YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Bad Boy 2023 WebRip 1080p YK(CM).mp4

2.37 GB N/A video/mp4 230 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bon Bini: Judeska in da House
5.2

Bon Bini: Judeska in da House (2020) =========================== အဆိုပါဒတ်ချ်ဟာသရုပ်ရှင်သည် ကမ္ဘာ့ရောဂါကပ် ကိုဗစ်၁၉ ဖြစ်ပွားချိန်၌ ဇာတ်အိမ်တည်ထားပါသည်။ လူမျိုးရေးခွဲခြားမှု ဟာသတွေ၊ အဆုံးမှာ အသားရောင်အခြေခံခွဲခြားခြင်းကို ဆန့် ကျင်ကျော်လွန်လက်ခံသွားတဲ့ လူဖြူဇာတ်ကောင်တွေအကြောင်း အား ကလီရှေးဆန်ဆန်ရိုက်ကူးထားပါတယ်။ ထူးခြားတာက သရုပ်ဆောင် Jandino Asporaat ပါ။ ဇာတ်လမ်းအဆုံး ဂူဂဲလ် မှာရှာဖတ်ကြည့်တော့မှ အမျိုးသားသရုပ်ဆောင်ဟာ အမျိုးသမီး ကဲ့သို့ဝတ်ဆင်ကာ သရုပ်ဆောင်ထားမှန်းသိရအောင်ကို ပီပြင် လွန်းခဲ့တာပါ။ ဟော်လီဝုဂန္တဝင် ရော်ဘင်ဝီလီယံ ရဲ့ Mrs Doubtfire ဇာတ်ရုပ်ကိုမြင်ယောင်မိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကို ရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေး ရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှ ကပ်ဆိုးရောဂါ ကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ် ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့ တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက် ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါ တော့တယ်။ စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော် လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ် တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထား ကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့ သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာ တဲ့ ဝန်ကတော် လက်စ်လော့ပဲဖြစ်ပါတယ်။ မဟုတ်မခံ ကိုယ့်ကိုလာ လုပ်ရင် နှစ်ဆလောက်ပြန်တွယ်ရမှကျေနပ်တဲ့ ဂျူဒပ်စကာနဲ့ လူမျိုး ရေးခွဲခြား ဧည့်ဝတ်မကျေတဲ့ လက်စ်လော့တို့ ထိပ်တိုက်တွေ့ကြပုံ များကို ဟာသနှောကာကြည့်ရှုရမှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဟာ အကြောင်းရာထက် တင်ပြပုံကိုသာဦးစားပေးကြည့်သင့်ကြောင်း သတင်းပါးလိုပါတယ်။ ကြည့်ရှုခံစားကြပါခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Aung Kaung Paing ဖြစ်ပါတယ်) File Size..........(1.61 GB) / (629 MB) / (364 MB) Quality............WEB-DL 1080p / 720p  / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Aung Kaung Paing Encoder..........SWM

Crime • Mystery • Thriller
5.2 2020 81 mins
Bon Bini: Judeska in da House
The I Inside
6

ကြိမ်ဖန်များစွာ ပြန်ပြင်ဆင်ချင်မိတဲ့အချိန်တွေဆိုတာ လူသားတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းအကျဥ်းကတော့ ကားတိုက်မှုတစ်ခုကနေ သတိပြန်ရလာတဲ့မစ္စတာကေဘယ်က ၂နှစ်တာမှတ်ဉာဏ်ပျောက်ဆုံးသွားပြီးနောက်မှာ ဖြစ်ပျက်ခဲ့သမျှမှတ်ဉာဏ်အပိုင်းအစတွေကို တစ်ခုချင်းပြန်လည်ရှာဖွေတော့တယ်။ မှတ်ဉာဏ်တွေကို သတိရလာသလိုမဟုတ်ပဲ ကိုယ်ကိုယ်တိုင် အတိတ်ကိုရောက်သွားသလိုဖြစ်လာခဲ့တယ်။ လူမှုရေးဖောက်ပြန်မှုတွေ၊ အမွေဝေစုမတည့်တဲ့အစ်ကိုနဲ့ မစ္စတာကေဘယ်ကြား အဖြစ်အပျက်တွေ၊ ဆေးရုံနဲ့ အမွေဆိုင်အိမ်ကြားမှာ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေတဲ့ မစ္စတာကေဘယ်ရဲ့မှတ်ဉာဏ်တွေ...နောက်ဆုံးမှာတော့ ဖြစ်ပျက်နေသမျှအရာအားလုံးရဲ့ အကြောင်းအရင်းအမှန်ကိုသိခဲ့ရပါတယ်။ ဒီကားကတော့ နောက်ဆုံးဇာတ်သိမ်းခန်းမှာမှ ဇာတ်ဖြည်ပေးတဲ့ကားမျိုးပါ။ မစ္စတာကေဘယ်က တကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲ၊ ပြန်လည်ပြင်ဆင်ချင်တာတွေကိုရော ပြင်ဆင်ခွင့်ရပါ့မလား၊ အတိတ်ရဲ့အမှားတစ်ခုကနေ လွတ်မြောက်ခွင့်ရနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလို့ရပါပြီ။ File size…(2 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Drama, Thriller, Mistery, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Romance
6 2004 90 mins
The I Inside
The Matrix Resurrections
6.5

၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။ အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။ လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။ အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။ (ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်) Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသားတွေရဲ့စိတ်က ဖြစ်တည်မှုအစစ်လို့ လက်မခံနိုင်တဲ့အတွက် Matrix ပထမဆုံးပရိုဂရမ် ကျရှုံးသွားပါတော့တယ်။ ဒီတော့ စက်ရုပ်တွေက လူသားတွေကို စစ်တွေဆက်တိုက်ဖြစ်နေပြီး ဒုက္ခပင်လယ်ဝေနေတဲ့ Matrix တစ်ခုဖန်တီးပေးပြန်ပါတယ်။ ဒါကိုလည်း လူသားဦးနှောက်က လက်မခံပြန်ပါဘူး။ နောက်ဆုံးမှာတော့ လူသားတွေရဲ့ဘဝအစစ်လို့ အဓိကယုံကြည်စေဖို့ လိုအပ်တဲ့အရာဟာ Choice လို့ခေါ်တဲ့ ရွေးချယ်မှု ရှိတယ်လို့ ထင်ရတဲ့ ကမ္ဘာပဲဆိုတာ စက်ရုပ်တွေ သိသွားပါတယ်။ ဒီတော့မှ Matrix ဟာ အောင်မြင်ပြီးလူသားတွေကို ဖြစ်တည်မှုအတုထဲမှာ အကျဉ်းချထားနိုင်ပါတော့တယ်။ ဒီ Matrix ထဲမှာပဲ ရင်းမြစ်ကုတ်ကို ထိန်းချုပ်တဲ့ Architect ဗိသုကာဆိုတဲ့ လူကို ဖန်တီးထားလိုက်တယ်။ ပြီးတော့ လူသားတွေကိုလေ့လာပြီး ပြောင်းလဲပေးနိုင်ဖို့ ရှေ့ဖြစ်ဟော Oracle ဆိုတဲ့ ပရိုဂရမ်တစ်ခုကိုဖန်တီးထားတယ်။ ဒါပေမဲ့ ဒီ Matrix ဟာလည်း လူသား ၉၉ ရာနှုန်းကိုပဲ လှည့်စားနိုင်ပါတယ်။ ၁ ရာခိုင်နှုန်းကတော့ ဒါဟာ အတုအယောင်လို့ သံသယဝင်လာတဲ့ ပရိုဂရမ်ချို့ယွင်းချက်တွေဖြစ်လာတယ်။ အဲဒီ မက်ထရစ်ကနေ လွတ်မြောက်လာပြီး Zion လို့ခေါ်တဲ့ နောက်ဆုံးလူသားတိုင်ပြည်ကို တည်ထောင်လာတယ်။ ပြီးတော့ ဒီလူတွေကပဲ Matrix ထဲကို ပြန်ဝင်လာပြီး လူသားအားလုံးကို လွတ်မြောက်အောင် ပြန်တိုက်ခိုက်လာတယ်။ ဒီလို error လူတွေကို ကာကွယ်ဖို့ အေးဂျင့်ဆိုတဲ့ အင်အားကြီးတဲ့ ပရိုဂရမ်မျိုးတွေဖန်တီးထားခဲ့တယ်။ ဒီတော့ Matrix စနစ် တည်ငြိမ်ဖို့ အဲဒီ ချို့ယွင်းကုတ်တွေ အားလုံးကို သယ်ဆောင်နေတဲ့ ပရိုဂရမ်တစ်ခုကို ဖန်တီးလိုက်တယ်။ The One ခေါ် Neo ပေါ့။ အဲဒီ The One ဟာ လူသားအားလုံးကို ကယ်တင်မယ့်သူလို့ Zion တွေ ယုံကြည်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီ The One ရဲ့ လမ်းကြောင်းဟာ နောက်ဆုံးမှာ ဗိသုကာဆီမှာ အဆုံးသတ်ပါတယ်။ Neo ဟာ လူသားတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးခံရမယ်။ သူသေသွားချိန်မှာ သူ့ရဲ့ မူလ ကုတ်တွေအားလုံးကို မူလရင်းမြစ်ကုတ်ထဲကို ပူးပေါင်းစေပြီး Matrix ကို reload ဖြစ် အစက ပြန်စတင်စေတာပါ။ Zion ဆိုတဲ့ လူသားကမ္ဘာကိုလည်း အားလုံးပျက်စီးစေမှာပါ။ မပျက်စီးခင်မှာ Neo ကို လူသား ၂၃ ယောက်ရွေးချယ်ခိုင်းပြီး Matrix အသစ်ပြန်စ Zion အသစ်ပြန်စပြီး နောက်တစ်ဖန် ထိန်းချုပ်လည်ပတ်စေတာပါ။ ဒီလိုနဲ့ Matrix ရဲ့ error တွေကိုရှင်းပြီး reload လုပ်ခဲ့တာ ငါးကြိမ်တိုင်ခဲ့ပါပြီ။ Neo ငါးယောက်လည်း သေဆုံးပြီးခဲ့ပါပြီ။ အခု Matrix ရုပ်ရှင်ထဲက ၆ ယောက်မြောက် Neo ကတော့ မတူတဲ့လမ်းကို ရွေးခဲ့ပါတယ်။ ရင်းမြစ်ကုတ်ဆီမှာ အသေခံရမယ့်အစား သူ့ချစ်သူ ထရစ်နတီကို ကယ်တင်ခဲ့တယ်။ နောက်ပြီးတော့ ဇိုင်ရွန်တွေ ပျက်စီးရမယ့်စား စစ်ပြေငြိမ်းနိုင်ဖို့ စက်ရုပ်မြို့တော်အထိ ရောက်အောင်သွားပြီး အပေးအယူလုပ်ပြီးမှ အသေခံခဲ့တာပါ။ ဒီလိုနဲ့ ကမ္ဘာကျော် Matrix ရုပ်ရှင်တွေ အဆုံးသတ်ခဲ့တာပါ။ ဒီတစ်ခါတော့ Matrix ပြန်လည်ရှင်သန်ခြင်းမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်လိုက်ရအောင်။ (Reviewed by Mr. Anderson) The Matrix ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=the+matrix+neo  မှာကြည့်ပါ။ File size… 5Gb / 3 Gb / 1.6 Gb / 800 Mb / 300 Mb Quality….Webrip 4K 2160p / 1080p / 720p / 720p HEVC / 480p Format…mp4 / mkv Duration….02:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson, Phyo Pyae Translated by CM Team

Crime • Thriller
6.5 2021 147 mins
The Matrix Resurrections
Thousand and One Lies (1001 Nunakal)
7.8

1001 Nunakal (2022) IMDb-8.0/10 ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။ နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်)

7.8 2022 104 mins
Thousand and One Lies (1001 Nunakal)
The Story of Yuan Tiangang
5.8

” ငါ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မမူတည်ဘူး ငါ့အပေါ်ပဲမူတည်တယ် ” ဒီဇာတ်ကားလေးကတော့ ကံကြမ္မာဆိုတဲ့အရာကိုမယုံတဲ့ ယွမ်ထျန်းကန်းတစ်ယောက်ကံကြမ္မာနဲ့ အတိုက်အခံလုပ်ပြီး ဘဝကိုရှင်သန်သွားတဲ့ဇာတ်ကားလေးပါ ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ယွမ်ထျန်းကန်းဆိုတဲ့ ကလေးလေးက ငယ်ငယ်တည်းက ကံကြမ္မာဆိုးတဲ့မွေးဖွားလာခဲ့တဲ့သူပါ ။ မွေးမွေးချင်းပဲ မိဘနှစ်ပါးအပြင် အိမ်နီးနားချင်းတွေကိုပါ ထူးဆန်းစွာ‌နဲ့သေသွားစေခဲ့ပါတယ် ။ အဲဒီလိုနဲ့ရွာသားတွေပါ သူ့ကိုမကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ကြပါတော့တယ် ။ ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ သူ့ရဲ့ဦးလေးဖြစ်သူက ယွမ်ထျန်းကန်းကိုခေါ်ထားပြီး သူ့နောက်ကိုလိုက်ပြီးတောက်ဓမ္မကျင့်စေပါတယ် ။ ဒီလိုနဲ့သူ အသက် ၁၅နှစ်မှာ အပြင်းအထန်ဖျားပြီးမေ့လဲသွားခဲ့ပါတယ် ။ ပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးလေးရော သူတို့ဂိုဏ်းတစ်ခုလုံး အမြစ်ပြန်သုတ်သင်ခံလိုက်ရတာကိုသိလိုက်ရပါတော့တယ် ။ အဲဒါကြောင့်ပဲ ယွမ်ထျန်းကန်းဟာ သူ့ကိုယ်သူအပြစ်တင်ရင် ကံကြမ္မာဆိုး ကံကြမ္မာကောင်းဆို‌တာတွေကိုမယုံဘဲ ကံကြမ္မာနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ် ။ သူ့ကိုယ်သူလူသတ်သမားအဖြစ်ခံယူရင်း ကံကြမ္မာနဲ့ဘယ်လိုတိုက်ခိုက်သွားမလဲ သူကရော အဆုံးမှာဘယ်လိုရှင်သန်ကျန်ရစ်ခဲ့မလဲ ? ပျောက်ဆုံးနေတဲ့ရတနာဓားနဲ့ သူကရောဘယ်လိုဆက်နွယ်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

5.8 2024
The Story of Yuan Tiangang
Jedna noc
6.8

IMDb Rating (6.8) (ပွင့်လင်းမြင်သာသော အဖော်အချွတ် ဇာတ်ဝင်ခန်းများ ပါဝင်သောကြောင့် ကလေးသူငယ်/မိသားစုနှင့် ကြည့်ရန်မသင့်ကြောင်းပါ) အာဒမ်ဆိုတာက တစ်ချိန်တုန်းက အောင်မြင်တဲ့ တီးဝိုင်းတစ်ခုက ရှေ့ထွက်အဆိုတော်တစ်ယောက်။ ကောင်မလေးတွေဆိုတာလည်း ဒီလိုဘဝမှာ အပေါအသောပဲပေါ့။ ဒါပေမဲ့ လူကတော့ အိမ်ထောင်သည်တစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ညမှာတော့ ဖျော်ဖြေပွဲအပြီး ပွဲကြည့်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြန်လမ်းမှာ သတိမမူ ဂူမမြင်ဆိုသလို အမှားတွေ ကျူးလွန်ပြီး ကားတိမ်းမှောက်ခဲ့ရာကနေ တစ်ဖက်မိန်းကလေးလည်း သေဆုံးပြီး အာဒမ်လည်း ထောင်ကျခဲ့တယ်။ ပြန်ထွက်လာချိန် မိန်းမဖြစ်သူလည်း ကလေးတစ်ဖက်နဲ့ Only Fan လို ဗီဒီယို ပြစားရင်း ငွေရှာနေရတယ်။ ပြစ်မှု မှတ်တမ်းဝင်သွားတဲ့ အာဒမ့်အတွက်လည်း အလုပ်အကိုင်က အခြေအနေမကောင်း။ အဲဒီမှာ တိုက်ခန်းလေးကလည်း နှင်ထုတ်တဲ့အချိန်မှာတော့….။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size…(990 MB) / (470 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:29:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thura Aung

6.8 2024
Jedna noc
Dharmaveer
7.9

Dharmaveer Mukkam Post Thane (2022) “စံပြ” IMDb 7.9 မာရသီစကားပြော ကိုယ်​ရေးအတ္ထုပတ္တိရုပ်ရှင်တစ်ပုဒ်ကို ရှုစားရမှာပါ သတင်းထောက်မလေးက ‘အာနန်ဒီဂေ’ ဆိုသူ နိုင်ငံရေးသမားတစ်ယောက် ကွယ်လွန်ခြင်းနှစ် ၂၀ ပြည့် အောက်မေ့သတိရအခမ်းအနားအတွက် သတင်းတင်ဆက်ပေးရဖို့ ဖြစ်လာတယ် ဒီသတင်းအတွက် ဘောလိဝုဒ်ပါတီတစ်ခုကို သွားရမယ့်အရေးကို ဆုံးရှုံးလိုက်ရတာကြောင့် ဘာမှန်းမသိတဲ့ ဒီလူ့ကို နေရင်းထိုင်ရင်းတင်းနေပါလေရော အဲဒီမကျေနပ်ချက်တွေကို သုံးဘီးသမားက ကြားတဲ့အခါ ကိုယ်မသိတဲ့လူကို သိအောင်လုပ်ဖို့ ဂူးဂဲလ်ကအချက်အလက်တွေနဲ့ မပြည့်စုံနိုင်ကြောင်း၊ သူတို့အရပ်ကပြည်သူတွေရဲ့နှလုံးသားထဲမှာ အာနန်ဒီဂေဟာ အမြဲရှိနေတဲ့အကြောင်း၊ သိချင်ရင် သူတို့လူတွေကို မေးမြန်းသင့်ကြောင်း ပြောလာပါတယ် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဆုံးပါးသွားတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝဇာတ်လမ်း၊ ပြည်သူတွေက သူကိုဘာလို့ဒီလောက်တန်ဖိုးထားကြလဲဆိုတာကို ဆက်လက်ကြည့်ရှုအားပေးရအောင်ပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni မှ ဖြစ်ပါတယ်

7.9 2022 178 mins
Dharmaveer
Tum Mile
5.5

Tum Mile (2009) Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။ မိုးလေဝသ စောင့်ကြည့်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးက မိုးသက်လေပြင်း ကျတော့မယ့် အရိပ်အကဲတွေ့တဲ့အတွက်ကြောင့် လေယာဥ်ကွင်းကို အကြောင်းကြားဖို့ လုပ်ပါတယ်။ ဒါပေမဲ့ တစ်ခြားဝန်ထမ်းတွေက အကြောင်းကြားလည်း ဘာမှ ထူးမှာမဟုတ်ကြောင်း ပြောတာကြောင့် ဒီအတိုင်းပဲထားလိုက်ပါတယ်။ လေယာဥ်ထဲမှာ မွန်ဘိုင်းကိုပြန်ကြမယ့် အက်ရှေးနဲ့ စန်ဂျနာ တို့ ပါလာပါတယ်။ အက်ရှေးနဲ့ စန်ဂျနာက လွန်ခဲ့တဲ့ ၆ နှစ်က ချစ်သူတွေဖြစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ ချစ်သူဟောင်းတွေပေါ့… သူတို့ရဲ့အချစ် ဇာတ်လမ်း အသစ်တဖန် ပြန်လည် စတင်လာမှာလား…… သူတို့ ဘာကြောင့်ကွဲကွာ သွားခဲ့ကြတာလဲ….. မုန်တိုင်း ဒဏ်ကနေ ဘယ်လို ရှောင်ထွက်ကြမှာလဲ…. ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ပြောကြားရင်း….. (ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်…) File Size : 2.17GB/ 960MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…02:10:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Tiff

5.5 2019 134 mins
Tum Mile
The Ash Lad: In Search of the Golden Castle Askeladden i Soria Moria slott
6.3

The Ash Lad: In Search of the Golden Castle (2019) Askeladden i Soria Moria slott IMDb Rating (6.3) ဒါကတော့ Lord of the ring တို့ Hobbit တို့လို စိတ်ကူးယဉ် Fantasy အမျိုးအစားကိုမှ နော်ဝေးရုပ်ရှင်ကားလေးပါ။ ဒီထဲမှာ မျှင်စာတွေ မှော်တွေ ဘုရင်နိုင်ငံတွေနဲ့စိတ်ကူးယဉ်ဆန်ဆန်လေး ရိုက်ထားပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားက မင်းသမီးကို မျှင်စာလက်ကနေကယ်ဖူးတဲ့အတွက် အစေခံ မင်းသားညီအကိုတွေကို ဘုရင့်မင်းသမီးက သူ့ရဲ့ ၁၉ နှစ်မွေးနေ့မှာ နန်းတော်ကိုဖိတ်လိုက်ပါတယ်။က ကံဆိုးစွာနဲ့ပဲ အဲ့နေ့မှာပဲ ဘုရင်ကြီးက အဆိပ်ခပ်ခံလိုက်ရပြီး မနိုးသောအိပ်ခြင်းနဲ့ အိပ်စက်သွားပါတယ်။ မင်းသားရဲ့ ညီအစ်ကိုတွေကလည်း ဘုရင်ကြီးကို အဆိပ်ခပ်မှုနဲ့ စွပ်စွဲခံရပြီး ဒီဟာကိုဖြေရှင်းဖို့ ဆော်ရီယာမော်ရီယာဆိုတဲ့ စိတ်ကူးယဉ်နန်းတော်ကြီး ထဲက အသက်ရေစင်ကိုသွားယူပါတယ်။ ဒီလမ်းကိုသွားတဲ့ စွန့်စားခန်းတွေကို ရင်တမမနဲ့ ကြည့်ရှူရမှာပါ။ ဒီကားက ဒုတိယမြောက်ကားဖြစ်ပြီး ပထမကားကို ဒီမှာ https://www.channelmyanmar.to/the-ash-lad-in-the-hall-of-the-mountain-king2017/ ကြည့်လို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Linn Myat မှ တင်ဆက်ထားပါတယ်။)

6.3 2019 99 mins
The Ash Lad: In Search of the Golden Castle Askeladden i Soria Moria slott
Thursday
7.1

Thursday (1998) IMDb Rating (7.1) / Rotten Tomatoes (43%) ရုပ်ရှင်အဖွင့်မှာတော့ ခပ်မိုက်မိုက်ပဲ ဘာမဟုတ်တာလေးနဲ့ လက်ရဲဇက်ရဲသတ်ရဲတဲ့လူတစ်စုနဲ့ စထားပါတယ်။ ကေစီဝဲလ်စ်က ဗိသုကာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာမတွေ့တာတော်တော်ကြာနေပြီဖြစ်တဲ့သူငယ်ချင်းနစ်ဆီကနေ ဖုန်းဝင်လာပါတယ်။ နောက်တော့ကေစီ့အိမ်ကို နစ်ခ်ရောက်လာလို့တွေ့ရတာဝမ်းသာနေပါတယ်။ ကေစီ့ကားကို နစ်ခ်ကငှါးသွားပြီး အပြင်ခဏထွက်သွားတဲ့အချိန်၊ထားခဲ့တဲ့ခရီးဆောင်သေတ္တာကိုမသင်္ကာတာနဲ့ရိုက်ဖျက်ပြီး အထဲမှာမူးယစ်ဆေးတွေတွေ့တာနဲ့ ကေစီကလက်ဆေးကန်ထဲ သွန်ချဖျက်ဆီးလိုက်ပါတယ်။ ပီဇာလာပို့သူယောင်ဆောင်ထားတဲ့သူက ကေ့စီကိုခြိမ်းခြောက်ပြီး ပစ္စည်းဘယ်မှာလဲမေးတော့ လက်ဆေးကန်ထဲသွန်ချလိုက်တာအမှန်ဆိုတာသိသွားပြီး ကေစီ့ကိုသတ်မလို့လုပ်တဲ့အချိန် ကေစီကပြန်ပြီးဖမ်းထားလိုက်ပါတယ်။ ကေစီတို့လင်မယားက၊ကလေးမွေးစားဖို့လျှောက်လွှာတင်ထားလို့ အကဲဖြတ်မေးခွန်းတွေမေးဖို့ ဒေါက်တာဂျာဗစ်က ကေစီ့အိမ်ကိုရောက်လာပါတယ်။ နစ်ခ်ရဲ့မိန်းကလေးသူငယ်ချင်းဒါးလတ်စ်ကလည်းရောက်လာပါတယ်။ နောက်ထပ်မျှော်လင့်မထားတဲ့သူတွေလည်းရောက်လာပြီး မမျှော်လင့်တာတွေဖြစ်လာတဲ့အခါ ကေစီ့နောက်ကြောင်းက ဘာဖြစ်မလဲဒါးလတ်စ်နဲ့ မမျှော်လင့်ဘဲရောက်လာတဲ့သူတွေဘာဆက်ဖြစ်မလဲ။ ကေစီနဲ့ နစ်ခ်သူငယ်ချင်းနှစ်ယောက်ဘာဆက်ဖြစ်မလဲဆိုတာ ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ “ဒီရုပ်ရှင်ကိုကြည့်ရင်း တစ်ခါတုန်းက facebook မှာခင်လို့ စကားပြောဖြစ်တဲ့အမေရိကန်ကောင်လေးတစ်ယောက်ပြောတာကိုအမှတ်ရမိပါတယ်။ အကိုကလည်းဆေးမှုနဲ့ထောင်ထဲမှာ။မိဘတွေကလည်းဂိုဏ်းတွေအချင်းချင်းဖိုက်တဲ့ပွဲမှာသေသွားတယ်။ လူဖြူမိသားစုကမွေးစားထားတာ မနေချင်လို့ထွက်ပြေးလာတာအခုဦးလေးဆီမှာ။ဦးလေးကလည်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့သူ။ သူ့ဘဝကနေ့တိုင်းသေနတ်ကိုခေါင်းအုံးအောက်ထားပြီးအိပ်ရတဲ့ဘဝ။သူ့မှာမိန်းမရှိတယ်။ မိန်းမက ဟစ်စပန်းနစ်။ တကယ်ဖြစ်ချင်တာကသူနာပြုပါတဲ့။ တကယ်တော့အမေရိကန်ပြည်ထောင်စုဟာ အကျင့်ပျက်ခြစားတာတွေရှိနေတဲ့ နိုင်ငံလို့လဲပြောသွားပါသေးတယ်။ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလို့လာမေးရင်း သူ့အကြောင်းကိုပြောပြသွားတာပါ။” ဒါကြောင့် Thursday ရုပ်ရုပ်ကားဟာလည်း ရုပ်ရှင်ဆိုတာထက် သရုပ်မှန်ဇာတ်ကားတစ်ကားဆိုလည်းမမှားလောက်ပါဘူး။ Thomas Jane( ကေစီ)၊Aaron Eckhart(နစ်ခ်)၊ Paulina Porizkova( ဒါးလတ်စ်) နဲ့ James LeGros ( ဘီလီဟေးလ်)တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ SkipWoods ကရိုက်ကူးပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (1.9 GB) / (870 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Comedy, Crime, Drama, Mystery, Thriller Duration…. 01:25:16 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khin Sakar Khin

Drama
7.1 1998 87 mins
Thursday
Misericordia

Misericordia (2024) ဟာ ပြင်သစ်-စပိန်-ပေါ်တူဂီ ပူးပေါင်းထုတ်လုပ်ထားတဲ့ ရာဇဝတ်မှုဒရာမာ ရုပ်ရှင်တစ်ခုပါ။ Alain Guiraudie ရဲ့ လက်ရာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှု၊ တပ်မက်မှုနဲ့ ဒဿနိကအတွေးအခေါ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဇာတ်လမ်းကတော့ Jérémie ဆိုတဲ့ လူငယ်တစ်ယောက် (Félix Kysyl) က သူ့ဆရာဟောင်းရဲ့ ဈာပနအတွက် Saint-Martial ဆိုတဲ့ မွေးရပ်ရွာကို ပြန်လာရာက စတင်ပါတယ်။ ဈာပနပြီးနောက် ဆရာရဲ့မုဆိုးမ Martine (Catherine Frot) နဲ့ ရက်အနည်းငယ်နေရင်း လူပျောက်မှု၊ ထူးဆန်းတဲ့ အိမ်နီးချင်းနဲ့ ရည်ရွယ်ချက်မသဲကွဲတဲ့ ဘုန်းကြီးတစ်ပါး (Jacques Develay) တို့နဲ့ ရင်ဆိုင်ရပါတယ်။ ဇာတ်လမ်းဟာ တဖြည်းဖြည်း တင်းမာမှုတွေ တိုးလာပြီး လူ့သဘာဝ၊ အပြစ်ရှိစိတ်နဲ့ ခွင့်လွှတ်မှုအကြောင်း တင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ဟာ 2024 Cannes Film Festival မှာ ပြသခဲ့ပြီး Queer Palm အတွက် အမည်စာရင်းတင်သွင်းခံရသလို 2024 Louis Delluc Prize နဲ့ César Awards မှာ ဆုအမည်စာရင်း ၈ ခုရခဲ့ပါတယ်။ Cahiers du cinéma က 2024 ရဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့ပြီး Valladolid Film Festival မှာ Golden Spike နဲ့ Miguel Delibes ဆုတွေ ရရှိခဲ့ပါတယ်။ Guiraudie ရဲ့ ထူးခြားတဲ့ ရိုက်ကူးမှုပုံစံ၊ ပြင်သစ်ကျေးလက်ရှုခင်းတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက Misericordia ကို ထူးခြားတဲ့ ရုပ်ရှင်အတွေ့အကြုံဖြစ်စေပါတယ်။ သမားရိုးကျမဟုတ်တဲ့၊ တွေးစရာပေးတဲ့ ရုပ်ရှင်ကို ရှာနေတယ်ဆိုရင် ရွေးချယ်ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.2 GB)/(761 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

Drama • Romance • Comedy
0 2024
Misericordia