YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Athena Goddess of War(2010)EP15.mp4

566.16 MB N/A video/mp4 2592 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wait With Me
5.8

ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre "Wait With Me" စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ "Wait With Me"ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်‌ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက "Wait With Me"စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Comedy • Drama
5.8 2023 90 mins
Wait With Me
Hidden
6.9

ဒီကားကတော့ သည်းထိတ်ရင်ဖို post-apocalypse ရုပ်ရှင်တွေကိုမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကင်းစ်ဗီးမြို့မှာနေတဲ့ သာမာန်မိသားစုလေးဖြစ်တဲ့ ရေးလ်၊ ကလာရာနဲ့ သူတို့ရဲ့သမီးလေး ဇိုဝီတို့ဟာ သူတို့ရဲ့မြို့ငယ်လေးမှာ ဗိုင်းရပ်စ်ကူးစက်တဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့အပြီးနောက်မှာ "ဘရီသာ" ဆိုတဲ့အမျိုးအမည်မသိ သတ္တဝါတွေဆီကနေ ပုန်းနေဖို့အတွက် မြေအောက်ဗုံးခိုကျင်းထဲမှာပဲ နေနေခဲ့ကြရတာ ရက်ပေါင်း 301 ရက်ရှိနေခဲ့ပါပြီ။ ဒီအချိန်မှာသူတို့ရဲ့ ရိက္ခာတွေကိုလာခိုးတဲ့ ကြွက်တ‌စ်ကောင်ကို အကြောင်း ပြုပြီးသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေမဲ့ဖြစ်ရပ်ကြီးတခုဖြစ်သွားခဲ့ပြီး ဘရီသာ" တွေကို သူတို့ရဲ့နေရာကိုဖော်ပြလိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီတော့ "ဘရီသာ" ဆိုတဲ့ အမျိုးအမည်မသိသတ္တဝါတွေကပဲ သူတို့ကိုရှာတွေ့ သွားမလား၊ "ဘရီသာ" တွေကရော ဘာသတ္တဝါတွေလဲ၊ ဗိုင်းရပ်စ်ကရော ဘယ်လိုကူးစက်တာလဲ၊ သူတို့မိသားစုကရောလွတ်မြောက်သွားမှာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ post-apocalypse ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ခင်ဗျ။ File size…1.16GB / 394MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 24m Genre ..... Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Comedy • Romance • TV Movie
6.9 2015 83 mins
Hidden
She's The One
5.5

ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... "ကတ်"လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း "ဝါကီ"ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ "ကတ်"က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။ "ဝါကီ"က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ "ကတ်"အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ "ကတ်"က မိုးရွာထဲမှာ ကားပျက်သွားလို့ပြင်နေတုန်း "ဒေးဗစ်"ဆိုတဲ့ကောင်လေးက ကူညီဖို့ရောက်လာခဲ့ပါတယ်။ ကတ်က အကူအညီကိုငြင်းလိုက်ပေမဲ့ မိုးရေထဲမှာ ကိုယ်တိုင်ကားပြင်နေတဲ့ မမ"ကတ်"ကို သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့် လိုင်းပေါ်မှာ "ကတ်"ကိုရိုက်ထားတဲ့ videoကိုတင်လိုက်တာ ပေါက်သွားပြီး ကြည့်ရှုသူ သန်းချီသွားပါတယ်။ ဝါကီတို့အစီအစဉ်ကလည်း "ဒေးဗစ်"ကို ခေါ်ရိုက်ပြီး ကတ်နဲ့ပေးတွေ့နိုင်ဖို့အတွက် "ဝါကီ"ကိုစီစဉ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်က ကတ်ကိုချစ်မိသွားပြီး ကြိုးစားလိုက်နေတဲ့အချိန်မှာ ဝါကီကိုယ်တိုင်က သူ့ရဲ့ ခံစားချက်အစစ်တွေထွက်လာတဲ့အခါ....။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Ingyin San မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/58  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(2.6 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Ingyin San

Action • Adventure
5.5 2013 110 mins
She's The One
Cleopatra
7.1

Cleopatra ဆိုတဲ့နာမည်ကို အထူးတလည်မိတ်ဆက်ပေးနေစရာမလိုပါဘူး။ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ လူတကာငေးရတဲ့အလှပိုင်ရှင်အဖြစ်၊ အီဂျစ်ဘုရင်မာယာရှင်အဖြစ် Cleopatra ကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ Cleopatra ပါဝင်ကပြတဲ့ ကမ္ဘာ့သမိုင်းဇာတ်ကွက်က ကြီးကျယ်ခမ်းနားခဲ့သလို အဲဒီအကြောင်းကို ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဟာလည်း ရုပ်ရှင်သမိုင်းမှာဆိုစမှတ်ပြုရလောက်အောင် ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ Roman emperor ရဲ့အထင်ကရ စစ်သူကြီး Julius Caesar ဟာ ရန်သူတော် Pompey ကို တိုက်ခိုက်အနိုင်ယူလိုက်တဲ့ Battle of Pharsalus အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Rome ရဲ့ အဓိကကုန်ဝင်ရာ နိုင်ငံဖြစ်တဲ့ Egypt မှာ Cleopatra ဘုရင်မနဲ့ မောင်ဖြစ်သူ Ptolemy တို့ထီးနန်းအတွက် တင်းမာနေတဲ့အခြေအနေကို Caesar ကဖြေရှင်းပေးဖို့ Egypt ကိုရောက်လာခဲ့ပါတယ်။ အချုပ်ပြောရရင် Cleopatra ကိုလုပ်ကြံရန်ကြိုးစားမှုနဲ့ Ptolemy နယ်နှင်ဒဏ်ပေးခံရပြီး Cleopatra က အီဂျစ်ရဲ့ဘုရင်မဖြစ်လာခဲ့တဲ့အပြင် Caesar နဲ့ Cleopatra တို့ပါငြိစွန်းခဲ့ပါတော့တယ်။ သားလေး Caesarion ဖွားမြင်လာခဲ့တဲ့အခါမှာတော့ Cleopatra ရဲ့အိပ်မက်ဟာ ကမ္ဘာတစ်ခွင်ကို သူမနဲ့ Caesar တို့အတူအုပ်စိုးပြီး သားတော်လေးလက်ထဲ အာဏာစက်ကိုလွှဲအပ်ပေးခဲ့ဖို့ဖြစ်လာပါတယ်။ ရောမနေပြည်တော်ကြီးမှာတော့ dictatorship ကိုတောင်းဆိုလာတဲ့ Caesar ကိုလွှတ်တော်အဖွဲ့ကအမြင်မကြည်တော့တဲ့အပြင် တူဖြစ်သူ Octavian ရဲ့သွေးထိုးမှုတွေကြောင့် Caesar အတွက် အခြေအနေမကောင်းဖြစ်နေပါတယ်။ နောက်ဆုံး Caesar လုပ်ကြံခံခဲ့ရပြီး Cleopatra တို့သားအမိလည်းပြည်တော်ပြန်ခဲ့ရပါတယ်။ ရောမမှာ Caesar လိုပဲ ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကိုခံရတဲ့ နောက်သူရဲကောင်းတစ်ဦးကတော့ Mark Antony ဖြစ်ပါတယ်။ Caesar မရှိတော့တဲ့နောက် Mark Antony ရယ်၊ Octavian ရယ်၊ Lepidus ရယ်တို့က ရောမအင်ပါယာကြီးကို ခွဲဝေအုပ်ချုပ်နေခဲ့ကြပါတယ်။ သူရဲကောင်းကြီး Mark Antony ဟာလည်း Cleopatra ရဲ့အလှတရားအောက်မှာ ကျရှုံးခဲ့ရပြန်ပါတယ်။ Caesar နဲ့မအောင်မြင်ခဲ့တဲ့အိပ်မက်ကို Mark Antony နဲ့ပြန်အသက်ဆက်ဖို့ကြိုးစားတဲ့ Cleopatra အောင်မြင်နိုင်မလားဆိုတာကတော့...................... Cleopatra ဇာတ်ကားကြီးကျော်ကြားရခြင်းအကြောင်းအချက်တွေအားလုံးက အကောင်းကြီးပဲတော့မဟုတ်ပါဘူး။ နာမည်ဆိုးနဲ့လည်း ကျော်ကြားသူပေါ့။ ဒီကားဟာ ကုန်ကျစရိတ်အများဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်။ မူလ Budget က ဒေါ်လာ ၂ သန်းဖြစ်ပေမယ့် ရိုက်ကူးပြီးစီးသွားတော့ ၄၄သန်းလောက်ကုန်ခဲ့ပြီး 20th century fox ကို ဒေဝါလီခံရခါနီးအထိဖြစ်စေခဲ့ပါတယ်။ အဲ့ခေတ်က ၄၄ သန်းဆိုတာ ဒီနေ့ခေတ်မှာ ၃၃၉ သန်းလောက်အထိရှိတယ်ဆိုပါတယ်။ နှမြောစရာကောင်းတာက ကုန်ကျစရိတ်ရဲ့တော်တော်များများဟာ အချည်းနှီးဖြစ်ခဲ့ရတာပါ။ ဒီကားကိုစမရိုက်ခင်ကတည်းက ဇာတ်ညွှန်းရေးဆရာတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲခဲ့ပါတယ်။ သရုပ်ဆောင်တွေလည်းပြောင်းလဲခဲ့ပါတယ်။ နောက်ဆုံး ဒါရိုက်တာ Mamoulian ပါလမ်းခွဲသွားခဲ့ပြီး Joseph L.Mankiewicz ဝင်ရောက်လာခဲ့ပါတယ်။ Mankiewicz ဝင်ရောက်လာချိန်မှာကို ကုန်ကျငွေက Budget ထက် ၅ သန်းလောက်ပိုနေခဲ့ပြီဖြစ်ပေမယ့် ပြလောက်စရာ လောက်လောက်လားလား ရိုက်ချက်တော့ တစ်ကွက်မှမရခဲ့သေးပါဘူး။ Mankiewicz ကဇာတ်ညွှန်းကိုအစအဆုံးပြန်ရေးပြီး စိတ်ကြိုက်ရိုက်ကူးခဲ့ပါတယ်။ အစက London မှ setting ကြီးတွေအသေအချာဆောက်ပြီးရိုက်ကူးနေခဲ့တာပါ။ ဒါပေမယ့် London ရဲ့အေးလွန်းတဲ့ရာသီဥတုက အဖွဲ့သားတွေအတွက်ခက်ခဲလွန်းနေခဲ့ပြီး မင်းသမီး Eizabeth Taylor ကိုယ်တိုင် အကြီးအကျယ်ဖျားနာခဲ့ရတာ လည်ပြွန်အပေါက်ဖောက်ခဲ့ရတဲ့အထိပါပဲ။ မင်းသမီးဆေးရုံတက်နေစဉ် ရိုက်ကူးရေးရပ်နားထားရာမှာ ဘဏ်တိုးက တစ်နေ့ကို ဒေါ်လာ ၇၅၀၀ တက်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဒေါ်လာ ၃ သန်းလောက်နစ်နာခဲ့ပြီး နောက်ဆုံးတော့ Italy, Egypt တို့မှာ ပြောင်းရွှေ့ရိုက်ကူးခဲ့ရပါတယ်။ ရိုက်ကူးပြီးစီးသွားပြီး တည်းဖြတ်အပြီးမှာ ကြာမြင့်ချိန်က ၆ နာရီထိရှိခဲ့ပါတယ်။ ဒါပေမယ့် Producers တွေက ပြန်လည်တည်းဖြတ်ဖို့ Mankiewicz ကိုတောင်းဆိုခဲ့တာကြောင့် နောက်ပိုင်းမှာ ၄ နာရီပဲဖြစ်သွားရပါတယ်။ အရေးကြီးတဲ့အခန်းအချို့လည်း ဖြုတ်ချခံရတဲ့အထဲပါသွားပါတော့တယ်။ Cleopatra ဇာတ်ကားအကြောင်းပြောမယ်ဆိုရင် မင်းသမီး Elizabeth Taylor အကြောင်းကိုလည်း မပြောမဖြစ်ပြောရပါလိမ့်မယ်။ အပြင်မှာလည်း ချောမောသလောက် ယောကျာ်းသားတို့နဲ့ ဇာတ်လမ်းတွေများခဲ့တဲ့ သူမကို ဒီဇာတ်ကောင်အတွက် ရွေးချယ်တာ တမင်ရည်ရွယ်ရင်းလားမသိပါဘူး။ ရိုက်ကူးနေရင်းနဲ့လဲ တွဲဖက်မင်းသား Richard Burton (Mark Antony) နဲာဇာတ်လမ်းတွေဖြစ်ခဲ့တာကြောင့် ဟိုးလေးတကျော်ဖြစ်ခဲ့ရပြီး ဝေဖန်သံတွေလည်း ညံခဲ့ပါတယ်။ အဲဒီအချိန်မှာ နှစ်ယောက်လုံးက အိမ်ထောင်ကိုယ်စီနဲ့ကိုး။ သူတို့နှစ်ယောက်လုံး ဒီကားနဲ့ဆုတွေမရခဲ့ပေမယ့် Elizabeth Taylor ကတော့ စံချိန်တစ်ခုတင်ခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားအတွင်း ဝတ်စုံအများဆုံးလဲလှယ်မှုကို ၆၅ ကြိမ်နဲ့စံချိန်ဆင်လိုက်တာပါ။ ဒါပေမယ့် ဒီစံချိန်ကို ၁၉၉၆ မှာ Madonna က Evita ဇာတ်ကားမှာ ၈၅ ကြိမ်နဲ့ရိုက်ချိုးလိုက်ပါတယ်။ နောက်တစ်ချက်က ဒီကားနဲ့ Elizabeth Taylor က သရုပ်ဆောင်ကြေး ဒေါ်လာ ၁ သန်းအထိရရှိခဲ့ပါတယ်။ Original budget နဲ့ဆိုရင် တစ်ဝက်တိတိပါပဲ။ ဒီကားကို ဝေဖန်ရေးတွေကတော့ ကြိုက်တဲ့သူ၊ မကြိက်တဲ့သူစုံခဲ့ပါတယ်။ ဘယ်လိုပဲဝေဖန်သံညံညံ၊ ဘယ်လောက်ပဲငွေကုန်ကြေးကျများခဲ့များခဲ့ အကြီးကျယ်အခမ်းနားဆုံးဇာတ်ကားတစ်ကားဖြစ်လာရတာကိုပဲ ကျေနပ်ရမှာပါ။ ခမ်းနားတာကတော့ ကျွန်တော့်မျက်မြင်ပါပဲ။ Rome မြို့ထဲကို Cleopatra ဝင်လာတဲ့အခန်း၊ Mark Antony ကို Cleopatra သင်္ဘောကြီးနဲ့သွားရောက်တွေ့ဆုံတဲ့အခန်းတွေဟာ ကျွန်တော်ကြည့်ခဲ့ဖူးသမျှ အခမ်းနားဆုံးတွေပါပဲ။ နောက် battle scenes တွေအပြင် နောက်ခံ ဆက်တင်တွေကိုပါ ရှယ်ပြင်ဆင်ထားတာ တကယ်ကိုချီးကျူးစရာပါပဲ။ ကမ္ဘာ့သမိုင်းမှာ Julius Caesar, Mark Antony တို့နဲ့အတူ Cleopatra ဆိုတဲ့အလှနတ်ဘုရားကို ပယ်ဖျက်ထားလို့မရသလို Cleopatra ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ထာဝရတည်တံ့နေမယ့် ဂန္တဝင်ရုပ်ရှင်ကြီးပဲဖြစ်ပါတယ်။ Ref: wikipedia လင်းဝေမြိုင် - ဂန္တဝင်ဝတ္ထု၊ ဂန္တဝင်ရုပ်ရှင် ~Miller~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(5.5 GB) /(4.2 GB)/(1.6 GB) Quality….50th.Anniv.Restored.BluRay HEVC 1080p /1080p/720p Format…mkv/mp4 Duration….04:11:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar

Action • Drama • History
7.1 1963 248 mins
Cleopatra
Pet Sematary
5.7

စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း ============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီး ခံစားလိုက်ပါ။ Littleneo ဘာသာပြန်သည် File Size : 740MB Quality : Blu-Ray --720p Running Time : 1hr 41min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Littleneo Encoded by THZ

Drama
5.7 2019 101 mins
Pet Sematary
Dragon Quest: The Soul Coffin
5.9

လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့CMပရိသတ်ကြီးအတွက် လျို့ဝှက်ဆန်းကြယ်ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဟိုးရှေးရှေးတုန်းက ဝိဉာဉ်ချင်းလဲပြီးအသက်ဆက်ရှင်နိုင်စေတဲ့ နဂါးပုလဲလုံးဆိုတဲ့ရတနာပုလဲလုံးကို သဲကန္တာရကြီးတစ်ခုရဲ့ အောက်မှာဝိဉာဉ်အခေါင်းထဲမှာထည့်သွင်းပြီးမြုပ်နှံထားတယ်တဲ့….. တော်လှန်ရေးခေတ်မှာ ပညာအသီးသီးရှိတဲ့လူတစ်စုဟာ ရည်ရွယ်ချက်အသီးသီးနဲ့ သင်္ချိုင်းဖောက်ထွင်းဖို့စုမိကြပါတယ်။ ရှေးဟောင်းမြေပုံတစ်ခုကိုယူပြီး သဲကန္တာရကြီးထဲမှာ ဒဏ္ဍာရီထဲကရှေးဟောင်းသင်္ချိုင်းကိုရှာဖွေခဲ့ကြတယ်။ ရှေးဟောင်းသင်္ချိုင်းကြီးထဲမှာ သူတို့ကိုဘယ်လို ဆန်းကြယ်တဲ့အရာတွေကစောင့်နေမလဲ …… ဝိဉာဉ်ချင်းလဲပြီးသူများခန္ဓာနဲ့အသက်ရှင်စေနိုင်မယ့် နဂါးပုလဲလုံးဆိုတာကရော ဘယ်လိုအရာဖြစ်နေမလဲ…..

5.9 2023
Dragon Quest: The Soul Coffin
Haunted Mansion
6.2

သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023) ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။ သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။ တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

6.2 2023 123 mins
Haunted Mansion
Big Momma’s House 2
4.8

Big Momma’s House 2 (2006) ====================== ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma’s House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။ အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.0 GB) / (1.0 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Ngwe Zin Encoder……….SWM

4.8 2006 99 mins
Big Momma’s House 2
Minus 31: The Nagpur Files
7.1

Minus 31: The Nagpur Files(2023) IMDb – 7.2/10 အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲ ရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။ တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။ အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကို လိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.1 2023 134 mins
Minus 31: The Nagpur Files
Bourek
6.2

Bourek (2015) Comedy Drama IMDB Rating: 6.2/10 အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ သင်က အကောင်းမြင်တတ်သူလား အဆိုးတွေပဲမြင်တတ်သူလား ဒါမှမဟုတ် ကိလေသာတဏှာကိုပဲ တပ်မက်နေတဲ့သူလား အခွင့်အရေးရတိုင်း အမြတ်ထုတ်ချင်နေတဲ့ ဓနရှင်လား။ ကိုယ်က ဘယ်အမျိုးအစားထဲမှာပဲ ပါပါ ဒီကားလေးကို ကြည့်ပြီးရင် ကိုယ်လိုချင်တာကို ရအောင် တစိုက်မတ်မတ် သွားချင်တဲ့ စိတ်ဖြစ်လာမှာပါ။ ဒီဇာတ်ကားလေဟာ (၂၀၁၂)ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ ကမ္ဘာပျက်ဟောကိန်းကို ယုံကြည်သူ တစ်ယောက်နဲ့ စတင်ပါတယ်။ ကမ္ဘာပျက်ရင် ရှောင်ဖို့ စည်းစိမ်တွေကို စွန့်လွှတ်ပြီး လွတ်မြောက်ရာလို့ ညွှန်းပေးလိုက်တဲ့ ဂရိနိုင်ငံက ကျွန်းလေးကို လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးကျဆင်းနေတာကြောင့် ဂရိအစိုးရက နိုင်ငံပိုင် ကျွန်းလေးတွေကို ပုဂ္ဂလိကလက်ထဲ ရောင်းချနေရတဲ့ အချိန်ပါ။ ဂရိနိုင်ငံက ခရိုးနို့စ်ကျွန်းလေးမှာ အဖွားရဲ့လက်ငုပ်လက်ရင်းဆိုင်လေးကို ဆက်ပြီးအသက်ဆက်အောင် ကြိုးစားနေတဲ့ အီလီနီဆိုတဲ့ ကောင်မလေးရှိနေပါတယ်။ သူမရဲ့ ဘဝကို အရှုံးမပေးပဲ ရင်ဆိုင်မယ့် တိုက်ပွဲမှာ အဖက်ဖက်က ပါဝင်လာကြမယ့်သူတွေရယ်။ ကမ္ဘာပျက်ရင် လွတ်မြောက်နယ်မြေဖြစ်မယ်လို့ ယုံကြည်ပြီးရောက်လာတဲ့ သူဌေးရယ်။ တဏှာကလွဲပြီး ကျန်တာ စိတ်မဝင်စားတဲ့ ညီအစ်ကို ဝမ်းကွဲနှစ်ယောက်ရယ်နဲ့ ဟာသဇာတ်မြူးတစ်ခုကို ကြည့်ရမှာဖြစ်ပါတယ်။ ဂရိမှာရှိတဲ့ ကျွန်းလေးပေါ်မှာ ရိုက်ထားတဲ့ ဒီကားလေးဟာ အီဂျစ်ရုပ်ရှင်ပြပွဲနဲ့ အေသင်ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ အရွေးချယ်ခံခဲ့ရပါတယ်။ File size… 1.3 GB / 637 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Boomer

Crime • Horror
6.2 2015 90 mins
Bourek
Queen of My Heart
5.7

သာ့ချွမ်ပြည်ရဲ့ အိမ်ရှေ့စံမင်းသားကို ငယ်စဉ်ကတည်းက ချစ်သူနှစ်ယောက်နဲ့တွေ့ရလိမ့်မယ်လို့ နတ်သူငယ်လေးပေးတဲ့လျို့ဝှက်ကြမ်းမှာပါလာပါတယ် ။ ဒီလိုနဲ့ မင်းကြီးနတ်ရွာစံသွားပြီး အိမ်‌ရှေ့စံကထီးနန်းဆက်ခံခါစဆိုတော့ တိုင်းပြည်အရေးကရှုပ်ထွေးပြီး ညီလာခံမှာလည်း အမတ်တွေက ပြောင်းဆန်လို့နေပါတယ် ထီးနန်းဆက်ခံခါစ အိမ်ရှေ့စံဟာ အမေဖြစ်သူ မိဖုရားခေါင်ကြီးနဲ့ ဦးလေးဖြစ်သူရဲ့အကူအညီနဲ့ သူဒီတိုင်းပြည်ကိုကောင်းကောင်း အုပ်ချုပ်နိုင်မယ်လို့ထင်ခဲ့ပေမဲ့ သူထင်ထားတာနဲ့လွဲမှားစွာ ဦးရီးတော်ဖြစ်သူက ထီးနန်းကိုမက်မောပြီး သူ့နောက်ကျောကိုဓားနဲ့ထိုးဖို့ချောင်းနေပါတော့တယ် ။ ဒါ့အပြင် သူ့တူလေးကို ချစ်လွန်းလို့လက်ဆောင်ပေးသလိုနဲ့ ကောင်မလေးတစ်ယောက်ကိုဆက်သလာချိန်မှာတော့… အဲဒီမိန်းကလေးရဲ့သရုပ်မှန်ကရော ဘယ်လိုဖြစ်မလဲ ? ဒီလိုမကောင်းတဲ့သူတွေအာဏာရနေတဲ့ ညီလာခံကိုရော ထီးနန်းရခါစ အိမ်ရှေ့စံမင်းသားတစ်ယောက် ဘယ်လိုပြန်လည်တိုက်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုပေးကြပါအုံးနော် ။

Drama • Romance
5.7 2021
Queen of My Heart
The Age of Adaline
7.2

The Age of Adaline (2015) IMDb Rating (7.2) ဒီရုပ်ရှင်ကတော့ မင်းသမီး Blake Lively ကို အလှပဆုံးမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပြီး Harrison Ford , Michiel Huisman တို့လိုမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။ အချစ်ဒရမ်မာဆိုပေမယ့် သဘာဝလွန်စွမ်းအားနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့် တခြားရိုမန့်ကားတွေနဲ့မတူဘဲ အရသာတမျိုးနဲ့လူကြိုက်များကြတဲ့ကားပါ။ ဇာတ်လမ်းကတော့… ၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်… Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်… ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။ သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့ သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။ သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်… ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့…. တကယ့်ရှော့ရစရာအဖြစ်အပျက်ကြီးက စောင့်ကြိုနေပါတော့တယ်။ လူတိုင်း အသက်အရွယ်မကြီးရင့်ဘဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? ” ရှင်သန်ခြင်းမှာလဲ နာကျင်ခြင်းတွေအမြဲရှိနေပါတယ်။ ”

7.2 2015 112 mins
The Age of Adaline
A Mother’s Embrace
5.7

ဒီကားကိုတော့ ဒါရိုက်တာ Cristian Ponce ရိုက်ကူးထားပြီး မင်းသမီး Marjorie Estiano က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာဆန်ဆန် ‌Horror ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအစမှာတော့ အန်နာရဲ့ငယ်ဘဝအိပ်မက်ဆိုးကနေ စတင်ထားပါတယ်။ အမေအရင်းရဲ့‌ ဆေးခတ်ထားတဲ့နွားနို့ကိုသောက်ပြီးတော့ ထူးဆန်းတဲ့နေရာတစ်ခုမှာ ပိတ်မိနေခဲ့ပြီး မီး‌လောင်ပြင်ထဲကနေ ကယ်ထုတ်ခဲ့ရပါတယ်။ အနှစ်နှစ်ဆယ်ကျော်အကြာမှာ အမေဖြစ်သူရဲ့ သေဆုံးမှုသတင်းနဲ့ အတူ မီးသတ်ဌာနမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ အန်နာက ငယ်စဉ်က အိပ်မက်ဆိုးတွေကို မေ့ဖျောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ရီယိုမုန်တိုင်းကြောင့်‌ နေရာအနှံ့ရေကြီးခဲ့တဲ့အချိန်မှာ ဂေဟာ တစ်ခုကို ကယ်တင်ဖို့ အန်နာတို့အဖွဲ့က တာဝန်ရရှိခဲ့ပါတယ်။‌ အဲဒီဂေဟာက ရိုးရှင်းတဲ့ သက်ကြီးရွယ်အိုဂေဟာမဟုတ်ပဲ ထူးဆန်းနေတဲ့အခါ… အန်နာတို့အဖွဲ့က တစ်‌‌ယောက်စီခွဲသွားမိတဲ့နောက် သူတို့ကံကြမ္မာတွေက ဘယ်လိုဖြစ်သွားမလဲ… အန်နာရဲ့သေသွားတယ်ဆိုတဲ့ အမေကို ဂေဟာမှာတွေ့နေရတဲ့အခါ… ‌‌‌ဂေဟာကလူတွေက ထွက်မသွားနိုင်ဘဲ ဘာကိုစောင့်နေကြတာလဲ‌… အန်နာနဲ့က‌ရော ဘာတွေပတ်သက်နေတာလဲ… အဲဒီအရာရဲ့ လက်ထဲက အန်နာလွတ်‌မြောက်နိုင်မလား… ဒါတွေကို ဒီဇာတ်ကား‌ထဲမှာ အဖြေရှာရမှာပါ‌။ File size… (1.96GB) / (686MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5.7 2024 91 mins
A Mother’s Embrace
The Color Purple

The Color Purple ရုပ်ရှင်ဟာ 1986 ခုနှစ် အော်စကာ ဆုပေးပွဲမှာ Best picture, Best director, best actress, best supporting actress အပါအဝင် nomination 11 ခုရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စီလီဆိုတဲ့ လူမည်းကောင်မလေးတစ်ယောက် သူ့ဘဝတစ်လျှောက်မှာ ကြုံခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှု အိမ်တွင်းအကြမ်းဖက်မှု လိင်အမြတ်ထုတ်ခံရမှုတွေကို သူ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀ရာစုအစောပိုင်းက ပညာမဲ့ လူဆင်းရဲ လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ အိမ်အပြင်မှာရော အိမ်အတွင်းမပါ အနှိမ်ခံ အနှိပ်စက်ခံ ဘဝ ဖြစ်နေခဲ့ပြီး တကယ့်ပြင်ပဘဝက ခုလို လူမည်းအမျိုးသမီးများစွာကို ကိုယ်စားပြုတဲ့ ရုပ်ရှင်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ oscar ၂ကြိမ် ရထားတဲ့ အကောင်းဆုံး ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်သူ Steven Speilberg ပဲဖြစ်ပါတယ်။ ဒီရူပ်ရှင်ဟာ နာမည်ကျော်မင်းသမီး Whoopi Goldberg ရဲ့ ပထမဆုံး ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး Oprah Winfrey နဲ့ Danny Glover တို့လို နာမည်ကျော် သရုပ်ဆောင် များစွာလည်း ပါဝင်ထားပါတယ်။ File size…(3 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:34:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maung Kaung

War • Drama • Action
0 1985 154 mins
The Color Purple
Book of Shadows: Blair Witch 2
4

Book of Shadows: Blair Witch 2 (2000) ဒီရုပ်ရှင်မှာက ပရိသတ်ကိုအတွေးစတွေ ချန်ထားခဲ့မှာဖြစ်ပါတယ် ။ဒါကတော့ ဂျက်ဖ်တို့လူစုကြုံရတာကအစုလိုက်အပြုံလိုက် အရူးထတာလားဒါမှမဟုတ်သဘာလွန်ဖြစ်ရပ်လားဆိုတာပါပဲ။ ဒီဇတ်ကားကလည်း ငွေကြေးအရအောင်မြင်တဲ့ဇတ်ကားဖြစ်ခဲ့ပါတယ်။ဒါရိုက်တာကတော့ မှတ်တမ်းတင်ရုပ်ရှင်တွေရိုက်လေ့ရှိတဲ့ Joe Berlingerဖြစ်ပါတယ်။ အခုတိုးတက်ပြီးယဥ်ကျေးပါတယ်ပါတယ်ဆိုတဲ့ဥပရောတိုက်သားတွေကစုန်းအတတ်နဲ့ပြုစားပါတယ်လို့စွပ်စွဲပြီး၁၄၀၀ခုနှစ်ကနေ၁၇၇၅ထိ လူ၃၀၀၀၀ကနေ ၆၀၀၀၀ကို သတ်ခဲ့တယ်ဆိုရင်အံသြသွားကြမယ်ထင်ပါတယ်။ ရောမအင်ပါယာ ဂျာမဏီ ပြင်သစ် အင်္ဂလန် ဆွစ်ဇာလန် စကော့တလန် ဆွီဒင် အင်္ဂလိပ်ကိုလိုနီဖြစ်တဲ့အမေရိကနဲ့မက္ကဆီကိုတို့မှာစုန်းတွေကိုလိုက်ရှာပြီးသတ်ဖြတ်တာတွေလုပ်ခဲ့ကြပါတယ်။ အကျော်ကြားဆုံးစွပ်စွဲသတ်ခံရတဲ့သူကတော့ ပြင်သစ်အာဇာနည် “ဂျုံး”ပါ။ စုန်းအယူအဆကတော့နတ်ဆိုးနဲ့ဆက်နွယ်ပြီးလူတွေကို ကျိန်စာတိုက်ပြီးမကောင်းတာတွေဖြစ်စေတယ်ဆိုပါတယ်။ စုန်းအယူအဆကအာဖရိကနဲ့မြန်မာမှာလည်းရှိပါတယ်။အနောက်တိုင်းနဲ့တော့ကွဲပြားပါတယ်။ ၁၉၉၉ မှာထွက်တဲ့ Blair Witch Project ရုပ်ရှင်က ထိတ်လန့်သည်းဖို ရုပ်ရှင်ဖန်တွေကြားတော်တော်ကိုပေါက်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ တော်တော်ကိုကြောက်စရာကောင်းတဲ့ရုပ်ရှင်လို့ဆိုကြပါတယ် ။ငွေကြေးအရလည်းအောင်မြင်ခဲ့ပါတယ် ။ ရုပ်ရှင်ရိုက်တဲ့အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်”ဘာ့ခ်ကစ်ဗေး”မြို့လည်း ကျော်ကြားသွားပြီးခရီးသည်တွေကြိတ်ကြိတ်တိုးလာကြလို့အမှတ်တရပစ္စည်းတွေလည်းရောင်းကောင်းသွားပါတယ်။ “ဘလဲယားစုန်းမစီမံချက်”ဇတ်ကားကဖြစ်ရပ်မှန်မဟုတ်ပေမယ့်ရုပ်ရှင်ထဲကစုန်းမလို့စွပ်စွဲခံရပြီး ၁၇၈၅ခုနှစ်မှာရွာကနှင်ထုတ်ခံရ နှင်းတောထဲမှာသေအောင်ပစ်ထားခံရတဲ့ကယ်လီကက်ထ်ဝါ့ဒ်အကြောင်းကတော့ အမေရိကန်တောင်ပိုင်းရဲ့“ဘဲလ်စုန်းမခြောက်လှန့်ခြင်း”(Bell WitchHaunting)ဒဏ္ဍာရီကိုအခြေခံထားတယ်လို့ဆိုပါတယ်။ Book of Shadows: Blair Witch 2ကတော့“ဘလဲယားစုန်းမစီမံချက်”ရုပ်ရှင်ကိုအခြေခံပြီးရိုက်ထားတာပါ။ ဇတ်လမ်းအကျဥ်း ဘလဲယားစုန်းမစီမံချက်ဇတ်ကားဝက်ဝက်ကွဲအောင်မြင်ပြီး ဘာ့ခ်ကစ်ဗေးမြို့လေးက ကမ္ဘာလှည့်ခရီးသည်တွေ ခရီးသွားတွေရုပ်ရှင်ပရိသတ်တွေနဲ့စည်ကားနေတဲ့အချိန်မှာ မြို့ခံ ဂျက်ဖ်ပက်တာဆန်က ရုပ်ရှင်ရဲ့ကျော်ကြားမှုကို စီးပွါးရေးအရအမြတ်ထုတ်ပြီး၁၉၉၉နိုဝင်ဘာလမှာခရီးစဥ်တစ်ခုကိုစတင်လိုက်ပါတယ် ။ သူ့ရဲ့ခရီးစဥ်မှာပါတဲ့သူတွေကရုပ်ရှင်နဲ့ပါတ်သက်ပြီးအစုလိုက်အပြုံလိုက်စွဲလမ်းမှုဖြစ်တာနဲ့လျို့ဝှက်ဆန်းကြယ်တာကိုသုတေသနပြုနေတဲ့ဘွဲ့လွန်ကျောင်သားစတီဖင်ပတ်ကားနဲ့ ကိုယ်ဝန်ရှိနေတဲ့သူ့ ရည်းစား ထရစ်စတန်ရိုင်လာ၊ ခေတ်သစ်ဝှစ်ကာမှော်ဘာသာရေးလိုက်စားတဲ့အဲရစ်ကာဂီယာဆန်နဲ့ဂို့သ်လိုဝတ်စားနေထိုင်တဲ့ကင်မ်ဒိုင်းမွန်းတို့ပါဝင်ပါတယ်။ သူတို့တွေကခရီးစထွက်တဲ့ညမှာပဲရပ်စတင်ပါးလ်ရဲ့အိမ်အပျက်အစီးမှာ (ရပ်စတင်ပါးလ်က ဘလဲယားစုန်းမစီမံချက်ရုပ်ရှင်ထဲကလူသတ်သမားပါ) စခန်းချကြပါတယ်။ ဂျက်ဖ်က သဘာဝလွန်ဖြစ်ရပ်တွေကိုမှတ်တမ်းတင်ရအောင်ဆိုပြီး ကင်မရာတွေကိုဆင်ထားပါတယ်။ အဲဒီအချိန်မှာပဲလူငါးယောက်ပါတဲ့ခရီးသွားအုပ်စုကရောက်လာပြီးသူတို့လည်းဒီနေရာမှာစခန်းချမယ်ပြောလာတဲ့အတွက်ခေါင်းတလားကျောက်တုံးဘက်မှာစိတ်ဝင်စားစရာတွေ့တယ်ပြောပြီးစတီဖင်တို့ပဲလက်ရှိနေရာမှာစခန်းချမယ်ပြောလိုက်ပါတယ်။ အဲဒီခရီးသည်အုပ်စုထွက်သွားပြီးတဲ့နောက် ဂျက်ဖ်တို့အုပ်စုကအရက်သောက် ဆေးခြောက်ချပြီးတစ်ညလုံးမအိပ်ပဲနေမယ်ဆိုပြီးကဲနေကြပါတယ်။ မနက်ရောက်တော့ အားလုံးအိပ်ပျော်သွားမိတာသိရပြီး စတီဖင်တို့ရဲ့ သုတေသနမှတ်တမ်းတွေရောဂျက်ဖ်ရဲ့ကင်မရာတွေပါဖျက်ဆီးခံရပါတယ်။ဂျက်ဖ်ရဲ့တိတ်ခွေတွေပဲကျန်ခဲ့ပါတယ်။ သူတို့တွေမနေ့ညက အဖြစ်အပျက်ကိုမမှတ်မိကြပါဘူး။အခြားခရီးသွားအုပ်စုနဲ့တွေ့ခဲ့တာပဲနောက်ဆုံးမှတ်မိကြပါတယ်။ထရစ်စတန်ကရုတ်တရက်ကိုယ်ဝန်ပျက်ကျပြီးဆေးရုံကိုပြေးရပါတယ်။ ဆေးရုံကဆင်းလာတော့ ဂျက်ဖ်ရဲ့အိမ် တစ်ဖြစ်လဲသစ်တောထဲကစက်ရုံဟောင်းတစ်ခုကိုသွားကြပါတယ်။ အဲဒီမှာသူတို့ကမနေ့ညကဘာဖြစ်ခဲ့သလဲသိရအောင်ဗွီဒီယိုတိတ်တွေကိုပြန်ကြည့်ရင်းသူတို့ထဲကတစ်ယောက်ကိုမသင်္ကာဖြစ်လာပါတယ်။ ထရစ်စတန်ကလည်းထူးထူးဆန်းဆန်းတွေပြောလာပြီး စျေးဝယ်ထွက်သွားတဲ့ကင်မ်ကရပ်စတင်ပါးသတ်လိုက်တဲ့တစ္ဆေကလေးတွေကိုရှောင်လိုက်လို့ကားရှေ့ဘန်ပါပျက်သွားတယ်ပြောသလိုစတီဖင်ကလည်းဒီမြို့ကနေထွက်သွားဖို့လုပ်လာပါတယ်။ မြို့ကရဲအရာရှိက ခေါင်းတလားကျောက်တုံးမှာ ခရီးသွားငါးယောက်ကို ဘလဲယားစုန်းမစီမံချက်ကားထဲကအတိုင်းသတ်ထားတာတွေ့ပြီးဂျက်ဖ်ရဲ့တိတ်ခွေကိုအခင်းဖြစ်တဲ့နေရာမှာတွေ့တာကြောင့် သူတို့ငါးယောက်ကိုဘယ်မှထွက်မသွားဖို့ဖုန်းဆက်ပြောလာတဲ့အခါမှာတော့..ဘာဆက်ဖြစ်သလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.8 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:30:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

4 2000 90 mins
Book of Shadows: Blair Witch 2