာရခဲ့တဲ့ ကာတွန်းကားတစ်ကားဖြစ်တဲ့ Kubo and the Two Strings ကို နာမည်ကြီး Laika Production ကထုတ်လုပ်ထားတာဖြစ်ပြီး Stop Motion နဲ့ ရိုက်ကူးထားပါတယ်.. IMDb 8.4/10 , Rotten Tomato 96% အထိ Rating ရရှိခဲ့တဲ့ ဒီကားဟာ မပြသခင်ကတည်းက အထူးနာမည်ကြီးနေတဲ့ ကားတစ်ကားပဲဖြစ်ပြီး Travis Knight ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ပွဲဦးထွက်ဦးဆောင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်.. အသံသရုပ်ဆောင်တွေကလဲ အော်စကာဆုရဝါရင့်သရုပ်ဆောင်တွေအပြင် Game of Thrones ထဲက Rickon Stark တို့.. The Girl with Dragon Tattoo ထဲက Rooney Mara တို့အပြင် LORD VOLDERMORT သရုပ်ဆောင် Talph Fiennes တို့လို ဒိတ်ဒိတ်ကြဲတွေဖြစ်နေမှတော့ အထူးညွှန်းစရာမလိုလောက်အောင်ပါပဲ... ဇာတ်လမ်းသွားကိုတော့ ရှေးခေတ်ဂျပန်စတိုင်ဇာတ်အိမ်ဖွဲ့ထားပြီး သူ့အမေဘက်က သဘာဝလွန်အစွမ်းတွေရှိတဲ့အဘိုးနဲ့ မိသားစုကို ရင်ဆိုင်ဖို့အတွက် အဖေ့အမွေ ပစ္စည်း ၃ မျိုးကို လိုက်လံရှာဖွေရတဲ့ Kubo ဆိုတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ရိုက်ကူးထားပါတယ်.. Kubo မှာ မကြာခဏ အတိတ်မေ့သလိုဖြစ်နေတဲ့အမေနဲ့အတူ တောင်ပေါ်ဂူတစ်ဂူမှာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ဆန်းကြယ်တဲ့ ၃ ကြိုးတပ်တူရိယာလေးနဲ့ စက္ကူရုပ်တွေကို ပုံပြင်တစ်ခုပမာ လှုပ်ရှားဖန်တီးစေရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပါတယ်.. သူ့အမေဟာ ကူဘိုလေးကို ညဘက်တွေ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်တားဆီးထားတာကြောင့် နေဝင်ချိန်အမီ ရောက်ရာအရပ်က အမေ့ဆီပြန်ရတယ်.. .ညဘက်တွေမှာ အသိစိတ်ကပ်နေတတ်တဲ့အမေ့ဆီကတဆင့် အဖေဖြစ်သူ ဆာမူရိုင်းဟန်ဇိုအကြောင်းကို နားထောင်ပြီး မမြင်ဖူးလိုက်တဲ့အဖေ့ကို အားကျနေတတ်တယ်.. သူ့မှာမျက်လုံးတစ်ဖက်ပဲပါပြီး တစ်ဖက်ကိုတော့ အဘိုးဖြစ်သူက ထုတ်ယူထားတာလို့ တစွန်းတစပြောဖူးပေမယ့် အကြောင်းရင်းကို သေချာမသိရှာပါဘူး... ဒါပေမယ့် တစ်ရက်မှာတော့ ကူဘိုတစ်ယောက်အပြင်နောက်ကျခဲ့ပါပြီ... ညမှောင်လာတဲ့အခါမှာ သူ့အမေစိုးရိမ်ခဲ့သလို ကြောက်စရာအဖြစ်အပျက်ဆိုးတွေ သူ့ဆီရောက်ရှိလာပါတော့တယ်... ဒီအဖြစ်တွေကြောင့် သူ့အမေကိုလဲ ဆုံးရှုံးခဲ့ရပြီး သူလဲ အဝေးကို လွင့်ပါးခဲ့ရပါတော့တယ်... အဖော်အဖြစ် သူ့အမေပေးထားတဲ့ မျောက်ရုပ်လေးရယ် အမေ့ဆီက ဆံပင်တစ်ချောင်းရယ် တီးခတ်နေကျတူရိယာလေးရယ်ပဲ သူ့နဲ့အတူပါလာပါတယ်.. သူသတိရချိန်မှာတော့ မျောက်ရုပ်လေးဟာ ထူးဆန်းစွာပဲ မျောက်တစ်ကောင်ဖြစ်နေပြီး သူ့ကို အဖေ့ပစ္စည်း ၃ မျိုးကို လိုက်ရှာနိုင်မှ ဒါတွေကို အောင်နိုင်မယ်လို့ပြောပြီး ပစ္စည်းမျိုးရှာဖို့တိုက်တွန်းပါတော့တယ် ... လမ်းမှာ ဆာမူရိုင်းဝတ်စုံဝတ်ထားတဲ့ ပိုးကောင်တစ်ကောင်နဲ့တွေ့ပြီး အဲဒီပိုးကောင်ဟာလူအဖြစ်ကနေ ကျိန်စာမိထားသူဖြစ်ကာ အတိတ်မေ့နေသူပါ.. တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ... ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးရင်း ရှာဖွေဖို့မလွယ်ကူတဲ့ ပစ္စည်း ၃ မျိုးကိုရဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ.. သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ မျောက်နဲ့ ပိုးကောင်ကြားကအလွဲတွေနဲ့ သူတို့ဟာ ဘယ်သူတွေဖြစ်မလဲ.. အဖိုးကရော ဘာကြောင့် သူ့မျက်လုံးကိုထုတ်ယူချင်ရတာလဲ... ဒေါသရန်ငြိုးကြီးပြီး အစွမ်းထက်လှတဲ့ အဖိုးရဲ့အန္တရာယ်ကိုရော ရှောင်လွဲနိုင်ပါ့မလားဆိုတာကိုတော့........... 2014 ကတည်းက ပြင်ဆင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို မထွက်ခင်ကတည်းက နာမည်ကျော်နေတဲ့ကားတစ်ကားဖြစ်တဲ့အပြင်... ရိုးရိုး Animation တစ်ကားထက်ပိုတဲ့ရသမျိုးစုံကို ခံစားစေရမှာမို့ ဘာသာပြန်တင်ဆက်ပေးထားလိုက်ပါတယ်။ File Size     :   800Mb Duration   :   01 : 41 : 35 Quality       :   1080p Blu-ray and HEVC 1080p 5.1CH Format       :   MP4 Genre          :   Animation, Adventure Translator :  Nyi Thanlwin Encoder      :  Kyaw Ye Aung

Action • Thriller
7.6 2016 102 mins
Kubo and the Two Strings
Jailbreak Pact
7

Jailbreak Pact (2020) ~ IMDb – 7/10, Rotten Tomatoes – 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 15Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Action • Adventure • Science Fiction
7 2020
Jailbreak Pact
Accepted
6.4

2006 ခုနှစ်ကထွက်ရှိခဲ့ပီး IMDb rating 6.4 ရရှိထားတဲ့ ​ကျောင်းသားကား​လေးကိုခံစားကြည့်ကြရ​အောင်ပါ။ ​ကောလိပ်​ကျောင်းတွေဟာ အထက်တန်း​ကျောင်းသားဘဝ က​နေ အမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝ​တွေဆီ​ရောက်​အောင်သွားကြရာမှာ မဖြစ်မ​နေဖြတ်​ကျော်ကြရတဲ့အရာပါ။ ဒါ​​တွေကြောင့်ပဲ ​ကောလိပ်ဝင်ခွင့်​တွေဟာ နိုင်ငံ​တော်​တော်များများမှာ​တော့ လူငယ်​တွေအတွက်အိပ်မက်ဆိုးလိုဖြစ်​​နေတာပါပဲ။ society က သတ်မှတ်ထားတဲ့စံညွှန်း​တွေ​ကလည်း ​ကောလိပ်​​ကျောင်း​ကောင်း​ကောင်းတက်​ရောက်​ရေးဖိအား​တွေ​ပေးကြပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ​ကျောင်းဝင်ခွင့်​တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့ လူငယ်​လေး​တွေ ဟာ ကြံမိကြံရာကြံကြရင်း သတ်မှတ်ချက်​ဘောင်​တွေကို ချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။ လူငယ်​တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့်​ပေးလိုက်ရင် အံ့အားသင့်စရာ​တွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ​ ပညာ​ရေးစနစ်ကြီးရဲ့အလွဲ​တွေကို​ထောက်ပြထားပြီး မူဝါဒ​တွေကိုလည်းသ​ရော်ထားပါ​သေးတယ်။ ဒါ့အပြင် ​နောက်ခံသီချင်း​လေး​တွေကလည်း အမိုက်စား​လေး​တွေဖြစ်တဲ့အတွက် အဲ့ဒီခုနှစ်ဝန်းကျင်က ​ကျောင်းတက်ကြသူ​တွေဆို အတိတ်ကို ပြန်လွမ်းမိသွားနိုင်သလို Gossip girls တို့ Age of Adaline တို့ထဲက မင်းသမီး​ချော Blake Lively ရဲ့ နုနုနယ်နယ်တက်ကြွတဲ့ အလှ​ကိုလည်းခံစားနိုင်ပါတယ်။ ဒါ​​ကြောင့် ကြည့်သင့်တဲ့ကား​လေးဖြစ်လို့ ခံစားကြည့်ကြပါဦး။ File size… 2.1 GB / 840 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

Romance • Comedy
6.4 2006
Accepted
Rules Ranjann
6.9

Rules Ranjan (2023) “ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း” IMDb 6.9 ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ် အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ခဲ့ရတဲ့ ကောင်မလေးနဲ့ ပြန်ဆုံတဲ့ အခါမှာ နောက်တစ်ကြိမ် ပြန်လည်နီးစပ်နိုင်မှာလား… စက်ရုပ်နှလုံးသားကြီးကို ကောင်မလေးက အရည်ပျော်အောင် ပြောင်းလဲပေးနိုင်ပါ့မလား ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Action • Thriller • Science Fiction • Adventure
6.9 2023
Rules Ranjann
Karen

Karen (2021) Genre – Crime, Drama, Thriller မာလစ်နဲ့ အီမာနီတို့ လင်မယားဟာ မြို့နဲ့သိပ်မဝေးတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဘဝသစ်တစ်ခု စတင်ဖို့ ပြောင်းရွှေ့လာကြတဲ့ လူမည်း လင်မယားစုံတွဲလေးပါ။ ဒါပေမဲ့ သူတို့ရောက်လာတာတော့ လူဖြူတွေ ရှိကြတဲ့ မှုခင်းအင်မတန် နည်းပါးတဲ့ ရပ်ကွက်လေးတစ်ခုပေါ့။ ဒီလိုနဲ့ စနေတဲ့အချိန် ဘေးချင်းကပ်ရပ်က ကလေးနှစ်ယောက်အမေ ရပ်ကွက်ဥက္ကဌလိုမျိုး ကယ်ရန်ဆိုတာနဲ့ စပြီး တွေ့ခဲ့ကြတယ်။ သူတို့ ပြောင်းလာပြီး ကယ်ရန်ဆိုတဲ့ အမျိုးသမီးက ကင်မရာတွေတပ်တယ် အမူအရာတွေလည်း စတင် ပြောင်းလဲလာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကယ်ရန်ဆိုတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က စစ်မှန်တဲ့ ရည်မှန်းချက်တွေ သိလာရတဲ့အချိန်မှာ မာလစ်တို့ လင်မယား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ….။ File size… 1.7 GB / 732 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 2021
Karen
Kronk’s New Groove
5.8

ဒီကားကတော့ 2000 ခုနှစ်ကထွက်ခဲ့တဲ့ နာမည်ကြီး The Emperor’s New Groove ရဲ့ sequel လေးပါ ဒီကားမှာတော့ အဓိကဇာတ်ဆောင်က ဧကရာဇ်ခုဇ်ကို မဟုတ်တော့ဘဲ နှလုံးသားနုနုနဲ့ လူကြမ်းကြီး ထမင်းချက် ခရွန့်ခ်ရဲ့အကြောင်းကို တင်ဆက်ပြထားပါတယ် (function(f,b,n,j,x,e){})(); 2005 ခုနှစ်မှာ ထွက်ရှိလာတာဖြစ်ပြီးတော့ IMDB rating 5.8 ရရှိထားတဲ့ ကြည့်ပျော်ရှုပျော် Animation ကားကောင်းလေးပါပဲ Musical genre မို့ ost မြူးမြူးလေးတွေလည်း ပါပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ ကောက်ကျစ်တဲ့မိန်းမရဲ့ လူယုံတော်အဖြစ်ကနေ လွတ်မြောက်လာတဲ့ ခရွန့်ခ်တယောက် မဒ်ကာရွာလေးမှာ စားသောက်ဆိုင်တဆိုင် ဖွင့်ပြီး မိတ်ဆွေအပေါင်းအသင်းများစွာနဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနေပါတယ် တနေ့မှာတော့ ခရွန့်ခ်ရဲ့အဖေဖြစ်သူဆီကနေ သားတော်မောင်ကို မျက်နှာလာကြည့်မဲ့အကြောင်း ကြေးနန်းရောက်လာပါတော့တယ် ခက်တာက သူ့အဖေက သူ့ရဲ့ ထမင်းချက်အလုပ်ကို အသိအမှတ်မပြုပါဘူး ဒီတော့ ခရွန့်ခ်တယောက် သူ့‌ပါပီဆီကနေ အထင်ကြီးတာခံရဖို့ ကြံမိကြံရာတွေ ကြံရင်း ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး File size… 1.4 GB / 671 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

5.8 2005
Kronk’s New Groove
Take Me Home Tonight
6.3

ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေ လုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ… အသက်တွေကြီးလာတဲ့အထိ.. ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ် ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့ မမှားဘူးပေါ့လေ.. သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကို ကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေ ဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှ လုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာ အလုပ်ဝင်လုပ်နေပါတယ်… တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့ တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။ မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီး ပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ..။ File size…2.26GB / 915MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
6.3 2011
Take Me Home Tonight
Shangtong Village: Story of a Strange Snake
5.7

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း ရှန့်ထုံရွာမှာ စပါးအုံမြွေကြီးတစ်ကောင်ပေါ်လာပြီးတော့ တစ်ရွာလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားရတဲ့အကြောင်းကို ဇာတ်ကြောင်းပြောသလိုပုံစံလေးနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ ရှန့်ထုံရွာမှာ တစ်နှစ်တစ်ခါ လူပျိုအပျိုကလေးကို မီးလောင်တိုက်သွင်းပြီးတော့ မြစ်စောင့်နတ်ကိုပူဇော်ရတဲ့ဓလေ့ရှိပြီးတော့ နတ်ဆရာက ဉာဏ်ပူဇော်ခတွေလည်းအဆမတန်တောင်းပါတယ် ။ ဒီလိုနဲ့တစ်နေ့မှာတော့ ပုံမှန်အတိုင်းယစ်ပူဇော်ပွဲလုပ်နေကျနေရာကို ယွိလင်လုံဆိုတဲ့ကောင်လေးရောက်လာပြီး ယစ်ပူဇော်မှုကိုတားမြစ်ပြီး မီးလောင်တိုက်အသွင်းခံရတော့မဲ့ကလေးကိုကာကွယ်ပေးခဲ့ပါတယ် ။ ဖြစ်ချင်တော့ ယန်ဓာတ်လွန်ကဲနေတဲ့ခန္တာကိုယ်ပိုင်ရှင်သူ့ကို အားလုံးကနမိတ်မကောင်းဘူးဆိုပြီးနှင်ထုတ်ကြပါတယ် ။ အဲဒီအချိန်မြွေကြီးတစ်ကောင်ပေါ်လာပြီးရွာသားတွေကို တိုက်ခိုက်ကြတော့ အားလုံးလည်း မြွေဆိပ်ပန်းနဲ့မြွေတွင်းဒဏ္ဍာရီကိုပိုပြီးယုံသွားပါတော့တယ် ။ တစ်ရွာလုံးက နမိတ်မကောင်းဘူးဆိုပြီးဖယ်ကျဉ်ထားတဲ့ ယွိလင်လုံတစ်‌ယောက် နျဲ့ဝမ်းအာဆိုတဲ့မိန်းကလေးကို ကယ်လိုက်ပြီးနောက်မှာတော့ ပထမဆုံးအကြိမ်မိတ်ဆွေတစ်ယောက်ကိုရခဲ့ပြီး မြွေကြီးတွေကိုရှင်းလင်းဖို့ဘယ်လိုလုပ်ကိုင်သွားမလဲ ? ဂျပန်တွေလက်ထဲကနေ မြွေဆိပ်ပန်းကိုဘယ်လိုကာကွယ်သွားမလဲဆိုတာတာကို ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ပါဦး

Mystery • TV Movie • Crime • Drama
5.7 2024
Shangtong Village: Story of a Strange Snake
Valley Girl

Valley Girl (2020) ****************** ဒီဇာတ်ကားလေးကတော့ Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ… အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ ရယ်လည်းရယ်ရသလို တစ်ကားလုံးမှာလည်း… သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ တောင်ကြားမြို့လေးထဲမှာရှိတဲ့… ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလည်းဆင်တူ ဝတ်ကြတယ်။ ဘဝကိုလည်း… ပျော်ပျော်ပဲဖြတ်သန်းကြပေမဲ့ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့ အထက်တန်းစားယောက်ကျားမှ… ဖြစ်ရမယ်ပေါ့။ အဲဒီအထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားလှပါတယ်။ ရှေးရိုးစွဲ မဆန်ချင်ဘူး။ အချစ်ကို ကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့… အသင့်ဖြစ်နေသူလေးပါ။ အဲဒီလို ကောင်မလေးနဲ့ မိဘမရှိ လေလွင့်နေတဲ့ ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ … ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်။ မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို…အယူအဆတွေမှာလည်း… ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ … အတော်ခက်တယ်ပြောရမှာပေါ့…ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်…. File Size : 2.84GB / 1.33GB Quality : 1080p 5.1ch / 720p Duration : 01:42:00 Genre : Comedy ,Romance , Music Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Heather Oo

Adventure • Comedy • Drama
0 2020 102 mins
Valley Girl