YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bad Memory Eraser (2024) E06 WEB-DL 1080p [CM].mp4

913.37 MB N/A video/mp4 119 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
The Girl from Monday
5.5

ဒီဇာတ်ကားလေးကတော့ အနာဂတ်ကိုစိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာဇာတ်ကားလေးပါ။ စတော့ရှယ်ယာတွေအနေနဲ့ ပိုက်ဆံကိုမလှဲလှယ်ကြတော့ဘဲ လူတွေကို လှဲလှယ်တဲ့အချိန်‌ကို ရောက်သွားပါပြီ။ လူတွေဟာ ပိုက်ဆံလိုမျိုးနေရာကို ရောက်သွားပြီး တစ်ယောက်ချင်းစီရဲ့တန်ဖိုးကိုတော့ လိင်ဆက်ဆံတဲ့အကြိမ်ရေနဲ့ သတ်မှတ်ပါတယ်။ လိင်ဆက်ဆံမှုများလေ တန်ဖိုးမြှင့်လာလေလေပါ။ လူတွေဟာ လိင်မှုဆက်ဆံတာကို သူတို့တန်ဖိုးမြှင့်အောင်ပဲလုပ်ကြပြီးတော့ အချစ်တွေ၊ ကြင်နာမှုတွေ၊ နူးညံ့မှုတွေကို ရှာမတွေ့နိုင်တော့ပါဘူး။ အဲဒီဈေးကွက်ကို Triple M ဆိုတဲ့မာတီမီဒီယာကုမ္ပဏီတစ်ခုကနေထိန်းချုပ်ပြီးတော့ လူတွေကို အမြဲမော်နီတာကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။ Jack ဆိုတဲ့သူဟာ အဲဒီကုမ္ပဏီမှာ အမှုဆောင်အရာရှိတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဆီစီးလ်ကိုသ‌ဘောကျမိနေပေမဲ့ သူနဲ့ဆက်ဆံရေး တစ်ခုကိုထူထောင်ဖို့ တွေဝေနေပါတယ်။ ဒါပေမဲ့ ဆီစီးလ်ဟာ ဝီလီယံဆိုတဲ့သူနဲ့ တရားမဝင်လိင်ဆက်ဆံမိခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဆီစီးလ်နဲ့ဝီလီယံဟာ ဒီစနစ်ကိုဆန့်ကျင်ဖို့ကြိုးစားကြပါတော့တယ်။ File size…1.67GB / 757MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 24m Genre ….. Action , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2005 84 mins
The Girl from Monday
Birth/Rebirth
6.4

ကိုယ့်ဘဝမှာ ကိုယ်ချစ်တဲ့ လူတစ်ယောက်ယောက်အသက်ဆုံးရှုံးရတာကို ကြုံတွေ့ဖူးတဲ့ လူတွေအနည်းနဲ့အများရှိကြမှာပါ။ အဲ့လိုသေဆုံးသွားရတဲ့ ကိုယ့်ရဲ့ချစ်ရသူကိုပြန်ခေါ်နိုင်မယ် အသက်ပြန်သွင်းနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပျော်ရပြီး အရာရာကို စွန့်လွှတ်မဲ့လူတွေချည်းပါပဲ။ ဒီကားထဲမှာ စီလီဆိုတဲ့အမျိုးသမီးတစ်ယောက်က အလုပ်ကိုမနားမနေလုပ်ပြီး သမီးလေးလီလာကို ပြုစုစောင့်ရှောက်နေရတဲ့ သူနာပြုတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့သမီးလေးကအဖျားတွေတက်နေပြီး အလုပ်ကလဲ မသွားလို့ မဖြစ်တဲ့အတွက် အိမ်နီးချင်းဆီမှာ အပ်ထားခဲ့ပြီးအလုပ်သွားခဲ့ပါတော့တယ်။ ဖြစ်ချင်တော့ သူအလုပ်ရောက်တဲ့အခါမှာ ဖုန်းကပျက်သွားပါတော့တယ်။အလုပ် ဆင်းတဲ့အချိန်မှာ သိလိုက်ရတာက သူ့သမီးလေးက ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပြီးဆုံးပါးသွားပြီဆိုတာပါပဲ။ ဒီလိုနဲ့ သမီးရဲ့နောက်ဆုံးအချိန်မှာ ဘေးနားမှာမရှိ ပေးနိုင်တဲ့ စီလီတစ်ယောက်လဲ ယူကျုံးမရတွေဖြစ်ကုန်ပါတော့တယ်။ အဲ့ဒီအပြင်ကိုမှ သူ့သမီးအလောင်းကို ထုတ်ဖို့အတွက် ရင်ခွဲရုံကိုသွားပြန်တော့လဲ သမီးဖြစ်သူရဲ့ အလောင်းကပျောက်ဆုံးနေပါတယ်။ ဒီလိုနဲ့ စီလီတစ်ယောက်လဲ ဆပ်ပြာသည် လင်ပျောက်သလိုဖြစ်ပြီး ရင်ခွဲရုံမှာတာဝန်ကျပြီး သူ့သမီးရဲ့အလောင်းကို ကိုင်တွယ်ပေးခဲ့တဲ့ရို့စ်ကို သွားမေးကြည့်တော့ မသင်္ကာစရာကောင်းတာနဲ့ ရို့စ်ရဲ့အိမ်ကို လိုက်သွားခဲ့တဲ့အချိန်မှာ သူ့သမီးအသက်ဆက်ရှင်နေသေးတာကို တွေ့ခဲ့ရပါတယ်။ဒါပေမယ့် အဲ့လိုအသက်ဆက်ရှင်နေတာက ရိုးရိုးတန်းတန်း အသက်ရှင်နေတာမဟုတ်ပါဘူး။ ရို့စ်ကလဲလီလာကို အသက်ဆက်ရှင်နေအောင် ဘယ်လိုတွေလုပ်ထားတာလဲ ဘာလို့အသက်ဆက်ရှင်နေအောင်လုပ်ထားတာလဲ ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.2GB / 486MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
6.4 2023 99 mins
Birth/Rebirth
Beach Rats
6.4

Beach Rats (2017) ==================== အသက်၁၉နှစ်ရှိပြီဖြစ်တဲ့ ဖရန်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာ ဘရွတ်ကလင်မြို့စွန်လေးမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အဖေဟာ ကင်ဆာရောဂါနဲ့ အိပ်ရာပေါ်သေလုဆဲဆဲ လဲနေခဲ့တာကြောင့် သူဟာ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါး ဆေးကွဲပြီး အိမ်ကစိတ်ရှုပ်စရာတွေကို စိတ်ထွက်ပေါက်ပေးလေ့ရှိတဲ့သူပါ။ ဒါပေမယ့် ညဘက်တွေမှာတော့ လိုင်းပေါ်က၀က်ဘ်ဆိုဒ်တွေမှာ အသက်ကြီးကြီးယောက်ျားတွေကို ရှာကြည့်ပြီး စကားပြောတာ၊ ချိန်းတွေ့တာတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့လိင်စိတ်ခံယူချက်ကို သူကိုယ်တိုင်လက်မခံနိုင်တာကြောင့် ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းတွေကအစ မသိခဲ့ကြပါဘူး။ ဒါတင်မက မီးရှုးပွဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ တွဲလိုက်ပါသေးတယ်။ ဒီဇာတ်ကားဟာ ‌ဆေးစွဲပြီး လိင်စိတ်ခံယူချက်မပြတ်သားတဲ့ လူငယ်တစ်ယောက်၊ ဘော်ဒါတွေကြားမှာ၊ ရည်းစားရဲ့အနားမှာ သူ့ပြဿနာတွေကို တစ်ကိုယ်ရည်ဖြေရှင်းဖို့ ကြိုးစားနေတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အနားယူရင်း ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းပေးလိုက်ပါတယ်။ မတော်တရော်လေးတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ File size… 2 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

6.4 2017 99 mins
Beach Rats
The Russian Bride
5.2

The Russian Bride (2019) =================== ဆေးသမားရဲ့ မိန်းမဖြစ်ရတာ ဘယ်လောက်သနားဖို့ကောင်းမလဲ။ ဆေးသမားရဲ့ ဆိုးမွေတွေကိုပဲ ထပ်တလဲလဲခံစားရတဲ့ သနားစရာ ရုရှားအမျိုးသမီးတစ်ဦး။ တကယ်တော့ သားသမီးဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပါပဲ။ သားသမီးကို ဆုံးရှုံးရတော့မယ့် ဖခင်တစ်ယောက်က ဘယ်လိုခံစားနေရမလဲ။ ငွေပုံပေါ်မှာထိုင် ပြီး မပျော်နိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ ငွေမရှိတဲ့ မျက်နှာမွဲဘဝမှာ ဒုက္ခရောက် ရလေသူ အမျိုးသမီးတစ်ဦး။ ရုရှားမတစ်ယောက် အမေရိကန်ကို လက်ထပ်ဗီဇာနဲ့ ရောက်လာတယ်။ သူနဲ့လက် ထပ်မယ့်သူက သူဌေးကြီး။ သူတို့က အွန်လိုင်းက ဖူးစာရှာရေးဝက်ဆိုက်ကနေ တွေ့ကြတာ။ အမျိုးသမီးမှာ သမီးလေးတစ်ယောက်ပါတယ်။ အမျိုးသားမှာ သား လေးတစ်ယောက်ရှိတယ်။ သူတို့ရဲ့ဖူးစာက မရိုးရှင်းလှဘူးပေါ့လေ။ အမျိုးသမီးက ငွေရှိတဲ့သူနဲ့လက်ထပ်ပြီး ဘဝထွက်ပေါက်ရှာသူဖြစ်သလို အမျိုးသားကလည်း အကြံအစည်နဲ့ လက်ထပ်ခဲ့သူပါ။ Horror ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း သတို့သမီးက အဲဒီအိမ်ကြီးထဲမှာ အသက် ရှင်ရေးအတွက် ရုန်းကန်ရဖို့ဖြစ်လာတယ်။ အနီးဆုံးအိမ်နီးချင်းက မိုင် ၂၀ အကွာ မှာတဲ့။ သမီးတစ်ဖက်နဲ့ ရုရှားဂျက်မ ကြမ်းပြမယ့်ဇာတ်ကားပေါ့လေ။ သရဲလိုလို မိစ္ဆာလိုလိုတွေလည်း ပါရဲ့ဗျာ။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာမလို့ ကြည့် လိုက်ကြပါစို့ရဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.89 GB) / (856 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator……Arr Khun Winchester Encoder……….SWM

Action • Thriller • Fantasy • Crime
5.2 2019
The Russian Bride
Old Dads
6.2

Ant Man ထဲမှာဇာတ်ပို့အဖြစ်နာမည်ကြီးတဲ့ Bobby Cannavale နဲ့ အက်ရှင်ဇာတ်ကြမ်းတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Bokeem Woodbine နဲ့ဟာသမင်းသား Bill Burr တို့သုံးယောက်ပေါင်းပြီး ရိုက်ကူးထားတဲ့ Old Dads ဆိုတဲ့ဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ IMDb Rating 6.3 ရရှိထားပြီးကြည့်လို့ကောင်းတဲ့ထဲမှာ ပါတဲ့ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲအသက်ကြီးမှ အဖေထဖြစ်တဲ့ဂျက်ခ် ကော်နာနဲ့ မိုက်ခ်တို့သူငယ်ချင်းသုံးယောက်နဲ့ သူတို့မိသားစုအကြောင်းတွေကို အဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။သူတို့ သူငယ်ချင်း သုံးယောက်က အားကစားအင်္ကျီထုတ်တဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ကြပြီး အဲ့ဒီကုမ္ပဏီကို ရောင်းလိုက်ကြတဲ့အခါမှာတော့ အဲ့ဒီကုမ္ပဏီရဲ့ဝန်ထမ်းတွေအဖြစ်နဲ့ ပြန်ပြီးအလုပ်ဝင် ရပါတော့တယ်။ပိုင်ရှင်ဘဝကနေ ဝန်ထမ်းဘဝရောက်သွားတာဆိုတော့ သူတို့ဘဝတွေ ကလည်း ပိုကြပ်တည်းလာပါတော့တယ်။အဲ့ဒီအပြင်ကိုမှ မိသားစုပြဿနာတွေနဲ့ လုံးလည်ချာလည်ရိုက်ရင်း ဖြစ်လာတဲ့ပြဿနာတွေကလည်း မနည်းပါဘူး။ဒါပေမယ့် အဖေတွေဆိုတာက အဲ့လိုပြဿနာတွေကိုကျော်လွှားပြီး မိသားစုရဲ့တာဝန်ကို ကျေပွန်အောင် ကြိုးစားရတဲ့လူတွေပါပဲ။ဒီတော့ အဲ့ဒီအခက်အခဲတွေကို သူတို့ သူငယ်ချင်းသုံးယောက် ကျော်လွှားကြရင်းနဲ့ ဖြစ်လာတဲ့ရယ်စရာတွေ ဝမ်းနည်းစရာတွေကိုပေါင်းစပ်ပြီး ပညာပေးတဲ့အနေနဲ့ပါရိုက်ကူးထားတဲ့ လက်လွှတ်မခံကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.59GB / 735MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2023
Old Dads
Mysterious Things in the Deep Forest
5.8

တော်လှန်ရေးခေတ်ကိုအခြေခံပြီးရိုက်ထားတဲ့ စွန့်စားခန်းဇာတ်ကားလေးပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၃)နှစ်တုန်းက ပိုင်ရှန်တောနက်ထဲမှာပျောက်သွားတဲ့ မီးရထားပေါ်မှာဇနီးပါသွားတာကြောင့် တောနက်ထဲဝင်ရှာမယ့် …….မာဟိန်ယွမ် အစ်မဖြစ်သူကိုရှာဖို့အတွက် ခဲအိုနဲ့အတူစွန့်စားမယ့်…… ဖုကွေ့ အဲဒီမီးရထားပေါ်မှာပဲပါသွားတဲ့ ညီလေးကိုရှာမယ့် ….. ခါဝါဂူချီ ဂျပန်လူမျိုးခါဝါဂူချီခိုင်းသမျှကို အခကြေးငွေနဲ့လုပ်ပေးပြီး လောဘကြီးတဲ့ ဓားပြဗိုလ်…. ပေပါ့ထျန်း ရည်ရွယ်ချက်မတူတဲ့ဒီလူတွေဟာအုပ်စုဖွဲ့ပြီး ပိုင်ရှန်းတောင်ကတောနက်ကြီးထဲကိုဝင်ကြတဲ့အခါ ဘယ်လိုဆန်းကြယ်တဲ့အရာတွေကစောင့်ကြိုနေမလဲ…… မီးရထားကြီးဆန်းကြယ်စွာပျောက်သွားတဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ……

5.8 2023
Mysterious Things in the Deep Forest
Silenced
8.1

မနက်က ဒီရုပ်ရှင်လေးအကြောင်းကို M-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေ credit ပေးတင်ပေးထားတာကို ဖတ်မိတော့ ကြည့်လိုက်မိတယ်။ တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ ခံစားချက်အပြည့်ပေးပါတယ်။ ဒီနေ့လည်း group ထဲမှာ လူတွေအများကြီး လာတောင်းနေတော့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့ အနုပညာသမားတွေကြောင့် အပြင်လောကမှာ တရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်က မူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာ နှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင် ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံး စကားလုံးတွေကိုပဲ သုံးသွားပြီး ခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့ အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ ရုပ်ရှင်ကားတစ်ကား ဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ —————————————————————– မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။ အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး.. တစ်ကားပြီးပါပဲ။ ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာ နှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီး ကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်း အရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာ ကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။ . ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့် ဒါဟာ တကယ့်အဖြစ်အပျက်ကို ရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကို ဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။ . ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့ နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။ အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ဆွံအနားမကြားကျောင်းတစ်ကျောင်းက အဖြစ်ကို အခြေခံထားတာဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာ အမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။ Gwangju က ဆိုးလ်မြို့နဲ့ လေးနာရီလောက်ပဲ ကားမောင်းရတဲ့နေရာပါ။ ဒါပေမယ့် ဆွံ့အနားမကြားကျောင်းသူတွေ အနိုင်ကျင့်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေအတွက် အဲဒီမှာ လူတွေဆန္ဒပြနေတာ ၆နှစ်ရှိခဲ့ပါပြီ။ သတင်းမီဒီယာကလည်း ကျယ်ကျယ်ပြန့်ပြန့်မလွှင့်ခဲ့တော့ အဲဒီအကြောင်းကို လူသိနည်းခဲ့ပါတယ်။ စစချင်းမှာ တရားခံလေးဦးကို ဖမ်းဆီးခဲ့ပေမယ့် ထိရောက်တဲ့ပြစ်ဒဏ်မပေးခဲ့တဲ့အပြင် တချို့တရားခံကို တရားသေလွှတ်ပေးခဲ့တယ်။ ဒါကို စာရေးဆရာက စိတ်ဝင်စားပြီး မတရားခံရတဲ့ ကျောင်းသူတွေနဲ့ ၁ဝ ရက်တာအတူသွားနေပြီး တွေ့ဆုံမေးမြန်းခဲ့တယ်။ အဲဒီနောက် အဲဒီဝတ္ထုကို ရေးသားခဲ့တယ်။ . အဲဒီဝတ္ထုထုတ်ဝေလိုက်တာနဲ့ လူအများရဲ့ အားပေးဖတ်ရှုခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထွက်ပြီး သိပ်မကြာခင်မှာပဲ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ . ၂ဝ၁၁ ခုနှစ်မှာ အဲဒီရုပ်ရှင်ကားကို ရုံတင်ခဲ့ပါတယ်။ ရုံတင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုးရီးယားတစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဆူညံသွားခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ လက်မှတ်အရောင်းရဆုံး ကားတစ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုံတင်ပြီး ၃ပတ်အတွင်း ၁၉နှစ်အထက်ကြည့်ကားအဖြစ် လက်မှတ်စောင်ရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်။ ၁ဝ ပတ်အတွင်းမှာ လက်မှတ်ရောင်းရငွေ ကိုးရီးယားငွေ ၃၅ ဘီလီယံ ရှိခဲ့ပါတယ်။ . အဲဒီရုပ်ရှင်ကြောင့် ဆွံ့အ နားမကြား ကျောင်းသူကျောင်းသားတွေ မတရားခံနေရတဲ့အဖြစ်ကို ကိုးရီးယားတစ်နိုင်ငံလုံး သိသွားခဲ့တယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်းပြီး တရားသေလွတ်လိုက်တဲ့ တရားခံကို ပြန်စစ်ဆေး၊ စီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။ . နဂိုရှိတဲ့ ပေါ့လျော့တဲ့သက်ငယ်မုဒိမ်းမှုဥပဒေကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ ဥပဒေပြင်ဆင်ရေးဆွဲဖို့အထိ ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ လူတွေလျစ်လျူရှု့ခဲ့မိတဲ့ မတရားမှုဟာ အမှန်တရားရုပ်လုံးပေါ်လာခဲ့ပါတယ်။ နဂို တရားခံလေးယောက်ကနေ ကျောင်းအုပ်အပါအဝင် တရားခံဆယ်ယောက်အထိ ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့တယ်။ . ရုပ်ရှင်ကားရုံတင်ပြီး ၃၅ရက်နေ့မြောက်မှာ ကိုးရီးယားလွှတ်တော်က မဲ၂ဝ၇ မဲ နဲ့ နဂို ၇နှစ်သက်တမ်းအထက်ပြစ်ဒဏ်ဆိုတဲ့ မသန်စွမ်းသူနဲ့ သက်ငယ်မုဒိမ်းမှုဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့တယ်။ အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေက မသန်စွမ်းအမျိုးသမီးကိုလည်းကောင်း၊ အသက် ၁၃နှစ်အောက် ကလေးသူငယ်ကိုလည်းကောင်း အဓမ္မပြုလုပ် အနိုင်ကျင့်ရင် ကြီးလေးတဲ့ပြစ်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ . အဲဒီရုပ်ရှင်ဟာ ကိုးရီးယားနိုင်ငံရဲ့ တရားဥပဒေမမျှတမှု၊ လာဘ်စားမှုတွေကို မီးမောင်းထိုးပြနိုင်ခဲ့သလို မသန်စွမ်းသူတွေ တန်းတူအခွင့်အရေး၊ ကူညီစောင့်ရှောက်မှုရရှိရေးအတွက်လည်း ဆော်သြပေးနိုင်ခဲ့ပါတယ်။ . (အခွင့်ရရင်တော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ အဲဒီကားမှာ ဘာနည်းပညာ၊ ဘာထူးဆန်းတဲ့ သရုပ်ဆောင်ကွက်တွေမှ မပါပါဘူး။ ဒါပေမယ့် ကိုးရီးယားတစ်မျိုးသားလုံးကို နိုးထစေနိုင်ခဲ့ပါတယ်) Credit – Nine Nine Sanay @ နိုင်းနိုင်းစနေ

8.1 2011
Silenced
Ghostlight
7.7

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ မှ ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb rating 7.8 အထိ ရရှိထားတဲ့Family Drama အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း- ဒန်ဟာ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီး သူ့ဇနီးနဲ့ အနုပညာဝါသနာပါတဲ့ သမီးလေး ဒေစီနဲ့အတူ နေထိုင်တယ်။ ဒန် တို့ မိသားစုက အတိတ်က ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာကိုယ်စီ ရှိနေခဲ့တာဖြစ်ပြီး မိသားစုအတွင်းမှာလည်း ထုတ်မပြောနိုင်ခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေရှိနေကြတယ်။ တစ်နေ့မှာတော့ ဒန်က မမျှော်လင့်ထားပဲ ပြဇာတ်အဖွဲ့တစ်ခုနဲ့ ပူးပေါင်းမိသွားတယ်။ ပြဇာတ်အဖွဲ့က ရိုမီယိုနဲ့ဂျူးလိယက် ပြဇာတ်အတွက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ မိသားစုအတွင်း ဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်ဒဏ်ရာတွေကြောင့် ထိခိုက်ရပုံတွေကို ဇာတ်လမ်းသွား အေးအေးလေးနဲ့ဖော်ပြထားတာဖြစ်ပြီး ဒန်တို့ မိသားစု ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတွေအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ Family Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ အတူတူကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ။ File size…2.19GB/ 1.04GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

7.7 2024 115 mins
Ghostlight
Chicken for Linda!

ဒီတစ်ခါမှာတော့ ချစ်စရာ ပြင်သစ် animation ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် လင်ဒါဆိုတဲ့ ကလေးမလေးက ငယ်ငယ်လေးကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး အမေဖြစ်သူ ပူလတ်နဲ့ နှစ်ယောက်တည်း နေထိုင်ပါတယ် တစ်နေ့မှာတော့ မေမေက လင်ဒါ့ကို သူ့လက်စွပ်ခိုးတယ်လို့ စွပ်စွဲပြီး အပြစ်ပေးတဲ့ အနေနဲ့ သဘောဆိုးတဲ့ လင်ဒါရဲ့ အန်တီ့အိမ်မှာ တစ်ညသွားထားပါတယ် တကယ်တမ်း လက်စွပ်ကို သမီးလေးခိုးတာမဟုတ်မှန်း သိသွားတဲ့အခါ သူ့ညီမအိမ်ကနေ သမီးကို သွားပြန်ခေါ်လာပြီး သမီးလိုချင်တာတစ်ခု ပြန်လုပ်ပေးဖို့ ကတိပေးလိုက်ပါတယ် အဖေ့ကို မမှတ်မိတော့ပေမယ့် လင်ဒါလေးဟာ အဖေချက်တဲ့ ထူးရှယ်ကြက်သားဟင်းကို စားချင်တယ် ပြောလာလို့ ကြက်သားရှာဝယ်ပေမယ့် အလုပ်သမားသပိတ်ကြောင့် ဆန္ဒပြပွဲတွေဖြစ်ပြီး ဈေးတိုင်းပိတ်ထားတဲ့အခါမှာ ဘယ်လိုတွေ ဆက်လက်ကြုံရမလဲ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre… Animation, Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
Chicken for Linda!
Harold and the Purple Crayon
6

Harold and the Purple Crayon ကတော့ ဟာသ၊ စွန့်စားခန်းနဲ့ စိတ်ကူးယဉ်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ကလေးတွေရဲ့ဂန္ထဝင် ကာတွန်းဖြစ်တဲ့ Harold ကို အခြေခံရိုက်ကူးထားတာပါ။ ကာတွန်းစာအုပ်ထဲကာဟာရိုးလ်ဟာ ခရမ်းရောင် ရောင်စုံခဲတံနဲ့ သူဆွဲလိုက်တဲ့အရာတိုင်းက အသက်ဝင်လာပြီး ကာတွန်းကမ္ဘာထဲမှာ ကိုယ်ပိုင်စွန့်စားခန်းတွေထွက်လေ့ရှိပါတယ်။ ဟာရိုးလ်နဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့သမင်နဲ့ဖြူကောင်အပြင် ဇာတ်ကြောင်းပြောသူ ပါရှိခဲ့ပေမယ့် တစ်နေ့မှာ ဇာတ်ကြောင်းပြောသူရဲ့ အသံကို မကြားရတော့တဲ့အတွက် ဟာရိုးလ်တစ်ယောက် ပြင်ပကမ္ဘာကို ထွက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရောင်စုံခဲတံနဲ့ဆွဲတဲ့တံခါးကတစ်ဆင့် ပြင်ပကမ္ဘာအစစ်ကိုရောက်ရှိ လာတဲ့ဟာရိုးလ်ဟာ တယ်ရီနဲ့မဲလ်တို့သားအမိနဲ့တွေ့ဆုံခဲ့ပြီး အပြန်အလှန် ကူညီကြရင်း ဟာရိုးလ်က သူ့အဖေလို့မှတ်ယူထားတဲ့ဇာတ်ကြောင်း ပြောသူကို လိုက်လံရှာဖွေနေခဲ့ပါတယ်။ မဲလ်ရဲ့အကူအညီနဲ့ စာကြည့်တိုက်တစ်ခုမှာသွားရှာရာကနေ စာကြည့် တိုက်မှူးဂယ်ရီက ဟာရိုးလ်ရဲ့ဘာမဆိုဖန်တီးနိုင်တဲ့ရောင်စုံခဲတံကို လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံစည်ပါတော့တယ်။ ဟာရိုးလ်က ရောင်စုံခဲတံနဲ့ လူတွေကိုပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိပေမယ့် ဂယ်ရီကတော့ သူ့ရဲ့အမုန်းတွေ၊ လက်စားချေလိုစိတ်တွေအတွက် အသုံးချဖို့လုပ်ဆောင်လာတဲ့အခါ ဟာရိုးလ်တစ်ယောက် ကမ္ဘာအစစ်ထဲက သူချစ်တဲ့သူတွေကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…4.77GB / 2.27GB / 1.14GB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 30m Genre ….. Adventure , Family , Fantasy , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2024
Harold and the Purple Crayon
[18+] Belyas

Belyas (2025) ယိုဆေဖာဟာ အနိုင်ကျင့်တတ်တဲ့၊ ကိုယ့်သဘောနဲ့ကိုယ်ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ခင်ပွန်းသည်နဲ့အိမ်ထောင်ရေးမှာပိတ်မိနေတဲ့ အိမ်ရှင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေရိုက်သွင်းခဲ့တဲ့ သူဟာအသုံးမကျတဲ့သူ၊မဖြစ်ထွန်းတဲ့သူ အစရှိတဲ့စကားတွေကိုနားယောင်ပြီး သူ့ခင်ပွန်းရဲ့သူ့အပေါ်ကျွန်သာသာဆက်ဆံမှုကို သူကိုယ်တိုင်က လိုလိုလားလားခွင့်ပြုထားခဲ့တာပါ။ တစ်နေ့တော့ သူတို့ပိုင်အခန်းလွတ်တစ်ခန်းကိုပြောင်းရွှေ့လာတဲ့ မိန်းမချင်းလိင်တူချစ်သူစုံတွဲတစ်တွဲဟာ သူ့အခြေအနေကိုရိပ်စားမိလာကူညီပေးရာကတစ်ဆင့် ဒီလိုငြီးငွေ့ဖွယ်ဘ၀ထဲက သူ့ကိုကယ်ထုတ်သွားနိုင်မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(910 MB) / (370 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:10:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Action • Comedy • Fantasy
0 2025
[18+] Belyas
Thrayam
5.2

Thrayam (2024) “လှုပ်လှုပ်ရှားရှား ညလေးတစ်ည” မလေယာလမ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ညအချိန်မှာ တချို့က အပျော်ရှာကြသလို တချို့က စီးပွားရှာဖို့ရုန်းကန်ရပြီး မဟုတ်တာလုပ်ကြသူတွေလည်း ရှိနေပါတယ် ဒီဇာတ်လမ်းလေးမှာ တစ်ညတာအချိန်က ဇာတ်ကောင်ပေါင်းများစွာရဲ့ အဖြစ်အပျက်တွေ၊ လှုပ်ရှားမှုတွေကို အချိတ်အဆက်တွေနဲ့ ပုံဖော်ထားတာပါ မိန်းမတစ်ယောက်ကိုချစ်မိလို့ သောကများနေတဲ့ လူတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို အပြာဗီဒီယိုနဲ့ ငွေညှစ်ချင်တဲ့ ကလေကဝတစ်သိုက်နဲ့ ဉာဏ်များတဲ့ မဒီလေးတစ်ယောက် တစ်ညဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်တွေကြားမှာ ဘယ်လိုဆက်နွယ်နေမှာလဲ၊ မထင်မှတ်ထားတာတွေပါ ဆက်ဖြစ်လာတဲ့အခါမှာတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo မှ ဖြစ်ပါတယ်

Action • History • Drama
5.2 2024 120 mins
Thrayam
The Tale of Iya

The Tale of Iya (2013) ********************** ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဇာတ်ကားတစ်ကား ကြည့်နေရတာထက် ရိုးရှင်းတဲ့ ကဗျာလေး တစ်ပုဒ်ကို ဖတ်‌နေရသလို ခံစားရစေမဲ့ ဂျပန်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ………………… တိုကူရှီမားခရိုင်၊ အီယာဒေသ အလယ်ပိုင်းမှာရှိတဲ့ တောင်ထိပ်တွေနဲ့ မျက်နှာပြင် မညီညာတဲ့ နေရာဒေသတွေကို ရုပ်မြင်သံကြား ကဗျာတစ်ပုဒ်အဖြစ် ပုံဖော်ရိုက်ကူးထားပါတယ်။ အီယာတောင်ထိပ်မှာ အဖိုးနဲ့ မြေးမဖြစ်သူ ဟာရုနာတို့က လျှပ်စစ်မရှိ၊ ဓာတ်ငွေ့မရှိ တိတ်ဆိတ်ပြီး ကိုယ်တိုင်လုပ် ကိုယ်တိုင်စားဘဝနဲ့ ရှင်သန်နေထိုင်ကြပါတယ်။ တစ်နေ့မှာ တိုကျိုမြို့သား ခုဒိုဟာ ရွာကို အလည်လာရင်း သူတို့မြေးဖိုး နှစ်ယောက်ဆီမှာ နေထိုင်ဖို့ ဖြစ်လာပါတယ်။ ၃၅ မီလီမီတာဖီလင်ဖြင့် ရိုက်ကူးထားပြီး အဘွားရွာသူကြီးတစ်ဦး၊ တောင်ပေါ်မှာပဲ မြေးမလေးနဲ့ သီးသန့်နေတဲ့ အဘိုးကြီးတစ်ဦး၊ သစ်တောမပြုန်းတီးရေးအတွက် ဂျပန်တွေကို ပြန်ပြီး ဆန္ဒပြကြတဲ့ နိုင်ငံခြားသားဧည့်သည်တွေ… မြို့ပေါ်မှာ ပြဿနာတစ်ခု ကြုံတွေ့ပြီး အလည်လာတဲ့ တိုကျိုမြို့သားတစ်ဦး၊ မြို့သားတွေကို သဘောမကျတဲ့ သက်လတ်ပိုင်း ရွာသားတစ်ဦး၊ ထိုလူတွေရဲ့ စိတ်ဝင်စားဖွယ်အကြောင်းများကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Spoil မပါအောင် ဒီထိပဲပြောပါမယ်ဗျ။ ဒီထဲမှာ ရင်ထဲထိတဲ့ စကားလေးတစ်ခွန်းကတော့ သပိတ်ခေါင်းဆောင် မိုက်ကယ် သူ့နိုင်ငံကို မပြန်ခင် ပြောသွားတာလေးပါ။ “နောက်ဆုံးတော့ ငါတို့ဟာ အပြင်လူတွေပါပဲ” ပြင်ပလူတွေက ဘယ်လောက်ပဲ ကောင်းစားအောင် ကြိုးစားပေးနေပါစေ ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ပဲ ကောင်းအောင် လုပ်နိုင်မယ်ဆိုတာကို အသိသတိရှိမိ‌စေမှာပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.89GB / 955MB Quality… BluRay 1080p/ 720p Format…mp4 Duration….2 hr. 50 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Comedy • Drama • Romance
0 2013 170 mins
The Tale of Iya