YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Bad And Crazy.2021.EP10(1080P)new.mp4

916.82 MB 1080p video/mp4 1349 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
Breathe In
6

ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ် ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာ ဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့ လေ့လာရေးကျောင်းသူကို လက်ခံထားစဉ် လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီး မိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ် ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးက တွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ် ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေက တကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ် ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့် နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေ စသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…1GB / 475MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eunice

Comedy • Drama • Romance
6 2013 98 mins
Breathe In
Mukundan Unni Associates™
7.9

၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါ ခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါ ဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn

Comedy • War
7.9 2022 127 mins
Mukundan Unni Associates™
The Liar and His Lover
7.6

လူတစ်​ယောက်အ​ပေါ် ထားရှိတဲ့ မ​​ကျေနပ်ချက်နဲ့ နာကျည်းမှု​ကို တခြားသူတစ်​ယောက်အ​ပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာ​ဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုး​ပေါ့။ Aki ဆိုတဲ့ကောင်​လေးလည်း ဒီလိုအဖြစ်မျိုး ကြုံ​တွေ့​နေရတာပါ။ အပြင်ပန်းမှာ​တော့ ဂျပန်ကနာမည်​ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်​တေး​​ရေး၊ ဂီတပိုင်းပါရမီရှင်တစ်​ယောက်ဆို​ပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှု​တွေ​ကြောင့် ဂီတ​လောကက​ အပြီးတိုင် ပျောက်ကွယ်​နေချင်သူ​ပေါ့။ ဒီလိုနဲ့ တစ်​နေ့မှာ Rikoဆိုတဲ့ မိန်းက​လေးနဲ့ဆုံ​တွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်း​ကျောင်းသူ​လေးရဲ့ နှလုံးသားကို ​သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် ​တေး​​ရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းက​​လေး​တွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒ​တွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မ​​လေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါ​ပေမဲ့ က​လေးမ​လေးက သူ့အ​ပေါ် တကယ်​မေတ္တာသက်ဝင်သွားတဲ့အခါ၊ သူကိုယ်တိုင်လည်း ချစ်ဟန်​​ဆောင်ရင်း မသိစိတ်ကတကယ်ချစ်မိသွားတဲ့အခါ အရာရာဟာ ပြန်လည်ပြင်​ဆင်ဖို့ အချိန်မီပါဦးမလား၊ အရာအားလုံး ​နောက်ကျသွားခဲ့ပြီလား၊ အချစ်ကိုရှောင်​​ပြေးချင်လို့ အလိမ်အညာ​တွေ သုံးခဲ့ကာမှ အချစ်နဲ့ ထပ်ထိပ်တိုက်တိုးတဲ့အခါ Akiတစ်​ယောက် ဘယ်လိုဆက်လုပ်မလဲ။ 2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japan Musical Romanceကား​လေး ဖြစ်ပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ​တေးသီချင်း​တွေနဲ့ထုံမွှမ်းထားတဲ့ ရုပ်ရှင်​လေးပဲဖြစ်ပါတယ်။ ​Aki​ နေရာက သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး​ပြောစရာမလိုတဲ့ Rurouni Kenshin မင်းသားTakeru Satohပဲဖြစ်ပါတယ်။ ဂျပန်က ပရိတ်သတ်​တွေ​ရော နိုင်ငံတကာက ပရိတ်သတ်​တွေကြားမှာပါ ​ရေပန်းစားခဲ့တဲ့ဇာတ်ကားဖြစ်ပြီး 2009 ခုနှစ်ထွက် "Kanojo wa Uso o Aishisugiteru" manga ကို Live Adaptation အဖြစိ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 2017မှာ​တော့ ​တောင်ကိုရီးယားက Lee Hyun Woo, Song Kang, Joyတို့နဲ့အတူ Remake Drama အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး မြန်မာပရိတ်သတ် ​တွေကြား ​ရေပန်းစားခဲ့ပါ​သေးတယ်။ Musical and Romanceဖြစ်တာနဲ့အညီ OSTတစ်ပုဒ်ချင်းစီက သိပ်ကိုလှပပြီး ဇာတ်လမ်းနဲ့ လိုက်ဖက်ညီ​နေခဲ့တာပါ။ ​ နောက်ဆုံး OSTဖြစ်တဲ့ Chippoke na Ai no Uta (သေးငယ်တဲ့ ချစ်ခြင်းရဲ့သံစဉ်ဖွဲ့သီချင်း)က တကယ်ကိုနား​ထောင်လို့​ကောင်းသလို နာမည်လည်း​ တော်​တော်ရခဲ့တာပဲဖြစ်ပါတယ်။ IMDb 6.7ရရှိထားတဲ့ အချစ်ဇာတ်လမ်းလှလှ​လေးတစ်ပုဒ်နဲ့ စိတ်အပန်း​ဖြေလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Romance, Musical Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 850MB and 189MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....August

Crime • Thriller
7.6 2013 117 mins
The Liar and His Lover
The Journey of Chong Zi

ဟဲလို ဒီတစ်ခါ CM တင်ဆက်မယ့်ရုပ်ရှင်က The Journey of Chong Zi (2023)ရဲ့ Movie Version လေးပဲဖြစ်ပါတယ် ယင်ဆွေရှန်းဟာ ထျန်းစန်းနတ်ဂိုဏ်း ရွှယ်လင်ရဲ့တပည့်ဖြစ်ပြီး ဆရာ့ကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့် န တ်ဂိုဏ်းစည်းမျဉ်းချိုးဖောက်မိပြီး နှင်ထုတ်ခံရတယ်။ ရွှယ်လင်(နတ်မင်း)တာဝန်ဟာ လူသားတွေကို ကာကွယ်စောင့်ရှောက်ရတယ်။ ရွှယ်လင်ဟာယင်ဆွေရှန်းအပေါ် မေတ္တာသက်ဝင်မှုတွေကို စိတ်ထဲမြိုသိပ်ထားရတယ်။ ‌ ဒီလိုနဲ့ရွယ်လင်ဟာနတ်ဆိုးဘုရင်နီလွင်နဲ့ တိုက်ခိုက်ရမှ သေဆုံးသွားတယ် ယင်ဆွေရှန်း နတ်ဆိုးလောကမှာ ဘယ်လိုအခက်အခဲကြုံတွေ့နိုင်မလဲ ။ ရွှယ်လင်ဟာပြန်လည်နိုးထလာပြီးနောက် ယင်ဆွေရှန်းနဲ့အတူ ဇနီးမောင်နှံအဖြစ် လူ့ပြည်မှာနေထိုင်တယ်။ ပြီးနောက် နတ်ဆိုးလောကက မိစ္ဆာမိဖုရား ရွှမ်လွေ့ကို ဖိနှိပ်ဖို့စေလွှတ်တဲ့အခါမှာ ရှောင်လန်(နတ်ပင်)နဲ့ မိစ္ဆာမိဖုရား ရွှမ်လွေ့တို့ရဲ့ အချစ်နဲ့အမုန်းတရားရန်ငြိုးတွေဖြစ်ပွားလာတော့ သူတို့လေးဦးကြားမှာ ဘယ်လိုအချိတ်ဆက်တွေရှိနိုင်မလဲ ယင်ဆွေရှန်း၊ ရွှယ်လင်တို့ကြား ဘယ်လိုအထင်လွှဲမှုတွေဖြစ်လာပြီး ပြေလည်သွားမလဲ သူတို့နှစ်ဦးရဲ့ အချင်းချင်းပေးဆပ်မှု၊ ကာကွယ်မှုနှင့် ယုံကြည်မှုတို့ကို CM ပရိတ်သတ်တို့စောင့်မျှော်ကြည်ရှုကြပါရှင် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by

Reality
0 2023 90 mins
The Journey of Chong Zi
Confession of Pain
6.5

Confession of Pain (2006) ~ IMDb rating – 6.5/10 ~ ဒါရိုက်တာက‌တော့ Alan Mak ပါ။ Infernal Affairs ၃ကားကို ဇာတ်ညွှန်းရေးသားရိုက်ကူးခဲ့သူတွေပါပဲ။ သူတစ်ယောက်တည်းရိုက်တာတော့ မဟုတ်ဘူးပေါ့။ Andrew Lau က စီနီမာတိုဂရပ်ဖီ ကူရိုက်ပေးထားပြီး Felix Chong က ကူရေးပေးထားပါတယ်။ ဒီရုပ်ရှင်မှာလည်း ဒီလိုပါပဲ၊ သူတို့၂ယောက်စလုံး ကူပေးထားကြပါတယ်။ ပြောရရင် Infernal Affairs ကို ဖန်တီးတဲ့သူ အစစ်တွေ ဖန်တီးထားတဲ့ကားပါ။ ဟောင်ကောင်မာစတာပိစ်တွေထဲအပါအဝင်ဖြစ်တဲ့၊ မာတင် စကောဆေးစိကြီးတောင် လီယိုနာဒိုနဲ့ပြန်ရိုက်လိုက်ရတဲ့ Infernal Affairs ကိုတော့ မမီပေမယ့် ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းထက် စီနီမာတိုဂရပ်ဖီနဲ့ ပိုနာမည်ကြီးပါတယ်။ စီနီမာတိုဂရပ်ဖီရိုက်တဲ့လူက Andrew Lau ပါ။ Infernal Affairs ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်သလို Chungking Express မှာ ခရစ်စတိုဖာဒွိုင်းနဲ့ တွဲရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ အဲဒီ၂ကားကိုတော့ ဟောင်ကောင်ဖန်မှန်ရင် ကောင်းကောင်းသိကြမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် မင်းသားတွေကလည်း တိုနီလျောင်ချူဝေနဲ့ Takeshi Kaneshiro ပါ။ ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးလူတွေထဲက ၂ယောက်ပါပဲ။ ဒါရိုက်တာ ဇာတ်ညွှန်း စီနီမာ မင်းသား အကုန်ဆရာတွေချည်း သုံးထားပေမဲ့ ဒီကားက ထင်သလောက်တော့ တာမသွားခဲ့ပါဘူး။ သို့ပေမဲ့ သူတို့အရင်လက်ရာတွေနဲ့ မယှဉ်ဘဲ ဒီတိုင်းသီးသန့်ကားတစ်ကားအနေနဲ့ကြည့်ရင်တော့ သူ့အဆင်နဲ့သူ အဆင့်တစ်ခုတော့ရှိတယ်။ အထူးသဖြင့် စီနီမာတိုဂရပ်ဖီပေါ့။ အကွက်တိုင်းကလှနေတယ်။ ဒီလူတွေပဲရိုက်မယ့် အသစ်ထွက်လာမယ့် တိုနီလျောင်နဲ့ အန်ဒီလောင်ကားအသစ်က စီနီမာနဲ့တောင် ဆင်သလိုခံစားရတယ်။ ပုရိသတွေရဲ့ အသည်းစွဲ ရှုကျီလည်းပါပါတယ်။ ဇာတ်ကတော့ တော်တော်လေး စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ စုံထောက်၂ကောင်ရှိတယ်။ တစ်ကောင်က အငြိမ်းစားယူပြီး အလွတ်စုံထောက်လုပ်တယ်။ တစ်ကောင်က အစိုးရဌာနမှာပဲလုပ်တယ်။ တစ်နေ့ကျ အစိုးရဌာနက စုံထောက်ရဲ့ မိန်းမရဲ့အဖေက အသတ်ခံလိုက်ရတယ်။ တရားခံဖမ်းမိပေမဲ့ သူ့သမီးက သိပ်မသင်္ကာလို့ အလွတ်စုံထောက်ကို အပ်လိုက်တယ်။ သူတို့သူငယ်ချင်း၂ယောက် အဲဒီအမှုကိုလိုက်ကြတယ်။ အဲဒီကနေ ပေါ်လာတဲ့မြုပ်ကွက်တွေက တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ စုံထောက်ကားကြိုက်တဲ့ သူတွေအတွက်‌တော့ တကယ့်ကားကောင်းပေါ့။ တစ်ခုရှိတာက ဒီရုပ်ရှင်ဟာ စုံထောက်ကားပေမဲ့လည်း သူ့နာမည်နဲ့လိုက်အောင်ကို သိပ်နာကျင်စရာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် Infernal Affairs က Creator တွေ ဖန်တီးထားတဲ့ကားကိုမှ တိုနီလျောင်ကြီးရဲ့ မထုံတက်သေးဟန်၊ တာကဲရှိရဲ့ အေးစက်စက် ခပ်မိုက်မိုက်ဟန်၊ ရှုကျီရဲ့ ဆက်စီကျတဲ့ဟန်တွေကို တွဲဖက်မြင်ရမှာမို့ ဟောင်ကောင်ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.08GB, 830MB, 665MB Quality – 1080p, 720p, 480p IMDb Rating – 6.5/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror
6.5 2006
Confession of Pain
Ultimate Avengers: The Movie (I)
6.6

Ultimate Avengers: The Movie (I) (2006) ============================= IMDb Rating – 6.6/10 ၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်​အောင်မြင်တဲ့ Universeကြီးကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း ​အတော်​အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။ Storylineကို​တော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အ​မေရိကကိုပြန်လည်ရှာ​တွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အ​မေရိကရဲ့ မပြီးပြတ်​​သေးတဲ့ မစ်ရှင်က ဒီ​​နေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အ​မေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်​တော်လှုပ်ရှား ​နေကြတဲ့ စူပါဟီးရိုး​တွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါ​တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Action • Adventure • Science Fiction
6.6 2006
Ultimate Avengers: The Movie (I)
No Man’s Land Hunt
6

တစ်ခါတလေမှာ မနက်ဖြန်နဲ့ မတော်တဆက ဘယ်ဟာအရင်လာမလဲဆိုတာ မသိကြဘူးတဲ့။ လူမရှိတဲ့ တောအုပ်ထဲမှာ ကြောက်လန့်ဖွယ်ကောင်းလှတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်နေပါတယ်။ လူငယ်လေးကျင်ယန်ဟာ လူမရှိတဲ့နေရာကို ခရီးထွက်လာရင်း အမဲခိုးလိုက်သူက ရဲကို တိုက်ခိုက်နေတာကို ဓာတ်ပုံရိုက်မိသွားပါတယ်။ အမဲခိုးလိုက်သူဟာ ကျင်ယန်ကို သတိထားမိသွားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ကျင်ယန်ဟာ နာကျင်မှုတွေနဲ့ အေးခဲလှတဲ့ ရာသီဥတုကြားက ရွ ာသားအိမ်ကို ထွက်ပြေးလာခဲ့ပေမဲ့ အမဲခိုးလိုက်သူက အနောက်က ဆက်လိုက်လာပါတယ်။ အမဲခိုးလိုက်သူက ကျင်ယန်ရဲ့ အစ်မကို လိမ်ပြီး ကျင်ယန်ကို သက်သေထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထို့နောက် ကျင်ယန်က သူ့အစ်မကို ကယ်နိုင်ခဲ့ပြီး သူတို့ မောင်နှမနှစ်ယောက် လူမရှိတဲ့ တောအုပ်ထဲမှာ အသက်လု ထွက်ပြေးခဲ့ရပါတယ်။ ကံဆိုးလှတဲ့ မောင်နှမနှစ်ယောက် လူသတ်သမားရဲ့ဘေးရန်ကနေ လွှတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြရမလဲ။ သူတို့နှစ်ယောက် လွှတ်မြောက်ပြီး ရှင်သန်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမဲ့ ကားလေးပဲ ဖြစ်ပါတယ်။

Thriller • Horror
6 2023
No Man’s Land Hunt
Biosphere
5.6

Biosphere (2022) ============= ဒီကားလေးကတော့ အမေရိကန်သမ္မတ နဲ့ သူ့သူငယ်ချင်း သိပ္ပံပညာရှင် သမ္မတအကြံပေးတို့ နှစ်ဦး ကမ္ဘာကြီးပျက်စီးသွားပြီးနောက်မှာ သူတို့နှစ်ဦး တည်းသာ ကျန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ကမ္ဘာကြီးက ကောင်းကင်ကိုတောင်မမြင်ရတော့အောင် လေထုကပျက်စီး သွားပါတော့တယ်။ အပြင်လေက ဘယ်လိုမှ ရှုလို့မရလောက်အောင်ဖြစ် သွားပြီး သက်ရှိတွေလည်းမျိုးတုံးကုန်ကြတယ်။ သမ္မတရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ သိပ္ပံ ပညာရှင်က ဒီအခြေအနေကို ကြိုမြင်ပြီး Green House လို ထပ်ခိုးလေး တစ်ခုကို အချိန်မီတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သမ္မတနဲ့ပဲ နောက် ဆုံးရှင်ကျန်သူတွေဖြစ်လာတော့တာပေါ့။ အမိုးခုံးအိမ်လေးထဲက နှစ်ယောက် သားကြား ဘာတွေဘယ်လိုဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.2 GB) / (507 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Mystery Translator…….Thetti Tun Encoder……….Zin Phyo Aung

Comedy • Romance
5.6 2022
Biosphere
The Best Exotic Marigold Hotel
7.2

The Best Exotic Marigold Hotel (2011) ~ IMDb – 7.2/10, Rotten Tomatoes – 78% ~ Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ထူး​ထူးခြားခြားဖြစ်နေတဲ့ The Best Exotic Marigold Hotel ကနေ သင်ယူရမှာကတော့ Life Purpose ကိုရှာဖွေဖို့ ဘယ်တော့မှနောက်ကျတယ်လို့ မရှိဘူးဆိုတာပါပဲ။ လောကဓံရဲ့အထုအထောင်းများစွာကိုခံထားရပြီး နွမ်းနယ်နေတဲ့ အင်္ဂလိပ်လူမျိုးပင်စင်စားတစ်ဖွဲ့ဟာ ဘဝသစ်ပြန်စဖို့ အိန္ဒိယနိုင်ငံ ဂျိုက်ပေါမြို့စွန်က မာရီဂိုးဟိုတယ်ဆီမှ ာလာဆုံတွေ့ခဲ့ကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နယ်မြေသစ် ယဥ်ကျေးမှုသစ်မှာ အသားကျဖို့ကြိုးစားကြပုံတွေကနေ ဘဝမှာ Resiliency ဆိုတဲ့ နလန်ထူနိုင်စွမ်းရဲ့အရေးပါပုံကို ပြသွားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 960MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Animation • Adventure • Family • Fantasy • Comedy
7.2 2011 124 mins
The Best Exotic Marigold Hotel
In My Mother’s Skin
5.4

In My Mother’s Skin (2023) ရယူခြင်းကိုသာမြင်ပြီး ပေးဆပ်ရမယ့်တန်ကြေးကိုမမြင်ရခြင်းရဲ့နောက်ကွယ်မှာ နတ်ဆိုးနဲ့အပေးအယူလုပ်သူတွေ တော်တော်များများဟာ အကျိုးထက်အဆိုးနဲ့ကြုံရတာများပါတယ်။ တချို့ကလည်း ဒီနတ်ဆိုးနဲ့အပေးအယူလုပ်တယ်ဆိုတာကို ဒဏ္ဍာရီစကားသက်သက်လို့ပဲမှတ်ယူကြပါတယ်။ အခုဒီကားလေးကတော့ နတ်ဆိုးနဲ့အပေးအယူလုပ်မိတဲ့ ကောင်မ‌လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါတွေတကယ်ရှိမရှိဆိုတာကိုတော့ ကိုယ့်အယူအဆနဲ့ကိုယ် လိုရာဆွဲတွေးနိုင်ပါကြောင်း… ဒုတိယကမ္ဘာစစ်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံလည်း ဂျပန်စစ်မီးကြောင့် တော်တော်လေးအထုအထောင်းခံလိုက်ရပါတယ်။ အယ်လ်ဒိုတို့ကလည်း ချမ်းသာတဲ့မိသားစုဖြစ်ခဲ့ပေမဲ့ စစ်ဒဏ်နဲ့နင်းပြားဖြစ်ပြီးတော့ အခြေအနေမဟန်လှပါဘူး။ ဒါ့အပြင် အယ်လ်ဒိုတစ်ယောက်က ပဋိပက္ခတွေကြားမှာ စစ်ထွက်ရဖို့ ဖြစ်လာပြီး အယ်လ်ဒိုကို ရွှေတွေခိုးပါတယ်စွပ်စွဲသူကတစ်ဖက်၊ ဖက်ဆစ်ဂျပန်ကောင်တွေရဲ့ အကုန်သုတ်သင်ရှင်းလင်းရေးကတစ်ဖက်နဲ့ ပြဿနာစုံကြားမှာ မိန်းမနဲ့သမီးကိုထားရစ်ခဲ့ပါတော့တယ်။ စစ်မီးဒဏ်ကြောင့် စားစရာမရှိရတဲ့ကြားထဲ အမေဖြစ်သူကပါရောဂါသည်းလာလေတော့ သမီးကြီးဖြစ်သူတာရာတစ်ယောက် အမေက တောထဲမသွားဖို့ အတန်တန်တားထားတဲ့ကြားထဲကမှ တောထဲသွားရင်း နတ်သမီးတစ်ပါးနဲ့ တွေ့လာတဲ့အခါ… တောကြီးမျက်မည်းထဲမှာ ကလေးပီပီ မဲမဲမြင်ရာ နတ်သမီးလို့ဇွတ်ထင်ပစ်လိုက်ပြီး သူ့ရဲ့အကူအညီကို လက်ခံလိုက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါစို့လား။ အညွန်းနဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 504MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Crime • Drama • Thriller
5.4 2023 97 mins
In My Mother’s Skin
Winny
6.5

၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ “ဝင်နီ” ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ‌‌ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

6.5 2023
Winny
Lonely Planet
6

ဒီတစ်ခါမှာတော့ မော်ရိုကို နိုင်ငံကို နောက်ခံထားထားတဲ့ မနဲ့မောင် ဇာတ်လမ်းချိုချိုလေး တစ်ပုဒ်ကို ဘာသာပြန် တင်ဆက်ပေးလိုက် ရပါတယ် ။ လောလောလတ်လတ်ကမှ ခင်ပွန်းဖြစ်သူနဲ့ ပြတ်စဲထားတဲ့ ကတ်သရင်းဟာ သူရေးနေတဲ့ စာအုပ်ကို အပြီးသတ်ဖို့အတွက် မော်ရိုကိုက စာရေးဆရာများ တွေ့ဆုံပွဲကို လာခဲ့ပါတယ် ။ ပထမဆုံး စာအုပ်မှာတင် နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ လူငယ်စာရေးဆရာမ လီလီကလည်း ချစ်သူဖြစ်တဲ့ အိုဝမ်ကိုပါ ဆွဲခေါ်ပြီး မော်ရိုကို ကို ရောက်လာခဲ့ပါတယ် ။ အေးအေးဆေးဆေး စာရေးချင်တဲ့ ကတ်သရင်း နဲ့ စာရေးဆရာတွေ ကြားထဲမှာ မနေတတ်မထိုင်တတ် အံဝင်ခွင်ကျမဖြစ်တဲ့ အိုဝမ် ။ လူတွေနဲ့ ဝေးရာကို ရှောင်ထွက်ရင်းကနေ သူတို့နှစ်ယောက်က ပိုရင်းနှီးလာတဲ့အခါ ။ လီလီနဲ့ အိုဝမ်ကြားထဲမှာ ဘယ်လို အဖုအထစ်တွေ ဖြစ်လာမလဲ ။ ကတ်သရင်းနဲ့ရော ဘယ်လို ဆက်ဖြစ်ကြမှာလဲ ။ မ နဲ့ မောင် ဇာတ်လမ်းလေးကို မော်ရိုကို နောက်ခံထားပြီး လှလှပပ ရှုစားရမှာဖြစ်တဲ့အတွက် နေသာတဲ့နေ့မျိုးမှာ အပျင်းပြေကြည့်ဖို့ ကွက်တိကျတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အကြံပေးလိုက်ရပါတယ် ။ File size…1.37GB / 736MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Animation • Family • Adventure • Drama • Comedy
6 2024
Lonely Planet
Unstoppable
6.8

Unstoppable (2024) IMDb Rating (6.8) / Rotten Tomatoes (76%) ဒီဇာတ်လမ်းလေးကတော့ အမေရိကန် ပရော်ဖက်ရှင်နယ် နပန်းအားကစားသမားအန်တိုနီရိုဘယ်ရဲ့ ဘဝဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့မွေးဖွားလာခဲ့သူအန်တိုနီရိုဘယ်က ဘဝရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလည်း၊ အခက်အခဲတွေကြားကနေ ဘယ်လိုမျိုး အောင်မြင်မှုကို ရရှိသွားလည်းဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲ့တာအပြင်ကို ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သူ Jennifer Lopez က ဂျူဒီရိုဘယ်အဖြစ် အန်တိုနီရဲ့ မိခင်နေရာကနေ ပါဝင်ထားပါသေးတယ်။ အားကစားဇာတ်လမ်းတစ်ပုဒ် တစ်ဖြစ်လည်း ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N ဖြစ်ပါတယ်။) File size…(8.1 GB) / (2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:04:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by N

History • Comedy
6.8 2024 123 mins
Unstoppable