YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Baby.Sharks.Big.Movie.2023.AMZN.WEB-DL1080p5.1CH(CM).mp4

1.58 GB N/A video/mp4 199 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
24: Redemption
7

24: Redemption (2008) ================== IMDb Rating - 7.4/10 ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US သမ္မတက နောက်သမ္မတ အသစ်မတက်ခင် သူ့အကြံအစည်အတိုင်းဖြစ်အောင် တဖက်က စစ်သွေးကြအဖွဲ့ကို တိုးတိုးတိတ်တိတ်ပြန်ပြီး လက်နက်ထောက်ပံ့ ပေးပါတယ်။ စစ်သွေးကျတွေက စစ်တပ်ထောင်ဖို့ ကလေးစစ်သား တွေလိုက်စုတဲ့အခါမှာ Sutherland တို့နဲ့ညိဖို့အကြောင်းဖန်လာပါ တော့တယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size..........(3.14 GB) / (1.1 GB) / (668 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Thetti Tun Encoder..........Zin Phyo Aung

Comedy • Drama • Family
7 2008 102 mins
24: Redemption
The Devil’s Backbone
7.4

The Devil’s Backbone(2001) အညွှန်း ******************************** IMDb rating: 7.4/10 Rotten Tomatoes: 93% ကမ္ဘာစစ်အတွင်းမှာ သေကြေပျက်စီးတယ်ဆိုတယ် ဆန်းတဲ့အရာတော့ မဟုတ်ပါဘူး စစ်ကြောင့် လက်နက်ကြောင့်လို့ ပြောကြပေမယ့် တကယ်တမ်းကတော့ လူ့အတ္တစစ်စစ်ကြောင့်ပေါ့ဗျာ ငတ်ပြတ် ဆင်းရဲကုန်တော့ လုပ်မိလုပ်ရာတွေလုပ်ရင်း လူသားဆန်မှုဆိုတာ ဘယ်ဆီရောက်မှန်းမသိ ယုံကြည်မှုတွေကလည်း အလဲလဲအကွဲကွဲ ဘယ်ဘုရားဆီပြေးရမယ်မသိ.. မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ မွေးမလာသင့်တဲ့ကလေးတွေ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ဇာတ်လမ်းရဲ့ ရည်ညွှန်းချက်ကတော့ devil’s backbone ဆိုတာ ကပ်ဘေးကြောင့် လူ့လောဘအတ္တကို ကျောရိုးအရင်းခံပြီး လုပ်မိလုပ်ရာတွေ လုပ်ကြပုံပါပဲ ဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ် သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ် ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့ ကျောင်းသားတွေကြားက ကောလဟာလကတော့ သရဲလိုလို အသက်ရှင်နေသလိုလို… ဒီလိုနဲ့ ကောင်လေးကျောင်းရောက်ပြီး မကြာခင်မှာပဲ သရဲလိုလို ဘာလိုလိုဟာကို တွေ့လာတော့တယ် စုံစမ်းဖို့ကြိုးစားရင်း ကျောင်းကလူတွေရဲ့ နှစ်မြှုပ်ထားတဲ့လျှို့ဝှက်ချက်တွေထဲ ရောက်သွားပါတော့တယ် ဇာတ်လမ်း‌အသွားအလာကရိုးရှင်းပေမယ့် Nomi တွေ ဝင်ခဲ့ပါသေးတယ် Goya Award for Best Special Effects တို့ Goya Award for Best Costume Design အစရှိတာတွေပါ ကဲ ရုပ်ရှင်ကြိုက်သူတို့ လိုက်ပါစီးမျောရင်း အတွေးနယ်ချဲ့လိုက်ကြပါဦး File Size :(2.1GB) (862 MB) and (273 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Horror , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mayphoo Pone Encoded by Phyo Pyae

Crime • Drama • History
7.4 2001 108 mins
The Devil’s Backbone
Blind Willow, Sleeping Woman
7.1

Blind Willow, Sleeping Woman (2022) ~ IMDb – 7.1/10, Rotten Tomatoes – 78% ~ မူရာကာမိရဲ့ စာအုပ်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းလာကြခဲ့တဲ့အထဲ အခုထိတော့ အနုပညာအရ မအောင်မြင်တာ မရှိသလောက်ပါပဲ။ ဒီတစ်ခါလည်း ရိုးရာမပျက်ခဲ့ပါဘူး။ ဒီတစ်ခါရုပ်ရှင်ကိုတော့ Pierre Földes လို့ခေါ်တဲ့ ရုပ်ရှင်တွေမှာ နောက်ခံတေးဂီတတွေ Compose လုပ်တဲ့သူက သူ့ပထမဆုံးကားအနေနဲ့ ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ သူ့ရှေ့က မူရာကာမိစာအုပ်ကို မှီးရိုက်ခဲ့တဲ့ နှစ်ကားလိုပဲ ဝတ္တုတိုတွေကိုပဲ အခြေခံထားတယ်။ ထူးတာက သူက ဝတ္တုတိုစုစည်းမှု စာအုပ်၃အုပ်ကနေမှ ဝတ္တုတို၆ပုဒ်ကို ထုတ်သုံးလိုက်တာပါ။ Blind Willow, Sleeping Woman ရယ်၊ The Elephant Vanishes ရယ်၊ After the Quake ရယ်က ၆ပုဒ်ပြန်ထုတ်သုံးထားတာပါ။ ဒါပေမဲ့ ဒါတွေအားလုံးကို တစ်ဆက်တည်းဖြစ်အောင် ပြန်ဆက်ပြီး တင်ဆက်ထားတယ်။ ဆက်ထားတာ သပ်ရပ်တယ်ပဲပြောရမလားပါပဲ။ တစ်ပုဒ်တည်းလို ခံစားရပေမဲ့လည်း ဒီဇာတ်လမ်းတွေရဲ့ မတူညီတဲ့ အဇ္စျတ္တတွေကို ရှာဖွေခြင်းတွေကပဲ ဒီဇာတ်လမ်းတွေကို အဟတစ်ခုဖြစ်သွားစေခဲ့တယ်။ တိုကျိုက ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ဘဝမှာ ဘာမှထူးထူးခြားခြားဖြစ်မလာခဲ့ဘူး။ သူ့အလုပ်သူလုပ်နေရုံပဲ။ တာဝန်ကျေရုံလုပ်လိုက်လို့လည်း ပြီးတယ်။ ကောင်းကောင်းမွန်မွန်လုပ်ပေးလိုက်လို့လည်း သူ့ကို လာ အသိအမှတ်ပြုပေးမယ့်သူ မရှိဘူး။ ဒါပေမဲ့လည်း သူက သူ့အလုပ်ကို သူကောင်းကောင်းမွန်မွန်ပဲ အမြဲလုပ်ခဲ့တယ်။ တစ်နေ့ကျ ဘဏ်က ချေးငွေရက်စေ့ပေမဲ့ ပြန်မရတဲ့ကိစ္စတစ်ခုအတွက် သူ့ခေါင်းပုံပြီး ဖြေရှင်းခိုင်းခံရတာပေါ့။ ဘဏ်က နောက်လူတစ်ယောက်ကျ သူ့မှာ တခြားအရည်အချင်းတစ်ခု ရှိကောင်းရှိမယ်။ ဒါပေမဲ့ သူက ပိုနေမြဲ ကျားနေမြဲ ဒီအလုပ်မှာပဲ ဆက်လုပ်နေခဲ့တယ်။ သူ့မှာ မိန်းမတော့ရှိပေမဲ့ သူ့မိန်းမနဲ့သူကြား တစ်စုံတရာရှိမရှိ၊ သူ့ဆီမှာရော သူ့မိန်းမအတွက် တစ်စုံတရာရှိမရှိ သူမသိခဲ့ဘူး။ ဒီလိုပဲနေလာခဲ့တယ်။ တစ်နေ့ကျ တိုကျိုမှာ လူတွေအများကြီး သေဆုံးခဲ့တဲ့ ငလျင်အကြီးစားကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူ့မိန်းမက ငလျင်သတင်းတွေပဲ နေ့နေ့ညညထိုင်ကြည့်နေပြီး ဘာဆိုဘာမှမလုပ်တော့ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့မိန်းမက သူ့ကို စာတစ်စောင်ထားပြီး ထွက်သွားခဲ့တယ်။ ဒီလိုနဲ့ သူတို့ဘဏ်မှာ လူထက်ဝက်လောက်လျော့ဖို့ အကြောင်းဖန်လာခဲ့တယ်။ မိန်းမပစ်သွားတာခံရတဲ့သူက ခွင့်တစ်ပတ်ယူပြီး ခရီးထွက်ရင်း သူ့မိန်းမကိစ္စကို အဖြေရှာနေတဲ့အချိန်… ပထမလူဆီ ဖားပြုပ်ကြီးတစ်ကောင်ရောက်လာပြီး သူနဲ့အတူ တိုကျိုမြို့ကြီး ငလျင်ထပ်လှုပ်မယ့်ဘေးကနေ ကယ်တင်ဖို့ နားချတယ်။ ဒီလိုနဲ့ ပိုနေမြဲကျားနေမြဲနေလာတဲ့ သူနှစ်ယောက်ရဲ့ဘဝထဲကို သူတို့ကိုယ်သူတို့သိလာဖို့အတွက် သူတို့အဖြေကို သူတို့ပြန်ရှာဖို့လိုလာတဲ့ အခိုက်အတန့်တစ်ခု ကျရောက်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအခိုက်အတန့်ကနေ ဘယ်ကိုဆက်သွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပေါ့။ အန်နီမေးရှင်းအနေနဲ့ အသက်သွင်းထားလို့ ဒါရိုက်တာဟာ သူပြချင်တာကို လွတ်လွတ်လပ်လပ်ပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ မူရာကာမိရုပ်ရှင်တွေလောက်လည်း မလေးလံတာမို့ အားလုံးနီးပါးအတွက် ကြည့်ရအဆင်ပြေမယ့် အန်နီမေးရှင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 880MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 48Min Genre – Animation, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance • Comedy • Drama
7.1 2022 105 mins
Blind Willow, Sleeping Woman
So Close
6.7

So Close (2002) IMDb Rating (6.6) / Rotten Tomatoes (82%) မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့ So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။ အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့… အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ လုပ်ကြံပေးတတ်တဲ့သူတွေပါ။ သူတို့တွေကို ခြေရာခံမိသွားတာကတော့ ရဲမေ ကောင်းယက်ဟောင်ပါပဲ။ ညီအစ်မနှစ်ယောက်နဲ့ ရဲမေတို့ လိုက်တမ်းပြေးတမ်းကစားရင်း သူတို့ကို အလုပ်အပ်တဲ့ အဖွဲ့ကလူတွေက နှုတ်ပိတ်ဖို့ ကြိုးစားလာတဲ့အခါ ဘေးကျပ်နံကျပ်အခက်အခဲတွေကနေ သူမတို့ဘယ်လို စွန့်စားကြမလဲဆိုတာ…..။

6.7 2002
So Close
After My Death
6.7

After My Death(2017) ******************** ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။ ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့ ကျောင်းသူရဲ့အမေက နောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီး ခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။ ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့ ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ယောင်ဟီးက ‘ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား’ လို့ပြောခဲ့တာကို သိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။ ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊ တကယ်ပဲ ဂ‌ယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။ File Size :(1.1GB) (572MB) Quality : Blu-Ray1080p/720p Format…mp4 Duration…01:53:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

6.7 2017
After My Death
Tagaru Palya
8.7

Tagaru Palya (2023) “ချိုကုတ်မွှေတဲ့ ရိုးရာပွဲ” IMDb-8.9/10 ပရမ်ကူးမားလို့ နာမည်ကျော်တဲ့ ကန်နေဒါမင်းသားကြီး ပရမ်ရဲ့ သမီးချောလေး အမ်ရူသာပရမ်ရဲ့ ပွဲဦးထွက် ကန်နေဒါစကားပြော အိန္ဒိယဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ ကျေးလက်သဘာ၀နဲ့ ရိုးရာဓလေ့တွေအပြင် အချစ် ဟာသရောနှောထားပြီး ဆိတ်ကလေးတကောင်ပါ အဓိကပါဝင်ထားတာမို့ အပျင်းပြေစရာ ရုပ်ရှင်တစ်ကားဖြစ်စေမှာပါ။ သမီးဖြစ်သူကို ဆင်စီးမြင်းရံတာမြင်ချင်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူကောင်းကောင်းမွန်မွန် အိမ်ထောင်မှုတစ်ခုပြုနိုင်ရင် ရိုးရာပွဲကျင်းပဖို့ရည်မှန်းထားပါတယ်။သူ့ရည်မှန်းချက်အောင်မြင်သွားတဲ့အခါမှာတော့ ရိုးရာဓလေ့အတိုင်း တောထဲက ဘုရားကျောင်းမှာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော်ပြီး ရိုးရာပွဲကျင်းပဖို့စီစဉ်ပါတော့တယ်။ သားမက်လောင်းက မြို့ပေါ်က အင်ဂျင်နီယာဆိုတော့ တစ်ရွာလုံးကိုကြွားလုံးထုတ်ပြီး ရိုးရာပွဲကိုဖိတ်ခဲ့ပါရော။ အသားနဲ့အရက်ပါမှာဆိုတော့ တစ်ရွာလုံးက ကာလသားကြီးငယ် မိန်းမပျိုအိုမကျန်လိုက်ကြတာပေါ့။ အဲဒီမှာပဲ အဖေ့စကားနားထောင်ပြီး လက်ထပ်ပါမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားပေါ်လာတဲ့အချိန်…။ ယဇ်ပူဇော်ဖို့ရာ သယ်လာခဲ့တဲ့ ချိုကုတ်နဲ့ဆိတ်ကလေးက အငြိမ်မနေပဲမွှေတဲ့အခါမှာတော့…။ အဖေဖြစ်သူတစ်ယောက် ဘယ်လိုတွေစီမံပြီး ဘယ်လိုဒုက္ခတွေ တွေ့မလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပါပဲ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Family • Adventure • Drama
8.7 2023 130 mins
Tagaru Palya
Wind Chill

Wind Chill (2007) ============== မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။ Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ် ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။ အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့ လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့ အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။ အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်း တစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေး ကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေ မယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ် စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့ နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့ နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင် လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေ အကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လို ရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.4 GB) / (521 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Horror Translator…….Alias Encoder……….SWM

0 2007
Wind Chill
Aftermath

Mystery, Sci-fi အမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝ ရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီး ဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်း ထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။ ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့ တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။ သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ ဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။ အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီး သတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့ လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင် နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာက ဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီး အဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.08GB / 475MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 18m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

Animation • Family • TV Movie
0 2024 78 mins
Aftermath
Heart of the Hunter
5.5

ဇူကိုဟာ South Africaရဲ့ အထူးတပ်ဖွဲ့ဝင်‌ဟောင်း Assassinတစ်ယောက်ဖြစ်ပါတယ်…။ သူဟာနိုင်ငံတော်ကို ဖျက်ဆီးနေတဲ့အကြမ်းဖက်သမားတွေ၊ ခြစားနေတဲ့ နိုင်ငံ‌ရေးသမားတွေကို လုပ်ကြံသတ်ဖြတ်ရသူပါ…။ ကိုယ်ပိုင်မိသားစုလေးနဲ့အေးအေးချမ်းချမ်းနေချင်တဲ့ဇူကိုဟာ ဒီအလုပ်ကနေ အနားယူလိုက်တာ အချိန်အတော်ကြာခဲ့ပါပြီ…။ သို့ပေမယ့် ဒုစရိုက်သမားတွေကတော့ ပပျောက်မသွားပါဘူး…။ အခုလည်း ဇူကိုတို့နိုင်ငံမှာ သမ္မတဖြစ်ဖို့ရွေးကောက်ပွဲအနိုင်ရသူဟာ အကျင့်ပျက်ခြစားမှုတွေအများကြီးလုပ်ထားတဲ့မှတ်တမ်းရှိသူ ဒုစရိုက်သမားဖြစ်နေပြန်ပါတယ်…။ ဒီမှတ်တမ်းတွေကို သေချာဖုံးထားဝှက်ထားတော့ တော်ရုံလူမသိကြပါဘူး…၊ ဒါကို ဇူကိုတစ်ယောက်ဘယ်လိုတားဆီးသွားမလဲ…။ သူ့ရန်ဘက်တွေကရော အလွယ်တကူအလျှော့ပေးပါ့မလားဆိုတာကို ကြည့်ရှုရမယ့် crime actionကားလေးဖြစ်ပါတယ်…. File size…1.47GB / 640MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2024
Heart of the Hunter
Baghead
5.5

ဇာတ်လမ်းကို စဖွင့်ထားတာကတော့ နေစရာမရှိလို့ သူငယ်ချင်းနဲ့အကူအညီကို ရယူနေရတဲ့ အိုင်းရစ်စ် ဆိုတဲ့ အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ… တစ်နေ့မှာတော့ သူ့အဖေ ဆုံးသွားလို့ အလောင်းကို အတည်ပြုပေးဖို့ဆိုပြီး အဆက်အသွယ်ရလာပါတယ်… နေစရာမရှိတဲ့အချိန်မှာ သူ့အဖေရဲ့ ပိုင်ဆိုင်မှုဆိုတာကို ကြည့်လိုက်တော့ အရက်ဆိုင်ဖွင့်ခဲ့တဲ့ ရှေးဟောင်း အဆောက်အဦကြီး ဖြစ်နေပါတော့တယ်… အဲဒါကြောင့် ဝမ်းသာအားရနဲ့ မကြာခင်မှာတင် သူ့အဖေရဲ့ အရက်ဆိုင်ဟောင်းမှာ စနေဖြစ်ခဲ့ပါတယ်။ သူမသိခဲ့တာက အမွေလွှဲပြောင်းစာချုပ်မှာ ဒီအဆောက်အအုံကို လက်လွှဲယူပါတယ်ဆိုပြီး လက်မှတ်ထိုးမိလိုက်တာနဲ့ ပြန်လှည့်လို့မရတဲ့ လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ… အဲဒါရဲ့ အကြောင်းရင်းကတော့ အဆောက်အအုံကြီးအပြင် မြေအောက်ခန်းမှာ ရှိနေတဲ့ ကျိန်စာသင့် စုန်းမတစ်ကောင်ကိုပါ လက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ… ဒီစုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်… အဲဒါကို တလွဲဆံပင်ကောင်း အသုံးချခဲ့တဲ့လူတွေကတော့ ဇာတ်သိမ်းမလှခဲ့ကြပါဘူး.. ဒါတွေကို တစ်ခုမှ မသိသေးတဲ့ အိုင်းရစ်စ်က ညဘက်ကြီး ဆိုင်ကို အသံမပေးဘာမပေး ဝင်လာပြီး ဒေါ်လာ ၄၀၀၀ အထိ ကမ်းလှမ်းကာ မြေအောက်ခန်းကမိန်းမနဲ့ တွေ့ချင်လို့ပါလို့ ပြောလာတဲ့ နေးလ် ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ တွေ့အပြီးမှာတော့ သူ့ဘဝကြီးက သိသိသာသာ စတင်ပြောင်းလဲဖို့ဖြစ်ပါတယ်… ချစ်ရတဲ့ ဆုံးပါးသွားသူတွေနဲ့ ပြန်တွေ့ဆုံပြီး စကားလက်ဆုံပြောဖို့ဆိုတာ လူတိုင်းအတွက် အင်မတန်ရခဲတဲ့ အခွင့်အရေးကောင်းတစ်ခုပေမဲ့ အဲဒီနောက်ကွယ်မှာ ဘာတွေကို ပေးဆပ်လိုက်ရမလဲဆိုတာတော့… File size…963MB / 442MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Adventure • Fantasy • Drama • Comedy • Music
5.5 2024 95 mins
Baghead
Kudi Haryane Val Di
6.2

Kudi Haryane Val Di 2024 ဖူးစာရွာလည် Imdb 6.2 ပန်ချာပီကားတွေမှာဆိုရင် လူတိုင်းနဲ့မစိမ်းတဲ့ မင်းသားကြီး Ammy Virk ပါဝင်ထားတဲ့ ဒရာမာကားလေးတင်ဆက်ပေးထားပါတယ် နပန်းမိသားစုရဲ့တစ်ဦးတည်းသောသားလေး ဗီဇကတော့ စော်ပွေချင်တာပေါ့ သူငယ်ချင်းတွေဆီက အသိမိန်းကလေးဖုန်းတွေပတ်တောင်းပြီး တစ်လုံးချင်းထိုင်ဆက်ပြီး ရည်းစားရှာတတ်တဲ့သူပါ နပန်းမိသားစုထဲ တစ်ဦးတည်းသောသားဖြစ်ပေမဲ့ နပန်းကိုစိတ်မဝင်စားဘဲ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူ ဖြစ်ချင်တော့ သူထိုင်ဆက်တဲ့ဖုန်းတွေထဲ တောင်ပိုင်းပန်ဂျပ်ရဲ့သေမင်းလို့တင်စားကြတဲ့လူရဲ့ သမီးဆီပါဆက်မိထားတာပါ ကံကမကောင်းတော့ သူဖုန်းဆက်တဲ့အချိန်မှာ တစ်ဖက်မိန်းကလေးက ခိုးရာလိုက်ဖို့ပြင်ဆင်နေချိန်ပေါ့ သူနဲ့ဖုန်းပြောပြီးပြီးချင်းမှာပဲ လင်နောက်တန်းလိုက်သွားတော့ ဒီကောင်နဲ့ခိုးပြေးတာပဲဆိုပြီး သူ့ကိုမြေလှန်ရှာပါတော့တယ် ဇာတ်လမ်းကသဘာဝကျကျနဲ့ ဟာသနှောထားတာဖြစ်လို့ မဆိုးလှတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Drama
6.2 2024 162 mins
Kudi Haryane Val Di
A Long Shot
6

CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့အတွက် ဇာတ်ကားဆန်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… တစ်ချိန်တစ်ခါက အဝေးပစ် သေနတ်ပစ်အားကစားသမားဟောင်းတစ်ယောက်… တစ်နေ့မှာ အာရုံကြောထိခိုက်ပြီး နားတစ်ဖက်မကြားတဲ့အနေအထားကို ရောက်သွားခဲ့တယ်… ဆာလောင်မွတ်သိပ်မှုက ငြိမ်မနေနိုင်တော့ ဘဝဝမ်းစာအတွက် အလုပ်ထွက်လုပ်ခဲ့ရာကနေ… အများပြောတဲ့ အရပ်ထဲက နားလေးပါးလေး စက်ရုံဟောင်းက လုံခြုံရေးဝန်ထမ်းကြီးဖြစ်လာတာပေါ့… ဒီလိုနဲ့ စက်ရုံကို ညတိုင်းလိုလို ပစ္စည်းလာလာခိုးနေတဲ့ ဗရုတ်တစ်ဖွဲ့က ကောင်လေးတစ်ယောက်နဲ့ ဆုံပြီး… တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်လေးက သူကြိုးစားနေတဲ့ ဖူးစာကြင်ဖော်အမျိုးသမီးရဲ့ အရင်အမျိုးသားနဲ့ရတဲ့သားဖြစ်နေလေရဲ့… အဖေတစ်ဝမ်းကွဲဖြစ်တော့မှာဆိုတော့ ဒီလမ်းမှားနေတဲ့ သားတစ်ဝမ်းကွဲကို ဆုံးမရင်းနဲ့ပဲ… သူမသိသေးတဲ့ သူအလုပ်လုပ်နေတဲ့ စက်ရုံရဲ့ လျို့ဝှက်ချက်ကို သိခဲ့သလို…. တစ်ချိန်က မေ့ထားခဲ့တဲ့ သေနတ်ကို လက်ထဲ ပြန်ကိုင်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာပါပဲ… ကဲ ဘယ်လို ဇာတ်အိမ်နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းလဲဆိုတာ ကြည့်လိုက်ရအောင်နော်..

Horror • Science Fiction
6 2025
A Long Shot
Pangolin: Kulu’s Journey
7.5

“Pangolin: Kulu’s Journey” (2025) IMDb (7.6/10) ====================================================================== Pangolin: Kulu’s Journey ဇာတ်ကားလေးက အော့စကာဆုရ ဒါရိုက်တာ Pippa Ehrlich ရိုက်ကူးခဲ့တဲ့ သဘာဝမှတ်တမ်းရုပ်ရှင်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ Pippa Ehrlich က My Octopus Teacher ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်အကယ်ဒမီဆုရရှိထားသူပါ။ အခု ၂၀၂၅မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ Pangolin: Kulu’s Journey ရုပ်ရှင်ကားကလည်း သဘာဝမှတ်တမ်းရုပ်ရှင်ကားဖြစ်ပြီး IMDb 7.6 အထိရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပါ။ ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ် လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာ စောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေမှာလည်း လူလိုပဲ ထိတ်လန့်လွန်ပြီး ထရာမာရသွားတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တာကြောင့် မှောင်ခိုသမားတွေလက်ထဲမှာ ထရာမာရသွားတဲ့ သင်းခွေချပ်လေးကို စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာအောင် လုပ်ပေးခဲ့ပုံကလည်း ပညာယူစရာ ကောင်းလှပါတယ်။ တောင်အာဖရိကမှာ ရိုက်ကူးထားတာကြောင့် ရှုခင်းတွေလှပတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကျူးထားကြပါသေးတယ်။ ဇာတ်ကားက မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ဒါတွေအားလုံးကတော့ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ လူတွေကြောင့် တိရစ္ဆာန်လေးတွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေ၊ ဂဲရက်လို နှလုံးသားလှတဲ့စေတနာ့ဝန်ထမ်းလေးတွေကြောင့် ကိုယ်၊ စိတ်ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့ပုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဘာကြောင့်လိုအပ်နေလဲဆိုတာတွေကို ကျကျနနဖန်တီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးကြည့်ရင်း လေ့လာလိုက်ကြရအောင်။ File size…2.5 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mahaw

Western
7.5 2025 90 mins
Pangolin: Kulu’s Journey
Sky Monster

ဒီကားက UK နိုင်ငံ Jagged Edge Productions က ထုတ်လုပ်တဲ့ Science/Horror ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ စင်ဒီ လို့ခေါ်တဲ့ကောင်မလေးက သူငယ်ချင်းတွေနဲ့ လေယာဥ်တစ်ခုပေါ်မှာ ခရီးသွားစဥ် အမည်မသိိ အကောင်တစ်ကောင်ရဲ့ ဝင်ရောက်နှောင့်ယှက်ခြင်းခံရတာကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်း —————- ၂၁ နှစ်ပြည့်မွေးနေ့မှာ ဖခင်ဖြစ်သူ မိုက်က သမီးလေး စင်ဒီအတွက် စပရိုက်အကြီးစားကြီးစီစဥ်ထားပါတယ်။ စပရိုက်ကတော့ ကိုယ်ပိုင်လေယာဥ်နဲ့ အပန်းဖြေကမ်းခြေကို သူငယ်ချင်းတစ်သိုက်နဲ့ ထွက်ကြမှာပါ။ အစပိုင်းမှာတော့ ခရီးကချောမွေ့ပေမဲ့ နောက်တော့ ဘာမြူဒါတြိဂံထဲကို လေယာဥ်ဆွဲသွင်းခံလိုက်ရပါတယ်….. အဲ့နောက် Kraken လိုသတ္တဝာကြီးတစ်ကောင်က တိမ်တွေထဲကနေ ပေါ်လာပြီး လေယာဥ်ပေါ်ကနေ မသိမသာ ချဉ်းကပ်လာတဲ့အခါ….. အသက်ရှင်ဖို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုအကြံတွေ ထုတ်ကြမလဲနဲ့ တကယ်ရော လွတ်မြောက်နိုင်ပါ့မလားဆိုတာ…………. File size… (507 MB) Quality….720p Format…. mkv/mp4 Duration….01:48:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Horror • Thriller • Drama
0 2023
Sky Monster
Psycho II
6.6

Psycho II (1983) Review Bates Motel နဲ့ နော်မန်ဘိတ်စ်တို့မိသားစုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်၊ Series တွေ ရှိတဲ့အထဲမှာမှ 1960 ခုနှစ်က ဒါရိုက်တာ Alfred Hitchcock ရဲ့ Psycho ရုပ်ရှင်ကားကြီး ထွက်ရှိပြီး ၂၃ နှစ်အကြာမှာ နော်မန်ဘိတ်စ်ရဲ့ မပြီးဆုံးသေးတဲ့ဘဝဇာတ်လမ်းကို Psycho II အနေနဲ့ တင်ဆက်လာပါတယ်။ စိတ်ကျန်းမာရေးဆေးရုံက လူကောင်းပကတိအဖြစ်ကို ပြန်ရောက်ရှိပြီဆိုတဲ့ ထောက်ခံချက်နဲ့အတူ တရားရုံးကနေ နော်မန်ဘိတ်စ်ကို လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။ ဒေသခံစားသောက်ဆိုင်လေးတစ်ခုမှာ အကူအဖြစ်နဲ့ ဘဝကို ပြန်လည်စတင်ခဲ့တဲ့ နော်မန်ဘိတ်စ်ဟာ လုပ်ဖော်ကိုင်ဖက် စားပွဲထိုးမလေး မေရီကို မျက်စိကျလာခဲ့ပါတယ်။ ရည်းစားပြဿနာကြောင့် တစ်ညတာအိပ်စက်ရမယ့်နေရာပါ အခက်အခဲတွေ့နေတဲ့ မေရီကို သူ့ရဲ့မိုတယ်မှာ တည်းခိုဖို့ နော်မန်က ကမ်းလှမ်းခဲ့ပါတယ်။ သူ့မိုတယ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ Bates Motel ဟာဆေးသမားတွေ၊ အပျော်အပါးလိုက်စားသူတွေ ကျက်စားရာ ညစ်ညမ်းဟိုတယ်အဖြစ်ကို ရောက်နေမှန်း မျက်မြင်သိခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာကို နေရာမှာတင် အလုပ်ထုတ်ပြီး မေရီကို သူ့ရဲ့အိမ်ထဲမှာပဲ တည်းခိုခွင့်ပေးခဲ့ပါတယ်။ ဘဝမှာ အခြေကျအနည်ထိုင်ဖို့ အစပြုလာစဉ်မှာပဲ ဟိုတယ်မန်နေဂျာ တွန်းမီရဲ့ စားသောက်ဆိုင်အထိ လာရောက်နှောက်ယှက်မှုတွေ၊ သူ့ရဲ့သေဆုံးသွားပြီဖြစ်တဲ့ အမေဆီက ရောက်လာတဲ့ စာတွေ၊ ဖုန်းကောလ်တွေကြောင့် နော်မန်ရဲ့ဘဝဟာ ခြောက်ခြားဖွယ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကို ပြန်ရောက်ရှိလာခဲ့ပါတယ်။ စွန့်ပစ်အိမ်ကြီးလိုဖြစ်နေတဲ့ နော်မန်တို့အိမ်ဟာ နှစ်ပေါင်းများစွာ ဆေးသမားတို့ပျော်စံပုန်းခိုရာ ဖြစ်ခဲ့ပါတယ်။ နော်မန်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့အိမ်မြေအောက်ခန်းကို ခိုးဝင်ပြီးပျော်ပါးတဲ့ စုံတွဲတစ်တွဲဟာ အဖြစ်ဆိုးတစ်ပတ်ပြန်လည်လာတဲ့အခိုက်မှာ ပဟေဠိလူသတ်သမားကောင်ရဲ့ သားကောင်အဖြစ် ကျရောက်ခဲ့ရပါတယ်။ သူ့ကို စာတိုတွေ၊ ဖုန်းကောလ်တွေနဲ့ နှောက်ယှက်နေတာကရော ဘယ်သူလဲ သူ့ဘဝထဲကို ဝင်လာပြီး ရဲတွေသူ့ကို သံသယဝင်မယ့်အဖြစ်ကနေကာကွယ်ပေးနေတဲ့ မေရီရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ သူ့အိမ်ထဲမှာ မကြာခဏတွေ့နေရတဲ့ အမျိုးသမီးသဏ္ဌာန်ကရော သူ့အမေအစစ်ပဲလားဆိုတဲ့ မေးခွန်းများစွာနဲ့အတူ အတိတ်က အိပ်မက်ဆိုးကတော့ နော်မန်ဘိတ်စ်ဆီကို တစ်ကျော့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Thriller
6.6 1983 113 mins
Psycho II