YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

banshee.s04e06.1080p.bluray {CM}.mp4

503.75 MB N/A video/mp4 1929 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enthada Saji
3.3

Enthada Saji (2023) IMDb - 6.2/10 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ စိတ်ကူးယဥ်ဆန်ပြီးရယ်ရတာကို သဘောကျတဲ့သူတွေကို အကြိုက်တွေ့စေမယ့် မင်းသား Kunchacko Bobanနဲ့မင်းသမီးNivetha Thomasတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Enthada Saji ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဆာဂျီမိုဟာ ရည်မှန်းချက်မရှိပဲလေလွင့်ပျင်းရိနေတဲ့ အမျိုးသမီးလေးတစ်ယောက်ဖြစ်ပါတယ် သူ့သူငယ်ချင်းတွေတောင် မင်္ဂလာဆောင်ပြီးသွားကြပေမယ့် သူကတော့စေ့စပ်စွဲတစ်ခါပျက်ဖူးတဲ့အပြင် အခုချိန်ထိလည်း Faဖြစ်နေတာမို့ရပ်ထဲရွာထဲမှာ အပျိုဟိုင်းကြီးလို့ စနောက်လှောင်ပြောင်ခံနေရသူလေးပါ ဆာဂျီမိုဟာဒီလိုဒဏ်တွေကို သည်းမခံနိုင်တော့တာမို့ ချက်ကျောင်းမှာအမြဲလိုလိုသွားညည်းညူလေ့ရှိပါတယ် တစ်နေ့မှာတော့သူ့ညည်းညူတာတွေကို ကြားရတာများလာတဲ့အရှင်က ရုပ်တုထဲကနေအပြင်ကိုထွက်လာရာကနေ ဆာဂျီမိုရဲ့ဘဝဟာလည်းပြောင်းလဲသွားပါတော့တယ် ဆာဂျီမိုရဲ့ပျော်ရွှင်ခြင်းအခိုက်အတန့်တွေကြားမှာ ချက်ကျောင်းရဲ့ရုပ်တုဟာလည်းထူးဆန်းစွာပျောက်ကွယ်သွားတဲ့အချိန်မှာ အရှင်နဲ့သူထပ်ဆုံနိုင်ပါ့မလား ဒီလိုရုပ်တုထဲကထွက်လာတဲ့အရှင့်နောက်ကွယ်မှာလည်း ဘယ်လိုပဟေဠိတွေရှိနေမလဲဆိုတာ စိတ်ကူးယဥ်ဆန်စွာတခြားကားတွေနဲ့မတူပဲကြည့်ရှူ့ရမှာဖြစ်ပါတယ် File size…1.92GB/ 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Yunni~Khin Khin

Comedy • Drama • Romance
3.3 2023 123 mins
Enthada Saji
After Everything

Channel Myanmar ပရိတ်သတ် တွေ အတွက် ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ May 19 ရက် နေ့မှ ထွက်ရှိခဲ့တဲ့ ပူပူနွေးနွေး "Everything Everything "ဆိုတဲ့ ဇာတ်ကားပါ ရိုမတ်တစ် အချစ် ဇာတ်ကားတစ်ကားပါ ဇာတ်လမ်းအညွှန်း ပြောပါရစေ- မယ်ဒလင်း လို့ခေါ်တဲ့ ကောင်မလေး ဟာ ၁၈ နှစ်လုံးလုံး အိမ်ပြင်ထွက်ခွင့် မရခဲ့ပါဘူး... သူ မထွက်ရတဲ့ အကြောင်းရင်းကတော့ သူ့ရောဂါ ကြောင့်ပါ.... ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ စကစ် ရောဂါကို သူမ ခံစားခဲ့ရပါတယ်... အဲ့ရောဂါ က ကိုယ်ခံအားနည်းတဲ့ ရောဂါတစ်မျိုးပါ... အပြင်လောကနဲ့ ထိတွေ့လိုက်တာနဲ့ သူ့ ခန္ဓာကိုယ်မှာ ဓာတ်မတည့်တာတွေ စဖြစ်တော့တာဘဲ... ၁၈နှစ်လုံးလုံး ဘယ်မှမသွားရ သူငယ်ချင်း မိတ်ဆွေလဲ မရှိတဲ့ဘဝ ဟာ မတွေးရဲလောက်အောင် ခက်ခဲလွန်းပါတယ်... တစ်နေ့မှာတော့ သူ့ အိမ်ရှေ့ကို ပြောင်းလာတဲ့ ခပ်ချောချော အိုလီ ဆိုတဲ့ ကောင်လေး နဲ့ မယ်ဒလင်း ရင်းနှီးခဲ့ပါတယ်... သူတို့နှစ်ယောက်ဟာ ပြတင်းပေါက်မှန်ကနေ လက် ဟန်ခြေဟန် ပြပြီး စကားပြောကြတာပါ ... Taylor Swift ရဲ့ You belong with me သီချင်းထဲကလိုလေ ... သူတို့နှစ်ယောက်ဟာ မတ်ဆေ့ အပြန်အလှန်ပို့ စကားအပြန်အလှန်ပြောရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြပါတယ်... ခက်တာက မယ်ဒလင်း အိုလီ နဲ့ တွေ့ရအောင် ဘယ်လို အိမ်ပြင်ထွက်ရမလဲ... မတော်တဆ သေ တဲ့ အဆင့်ထိ အန္တရာယ်ရှိနိုင်မလား... ပျော်စရာ ဇာတ်သိမ်းဖြစ်မလား??? ဝမ်းနည်းစရာ ဇာတ်သိမ်းဖြစ်မလား ဆိုတာကတော့ Channel Myanmar ပရိတ်သတ်တို့ ရင်ခုန်စွာ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်... ဇာတ်လမ်း ကို ပေါ့ပေါ့ပါးပါး နဲ့ စိတ်ကူးယဉ်ဆန်စရာ ရိုက်ကူးထားတာမို့ ကြည့်ရှူသူ တန်မှာပါ.. (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ May Haruko ပါ) File Size : (700 MB) and (390 MB) Quality : Bluray 720p Running Time : 1hr 36minutes Format : Mp4 Genre : Drama,Romance Subtitle : Myanmar Subtitle (Hardsub) Translated By May Haruko Encode By Thanhtike Zaw

0 2023
After Everything
Apollo 18
5.2

horror, sci-fi ဇာတ်ကားဖြစ်ပြီးလကမ္ဘာပေါ်ကိုခရီးသွားခဲ့တဲ့ Apollo 18 အာကာသယာဉ်ပေါ်ကအာကာသယာဉ်မှူးတွေအကြောင်းကိုရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်း…. အာကာသယာဉ်မှူးသုံးယောက်ဟာလကမ္ဘာကိုစူးစမ်း‌လေ့လာဖို့အတွက်လျှို့ဝှက်မစ်ရှင်နဲ့ခရီးသွားခဲ့ရာကနေ လပေါ်ကတခြားအရာတစ်ခုနဲ့ကြုံတွေ့လာရပါတော့တယ် အဲဒီအရာဟာလူတွေကိုဒုက္ခပေးနိုင်တာကိုသိရပေမဲ့ အဲဒါကဘယ်လိုအရာလဲ ဘယ်လိုဒုက္ခပေးနိုင်သလဲဆိုတာကိုမသိတာကြောင့်ရှောင်လွှဲဖို့နည်းလမ်းကလည်းမရှိသလောက်ပါပဲ ကြာတော့သူတို့ဟာဘယ်သူ့ကိုမှမယုံကြည်နိုင်တော့ပါဘူး အစိုးရကလပေါ်မှာတခြားအရာတွေရှိနေတာကိုသိနေခဲ့တာလား ဒီကိုဘာလို့လွှတ်လိုက်တာလဲဆိုတာကိုပါသံသယဝင်လာပါတော့တယ် ဒီလိုနဲ့အာကာသယာဉ်မှူးသုံးယောက်သားဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ သူတို့ကမ္ဘာမြေပေါ်ကိုဘယ်လိုပြန်လာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Drama
5.2 2011
Apollo 18
Haunting of the Queen Mary

Haunting of the Queen Mary (2023) ~ Rotten Tomatoes – 71% ~ လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။ Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲ‌ခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour တွေလုပ်ပြီး ငွေရှာ‌နေကြပါတယ်။ 1938 တုန်းက အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ မိသားစုက ဒီဘက်ခေတ်က မိသားစုနဲ့ ကံတရားတူနေတဲ့အခါ… သင်္ဘောထဲပိတ်မိနေတဲ့ ဝိညာဉ်တွေက လွတ်မြောက်ဖို့အတွက် လူစားလဲဖို့ကြိုးစားတဲ့အခါ… Queen Mary သင်္ဘောကြီးမှာ ကပ္ပတိန်တွေဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်နဲ့ ကံကြမ္မာဆိုးတွေ ဘယ်လိုတစ်ပတ်ပြန်လည်မလဲဆိုတာ စိတ်၀င်စားဖွယ်ရှူစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 995MB Quality – 1080p, 720p Format – mp4 Duration – 1H 54Min Genre – Drama, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023
Haunting of the Queen Mary
The Wicked Are Alive / Villain is Alive

The Wickerd are Alive / Villain is alive (2015) မထင်မှတ်တဲ့ plot twist မျိုးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်တဲ့သူတွေအတွက် ကိုရီးယား Thriller ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကဌဘဲ့ဟာ ကုမ္ပဏီမသမာမှုတွေကြောင့် ရှိသမျှအကုန်ရောင်းပြီး လှေနဲ့ထွက်ပြေးရတော့မယ့်အခြေအနေမှာ သူ့ကိုမကျေနပ်တဲ့သူတွေကလည်း နောက်ကနေ လိုက်နေကြပါတယ် ဥက္ကဌဘဲ့ရဲ့ မန်နေဂျာကလည်း ရုတ်တရက်သေဆုံးသွားပြီး အဲဒီအမှုကို ရဲဘက်ကလိုက်တဲ့အခါမှာ မန်နေဂျာရဲ့ခင်ပွန်း ဟန်ဗြောင်ဒိုက မသင်္ကာစရာတွေလုပ်နေတာကို သတိထားမိသွားကြပါတယ် ဒါပေမဲ့ ရဲတွေထင်သလို တကယ်မကောင်းမှုလုပ်ဖို့ကြံနေတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1GB | 452MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

0 2015
The Wicked Are Alive / Villain is Alive
Mischievous Kiss the Movie Part 3: Propose
7.5

Mischievous Kiss: Proposal arc (2017) My Drama List – 7.5 IMDb rating – 7.5 ဒီ Proposal Arc မှာတော့ ခိုတိုခိုတို့ရဲ့ တက္ကသိုလ်ဒုတိယနှစ်နဲ့ တတိယနှစ်ကာလကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တက္ကသိုလ်ပြီးခါနီးလာတာနဲ့အမျှ အလုပ်ခွင်ဝင်ဖို့လည်း စဉ်းစားလာကြရတာ ထုံးစံပါပဲ။ ဒီလိုနဲ့ ကိုယ်စီ အနာဂတ်အစီအစဉ်တွေ ရေးဆွဲနေကြတဲ့အချိန်မှာ အီရိအဲကို သူ့အဖေက အိမ်ရဲ့စီးပွါးရေးကို ဆက်ခံဖို့အတွက် တိုက်တွန်းပါတော့တယ်။ အီရိအဲကတော့ အိမ်ရဲ့စီးပွါးရေးကို ဆက်မလုပ်ဘဲ သူ့ရဲ့ ဆရာဝန်ဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည် ဖော်ချင်နေပါတယ်။ အဲဒီလို အတိုက်အခံလုပ်နေတုန်းမှာ အီရိအဲရဲ့အဖေ နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အခါမှာတော့ အီရိအဲခမျာ ရွေးချယ်စရာမရှိဘဲ အိမ်အလုပ်ကို ဦးစီးရပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အီရိအဲတို့ကုမ္ပဏီရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ဥက္ကဌအိုအိဇုမိက မြေးဖြစ်သူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စကားစလာပါတော့တယ်။ အီရိအဲတစ်ယောက် သဘောတူလိုက်မလား… ခိုတိုခိုနဲ့အီရိအဲတို့ကြား ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ အခု Proposal Arc လေးမှာ ဆက်လက်ကြည့်ရှုကြရအောင်။ File size… 2.3 GB / 985 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.5 2017
Mischievous Kiss the Movie Part 3: Propose
Liberation (aka) Before It Ends
7

ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်း Jacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါ‌တော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ ဒီအခါ ကျောင်းအုပ်ဆရာကြီး Jakob ၊ သူ့ရဲ့ ဇနီး Lis နဲ့ မိသားစုအနေနဲ့ ခိုကိုးရာမဲ့နေတဲ့ ဂျာမန်ဒုက္ခသည်တွေကို ကူညီသင့်သလား ဒါမှမဟုတ် ဒိန်းမတ် ဆန့်ကျင်ရေးမှာ အခိုင်အမာ ရပ်တည်သင့်လား ဆိုတဲ့ ဝိရောဓိတွေအကြားမှာ ဘယ်လို ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်ခဲ့လဲ၊ သူတို့ရဲ့ ဒိန်းမတ် အသိုင်းအဝိုင်းကရော သူတို့လုပ်ရပ်တွေကို လက်ခံကြပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Anyway “HUMANITY IS A CHOICE.” File size…(1.2 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug

Drama • Romance • Action
7 2023
Liberation (aka) Before It Ends
Jackpot

Jackpot 2015 ဒီတစ်ခါပရိသတ်ကြီးကို ဗီယက်နက်ဟာသဒရမ်မာကားလေးတစ်ခုတင်ဆက်ပေးချင်ပါတယ် အာရှကားတွေဆိုတော့ အာရှဆန်ဆန်ပဲ ဇာတ်လမ်းရိုးရိုးရှငိးရှင်းကိုမှ ပေါ့ပေါ့ပါးပါးနဲ့အပန်းဖေကြည့်ရှုနိုင်မှာပါ ဇာတ်လမ်းလေးကလည်း ဆရာမင်းလူရဲ့ရယ်မောခြင်းအပိုင်းအစထဲက ဓာတ်ခဲတို့ရပ်ကွက်လေးလို တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းတဲ့ ရွာလေးက လူတွေအကြောင်း တင်ဆက်ပေးထားတာပါပဲ ဇာတ်လမ်းလေးကတော့ ကြင်နာတတ်တဲ့ထီသည်မလေး တစ်ခုလပ်ကလေးအမေ သွန် ထီလှည့်ရောင်းနေရပေမယ့် အားလုံးကိုကူညီတတ်တဲ့ သွန်ရဲ့ ကံကြမ္မာဟာအကောင်းဘက်ရောက်လာတဲ့အခါ….. ဇာတ်ဆောင်တွေအများကြီးနဲ့ သွန်ရဲ့ဘော်ဒါ တွန်းလှည်းလင်မယားတို့ သူ့ခင်ပွန်းဟောင်းနဲ့ သဝန်တိုတတ်တဲ့လက်ရှိမိန်းမ ခရိုင်မှူးဖြစ်ပြီးမှ ထောင်ကျသွားတဲ့ ထောင်ထွက်ဦးလေးကြီး စသဖြင့် ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဘဝသရုပ်ဖော်ကားလေးအဖြစ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 2.26GB | 1.11GB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

0 2015
Jackpot
The Human Condition III: A Soldier’s Prayer
8.8

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်” ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3GB, 1.4GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.8 1961
The Human Condition III: A Soldier’s Prayer
#Viral Prapancham
6.3

Viral Prapancham” (2025) အွန်လိုင်းကမ္ဘာ၏ လျှို့ဝှက်အန္တရာယ်များ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာ အွန်လိုင်းယုံကြည်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်အန္တရာယ်တွေကို စူးစမ်းချင်ပါသလား ဒါဆိုရင်တော့ ဒါရိုက်တာဘရီဂျက်ရှ်တန်ဂီရဲ့ လက်ရာ “Viral Prapancham” က ကြည့်ရှုသူတို့ကို ဗိုင်းရပ်စ်ကမ္ဘာထဲ ရင်တထိတ်ထိတ်နဲ့ ဆွဲဆောင်သွားပါလိမ့်မယ် ဒီဇာတ်ကားက ခေတ်မီဆန်းသစ်တဲ့ “screenlife thriller” ပုံစံနဲ့ တင်ဆက်ထားတာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကွန်ပျူတာမျက်နှာပြင်တွေ၊ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေကနေတစ်ဆင့် ပုံဖော်ထားတာကြောင့် တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံကို ပေးနိုင်မှာပါ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ ဆွာပနာနဲ့ အာဒီတီဆိုတဲ့ အမျိုးသမီးနှစ်ဦးပါ ဆွာပနာ အမေရိကန်မှာနေထိုင်တဲ့ ချစ်သူရာဗီ နဲ့ LDRS ချစ်သူဘဝကို လေးနှစ်ကြာအောင် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေသူပေါ့ တစ်ဖက်မှာလည်း ညီမဖြစ်သူ အာဒီတီက တစ်ယောက်တည်းနေထိုင်ရင်း ပရာဗင်န်ဆိုသူနဲ့ အွန်လိုင်းကနေ အဆက်အသွယ်တွေ လုပ်နေပါတယ် သူတို့နှစ်ဦးစလုံးက အွန်လိုင်းရည်းစားအပေါ် ယုံကြည်မှုအပြည့်အဝထားရှိခဲ့ကြပေမဲ့ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုက သူတို့ရဲ့ဘဝတွေကို လုံးဝပြောင်းလဲပစ်လိုက်တဲ့အခါ မထင်မှတ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ် ဒါက ဘာများဖြစ်မလဲဒီဇာတ်ကားက အွန်လိုင်းပလက်ဖောင်းတွေက လူမှုဆက်ဆံရေးအပေါ် ဘယ်လိုနက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိတယ်ဆိုတာကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားပါတယ် အွန်လိုင်းကိုယ်ရေးကိုယ်တာ လုံခြုံရေးချိုးဖောက်မှုတွေ ဆိုက်ဘာရာဇဝတ်မှုတွေလိုမျိုး ဒီဂျစ်တယ်ခေတ်ရဲ့ အမှောင်ဘက်ခြမ်းကိုလည်း မီးမောင်းထိုးပြထားတာကြောင့် ပရိသတ်ကို စဉ်းစားစရာတွေ အများကြီး ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Science Fiction • Action • Adventure
6.3 2025 95 mins
#Viral Prapancham